“ကောက်စိုက်မ နဲ့ ပြိုင်ဘီး”

Share |
ကျနော် ကျောင်းပြီးချိန်မှာ အလုပ်မ၀င်မီစပ်ကြား မိဘတွေရှိရာ ပွင့်ဖြူမြို့ကို ခဏတဖြုတ် အလည် ပြန်သွားခဲ့တယ်။ ရန်ကုန်မပြန်ခင်တရက်မှာ ကျနော်ကြီးပြင်းခဲ့ရတဲ့ ဇာတိချက်ကြွေ မွေးရပ်ရွာကလေးကို အလွမ်းပြေ တခေါက်လောက် သွားလည်ဘို့ ပြင်ရတယ်။

ပွင့်ဖြူကနေ ကျနော့်ရွာကို စက်ဘီးနင်းပြီးသွားမယ်ဆိုရင် ငါးနာရီလောက်ကြာတယ်။ အိမ်က စက်ဘီးတွေကလည်း အစ်မတွေ ကျောင်းဖွင့်ရက်ဆိုတော့ တစီးမှ မအားဘူး။ ဒါနဲ့ ယောက်ဖ၀မ်းကွဲရဲ့ ပြိုင်ဘီးလေးကို ခဏငှားစီးရတယ်။

ပွင့်ဖြူမြို့ကနေ လယ်ကိုင်းဖက်ထွက်တဲ့ ကားလမ်းမကြီးအတိုင်းထွက်။ ပြီးတော့ ရေပေးမြောင်းမကြီးကိုရောက်တဲ့အခါ မြောင်းဘောင်ပေါ်ကို ချိုးကွေ့လိုက်ပြီး ကျောင်းတော်ရာဘုရားရှိတဲ့ဖက်ဆီကို စက်ဘီးနင်းရတယ်။

အဲသည်အခါကျမှ ပြိုင်ဘီးလေးရဲ့ အရသာကို သိတော့တယ်။ ပြိုင်ဘီးကို အဲဒီအချိန်မတိုင်မီက ကျနော်တခါမှ မစီးဘူးပါဘူး။ ရန်ကုန်မှာ သူများတွေ စီးနေတာတော့ တွေ့မိသားပေါ့။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် စက်ဘီးကလေးပါကလား။ ကုန်းတက်ဆိုရင် ဂီယာတမျိုး၊ မြေညီဆိုရင် ဂီယာတမျိုး။ သက်တောင့်သက်သာ ရှိလှပါတကား။ ဟော…. မျက်နှာချင်းဆိုင်ရှေ့တူရူက တိုက်ခတ်လာတဲ့ လေဆန်ကို သိပ်ပူစရာမလို။ ခါးကို ထောင့်ချိုးကွေးထားတာမို့လည်း လေရဲ့ ခုခံတားဆီးမှုကို သိပ်မခံစားရ။

သည်လိုနဲ့ ပြိုင်ဘီးလေးနင်းရတဲ့ အရသာကို ကြည်နူးပြီး ကုက္ကိုပင်၊ မယ်ဇလီပင်၊ ထနောင်းပင်နဲ့ ညောင်ပင်တွေ အစီအရီပေါက်နေတဲ့ ရေမြောင်းတလျှောက် နင်းလာလိုက်တာ “၀ဲဒေါင့်” ဆိုတဲ့ ရွာနားရောက်တော့ အရှိန်ကို နည်းနည်းလျှော့ချလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ရေမြောင်းဘေးကပ်လျက် ညောင်ပင်အောက်မှာ ကောက်စိုက်သမတွေ ထိုင်နေကြတယ်။ သူတို့လူအုပ်ကများတော့ စက်ဘီးသွားလမ်းပေါ်ကိုတောင် လူအုပ်က ရောက်နေတယ်။

ကျနော်စက်ဘီးနင်းလာတာ မြင်တာနဲ့ ချက်ချင်းဆိုသလို သူတို့အားလုံးရဲ့ အာရုံတွေဟာ ကျနော့်အပေါ်ကျရောက်လာပြီး နီးလာတာနဲ့အမျှ သူတို့အချင်းချင်း ပြောကြတဲ့ စကားသံတွေကိုလည်း ကျနော်တဖြည်းဖြည်းနဲ့ စပြီးကြားလာရတယ်။ သူတို့ကလည်း တိုးတိုးသက်သာ ပြောကြတာမျိုးမဟုတ်။ ကျနော်မကြားကြားအောင် အသံကို တမင်မြှင့်ပြီးပြောကြတာမျိုး။

ကြည့်စမ်းပါဦးဟယ်။ ကိုယ့်ဒုက္ခကိုယ်ရှာလို့”

အေးလေ… ကုန်းကုန်းကွကွကြီး စီးရတယ်လို့။

သူ့ကိုယ်သူ အဲလိုစီးလိုက်တာနဲ့ ရုပ်ရှင်မင်းသားနဲ့တူသွားရော မှတ်နေသလားမသိ

ငါတော့…. ကြည့်လို့ကို မရဘူး။ ဘာစိတ်ကူးနဲ့များ ဒီစက်ဘီးမျိုး စီးချင်ရလဲမသိဘူး

သောက်ရူးထတာပေါ့အေ....”

တယောက်တပေါက် ပြောနေကြတဲ့ အဲဒီအသံတွေကို မသိကျိုးကျင်ပြုပြီး ကျနော်လည်း သူတို့အနားက ဖြတ်ကျော်ဖို့ ကြိုးစားတယ်။ စက်ဘီးလမ်းပေါ်ထိုင်နေတဲ့ သူတို့နဲ့ လွတ်အောင် ကျနော်က လမ်းနည်းနည်းကြမ်းတဲ့ဘက်က ကွေ့ဝိုက်ရှောင်ပြီး နင်းရတယ်။ အဲသည်မှာ ညောင်မြစ်ကို တက်နင်းမိတာပါဘဲ။

ကျနော့်စက်ဘီး လဲကျမသွားပါဘူး။ ဒါပေမယ့် ညောင်မြစ်က ရှေ့ကကန့်လန့်ခံနေတာဆိုတော့ လမ်းမပေါ်မှာ အုတ်ခဲကို နင်းမိသလို စက်ဘီးရှေ့ဘီးနဲ့ နောက်ဘီးက ခုန်ပြီး တချက်ချင်းစီ ဒုတ်ကနဲ၊ ဒုတ်ကနဲ လမ်းပေါ်ကို ဆောင့်မိတာပေါ့။

အဲဒီအချိန်မှာ ကောက်စိုက်မ အုပ်စုဆီက သံပြိုင်နီးပါးထွက်လာတဲ့ အသံတွေကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။

ကောင်းတယ်၊ ၀မ်းသာတယ်၊ လုံးဝ မသနားဘူး။”………..တဲ့။

13 comments:

ဇနိ said...

ဟ ဟ
း)
ဘာရယ်တော့ မသိဘူး
နေရင်းထိုင်ရင်း အဲသလိုတွေ ဖြစ်တတ်တယ်
အတိတ်ကကံတွေ အကျိုးပေးတာနေမှာပေါ့
း)

khin oo may said...

ရိုးရိုးတွေးရမှာလား။ဆန်းဆန်းတွေးရမှာလား။။။ ဘယ်လိုတွေးရမှာလဲ။ မတွေးခင် အရင်မေးကြည့်တယ်။

khin oo may said...

ဟိုင်း ဟိုင်း ကိုဇနိ..လွမ်းနေတယ် မမ..။

khin oo may said...

ဆက်လက်ဖတ်လိုက်ပါဦးမယ်။ သုတ်သုတ်ကလေး။ ခင်မင်စွာဖြင့်။

မျိုးမြင့်မောင် said...

အော်...လူတွေ...လူတွေ...

Anonymous said...

ဟားဟားဟားဟား.. ရီလိုက်ရတာ..
လှောင်တာဟုတ်ဘူးနော်.. အဟီးး..
သူတို့ပြောပုံတွေကြည့်ပြီး တကယ်ရီရလို့
ဖြစ်ရမယ်ကိုပေါရယ်...ဒီနေ့ကံမကောင်းပါလားပေါ့း)

Anonymous said...

ကျွန်တော်တို့ဆီမှာ မထိတထိ ပြောတာလောက်တော့ ရီတာပေါ့။ ၈ တန်း ၉ တန်း ကျောင်းသားဘ၀ ကျောင်းပြန်လာရင် လမ်းမှာ တခြားရွာက ကောက်စိုက်မ တွေနဲ့ တွေ့ရင် ၀ိုင်းနမ်းကြတာ။ ငိုရခက် ရှက်ရခက်နဲ့ ၊ငိုမှ ပြန်လွှတ်ပေးတာ။ :P

Anonymous said...

“ကောင်းတယ်၊ ၀မ်းသာတယ်၊ လုံးဝ မသနားဘူး။”………..တဲ့။
တော်သေးတာပေါ့၊ ကိုပေါ သာ အဲ့ဒီနေရာမှာ က္ဈမ်းထိုးမှောက်ခုန် လဲခဲ့ရင် ဘာများလုပ်ကြမလဲ မသိဘူး..။ မျက်စိစပါးမွေး ဆူးစရာက စက်ဘီးလား၊ ကိုပေါလား..။ အလကားနေရင်း အော့နှလုံးနာတတ်တဲ့ အကျင့်က မွေးရာပါလား၊ မိမိကြီးပြင်းရာ လူ့ဝန်းကျင်က သင်ပေးလိုက်တဲ့ အသားကျပြီးသား ဉာဉ်ဆိုးကြီးလား...။ ဒါပေမဲ့ တချို့က အဲ့ဒီလို ရှင်းရှင်းဘွင်းဘွင်း ပြောတတ်တာကို ရိုးဂုဏ်လို့ ယူဆမယ်ဆိုရင် ကိုပေါ လက်ခံမှာလား..။

Thant said...

အင်း . . . ကိုပေါက သာမာန်ထက် နည်းနည်းထူးခြားနေတာကိုး ( ပြိုင်ဘီးလေးနဲ့ဆိုလို့ပါ )း)

Ko Boyz said...

စာရေးရသော နောက်ကွယ် အကြောင်းရင်းကို လင်းပါ..။

Anonymous said...

စက်နဲ့များရိုက်ထုတ်နေသလားမှတ်ရ..ကြပ်ကလေးလေနဲ့
ပြောရရင်..ပေါလိုက်တဲ့စာတွေ..ဟဲဟဲ...
anyway..ကြိုဆိုပါတယ်ဗျာ..

ကိုပေါ said...

>>>> ဇနိ….. ကာလ၀ိပါက် နောက်ပိုးတက် ဆိုတာ ဒါမျိုးထင်ပါရဲ့….း-)

>>>> မခင်ဦးမေ….. ဆန်းဆန်းတွေး၍ ရိုးရိုးရေးပါ။

>>>> မျိုးမြင့်မောင်….. သံဝေဂ ရတာလား။

>>>> Craton….. ရယ်စရာတော့ တကယ်ကောင်းတယ်။

>>>> မောင်လမ်းသစ်….. ၀ိုင်းနမ်းကြတာတော့ ကောက်စိုက်မတွေ အဆိုးမဟုတ်လောက်ပါဘူး။ မောင်လမ်းသစ်ကိုယ်တိုင်က ချစ်စရာကောင်းလွန်းလို့နေမှာပါ။ ချစ်စရာကြီးတော်…ရွှတ်… ဆိုပြီးတော့လေ။

>>>> CMA…. အသစ်အဆန်းဆိုရင် အလွယ်တကူ လက်မခံချင်တဲ့ ဉာဉ်ကြောင့် ဖြစ်ပါလိမ့်မယ်။ (ကျနော် ငယ်ငယ်က ဒီလောက် ချစ်စရာကောင်းတာကို….ဟွန့်)

>>>> Thant…. ထူးလည်းထူးတယ်။ ရူးလည်း ရူးတယ်။ မူးလည်း မူးတယ်…တို့ကိုကြီးကျော်…..။

>>>> Ko Boyz…. ဒီကောင်လေးနှယ်…နှိုက်နှိုက်ချွတ်ချွတ်မေးပဲ မေးနိုင်လွန်း..ကဲဟယ်…ဒေါက် (ထိပ်ခေါက်သံ)…….အံမလေး အမေရေ….နောက်မမေးတော့ပါဘူးဗျ…အီးဟီးဟီး (ဘွိုင်းဇ် ငိုသွားသံ…ဟီဟိ)

>>>> Anonymous….. စက်နဲ့ရိုက်ရတာကတော့ အမှန်ဘဲ။ အခု ဖောင်တိန်မကိုင်တာ ကြာပြီ။ ပေါဆို…စာပေါလောက ပေကိုးဗျ။ ခွိခွိ။

Aung Khin said...

ကိုပေါရေ
ကိုယ့်အလုပ်သာဆက်လုပ်၊ မြီးတစ်ကောင်နှင့် သားအဖနှစ်ယောက် တို့ မျက်မမြင်ပုဏ္ဏားများနဲ့ ဆင်တစ်ကောင် ဆိုတာတွေလဲ ကိုပေါသိမှာ သေချာပါတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs