ဂျူလီ ထိုသူနဲ့ ငြိနေပြီကြားတော့ ကျနော်တို့သူငယ်ချင်းတစုက အသည်းအသန်ဖျက်ဖို့ ကြိုးစားသည်။ ဘာကြောင့်လဲဆိုတော့ ထိုသူ့မှာ မိန်းမနဲ့ ကလေးရှိသည်။ ဂျူလီကလည်း ပြတ်သလိုလို၊ မပြတ်သလိုလို။
ကျောင်းအပြီးမှာ ကိုယ်စီကိုယ်ငှ အလုပ်တွေ စ၀င်ကြတော့ ဂျူလီတယောက် ထိုသူနှင့် ပြန်ဆက်နေပြန်ပြီဟူသော သတင်းကို ကြားရပြန်သည်။ သည်တော့ သူငယ်ချင်းအရင်းအချာတွေအားလုံး တရက်တွင် အင်းလျားမှာ စုပြီး ဂျူလီကို ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ ကြိမ်းမောင်းကြသေးသည်။ သို့သော် အမြတ်ထွက်သည်က ဂျူလီက ကျနော်တို့ကို ရှောင်တော့သည်။ သူ့လူနဲ့တော့ မပြတ်။ နောက်ဆုံးမတော့ ထိုသူက သူ့ပထမဇနီးနှင့် ကွာရှင်းလိုက်ကာ ဂျူလီနှင့် လက်ထပ်ယူလိုက်ကြသည်။
ကျနော်တို့ အများစုက ဂျူလီကို စိတ်ဆိုးသဖြင့် မခေါ်မပြောကြ။ အဆက်အသွယ် ဖြတ်ထားခဲ့ကြသည်။
အခု နှစ်တွေ ကြာခဲ့ပါပြီ။ ၁၃ နှစ်ခန့်ပင် ရှိပါပြီကော။
ထိုစဉ်က လုပ်ရပ်ကို အခုပြန်စဉ်းစားသောအခါ ကျနော်တို့၏ အမှားများကို ပြန်လည် မြင်ယောင်လာသည်။
ပထမဦးဆုံးအကြိမ် ထိုသူ့အကြောင်းကို ဂျူလီအား သတိပေးစကားပြောကြားခဲ့စဉ်ကတော့ ကျနော်တို့တွေ အမှားဟု မဆိုနိုင်။ ဒါက ရင်းနှီးသူမိတ်ဆွေအချင်းချင်း စေတနာဖြင့် သတိပေးခြင်းဖြစ်သည်။ ထောက်ပြခြင်းဟု ဆိုလိုက ဆိုနိုင်သည်။
နောက်ပိုင်းတွင် ကျနော်တို့သည် မိမိဖြစ်စေချင်သည့်အတိုင်း အသည်းအသန် ဖျက်ဖို့ ကြိုးစားသည်မှာ နည်းလမ်းမကျဟု ကျနော်ယခု စဉ်းစားမိသည်။ ကျနော်တို့သည် ဂျူလီ၏ ခံစားချက်၊ သူ့ဘ၀သူ လွတ်လပ်စွာ လျှောက်လှမ်းခွင့်တို့ကို အလေးမထားခဲ့။
သူတပါး ဘ၀ကို ကိုယ်ဖြစ်စေချင်သလို အတင်းအဓမ္မ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားမိခဲ့သည်။ စေတနာကို ဘယ်လိုပင်အကြောင်းပြသော်လည်း သည်နေရာမှာ စည်းတော့ ရှိသင့်ခဲ့သည်။ ရှက်စရာအကောင်းဆုံးအချက်မှာ ကျနော်တို့သည် ရင်းနှီးသောမိတ်ဆွေတယောက်အပေါ်တွင်ပင် တကယ်အလိုအပ်ဆုံးအချိန်၌ မိတ်ဆွေရင်းခြာများကသာ ပေးစွမ်းအပ်သော နားလည်မှု၊ စာနာမှု၊ ဖေးမမှုတို့ ပေးဖို့ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ ဂျူလီအား နားလည်ဖေးမဖို့ ပျက်ကွက်ခဲ့ကြသည်ပဲ။
ကျနော်တို့၏ အကြီးမားဆုံး မဟာအမှားမှာ ခွင့်မလွှတ်တတ်ခြင်းဖြစ်သည်။ ကျနော်တို့သည် ဂျူလီ၏ လုပ်ရပ်ကို ၀ိုင်းကြဉ်ရအောင် ကျနော်တို့ကိုယ်တိုင်ကရော ဘ၀မှာ တရံတဆစ်မှ အမှားမလုပ်ခဲ့ဘူးသူတွေလား။ သူတော်စင်တွေလား။ တစုံတယောက်အနေဖြင့် သူ့ဘ၀မှာ လူမှုရေးနှင့်ဆိုင်သော အမှားလုပ်ခဲ့သည်ဆိုလျှင်ပင် ကျနော်တို့သည် ထိုအမှားအတွက် မပြီးနိုင်မစီးနိုင် ဒဏ်ခတ်တတ်သူတွေလား။ မေတ္တာတရားနှင့် ဂရုဏာတရားသည် ကျနော်တို့၏ နှလုံးသားမှ ပျောက်ကွယ်မနေပေဘူးလား။
လောကကြီးမှာ လူသားတွေအဖို့ ဘ၀အမျိုးမျိုးအထွေထွေ၊ ဖြစ်ရပ်အဖုံဖုံကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ အရာရာကို မိမိဘ၀၊ မိမိအနေအထား၊ မိမိတန်ဘိုးတွေနဲ့ တိုင်းတာနေသင့်ပါသလော။ လူတယောက်မှာ သူ့ဘ၀ကို သူ့စိတ်တိုင်းကျ ရွေးချယ်နေထိုင်ခွင့်ပင်လျှင် မရှိတော့ပြီလော။ တစုံတယောက်အား လူမှုရေးအမှားတခုအတွက် တသက်တာ ဒဏ်ခတ်ခြင်းမှာ တရားမျှတမှု ရှိပါ၏လော။
ကျနော်တို့ မှားယွင်းခဲ့ပါသည်။
နောက်တကြိမ် ဂျူလီတို့ စုံတွဲနှင့် ဆုံတွေ့ရလျှင် ကျနော်က စပြီး ပြုံးပြလိုက်ပါမည်။ ပြီးတော့ ကျနော့်အမှားအတွက် တောင်းပန်ပြီး ဂျူလီ၏မိတ်ဆွေဘ၀ကို ပြန်လည် ခံယူပါမည်။ ဂျူလီခွင့်လွှတ်တန်ကောင်းပါရဲ့။
ကျောင်းအပြီးမှာ ကိုယ်စီကိုယ်ငှ အလုပ်တွေ စ၀င်ကြတော့ ဂျူလီတယောက် ထိုသူနှင့် ပြန်ဆက်နေပြန်ပြီဟူသော သတင်းကို ကြားရပြန်သည်။ သည်တော့ သူငယ်ချင်းအရင်းအချာတွေအားလုံး တရက်တွင် အင်းလျားမှာ စုပြီး ဂျူလီကို ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ ကြိမ်းမောင်းကြသေးသည်။ သို့သော် အမြတ်ထွက်သည်က ဂျူလီက ကျနော်တို့ကို ရှောင်တော့သည်။ သူ့လူနဲ့တော့ မပြတ်။ နောက်ဆုံးမတော့ ထိုသူက သူ့ပထမဇနီးနှင့် ကွာရှင်းလိုက်ကာ ဂျူလီနှင့် လက်ထပ်ယူလိုက်ကြသည်။
ကျနော်တို့ အများစုက ဂျူလီကို စိတ်ဆိုးသဖြင့် မခေါ်မပြောကြ။ အဆက်အသွယ် ဖြတ်ထားခဲ့ကြသည်။
အခု နှစ်တွေ ကြာခဲ့ပါပြီ။ ၁၃ နှစ်ခန့်ပင် ရှိပါပြီကော။
ထိုစဉ်က လုပ်ရပ်ကို အခုပြန်စဉ်းစားသောအခါ ကျနော်တို့၏ အမှားများကို ပြန်လည် မြင်ယောင်လာသည်။
ပထမဦးဆုံးအကြိမ် ထိုသူ့အကြောင်းကို ဂျူလီအား သတိပေးစကားပြောကြားခဲ့စဉ်ကတော့ ကျနော်တို့တွေ အမှားဟု မဆိုနိုင်။ ဒါက ရင်းနှီးသူမိတ်ဆွေအချင်းချင်း စေတနာဖြင့် သတိပေးခြင်းဖြစ်သည်။ ထောက်ပြခြင်းဟု ဆိုလိုက ဆိုနိုင်သည်။
နောက်ပိုင်းတွင် ကျနော်တို့သည် မိမိဖြစ်စေချင်သည့်အတိုင်း အသည်းအသန် ဖျက်ဖို့ ကြိုးစားသည်မှာ နည်းလမ်းမကျဟု ကျနော်ယခု စဉ်းစားမိသည်။ ကျနော်တို့သည် ဂျူလီ၏ ခံစားချက်၊ သူ့ဘ၀သူ လွတ်လပ်စွာ လျှောက်လှမ်းခွင့်တို့ကို အလေးမထားခဲ့။
သူတပါး ဘ၀ကို ကိုယ်ဖြစ်စေချင်သလို အတင်းအဓမ္မ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားမိခဲ့သည်။ စေတနာကို ဘယ်လိုပင်အကြောင်းပြသော်လည်း သည်နေရာမှာ စည်းတော့ ရှိသင့်ခဲ့သည်။ ရှက်စရာအကောင်းဆုံးအချက်မှာ ကျနော်တို့သည် ရင်းနှီးသောမိတ်ဆွေတယောက်အပေါ်တွင်ပင် တကယ်အလိုအပ်ဆုံးအချိန်၌ မိတ်ဆွေရင်းခြာများကသာ ပေးစွမ်းအပ်သော နားလည်မှု၊ စာနာမှု၊ ဖေးမမှုတို့ ပေးဖို့ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ ဂျူလီအား နားလည်ဖေးမဖို့ ပျက်ကွက်ခဲ့ကြသည်ပဲ။
ကျနော်တို့၏ အကြီးမားဆုံး မဟာအမှားမှာ ခွင့်မလွှတ်တတ်ခြင်းဖြစ်သည်။ ကျနော်တို့သည် ဂျူလီ၏ လုပ်ရပ်ကို ၀ိုင်းကြဉ်ရအောင် ကျနော်တို့ကိုယ်တိုင်ကရော ဘ၀မှာ တရံတဆစ်မှ အမှားမလုပ်ခဲ့ဘူးသူတွေလား။ သူတော်စင်တွေလား။ တစုံတယောက်အနေဖြင့် သူ့ဘ၀မှာ လူမှုရေးနှင့်ဆိုင်သော အမှားလုပ်ခဲ့သည်ဆိုလျှင်ပင် ကျနော်တို့သည် ထိုအမှားအတွက် မပြီးနိုင်မစီးနိုင် ဒဏ်ခတ်တတ်သူတွေလား။ မေတ္တာတရားနှင့် ဂရုဏာတရားသည် ကျနော်တို့၏ နှလုံးသားမှ ပျောက်ကွယ်မနေပေဘူးလား။
လောကကြီးမှာ လူသားတွေအဖို့ ဘ၀အမျိုးမျိုးအထွေထွေ၊ ဖြစ်ရပ်အဖုံဖုံကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ အရာရာကို မိမိဘ၀၊ မိမိအနေအထား၊ မိမိတန်ဘိုးတွေနဲ့ တိုင်းတာနေသင့်ပါသလော။ လူတယောက်မှာ သူ့ဘ၀ကို သူ့စိတ်တိုင်းကျ ရွေးချယ်နေထိုင်ခွင့်ပင်လျှင် မရှိတော့ပြီလော။ တစုံတယောက်အား လူမှုရေးအမှားတခုအတွက် တသက်တာ ဒဏ်ခတ်ခြင်းမှာ တရားမျှတမှု ရှိပါ၏လော။
ကျနော်တို့ မှားယွင်းခဲ့ပါသည်။
နောက်တကြိမ် ဂျူလီတို့ စုံတွဲနှင့် ဆုံတွေ့ရလျှင် ကျနော်က စပြီး ပြုံးပြလိုက်ပါမည်။ ပြီးတော့ ကျနော့်အမှားအတွက် တောင်းပန်ပြီး ဂျူလီ၏မိတ်ဆွေဘ၀ကို ပြန်လည် ခံယူပါမည်။ ဂျူလီခွင့်လွှတ်တန်ကောင်းပါရဲ့။
25 comments:
hi Ko Paw,
I just want to ask you, Are you Buddhist? And which society accept this case? this is also human right ? I JUST WANT TO KNOW..
With thanks,
Hi Anonymous,
I still regard myself as a Buddhist, but I must admit that I don't know much about Buddhism and seldom meditate.
No society accepts adultery as good. This is not human right, either.
But we must learn to forgive. This is also Buddha's way, I believe.
You may probably know that a lot of so-called Buddhishts are breaking one of the five precepts, i.e "refraining from telling lies". But you might have lied before too. That doesn't mean I can't forgive you.
I thought I made my stand clear in the story.
Any way, thanks for your questions.
ကိုယ့်ကို ခွင့်မလွှတ်ကြဘူးလား လို့ ပြောတာထက်စာရင် ကိုယ့်ကို ခွင့်လွှတ်ကြပါလို့ ကိုယ်ကပဲ စ ပြောလိုက်ချင်တယ်။ ဒီပို့စ်လေးဖတ်ပြီး အဲဒီလို တွေးမိသွားတယ် ကိုပေါရေ..
ကိုပေါရေ
ဘာကြီးပဲ ဖြစ်ဖြစ်ပါ... သူတပါးအိမ်ထောင်ရေးပျက်ပြီးမှ ကိုယ်စိတ်ချမ်းသာမယ်ဆိုတာတော့ စဉ်းစားသင့်ပါတယ်...
တခုရှိတာက.. ပထမ အိမ်ထောင်နဲ့ အရင်ပြတ်စဲပြီးမှ ယူရင် အပြစ်မရှိပေမဲ့... သူမကြောင့် ပြတ်စဲပြီးမှ ယူရင်တော့ ဘယ်ရှုထောင့်က ကြည့်ကြည့် မကောင်းပါဘူး... ပထမအိမ်ထောင်မှာ ကလေးတွေရှိနေရင် ပိုပြီးတော့ ဆိုးဝါးပါတယ်...
ဘယ်သူမဆို ကွဲလွဲမှုတော့ ရှိနိုင်ပါတယ်...
Whatever U Do, U Must Believe In What U Do Is RIGHT...Always...!!!!
ကိုပေါရေ..
ကျွန်တော့်အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်လဲ ဖြစ်ဖူးတယ်... ဖြစ်ပုံတော့နည်းနည်းကွာတယ်.. သူတို့စကြိုက်တော့ကျွန်တော် တော်တော်တားပါသေး တယ်.. နောက်တော့ တားလို့မရတော့တဲ့အခြေအနေ ရောက်လာတဲ့တနေ့မှာ ကျွန်တော်ကိုယ်တိုင် ပိုက်ဆံချေး လိုက်ပြီး ခိုးပြေးဖို့စီစဉ်ပေးလိုက်တယ်.. ရလာဒ်ကတော့ ကျွန်တော့်ကို တခြားသူငယ်ချင်းတော် တော်များများစိတ်ဆိုးသွားကြတာပါ..
သူတို့အိမ်ထောင်ရေး အဆင်မပြေရင်ကျွန်တော့်ကို သူငယ်ချင်းတွေကကောင်းချီးပေးနေဆဲပါ..
ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့မှန်တယ်လို့ယူဆနေ ဆဲပါ..
ကျွန်တော်တို့ဘာကိုတန်ဖိုးထားမှာလဲဆိုတဲ့အပေါ် မူတည်ပါတယ်.. ကျွန်တော်တို့ တာဆီးသင့်တာကို တော့မထိန်ချန်တားဆီးရပါမယ်.. တားဆီးလိုက်လို့ တဖက်လူနစ်နာတော့မယ်ဆိုရင်တော့ သူတို့နောင် ဆက်လျှောက်တဲ့လမ်းမှာ ကောင်းဖို့တွေကိုကျွန်တော် တို့ ကူညီသင့်ပါတယ်... ပြင်မရတော့တဲ့ အမှားတွေ အတွက် တသက်လုံးဒဏ်ခတ်လိုက်မဲ့ အစား ရှေ့ခရီးမှာ ကောင်းမွန်ဖို့ပဲ လုပ်ပေးသင့်တယ်လို့ကျွန်တော် ယူဆပါတယ်....
(ဒါကကျွန်တော့်အယူအဆပါ.. အများလက်ခံပါလို့မဆိုလိုချင်ပါ... တွေးကြည့်ပါ..)
ဗုဒ္ဓဘာသာဝင်မြန်မာတွေကိုကျွန်တော် တစ်ခုတော့ပြောချင်ပါတယ်.. ဗုဒ္ဓရဲ့စာပေတွေကိုဒီ့ထက် နားလည်အောင်သဘော ပေါက်အောင်ဖတ်သင့်ပါတယ်လို့...
ကျွန်တော်ပြောချင်တာက အမှားကိုပြင်မရတော့တဲ့ လူတစ်ယောက်ကို အဆက်အဆံမလုပ်တော့ရင် ဗုဒ္ဓအလိုကျ လို့သင်ထင်နေပါသလား?????
အမှားကိုပြင်မရတော့တဲ့လူတစ်ယောက် ကိုတသက်လုံး စိတ်ဒါဏ်ရာတွေပေးမဲ့ အစား..ကျန်နေသေးတဲ့သူ့ ဘ၀ကိုကောင်းမွန်တဲ့မိတ်ဆွေတစ်ယောက်ရဲ့နွေးထွေးမှုတွေ မပေးသင့်ဘူးလား???????????
လူတွေဟာ
ကိုယ်ရောက်နေတဲ့ နေရာခြင်း ၊ အသက်အရွယ်ခြင်း ၊ အသိဥာဏ်ခြင်း မှ မတူကြရင်
အတွေးအခေါ်ခြင်းလဲ ဘယ်တူနိုင်ပါ့မလဲလေ ။
ကိုယ်က သူမှမဟုတ်တာ ။
ကိုယ်ကြောင့် သူတစ်ပါး စိတ်ဆင်းရဲအောင် မလုပ်ဖြစ်ရင်တော့ အကောင်းဆုံးပါပဲ ။
Ko Paw,
I really like this article, which I think is not specifically about any religion or moral code, but basically about humanity.
It's for judges to punish, but it's for friends to understand and forgive.
what about a buddhist girl, dating a muslim man? And bcos this man, she planning to convert.. I wonder what kind of comment she will going to get..
To anonymous : "what about a buddhist girl, dating a muslim man? And bcos this man, she planning to convert.. I wonder what kind of comment she will going to get.."
My comment is : So be it as long as she's happy with what she is doing.
Hi Brother Ko Paw,
Long time no see in the blogosphere since I have gone AWOL from blog reading.
Like your recent posts, this again poses a challenge to our long-held views, cultural norms and moral values.
While I understands your decision to forgive Juli’s adulterous relationship, I think we need to put ourselves into the shoes of the deserted wife of Juli’s partner. From the vantage point of this poor lady and the abandoned kid, does Juli deserve forgiveness?
Well, you may wanna quote “To err is human; to forgive the divine.”
But, Juli’s error hereby wrecked a family and, perhaps, the future of a poor child.
I am afraid I am taking part in initiating “another storm in a tea cup.”
Rgds,
Ko Myo (SG)
မချိုသင်း..... မှန်ပါတယ်။ ကိုယ့်ကို ခွင့်လွှတ်ကြပါလို့ တောင်းပန်သလို ကိုယ်ကလည်း ခွင့်လွှတ်နိုင်စွမ်းရှိရမယ်လို့ မြင်မိပါတယ်။
မုန်းစရာ.... ပထမအိမ်ထောင်နဲ့ ကလေးတွေအတွက် ဆိုးဝါးတယ်ဆိုတဲ့အချက်ကို ငြင်းစရာမရှိပါ။ သို့သော် တားမရသည့်အဆုံးမှာတော့ ခွင့်လွှတ်ပြီး အကောင်းဘက်ကို ရှေးရှုဖို့သင့်သည်ဟု ထင်ကြောင်းပါ။
Anonymous..... We can believe in what we are doing. But please remember that we can be wrong too.
Shweaung..... ကိုရွှေအောင်နဲ့ အမြင်ချင်း ထပ်တူထပ်မျှ တိုင်ဆိုင်ပါတယ်။
Thant..... အဓိက ကတော့ ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ဂရုဏာတရားတွေအပေါ်မှာ အခြေတည်မယ်ထင်ပါတယ်။
Myo Myint Maung.... Humanity!!! That is what I wanted to say.
Anonymous.... My answer is the same as LaYeak's.
LaYeak...... Thanks for your answer.
Ko Myo (SG).... Hi Brother, welcome back. I fully understand the sorrow and pain suffered by the poor lady and her kid. But I also believe that it will be the best for them to forgive Julie instead of breeding hatred forever. Their hatred won't burn Julie but themselves.
Don't worry about "another storm in a tea cup". I am very grateful for your thoughtful comments in my blog.
ဒီသဘောတရားကြီးတော့ လက်ခံလို့ မရဘူးဘဲ။ ဟိုဘက်က မိန်းမနဲ့ ကလေးတွေဘက်ကိုရော မတွေးတော့ဘူးလား။ ဒီကိစ္စက ဘာသာရေးနဲ့တော့ မဆိုင်ဘူးပေါ့လေ။ ဒါပေမဲ့ လူရယ်လို့ဖြစ်လာရင် လူတွေ သတ်မှတ်ထားတဲ့၊ စောင့်စည်းထိန်းသိမ်းအပ်တဲ့ လူ့ကျင့်ဝတ်ဆိုတာ ရှိတယ်။ အဲဒီ လူ့ကျင့်ဝတ်ကိုမှ မစောင့်ထိန်းချင်ဘူးဆိုရင် လူတွေကြားထဲ မနေဖို့ပဲ ရှိတယ်။ ဒီလိုသာ အိမ်ထောင်ရှိ၊ ကလေးရှိတဲ့ ယောက်ျား၊ မိန်းမတွေ ဖောက်ပြန်နေကြမယ်၊ သူတို့ကို ကြိုက်တဲ့သူကလည်း ကြိုက်နေကြမယ်ဆိုရင် ဒီလူ့အသိုင်းအ၀ိုင်းကြီးက ဘယ်လာ ကောင်းနိုင်တော့မလဲ။ စိတ်ဒဏ်ရာ အနာတရများစွာနဲ့ ကလေးငယ်တွေ ပေါများလာမယ်။ သူတို့အရွယ်ရောက်လာတဲ့အခါ လူ့လောကကို ကောင်းကျိုးပေးသူထက် ဆိုးကျိုးပေးသူ များလာမယ်။ မိဘတွေ ကွာရှင်းပြတ်စဲကြလို့ မြေစာပင်၊ ဓားစာခံ ဖြစ်ရတဲ့ သားသမီးတွေရဲ့ ရင်ထဲရော ၀င်ကြည့်ဖို့ စိတ်ကူး မရှိဘူးလား။ ဂျူလီရော၊ ဖောက်ပြန်တဲ့ သူ့ယောက်ျားကိုရော ခွင့်လွှတ်သင့်တဲ့ လူစားလို့တော့ မယူဆဘူး။ အဲလို ဖောက်ပြန်နေတဲ့လူတိုင်းကိုသာ ခွင့်လွှတ်နားလည်ပေးရရင် ဒီလို အိမ်ထောင်ရေး အကျိုးအပဲ့တွေ များပြားလာပြီး စိတ်မလုံခြုံတဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့တဲ့၊ စိတ်ကျရောဂါဝေဒနာသည် မြောက်မြားစွာ ပေါ်ထွက်လာမယ်။ သူတို့ကိုရော လူသားချင်း စာနာစိတ် မထားတော့ဘူးလား။ ပြောချင်တာတော့ အများကြီးပဲ ကိုပေါရေ။
>>>> မဆိုးဝှပ်ရေ...... ဂျူလီရဲ့ လုပ်ရပ်ရော၊ ကလေးအဖေရဲ့ လုပ်ရပ်ကိုရော မှန်တဲ့လုပ်ရပ်၊ သင့်တော်တဲ့ လုပ်ရပ်လို့ ကျနော်မရေးခဲ့ပါဘူး။ မဖြစ်သင့်တဲ့ ကိစ္စမို့ပဲ ကျနော်တို့တွေ တားတဲ့အချိန်က တားခဲ့တာပေါ့။ ဒီကိစ္စမှန်ကန်လို့ အားလုံးကို အားကျအတုယူစေတော့ဆိုတဲ့ ပုံစံမျိုးနဲ့ ရေးခဲ့တာမဟုတ်ပါဘူး။ အဓိက ကျနော်ရေးချင်တာက လူတွေ သူ့ဘ၀၊ သူ့ကြမ္မာကို သူကိုယ်တိုင် ဖန်တီးခွင့်ပေးခြင်း နဲ့ မိတ်ဆွေရင်းခြာတွေအပေါ်မှာ နားလည်ခွင့်လွှတ်စိတ်မွေးစေလိုခြင်းကို အဓိက ပေးချင်တာပါ။
ဒီကိစ္စမျိုးမှာ ကိုယ်မဖြစ်စေချင်တိုင်း မဖြစ်ပျက်သွားအောင် ကာယကံရှင်တွေကို ကြိုးတဲ့တုပ်ထားလို့ရတာမျိုးမှ မဟုတ်တာကလား။ အဲသည်အခါမျိုးမှာတော့ မိမိ မိတ်ဆွေရင်းချာအပေါ်မှာ နားလည်မှုထားခြင်းနဲ့ ခွင့်လွှတ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ကျနော်တို့ကိုယ်တိုင်ကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလားဆိုတာ ကိုယ့်ဘာသာ ပြန်လည် ဆန်းစစ်ကြဘို့ လိုပါလိမ့်မယ်။ ကျနော်ကြားဖူးတာကတော့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိန်းမတယောက်ကို စည်းဝိုင်းအလည်မှာ ကျောက်တုံးတွေနဲ့ ပစ်သတ်ပြီး အပြစ်ပေးတော့မဲ့လူတွေကို ယေရှုခရစ်က..... ကဲ.... အပြစ်တခုမှ မကျူးလွန်ဖူးဘူးဆိုတဲ့လူကို အရင်ဦးဆုံး ကျောက်တုံး ပစ်ခွင့်ပေးလိုက်ပါ...လို့ ပြောသတဲ့။ (သဲပေါ်မှာ အဲသည်လူတွေအားလုံးရဲ့ အပြစ်တွေကို ချရေးပြတယ်လို့လည်း အဆိုရှိပါတယ်။)
မအောင်မြင်တဲ့ အိမ်ထောင်တခုကို အတင်းကြီးဆွဲစေ့ဘို့ကြိုးစားပြီး လင်နဲ့မယား တကျက်ကျက်နဲ့ စိတ်ညစ်နေရမယ့် အိမ်ထောင်ရေးမျိုးနဲ့စာရင် စောစောစီးစီးကွာရှင်းလိုက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတာဟာ ယောက်ျားအတွက်ရော၊ မိန်းမအတွက်ကော ကောင်းပါလိမ့်မယ်။ (ကလေးတွေအတွက်ကတော့ ဘယ်လိုအနေအထားမှာမှ မကောင်းပါဘူး။) ဒီလို ကွာရှင်းလိုက်လို့လည်း တယောက်နဲ့ တယောက် ရန်သူကြိးတွေလို မခေါ်နိုင်မပြောနိုင်ဖြစ်ကြစရာမလိုပါဘူး။ အိမ်ထောင်ရေးတခုဟာ ဘယ်လိုမှ ညှိနှိုင်းလို့မရတော့ဘူးဆိုရင် လမ်းခွဲလိုက်ကြရတာ ဓမ္မတာပါ။ မအောင်မြင်ပဲ အတင်းဆွဲစေ့ထားရတဲ့ အိမ်ထောင်ရေးကြောင့်လည်း စောစောက မဆိုးဝှပ်ပြောခဲ့တဲ့ ဆိုးကျိုးတွေ ပိုလို့တောင် ပေါ်လာနိုင်ပါသေးတယ်။ ဒီတခါ ယောက်ျားရော၊ မိန်းမပါ စိတ်ကျရောဂါခံစားရမှာမို့ အရေအတွက်တောင် ပိုများလာနိုင်ပါသေးတယ်။ ဘယ်လိုဖြေရှင်းမှုမျိုးကြောင့် ဖြစ်လာတဲ့ ရလာဒ်တွေကိုပဲဖြစ်ဖြစ် ကျနော်တို့က အတတ်နိုင်ဆုံး နားလည်ကူညီဖေးမပေးရမှာပေါ့။
လူတွေရဲ့ဘ၀ကို ဘေးကနေ မဆိုင်သလိုနေပြီး အပြစ်ပြောတာနဲ့စာရင် သူတို့ဘ၀ကို နားလည်ခံစားပေးနိုင်ဘို့ ကြိုးစားတာက ပိုမိုသင့်လျော်ကောင်းမွန်နိုင်မယ်လို့ ကျနော်မြင်ပါတယ်။
စင်္ကာပူမှာ လင်ကွာမယားကွာအရေအတွက် နှုန်းထားက မြန်မာပြည်ထက် ပိုများပါတယ်။ ဒါပေမယ့် လူ့လောကကို ဆိုးကျိုးပေးတဲ့ ကလေးသူငယ်တွေ စင်္ကာပူမှာ ပိုများနေတယ်လို့ ပြောလို့မရပါဘူး။
ဖတ်ရကျိုးနပ်ပီး စဉ်းစားစရာပေးတဲ့ post ပါပဲရှင်။ လူ့လောကထဲ အသက်နည်းနည်း ပိုကြီးလာလေ .. ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ ဘ၀ကို ပိုနားလည်လာလေပါပဲ။ မိတ်ဆွေ တယောက်ပြောဖူးပါတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လည်း ခွင့်လွှတ်တတ်ရမယ် .... သူများကိုလည်း ခွင့်လွှတ်တတ်ရပါမယ် တဲ့လေ။ လူတိုင်းက တော့ အပြစ်အကင်းဆုံး အကောင်းဆုံး ဘ၀ကို လိုချင်ကြတာပါပဲ။ မှားတိုင်း ခွင့်လွှတ်နေရမယ် ဆိုရင် အမှားတွေပဲ လုပ်နေတော့မှာ ပေါ့လို့ တော့ ပြောလို့ မရဘူးရှင့်။ လူတိုင်းဟာ အမှားတွေ လုပ်မိလိုက် အမှန်တွေလုပ်မိလိုက် ... လုံးလည်ချာလည် လိုက်နေတာပါပဲ။ ပထမ ဦးစားပေး ကိုယ့်ကြောင့် လူတဖက်သား ထိခိုက် အောင် မလုပ်မိစေရဘူး လို့ ဘယ်လောက် စိတ်ဆုံးဖြတ်ထားပေမယ့်လည်း တခါတလေ မှာ လုပ်မိတတ်ကြတာပါပဲ။
>>>> မလေးရည်..... ((လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လည်း ခွင့်လွှတ်တတ်ရမယ် .... သူများကိုလည်း ခွင့်လွှတ်တတ်ရပါမယ် တဲ့လေ။)) ဟုတ်တယ်နော်။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ဖို့လည်း လိုသေးတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုပေါရေ..
ကျမဆိုရင်တော့ ဂျူလီ့လို မိန်းမမျိုး သူ့အမျိုးသားလို ယောက်ျားမျိုးကို ဘယ်တော့မှ အပေါင်းအသင်းပြန်လုပ်ဖို့ စဉ်းစားမှာမဟုတ်ဘူး။ မကောင်းဘူးဆိုတာ သိတဲ့ စည်းတခုကို ကျော်ခဲ့တာမို့ သူတို့ဟာ လူမှုရေးအပြစ်ရှိသူတွေပဲ။ ဒါမျိုးကိုတော့ ဥပေဒေက အပြစ်ပေးလို့ မရတောင် လူမှုရေးအပြစ် အဖြစ် ကျမကတော့ ရှုံ့ချတယ်။ ဒါဟာ သူ့လွတ်လပ်ခွင့်လို့ ကိုပေါမြင်သလား။ သူ့လွတ်လပ်ခွင့်ဟာ သူတပါးကို ထိခိုက်တဲ့ အပြုအမူပါ။ သူ့ခံစားချက် သူ့ဘ၀ကို လွတ်လပ်စွာလျှောက်လှမ်းခွင့်ဆိုတာမှာ ရွေးချယ်ခွင့်မရတဲ့ တဖက် အိမ်ထောင်က ကလေးတွေရဲ့ ခံစားချက် လိုအပ်ချက်တွေကို ဘာ့ကြောင့်မေ့ပစ်ထားသလဲ။ ကလေးအခွင့်အရေးဟာ လူ့အခွင့်အရေးထဲမှာ အရေးအပါဆုံး ဦးစားပေးရမယ့် အရာလေ။ သူဟာ ကလေးအခွင့်အရေးကိုပါ သူ့အခွင့်အရေးအတွက် ချိုးဖောက်ပစ်လိုက်တဲ့ မိန်းမပဲ မဟုတ်လား။ သူလိုမိန်းမတွေကို ဘာလို့ ခွင့်လွှတ်ရမှာလဲ ။ ဒါလူ့အခွင့်အရေးလား။ လုံးဝမဟုတ်ပါဘူး။ ဒါဟာ ဖောက်ပြန်မှု တခုပါ။ ဒါကို ထောက်ခံစရာမလိုဘူးဖြစ်သလို သူ့ကို နားလည်ပေးစရာရော လိုဦးမလား။ ဒီတခါမှာ ခွင့်လွှတ်ခြင်းကိုပေးမယ် ဆိုတဲ့အစား ဥပေက္ခာတရားကိုသာ ပေးသင့်တယ် လို့ မြင်ပါတယ်။
မနေနိုင်လို့သာ ၀င်ပြောရတာ ကိုပေါရေ။ ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီး ၀င်မရေးဖို့ လက်ရှောင်နေတာ ကြာပြီ။ ပြောရင်လည်း အကျိုးအကြောင်းက အကုန် ပြောရတော့မှာလေ။ အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ဒီလို လူမှုရေး ဖောက်ပြန်မှုတွေကို နားလည်၊ လက်ခံတဲ့သူ များပြားလာတဲ့ ခုလို ခေတ်ကာလကြီးမှာ ပိုတောင် မပြောချင်သေးတယ်။ ဒါပေမဲ့ ပြောလက်စနဲ့ နည်းနည်း ထပ်ရေးလိုက်ဦးမယ်။ :P
မှတ်မှတ်ရရ ခုလို အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ ပတ်သက်ပြီး ကိုယ့်အယူအဆကို ပြောတိုင်း ကိုယ်တောင်မှ ခြောက်ပစ်ကင်း သဲလည်း စင်ရဲ့လားတို့၊ လူဆိုတာ မှားတတ်တာပဲတို့ မေးတတ်၊ ပြောတတ်တာကို ခဏခဏ ကြုံဖူးတယ်။ ကျွန်မကတော့ ကိုယ့်ကိုယ်ကို အာမခံနိုင်တယ်။ လူတစ်ဖက်သား ဘ၀ပျက်၊ စိတ်အနာတရဖြစ်သွားအောင် ခုချိန်ထိ လုံးဝ မလုပ်ဖူးဘူး။ လူအများစု သတ်မှတ်ထားတဲ့ လူ့ကျင့်ဝတ်တွေကို ဖောက်ဖျက်တာမျိုးလည်း မလုပ်ဖူးဘူး။ ဒါက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ထားတာ မဟုတ်ဘူး။ မလုပ်သင့်တာကို မလုပ်ရမှန်း နားလည်တယ်လို့ပဲ ပြောရမလား။ လူမှန်ရင်တော့ အဲလို အသိစိတ်ဓာတ် ရှိရမယ် ထင်တာပဲလေ။ အဲလို အသိစိတ်ဓာတ်မရှိသူကို လူလို့ မသတ်မှတ်ချင်တဲ့အတွက် ခွင့်လွှတ်မှုနဲ့လည်း မထိုက်တန်ဘူးလို့ ပြောချင်တာ။
နောက်ပြီး "မှားတိုင်း ခွင့်လွှတ်မယ်ဆို အမှားတွေပဲ လုပ်နေတော့မှာပေါ့လို့ ပြောလို့မရဘူး"ဆိုတာကို ဘယ်လို အယူအဆနဲ့ ပြောလိုက်တာလည်းတော့ မသိဘူး။ ကျွန်မ အမြင်ကတော့ မှားတာကို ခွင့်လွှတ်တဲ့အတွက် ဒီအမှားကို လက်ခံကြတယ်လို့ ယူဆကြမယ်။ ဒါကြောင့် ဒီအမှားကို အမှန်လို့ ထင်လာကြပြီး လူတွေ လွယ်လွယ်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ကုန်ကြမှာကို ဆိုလိုတာလေ။ ထားပါတော့... ကျွန်မ ပြောချင်တာ အဲဒါ အဓိက မဟုတ်ပါဘူး။
စိတ်ဒဏ်ရာ အနာတရနဲ့ လူငယ်တွေက လူ့လောကကို ကောင်းကျိုးထက် ဆိုးကျိုးပေးမယ်ဆိုတာ သွယ်ဝိုက်တဲ့နည်းနဲ့ ပြောတာပါ။ ခိုးဆိုး၊ လုယက်တဲ့ လူဆိုးလေးတွေ ဖြစ်လာမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ စင်္ကာပူမှာ လင်ကွာ၊ မယားကွာဦးရေ မြန်မာထက် များတယ်ဆိုပေမယ့် အဲဒီလင်မယားတွေက ကလေးတွေပဲ မရှိခဲ့တာလား၊ ဒါမှမဟုတ် အဲဒီကလေးတွေပဲ ငယ်သေးလို့လား မပြောတတ်ဘူး။ ခုချိန်ထိတော့ အဲလိုကလေးမျိုးတွေ ကျွန်မ မတွေ့ဖူးသေးဘူး။ ကျွန်မ အသိမိတ်ဆွေ သူငယ်ချင်း အများစုက မိစုံဖစုံ၊ လင်စုံမယားဖက်တွေသာ များတယ်။ အဲဒီတော့ ခု နှစ်ပိုင်းတွေမှာမှ ကွဲကြ၊ ကွာကြတဲ့ဦးရေ များလာတယ်လို့ ယူဆရမယ်ဆိုရင် သူတို့ရဲ့ ကလေးတွေက တော်တော်ငယ်ဦးမှာဖြစ်လို့ အဲဒီကလေးတွေရဲ့ အကျိုးသက်ရောက်မှုကို ခုချိန်မှာ မမြင်နိုင်သေးဘူး ထင်တာပဲ။
ဒီလို အိမ်ထောင်ကျိုးပြတ်တဲ့ မိဘတွေကြောင့် ဓားစာခံ သားသမီးတွေက ဘယ်လောက်ချမ်းသာသာ၊ အောင်မြင်မြင်၊ ပညာတတ်တတ် လောကအပေါ် အကောင်းမြင်တတ်တဲ့ လူတွေ ဖြစ်မလာကြဘူး။ အနည်းနဲ့အများ စိတ်ကျရောဂါ ခံစားရတဲ့သူတွေပဲ ဖြစ်နေတတ်တယ်။ လူ့လောကကြီးကို သူတို့ဆန္ဒမပါဘဲ စိတ်ဆင်းရဲ၊ ဒုက္ခခံဖို့ ရောက်လာရတယ်လို့ ထင်မြင်ယူဆပြီး ဘ၀တသက်တာလုံးနီးပါး မပျော်မရွှင်ခံစားနေရမယ့် ဒီလူသားတွေက လောကကို ကောင်းကျိုးပေးနိုင်ဦးမှာတဲ့လား။
မအောင်မြင်တဲ့ အိမ်ထောင်ရေးကို အတင်းဆွဲစေ့ဖို့ မတိုက်တွန်းပါဘူး။ နောက်လူကြောင့် မအောင်မမြင်ဖြစ်လာရတဲ့ အိမ်ထောင်ရေးမျိုးကိုပဲ ဆိုလိုချင်တာ။ နှစ်ဦးနှစ်ဘက် အိမ်ထောင်ရေးအဆင်မပြေလို့ ကွဲကြ၊ ကွာကြတာကို ဘာမှမပြောလိုပေမယ့် (ဒါတောင် သားသမီးတွေ မျက်နှာ ထောက်သင့်သေးတယ်။) တတိယလူပေါ်လာလို့ ပျက်စီးရတဲ့ အိမ်ထောင်ရေးမျိုးကို၊ အဲလို ဖောက်ပြန်မှုမျိုးကို လူမဆန်တဲ့လုပ်ရပ်လို့ ကျွန်မက ပြောချင်တာ။ တချို့တွေက ဘာသာရေးနဲ့ ပြောကြလို့ နည်းနည်းထည့်ပြောလိုက်ဦးမယ်။ ဗုဒ္ဓရဲ့ တကယ့်အနှစ်သာရ တရားတော်တွေမှာ ရှာဖတ်စရာတောင်မလိုဘူး။ ဘုရားရှိခိုးတိုင်း လူတွေ ရွတ်ဖတ်နေတဲ့ ငါးပါးသီလမှာတင် သူများသားမယားကို ဖောက်ပြန်ကျူးလွန်ခြင်း မပြုရပါဘူးလို့ တားမြစ်ထားသေးတယ်မဟုတ်လား။ အဲလိုပြောကြေးဆို ဗုဒ္ဓတားမြစ်ထားတဲ့အရာကို လူပဲ မှားတတ်ပါတယ်ဆိုပြီး လက်ခံမိလို့ ငရဲတောင် ကြီးနိုင်သေးတယ်။;))
ကျွန်မ ထပ်ပြောပါတယ်နော်။ တတိယလူပေါ်လာလို့ ပျက်စီးရတဲ့ အိမ်ထောင်ရေးတွေလို့။ အဲလို အိမ်ထောင်ရေးတွေမှာ အိမ်ထောင်ရှိမှန်း သိသိနဲ့ ကြိုက်မိတဲ့သူကပဲဖြစ်ဖြစ်၊ နောက်တစ်ယောက်တွေ့လို့ ဖောက်ပြန်ချင်တဲ့ အိမ်ထောင်ရှင်ကပဲဖြစ်ဖြစ် မကောင်းမှန်းသိလို့ ရှေ့ဆက်မတိုးရင် ဘာမှ ဖြစ်မလာပါဘူး။ ဘာထိန်းချုပ်မှုမှမရှိဘဲ ကိုယ့်စိတ်ခံစားချက်အတိုင်းသာ ပြုမူနေထိုင်နေမယ်ဆိုရင် အသိဥာဏ်ရှိတဲ့ လူသားတွေလို့ ဘယ်ပြောနိုင်တော့မလဲ။ တိရစ္ဆာန်လောကနဲ့ ဘာမှ မကွာတဲ့ အဆင့်မှာပဲ ရှိတော့မယ်။ အဲလိုဆိုရင်လည်း ကျွန်မ ဘာမှ ပြောစရာမရှိပါဘူး။
တော်ပြီ ကိုပေါရေ။ စာရေးရမှာ ပျင်းလို့ ဘလော့ဂ်မှာတောင် မရေးတော့တာ။ ခုမှ ကိုပေါကြောင့် ကွန်မန့်အရှည်ကြီးရေးရတယ်။ ထပ်မရေးချင်တော့ဘူး။ အိပ်တော့မယ်။ gd nite ကိုပေါ။
>>>> မခင်မင်းဇော်..... ကြည့်ရတာ ဒီကိစ္စမျိုးမှာ တဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး လက်ခံပုံ ကွဲပြားမယ် ထင်ပါရဲ့။
>>>> ဆိုးဝှပ်.... လက်မရှောင်ပါနဲ့ဗျာ။ ရေးသာရေးပါ။ ဘလော့ဂ်ဖတ်တဲ့လူတွေလည်း ရှုထောင့်တခုကို မြင်ရဖတ်ရတာပေါ့။ အမြင်မတူသူတွေဆီက အတိုက်အခံ နည်းနည်းပါးပါးတော့ ရှိပေမပေါ့။ (ပြောသာပြောရတာပါ။ ကျနော်ကလွဲလို့ တခြား ငြင်းမယ့်လူ သိပ်ရှိမယ်မထင်ပါဘူး။ ဟီး)။ ကျနော့်ဘလော့ဂ်မှာ စိတ်ရှည်လက်ရှည် ကွန်မင့်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တတိယလူက ဘယ်ကပေါ်လာတာလဲ.. ပထမလူက လိုက်ရှာတာလား... ဒုတိယလူကကော ဘာလိုတုန့်ပြန်လဲ.....??????
ကိုပေါ...
ကိုယ်တကယ်တောင်းပန်ချင်ရင်သူ့ ကိုဆက်သွယ်ပြီး တောင်းပန်စကားပြောလိုက်ပါလား။ Blog ပေါ်မှာလူသိရှင်ကြားရေးပြီးဝေဖန်နေကြတာတော့မကောင်းပါဘူး။
တောင်းပန်ပါတယ်လို့ ပြောပြီးခေါင်းခေါက်သလိုဖြစ်နေပြီ။
ဟိုက်...ကိုပေါလက်နဲ့ ခေါင်းခေါက်သွားပါလား။ အမည်မသိကြီးကတော့ တတ်လည်းတတ်နိုင်ပါပေတယ်။
ခုမှ ဖတ်မိလို့ ခုမှ ရေးမိပါတယ်
ကိုပေါပြောတာကို ကျွန်မ နားလည်တယ်။ သူတို့ လုပ်ရပ်မှန်တယ်လို့ပြောတာမဟုတ်ဘူးဆိုတာ ကျွန်မ နားလည်တယ်။
ဘုရားတောင် ချွတ်လို့ မကျွတ်သူတွေ ရှိတာပဲ။ သူငယ်ချင်းဆိုတာ ဘာမို့လို့လဲ။ တားသင့်လို့ တားပြီးတဲ့ နောက်မှာ သူငယ်ချင်းကောင်းရဲ့ တာဝန်က ကျေသွားပါပြီ။
ထပ်ပြောပါရစေ။ ဘုရားတောင် ချွတ်လို့ မကျွတ်သူတွေ ရှိတာပဲ။ သူငယ်ချင်းဆိုတာ ဘာမို့လို့လဲ။
တားမရတဲ့နောက်မှာတော့ တတ်နိုင်သလောက် ဖေးမကူညီချင်တယ်ဆိုတဲ့ ကိုပေါရဲ့ အမြင်ကို လေးစားပါတယ်။
ဗုဒ္ဓဘာသာဆိုတာနဲ့ ချီပြီးပြောရရင် အရှည်ကြီးပါ။ ဘ၀ဘ၀က ၀ဋ်ကြွေးဆိုတာရော၊ ဘာရော... ထားပါလေ ဘာသာရေးစည်းဖောက်တာ မဖောက်တာ၊ လူမှုရေးစည်း ဖောက်တာ မဖောက်တာ ဒါသူတို့ အပိုင်းပါ။
ကိုပေါပြောတာ ကိုယ့်ရဲ့ မိတ်ဆွေကျင့်ဝတ်အပိုင်း၊ ရပ်တည်မှုအပိုင်းလို့ ကျွန်မ သဘောပေါက်ပါတယ်။
ဘယ်ဘ၀က ဘယ်လို ၀ဋ်ကြွေးမျိုးကို ဘယ်အချိန်မှာ ဆပ်ရဦးမလဲ မသေချာတဲ့ ၊ ဘ၀အဆက်ဆက်ကို လက်ခံတဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဒီဘ၀မှာ ကိုယ် ဒါမျိုး မလုပ်မိရုံနဲ့ ..မလုပ်မိဘူးရယ်လို့ မာန်တက်ကြဖို့ မကောင်းဘူး။ ပြီးခဲ့တဲ့ (ဆပ်ဖို့ကျန်နေသေးတဲ့) အကုသိုလ်တွေကို ဘယ်သူမှ ဘာမှ မမြင်နိုင်ဘူး။
သူတို့နဲ့တွေ့လို့ ပြုံးပြမယ်ဆိုတာ ကိုပေါအနေနဲ့ သူတို့လုပ်ရပ် မှန်တယ်လို့ ထောက်ခံဖို့ မဟုတ်ဘူးမှန်း သိသာပါတယ်။
အဲဒီလို အဖြစ်မျိုး ကျွန်မ မိတ်ဆွေတွေထဲမှာ ရှိခဲ့မယ်ဆိုရင် မဖြစ်ခင်တားဆီးနိုင်တဲ့ မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။
ကံမကောင်းလို့ မတားဆီးနိုင်ခဲ့ရင်လည်း နောင်တချိန် ပြန်တွေ့တဲ့အခါ ကိုပေါလို ပြုံးပြနိုင်တဲ့သူ ကျွန်မ ဖြစ်ချင်ပါတယ်။
ဒီ post အတွက် ကိုပေါကို ကျေးဇူးပါ။
>>> Aye Myat Myat Ko .... ကျေးဇူးတင်ပါတယ်။ တကယ်တော့ အေးမြတ်မြတ်ကို ပြောသလိုပါပဲ။ သံသရာ တခုလုံးနဲ့တွက်ကြည့်ရင်
ဘုရားအဆူဆူပွင့်တော်မူခဲ့တာတောင်မှ ကျနော်တို့တတွေဟာ သံသရာဝဋ်ဆင်းရဲထဲမှာ တ၀ဲလည်လည်နဲ့ မကျွတ် မလွတ်နိုင်သေးတဲ့ ပုထုဇဉ်အမိုက်သားတွေချည်းမို့လား။ ဒီလိုပြောလို့ ပိုမိုက်ရမယ် တိုက်တွန်းတာမဟုတ်ပါ။ အမိုက်သားအချင်းချင်း တမူးပိုရှူသလိုဖြစ်ပြီး ရေနစ်သူကို ၀ါးကူထိုးသလို ဖြစ်မှာ စိုးရိမ်လို့ပါ။
Post a Comment