(Natan Sharanski ရေးသားသော "The case for democracy" စာအုပ်မှ ကောက်နှုတ်ဘာသာပြန်သည်။)
အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း (fear society)ရှိ အတွေးအခေါ်အမှားများကို ဖော်ထုတ်ပေးနိုင်သည့် နိုင်ငံရေးနှင့်ဆိုင်သော ရယ်စရာအဖြစ်အပျက်များ၊ ဟာသများသည် ရူးချင်ယောင်ဆောင်သူများ (double thinkers) ဘ၀တွင် ရင်ဆိုင်ကြုံတွေ့နေရသော ကိုယ်တွင်းလွန်ဆွဲမှု(တင်းမာမှု)များကို အတန်အသင့် လျှော့ချပေးနိုင်သည်။
ထိုရယ်စရာအဖြစ်အပျက်များ၊ ဟာသများ လူထုအကြားသို့ ဆောင်ကြဉ်းပျံ့နှံ့ပုံနည်းလမ်းမှာမူ အဆိုပါလူ့အဖွဲ့အစည်းအတွင်းရှိ အကြောက်တရားလွှမ်းမိုးမှု အနည်းအများစံချိန်ပေါ်တွင် မူတည်သည်။ တခါတရံ အသိုင်းအ၀ိုင်းငယ်များကြားတွင် ပျံ့နှံ့သလို၊ ရံဖန်ရံခါတွင် ကျယ်ဝန်းသော လူ့အဖွဲ့အစည်းကြားထဲအထိ ပျံ့နှံ့တတ်သည်။ တခါတရံ တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့လေ့ရှိပြီး ရံဖန်ရံခါတွင်မူကား ရေးသားချက်အသွင်မျိုးဖြင့် ပျံ့နှံ့တတ်သည်။
ယင်းနိုင်ငံရေးဟာသများ ပျံ့နှံ့သည့် အတိုင်းအတာပမာဏသည် အဆိုပါ လူ့အဖွဲ့အစည်းအတွင်း ရှိနေသည့် ရူးချင်ယောင်ဆောင်သူများ အရေအတွက် ပမာဏကို တိုင်းတာနိုင်သော အရာတခုဆိုလည်း မမှားနိုင်ပေ။
စာအုပ်များ၊ ကဗျာများ၊ ပြဇာတ်များ၊ အနုပညာများ နှင့် ဂီတများတွင် ထိပ်တန်းပညာရှင်အသီးသီးသည် ရူးချင်ယောင်ဆောင်သူများနှင့် အတိုက်အခံ (dissident) များအကြားတွင် တည်ရှိသော နယ်နိမိတ် စည်းမျဉ်းကို အချိန်ပြည့် စမ်းသပ်လျက်ရှိသည်။ အစိုးရ၏ ပေါ်လစီအပြောင်းအလဲတခုကြုံသည်နှင့် အဆိုပါ နယ်နိမိတ်စည်းမျဉ်းကို ချဲ့ထွင်ရန် ပညာရှင်အသီးသီးသည် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားတတ်ကြလေသည်။
ထိုသို့ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း တိတ်တဆိတ် အတွင်းကျိတ်ပြောင်းလဲနေသော လက္ခဏာများနှင့် ဖြစ်စဉ်များကို အထူးကျွမ်းကျင်သူပညာရှင်အချို့အနေဖြင့် နားလည်သိမြင်နိုင်သော်လည်း အဆိုပါလူ့အဖွဲ့အစည်း၏ပြင်ပမှ လေ့လာသူများအဖို့မူကား ရူးချင်ယောင်ဆောင်သူများနှင့် အမှန်တကယ်ယုံကြည်သူများ(True believer) ကို ခွဲခြားသိမြင်ရန် ခဲယဉ်းပေသည်။ ပြင်ပမှ လေ့လာသူအနေဖြင့် ထိုအုပ်စု နှစ်ခုလုံးသည် အာဏာရအစိုးရ၏ မူဝါဒကို လက်ခံကျင့်သုံးနေသယောင်သာ မြင်တွေ့ရသည်။ အမှန်တကယ်တွင်မူကား အုပ်စုတခုကသာလျှင် အမှန်တကယ် လက်ခံကျင့်သုံးနေခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်ပလေ့လာသူတဦး၏ အမြင်၌ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် လူနှစ်မျိုးနှစ်စားသာ ပါဝင်သည်။ တမျိုးမှာ အစိုးရကို ထောက်ခံသူများနှင့် နောက်တမျိုးမှာ အတိုက်အခံများဖြစ်သည်။ အကယ်၍ အတိုက်အခံများအပေါ် ပေးသော အပြစ်ဒဏ်မှာ အင်မတန်ကြီးလေးပါက အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် အတိုက်အခံဟူ၍ လုံးဝ ရှိတော့မည် မဟုတ်ချေ။
၁၉၃၀ ခုနှစ်များဆီက ဆိုဗီယက်ပြည်ထောင်စုတွင် အတိုက်အခံလုံးဝမရှိချေ။ အနည်းဆုံး အနောက်တိုင်းနိုင်ငံများမှ သတိထားမိသော အတိုက်အခံဟူ၍ မရှိချေ။ သို့ဖြစ်လျှင် စတာလင်၏ စစ်ဖိနပ်အောက်တွင် နေထိုင်ကြရသော လူသန်းပေါင်း ၁၅၀ လုံးသည် အမှန်တကယ် ယုံကြည်သူများချည်းသာ ဖြစ်နေသောကြောင့်ပေလောဟု တွေးတောစရာ ဖြစ်လာပေသည်။
သို့တည်းမဟုတ် (ပို၍ ဖြစ်နိုင်ချေရှိသည်မှာ) အတိုက်အခံများ ပျောက်ကွယ်နေခြင်းသည် စတာလင်လက်ထက်က အတိုက်အခံနိုင်ငံရေးသမားများကို အကျဉ်းချုံး အပြစ်ဒဏ်စီရင်မှုများ ပြုလုပ်ခဲ့သောကြောင့်ဆိုင်လျှင် သာ၍ မဖြစ်နိုင်သလော။
အကြောက်တရားလွှမ်းမိုးသောလူအဖွဲ့အစည်းတွင် ရှိသော အတိုက်အခံ အရေအတွက်သည် ယင်းလူ့အဖွဲ့အစည်းတွင် အတိုက်အခံများကြုံတွေ့ရသော အန္တရာယ်ပမာဏကို ညွှန်းဆိုနေသည့် အချက်အလက်တခုဖြစ်သည်ဆိုလျှင် ပို၍ ယုတ္တိမရှိပြီလော။
ဥပမာပြဆိုရလျှင်....၁၉၇၀ ခုနှစ်များဆီ ရောက်လာသောအခါ ဆိုဗီယက်ပြည်ထောင်စုတွင် ရှိသည့် လူ့အဖွဲ့အစည်းသည် ၁၉၃၀ ခုနှစ်များဆီနှင့် နှိုင်းစာလျှင် အတန်ငယ် ဖိနှိပ်မှု လျော့နည်းသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ ထိုအခါ အတိုက်အခံ ရာဂဏန်းမျှ စတင်ပေါ်ပေါက်လာခဲ့သည်။ အကယ်၍သာ မဟတ္တမဂန္ဓီသည် စတာလင် (သို့မဟုတ်) ဟစ်တာလာ အစိုးရကို ဆန့်ကျင်ခဲ့ရပါက သူ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုသည် မစခင်ကတည်းက အဆုံးသတ်ခဲ့မည်သာဖြစ်သည်။ သူ့အတွက်ကံကောင်းသည်မှာ သူဆန့်ကျင်ရသည့် ဗြိတိသျှလူ့အဖွဲ့အစည်းသည် အရင်းရှင်ပင်ဖြစ်သော်ငြား ပိုမို လစ်ဘရယ်ကျသော၊ ဒီမိုကရေစီကျသော လူ့အဖွဲ့အစည်း ဖြစ်နေခြင်းပင်။
ကြောက်ရွံ့သော လူ့အဖွဲ့အစည်းတွင် နှိပ်ကွပ်မှုများ ပြင်းထန်လှပါက ပြင်ပမှ လှမ်းကြည့်အကဲခတ်သူအဖို့ အမှန်တကယ်ယုံကြည်သူများချည်းသာ ထိုလူ့အဖွဲ့အစည်းတွင်ရှိမည်ဟု မြင်ရပေမည်။ အမှန်တကယ်တွင်မူကား ထောင်ပေါင်းများစွာသော၊ သောင်းပေါင်းများစွာသော၊ သန်းပေါင်းများစွာသော ရူးချင်ယောင်ဆောင်သူများသည် ကြောက်ရွံ့မှုအောက်တွင် နေထိုင်လျက် ရှိကြပေသည်။ ထိုလူ့အဖွဲ့အစည်းတွင် ရူးချင်ယောင်ဆောင်သူ အရေအတွက်ပမာဏကို အတိအကျသိရန် မလွယ်ကူသော်လည်း သေချာသည့် အချက်တခုတော့ရှိသည်။ ယင်းမှာ ရူးချင်ယောင်ဆောင်သူများ အရေအတွက်သည် နေ့စဉ်နှင့်အမျှ ဒီရေအလား တိုးပွားလျက် ရှိခြင်းပင်။
ဤသို့ဖြစ်ရသည်မှာ ကြောက်ရွံ့သောလူ့အဖွဲ့အစည်းတွင် ထားရှိသော ကန့်သတ်ပိတ်ပင်မှုများသည် အမှန်တကယ်ယုံကြည်သူများကို အာဏာရအစိုးရနှင့် တဖြည်းဖြည်းဝေးကွာသွားစေပြီး ရူးချင်ယောင်ဆောင်သူများအဖြစ်သို့ ကူးပြောင်းလာစေရန် စေ့ဆော်သော အကြောင်းခြင်းရာများစွာကို ဖြစ်ပေါ်စေကြောင့်ပင်တည်း။
ထိုကဲ့သို့ အစိုးရနှင့် တကြိမ်တခါ ကွဲထွက်သွားပြီးပါက အသစ်စက်စက်ဖြစ်ပေါ်လာသော ရူးချင်ယောင်ဆောင်သူများသည် အစိုးရအပေါ်တွင် ယခင်က ကဲ့သို့ တဖန်ပြန်လည် သစ္စာစောင့်သိရန် အင်မတန်ခဲယဉ်းသွားပေသည်။ ဤသည်မှာ အစိုးရအနေဖြင့် ၄င်းတို့ကို အချိန်ပြည့် စည်းရုံးနေသည့်ကြားကပင် ဖြစ်သည်။ ဤအကြောင်းကို နောက်ပိုင်းတွင် ဖတ်ရှုရပါမည်။
ထိုရယ်စရာအဖြစ်အပျက်များ၊ ဟာသများ လူထုအကြားသို့ ဆောင်ကြဉ်းပျံ့နှံ့ပုံနည်းလမ်းမှာမူ အဆိုပါလူ့အဖွဲ့အစည်းအတွင်းရှိ အကြောက်တရားလွှမ်းမိုးမှု အနည်းအများစံချိန်ပေါ်တွင် မူတည်သည်။ တခါတရံ အသိုင်းအ၀ိုင်းငယ်များကြားတွင် ပျံ့နှံ့သလို၊ ရံဖန်ရံခါတွင် ကျယ်ဝန်းသော လူ့အဖွဲ့အစည်းကြားထဲအထိ ပျံ့နှံ့တတ်သည်။ တခါတရံ တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့လေ့ရှိပြီး ရံဖန်ရံခါတွင်မူကား ရေးသားချက်အသွင်မျိုးဖြင့် ပျံ့နှံ့တတ်သည်။
ယင်းနိုင်ငံရေးဟာသများ ပျံ့နှံ့သည့် အတိုင်းအတာပမာဏသည် အဆိုပါ လူ့အဖွဲ့အစည်းအတွင်း ရှိနေသည့် ရူးချင်ယောင်ဆောင်သူများ အရေအတွက် ပမာဏကို တိုင်းတာနိုင်သော အရာတခုဆိုလည်း မမှားနိုင်ပေ။
စာအုပ်များ၊ ကဗျာများ၊ ပြဇာတ်များ၊ အနုပညာများ နှင့် ဂီတများတွင် ထိပ်တန်းပညာရှင်အသီးသီးသည် ရူးချင်ယောင်ဆောင်သူများနှင့် အတိုက်အခံ (dissident) များအကြားတွင် တည်ရှိသော နယ်နိမိတ် စည်းမျဉ်းကို အချိန်ပြည့် စမ်းသပ်လျက်ရှိသည်။ အစိုးရ၏ ပေါ်လစီအပြောင်းအလဲတခုကြုံသည်နှင့် အဆိုပါ နယ်နိမိတ်စည်းမျဉ်းကို ချဲ့ထွင်ရန် ပညာရှင်အသီးသီးသည် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားတတ်ကြလေသည်။
ထိုသို့ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း တိတ်တဆိတ် အတွင်းကျိတ်ပြောင်းလဲနေသော လက္ခဏာများနှင့် ဖြစ်စဉ်များကို အထူးကျွမ်းကျင်သူပညာရှင်အချို့အနေဖြင့် နားလည်သိမြင်နိုင်သော်လည်း အဆိုပါလူ့အဖွဲ့အစည်း၏ပြင်ပမှ လေ့လာသူများအဖို့မူကား ရူးချင်ယောင်ဆောင်သူများနှင့် အမှန်တကယ်ယုံကြည်သူများ(True believer) ကို ခွဲခြားသိမြင်ရန် ခဲယဉ်းပေသည်။ ပြင်ပမှ လေ့လာသူအနေဖြင့် ထိုအုပ်စု နှစ်ခုလုံးသည် အာဏာရအစိုးရ၏ မူဝါဒကို လက်ခံကျင့်သုံးနေသယောင်သာ မြင်တွေ့ရသည်။ အမှန်တကယ်တွင်မူကား အုပ်စုတခုကသာလျှင် အမှန်တကယ် လက်ခံကျင့်သုံးနေခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်ပလေ့လာသူတဦး၏ အမြင်၌ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် လူနှစ်မျိုးနှစ်စားသာ ပါဝင်သည်။ တမျိုးမှာ အစိုးရကို ထောက်ခံသူများနှင့် နောက်တမျိုးမှာ အတိုက်အခံများဖြစ်သည်။ အကယ်၍ အတိုက်အခံများအပေါ် ပေးသော အပြစ်ဒဏ်မှာ အင်မတန်ကြီးလေးပါက အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် အတိုက်အခံဟူ၍ လုံးဝ ရှိတော့မည် မဟုတ်ချေ။
၁၉၃၀ ခုနှစ်များဆီက ဆိုဗီယက်ပြည်ထောင်စုတွင် အတိုက်အခံလုံးဝမရှိချေ။ အနည်းဆုံး အနောက်တိုင်းနိုင်ငံများမှ သတိထားမိသော အတိုက်အခံဟူ၍ မရှိချေ။ သို့ဖြစ်လျှင် စတာလင်၏ စစ်ဖိနပ်အောက်တွင် နေထိုင်ကြရသော လူသန်းပေါင်း ၁၅၀ လုံးသည် အမှန်တကယ် ယုံကြည်သူများချည်းသာ ဖြစ်နေသောကြောင့်ပေလောဟု တွေးတောစရာ ဖြစ်လာပေသည်။
သို့တည်းမဟုတ် (ပို၍ ဖြစ်နိုင်ချေရှိသည်မှာ) အတိုက်အခံများ ပျောက်ကွယ်နေခြင်းသည် စတာလင်လက်ထက်က အတိုက်အခံနိုင်ငံရေးသမားများကို အကျဉ်းချုံး အပြစ်ဒဏ်စီရင်မှုများ ပြုလုပ်ခဲ့သောကြောင့်ဆိုင်လျှင် သာ၍ မဖြစ်နိုင်သလော။
အကြောက်တရားလွှမ်းမိုးသောလူအဖွဲ့အစည်းတွင် ရှိသော အတိုက်အခံ အရေအတွက်သည် ယင်းလူ့အဖွဲ့အစည်းတွင် အတိုက်အခံများကြုံတွေ့ရသော အန္တရာယ်ပမာဏကို ညွှန်းဆိုနေသည့် အချက်အလက်တခုဖြစ်သည်ဆိုလျှင် ပို၍ ယုတ္တိမရှိပြီလော။
ဥပမာပြဆိုရလျှင်....၁၉၇၀ ခုနှစ်များဆီ ရောက်လာသောအခါ ဆိုဗီယက်ပြည်ထောင်စုတွင် ရှိသည့် လူ့အဖွဲ့အစည်းသည် ၁၉၃၀ ခုနှစ်များဆီနှင့် နှိုင်းစာလျှင် အတန်ငယ် ဖိနှိပ်မှု လျော့နည်းသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ ထိုအခါ အတိုက်အခံ ရာဂဏန်းမျှ စတင်ပေါ်ပေါက်လာခဲ့သည်။ အကယ်၍သာ မဟတ္တမဂန္ဓီသည် စတာလင် (သို့မဟုတ်) ဟစ်တာလာ အစိုးရကို ဆန့်ကျင်ခဲ့ရပါက သူ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုသည် မစခင်ကတည်းက အဆုံးသတ်ခဲ့မည်သာဖြစ်သည်။ သူ့အတွက်ကံကောင်းသည်မှာ သူဆန့်ကျင်ရသည့် ဗြိတိသျှလူ့အဖွဲ့အစည်းသည် အရင်းရှင်ပင်ဖြစ်သော်ငြား ပိုမို လစ်ဘရယ်ကျသော၊ ဒီမိုကရေစီကျသော လူ့အဖွဲ့အစည်း ဖြစ်နေခြင်းပင်။
ကြောက်ရွံ့သော လူ့အဖွဲ့အစည်းတွင် နှိပ်ကွပ်မှုများ ပြင်းထန်လှပါက ပြင်ပမှ လှမ်းကြည့်အကဲခတ်သူအဖို့ အမှန်တကယ်ယုံကြည်သူများချည်းသာ ထိုလူ့အဖွဲ့အစည်းတွင်ရှိမည်ဟု မြင်ရပေမည်။ အမှန်တကယ်တွင်မူကား ထောင်ပေါင်းများစွာသော၊ သောင်းပေါင်းများစွာသော၊ သန်းပေါင်းများစွာသော ရူးချင်ယောင်ဆောင်သူများသည် ကြောက်ရွံ့မှုအောက်တွင် နေထိုင်လျက် ရှိကြပေသည်။ ထိုလူ့အဖွဲ့အစည်းတွင် ရူးချင်ယောင်ဆောင်သူ အရေအတွက်ပမာဏကို အတိအကျသိရန် မလွယ်ကူသော်လည်း သေချာသည့် အချက်တခုတော့ရှိသည်။ ယင်းမှာ ရူးချင်ယောင်ဆောင်သူများ အရေအတွက်သည် နေ့စဉ်နှင့်အမျှ ဒီရေအလား တိုးပွားလျက် ရှိခြင်းပင်။
ဤသို့ဖြစ်ရသည်မှာ ကြောက်ရွံ့သောလူ့အဖွဲ့အစည်းတွင် ထားရှိသော ကန့်သတ်ပိတ်ပင်မှုများသည် အမှန်တကယ်ယုံကြည်သူများကို အာဏာရအစိုးရနှင့် တဖြည်းဖြည်းဝေးကွာသွားစေပြီး ရူးချင်ယောင်ဆောင်သူများအဖြစ်သို့ ကူးပြောင်းလာစေရန် စေ့ဆော်သော အကြောင်းခြင်းရာများစွာကို ဖြစ်ပေါ်စေကြောင့်ပင်တည်း။
ထိုကဲ့သို့ အစိုးရနှင့် တကြိမ်တခါ ကွဲထွက်သွားပြီးပါက အသစ်စက်စက်ဖြစ်ပေါ်လာသော ရူးချင်ယောင်ဆောင်သူများသည် အစိုးရအပေါ်တွင် ယခင်က ကဲ့သို့ တဖန်ပြန်လည် သစ္စာစောင့်သိရန် အင်မတန်ခဲယဉ်းသွားပေသည်။ ဤသည်မှာ အစိုးရအနေဖြင့် ၄င်းတို့ကို အချိန်ပြည့် စည်းရုံးနေသည့်ကြားကပင် ဖြစ်သည်။ ဤအကြောင်းကို နောက်ပိုင်းတွင် ဖတ်ရှုရပါမည်။
34 comments:
လောလောလတ်လတ် ဘယ်သူမှ မမန့်ကြသေးခင် မန့်လိုက်ပြီ။ ဦးပေါ ပိုစ့်အသစ်တင်လိုက်တိုင်း မန့်တွေ မနည်းမနော ဝင်လာကြတာပဲ။ (ကွန်မန့်)အမြင်ပေါင်းစုံကို တထိုင်ထည်းဖတ်ပြီး တဖက်ဖက်ကို ချက်ချင်းပစ်ခတ်ထောက်ခံလိုက်ဖို့ မလွယ်ဘူးနော်။ တခါတခါ ပိုစ့်ကို မန့်တဲ့ စာက ပိုစ့်ထက်တောင်ရှည်နေတာ ကိုကြည့်ရင်း (အပြန်အလှန်)အားထုတ်မှုတွေကို အံ့အားသင့်မိပါရဲ့။
ခပ်မြင့်မြင့်
uကိုပေါဘာရေးရေး ထောက်ခံပါတယ်
>>> ခပ်မြင့်မြင့် …. အငြင်းပွားဖွယ် ကိစ္စရပ်တွေမှာ လူတွေ စိတ်ဝင်စားတတ်ကြတာ ဖြစ်မယ်။
>>> မြင်းထိန်းငတေ ….. မောင်မင်းကို အကြိမ်တိုင်းသာ အင်္ကျီဝယ်ဝတ်ဖို့ ငွေတမတ် ဆုချရရင် ကျွန်ုပ်မွဲကိန်းရှိတယ်။
တကယ်တော့ မင်းတို့က ကိုယ့်ကိုယ်ကို
တည်ဆောက်နေတဲ့ကောင်တွေပဲကွ။
မင်းတို့ကို မှန်တယ်၊
တော်တယ်လို့ပြောတာ သိပ်ခံချင်တယ်။
အဲဒီလို တော်တယ် မှန်တယ်အပြောခံရအောင်သာ
မင်းတို့ကြိုးစားနေကြတာ။
အဲဒီလို ပြောတဲ့လူဆို နာမည်က ဘာဖြစ်ဖြစ် မင်းတို့အတွက်
ကိစ္စမရှိ။
မင်းတို့လုပ်နေတဲ့ နိုင်ငံရေးက
လူဘယ်နှစ်ယောက်ကို ဆွဲဆောင်နိုင်လဲတော့ မသိဘူး။
ငါကတော့ မင်းတို့ကို တော်တော်ကို ချဉ်နေပြီ။
ကိုယ့်ကို ထောက်ခံတဲ့လူတွေကိုတော့
ဟီးလေးဟားလေးနဲ့ ...................
ကိုယ့်ဘာသာသိပါစေ။ ...........?
ငပွေး ....Said....!
>>> Anonymous ….. တော်တော်ချဉ်နေပြီဆိုရင် ငန်ပြာရည်နဲ့ တို့စားလိုက်ပါမိတ်ဆွေ။ ချဉ်ငံ အရသာလေးရပါလိမ့်မယ်။း-)
စကားမစပ်ဗျာ၊
comment စေတဲ့ အကြောင်းအမျိုးမျိုးရှိရာမှာ
- တချို့က လူမှုရေးအရ
- တချို့က မရှင်းလို့
- တချို့က သဘောတူလို့
- တချို့က သဘောမတူလို့
- တချို့က နှောင့်ယှက်ချင်လို့
- တချို့ကတော့ မနာလိုစိတ်တွေကို ထိန်းမရတော့လို့ စသည့်ဖြင့်...စသည့်ဖြင့်ပေါ့ အမျိုးမျိုးရှိကြပါတယ်။
မနာလိုစိတ်နဲ့ ပတ်သတ်လို့တော့ အသေးစိတ်ကို http://wesheme.blogspot.com/2008/11/swan.html မှာ ဖတ်ပါ။
KZ
singapore
PS: အခု ကျနော်မန့်တာကတော့ မနာလိုဖြစ်နေသူတချို့ကို ကလိချင်လို့ :P
ထောက်ခံရင် ဟီးဟီးဟားဟား၊ မထောက်ခံရင်တော့ ဟောဟောဟဲဟဲ ပါဗျ။ ဓါးနဲ့ ထိုးမယ်လေး ဘာလေးလည်း ပြောတတ်ပါဘူး။ လူချင်း ခင်ချင်လို့ ID လေးမေးကြည့်ရုံပါ။ အဖြစ်သည်း လိုက်တာ...တကတည်း...တကတည်း။
ggggggggggggg
Dear bro Ko Paw, as " Freedom of Expression " How Free is Free :o))
U may highlight the word as
" Visitors are advised that this blog exhibition contains a number of strong images which may seem offensive "
/\../\. :O)))
ကိုပေါရေ မြင်းထိန်းငတေကို ငွေတမတ်စုချရုံနဲ့ မလုံလောက်ဘူးနဲ့တူတယ်..။ ကြက်တူရွေးလို စကားတခွန်းထဲ တစာစာလာအော်နေပုံထောက် ခမြာ ဆာနေရှာ ထင်ပါ့..တခုခု အဆာပြေကျွေးလိုက်ပါလားဗျာ..။ နေဦး..တော်ကြာ အစာဝပြန်ရင်လည်း..အစာဝပြန်ရင်လည်း..လည်း..အင်း...
ကိုပေါ
ကျနုပ်သည်ကား မောင်မင်းဘာရေးရေး ထောက်ခံသူဖြစ်လင့်ကစား ဘယ်နှာကြောင့် ကျနုပ်အား
ကောင်းချီးပြုပါသနည်း။
ကျနုပ်သည်ကား မောင်မင်းရေးနေသမျှကာလပတ်လုံး ထောက်ခံနေမည် ဖြစ်ကြောင်း မောင်မင်းလုပ်သမျှ တလုံးမကျန်ကောင်းမွန်ကြောင်း ကျနုပ် ပြောလိုလှပါသည်။
ကိုကိုပေါရေ ...
ကြိုက်တယ် ပြောတော့လဲ တမျိုး
ကြိုက်ဖူး ဆိုတော့လဲ တဖုံ
ကိုကိုလေပေါ လူညိုထွား မျှစ်စို့ကြီးကလဲ ...
သူကျတော့ အများတကာကို ကလိလား ရိလား ထေ့လား သိပ်လုပ်တာပဲ ...
ကိုကိုလေပေါ ရွှေဘောတော်ကျအောင် ဘယ့်နှယ့်လုပ်ရပါ့။
မြင်းထိန်းငတေ ထောက်ခံတာ မကြိုက်ရင်
နွားထိန်း ငပေ က ထောက်ခံမယ် ...
((((ကိုကိုလေပေါပြောတာ ဟုတ်ပါတယ် မှန်ပါတယ် ထောက်ခံပါတယ်)))))
ဟုတ်ပြီလား ....
အပိုဆု အနေနဲ့ ကိုကိုလေပေါကိုလည်း အခမဲ့ ထိန်းပေးအုံးမှာ ....
ကိုကိုလေပေါ ... မအော်ရဘူးနော် ... ဘွတ်အဲလို့ ...
Lu Paw Gyi Lone Lone Pyit Par Pot lar Ko Pwa Ye!!
:(((
ခင်ဗျားကဒီမှာ တော်တော်ကိုသတ္တိရှိတဲ့နိုင်ငံရေးသမားပဲနော်
ကျောင်းတုန်းကခင်ဗျားဘယ်ရောက်နေလဲ
ကျည်ကွယ်တဲ့နေရာလဲရောက်ရော အာကျယ်လိုက်တာ
အမေရိကန်သွားဖို့ရည်ရွယ်နေတာလား
ဟဟဟဟဟ
ကိုပေါ ခင်ဗျားကနာမည်နဲ့လိုက်အောင်ပေါတယ်နော်
အရူးပါးပဲဗျ
အေးဗျာ စက်မှုတက္ကသိုလ် တုန်းက နိုင်ငံရေးအကြောင်းမပြောဘူးပါ
91 ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်ငူဆောင်ကစတုန်းက ကိုပေါတရားပွဲလာလို့လား
95 စာပေဟောပြောပွဲမှာ ကိုပေါဘယ်နယောက်လိုက်ဖိတ်ခဲ့လဲ
96 မှာကျောင်းပြီးသွားတာမှန်ပေမဲ့ ဘာမှလဲကူညီတဲ့အသံမကြားပါလား
ခင်ဗျားမဒမ်ပေါကရော
စာတွေကုန်းရုန်းလုပ်ပြီး roll 1,2ကမဆင်းရအောင်လုပ်နေတာ
ခုမှကျည်လဲကွယ်ရော
ခင်ဗျားတို့လောက်သတ္တိရှိတာ မရှိပါလား
ဒီလိုပါပဲနိုင်ငံရေးမှာ
ပါးဝင်ပြောင်သူတွေ အများကြီးပါ
ငယ်ကျွန်ကြီး မြင်းထိန်းငတေ၊ နွားထိန်းငပေတို့ဖြင့်၊ ဝန်းရံ ကြွယ်ဝလာသော ဘလော့ဂ်မြို့စားကြီး ဦးပေါ တယောက်အား မကြာမီ ကျွဲထိန်း၊ သိုးထိန်း၊ ဆိတ်ထိန်း၊ ခွေးထိန်း၊ ကြောင်ထိန်း ငစွေ ငကန်း ငအ နားထိုင်းများဖြင့် တိုးပွားလာလတံ့ဟု အကျွန်ုပ်က အခါတော်ပေးလိုက်ရပေသတည်း...။ ဒူ ဟူ ဟူ.. လဒူ ဟူ ဟူ..
မောင်ပေါကို တောက်လျှောက် မြှောက်ပေးနေတဲ့ CMA က လက်စသတ်တော့ ၀က်ထိန်းကြီးကိုး ...
ဟက်ဟက် ;)
ခင်ဗျားတို့ ၀က်သိုးကြီးကို ကြည့်ထိန်းဗျို့
နှုတ်သီး တရမ်းရမ်းနဲ့ ၀က်စားကျင်းကော်လုပ်လွန်းလို့
အမည်မဖော်လိုသူနံမည်ဝှက်နဲ့အမျိုးမျိုး၊ ငပေ ငတေနံမည်နဲ့ အသွယ်သွယ် မရိုးရအောင် လာ လာပြီး ချောင်းကြည့်၊ မလာဘဲလဲမနေနိုင် (တမျိုးကြီးဘဲ?) လာသွားကြောင်း လူလည်း သိစေချင်၊ ပေမှီဒေါက်မှီ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးရေးသားနိုင်လောက်တဲ့ အတွေးအခေါ် အမြော်အမြင်ဆိုတဲ့ ဝမ်းစာကလဲ မပြည့်ပြန်ဆိုတော့၊ ဒီလောက်ရိုင်းပြတာလောက်ကတော့ စာနာနားလည်ပေးရမှာပေါ့ဗျာ.. ။ မဆဲမဆို မတိုင်းမထွာ မညစ်မရမ်းတဲ့ အရေးအသားမျိုးကို လူလူသူသူ လုပ်နိုင်တဲ့အခါ၊ အမြင်မတူလို့ ပုဂ္ဂိုလ်ရေး ထိခိုက်စော်ကားမှုတွေ လက်ရှောင်နိုင်တဲ့အခါ ကျနော်တို့ တိုင်းပြည်လည်း ဒီမိုကရေစီနဲ့ နှစ်လှမ်း ပိုနီးလာပြီလို့ ရိုးသားစွာ မှတ်ယူမိမှာပါခင်ဗျား..။
ရင့်ကျက်စွာ အရွယ်မရောက်နိုင်သေးသော တိုင်းပြည်အတွက် ဝမ်းနည်းလျက်
CMA
ဝမ်းစာပြည့်တိုင်း ပေမှီထောက်မှီပြောရမလားကွ။
အပြောထက် လက်တွေ့က အရေးကြီးတယ်။
ငပေါကို သိပ်မြှောက်မနေနဲ့။ ခင်ဗျားသားစာမတတ်ပေမတတ်တိုင်း သူရေးသမျှအကောင်းထင်နေတာ
ကျုပ်က ငပေါ ဘာရေးရေး သူ့ကို ရေးထားတဲ့ ကော်မန့်ကလွဲလို့ မဖတ်ဘူးကွ။
ဒါပေမဲ့ သူက သူ့ကို ထောက်ခံတာကြိုက်တော့ ကျုပ်က သူ့ရေးသမျှစာ ဘာမှမဖတ်ပဲ ထောက်ခံပေးနေတာ ရှင်းလား။
ကဲ...၊ ယဉ်ယဉ်ကျေးကျေးလေး နည်းနည်းလောက်ပြောကြည့်မယ်။
တခြားဘာအကြောင်းမှ မပြောခင် သိပ်မကြာသေးခင်ကမှ ဖြစ်သွားတဲ့ ဖြစ်ရပ်ကလေး တစ်ခုကို ကျွန်တော်အရင်ဆုံး ကိုးကားကြည့်ချင်တယ်။ ခင်ဗျားတို့တွေလဲ ကြားမိမှာပါ။ အမေရိကန်သမ္မတဟောင်း ဘုရှ်တစ်ယောက် အီရတ်နိုင်ငံမှာ စာနယ်ဇင်းသမားတစ်ယောက်က ဖိနပ်နဲ့ထပြီးကောက်ပေါက်ခံရတဲ့ သတင်း။
လူတစ်ယောက်က တစ်ယောက်ကို ကိုယ်စီးထားတဲ့ ဖိနပ်နဲ့ကောက်ပေါက်တာဟာ ဘယ်လိုပဲတွေးတွေး ဒါဟာ၊ ရိုင်းတာပဲပေါ့။ ဒါပေမယ့် သံတမန်တွေရှေ့၊ နှစ်ဘက်နိုင်ငံခေါင်းဆောင်တွေရှေ့မှာ ဒီလို ဖိနပ်နဲ့ကောက်ပေါက်တာကိုပဲ `ဒါဟာ လွတ်လပ်မှုရဲ့ သင်္ကေတပဲ´ လို့ ပြောပြီး ဒီလုပ်ရပ်ကို ဘုရှ်ကို မလိုလားသူတွေက ထောက်ခံခဲ့ကြ၊ ဆန္ဒတွေတောင် ပြခဲ့ကြပါသေးတယ်။
စဉ်းစားကြည့်ပါ။ တကယ်လို့များ အဲဒီအချိန်တုန်းက ဘုရှ်တစ်ယောက် သူ့ကို ဖိနပ်နဲ့ပေါက်တဲ့ ဟိုလူကို `ဟေ့၊ လွတ်လပ်မှုရဲ့ သင်္ကေတဆိုတိုင်း ငါက မင်းပေါက်တာကို ငြိမ်ခံနေရမှာလားကွ´ ဆိုပြီး အပြန်အလှန်ပြန်ပေါက်ခဲ့ရင် လူတွေ ဘာပြောကြမလဲ။ ကြည့်စမ်း၊ သမ္မတတစ်ယောက်လုပ်နေပြီး မိုက်ရိုင်းလိုက်တာ၊ အဆင့်အတန်း မရှိလိုက်တာလို့ ပြောမယ့်အပြင် ဒီထက်ပိုပြီးပြဿနာတွေ ကြီးလာရင် စစ်ပွဲတွေဖြစ်လာတဲ့အထိပါ ရန်မီးက ကြီးလာနိုင်ပါသေးတယ်။
ပြောချင်တာက လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ရပ်တည်မှုခြင်းက မတူကြဘူး။ အရပ်ထဲမှာ ဘယ်ကမှန်းမသိတဲ့ ကောင် အရက်မူးပြီးဆဲဆိုနေတာနဲ့ ကျောင်းဆရာတစ်ယောက် ကျောင်းသားတွေရှေ့ ကလော်တုတ်နေတာရဲ့ ကွာခြားမှုခြင်းက တခြားစီပဲ။
အခု ကိုပေါကို `ကမ်းကုန်အောင် မိုက်ရိုင်းတယ်´ လို့ တချို့က သတ်မှတ်တော့ ကိုပေါရော သူနဲ့နီးစပ်ရာတွေကပါ ဒါကို နာနာကျင်ကျင်ဖြစ်ပုံပေါ်တယ်။ တကယ်ဖြစ်သင့်တာက အဲဒီလို ဘာလို့အပြောခံရသလဲဆိုတာကို မိမိကိုယ်ကို အရင်ဆုံး ပြန်သုံးသပ်သင့်တယ်။
မြန်မာဘလော့တွေ အများကြီးရှိတယ်။ အဲဒီထဲကမှ အပ်ဒိတ်ပုံမှန်လုပ်တဲ့ ဘလော့၊ အဲဒီကမှတဆင့် လက်ရှိအာဏာရှင်ကို တစိုက်မတ်မတ်နဲ့ ထိထိရောက်ရောက် ဝေဖန်ရေးသားနေနိုင်တဲ့ ဘလော့ဆိုတာကို ပြန်ပြီး ကြည့်လိုက်ရင်တော့ ပိုနည်းသွားပြီ။ အဲဒီလို ရေးနေကြတဲ့ ဘလော့တွေထဲကမှ လူဖတ်များ၊ လူသိများလာပြီဆိုရင် အဲဒီဘလော့ဂါဟာ တနည်းအားဖြင့် လူတွေ့ရှေ့ကို ထွက်ရပ်လာရတာနဲ့ တူလာပြီ။ သူပြောတာရေးတာကို လူတွေက နားထောင်ချင်လာလေလေ သူ့အတွက် ပိုပြီးတာဝန်ကြီးလေလေဆိုတာကို သတိချပ်သင့်တယ်။
လူတွေအများကြီးရှေ့မှာ ဟောပြောရတဲ့လူတစ်ယောက်ကို စင်အောက်က တစ်ယောက်ယောက်က `ဟေ့လူကြီး၊ ခင်ဗျားက ငပေါကြီးပဲကွ´ လို့ ကလော်တုတ်နေရင် စင်ပေါ်က ဟောနေတဲ့လူ အလုပ်သင့်ဆုံးက ဘာဖြစ်သင့်ပါသလဲ။ ကိုပေါတို့တတွေ ပြန်ပေးတဲ့ ဆင်ခြေအတိုင်း `ဒီမိုကရေစီကို လိုလားတာနဲ့ပဲ မင်းလာဆဲတာကို ငါက ငြိမ်ခံရမှာလားကွ´ ဆိုပြီး `အေး၊ ငါ့ဘာသာငါပေါတော့ မင်းကိုဘာသောက်ဂရုစိုက်ရမှာတုန်းကွ´ လို့များ ပြန်ပြောလိုက်ရင်တော့ သွားပြီပေါ့။ စောစောက သူဟောနေပြောနေသမျှကို တလေးတစားနဲ့ နားထောင်နေတဲ့ ပရိသတ်က အောက်ကနေ စပြီးကလော်ဆဲတဲ့ကောင်ထက် စင်ပေါ်က ဆဲတဲ့လူကို ပိုအာရုံစိုက်ပြီး လေးစားမှုတွေပျက်ကုန်မှာ အသေအချာပေါ့။
ဒါဆို ဘာလုပ်ရမလဲလို့ မေးနိုင်တယ်။ ဘာမှလုပ်စရာမလိုပါဘူး။ တွေးကြည့်ပါ၊ အသားလွတ်ကြီး ကလော်ဆဲနေရိုးသာမှန်ရင် ဘေးကလူတွေကလဲ မနေကြပါဘူး။ သူ့လမ်းသူသွားမှာပါပဲ။
ဘလော့တွေမှာ ပုံစံမျိုးစုံနဲ့ ရေးနေကြသလို လာသမျှလူတွေကို ငါနဲ့ကိုင်တုတ်ဆဲဆိုထားသလို ရေးထားကြတဲ့ ဘလော့တွေလဲ ခင်ဗျားတို့ မြင်ဖူးကြလိမ့်မယ်ထင်တယ်။ ဘယ်ဘလော့ကို လူတွေက တန်ဘိုးထားပြီး ဖတ်သလဲ။ `မလိုပါဘူးကွာ၊ ငါ့လာဆဲရင်တော့ ငါကတော့ ပြန်ဆဲရမှာပဲ´ လို့ တစ်ထစ်ချ သတ်မှတ်ထားရင်တော့လဲ သဘောရှိပေါ့။
ဆဲတာနဲ့ပတ်သက်လို့ပြောပြီးရင် ကိုပေါကို (ပုဂ္ဂိုလ်ရေးလဲ ဆန်ချင်ဆန်လိ့မ်မယ်) ဝေဖန်ကြည့်ချင်တယ်။
ကိုပေါကို ဆဲပြီးကန့်ကွက်သူတွေရော၊ ကောင်းကောင်းမွန်မွန်ကန့်ကွက်သူတွေရော ရေးသွားကြတဲ့အထဲမှာ သတိပြုစရာကောင်းတာ တစ်ခုကတော့ ကိုပေါဟာ ကိုယ်နဲ့အမြင်မတူသူကို စောင်းမြောင်းရ၊ ရိထေ့ရတာကို အင်မတန်ဝါသနာပါတယ်လို့ ကျွန်တော်မြင်မိတယ်။ မှတ်ချက်တွေထဲမှာ ရိရထေ့ရလို့ အားမရသေးရင် ကိုယ်ပိုင်ဘလော့ကနေ ဟိုကအကိုးအကားတွေယူလိုက်၊ ဒီကအကိုးအကားတွေဆွဲလိုက်နဲ့ လူတစ်ဦးခြင်းကို ဖြစ်စေ၊ အများစုကိုဖြစ်စေ ကိုယ်နဲ့အမြင်မတူသူပေါ်လာရင် အဲဒီလူကို စောင်းမြောင်းရိထေ့တဲ့အလုပ်ကို ကိုပေါ တစိုက်မတ်မတ်လုပ်လာခဲ့တာ တော်တော်ကြာပါပြီ။ အဲဒီလိုလုပ်တယ်ဆိုတာ မှန်ပါတယ်လို့ ကိုပေါကိုယ်တိုင်ကလဲ ထက်မြက်သူ ဘလော့မှာ ၀န်ခံထားသလို အဲဒီလိုလုပ်လို့ ကိုပေါကို ၀ိုင်းဆဲတာတွေ၊ ကန့်ကွက်တာတွေကိုလဲ ကိုပေါက အောင်မြင်မှုတစ်ခုလို့ ခံယူထားပြန်ပါသတဲ့။
ကိုပေါ ၀ါသနာသိပ်ပါတဲ့ အကျင့်လေးတစ်ခု အတိုင်းပဲ ကျနော်ကလဲ အကိုးအကားလေး တစ်ခုနဲ့ပဲ ပြောချင်တယ်။ ဆရာကြီးဒဂုန်တာရာကပြောတယ် `နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတာ´ တဲ့။ ကိုပေါရေ၊ တဘက်က ကိုယ်နဲ့အမြင်မတူသူကို ရိထေ့စောင်းမြောင်းလိုက်လို့ ဘယ်ရန်သူတွေ မိတ်ဆွေဖြစ်လာတာကို ကိုပေါမြင်ခဲ့ဖူးပါသလဲ။ အခု ကျွန်တော့်မျက်စိရှေ့မှာကတော့ ကိုပေါတစ်ယောက် မိတ်ဆွေတွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးနေတာကိုပဲ တွေ့မိတယ်။ စဉ်းစားဆင်ခြင်စရာ ကောင်းတဲ့ ကိစ္စတစ်ခုပါ ကိုပေါ။
ကောင်းသော အကြံတစ်ခုပေးကြည့်ပါမယ်။ မိမိအမြင်ကို တစ်ဘက်က လက်ခံနားလည်လာအောင် လုပ်တဲ့နေရာမှာ စောင်းမြောင်းရိထေ့တဲ့နည်းဟာ လုံးဝ အသုံးမတည့်ပါဘူး ကိုပေါ။ ကိုယ်ရေးတဲ့စာကို ဖတ်ပြီးရင် ကိုယ်ဘာကို ဆိုလိုနေသလဲဆိုတဲ့ မိမိရဲ့ ယုံကြည်ချက်အမှန်ကို ခိုင်ခိုင်မာမာ ရပ်တဲ့နည်းကသာလျှင် တဘက်အမြင်မတူသူကရော အမြင်တူသူ ကိုယ့်မိတ်ဆွေတွေကပါ နားလည်လက်ခံကြပါလိမ့်မယ်။
နောက်တစ်ချက် ကိုပေါကို ဝေဖန်စရာကတော့ ကိုပေါ ပြောဖူးတဲ့ စကားတစ်ခွန်းဖြစ်တဲ့--
အများအမြင်ကို ဂရုစိုက်ခဲ့ရင် ဒီလမ်းကြောင်းကို ဘယ်ရွေးပါ့မလဲဗျ။ မှတ်ထား…. လောကကြီးမှာ သူများစိတ်နဲ့အသက်ရှင်ရတာထက် ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်လမ်းကြောင်းနဲ့ နေထိုင်ရတာ ပိုပြီး အနှစ်သာရ ရှိတယ်ဗျ။
ဆိုတဲ့ စကားပါပဲ။ အဲဒီစကားဟာ ဒီမိုကရေစီကို လိုချင်ပါတယ်ဆိုတဲ့ ကိုပေါဆီက ထွက်လာတာမှ ဟုတ်ရဲ့လားလို့တောင် မယုံနိုင်စရာကောင်းတယ်။ ဒီမိုကရေစီရဲ့ သဘောတရား အစစ်အမှန်ကို ကိုပေါနားမလည်ဘဲ မနေပါဘူး။ အများအမြင်ကို ဂရုမစိုက်မှတော့ ကိုပေါစိတ်ထားဟာလဲ အများပြည်သူအမြင်ကို ဂရုစိုက်ဘဲ သူတို့ကောင်းစားဖို့ပဲ တချိန်လုံး လုံးပန်းနေတဲ့ စစ်အာဏာရှင်တွေရဲ့ စိတ်ထားနဲ့ ဘာများကွာခြားပါလိမ့်မလဲ။
လူအများက ဘာလို့ ဒီလိုပြောနေကြပြီလဲ၊ လူအများလိုလားနေတာကဘာလဲ ဆိုတာကို မသုံးသပ်တဲ့ အာဏာရှင်အုပ်ချုပ်တဲ့ ကျွန်တော်တို့နိုင်ငံ တချိန်လုံး လူမွေးလူရောင် မပြောင်ခဲ့ဘူး။ အခု အဲဒီအာဏာရှင်ကို တွန်းလှန်နေပါတယ်ဆိုတဲ့ ဒီမိုကရေစီကို လိုလားတဲ့ ကိုပေါက အများအမြင်ကို ဂရုမစိုက်ဘူး ဆိုတဲ့ စကားကိုပြောလာတော့ ကိုပေါကို လူတွေက ဒီထက်ပို တိုက်ခိုက်ကြ၊ ဆန့်ကျင်ကြပြီပေါ့။
ဒီမိုကရေစီကို တကယ်လိုချင်ရင် ဒီမိုကရေစီရဲ့ အနှစ်သာရကို အူထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲကို ချစ်တတ်ရပါတယ် ကိုပေါ။ အခုတော့ ကိုပေါက ဂျောက်ဂျက်သီချင်းတွေကို နားလည်နိုင်စွမ်းရှိတယ်၊ လွတ်လပ်ခွင့် ပေးသင့်တယ်လို့ တမျိုးပြောလိုက်၊ ကိုပေါပြောတာကို လက်မခံတဲ့လူတွေ များလာတဲ့အခါကျတော့ အများအမြင်ကို ဂရုမစိုက်ဘူးလို့ ပြောလိုက်နဲ့ဆိုတော့ ကိုပေါလိုချင်တဲ့ ဒီမိုကရေစီဆိုတာက ဘယ်လိုပါလိမ့်လို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ `ဒီလိုလူတွေသာ အာဏာရသွားရင် မြန်မာပြည်အရေး ရင်လေးစရာပဲ´ လို့ ကိုပေါက တခြားလူတွေကို မှတ်ချက်ချတယ်။ ကိုပေါရဲ့ တကယ့်အတွင်းစိတ်က ပေါ်လာတဲ့ အဲဒီလို စကားမျိုးကိုရော ကိုပေါ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိပါရဲ့လား။
လူတချို့ အမည်ဝှက်နဲ့ရော အမည်ပေါင်းစုံနဲ့ပါ ကိုပေါ ဘာလုပ်လုပ်၊ ဘယ်သူ့ကို ဆဲဆဲ မြှောက်ပေးနေကြတာတွေကို တွေ့မိတယ်။ အဲဒါတွေကို ကိုပေါ ကျေနပ်နေလေဟန်လဲ သူတို့တွေနဲ့အတူတူ ပေါင်းပြီး ကိုယ်နဲ့မတူသူတွေကို လှောင်လိုက်၊ ပြောင်လိုက်၊ ဆဲလိုက်နဲ့ တွေ့ရပြန်တယ်။ တကယ်တမ်း ကိုပေါ စဉ်းစားသုံးသပ်စရာကောင်းတဲ့ (ကိုပေါနဲ့အမြင်မတူပေမယ့်) မှတ်ချက်တချို့ကိုတော့ ကိုပေါက လစ်လျူရှုထားပြန်တယ်။ အဲဒါတွေဟာ အခုလက်ရှိအချိန်မှာ မြင်မကောင်းရှုမကောင်းအောင် ဆဲလိုက်ဆိုလိုက်ဖြစ်နေကြတာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
ပြောရတာတွေ ရှည်သွားပါပြီ။ ကိုလူသစ်ရဲ့ စကားတစ်ခွန်းကို အငှားယူသုံးပြီး နိဂုံးချုပ်ပါရစေ။
ကျွန်တော်အခုပြောတာတွေ မှားနေရင် ပြန်ပြောပါ။ မှန်နေရင်တော့ လက်ခံလိုက်ပါ ကိုပေါ။
သြော်၊ ဒါနဲ့ ကျွန်တော့်နာမည် မောင်တည်ကြည်ဆိုတာကတော့ နာမည်အရင်းမဟုတ်ပါဘူး။ နာမည်အရင်းနဲ့ လာမရေးရကောင်းလားဆိုပြီး ကိုပေါတစ်ယောက် စိတ်တွေ မဆိုးလောက်ဘူး ထင်ပါရဲ့။
>>> မောင်တည်ကြည်
မောင်တည်ကြည်....ပြောခဲ့တဲ့အထဲမှာ....
အများအမြင်ကို ဂရုစိုက်ခဲ့ရင် ဒီလမ်းကြောင်းကို ဘယ်ရွေးပါ့မလဲဗျ။ မှတ်ထား…. လောကကြီးမှာ သူများစိတ်နဲ့အသက်ရှင်ရတာထက် ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်လမ်းကြောင်းနဲ့ နေထိုင်ရတာ ပိုပြီး အနှစ်သာရ ရှိတယ်ဗျ။
ဆိုတဲ့ စကားပါပဲ။ အဲဒီစကားဟာ ဒီမိုကရေစီကို လိုချင်ပါတယ်ဆိုတဲ့ ကိုပေါဆီက ထွက်လာတာမှ ဟုတ်ရဲ့လားလို့တောင် မယုံနိုင်စရာကောင်းတယ်။ ဒီမိုကရေစီရဲ့ သဘောတရား အစစ်အမှန်ကို ကိုပေါနားမလည်ဘဲ မနေပါဘူး။ အများအမြင်ကို ဂရုမစိုက်မှတော့ ကိုပေါစိတ်ထားဟာလဲ အများပြည်သူအမြင်ကို ဂရုစိုက်ဘဲ သူတို့ကောင်းစားဖို့ပဲ တချိန်လုံး လုံးပန်းနေတဲ့ စစ်အာဏာရှင်တွေရဲ့ စိတ်ထားနဲ့ ဘာများကွာခြားပါလိမ့်မလဲ။
မိတ်ဆွေ ဒီမိုကရေစီစနစ်အပေါ်မှာ နားလည်ပုံ မှားယွင်းနေပြီလို့ ထင်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ အများသဘောနဲ့ ဆုံးဖြတ်အုပ်ချုပ်ရတာ ဖြစ်ပေမယ့် လူနည်းစုရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ထိပါးလို့မရပါဘူး။ လူနည်းစုရဲ့ အမြင်နဲ့ ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်လို့မရပါဘူး။
ကျနော် ဒီလမ်းကြောင်းကို ရွေးချယ်ကတည်းက ပြောခဲ့တဲ့ စကားရှိပါတယ်။ ဒီလမ်းကြောင်းဟာ လက်ရှိမြန်မာလူ့အဖွဲ့အစည်း (အမြင်မတူရင် မပြောရဲဘဲ ရေငုံနှုတ်ပိတ်နေတဲ့ လူ့အဖွဲ့အစည်း)မှာ ရေပန်းမစားဘူးဆိုတာ ကျွန်တော် အစောကြီးကတည်းက နားလည်သဘောပေါက်ခဲ့တဲ့အတွက် အဲဒီအခြေအနေကို ဘယ်သူမပြောင်းပြောင်း ကျနော်တယောက်တည်းအနေနဲ့ ကိုယ်တိုင်ပြောင်းလဲဘို့ ကြိုးစားခဲ့ပါတယ်။
အဲဒီအတွက် မိတ်ဆွေပြောသလို ကျနော့်ကွန်မင့်ကဏ္ဍမှာ ဆဲကြဆိုကြ၊ ပို့စ်နဲ့ မဆိုင်တာတွေ ရေးကြနဲ့ မြင်မကောင်းအောင် ဖြစ်လာရတာလည်း အမှန်ပါဘဲ။ ဒါပေမယ့် ဒီကာလတွေ၊ ဒီအဆင့်တွေဟာ ကျနော်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဘို့ဆိုရင် ကြားထဲမှာ မလွှဲမသွေ ကျော်ဖြတ်ရမယ့် ကာလအပိုင်းအခြားတွေပါ။
တကယ်တမ်းက ဒီအဖြစ်မျိုးကို ရှောင်ကွင်းလိုရင် လွယ်လွယ်လေးပါ။ မိတ်ဆွေတို့ သိသလို ကျနော်လည်း သိပါတယ်။ ဘလော့ဂါတွေနဲ့ အတိုက်အခံ မလုပ်နဲ့။ သာမန်အားလုံးလက်ခံနိုင်တဲ့ သမားရိုးကျ ပို့စ်ကလေးတွေပဲ....တင်။ လူအများထောက်ခံနိုင်မယ့် (ဥပမာ....နေပြည်တော်က အဘတွေ မကောင်းကြောင်းရေး....မြန်မာလူထုအသိုင်းအ၀ိုင်းက သေချာပေါက် လက်ခံနိုင်မယ့် အကြောင်းအရာတွေကို ဇောင်းပေးရေး။ ဖြစ်ပါတယ်။ ဒါမျိုး ဘလော့ဂ်အစပိုင်းမှာ ကျနော်လုပ်လည်း လုပ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီလမ်းကို ရည်ရွယ်ချက်ရှိရှိကို စွန့်လွှတ်လိုက်တာဗျိုး။း-)
မြန်မာပြည်မှာ စစ်အာဏရှင်စနစ်ပြုတ်ကျသွားပြီး ဒီမိုကရေစီစတင်ထူထောင်ပြီဆိုလည်း အလားတူ “ပဋိပက္ခတွေကို ဖြေရှင်းရာမှာ နည်းလမ်းမမှန်ဘဲ ကို့ယို့ကားယား” ဖြစ်မယ့် ကာလအပိုင်းအခြား ကြုံတွေ့ရဦးမှာပါ။ အဲသည်အချိန်မှာ မိတ်ဆွေတို့အနေနဲ့ အဲသည်လို ကျော်ဖြတ်ရမယ့် ကာလတွေကို စိတ်မရှည်ဘဲ ဒီမိုကရေစီစနစ်ဆိုတာ ဒီလိုကြီးလားကွာဆိုတဲ့ စိတ်မျိုးဝင်လာရင် ဒီမိုကရေစီစနစ်ကနေ သွေဖယ်ပြီး သမိုင်းဟာ တပတ်ပြန်လည်လာပါလိမ့်မယ်။
မိတ်ဆွေတွေ တယောက်ပြီး တယောက် ဆုံးရှုံးရတယ်ဆိုတာကတော့ သိပ်စိတ်မကောင်းဖြစ်စရာမရှိလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလူတွေဟာ ဒီလောက်ကွဲလွဲရုံနဲ့ မိတ်ဆွေမဟုတ်တော့ဘူးဆိုရင် မိတ်ဆွေတုတွေ ဖြစ်နေလို့ပါဘဲ။ ဒါပေမယ့်......အဲဒီ ဆုံးရှုံးရတဲ့ မိတ်ဆွေတွေ ကိုယ်၌က ဒဂုန်တာရာရဲ့ စကားကို ကိုးကားပြီး ပြောနေတော့ ရယ်စရာတော့ကောင်းတယ်။ တကယ်တော့ အာဃာတထားတာက ကျနော်မဟုတ်။ ကျနော်က လူတယောက်ကို သူ့လုပ်ရပ်၊ သူ့အတွေးအခေါ်ပိုင်းဆိုင်ရာ ဝေဖန်ပြီးရင် အဲသည်မှာ ပြီးသွားပြီ။ ရန်သူလို မသတ်မှတ်ဘူး။ (ချွင်းချက်.... အကျိုးမဲ့အကြောင်းမဲ့ ပုဂ္ဂိုလ်ရေးမဆိုင်တာတွေ ဆွဲထည့်ပြီး အမည်ဝှက်တိုက်ခိုက်သူတွေကိုတော့ ရန်သူလိုပဲ သဘောထားပါတယ်။)
ဒါပေမယ့် ဒဂုန်တာရာ စကားကို ကိုးကားနေတဲ့လူတွေကတော့ ကျနော့်ကို ရန်သူလိုပါ သတ်မှတ်သွားရှာတာခင်ဗျ။ ကိုယ်ကိုးကားတဲ့ စကားကို ကိုယ်တိုင်မလိုက်နာရာ မရောက်ပေဘူးလား။ ကျနော့်ဝါသနာကလည်း အဲသည်လို သူတော်ကောင်းယောင်ဆောင်ပြီး တကယ်တမ်းမှာ ရှေ့နောက်မညီတာလေးတွေကို လျှောက်ဖော်တတ်တော့ ပိုနာကြရှာတာပေါ့ဗျာ။
ဒါပေမယ့် အဲသည်လို အမည်ဝှက်နဲ့ တိုက်ခိုက်လိုက်လို့ ကျနော် ယုံယုံကြည်ကြည် လုပ်နေတဲ့ အလုပ်တခုကို ရပ်သွားရမလား။ ဝေးပါသေးတယ်။ ဒါအစဘဲ ရှိသေးတယ်။ နောက်ပိုင်းမှာ အမြင်မတူတဲ့ တချို့ဘလော့ဂ်ပို့စ်တွေကို ကျနော့်ဘလော့ဂ်ကနေ ဝေဖန်ရေးလုပ်ဘို့ အစီအစဉ်ရှိတယ်။ အခုဟာက အကင်းဘဲ ရှိပါသေးတယ်။
မောင်တည်ကြည်ဟာ နာမည်ရင်းမဟုတ်ပေမယ့် အခုလို အကျိုးအကြောင်းနဲ့ မိမိအမြင်ကို ပြောဆိုတာဖြစ်တဲ့အတွက် ကျနော်နဲ့ အမြင်မတူသော်လည်း အကျိုးအကြောင်းနဲ့ပဲ ပြန်ဆွေးနွေးလိုက်ပါတယ်။
ှိမြန်မာလူ့အဖွဲ့အစည်း (အမြင်မတူရင် မပြောရဲဘဲ ရေငုံနှုတ်ပိတ်နေတဲ့ လူ့အဖွဲ့အစည်း)..."
@ Too Much Insult to Myanmar Society...? "....
( How 's 88 & Saffron ..? )
" ဘယ်သူမပြောင်းပြောင်း ကျနော်တယောက်တည်းအနေနဲ့ ကိုယ်တိုင်ပြောင်းလဲဘို "....@ Too Much Kyaw Hein..?
" သာမန်အားလုံးလက်ခံနိုင်တဲ့ သမားရိုးကျ ပို့စ်ကလေးတွေပဲ....တင် " ...@ Too Much Insult to Other' Myanmar Bloggers.. ?
" နည်းလမ်းမမှန်ဘဲ ကို့ယို့ကားယား” ဖြစ်မယ့် ကာလအပိုင်းအခြား ကြုံတွေ့ရဦးမှာ.. " ..@ Too Much Optimism..?
( Good For Myanmar PPL )
" တကယ်တော့ အာဃာတထားတာက ကျနော်မဟုတ်။ "...@ Too Much Fair-Minded..?
" ဝေးပါသေးတယ်။ ဒါအစဘဲ ရှိသေးတယ်။ "...@ Too Good For Your FUTURE...!!!
>>>aungkokohtike…. ၈၈ မှာ ပါဝင်ဆန္ဒပြဘူးတာနဲ့ နိုင်ငံရေးတရားပွဲတချို့ တက်ရောက်နားထောင်ဖြစ်တာကလွဲလို့ ပြည်တွင်းမှာ နိုင်ငံရေးမလုပ်ခဲ့ဘူးပါ။
စက်မှုတက္ကသိုလ်ကျောင်းသားဘ၀ အသာထားလို့ စင်္ကာပူရောက်တော့တောင် နိုင်ငံရေးချက်ချင်းမလုပ်ဖြစ်ပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ စလုပ်တာ ၄ နှစ်လောက်ပဲရှိဦးမယ်။ ဒါကလည်း နိုင်ငံရေးမှာ နအဖ ကိုမကြိုက်ရုံနဲ့မပြီးဘူး။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဘို့ လိုတယ်လို့ ခံယူတဲ့အတွက် ပါဝင်လှုပ်ရှားခြင်းပါ။ မဒမ်ပေါလည်း ထို့အတူပါဘဲ။ အဲသည်အတွက် ဘာမှ ကွယ်ဝှက်ထားစရာမရှိပါဘူး။
စင်္ကာပူမှာ လုပ်တာက ပြည်တွင်းမှာ လုပ်တာထက်တော့ ကျည်ကွယ်မျက်ကွယ်ဆိုတာလဲ အမှန်ပါဘဲ။ သို့သော်…. Risk လုံးဝ မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူး။ အနည်းဆုံး မိမိနှစ်ပေါင်းများစွာ အခြေကျလာတဲ့နေရာကနေ၊ လက်ရှိအဆင်ပြေ ပုံမှန်ဝင်ငွေရကာ အသားကျနေတဲ့ အလုပ်ကနေ တနေရာကို ရွှေ့ပြောင်းသွားရနိုင်တဲ့…. ( ဒါမှမဟုတ်) မြန်မာပတ်စ်ပို့တ် သက်တမ်းတိုးလို့ မရတော့တဲ့ အခြေအနေလည်း ကြုံတွေ့နိုင်ပါတယ်။ တချို့လည်း အဲသည်အနေအထားကို လက်ရှိ ကြုံတွေ့နေရပါတယ်။ ကျနော်တို့ အလှည့်လည်း အနှေးနဲ့ အမြန်ရောက်လာနိုင်ပါတယ်။
ပြည်ပကလှုပ်ရှားတယ်ဆိုတာ ကျည်ကွယ်မျက်ကွယ်ကပေမယ့် တကယ်တမ်း လုပ်မယ်ဆိုရင် လုပ်နိုင်တာတွေ အများကြီးဆိုတာ တွေ့ရပါတယ်။
ကိုပေါ
ဒီမိုကရေစီကို ကျွန်တော်နားလည်တာကတော့ လူနည်းစုကို အလေးထားရမယ်ဆိုတာ မှန်ပေမယ့် အများစုက ဖြစ်ချင်နေတာကို ဦးစားပေးရတယ် မဟုတ်လား။ ဒါကြောင့်လည်းပဲ မဲခွဲဆုံးဖြတ်ပြီး အများဆန္ဒကို ရယူတယ်ဆိုတဲ့ စနစ်က ဒီမိုကရေစီစနစ်မှာ ရှိနေတာမဟုတ်လား။ ဒီတော့ လူနည်းစုလိုဖြစ်နေတဲ့ ကိုပေါက လူများစုကို ဂရုမစိုက်ဘူးဆိုတာဟာ ဒီမိုကရေစီကျမကျ စဉ်းစားစေချင်တာပါ။ တစ်ခုတော့ရှိတယ်။ အခု လာပြောတာဟာ ကိုပေါနဲ့သူနိုင်ကိုယ်နိုင်ငြင်းဖို့ အစီအစဉ်မရှိဘူး။ ငါတော့ဖြင့်ဒီလမ်းကတော့ မှန်ပြီ၊ ဟိုလူအများလုပ်နေကြတယ်ဆိုတာ လမ်းရိုးကြီးပါကွာ၊ ငါ့ကို မမှန်ဘူးပြောမလား၊ လှောင်ပြောင်ရိထေ့ဖြစ်လိုက်မှာပေါ့၊ ဟောဒီမှာကြည့်၊ ဒီစာအုပ်ဖတ်၊ ဟိုစာအုပ်ဖတ်ဆိုပြီး ကိုပေါကငြင်းလိုက် သဘောမတူသူက ပြန်ချေလိုက်နဲ့ဆိုရင် အကျိုးမရှိတာကို ထောက်ပြနေတာသာ ဖြစ်တယ်။ ကိုပေါပြန်ပြောတာလေးက သဘောကျစရာတော့ ကောင်းတယ်၊ ဒီလောက်ကွဲလွဲရုံနဲ့ ရန်သူတွေဖြစ်နေတာ တခြားသူတွေကိုတော့ ကျွန်တော်မမြင်မိသေးဘူးဗျ။ ကိုပေါသာလျှင် အမြင်မတူတာ တစ်ယောက်ယောက်ပေါ်လာလိုက်၊ ဒီဘက်ဘလော့ပေါ်ကနေ ဟိုစာဒီစာတွေ စောင်းမြောင်းရေးလိုက် လုပ်နေတာဟာ အဲဒါကမှ မိတ်ဆွေ မဆန်တာဗျ။ မိတ်ဆွေစစ်တို့မည်သည် ကိုယ့်မိတ်ဆွေနဲ့ကိုယ် အမြင်မတူတာကို ဟိုဘက်ဒီဘက်နားလည်ရတယ်ဗျာ။ ကြည့်စမ်းပါဦး၊ သူတို့အမြင်တွေက ဒီလိုတဲ့ဟ၊ ဘယ်ဝါတဲ့ဟဆိုပြီး စောင်းမြောင်းရိထေ့တာကို ကိုပေါက လက်နက်တစ်ခုလို သုံးနေပြီး အဲဒီလိုလုပ်တာကို မခံမရပ်နိုင်သူဟာ မိတ်ဆွေတုလို့ကိုပေါမှတ်ချက်ချတာက ကိုယ့်ဘက်ကိုယ်ယက်ဆန်လွန်းသလို တဘက်စောင်းနင်းလဲ ကျလွန်းတယ်။ ကိုပေါကရော ကိုယ်နဲ့အမြင်ကွဲလွဲရုံလေးတစ်ခုတည်းနဲ့ စောင်းမြောင်းရိထေ့ရမယ်လို့ ခံယူသလားလို့ ကျွန်တော်မေးရင် ကိုပေါ ဘယ်လိုဖြေမလဲ။ တကယ်ဆို သူ့ကိုကိုယ်လေးစား၊ ကိုယ့်ကိုသူလေးစားနဲ့ အမြင်မတူတာတွေကို မှေးမှိန်အောင်လုပ်ပြီး တူတဲ့အမြင်တွေကို ပိုအားကောင်းအောင် ပေါင်းစည်းလုပ်ဆောင်တာက နည်းလမ်းပိုမကျဘူးလား ကိုပေါ။ ကိုယ့်ဘက်ကနေ တခြားတဘက်ကို သရော်လိုက်ကလိလိုက်၊ စောင်းမြောင်းရိထေ့လိုက်လုပ်လို့ ဟိုဘက်က ဘယ်လိုနေတယ် မသိ၊ ဘေးကနေ ဖတ်ရတဲ့လူက အမြင်ကပ်ကပ်နဲ့ ကိုပေါကို ၀င်ဆဲတော့ ဘယ်သူကရော စိတ်ချမ်းသာနေမယ်လို့ကိုပေါထင်ပါသလဲ။ ပြီးတော့ ကိုပေါကို ကမ်းကုန်အောင်ရိုင်းနေပြီလို့ လူတွေက သတ်မှတ်လာတဲ့ အခြေခံအကြောင်းကို ကျွန်တော်ရှင်းပြသွားတာကိုလဲ ကိုပေါက မှန်သည်မှားသည် ဘာမှပြန်မပြောပါဘူး။ ကိုပေါရဲ့ အကျင့်ဆိုးထဲမှာ ပြောနေ၇င်းနဲ့ထထဖောက်တတ်တယ်လို့ ကိုပေါပြောဖူးတဲ့ တစ်ခုအပြင် ကျွန်တော့်ကို နောက်ထပ် တစ်ခု ထပ်ဖြည့်ခွင့်ပေးပါ။ အဲဒါကတော့ ကိုယ်ပြောချင်တာကိုသာလျှင် ပြောဖို့ကြိုးစားပြီး တဘက်က ပြောတာကျိုးကြောင်းသင့်နေရင် ဒီအချက်တော့ ကျနော်မှားပါတယ်လို့ ၀န်ခံဖို့အင်မတန်ဝန်လေးတဲ့အချက်ပါပဲ။ လုံး၀၀န်မခံဘူးလို့ မဆိုလိုဘူးနော်၊ ၀န်ခံဖို့ကို အတော်ဝန်လေးပုံရတယ် လို့ မြင်တယ်။
လူတချို့ အမည်ဝှက်နဲ့ရော အမည်ပေါင်းစုံနဲ့ပါ ကိုပေါ ဘာလုပ်လုပ်၊ ဘယ်သူ့ကို ဆဲဆဲ မြှောက်ပေးနေကြတာတွေကို တွေ့မိတယ်။ အဲဒါတွေကို ကိုပေါ ကျေနပ်နေလေဟန်လဲ သူတို့တွေနဲ့အတူတူ ပေါင်းပြီး ကိုယ်နဲ့မတူသူတွေကို လှောင်လိုက်၊ ပြောင်လိုက်၊ ဆဲလိုက်နဲ့ တွေ့ရပြန်တယ်။ တကယ်တမ်း ကိုပေါ စဉ်းစားသုံးသပ်စရာကောင်းတဲ့ (ကိုပေါနဲ့အမြင်မတူပေမယ့်) မှတ်ချက်တချို့ကိုတော့ ကိုပေါက လစ်လျူရှုထားပြန်တယ်။ အဲဒါတွေဟာ အခုလက်ရှိအချိန်မှာ မြင်မကောင်းရှုမကောင်းအောင် ဆဲလိုက်ဆိုလိုက်ဖြစ်နေကြတာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
အဲဒီအပိုဒ်ကို ကျွန်တော် ထည့်ရေးခဲ့ပေမယ့် ကိုပေါက အဲဒါကိုတော့ချန်လှပ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလို လာဆဲသူတွေဒီလောက်များနေခြင်းမှာ ကာယကံရှင် ကိုပေါကိုယ်တိုင်ရဲ့ အပြောအဆို အနေအထိုင်မတတ်သော တာဝန်ရှိမှုကို ကိုပေါ ရှောင်လွှဲချင်လို့ ချန်ခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။
အခုဆွေးနွေးချက်ဟာ ကိုပေါအတွက် နောက်ဆုံးဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောရဆိုရတာ အင်မတန်ခက်ခဲတဲ့လူနဲ့ စကားပြောရတာကြာလာတဲ့အခါ ဘာအကျိုးမှ ရှိလာမှာ မဟုတ်လို့ပါပဲ။ ဒါပေမယ့် ကိုပေါဟာ ကျားကျားမီးယပ်ကွ ဆိုတဲ့ လူစားထဲမှာ မပါဘူးလို့ အခုအချိန်ထိတော့ ကျွန်တော်ယုံကြည်နေတုန်းပါပဲ။
ရွှင်လန်းပါစေ
>>> မောင်တည်ကြည် ….
>> ဒီမိုကရေစီကို ကျွန်တော်နားလည်တာကတော့ လူနည်းစုကို အလေးထားရမယ်ဆိုတာ မှန်ပေမယ့် အများစုက ဖြစ်ချင်နေတာကို ဦးစားပေးရတယ် မဟုတ်လား။ ဒါကြောင့်လည်းပဲ မဲခွဲဆုံးဖြတ်ပြီး အများဆန္ဒကို ရယူတယ်ဆိုတဲ့ စနစ်က ဒီမိုကရေစီစနစ်မှာ ရှိနေတာမဟုတ်လား။ ဒီတော့ လူနည်းစုလိုဖြစ်နေတဲ့ ကိုပေါက လူများစုကို ဂရုမစိုက်ဘူးဆိုတာဟာ ဒီမိုကရေစီကျမကျ စဉ်းစားစေချင်တာပါ။
ဒီမိုကရေစီစနစ်မှာ တခုခုကို ရွေးချယ်ဘို့ဖြစ်လာတဲ့အခါမှာ မဲခွဲပြီး အများဆန္ဒနဲ့ အတည်ပြုရတာရှိတယ်ဆိုတာ အမှန်ပါ။ ဥပမာ အစိုးရတရပ်ကို တင်မြှောက်ရာမှာပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အဲသည်အစိုးရနဲ့ အဲသည်အစိုးရရဲ့ ပေါ်လစီကို မနှစ်ခြိုက် မထောက်ခံတဲ့ လူနည်းစုလည်း ရှိနိုင်ပါတယ်။ အဲဒီလူနည်းစုကလည်း သူမကြိုက်တဲ့အလျောက် ထောက်ပြဝေဖန်နေမှာ၊ သရော်နေမှာ၊ ထေ့နေမှာ အမှန်ပါပဲ။ ဒါက လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဆိုတဲ့ အများနည်းတူ အနည်းစုကလည်း ရသင့်တဲ့အခွင့်အရေးပါ။ လူများစုရဲ့ အမြင်နဲ့ မတူညီတာကို တူရမယ်ဆိုပြီး အများစုကနေ အတင်းအကြပ် နည်းမျိုးစုံသုံးပြီး လက်ခံစေမယ်ဆိုရင် လူ့အခွင့်အရေးကို ချိုးဖောက်တာနဲ့အတူတူပါဘဲ။ Freedom of thought ၊ Freedom of expression နဲ့ Freedom of speech ကို အလေးမထားတာနဲ့အတူတူပါဘဲ။ တခုတော့ရှိတယ်။ မဲခွဲဆုံးဖြတ်ပြီးလို့ အများကသဘောတူနေတဲ့ အစိုးရ (သို့မဟုတ်) ပေါ်လစီတရပ်ကို ကျနော်က တရားမ၀င်တဲ့နည်းနဲ့ ဖြုတ်ချဘို့၊ ချိုးဖောက်ဘို့ ကြိုးစားရင်တော့ ကျနော်ဟာ ဒီမိုကရေစီ မကျဘူးလို့ ပြောနိုင်ပါတယ်။ အခုက ကျနော့်အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြနေတာဖြစ်တဲ့အတွက် ဘယ်လို ဒီမိုကရေစီ မကျသလဲဆိုတာ ပြောစေလိုပါတယ်။
>>တစ်ခုတော့ရှိတယ်။ အခု လာပြောတာဟာ ကိုပေါနဲ့သူနိုင်ကိုယ်နိုင်ငြင်းဖို့ အစီအစဉ်မရှိဘူး။ ငါတော့ဖြင့်ဒီလမ်းကတော့ မှန်ပြီ၊ ဟိုလူအများလုပ်နေကြတယ်ဆိုတာ လမ်းရိုးကြီးပါကွာ၊ ငါ့ကို မမှန်ဘူးပြောမလား၊ လှောင်ပြောင်ရိထေ့ဖြစ်လိုက်မှာပေါ့၊ ဟောဒီမှာကြည့်၊ ဒီစာအုပ်ဖတ်၊ ဟိုစာအုပ်ဖတ်ဆိုပြီး ကိုပေါကငြင်းလိုက် သဘောမတူသူက ပြန်ချေလိုက်နဲ့ဆိုရင် အကျိုးမရှိတာကို ထောက်ပြနေတာသာ ဖြစ်တယ်။
ကျနော်ပြောတဲ့ လမ်းချည်းဘဲ အမှန်လို့ ယူဆစရာမလိုပါဘူး။ ဒါက စာဖတ်သူရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပါ။ ကျနော်က အမှန်ချည်းပဲလို့လည်း မပြောခဲ့သလို အတင်းတိုက်တွန်းချင်းမျိုးလည်း မရှိပါဘူး။ ဟိုစာအုပ်ဖတ်…ဒီစာအုပ်ဖတ် လို့လည်း မပြောပါဘူး။ ကျနော်ကိုးကားတဲ့ စာအုပ်နဲ့ လူနာမည်တွေကို သုံးတာရှိပါတယ်။ ဒါကလည်း Debate တွေ၊ ဆွေးနွေးမှုတွေမှာ မသုံးမဖြစ်သုံးကြပါတယ်။ ကျနော်စာသားအတိအကျ မမှတ်မိတဲ့အခါမျိုးမှာသာ ဘယ်စာအုပ်မှာ “အတိအကျ”ပါတယ်၊ သွားဖတ်နိုင်တယ်ဆိုတာမျိုး ရေးသားလေ့ရှိပါတယ်။ သဘောမတူတဲ့လူကလည်း ချေပနိုင်ပါတယ်။ ဒါကို မိတ်ဆွေက အကျိုးမရှိဘူးလို့ မြင်ချင်လည်း မြင်ပိုင်ခွင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း အမြင်တူရမယ်လို့ ကျနော်မမျှော်မှန်းခဲ့ဘဲကိုး။
>> ကိုပေါပြန်ပြောတာလေးက သဘောကျစရာတော့ ကောင်းတယ်၊ ဒီလောက်ကွဲလွဲရုံနဲ့ ရန်သူတွေဖြစ်နေတာ တခြားသူတွေကိုတော့ ကျွန်တော်မမြင်မိသေးဘူးဗျ။ ကိုပေါသာလျှင် အမြင်မတူတာ တစ်ယောက်ယောက်ပေါ်လာလိုက်၊ ဒီဘက်ဘလော့ပေါ်ကနေ ဟိုစာဒီစာတွေ စောင်းမြောင်းရေးလိုက် လုပ်နေတာဟာ အဲဒါကမှ မိတ်ဆွေ မဆန်တာဗျ။ မိတ်ဆွေစစ်တို့မည်သည် ကိုယ့်မိတ်ဆွေနဲ့ကိုယ် အမြင်မတူတာကို ဟိုဘက်ဒီဘက်နားလည်ရတယ်ဗျာ။ ကြည့်စမ်းပါဦး၊ သူတို့အမြင်တွေက ဒီလိုတဲ့ဟ၊ ဘယ်ဝါတဲ့ဟဆိုပြီး စောင်းမြောင်းရိထေ့တာကို ကိုပေါက လက်နက်တစ်ခုလို သုံးနေပြီး အဲဒီလိုလုပ်တာကို မခံမရပ်နိုင်သူဟာ မိတ်ဆွေတုလို့ကိုပေါမှတ်ချက်ချတာက ကိုယ့်ဘက်ကိုယ်ယက်ဆန်လွန်းသလို တဘက်စောင်းနင်းလဲ ကျလွန်းတယ်။
ဒီဘလော့ဂါတွေထဲမှာ ကျနော်နဲ့ လူချင်းတွေ့ဘူး မြင်ဘူးတဲ့လူ နည်းပါတယ်။ နှစ်ယောက်၊ သုံးယောက်ပဲသိတာပါ။ ကျန်တဲ့လူတွေဟာ အွန်လိုင်းပေါ်မှာပဲ ဘလော့ဂါအချင်းချင်းရင်းနှီးမှုထက်မပိုပါဘူး။ ဒီဘလော့ဂါတွေထဲမှာ ကျနော့်အနေနဲ့ လုပ်ရပ်ကို ဝေဖန်တာရှိမယ်။ စောင်းမြောင်းရေးတာလည်း ရှိမယ်။ ပုဂ္ဂိုလ်ရေးတော့ ဘယ်တော့မှ ထိခိုက်မရေးပါဘူး။ အဲသည်အတွက် မခံနိုင်လို့ ပြန်ပြောတဲ့လူ ရှိကောင်းရှိမယ်။ ဒါပေမယ့် နာမည်ရင်းနဲ့ ပြန်ပြောတဲ့ ဘလော့ဂါမရှိသလောက်ပါဘဲ။ လာဆဲနေတဲ့လူတွေက နာမည်တုနဲ့ဆိုတော့ မိတ်ဆွေစစ်ဖြစ်ဘို့ ဝေးလို့ ကျနော့်ကို ပုဂ္ဂိုလ်ရေးမနာလိုလို့ လာရေးသားနေသူတွေ ဖြစ်ဘို့သာများပါတယ်။ များသောအားဖြင့် ကြည့်လိုက်ရင် ပို့စ်နဲ့ စပ်ဆိုင်တဲ့ အကြောင်းအရာကို ဝေဖန်တာထက် လူကို ဘလိုင်းလာဝေဖန်တာမျိုးတွေ များပါတယ်။
>> ကိုပေါကရော ကိုယ်နဲ့အမြင်ကွဲလွဲရုံလေးတစ်ခုတည်းနဲ့ စောင်းမြောင်းရိထေ့ရမယ်လို့ ခံယူသလားလို့ ကျွန်တော်မေးရင် ကိုပေါ ဘယ်လိုဖြေမလဲ။ တကယ်ဆို သူ့ကိုကိုယ်လေးစား၊ ကိုယ့်ကိုသူလေးစားနဲ့ အမြင်မတူတာတွေကို မှေးမှိန်အောင်လုပ်ပြီး တူတဲ့အမြင်တွေကို ပိုအားကောင်းအောင် ပေါင်းစည်းလုပ်ဆောင်တာက နည်းလမ်းပိုမကျဘူးလား ကိုပေါ။ ကိုယ့်ဘက်ကနေ တခြားတဘက်ကို သရော်လိုက်ကလိလိုက်၊ စောင်းမြောင်းရိထေ့လိုက်လုပ်လို့ ဟိုဘက်က ဘယ်လိုနေတယ် မသိ၊ ဘေးကနေ ဖတ်ရတဲ့လူက အမြင်ကပ်ကပ်နဲ့ ကိုပေါကို ၀င်ဆဲတော့ ဘယ်သူကရော စိတ်ချမ်းသာနေမယ်လို့ကိုပေါထင်ပါသလဲ။
အမြင်ကွဲလွဲရုံကလေးနဲ့တင် စောင်းမြောင်းရိထေ့တာမဟုတ်ပါဘူး။ တခါတလေ ကျနော်ကိုယ်တိုင်အပါအ၀င် အများစုဖြစ်ပျက်နေတဲ့ အရာတွေအပေါ်မှာ သရော်တာမျိုးလည်း လုပ်ပါတယ်။ ကျနော့်ရေးတဲ့ ပို့စ်နဲ့ ပတ်သက်၍ ပြန်ပြီး ကလိလို့ ရပါတယ်။ ထေ့လို့ရပါတယ်။ အားလုံးကို ဖွင့်ပေးထားတာပဲဟာ။ ဘေးက ဖတ်ရတဲ့လူက စိတ်မချမ်းသာဘူးဆိုရင် ကွန်မင့်တွေကို ကျော်လွှားဖတ်ဘို့ပဲ အကြံပေးလိုပါတယ်။
>> ပြီးတော့ ကိုပေါကို ကမ်းကုန်အောင်ရိုင်းနေပြီလို့ လူတွေက သတ်မှတ်လာတဲ့ အခြေခံအကြောင်းကို ကျွန်တော်ရှင်းပြသွားတာကိုလဲ ကိုပေါက မှန်သည်မှားသည် ဘာမှပြန်မပြောပါဘူး။
ကျနော်ဟာ သူတော်စင် မဟုတ်ဘူးဆိုတာ ရှေ့မှာ ပြောခဲ့ပြီးသားဖြစ်တဲ့အတွက် အဲသည်အပိုင်းကို ချန်ထားခဲ့တာပါ။ ရိုင်းတယ်လို့ မိတ်ဆွေ ထင်လိုက ထင်နိုင်ပါတယ်။ ကျနော်လည်း လူသာလျှင်ဖြစ်တဲ့အတွက် လူကျင့်လူကြံ လေးတွေရှိပါတယ်။ ရဟန္တာလို့ ကျေးဇူးပြု၍ မထင်ပါရန်။
>>ကိုပေါရဲ့ အကျင့်ဆိုးထဲမှာ ပြောနေ၇င်းနဲ့ထထဖောက်တတ်တယ်လို့ ကိုပေါပြောဖူးတဲ့ တစ်ခုအပြင် ကျွန်တော့်ကို နောက်ထပ် တစ်ခု ထပ်ဖြည့်ခွင့်ပေးပါ။ အဲဒါကတော့ ကိုယ်ပြောချင်တာကိုသာလျှင် ပြောဖို့ကြိုးစားပြီး တဘက်က ပြောတာကျိုးကြောင်းသင့်နေရင် ဒီအချက်တော့ ကျနော်မှားပါတယ်လို့ ၀န်ခံဖို့အင်မတန်ဝန်လေးတဲ့အချက်ပါပဲ။ လုံး၀၀န်မခံဘူးလို့ မဆိုလိုဘူးနော်၊ ၀န်ခံဖို့ကို အတော်ဝန်လေးပုံရတယ် လို့ မြင်တယ်။
မိတ်ဆွေက ကိုယ့်ကိုယ်ကို တော်တော် အထင်ကြီးဟန် တူပါရဲ့။ လူတယောက်ကို တထိုင်တည်းနဲ့ အကျွတ်ချွတ်နိုင်မယ်လို့ ထင်နေတယ်။ ကျနော် ဆွေးနွေးတဲ့အခါ ကိုယ့်အမြင်ကိုယ် ချပြတယ်။ တဖက်လူမှာ သူနေတယ် ထင်တာတွေကို ထောက်ပြတယ်။ ဒါပေမယ့် အဲသည်လူ တထိုင်တည်းနဲ့ ပြောင်းသွားလိမ့်မယ်လို့ ဘယ်တော့မှ မျှော်လင့်မထားဘူး။ လူ့သဘာဝက သူလက်ခံထားတဲ့ အမြင်တခုကို တဖြည်းဖြည်းသာ ပြောင်းလဲချင် ပြောင်းလဲ လက်ခံသွားလိမ့်မယ်။ တထိုင်တည်းနဲ့ လက်ခံသွားနိုင်တဲ့လူရှားတယ်။ အဲသည်အနေအထားမှာ မိတ်ဆွေအနေနဲ့ ကျနော့်ကို တထိုင်တည်းနဲ့ မိတ်ဆွေဘက်ပါလာအောင် မျှော်လင့်တာကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်လို့ပဲ မြင်မိပါတယ်။
>> လူတချို့ အမည်ဝှက်နဲ့ရော အမည်ပေါင်းစုံနဲ့ပါ ကိုပေါ ဘာလုပ်လုပ်၊ ဘယ်သူ့ကို ဆဲဆဲ မြှောက်ပေးနေကြတာတွေကို တွေ့မိတယ်။ အဲဒါတွေကို ကိုပေါ ကျေနပ်နေလေဟန်လဲ သူတို့တွေနဲ့အတူတူ ပေါင်းပြီး ကိုယ်နဲ့မတူသူတွေကို လှောင်လိုက်၊ ပြောင်လိုက်၊ ဆဲလိုက်နဲ့ တွေ့ရပြန်တယ်။ တကယ်တမ်း ကိုပေါ စဉ်းစားသုံးသပ်စရာကောင်းတဲ့ (ကိုပေါနဲ့အမြင်မတူပေမယ့်) မှတ်ချက်တချို့ကိုတော့ ကိုပေါက လစ်လျူရှုထားပြန်တယ်။
ကျနော့်ဘက်က ထောက်ခံသူတွေကို ကျနော်သဘောကျတာလည်း သဘာဝ ကျပါတယ်လေ။ သဘောမကျရတော့ဘူးလား။ ကျနော့်ကို ပြန်ရေးပြတဲ့ စဉ်းစားစရာအချက်တွေကို တချို့အချက်တွေမှာ ကွန်မင့်ပြန်ချင်တဲ့အခါ ကျနော်ပြန်တယ်။ တချို့အချက်တွေမှာတော့ လစ်လျူရှုတန်သင့်တာ လစ်လျူရှုတယ်။ ဒါကလည်း ကျနော့်လွတ်လပ်ခွင့်မဟုတ်ပါလား။ စာဖတ်သူက သူကြိုက်တာသူယူသွားပါလိမ့်မယ်။ ကျနော်နဲ့ တူတဲ့ အမြင်တွေကို ဖွင့်ပေးထားသလို မတူတဲ့ အမြင်တွေကိုလည်း ဖွင့်ပေးထားပါတယ်။
>>အဲဒါတွေဟာ အခုလက်ရှိအချိန်မှာ မြင်မကောင်းရှုမကောင်းအောင် ဆဲလိုက်ဆိုလိုက်ဖြစ်နေကြတာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အဲဒီအပိုဒ်ကို ကျွန်တော် ထည့်ရေးခဲ့ပေမယ့် ကိုပေါက အဲဒါကိုတော့ချန်လှပ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလို လာဆဲသူတွေဒီလောက်များနေခြင်းမှာ ကာယကံရှင် ကိုပေါကိုယ်တိုင်ရဲ့ အပြောအဆို အနေအထိုင်မတတ်သော တာဝန်ရှိမှုကို ကိုပေါ ရှောင်လွှဲချင်လို့ ချန်ခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။
အဲသည်အတွက် မပူပါနဲ့ မိတ်ဆွေ။ အချိန်တန်ရင် ရိုးသွားပါလိမ့်မယ်။ ဘလော့ဂ်ပိုင်ရှင်ဖြစ်သူ ကျနော်တောင် မပူတဲ့ကိစ္စဆိုတော့ မိတ်ဆွေအနေနဲ့ အနေသာကြီးပါ။ ကွန်မင့်တွေကို စိတ်မချမ်းသာရင် ကျော်လွှားသာ ဖတ်သွားပါ။
>> အခုဆွေးနွေးချက်ဟာ ကိုပေါအတွက် နောက်ဆုံးဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောရဆိုရတာ အင်မတန်ခက်ခဲတဲ့လူနဲ့ စကားပြောရတာကြာလာတဲ့အခါ ဘာအကျိုးမှ ရှိလာမှာ မဟုတ်လို့ပါပဲ။ ဒါပေမယ့် ကိုပေါဟာ ကျားကျားမီးယပ်ကွ ဆိုတဲ့ လူစားထဲမှာ မပါဘူးလို့ အခုအချိန်ထိတော့ ကျွန်တော်ယုံကြည်နေတုန်းပါပဲ။
ဖြစ်သင့်ပါတယ်။ တဖက်သားကို အကြံပေးတယ်ဆိုရင် တဖက်သားမှာ “အဲသည်အကြံကို လက်ခံတယ်၊ လက်မခံဘူး”ဆိုတဲ့ ရွေးချယ်ခွင့်လည်း လွတ်လပ်စွာပေးထားရမှာပါ။ “ငါကစေတနာနဲ့အကြံပေးတာ…လက်မခံရင်တော့ နင့်ထိုက်နဲ့နင့်ကံ” ဆိုတာမျိုးကတော့….. အကြံပေးတာထက် မိမိ အတ္တကို ရှေ့တန်းတင်ရာ ကျသွားနိုင်ပါတယ်။
အခုလို ရှည်ရှည်ဝေးဝေး ဝေဖန်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရွှင်လန်းပါစေ….
Hi Ko Paw,
You are SOLID , Man....
You really make me Fun, My Days...
Keep Up...
ကိုပေါ blog ကို နေ့ တိုင်း ၀င်ဖတ်ဖြစ်ပါတယ်။ ထို့ အတူ comment တွေကိုလည်း ဖတ်ဖြစ်ပါတယ်။
comment တွေဖတ်တဲ့အခါ ဟိုဘက် ဒီဘက် နောင်ဂျိန် နောင်ဂျိန် လည်း ခဏ ခဏ ချကြပါတယ်။ အဲလို Fighting Play ကျတာဟာ နှစ်ဦး နှစ်ဖက်စလုံးရဲ့  လွတ်လပ်ခွင့်ပဲ ဆိုတာကို နားလည်နိုင်ဖို့  အရေးကြီးပါတယ်။ ဒါပေမယ့် အမြင်မတူလို့ ရန်သူလို့  မသတ်မှတ်သင့်ပါဘူး။
နောက်တခုက ကျွန်တော် နိုင်ငံရေးဆိုလို့  စိတ်ကူးနဲ့ သာ လုပ်ဖူးပါတယ်။ ကြောက်လို့ ပါ။
ဒါပေမယ့် တနေ့ တချိန်မှာ တထာင့်တနေရာက ပါဝင်လာခဲ့ရင်လည်း နိုင်ငံရေး လုပ်ခဲ့တဲ့ Experience မရှိရင် နိုင်ငံရေး လုပ်ခွင့်မရပါဘူးဆိုတဲ့ အမြင်ကိုတော့ ရှုတ်ချပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုပေါ post တွေကို အားပေးနေဦးမှာပါပဲ။ ထို့ အတူ comment တွေရဲ့  ယူဆချက်များကိုလည်း အားပေးနေဆဲပါ။
>>>နေညိုရင့်.. …. ကျေးဇူးတင်ပါတယ်။
တကယ်လို့ နိုင်ငံဟာ လွတ်လပ်သွားတဲ့ နိုင်ငံဖြစ်သွားတဲ့အခါကျရင် ကိုယ်စိတ်ဝင်စားရာကိုပဲ ကိုယ်အာရုံစိုက်လုပ်နိုင်ကြပါတယ်။ အဲဒီအခါကျရင် နိုင်ငံရေးကို စိတ်မ၀င်စားလည်း ဖြစ်ပါတယ်။
အခုကတော့ တမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ဘို့ဆိုရင် အားလုံးမှာ တန်းတူရည်တူ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ အားလုံး ပူးပေါင်းပါဝင်မှုရှိတယ်ဆိုရင် မြန်မြန်လွတ်မြောက်မယ်။ မပူးပေါင်းဘူးဆိုရင် ကြာမယ်။ အဲဒီသဘောပါဘဲ။
ကိုညောင်ရမ်းရေ...ဒီလိုပါဘဲ၊အမြင်မတူတာတွေ၊တူတာတွေ
ကတော့အမြဲရှိမှာပါဘဲ..လက်တောင်မှအတိုအရှည်မတူတာမ
ဟုတ်လား..မတူတာတွေတူအောင်၊တူတာတွေပိုပြီးထပ်တူ
ကျအောင်ညှိကြပြီးရည်ရွယ်တဲ့လမ်းကြောင်းလေးကိုအတူတကွ
လျှောက်ကြပါစို့ဗျာ..ဟိုး...အဝေးမှာမျှော်လင့်ချက်ခြောက်သွေ့
နေတဲ့မျက်ဝန်းညိုညိုနဲ့ကျွန်တော်တို့ရဲ့သွေးချင်းတွေရောင်နီလဲ့လဲ့
လေးကိုမျှော်နေရဲ့ဗျာ..အတူလက်ကိုမြဲမြဲတွဲပြီးလျှောက်ကြပါစို့...
နေညိုရင့် said...
''တနေ့ တချိန်မှာ တထောင့်တနေရာက ပါဝင်လာခဲ့ရင်လည်း နိုင်ငံရေး လုပ်ခဲ့တဲ့ Experience မရှိရင် နိုင်ငံရေး လုပ်ခွင့်မရပါဘူးဆိုတဲ့ အမြင်ကိုတော့ ရှုတ်ချပါတယ်။''
ဒီအဆိုကို 'လုံးဝ' ထောက်ခံပါတယ်..။ ဒါပေမဲ့ လက်တွေ့လုပ်တဲ့အခါ 'တချို့' သဘောထား တိမ်သူတွေရဲ့ လက်စွဲ ထိုးနှက်ချက်က အဲ့ဒီအမြင်နဲ့ကိုလာမှာပါ..ဗေဒင်မေးစရာ မလိုပါ..အဲဒီ အမြင်နဲ့ထိုးနှက်လာတဲ့အခါ ဒေါသမထွက် စိတ်ဓာတ်မကျပဲ ခံနိုင်ရည်ရှိအောင်ကျင့်ကြံပြီး၊ မိမိယုံကြည်တဲ့အတိုင်း ပြီးဆုံးတိုင်လုပ်ဘို့ ဇွဲတော့လိုပါလိမ့်မယ်..ဒေါ်စုကိုလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းက ဒီလိုပဲ ထိုးနှက်ပြီး ပုတ်ထုတ်ဘို့ ကြိုးစားခဲ့ကြဖူးတာပဲ..မဆန်းပါဘူးနော်.. အခုတော့ အသိဉာဏ်ဓား သွေးထားကြရအောင်လား..
>>>Anonymous..... Common ground ရှာပြီး သတ်သတ်မှတ်မှတ် မူဝါဒနဲ့ လက်တွဲလုပ်ရင်တော့ ညီနိုင်စရာအကြောင်းရှိပါတယ်။
>>> CMA .... အမှန်ပဲ။ “နိုင်ငံအတွက် မြက်တပင်တောင် နှုတ်ပေးဖူးခဲ့သလား”.... ဆိုတာ နအဖ ရဲ့ လက်သုံးစကားပဲ။ လက်တွေ့မှာ ပူးပေါင်းပါဝင်လိုသူမှန်သမျှကို လက်ခံဖိတ်ခေါ်ရမှာပေါ့။
ko paw ko paw kpo paw
Three thing in our life never get back,
1. The Words we said
2. The Time We passed
3. The Occasion we missed.
Please make useful of ourselves for our life.
/\/\/\/\/\/\
ဖတ်ရင်းနဲ့ ရူးတောင် ရူးချင်သွားပြီ။ :D
Post a Comment