“တို့ခေတ်တွင်မှ...”

Share |
ပြည်ထောင်စုနေ့ရောက်ခဲ့ပေပြီ။

ငါတို့ ပြည်ထောင်စုသား တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး ဥမကွဲသိုက်မပျက်ဖြင့် ကာက၀လ္လိယဇာတ် (လူဆင်းရဲဇာတ်)ကို မမောတမ်းကပြလျက်ရှိကြကုန်၏။

ငါ့တို့၏ ညီညွတ်ခြင်းသည်…..
ကြောက်ရွံ့ခြင်းကို အခြေခံသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
မတရားမှုကို ပြန်မလှန်ဝံ့ဘဲ ခေါင်းငုံ့ခံနေကြသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်စွာ မပြောဝံ့၍ နှုတ်ပိတ်နေကြရသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်စွာ မပြုမူဝံ့၍ အိမ်တွင်းပုန်းကာ အမြီးကုပ်နေရသော ညီညွတ်ခြင်းပေတည်း။

ထို့ကြောင့်.....
ငါတို့၏ ညီညွတ်ခြင်းသည်….
ပညာဉာဏ်ဖြင့်ယှဉ်သော ညီညွတ်ခြင်းမျိုးမဟုတ်။

ငါတို့၏ ညီညွတ်ခြင်းသည်….
မိမိကိုယ်ကို ယုံကြည်သော၊ အချင်းချင်း အပြန်အလှန် ယုံကြည်မှုရှိသော ညီညွတ်ခြင်းမျိုးမဟုတ်။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်သော လူမျိုးတမျိုး၏ ညီညွတ်ခြင်းမျိုးမဟုတ်။

လွန်ခဲ့သော ၆၂ နှစ်က ငါတို့အဖိုးအဖွားတို့သည် လွတ်လပ်သော လူမျိုးတမျိုးဘ၀ကို တောင့်တသည်ဖြစ်၍ ဤနေ့ဤရက်တွင်….

ပညာဉာဏ်နှင့်ယှဉ်သော ညီညွတ်ခြင်းကို ပြခဲ့ကြသည်။

မိမိကိုယ်ကို ယုံကြည်သော၊ အချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိသော ညီညွတ်ခြင်းကို ပြခဲ့ကြသည်။

လွတ်လပ်သော လူမျိုးတမျိုး၏ ညီညွတ်ခြင်းမျိုးကို ပြသခဲ့ကြသည်။

ငါတို့သည် ငါတို့ခေတ်တွင်မှ ညံ့ကြတော့မှာလားဟု မေးခွန်းထုတ်သင့်သည်။

ငါတို့သည် ငါတို့ လွတ်လပ်မှုအတွက်၊ ငါတို့ သားစဉ်မြေးဆက် လွတ်လပ်မှုအတွက်……

ပညာဉာဏ်နှင့်ယှဉ်သော၊
မိမိကိုယ်ကို ယုံကြည်သော၊
အချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိသော၊ လွတ်လပ်သောလူမျိုးတမျိုး၏ ညီညွတ်မှုမျိုးကို ပြသရန် အချိန်ရောက်နေပေပြီ။

ငါတို့တိုင်းပြည် လွတ်မြောက်ရေးအတွက် သင့်မှာလည်း တာဝန်ရှိသည်။ ငါ့မှာလည်း တာဝန်ရှိသည်။ ငါတို့ နိုင်ငံသားအားလုံးတွင် တန်းတူရည်တူ တာဝန်ရှိသည်။ ကိုယ့်တာဝန်ကိုယ်ကျေရန် ကြိုးစားအားထုတ်ကြပါစို့။

11 comments:

Anonymous said...

ဝေးဝေးကို မမျှော် ပါနှင့် တခုလောက်သိချင်ပါ၏
အလုပ်အင်တာဗျူးများတွင် မြန်မာကို မခေါ်ပါဟုဆိုသော စာသားကို စကာင်္ပူနိုင်ငံတွင်နေထိုင်သော ကိုပေါ ငြိမ်ခံနေသည်မှာကားးးးစဉ်းစားစရာပင်

Anonymous said...

အလုပ်ရှင် တစ်ယောက်က သူ အလိုရှိတဲ့သူ (သို့) လူမျိုးကို ခန့်တာဟာ အမှား လုပ်တာလို့ မမြင်တဲ့အပြင် သူ့ရဲ့ သဘောထားကို ပြတ်ပြတ်သားသား သိရတဲ့အတွက် ကိုယ်တောင် အလုပ်ရှုပ်တာ၊ အချိန်ကုန် စိတ်မောတာ သက်သာပါသေးတယ်။

သူတစ်ပါးရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ဘယ်လို သွားပြီး ပိတ်ပင်မှာလဲ။ မ၀ယ်ချင်တဲ့ အရာတစ်ခုကို အတင်း ဇွတ် ထိုးရောင်းလို့မှ မရတာ။

စာရေးသူရဲ့ ဆိုလိုရင်းကို နားမလည်တာလား၊ နားလည်လျှက်သားနဲ့ အပြစ်တင်ရရင် ပြီးရောဆိုပြီး ပြောနေတာလား စဉ်းစားရင်း ...

လေးစားခင်မင်လျှက် ...

လွန်လွန်း

ATN said...

ကိုပေါရေ့... ညီညီညွတ်ညွတ် သဘောတူသွားပါကြောင်း...

Anonymous said...

သွေးတင်းအောင် က တတ်ကြောင်းဝန်ခံထားသော ကိုပေါအား အမည်မသိစာဆိုရှင် တဦးက အခြောက်တိုက် မြှောက်ပေးနေချေပြီတကား..၊ ဪ..လာကော..လာကော..

Anonymous said...

ဟုတ်တယ် ကိုပေါရေ..

ဟန်ဆောင်ပြီး ညီညွတ်နေလို့ မရတော့ဘူး....
ပွင့်ပွင့်လင်းလင်း ရန်ဖြစ်ပြီး အဖြေရှာ... တကယ်အလုပ်လုပ်မှ ဖြစ်တော့မယ်ဆိုတာ ပိုပိုပြီးထင်ရှားလာပြီ... ကြာလေကြာလေ နစ်သထက် နစ်လာနေပြီ..... အတွင်းကြိတ် ညီညွတ်ချင်ယောင်ဆောင်လာတာ... နှစ်နှစ်ဆယ်အတွင်းမှာ...ဟိုလူကြီးတွေ ဗိုက်ပဲ စူသထက် စူလာပြီး.. တိုင်းပြည်က ဖွတ်တက်တာထက် ပိုမွဲလာပြီ.... ဝေဖန်ရေးနဲ့ အဖြေရှာပြီး လက်တွေ့ အလုပ်လုပ်ဖို့ လိုနေပြီ...

Anonymous said...

ဟုတ်ပဗျာ....

Kaung Kin Ko said...

လာဖတ်သွားတယ်ဗျ။ ဒါနဲ့ စကားမစပ် ကွန်မန့် ထဲမှာ ကိုပေါရေးသွားတဲ့ နဘေထပ်နဲ့ ကဗျာ တော်တော်လေးကောင်းတယ်ဗျာ။

Anonymous said...

ကိုပေါရေ.. ဟုတ်လိုက်လေဗျာ..မှန်လိုက်လေဗျာ..

ပြည်ထောင်စုဆိုတာ ဖေဖော်ဝါရီလ ၁၂ ရက်ကလွဲရင်

ဘာမှ မရှိတော့ဘူး။

Anonymous said...

I agree and support what Ko Paw write in article and clearly understand what his intention.
But not fully agree with commenter lunn lunn or lon lon (sorry I don’t know exact spelling).
He /She may over look the issue of DISCRIMINATION. What we understand is in SG not long ago issues of (for Chinese only) in the Job Ad cause the big stir and MOM need to step in the issue.
If I’m not wrong, I recall that this commenter is from OBP Oversea Burmese patriot.
We have utmost respect to OBP for what they had done as well as what they doing for Burma cause.
But this kind of concept, way of thinking put us in some degree of shock and doubtful that it is just easy said out without longsighted or just simply believe that this is no discrimination and no insult to Burmese (Myanmar).
In old days of China, a simple signboard said “No Chinese are allowed to enter” in public places like restaurants, Bar and Offices ignite the fire of patriotism for Chinese in Shanghai and Nanjing.
But if you simple believe that Oh..it is less work ,save my time, they don’t want Myanmar.
Then I have nothing to say but to think seriously that they don’t want Myanmar or they don’t want to give chance Myanmar like anyone else.
Then shouting out rights, patriotism and stand up for Burma, blah...Blah…What are you really meant to?
I don’t really know but certainly will be put shame to the name of Patriots.
Nothing to do with Anonymous #1. Thanks.

ကိုပေါ said...

>>>>Anonymous... တိန်.... ကျနော် အီးမေးလ်ကတဆင့် သိရလို့ သွားကြည့်တဲ့အချိန်မှာ အဲဒီ အင်တာနက်စာမျက်နှာက အလုပ်ကြော်ငြာစာမှာ “မြန်မာဆို လုံးဝ လက်မခံ” ဆိုတဲ့ စာကြောင်း မရှိတော့ဘူးခင်ဗျ။ ဘာပဲဖြစ်ဖြစ်... ဒီစာကြောင်းဟာ အစက ပါပြီး နောက်တော့မှ မြန်မာတွေ ကျယ်ကျယ်လောင်လောင် ပြောလာကြလို့ ဖြုတ်လိုက်တာဆိုရင် အဲဒါဟာ မြန်မာတွေရဲ့ ညီညွတ်ခြင်း အကျိုး၊ ခေါင်းငုံ့မခံခြင်းရဲ့ အကျိုးလို့ ဆိုရမှာပဲ။ ဖြစ်သင့်တာကတော့ လက်ဆုပ်လက်ကိုင် သက်သေ အထောက်အထား ပြနိုင်ရင် (ဒီစကားကို ပြောရတာက ကျနော်တို့မှာ အီးမေးလ်ပဲ သက်သေရှိတယ်။ တကယ် စာမျက်နှာမှာက ပြင်ထားပြီးသားဖြစ်နေပြီ။) သက်ဆိုင်ရာဌာနတွေကို တိုင်တန်းသင့်တယ်။ အရေးမယူဘူးဆိုရင်တော့ စင်္ကာပူက လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အတိုက်အခံများနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာများမှာ ဒီကိစ္စကို ဖွင့်ချသင့်တယ်။
လူမျိုးရေးခွဲခြား နှိပ်ကွပ်ခြင်းကို ကျနော့်အနေနဲ့ လုံးဝလက်မခံနိုင်ပါ။

>>>>လွန်လွန်း.... ဆောင်းပါး၏ ဆိုလိုရင်းအချက်အပေါ်တွင် ထောက်ခံသည့်အတွက် ကျေးဇူးတင်ပါတယ်။ စေတနာကိုလည်း လေးစားပါတယ်။ အလုပ်ကြော်ငြာနှင့် ပတ်သက်သော ကျနော်၏ အမြင်မှာတော့ အထက်က အမည်မသိအား ပြောခဲ့သည့်အတိုင်းပဲ ဖြစ်ပါတယ်။

>>>>ကိုအောင်သာငယ်..... တဆင့်တက်ပြီး အလုပ်သဘော ညီညွတ်နိုင်အောင် ကြိုးစားကြဦးစို့ရဲ့ဗျိုး...။

>>>>CMA...... သွေးတက်အောင် က တတ်ပါတယ် ဆိုနေမှ။ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားပလေ့စေ။ အသုံးတော်ခံပစ်လိုက်မယ်...ဟင်း။ ပြည်သူပြည်သား အပေါင်းက မေတ္တာထားလို့ ချစ်သဒ္ဓါပွားပေသည်....ကျနော်လေ ထိုနည်း၎င်း၊ ထိုနည်း၎င်း...စီးပွားရေးအခြေအနေကောင်းလို့ ကျန်းမာစေကြောင်း...ဆုတောင်းရပါသည်....တိန်တိန်တိန်..တိန်တိန့်တိန်။

>>>>မုန်းစရာ..... စားဖားကြီးတွေ ညီညွတ်ရေးလည်း မလိုချင်ဘူး။ ပြည်သူတွေလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြမှ ရမယ်။

>>>>FullStop.... ကျေးဇူးတင်ပါတယ်။

>>>>ကောင်းကင်ကို...... ကိုယ့်ဆရာကို အားကျလို့ မတောက်တခေါက် လုပ်ကြည့်တာပါဗျာ။

>>>>နေညိုရင့်...... မှန်၏။ အကြောက်တရားနဲ့ ပြည်ထောင်စုကြီး ဖြစ်နေပြီ။

>>>>ဒုတိယအမည်မသိ..... မိတ်ဆွေအမြင်ကို အကြွင်းမဲ့ ထောက်ခံပါတယ်။ ကျနော်နဲ့ တသဘောတည်းပါဘဲ။ အသေးစိတ် သုံးသပ်ပြသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

ကိုပေါ..
အမှန်တွေချည်း ပြောလွန်းနေပါလား။
ညီညွတ်ရမယ် ဒါပေမယ့် ဓါးပြတွေရဲ့ ညီညွတ်ရေးတော့ မဖြစ်သင့်ဘူးပေါ့..
ခင်မင်းဇော်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs