နအဖရဲ့ သားသမီးတွေ
ဗျူရိုကရက်ရဲ့ သားသမီးတွေ
သူဌေးသူကြွယ်ရဲ့ သားသမီးတွေ
ကျော်စောသူတွေရဲ့ သားသမီးတွေ
အဖေကြီးလုပ်သူရဲ့ အရှိန်အ၀ါကို
ကိုယ်ရေးကိုယ်တာအတွက် အသုံးချတဲ့အခါ
ပြောကြတဲ့ စကားရှိတယ်….
“အဖိုးကြီး ၀ိတ်နဲ့ ဖိလိုက်မယ်”…..တဲ့။
မတော်မတရားတာကို
မော်ကြွားတာပဲမို့
စော်ကားသလို ခံစားရတာက ပြည်သူတွေ။
ကိုယ်ကျိုးအတွက်
မျိုးရိုးရဲ့ အရှိန်အ၀ါ
အဘိုးရဲ့အရှိန်အ၀ါ
အဖေရဲ့ အရှိန်အ၀ါ
သာယာနေသမျှ
သင့်ဘ၀ဟာ
သနားစရာအတိ
တုံးပိတဲ့ ဖားပမာ။
အဖေကို ချစ်တယ်ဆိုရင်
ကိုယ်ထူကိုယ်ထ
ကိုယ့်ဘ၀ကိုယ်ကျောင်း
ကိုယ့်လမ်းကြောင်းကိုယ်ထွင်…
သင်အောင်မြင်တဲ့တနေ့
ဖခင်ရှေ့မှာ
ဂုဏ်ယူစွာပြောလိုက်စမ်းပါ….
ဖေဖေ့သားဟာ…
ဖေဖေ့သမီးဟာ…
ဖေဖေ့အရှိန်အ၀ါမပါဘဲ
ဒီကမ္ဘာလောကထဲမှာ
အောင်မြင်စွာ တသီးတခြားရပ်တည်နိုင်ပါတယ်…လို့။
သေချာတာကတော့
သင့်အဖေဟာ….
မနာလိုမဖြစ်ဘဲ
မျက်ရည်ဝဲအောင်
အမြဲဂုဏ်ယူနေပါလိမ့်မယ်။
ရေးသူ-ကိုပေါ။
(မိဘလောင်းရိပ်မှ မထွက်နိုင်သူအားလုံးအတွက် ရည်ညွှန်းပါတယ်။)
Posted by
ကိုပေါ
on Thursday, February 19, 2009
Labels:
Poem
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
8 comments:
မိုက်သဟေ့..ကိုပေါေ၇....မှန်ချက်ဗျာ...ရက်စက်ပါ့...
Hi Bro Ko Paw,
I could not agree with you more.
Those spoilt children used to and love to take advantage of others in the name of their so-called "A Phay Gyi". When Burma have democracy, we can eradicate this false sense of elitism and promote merit-based opportunities to all.
Let those spoilt military elite enjoy their robbed privileges as their days will be numbered soon. Since they have been living in their comfort zone, this will make them weak and less able in the face of real challenges.
On the other hand, ordinary people have to struggle hard to survive under their oppression. This will make us stronger and more efficient when we have democracy and compete based on our own merits.
Just for example, they down-graded our YTU/YIT and promote their defence institutes. This has resulted in the mass exodus of Burmese engineers. We have to struggle very hard to survive in other people's lands, and this has sharpened our ability and given us the window to see the world. In terms of performance and intelligence, we won't be shy to pose a challenge to the military elite.
Hopefully, the law of Karma will give us a chance to turn the table on them very soon.
Regards,
Ko Myo (SG)
A PHO GYI NAE TINE PYAW MAL KO PYAW KO
Tine Ta Lone Nga Mart ( 1.25 kyat ). very cheep. hehehe
As a ordinary people , I agree as what Ko paw said. cheers,
ဦးကလဲ... သားကလေ.. သားက.. ဘိုးဘိုးကြီး မြေးဆိုတော့ ဘိုးဘိုးကြီးမြေးလို့ပြောတာပေါ့..
ဘိုးဘိုးကြီးကလေ... သားကိုပြောထားတယ် မနိုင်နိုင်သလိုလုပ်ခဲ့ ပြီးရင်လေ.. ဘိုးဘိုးကြီးနာမည် ပြောခဲ့ဆိုလို့ လုပ်တာ သားအလွန်လားလို့... လို့.
သားကမဆိုးပါဘူးလို့..လို့.... ဘိုးဘိုးကြီးကနိုင်မှဖြစ်မယ်ဆိုလို့သားကလုပ်တာပါလို့ ... လို့ ... သားကအလေးပဲရှိသေးတာလို့..လို့
>>>ရလွတ်ပလွတ်ရွာစားကြီး တယ်လဲ အားပေးပါကလား။ ဒီကလည်း အားပေးမယ်ဆိုရင် ရင်နှစ်ခြမ်းဗျန်းဗျန်းကွဲအောင် အသုံးတော်ခံပစ်လိုက်မယ်။ စိတ်ကြီးတာ…စိတ်ကြီးတာ။
>>> Ko Myo (SG) အခုလို သုံးသပ်ပြတာ ကျေးဇူးတင်တယ်ဗျိုး။ သွေးထွက်အောင်လည်း မှန်တယ်။ ကျနော် အဲသည် ရှုထောင့်ကနေ တခါမှ မစဉ်းစားဖူးဘူး။ ဒါဆိုရင် နအဖ သားသမီးတွေကို အဖိုးကြီး ၀ိတ်နဲ့ဖိဖို့ အားပေးအားမြှောက် ပြုရရင်တောင် ကောင်းမယ်ထင်တယ်။
အခုတောင် လာမယ့်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ဗိုလ်မှူးတွေကို ခွဲတမ်းချထားတယ်ကြားတယ်။ ၂၅ ရာခိုင်နှုန်းအတွက်မဟုတ်။ အရပ်ဝတ်နဲ့ ၀င်ပြိုင်ဖို့။
ငတိတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း သိပုံမရဘူး…တဲ့။ ပြည်သူကို ဘယ်လို စည်းရုံးရမှန်းမသိလို့ သူတို့ကို ကျောထောက်နောက်ခံ ပြုပါမယ့်အကြောင်း သြဇာရှိတဲ့ စီးပွားရေးသမားတွေနောက်ကို ပြုံလိုက်နေကြတယ် ကြားတယ်။ အဲသည်သတင်းသာ မှန်မယ်ဆိုရင်တော့ ကိုမျိုးပြောသလိုပဲ….ဒီကောင်တွေ စွမ်းရည်ကျလာတာ ကျုပ်တို့အတွက် အချက်ကောင်းပေါ့ဗျာ။း-)
အမည်မသိ (12.56pm)…. နင့်ဘကြီး ငါမကြောက်…ဆေးတံကြီးနဲ့ခေါက်…ဒေါက်ဒေါက်ဒေါက်….း-)
Tin…. သြော်…တင် လည်း သမ္ဗာန်လူ..အဲလေ..သာမန်လူပဲလား။ တို့က စိန်စီသော လူသား။း-) “ငါးမတ်”ဟာ ဘယ်လောက်လဲဆိုတာ နောက်မွေးတဲ့ ကလေးတွေ သိမှာ မဟုတ်တော့ဘူးထင်တယ်။
Shweaung ... တော့်…ကရွှေအောင်၊ ရုပ်ကြမ်းကြီးနဲ့ ကလေးလို ဆိုးနွဲ့နေပြန်ပါပြီ။ ချစ်စရာလဲ မကောင်းပဲနဲ့….။
Those daddy's little boys love to sit on their daddy's lap. With their daddy, they are safe. But when they grow up, when their daddy is no longer great or good enough they cannot control the urge to sit on bigger Daddies' lap. The catch 22 is that they end up with a sore back and understand what is "a pain in the arse".
But to be fair to them, late president Bush Jr. was a daddy's boy too. He referred to Saddam Hussein as "The man who wants to kill my father".
Current incubating president Obama has a daddy problem too, he even wrote a book "The Hope of My Father blah blah".
I think daddy's problem is everywhere and some Freudians claim, Jung had confirmed that Daddy complex is more less related to, if not insepearable, from Homosexuality. The stronger the Daddy yearning or fetishes, the more pinkish or faggish the boy is..
ကိုပေါရေ........ကျွန်တော်တို.တိုင်းပြည်ကတော.ကုဖို.တော်တော်ခက်ခဲတဲ.ကပ်ရောဂါကြီးဆိုက်နေတာဗျား...မိဘဆိုတာသားသမီးတွေအတွက်က စိတ်ပိုင်းဆိုင်ရာလမ်းညွန်သူဗျာ။ မိဘမကောင်းသားသမီးလည်းကောင်းမယ်လို.မထင်၊မလွယ်၊........ခါးစီးခံကြဦးစို.။
Post a Comment