ပြီးခဲ့တဲ့ နှစ်ပတ်က ကျနော့်ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့။ အဲဒီနေ့ မနက်က စိတ်ထဲမှာ သိပ်တော့ မကြည်သာဘူး။ နံနက်စာစားဖို့ ထမင်းစားခန်းထဲ ၀င်သွားတော့ ကျနော့်စိတ်ထဲမှာ ကျနော့်ဇနီးက ကြည်ကြည်နူးနူးနဲ့ “ဟက်ပီး ဘာ့သ်ဒေး” လို့ ဆီးပြောလိမ့်မယ်၊ ပြီးတော့ ကျနော့်အတွက် လက်ဆောင်တခုလည်းပေးလိမ့်မယ်...လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် “ဟက်ပီးဘာ့သ်ဒေး” နေနေသာသာ “ဂွဒ်မောနင်း” လို့တောင် နှုတ်ဆက်ဖော်မရဘူး။
ကျနော့်စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါတယ်။ ဘယ်လို ဇနီးမျိုးလဲ သိရတာပေါ့။ အနည်းဆုံးတော့ ကျနော့်ကလေးတွေကတော့ မှတ်မိမှာပဲလို့ ဖြေတွေးတွေးမိတယ်။ ဒါနဲ့ ကလေးတွေ နံနက်စာစားဖို့ ၀င်လာကြတယ်။ ကလေးတွေကလည်း တခွန်းမှတောင် ဟ ဖော်မရဘူး။ ကျနော်လည်း နံနက်စာကို ခပ်သုတ်သုတ်စားပြီး ရုံးကို ထွက်လာခဲ့လိုက်တယ်။ ကျနော့်မှာ စိတ်အားလည်းငယ်၊ ၀မ်းကလည်းနည်းပေါ့။
ရုံးထဲ ၀င်လိုက်တော့ ကျနော့်အတွင်းရေးမှူးမလေး ဂျက်နက်က “ဂွတ်မောနင်း...ဘော့စ်။ ဟက်ပီးဘာ့သ်ဒေး” လို့ ဆီးနှုတ်ဆက်တယ်။ ဒီတော့မှ ကျနော်လည်း နည်းနည်း စိတ်သက်သာရာရသွားတယ်။ အနည်းဆုံး တယောက်ကတော့ ကျနော့်မွေးနေ့ကို မှတ်မိဖော်ရသေးတဲ့အတွက် မဆိုးလှသေးဘူးလို့ တွေးမိတယ်။ နေမွန်းတည့်ချိန်အထိ ကျနော် အလုပ်တွေကို ဖိလုပ်နေလိုက်တယ်။ မွန်းတည့်ကာနီးမှာ ဂျက်နက်က အခန်းတံခါးလာခေါက်တယ်။
သူမက... “ ဒီနေ့ အပြင်မှာ တော်တော် သာယာတယ်။ ဒီနေ့က ရှင့်မွေးနေ့လည်းဖြစ်တယ်။ ဒီတော့ ရှင်နဲ့ကျမ နှစ်ယောက်တည်း နေ့လည်စာ သွားစားရအောင်”...လို့ ပြောလာတယ်။
“အေး....ဒီနေ့ ကြားရသမျှထဲမှာတော့ အကောင်းဆုံးဘဲ၊ လာသွားကြစို့”.....လို့ ကျနော်က ပြန်ပြောလိုက်တယ်။
ကျနော်တို့ နေ့လည်စာအတူ သွားစားကြတယ်။ ခါတိုင်းသွားနေကျ နေရာတွေကို မသွားဘူး။ မြို့ပြင်က တိတ်ဆိတ်ပြီး သီးသန့်ကျတဲ့ နေရာလေးတနေရာမှာ သွားစားဖြစ်တယ်။ မာတီနီ နှစ်ခွက်စီသောက်ဖြစ်ကြပြီး အစားအသောက်ကိုလည်း တော်တော်လေး ခံတွင်းတွေ့တယ်။
ရုံးကို အပြန်လမ်းမှာ သူမက ပြောလာတယ်။
“ဘော့စ်....ရှင်သိတဲ့အတိုင်း ဒီနေ့က အင်မတန် လှပတဲ့ နေ့တနေ့။ ကျမတို့ ရုံးကို ပြန်သွားဖို့ရော လိုသေးလို့လား”
ကျနော့် ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားပြီး... “ဟာ....မလိုပါဘူး။ ဘာဖြစ်လို့လဲ” လို့ လှိုက်မောစွာ ပြန်မေးတဲ့အခါ သူမက....
“ဒါဖြင့် ကျမ အခန်းကို သွားကြရအောင်လေ။ အဲသည်ရောက်ရင် ရှင့်ကို ကျမ မာတီနီ တခွက် ထပ်ပြီး စပ်ပေးမှာပေါ့”
ဒီလိုနဲ့ ကျနော်တို့ သူမအခန်းကို သွားကြတယ်။ မာတီနီ တခွက်စီ ထပ်သောက်ကြပြီး စီးကရက်ကိုယ်စီ ရှိုက်ဖွာနေတုန်းမှာ သူမက...
“ ဘော့စ်.... ရှင် ဘယ်လိုမှ မအောက်မေ့ဘူးဆိုရင် ကျမလေ.. အိပ်ခန်းထဲခဏ၀င်ပြီး သက်တောင့်သက်သာရှိမယ့် ပေါ့ပေါ့ပါးပါးအ၀တ်အစားလေးတစုံလောက် လဲလိုက်ချင်တယ်၊ ဖြစ်တယ်မို့လား”
(ကျနော်....တိုး၍ တိုး၍ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့်)...... “အိုကေ”
ဒါနဲ့ သူမလည်း အိပ်ခန်းထဲကို လှစ်ကနဲ ၀င်သွားတယ်။ ခြောက်မိနစ်လောက် ကြာတော့ အခန်းထဲက သူမ ပြန်ထွက်လာတယ်။ မွေးနေ့ကိတ်ကြီးတလုံးကို လက်နှစ်ဖက်နဲ့ မ ပြီးတော့ သယ်လာတယ်။ သူမ နောက်မှာက ကျနော့်မိန်းမနဲ့ ကလေးတွေ...။ အားလုံးဟာ ဟက်ပီးဘာ့သ်ဒေး သီချင်းကို သံပြိုင်အော်ပြီး သီဆိုလာကြတယ်။
အဲသည်အချိန်မှာ ကျနော်က ဆိုဖာပေါ်မှာ ထိုင်လို့......။ ကျနော့်ကိုယ်ပေါ်မှာ အ၀တ်အစားဆိုလို့ ဗလာ။ ခြေအိတ်ကလွဲပြီး ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။
( အင်တာနက်ပေါ်က “Why I fired my secretary” ဆိုတဲ့ ဟာသ တခုကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတာပါ။ အချို့လည်း ဖတ်ဘူးပြီးသား ဖြစ်မှာပါ။ )

17 comments:
:D
>>> Moe Cho Thinn ……. ကျနော် ဒီဟာသကို ဖတ်တုန်း ကတော့ နောက်ဆုံးနေရာရောက်တော့ ရယ်မိတာ အကျယ်ကြီးဘဲ။ အခုတော့ ဘာသာပြန်ထားတာ မူရင်းလို ရယ်ရပါ့မလားလို့ စိတ်ပူနေတာ။
ဟုတ်တယ်... ဖတ်ဖူးပြီးသား ။ ကိုယ့် computer ကပျက်နေတော့ရုံးမှာ ဘလော့ခိုးဖတ် ၊ ခိုးရယ် ၊ ဟဲ ဟဲ .... အခုလဲ ပါးတွေတောင်ညောင်းတယ် ။
သိပါဘူး ကိုပေါများ ၄၅ နှစ်ပြည့်သွားတာလားလို့
ကိုပေါရေ
ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်များ အတွင်းရေးမှူးမလေး အလုပ်ပြုတ်သလားလို့.... ခုတော့ :D
တော်တော် ပြောင်တဲ့ Secretary ပဲ.. ရီရတယ်ဗျို့ 
ဟုတ်ပဗျာ။ ဒီလူ (၄၅)နှစ်ပြည့်တောင် ရှိပြီပဲလို့ ထင်လိုက်တာ။
ခင်ဗျားရဲ့ဇာတ်လိုက်ကတော့ အတော်ဆိုးတယ်။ စိန်ခေါ်ရင် တိမ်ပေါ်အထိလိုက်မယ် ဆိုတာမျိုးပဲ။ (ဟားဟား)တကယ်ရယ်တာဗျ။
http://www.royal-myanmar.com/
ကိုစိုင်းထွန်းဆီမှာတွေ့ခဲ့ဘူးပါ၏။ ထပ်ဖတ်သွာပါသည်။
http://www.royal-myanmar.com/2008/09/blog-post_27.html
အထော်အထားနဲ့မှ ခြေကန်ငြင်းရမယ်ဆိုလို့။
>> Thant …. နှစ်ထပ်ရှိမှ မှတ်မိမှာမို့… ထပ်ဖတ်လိုက်ပါဦး။
>> Rita …. များက ၄၅ နှစ်ပြည့်ဖို့ အဝေးကြီးလိုသေးတယ်။
>> mysterysnow …. အခု အတွင်းရေးမှူးမပြုတ်ဘဲ ကိုယ်ပြုတ်ကိန်းဆိုက်နေတယ်။ ဖြုတ်တဲ့အခါ လျော်ကြေးစို့စို့ပို့ပို့လေးနဲ့ ဖြုတ်ပါစေကြောင်း ဆုတောင်းနေရတယ်။ တနှစ်လောက် ဘလော့ထိုင်ရေးချင်လို့။း-)
>> naynyoyint …. ရယ်မောနိုင်ကြပါစေဗျိုး။း-)
>> ksanchaung …. စိတ်ကြီးတယ်။ စိန်ခေါ်လို့မရဘူး။း-)
>> မခင်ဦးမေ… ခုနက ကွန်မင့်ဖတ်တာမှားသွားလို့ ကွန်မင့်ကို ပြန်ပြင်လိုက်ပါတယ်။ အထောက်အထားခိုင်လုံသည့်အတွက် တရားသေလွှတ်လိုက်သည်။း-)
YouTube Video link: "Why I Fired My Secretary " :D
http://www.youtube.com/watch?v=Llyw-AMm16Q
ကြည့်သွားပါ၏။ you tube
>>> HaHa …. Good video!!! Thanks.
>>> khin oo may …. ၁၈ နှစ်အောက် မကြည့်ရ။း-)
ဟားဟား.. ကိုပေါရေ
ထင်တိုင်းကျဲနေတဲ့ ဘော့စ်ပါလား.
By reading your blog recently,
U Know What....!
Abit of Porn...!
Abit of Funny...!
Abit of Drama....!
And Nobody Business..!!
And Nothing Deliver Good Things to People...!!
You are really Good in this area..!.
Keep Up..Man...!!!
Good Luck..!!
Hi, Ko Paw,
This comment is not only giving alert to you, but also to all Myanmar Blogs.Now, our country is facing difficulty for Rohingya.It is totaly rediculous.Some of the medias from outside are giving favor for the Rohingya.Some are so quiet. How Stupid !!!
They (medias) must see the face of Myanmar People and country.
We all Myanmar people can not accept them as Myanmar. We need to defend our religion and country.
WE CAN NOT ACCEPT THESE GUYS FOR SURE!!
HI! GENTLEMAN ,
I want to strongly urge you instead of writting non-sense post, pls consider and write whatever things that can be good for country and myanmar people.
To both Anonymous : February 28, 2009 11:10 AM,
February 28, 2009 12:55 PM
What the fucking nonsense you are talking about!
Who the hell you think you are!
J
Post a Comment