“ပွဲကြည့်သူများ”

Share |
ကမ္ဘာကြီးမီးလောင်လို့တဲ့။

သတင်းဟာ တောမီးလို ပြန့်နှံ့သွားတယ်။ ငါတို့တတွေ လုပ်နေဆဲ အလုပ်တွေရပ်၊ ကစားတွေရပ်၊ အသွားအလာတွေရပ်ပြီး အားလုံးလိုလို သတင်းပြသတဲ့နေရာရှေ့မှာ စုရုံးရောက်ရှိလာကြတယ်။

လူတွေ၊ လူတွေ…. ကမ္ဘာပေါ်မှာ… အော်ကြဟစ်ကြ။ ပြေးကြလွှားကြ။ မချိမဆန့်နဲ့ အပူဒဏ်ကို ခံစားရင်း လဲကျသေဆုံးနေကြ။ တချို့လည်း မြေပြင်လွှာက ပူလွန်းလို့တဲ့။ ရင်ဝယ်ပိုက်ထားတဲ့ သားကိုတောင် မြေပေါ်ချပြီး တက်နင်းနေကြ။ အလိုအလျောက် ကင်မရာက ရိုက်ကူးပြနေတဲ့ ပုံရိပ်တွေလေ။

ကံထူးလှတဲ့ ငါတို့တတွေကတော့ အင်္ဂါဂြိုဟ်မှာ ရွှေ့ပြောင်းအခြေချခဲ့လို့ နှစ်ပေါင်းများစွာ အသားကျနေခဲ့ပေါ့။ ခရမ်းလွန်ရောင်ခြည်နဲ့ အခြား အန္တရာယ်ဓါတ်ရောင်ခြည်တွေကနေ ကာကွယ်တဲ့ အမိုးအကာအောက်မှာ စုရုံး၊ နောက်ဆုံးရ ကမ္ဘာ့သတင်းတွေကို Live ကြည့်နေကြ။

ကမ္ဘာဂြိုဟ်က လူတွေရဲ့ ပူမှုကိစ္စကို စာနာလို့ ငါတို့အားလုံးပါးစပ်က စုပ်သပ်သံတွေဆိုတာ “တကျွတ်ကျွတ်” မစဲနိုင်။

ငါတို့အားလုံးပါးစပ်က ပြောင်းဖူးပေါက်ပေါက်တို့ အာလူးကြော်တို့ကို “တကြွပ်ကြွပ်” ၀ါးစားသံတွေလည်း လှိုင်လို့ပေါ့။

14 comments:

Plain said...
This comment has been removed by the author.
တန်ခူး said...

လူကြားကောင်းအောင် စုပ်သပ်သူတွေကြားမှာ သက်ရှိသတ္တ၀ါတွေရဲ့ အသက်တွေက သဲထိတ်ရင်ဖိုရုပ်ရှင်ပြကွက်တခုလို မျောမျောသွား… အဲဒါကိုပဲ အရသာတခုလို တနေ့ တခြားစားသုံးလာကြတဲ့ ကမ္ဘာသူကမ္ဘာသားတွေရဲ့ ဆုတ်ယုတ်လာတဲ့ စိတ်ဓါတ်ရေးရာ၊ ကိုယ်ချင်းစာတရား… အင်း… ကိုပေါရေ… ဒီပို့ စ်လေးက ကိုယ်ကိုယ်တိုင်ရော ပွဲကြည့်သူဖြစ်နေပြီလားလို့  သတိပေးလိုက်သလိုပဲ…

ကေကေ said...

ဟင်း ....ဒီပို့စ်လေးကိုဖတ်ပြီး
ကိုယ်ကိုတိုင်က ဘယ်မှာပါနေလဲ
အတွေးပွားစေပါတယ်...

Ko Boyz said...

ကျွန်တော်လဲ ကိုပေါလိုပဲ ပွဲကြည့်သူများပေါ့...။
ပေါက်ပေါက်ဆုပ်ကို မနားတမ်း ၀ါးရင်း... စုပ်တစ်သတ်သတ် နဲ့ ကြည့်ရင်း...

စိတ်ထဲကတော့ ကိုယ်အတော်ကို ကံကောင်းနေပါလားလို့ ရောက်နေတဲ့ နေရာကနေ တိတ်တိတ်ကလေး ၀မ်းသာနေရင်း....

အို...
ကြေးမုံပေါ် ထင်နေတာ ကျွန်တော့်ပုံ မဟုတ်ပဲ xxxxx ဖြစ်နေပါ့လား...။

Anonymous said...

"အို အသင်လောက (.......@..#..$..%..&......) ကျွန်ုပ် ကောင်းကောင်းကြီး သိခဲ့ပါပြီ။"

Anonymous said...

"ပွဲကြည့်သူ သယ်ရင်းများ အတွက် ကျိုင်းတုံ ရှမ်းခေါက်ဆွဲ နဲ့ တိုဟူးနွေး ရမယ်။ ဘောနပ်စ်အနေနဲ့ ကျိုင်းတုံ အာလူး ထမင်းချဉ် ရမယ်။"


"ဟာ...သောက်ရေးထဲ ဒီခေါက်ဆွဲသည်က ပွဲကြည့်ကောင်းတုန်း လာကြော်ငြာနေပြန်ပီ်။"

Kaung Kin Ko said...

အင်္ဂါဂြိုဟ်ပေါ်ကနေ ကမ္ဘာကြီး မီးလောင်နေတာကို စုပ်တသပ်သပ်နဲ့ ကြည့်သွားတယ်ဗျာ။

Anonymous said...

Is this me? " Stupid government, conservative people, contended citizens, so called good neighbour countries, blah blah blah xxx xxxx xxx thats why I am here right now xxx yap, they are so pity xxxx god may bless them xxxx..
Yes, ko paw, I am also damn pin head.
Innnnnnnnnnnn,
Very good post, Ko Paw.

Anonymous said...

Thanks for your posts.
I found an interesting blog and post.
http://www.zaunglay.co.cc/
စစ်အစိုးရလက်အောက်မှ အနှိပ်စက်ခံမြန်မာလူမျိုးဘ၀ post and
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ post were are very good for us. U can also post it in your blog. Let's help out nation.

Anonymous said...

ကိုပေါ..ဇာတ်နာအောင် ကမ္ဘာကြီးကို မီးရှို့နေပါတယ်ဗျို့...။
(popcorn နဲ့ potato chips တွေအပြင်၊ beer တောင်ပါသေး..)

Anonymous said...

ဘုရား ဘုရား ငါရော ဘယ်ထဲပါနေပြီလဲ... လက်သည်းထိမှ လက်ထိပ်နာတတ်တဲ့ လူဖြစ်နေပြီလား..
တွေးရင်း တွေးရင်း ........
ခင်မင်းဇော်

Anonymous said...

မရောက်ဖြစ်တဲ့ ၁ ပတ်လောက်မှာ ဖတ်စရာတွေ အများကြီးပါလားရှင့် :)

ကိုပေါ said...

>>>>>Plain..... လာရောက် ဖတ်ရှုသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

>>>>တန်ခူး...... ဟုတ်တယ်။ လူကြားကောင်းအောင် စုပ်သပ်တာပဲဖြစ်ဖြစ်...တကယ်သနားလို့ စုပ်သပ်တာပဲဖြစ်ဖြစ် ပါးစပ်က သနားနေရုံနဲ့ အလုပ်ဖြစ်မယ်မထင်သေးဘူး။ ပွဲကြည့်ပရိသတ်ဆိုရင်လည်း ဆေးပေါ့လိပ်ထဲမှာ ဒင်္ဂါးထည့်ပြီး ဆုချတတ်တဲ့ ပရိသတ်လောက်တော့ အနည်းဆုံးဖြစ်မှ။

>>>>ကေကေ..... မီးလောင်လို့ ပြေးနေရတဲ့အထဲမှာ ပါနေပြီလား။း-)

>>>>ကိုဘွိုင်းဇ်...... ဘာလဲ မှန်ထဲမှာ ပေါ်နေတာ ဒိုရီယံဂရေး လား။

>>>>အမည်မသိ.... အရေးထဲ စီးပွားရေးအမြတ်ထုတ်ချင်တဲ့ လူက ရှိသေးတာကိုး။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်တဲ့သဘောပေါ့...ဟုတ်လား။

>>>>ကောင်းကင်ကို...... ကျောက်ရုပ်ကို ဒေါက်ဖြုတ်လိုက်ရတာ စိတ်မကောင်းပါဘူးဗျာ။

>>>>အမည်မသိ..... သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့ဗျာ။

>>>>အမည်မသိ.... သွားဖတ်ကြည့်ပြီးပါပြီ။ ညွှန်းတဲ့အတွက် ကျေးဇူးပါ။

>>>>CMA..... လုပ်ဇာတ်ခင်းတယ် ပြောပါဗျာ။ ဘီယာပါတယ်ဆိုလို့ ကွန်မင့်ဖတ်ရင်း တံတွေးတောင်သီးတယ်။း-)

>>>>မခင်မင်းဇော်..... သတင်းထောက်မမကတော့ သတင်းရိုက်ကူးတဲ့ လူအမျိုးအစားထဲမှာ ပါတာပေါ့ဂျာ...ဟိဟိ။ (ဟီး...နောက်တာနော်....လက်နက်ကြီးစာမိမှာတော့ အလန့်သား။)

>>>>မလေးရည်..... မင်္ဂလာပါ။ အရင်အပတ်ထဲက တနေ့တပုဒ်နီးပါး ရေးဖြစ်နေတာ။ နောက်ပိုင်း အလုပ်ပြုတ်ရင် ပိုရေးဖြစ်ဦးမယ်။ တနေ့ နှစ်ပုဒ်လောက်။း-)

Anonymous said...

ဒီပို့စ် ဖတ်ပြီး ငိုချင်သလိုလို ဆို့နင့်သလိုလို.. ဟိုလိုလို ဒီလိုလို ဖြစ်သွားတယ်...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs