အားလပ်ရက်မှာ
မြန်မာပြည်ပြန်လည်…
ရာတန်သေးနုပ်
ထောင်တန်ထုပ်ကို
အုပ်လိုက်ကိုင်ကာဝယ်…ကိုင်ကာဝယ်။
ဆင်းရဲသားများ
သွားရည်ကျစဖွယ်
သန်းကြွယ်သူဋ္ဌေး
စတိုင်ပေးလို့
ဟန်ရေးပြကာထည်….ပြကာထည်။
နပ်မမှန်သူကြား
မော်ကြွားကြပုံနှယ်
နရသီဟ
ငိုချင်းချအောင်
သုံးဆောင်ဘိခြင်း
ထမင်းပွဲဟည်း
ကြီးမား စုံလင်တယ်…စုံလင်တယ်။
ပြည်သူ့ဒုက္ခ
မြင်လိုက်ရစဉ်ဝယ်
တကယ်ရင်ထဲ
ကြေကွဲသလို
မျက်နှာအိုကာရယ်…အိုကာရယ်။
မြန်ပြည်နှံ့ပြား
ဘုရားဖူးကာလည်
ကားရပ်နားခိုက်
ခြင်ကိုက်သည့်ဒဏ်
မခံနိုင်လို့
ပြန်စို့ပြောလှာတယ်….ပြောလှာတယ်။
ရန်ကုန်ကပြန်
ချန်ဂီလေဆိပ်ဝယ်
အင်မီဂိတ်မှာ
တံဆိပ်တုံးထု ၀င်ခွင့်ပြုမှ
စုသမျှသက်ပြင်း
ဟင်းကနဲချရ ရှာလေတယ်…ရှာလေတယ်။
အိမ်ပြန်အရောက်…
ဝမ်းမြောက်ပျော်ရွှင်
ဘလော့ဂ်ဝင်၍
ကင်မရာထုတ်
ပုံဒေါင်းလုပ်ကာ
တပုဒ်ကဗျာ
ရေးလိုက်ပါသော်….
ပြည်တော်ကိုသာ လွမ်းမိတယ်…လွမ်းမိတယ်။
ရေးသူ- ကိုပေါ။
Posted by
ကိုပေါ
on Wednesday, February 18, 2009
Labels:
Poem
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
14 comments:
:D:D;D..wooo..hoo..hoo
ကောင်းတယ်ဗျာ...ဂလိုဆို ကိုပေါက ခုတလော ပြည်တော်ပြန်လိုက်သေးသပေါကလေ... ဒီလိုမှန်းသိ ... အစိမ်းဝတ်တွေကို လက်တို့လိုက်ပါရဲ့..အဟေးဟေး....
ဒါနဲ့ စကားမစပ်ဗျာ...ဟိုအရင်က ငွေစက္ကူတွေဖျက်သိမ်းတဲ့ အကြောင်း လေးတွေ ကိုပေါ စတိုင်အတိုင်း ဗဟုသုတလေးတွေ ဟာသလေးတွေ စွက်ပြီး သရော်ဟန်းလေးနဲ့ ရေးပေးပါလားဗျာ...။ ဘာကြောင့်ဖျက်တယ် ဘယ်လို ဘာညာဆိုတာလေးတွေကောပေါ့..
ဘယ်တုန်းကပြန်လိုက်တာလဲ..
မသိလိုက်ရပါလား။
ဘယ်မလဲ ပုံတွေ..ထုတ်ထုတ် ရှိသမျှအကုန်ထုတ်။
ကြည်
kar chin twe par twe nae ngar(five) see shin ko paw lar bya.
ကိုပေါရေ.. လာလည်သွားတယ်.. ကျွန်တော့်ဆီ လာလည်ပါဦး.. မျှော်နေမယ်
ကိုပေါ မြန်မာပြည်ပြန်တာ မဟုတ်ပါဘူး ... နော်.. ဟုတ်တယ်မဟုတ်လား ။
မြန်မာပြည်မပြန်ခင်ကတည်းက အဲဒီအကြောင်းတွေစဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ် ။ ဒီမှာ အပျင်းပြေဝယ်သောက်တဲ့ အအေးတစ်ဘူးဖိုးက သူတို့အတွက် ထမင်းတစ်နပ်စာတဲ့လား ။ နေမကောင်းဖြစ်မှ ကြက်သားစားရတာတဲ့လား ။ ငါ့လက်ထဲမှာ ပိုက်ဆံတစ်သောင်းလောက်ရှိရင် သေပျော်ပါပြီတဲ့လား ။ ပိုက်ဆံတစ်သောင်းကြောင့် တစ်အူတုံဆင်းမောင်နှမတွေ ဆွေမျိုးတွေ မခေါ်နိုင် မပြောနိုင် ဖြစ်ကြတယ်တဲ့လား ။ ဆိုးရွားလှတဲ့ ဘဝပေါင်းများစွာ .....တို့နိုင်ငံသာ ဒီလိုသာတိုးတက်တဲ့နိုင်ငံသာဆိုရင် ဆိုပြီး တွေးမိတဲ့အခါတိုင်း...ဟင်း......
>>> Anonymous …. ၀ူးထွားဟားဟား လို့ ရယ်ပါ။
>>> နတ်ဆိုးလေးချစ်သူ …. ပြန်ဖြစ်ပါဘူးဗျား…. စိတ်ကူးနဲ့ ရူးကြည့်တာပါ။
>>> Anonymous (ကြည်) …. လွန်ခဲ့တဲ့ လေးနှစ်ကျော်ကပဲ ပြန်ဖြစ်ပါတယ်။
>>> Anonymous …. ခုံဖိနပ်ငါးစီးကိုပဲ ပိုင်သတော်မူတဲ့ ငါးစီးရှင်ကိုပါ ခင်ညာ။
>>> သက်ပိုင်သူ …. ဟုတ်ကဲ့။ အားတဲ့အခါ လျှောက်ခဲ့ပါမယ်။
>>> Thant …. မှန်ပါ၏။ ကျနော်ပြန်တာမဟုတ်ပါ။ လွတ်လပ်ပြီဆိုရင် တိုးတက်အောင် လုပ်ယူနိုင်ပါလိမ့်မယ်။
"ကိုပေါရေ...ပြန်ကြရအောင်...နော်" .....သူများတွေက.. အဲ့ဒီလိုလုပ်ပေမယ့် ..ဒို့ ကိုပေါက မလုပ်ဘူး..(ဝင့်ကာထယ်...ဝင့်ကာထယ်။)....ဟုတ်တယ်ဟုတ်။
ကဗျာတွေ ရော ... ကွန်မန့်တွေ ရော ဖတ်ပီး ရီနေရပါတယ် ရှင့်။ (ရီစရာ ကြီးလို့ ပြောတာမဟုတ်ပါ ။ သဘောကျနှစ်သက်လို့ ရီရတယ် ပြောတာပါ)
တတ်လဲတတ်နိုင်တဲ့ ကိုပေါပဲ :P
ခင်တဲ့
မလေးရည်
>>>Anonymous…. ကျွန်ုပ်မူကား မရှိရှားမို့ ဗိုက်သားဝင့်ကာထည်…၀င့်ကာထည်။း-)
>>>မလေးရည်..... နှစ်သက်တယ်ဆိုလို့ ၀မ်းမြောက်ပါသည် မလေးရည်…….(ခင်မင်လျက်….ကိုပေါ)။
ပြည်တော်ပြန်သူတွေ အားလုံးက အဲဒီလိုတော့ စိတ်ပေါ့ပျက်ပျက် ဖြစ်နေမယ် မထင်ပါဘူး ကိုပေါရေ… နှလုံးသားထဲက ခံစားချက်တွေဟာ စာရွက်ပေါ်က ရေးချတာထက် အများကြီး ပြင်းထန်ပါတယ်… လွမ်းတယ်ဆိုတာ ပျော်စရာကောင်းတဲ့ ခံစားချက်မဟုတ်တာမို့  လူကြားကောင်းအောင် ပရိတ်နာဖို့ ထက် ခံစားချက်တူသူတွေနဲ့ မျှဝေခံစားဖို့ ဆို ပိုမှန်မလားပဲ…
တန်ခူး.... တန်ခူးရေ.... အားလုံးမဟုတ်ပေမယ့် အများစုဟာ အဲသည်လိုပဲလို့ ယူဆမိပါတယ်။း-)
ဟုတ်သပေါ့..ကိုပေါရယ်...အများစုဟာဒီလိုပါပဲ... နောက်ပြီး ရွာက နေပြန်လာတဲ့ သူတယောက် စပြောတဲ့ စကားဟာ မဂ်လာဒုံကကောင်တွေ လည်ကတုံးလေးတွေနဲ့စုတ်ပြတ်နေတာပဲ !@#$%^&*(&^@%@% .....စသဖြင့်ပေါ့...ဖြစ်နေတတ်တာများတယ်...
ကိုပေါရေ
ကျွန်တော်လဲအမိမြေကိုခွဲလာတာသိပ်မကြာသေးပါဘူး
လွမ်းတယ်
လွမ်းတယ်
လွမ်းတယ်
မနော်ပြောသလိုပါပဲ
အကြိမ်တစ်ထောင်တစ်သောင်းလဲ
အဲမှာပဲလူပြန်ဖြစ်ချင်ပါတယ်
အင်စပိုက်အောဖ့်အဲဗရီးသင်းပေါ့နော်
ချစ်ပါတယ် ကိုယ်မြေကိုယ့်ပြည်ကိုပဲ
ရေးထားတာလေးညီအစ်ကိုမောင်နှမတစ်တွေ
ကိုမျှဝေပေးချင်ပါတယ်
ကိုပေါလောက်တော့မကောင်းပါ
အမန်ကျူအာလို့သဘောထားပေးလျှင်ကျေနပ်ပါတယ်
တလောက မော်ဒန်လို့ခေါ်တာလေးတွေရေးဖြစ်နေရာက
သူငယ်ချင်းတစ်ယောက်ရဲ့ကျေးဇူးကြောင့် ၂၀၀၉ ကလန်ဒါလေးရပါတယ် အီးမေလ်ကနေတစ်ဆင့်ပါ
အဲမှာပါလာတဲ့မယ်ခွေရဲ့ကဗျာလေးကြောင့်
ဒီရိုးရာဟန်ကဲတဲ့ကဗျာလေးရေးဖြစ်ပါတယ်
လွမ်းတယ်ဗျာ
လွမ်းစာ
ဝေးတမြေ ရောက်နေတာကြာပြီမို့
တမ်းမိတယ်ငါ့ ပြည်တိုင်းကို
လွမ်းတောက်တဲ့နွေ။ ။
ပျို့မောင်ရေ သာစေလို့မာကြောင်း
ဘုရားမှာဆုတွေတောင်းရတယ်
နွမ်းလှပေါ့ မေ။ ။
ဒီတခါပြန်မယ်လို့ စိတ်ကူး
တိတ်ထူးတွေ တကာတကာနဲ့
ပျင်းခြောက်ရက်ရှည်။ ။
နောက်တခါ မယ်ပြန်လာခဲ့ရင်
ဆုံနေကြ ရေကန်လေးမှာ
ပန်းကောက်ခဲ့လေ။ ။
မေ့အကြိုက် ပန်ဆင်ဖို့ ခရေကုံး
သီဖို့အပင် မောင်တို့အိမ် ကသင်းဘေးမှာ
ပျိုးခဲ့ကြပေ။ ။
သင့်ပြီချိန် ၀င်ရင်ပေါ့ ဒီဆောင်း
ခရေတွေလှိုင်လှိုင် ပွင့်နေပေါ့
နှင်းတောက်ခနေ။ ။
မယ်နဲ့မောင် ဒီတခါတွေ့ရင်တော့
လွမ်းတာတွေ မြူကာချွဲပါ့မယ်
အားခဲလို့နေ။ ။
ပြည့်ပါစေ မြန်မြန်ဆုတွေတောင်း
နောင်အခါ သေတောင်မခွဲပါဘု
တောင်းဆုကချွေ။ ။
A chen
08:49 am
30th Jan 2009
Posted by chenaddy at 8:12 AM
Labels: ကဗျာများ
နောက်တစ်ပုဒ်က အမှတ် ၂ လို့အမည်ပေးထားပါတယ်
ကျွန်တော့်လက်ရှိဘ၀နဲ့ ပိုဟပ်မိတာပါ
လွမ်းစာ အမှတ် ( ၂ )
တိုင်းရွှေပြည်တော် မျှော်လေတိုင်းဝေ
လွမ်းငွေ့ကတဝေေ၀
မောင်ဖုန်းမှာတစ်ကောင်တည်း
နွမ်းလျ လို့ဆွေး
ခုချိန်ဆိုနေခြည်ညောင်းပြီပေါ့
လုံမပျို ပျိုဖော်တစ်စု
ရွာထိပ်ကရေထမ်းပြန်လာ
ညရောက်လုလေး
ဆီမီးတိုင် ကညင်ခွက်ရယ်နဲ့
အိမ်ထဲမှာ ထိုင်ကာ မင်းကိုပါ့
ဟိုတစ်ချိန် တို့မိသားစု
ဝိုင်းဖွဲ့လို့လွေး
ရွှေ မြို့တော်ပေါ် နေ၀င်သွားချိန်တိုင်း
ရထားကို ဓါတ်နဲ့စီးရတယ်
မောင်ဖုန်းမှာတကိုယ်တည်း
ထီးတည်းပေါ့ငေး
အိမ်ရောက်ရင် ရေအလျှင်ချိုးပါမှ
လက်ထဲမှာအိမ်ပါ အလုပ်တွေနဲ့
ထမင်းကို နောက်မှစားရမယ်
မောလုလုအတွေး
ဘ၀ကိုဒီလိုဖြတ်မယ်လို့
ဘယ်သောအခါ ကြံကာမထားပါဘု
မောင်ဖုန်းမှာ ငိုချင်းချရတယ်
ဆိုးလိုက်တဲ့ အရေး။ ။
A Chen
6:30 pm, 31st Jan 2009
On the way back to Bangkok from Ayuttaya
Posted by chenaddy at 8:17 AM
Labels: ကဗျာများ
ကွန်မန့်ရှည်သွားလို့စိတ်မတိုစေချင်ပါ
အားလုံးရှည်စေချင်ပါသည်
Post a Comment