“ဆင်စွယ်နန်းက ကြိုနေမယ်”

Share |
ဘလော့ဂ်ဆိုတဲ့ ဟောသည် အဖြူရောင်ဆင်စွယ်နန်းတော်ကြီးထဲမှာ များက မင်းသမီးလေးတပါးအနေနဲ့ စံစားခဲ့တာ ကြာခဲ့ပါပြီကောရှင်။

ဒီနန်းတော်ကြီးထဲမှာ ဘာမဆို ကိုယ်လိုရာ ဖြစ်နိုင်တယ်ရှင့်။

အပြင်လောကမှာ စိတ်တိုတတ်သူ၊ စိတ်ယုတ်မာရှိသူ၊ ငြူစူတတ်သူ၊ အပျင်းထူတတ်သူ၊ လင်ယောက်ျားကို နိုင်စားတတ်သူ၊ ကျောက်ပေါက်မာနဲ့ ရုပ်ရည်မွဲသူလေးဖြစ်ပေမယ့်လည်း ဆင်စွယ်နန်းတော်ထဲမှာတော့ များက စိတ်ရှည်သူ၊ သဘောဖြူဖြောင့်သူ၊ အလုပ်ကြိုးစားသူ၊ လင်ယောက်ျားကို အူလှိုက်သည်းလှိုက်ချစ်တတ်သူ၊ ခြောက်ပြစ်ကင်းသဲလဲစင် မြင်သူတကာ ရင်သပ်ရှုမောရတဲ့ ဥမ္မာဒန္တီတမျှ ချောမောလှပသူလေးလည်း ဖြစ်နိုင်သေးတယ်ရှင့်။

များတို့လို နန်းတွင်းသူအချင်းချင်း အုပ်စုဖွဲ့ပြီး စကားလှလှလေးတွေပြောကြ၊ အပေါ်ယံလျှာဖျားလေးနဲ့ တယောက်ကိုတယောက် ချီးမွန်းကြ၊ မင်းသားမင်းသမီးလေးတွေအချင်းချင်းကြားမှာ အီစီကလီလုပ်ကြ၊ ဂျီတော့လို့ခေါ်တဲ့ နန်းမဆောင်ကြီးထဲမှာ မောင်းမမိဿံတွေနဲ့ အတင်းတုပ်ကြ၊ သန်းတုပ်ကြ…အင်မတန် ပျော်စရာကောင်းပြီး သာယာလှပလှတဲ့ ဆင်စွယ်နန်းတော်ကြီးပေါ့ရှင်။

အဲဒီလိုနဲ့ ပျော်ရွှင်စွာ နေလာလိုက်ကြတာ တနေ့မှာ ဆင်စွယ်နန်းတော်ထဲကို ဘယ်ကမှန်းမသိတဲ့ လူစိမ်းတွေ၊ လူရိုင်းတွေ မျက်စိလည် လမ်းမှားပြီး ၀င်ရောက်လာတဲ့ အချိန်အထိပေါ့။

အဲဒီ လူစိမ်းတွေဟာ ဆင်စွယ်နန်းတွင်းသူ နန်းတွင်းသားတွေရဲ့ ထီးဓလေ့နန်းဓလေ့တွေကိုလည်း မသိ၊ နန်းတွင်းမှာ ကျင့်ကြံအပ်တဲ့ ထီးဟန်နန်းဟန်တွေကိုလည်း နားမလည်၊ နန်းတွင်းသူတွေကိုလည်း မိန်းမသားမို့ မညှာတာ၊ ဆင်စွယ်နန်းတွင်းသုံး ယဉ်ကျေးတဲ့ ထီးသုံးနန်းသုံးစကားတွေကိုလည်း မသုံးစွဲကြဘဲ….. တောတွင်းက တက်လာတဲ့ အရိုင်းအစိုင်းတွေလိုပဲ ပြင်ပက အရပ်သားစကားကိုသုံးစွဲ၊ ပြင်ပလောကမှာ နေထိုင်သလိုပဲ တသွေမတိမ်း ပြုမူကျင့်ကြံကြတော့တာပါပဲရှင်။

ယဉ်ကျေးတဲ့ များတို့ နန်းတွင်းသူတွေဟာ အဲဒီ စရိုက်ကြမ်းတဲ့ တောသားတွေကြောင့် အများကြီး စိတ်အနှောက်အယှက်ဖြစ်ရတယ်ရှင့်။ များတို့ရဲ့ ရှေ့ကဖုံးလို့ နောက်ကပေါ်နေတာတွေ၊ များတို့ရဲ့ မရိုးသားမှုတွေကို အကြောင်းမဲ့ မညှာမတာ လိုက်လံဖော်ထုတ်တတ်သေးတယ်ရှင့်။

တော်ပါသေးရဲ့ရှင်။ များတို့လို နုနယ်တဲ့ မင်းသမီးလေးတွေကို ခုခံကာကွယ်ပေးမယ့် လူစွမ်းကောင်း မင်းညီမင်းသား မောင်မောင်များလည်း ရှိပေလို့ရှင့်။

တခါတလေများ ဆင်စွယ်နန်းတွင်းသား မင်းညီမင်းသား မောင်မောင်တို့နဲ့ အဲဒီလူရိုင်းတွေ တိုက်ပွဲက ပြင်းထန်လွန်းလို့ များတို့တွေ အနားကို မကပ်ဝံ့ဘူး။ ဒါပေမယ့် တိုက်ပွဲပြီးသွားရင် မင်းညီမင်းသားမောင်မောင်များကို များတို့က ထောက်ခံကြောင်းပြတဲ့အနေနဲ့ အပြေးသွားပြီး ပရောပရီ ကယုကယင် လုပ်ပေးရတာပေါ့ရှင်။ အဲ…အဲ….အစောပိုင်းကာလများကတော့ များတို့လည်း လူရိုင်းတွေကို မင်းညီမင်းသားအောက်မေ့ပြီး အရောဝင်ခဲ့ဘူးသေးတယ်ရှင့်။ နောင်တရပါ့ရှင်။

အဲဒီ တောတွင်းသားလူရိုင်းတွေကို တိုက်တဲ့နေရာမှာ အကြိမ်တိုင်းလိုလို မင်းညီမင်းသား မောင်မောင်တို့ အရေးနိမ့်နေလို့ ၀ိုင်းကူရတော့မယ်ဆိုလို့ရှိရင် နုနယ်တဲ့ များတို့တတွေနဲ့ ကြောက်တတ်တဲ့ နန်းတွင်းသား မောင်မောင်တချို့ကတော့ လွတ်ရာကျွတ်ရာကနေ အောက်လမ်းနည်းကို သုံးပြီး တိုက်ရတယ်ရှင့်။

သိတယ်မို့လား။ များတို့အနေနဲ့ ဆင်စွယ်နန်းတော်ထဲမှာ ဘာမဆို ခြောက်ပစ်ကင်းသဲလဲစင်အဖြစ် အရေခြုံထားရတာဆိုတော့ အပြစ်မကင်းတဲ့လုပ်ရပ်မျိုး၊ အောက်တန်းကျမယ့်လုပ်ရပ်မျိုးဆိုရင် များတို့ အမည်ရင်းနဲ့ ပေါ်ပေါ်ထင်ထင် လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ များတို့ နန်းတွင်းသူ မပီသဘူး ဖြစ်သွားမှာပေါ့။ ဒီတော့ နုနယ်သူ များတို့က အလွယ်တကူ ထမီခြုံလိုက်သလို… တချို့ နုနယ်တဲ့ မောင်မောင်များကလည်း ၀တ်လဲတော်ပုဆိုးကို လွှားကနဲ ခြုံလိုက်ရတာပေါ့ရှင်။ များအနေနဲ့ကတော့ ထမီခြုံလိုက်ရင် လင်းတကြီးဖြစ်သွားတဲ့ အောက်လမ်းနည်းကို အကြိုက်ဆုံးပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ အရင်ကလောက် ပျော်စရာမကောင်းတော့ပေမယ့် များအနေနဲ့ ဆင်စွယ်နန်းတော်ကြီးထဲကဘ၀ကို သာယာဆဲပါ။ မိန်းမူးဆဲပါ။ ဘယ်လောက်တောင်များလဲဆိုရင် ဆင်စွယ်နန်းတော်ထဲကဘ၀ကို တိမ်းညွတ်လွန်းလို့ များအိမ်က ယောက်ျားနဲ့တောင် ကတောက်ကဆ ဖြစ်ရတယ်ရှင့်။

အခု ဒီစာကို လာဖတ်တဲ့သူဟာ ဆင်စွယ်နန်းဓလေ့ကို အထင်ကြီးလက်ခံတဲ့ မောင်မောင်ဆိုရင် များက တပင်တိုင်ဆင်စွယ်နန်းတော်ရဲ့ မှန်ရွှေပြူ ပြူတင်းပေါက်ကနေ လက်ပြပြီး လှမ်းခေါ်လိုက်မယ်။

“အချစ်လားဟေ့ ၀င်ခဲ့လေကွယ်”

(၀န်ခံချက်။…………….။“အချစ်လားဟေ့ ၀င်ခဲ့လေကွယ်” စာသားမှာ သုမောင်၏ အချစ်ပွင့်ကလေးများ ၀တ္ထူစာအုပ်တွင်ပါသော ကဗျာဆရာ တောကျောင်းဘုန်းကြီးရဲ့ ကဗျာမှ ယူထားခြင်းဖြစ်ပါသည်။)

69 comments:

Nay Nay Naing said...

ရေးတတ်လိုက်တာနော်.. ရေးတတ်လိုက်တာ :))

Anonymous said...

ဦးပေါ..
ရေးလှချီလား။ နေ့တိုင်း ပိုစ့်အသစ်တွေနဲ့..။ အားပေးလျက်..
ခပ်မြင့်မြင့်

Anonymous said...

ကွင်းကွင်း ကွက်ကွက် မြင်လိုက်တယ် .. ကိုယ့်ဟာကိုယ် နားလည်မိသလို မြင်လိုက်တယ် ..
စာရေးသူ ဘာဆိုလိုချင်မှန်း အတိအကျကို မပြောနိုင်ပေမဲ့ .. စာဖတ်သူ ကျွန်တော်တော့ ကိုယ်ပြောချင်နေတဲ့ ဘလော့ဂ်ရပ်ဝန်း တချို့ နေရာ တချို့ သူတွေအကြောင်း မပြောဖြစ်သေးပဲ သိမ်းထားမိတဲ့ အတွေးတွေကို .. ကိုပေါက တဆင့် ပြောလိုက်ရသလိုပဲ။
ကျေးဇူး .. ကိုပေါ :-)

Anonymous said...

ကိုပေါ..ဆင်စွယ်နန်းရဲ့ etiquette တွေကို လေ့လာဆဲပါ..လွန်တာရှိရင် ဝန္ဒာမိပါခင်ဗျား..။
ဆင်စွယ်နန်းတော်ကြီး အဓွန့်ရှည်ပြီး ကျန်းမာပါစေ..။ နန်းသူနန်းသားများလည်း ကျန်းမာဝဖြိုး အလှတိုးလို့ မုဆိုးများနဲ့ လွဲပါစေ..။

Anonymous said...

ကိုပေါကလဲ.. မပြီးသေးပဲ ရပ်လိုက်သလိုပဲ..
ဘာလဲ.. ကြောက်လို့လား.. ဆက်ရေးလေ..
ဝတ်လဲတော် ပုဆိုး ခြုံလိုက်ပြီး ဆက်ရေးပေါ့..
အပိုင်း ၂ ဆက်ရန်ရှိသေးလား... ဖတ်လို့ အရမ်းကောင်းတယ်..

Anonymous said...

များကိုစောင်းပြောတာလားဟင်။:p
ဆင်စွယ်နန်းတွင်းသူနန်းတွင်းသားများလည်း ကျန်းမာပါစေ။ တောတွင်း အရိုင်းအစိုင်းလေးများလည်း ကျန်းမာပါစေ။ ကိုပေါလည်း ဒီလို ကွင်းကနဲ ကွက်ကနဲ စာမျိုး များများရေးနိုင်ပါစေ။

ကြည်

Anonymous said...

အဟေ့ဟေ့... ငဒို့ ရွာစားတွေလည်း ပါသဟေ့ ....လန်းသဟေ့... ရွှေနန်းတော်ကြီး ထဲမှာကတော့ ထီးသုံးနန်သုံး စကားတွေနဲ့ပဲပေါ့ကွယ်... ဟိဟိ...

မြင်ယောင်သဟေ့ ကိုပေါရေ... သူများတွေ ဝိုင်းသောက်မြင်ကပ်နေကြမှာကို.. ခိခိ

မျိုးမြင့်မောင် said...

နုနယ်တဲ့ မင်းညီမင်းသားတွေ ပုဆိုးခြုံနေတုန်း လေအတိုက်မှာ ကျနော် မုဆိုး မြင်ရာကို လေးနဲ့ပစ်လိုက်တာ အကြီးတစ်လုံး အသေးတစ်လုံး ကိုမှန်သွားကြောင်းပါ ခင်ဗျ။

မျိုးမြင့်မောင် said...

ဒီ post ကိုဖတ်ပြီး ကြည့်ဖူးတဲ့ ပြင်သစ်ကနေဒီယံကားတစ်ခုရဲ့ နာမည်တောင် သတိရမိတယ်ဗျာ။ ကားနာမည်က Les Invasions Barbares (The Barbarian Invasions) တဲ့။

Tin said...

ko paw is on holiday mode . that's why he post every day. :o))

ပုတီတိုး said...

ဟားဟား .. good တယ်ဗျို့  .. နောက်အပိုင်းတွေလာအုံးမှာလား .. :)

ကိုပေါ said...

Nay Nay Naing …. သွပ်ပြားကို လာမမြှောက်နဲ့နော်…များက တပင်တိုင်အက ထ က လိုက်မယ်…း-) ဒါထက် မနေနေနိုင်ဘလော့ဂ်ကို ၀င်မရဘူးဖြစ်နေတယ်။ ဘလော့ဂ်ကို ပြင်ဆင်မွမ်းမံနေတာလား။

khet myint myint …. တနေ့တလံ ပန်းကန် မီးဖိုချောင်ရောက် ထုံးကို နှလုံးမူပြီး ကျနော်လည်း…တနေ့တပုဒ် မောင်ပေါ မြောင်းထဲမှာမြုတ်….ဖြစ်အောင် ကြံဆောင်နေတာလေ။ အားပေးတဲ့အတွက် ကျေးဇူးပါ။

နောင်မွန်…. ကွက်ကွက်ကွင်းကွင်း…မုန်တီဟင်းကဲ့သို့….ရှင်းရှင်းကြီးမြင်လိုက်မိတယ် ဆိုပါတော့လေ။ မှန်ပါတယ်….တချို့သော ဘလော့ဂ်ရပ်ဝန်းကလူတွေအကြောင်းပါ။


CMA … ထီးဟန်နန်းဟန်တွေကို လေ့လာတုန်းပဲလား…မောင်မင်း။ ရမ်ဘို(၅) ပို့စ်မှာတုန်းက မြားတွေ သိပ်မလာသေးဘူးလို့ အစောပိုင်းမှာ ကျနော်ကောက်ချက်ဆွဲတာ မှားသွားပါတယ်လို့ ဒီနေရာကနေ ၀န်ခံလိုက်ပါတယ် စီအမ်အေ ပညာယှိကြီးရယ်။

မုန်းစရာ ….. များတို့ နန်းတွင်းသူတွေက ကြောက်တတ်ပါတယ် ရှိုနေမှ။ နန်းတွင်းသူဆိုတော့ ခြုံစရာဝတ်လဲတော် ပုဆိုးမရှိဘူး။ G-string ကိုပဲ ဆွဲခြုံလိုက်မယ်။ လာလေရော့…..

ကြည် …. ရန်သူမရှိ..မိတ်ဆွေသာရှိ၏ ဆိုတဲ့အတိုင်း များတို့က နောက်ပိုင်းဆိုရင် တောတွင်းသားလေးတွေနဲ့ မိတ်ဖွဲ့ပြီး ချစ်ကျွမ်းဝင်အောင်လုပ်ရပေမပေါ့။

ရလွတ်ပလွတ်ရွာစားကြီး… အမြင်ကတော့ အစောကြီးကတည်းက ကပ်တဲ့လူက ကပ်ပြီးသားပါ ရွာစားရေ့။ ရွှေဥဒေါင်းကြီးကို သတိရသဗျာ။ “ကျွန်ုပ်၏ ၀ါသနာမှာ ကျွန်ုပ်အား အမြင်ကပ်သူများအား တိုး၍ တိုး၍ အမြင်ကပ်အောင် လုပ်ဆောင်ရခြင်းပင် ဖြစ်တော့သည်” တဲ့…ဟီးဟီး။ ရွာစားလည်း စိန်ဗေဒါကြီးနဲ့အပြိုင် နင်လားငါလား တီးဖို့ ပြင်ထားပေတော့ဗျိုး.....း-)

မျိုးမြင့်မောင် … အဲဒါ မင်းညီမင်းသားယောင်ဆောင်ပြီး အတုတပ်ထားတာဖြစ်ရမယ်ကွဲ့။ သျှောင်ထုံး အတုတပ်တာကို ပြောတာပါ။ သွပ်…သွပ်…သွပ်….

Tin …. စီးပွားပျက်ကပ်ကို ဟောလီးဒေးမုဒ်နဲ့ ကြိုလင့်နေတာလေ။ ဘယ်နေ့ ထမင်းရည်လျက်ရမယ်မှန်းမသိသေးတော့။

ပုတီတိုး…. တခြားခေါင်းစဉ်နဲ့တော့ လာနိုင်ပါသေးတယ်။

ပုတီတိုး said...

နေအုံးဗျ .. ကျနော့် စိတ်ထဲ သိနေသလိုလို ရှိသလားလို့  .. ဟိဟိ

Anonymous said...

အဲ့ဒီ.နန်းတွင်းကို ..အရည်းကြီး..သာသနာပြုချင်တယ်ကွဲ့။.. "ငှဲလျောင်း...ငှဲလျောင်း..."
:p;- ..:))

ကိုပေါ said...

ပုတီတိုး…. စိတ်ထဲမှာသိရင် စိတ်ထဲမှာပဲထား…ဟိ…. ထုတ်ပြောရင်လူမုန်းမယ်။

အရည်းကြီး…. များတို့နန်းတွင်းကလေ….များတို့ရဲ့ ဟန်ဆောင်မှုတွေကို လိုက်လံ မဖော်ထုတ်ရင်တော်ပြီ။ အရည်းကြီးလည်း လက်ခံတယ်သိလား….. မှန်ရွှေပြူ ပြူတင်းကနေ လက်ပြလိုက်မယ်….အရည်းကြီးလားဟေ့ ၀င်ခဲ့လေကွယ်။

Thargyi(Gyobingauk) said...

အလိုလေး...ဘယ်သူများမှတ်တယ်.. ဘဇာအရေးကြောင့် နန်းတွင်း သတင်းကို နန်းပြင်ပေါက် ကြားအောင်လုပ်ရသတုန်း သမီးတော်ရဲ့ နန်းတွင်းမှာ ထီးဘုရား အလိုကျမနေပဲ နေချင်သလို နေချင်သပဆိုရင်လဲ သမီးတော်ထိုက်နဲ့သမီးတော် ကံရှိစေ တော့ ရှိစေတော့... သမီးတော်ကို ထီးဘုရား ကအမျက်တော်ရှမှာ သမီးတော်မကြောက်ဘူးလား သမီးတော်.. အိန်း..အိန်း... ဒီတစ်ခေါက်တော့ရှိစေ.. ၀န်မင်း....ထီးဘုရားကို တင်လျောက်တော်မမူဘူး... ညနေကျရင်သာဝန်မင်းအိမ်တော်ကို ဆက်ဆက်လာဖို့ မမေ့နဲ့... ၀န်မင်းသွားမယ် ဆက်ဆက်လာခဲ့နော်... (နှုတ်ခမ်းမွှေးအားသပ် ကြာပြုံးပြုံးရင်း ခေါင်းတငြိမ့်ငြိမ့် နှင့် နန်းဆောင်သို့ပြန်ကြွသွားသည်)

ကိုပေါ said...

>>> Shweaung…. အမယ်မင်းမင်း…လေသံကိုက….မုန်းစရာကြီး။ တကတည်း….သူ့ကိုယ်သူ…ထီးဘုရား..ထီးဘုရားနဲ့….ထီးအဖျားနဲ့ ထိုးချင်စရာ။

ထီးဘုရားက…ဇီးပြားအလုံအလျောက်..၀ယ်မပေးတော့လည်း….သမီးတော်က…ရည်းစားနဲ့….ဇနီးမယားလုပ်တမ်းကစားမိတာ…. သမီးတော် အဆိုးလားဖုယာ့…..ဟွန့်။

Anonymous said...

ဒီ ရလွတ်ပလွတ် မြို့စားကြီးက အမှန်ပြောတဲ့ နေရာမှာ တယ်လဲ ရွတ်တွတ်တွတ် နိုင်သကိုး....ဒီတော့ အွန်လိုင်း လုံခြုံရေးကိုပါ( ဗမာလို ရှင်းရှင်း ပြောရယင် ကင်းစောင့် ပေါ့ဗျာ ) ထိမ်းသိမ်းတဲ့ အမှုတော် ထမ်းစေ .... မင်းကြီးများ ...။

ကိုပေါ said...

>>> ဒူကဘာ …. မင်းကြီး….အွန်လိုင်းလုံခြုံရေးကတော့ သူရဲကောင်း အုတ်လှငယ်…အဲလေဟုတ်ပေါင်….ကိုအောင်သာငယ် ရေးတဲ့ ကွန်ပြူတာလုံခြုံရေးနဲ့ဆိုင်တဲ့ ပို့စ်က အချက်တွေကို ဂရုစိုက်ရင် လုံခြုံလိမ့်မည် ဖြစ်ကြောင်းပါ….

မျိုးမြင့်မောင် said...

ကိုပေါရေ

အဲဒီကောင်က သျှောင်ထုံးအတု မို့သာ တော်တော့တယ်။ အဲဒီနေရာကို မှန်အောင်ပစ်ရပမလား ဆိုပြီး အော်ဆဲသွားတာ ငယ်သံပါတဲ့ အသံကြီးနဲ့ဗျ။ ကိုပေါလည်း တိုက်ရင်းခိုက်ရင်း ကြားလိုက်မှာပေါ့။ ဟဲဟဲ...ခုတော့လည်း အောင့်သက်သက်နဲ့ ပြေးသွားပါပြီ။

ခုတော့ တိုက်ပွဲသံကြားလို့ တောပြစ်ရွာပြစ် လာခဲ့ရတဲ့ ကျနော် မုဆိုးအဖို့ ဆင်စွယ်နန်းက တိုက်စရာခိုက်စရာ သိပ်မရှိတော့ ပျင်းစရာတောင်ကောင်းလာပြီဗျာ။ တန်းနေအောင် ပြေးသူက ပြေး၊ ပုဆိုးခြုံပြီး ခပ်မှောင်မှောင် မင်းသမီး ကုတင်အောက်ထဲ ၀င်ပုန်းသူက ပုန်း၊ မင်းသမီး တွေကလည်း ရူးချင်ယောင်ဆောင်နေကြ ကုန်ပြီ။ ဟို သတိုးသီဟသူရ ဆိုပြီး လူနဲ့မလိုက်အောင် ထက်ထက်မြက်မြက် နာမည်ပေးပြီး ရှေ့တန်းတင်ထားတဲ့ လဒူကောင်တောင် ပြေးပြီဗျ။ တလောကတော့ မင်းသမီး တစ်ယောက်ရဲ့ ကုတင်အောက်မှာ တွေ့လိုက်သေးရဲ့။

ဒီတော့ ကိုပေါရေ...တစ်ခါလောက် စစ်မြေပြင်ကို ချော့ခေါ်ကြည့်ပြီး ၀င်လာမှ ပိတ်တိုက်ရအောင် ဆင်စွယ်နန်းနဲ့ တိုက်ရိုက်မဆိုင်တဲ့ post လေးတစ်ပုဒ်လောက် ရေးဗျာ။

ကိုပေါ said...

>>> မျိုးမြင့်မောင် .... ကျနော်မပြောလားဗျ..... တချီလဲတာနဲ့ ထမီကွဲအောင် ပြေးမယ့်အစားတွေပါဆို။

Anonymous said...

ko paw ne` ma yar par thar age kaung Myo Myint Maung so de` thu dwe har lu paw twe pe`

ကိုပေါ said...

>>> Anonymous (8:39 PM) .... ဟား....ထမီခြုံ တယောက် ထွက်လာပြန်ပါလား။း-)

မျိုးမြင့်မောင် said...
This comment has been removed by the author.
တန်ခူး said...

ဆင်စွယ်နန်းမှာ ဟန်ဆောင်မှုတွေပျောက် ရိုးသားမှုတွေ ရောက်စေသော်ဝ်…

ကိုပေါ said...

တန်ခူး .... တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ....

Anonymous said...

Hay! Anonymous 2009 Feb 20 9:14 PM

Keep away! If you know about them, keep in ur mind. I am also one who is reading their reply for comments. I never give comment cos of their bad attitude.

Anonymous said...

read yin read yin ma nay naing lone lo yae mi dar par byar!

ကိုပေါ said...

Anonymous (9:35 PM, 942 PM) ... သြော်...မဖတ်ဘဲလည်း မနေနိုင်၊ ကွန်မင့်မရေးဘဲလည်း မနေနိုင်... စပါးကြီးမြွေ အညှို့ခံရတဲ့ ဖားသူငယ်လေးလိုပါပဲလား....ကိုယ့်လူရဲ့ အဖြစ်က။ သနားဂရုဏာကြီးစွာ သက်မိပါတယ်ခင်ညာ...ခွိခွိ။

မျိုးမြင့်မောင် said...

ူဟားဟား...ဟို ထမီခြုံငကြောက် အမည်မသိက စာကောင်းကောင်း မတတ်ဘူးဗျ။

မျိုးမြင့်မောင် said...

ရူးချင်ယောင် ဆောင်မနေနဲ့...ဟေ့ ရူးချင်ယောင် ဆောင်မနေနဲ့...မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့...

(လေးဖြူရဲ့ သီချင်းတွေထဲမှာ ဒီသီချင်းကိုတော့ အကြိုက်ဆုံးပဲ...ဟဲဟဲ။)

kay said...

ဘာမှ မပြောတတ်ဘူး.. ရီရတာပဲသိတယ်..
း))))))

Anonymous said...

ma tat par buu "arr ko chi" ye . thar thar ka a myin kat lo dar yae mi dar par. "Pyin Nyar Tat Chi" ye

Ahat Ahat :)

ကိုပေါ said...

>>> Kay .... ဘာလဲမကေသွယ်။ ပို့စ်ကို ဖတ်သည်။ ကွန်မင့်ကို ဖတ်သည်။ ပြီးတော့ ကျမရယ်မိသည်...ခိခိခိ...လား။း-)

ဒါထက်....မကေသွယ်လည်း တခါက ဘလော့ဂ်လောက အကြောင်း ရေးဖူးတယ်နော်။ ကျနော်တောင် စင်ဒရဲလား ကွန်မင့်ပေးခဲ့တာကို မှတ်မိနေတယ်။

Anonymous ..... ကိုယ့်လူရဲ့ ကွန်မင့် ၂ ခုထပ်နေတာ တခု ဖြုတ်ပေးလိုက်တယ်။ အင်္ဂလိပ်ဘာသာ မကျွမ်းကျင်ရင် မြန်မာလက်ကွက်ကလေး သင်ယူလိုက်ပါလား။

မျိုးမြင့်မောင် said...

ဟဲဟဲ...ညီလေးက ခုတော့ အကြီးတစ်လုံး အသေးတစ်လုံး သိပ်မရေးတော့ဘူးနော်။ ဟားဟား...သိပ်ကြောက်မနေပါနဲ့။ မြားနဲ့ မပစ်တော့ပါဘူး။ နီးလာမှ တုတ်နဲ့ရိုက်မှာ...ဟဲဟဲ။

Anonymous said...

တယ်ကောင်းပါလား.. အတင်းရေးတဲ့ နေရာမှာတော့ ငါးမင်းဆွေတို့ နဲ့ နင်လားငါလားပဲ.. ရေးနေရင်း နုတ်ခမ်းကြီး ဆူထားတာတောင် မြင်ယောင်မိသေး.. ဟေဟေး

ကိုပေါ said...

ငပွေး .... ညီလေး...ငပွေး....မြန်မာစာ ဘယ်မှာ လေ့လာခဲ့သလဲ။ နှုတ်ခမ်းစူ တယ်လို့ ရေးရတယ်ကွဲ့။ နှုတ်ခမ်းဆူတာမဟုတ်။ ရေနွေးအိုးဆူတာတို့၊ ဆရာက ဆူတာ တို့မှာပဲ “ဆ” နဲ့ ဆူရတယ်။ နောက်ပြီးတော့ နုတ်ခမ်းမဟုတ်။ နှုတ်ခမ်းပါ။

Anonymous said...

ငါးမင်းဆွေဆိုလည်း ကြော်စားလိုက်ရတာပါ ငပွေးရယ်... မောင်ရင်တို့ ပငွေး အဲလေ....ငပွေးတွေအတွက် တပ်ရင်းတရင်းရယ်ဒီ လုပ်ထားတယ်နော်..ညှင်းညှင်း...ထမီခြုံလဒဖြစ်စေသော် သိုင်းကွက် နဲ့ လာမလုပ်နဲ့ ..ငဒို့ ရွာစားတွေက သိပ်ပွဲငတ်နေတာ ...အဟိန်းဟိန်း...

Anonymous said...

must be "kom"

khin oo may said...

တို့လဲ ထင်ပါတယ။်

Dr. Yi Yi Win said...

moderator ရေ..ကြည့်လုပ်ပါဦး။ အပေါ်မှာ နာမည်တွေထည့် တိုက်ခိုက်နေပြီ။ ပျော်စရာဖတ်တဲ့ ပို့ စ်လေးက စိတ်ညစ်စရာဖြစ်တော့မယ်။ မကြီးလောက် ရိုးရှင်းပွင့်လင်းတဲ့လးမျိုး ဆင်စွယ်နန်းမှာ မရှိသေးပါဘူး။ ထင်ယောင်ထင်မှားဝင်ရေးတဲ့ မှတ်ချက်ကြောင့် သူများကိုထိခိုက်မှာဆိုးလို့ ပါ။

Dr. Yi Yi Win said...

လူမျိုး လို့ ရေးတာ။ မှားသွားလို့ ။

Anonymous said...

ရန်မဖြစ်ကြပါနဲ့.. ကိုပေါ က နောက်တပုဒ်ကျရင် ..
ဘယ်သူလဲဆိုတာ ဖော်မယ်တဲ့...

စောင့်မျှော်..........

Anonymous said...

ကိုပေါက တဖြည်းဖြည်းနဲ့ တစ်ရွာလုံးကို ဒါပဲဆိုပြီး ထမိန်လှန်လှန်ပြတဲ့ တို့ရွာက အရူးမ ဒေါ်ဘုမကြီး နဲ့တောင် တူလာပြီ. ဟီး

ကိုပေါ said...

>>> ရလွတ်ပလွတ်ရွာစားကြီး .... ငါးမင်းဆွေလည်း ဖျံမင်းဆွေနဲ့တွေတဲ့အခါ ဖမ်းအစားခံလိုက်ရတာပဲ....း-)

>>> mek .... ထင်ရာ မြင်ရာ အမည်တပ်ခြင်း သည်းခံပါ။ တဦးတယောက်ကို ရည်ရွယ်ရေးခြင်းမဟုတ်ပါ။

>>> khin oo may ... မခင်ဦးမေ...အစ်မရေ.....တဦးတယောက်ကို ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ ဘလော့ဂ်ရပ်ဝန်းက နန်းတွင်းသူနန်းတွင်းသား အများကို ရည်ရွယ်ပါတယ်။

ကြုံလို့ပြောရရင် “ရလွတ်ပလွတ်ဗယ်လင်တိုင်း” ရေးတုန်းကလည်း ရှင်ဂွမ်းဂွိ လို့သာ ရေးလိုက်တယ်။ အစ်မကို အန်တီဂွိလို့ ခေါ်မှန်းမသိဘူး။ အစ်မလာပြောတဲ့အထိ သဘောမပေါက်သေး။ ရင်းနှီးသူတယောက်က ဖုန်းထဲက ပြောတဲ့အခါကျမှ သဘောပေါက်တော့တယ်။ ကျနော့်ဂွိက အိမ်ထောင်မကျသေးပါဘူးနော့.....း-)

>>> ယုဝရီ .... မော်ဒရေတာ အိပ်ပျော်သွားတာ အခုမှ မြင်တယ်။ အစ်မခင်ဦးမေက ဒီလောက်ကို မှုမှာ မဟုတ်ဘူးထင်လို့ ကွန်မင့်ကို ကျနော်မဖျက်တော့ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အဲသည်လို နာမည်တပ်တဲ့ ကွန်မင့်မျိုးအတွက် သက်ဆိုင်ရာ ကာယကံရှင်က ဖျက်ပေးပါလို့ တောင်းဆိုလာရင်တော့ ဖျက်ပေးပါမယ်။ ကျနော့်မူဝါဒက ကွန်မင့်ကို မပိတ်ပင်ချင်လို့ပါ။ ဘလော့ဂါရဲ့ ဘလော့ဂ်နဲ့မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ထည့်သွင်းရေးသားတာမျိုးဆိုရင်တော့ ကာယကံရှင်က တောင်းဆိုခြင်းမရှိလည်း ကျနော် ဖျက်ပေးပါမယ်။ အဲဒါက သူ့ပရိုက်ဗေစီကိုပါ ထိပါးလာတဲ့အတွက်ပါ။ ဘလော့ဂါနာမည်တပ်တာလောက်တော့ ခွင့်လွှတ် သည်းခံနိုင်ကြမယ်လို့ ထင်ပါတယ်။

>>> မုန်းစရာ .... မုန်းစရာအကြောင်းကို ရေးတာပါဗျိုး....ဒူ...ဟူ....ဟူ......း-)

>>> “.” .... ဒီကွန်မင့်မျိုးရေးပုံထောက်တော့... ဟိ...ဟိ....အနည်းဆုံးတော့ သူ့ကို ထိသွားတယ်ထင်တယ်။ ရေးရကျိုးနပ်တယ်။

pandora said...

တိုင်းခန်းလှည့်လည်ရင်း ရောက်တော်မူလာပါတယ်။
ပျော်တော်ဆက် မောင်မောင်ပေါရဲ့ ပြက်လုံးများကို ပြုံးရယ်တော်မူသွားတယ်။ ဆုတော်လာဘ်တော်များ ပေးသနားဦးမှပါပဲ။ မနက်ဖြန် နန်းတွင်းဝင်ပြီး လာရောက်ခစားစေ...။ :P

Anonymous said...

Ko Paw,

Pls be careful ! You become "Pwa Gyi".

Anonymous said...

Hi Friend...!!!

No..

Juz Wait & See....

We Try to Get His " Stupid Effort as much as Possible..""

Juz For Fun....!!!

Anonymous said...

Pwa Gyi & Ma Ya Par Thar Age Kaung lay Yae !

8 pi lar ? Hta Mee Hte` toe pi dot lay ? Sar Pyan Par Ohn Kwar

Ahat Ahat :))))

Kaung Kin Ko said...

ဝင်ခဲ့ပြီဗျို့ ။ :D

ကိုပေါ said...

>>> pandora .... မှန်လှပါ... နန်းမတောင်ညာ ထိပ်ခေါင်တင် ပန်ဒိုရာ သခင်မဖုယာ့။ ယခုညတွင်းချင်းပင် နေပြည်တော်သို့ ထွက်သော လေယာဉ်ဖြင့် ကျွန်တော်မျိုးကြီး လိုက်ပါခဲ့မည် ဖြစ်ကြောင်းပါ။း-)

>>> ကောင်းကင်ကို .... ဆင်စွယ်နန်းက ကောင်းကင်...ကိုတော့ မဆံ့ဘူးခင်ဗျ။း-)

Anonymous said...

ဒီတခါလဲ ဖတ်ပီး ရီရပြန်ပီ ဗျို့ .. အဲ မှားလို့ ရှင့် :D

ခင်တဲ့
မလေးရည်

မျိုးမြင့်မောင် said...

ဟားဟား...ထမီခြုံ ငကြောက်တစ်ကောင်က ခုတင်အောက်က ကုန်းအော်နေပါလား။ ခုတင်အောက်က ထွက်ပြီး လူလိုသူလိုလည်း မပြောရဲဘူး။ သနားတယ်။ ဒါပေမယ့် လှောင်ရတာတော့ အပြင်းပြေတယ်။ ဆက်သာအော်ဟေ့။ ခြုံထားတဲ့ ထမီလည်း မကျွတ်အောင် သတိထားဦး။ ကျွတ်သွားလို့ကတော့...ဟဲဟဲ။

ကိုပေါ said...

>>> မလေးရည် .... မလေးရည်.... ရီ(ရယ်)ဘို့အတွက်ပေါ့။ အဲဒါပဲ မလေးရည်ရဲ့။ မထိခိုက်သူများက လွတ်လွတ်ကျွတ်ကျွတ် ရယ်မောနိုင်ပေမယ့်...ထိသူများခမြာမှာတော့ မခံချိမခံသာ ဖြစ်ရတယ်ဆိုတာ။ ကလိချင်တဲ့ ကျနော့်ရည်ရွယ်ချက်တော့ အထမြောက်ပါတယ်။း-)

>>> မျိုးမြင့်မောင် ... ဒီပုဂ္ဂိုလ်အဖြစ်က သနားစရာပါ။ စနေနေ့တောင် အနားမယူနိုင်ပဲ သူမုန်းလှပါတယ်ဆိုတဲ့ ကျနော့်တို့စာကို အချိန်မှန်မှန် လာဖတ်ရရှာတာ။

Anonymous said...

ထီးဟန်နန်းဟန်လို အနည်းအပါးတော့ သုံးတတ်ပေမဲ့၊ ကိုပေါတို့လို့ မကျွမ်းကျင်ဘူးဖုရာ့။
ကျွန်တော်မျိုးကို လူသိရှင်ကြား ဝန်ချတောင်းပန်စရာ မလိုပါဘူးဖုရာ့..ကျီးနဲ့ဘုတ် အချင်းချင်းပဲဟာ ကိုပေါရာ....(အား..အိုးအီ...အား..အား...အိုးအီ..အိုးအီ..)
နောက်ပြီး..မြားဆိုတာ ချွန်ရပြင်ရသေးတာလေ၊ ကြာတတ်တာပေါ့..ကိုပေါရဲ့...ပညာယှိ သတိဖြစ်ခဲဆိုသလိုနေမှာပါ..((အိုးအီ..အိုးအီ..အား..အား..))
''များ''ကို ပညာယှိလို့ မမြှောက်နဲ့နော်...နဂိုကမှ ကိုပေါလိုပဲ သွေး ခဏ ခဏတက်တတ်လို့..သွေးတိုးရောဂါလည်း ရှိတယ်..။

Anonymous said...

အားဟား..............လက်စသတ်တော.ဆော်တိုင်း အော်တိုင်းကစားနေကြတာကိုး......အဟေးဟေး။ လုပ်စရာမရှိတော.အပျင်းပြေကစားကြ။ ကောင်းဗျ။ ထားလိုက်ပါဗျာ...ဘာမှလည်းဟုတ်တာလည်းမဟုတ်ပဲနဲ...ကျုပ်တို.လည်းအဲ.ဒီဘာမှမဟုတ်တာတွေကိုလာလာဖတ်ပြီး အားပေးတယ်ဗျား။..........ကောင်းချက်

Anonymous said...

မြန်မာပြည်ရဲ.အခြေအနေက နာတာရှည်ပြတိုက်ကြီးပါဗျ။ နာတာရှည်ရောဂါလို.တောင်ပြောလို.မရပါဘူး။ ပြတိုက်ကြီးလို လာလေ.လာသူတွေ..ရေးသားသူတွေ....ဆေးဖော်သုတေသနပြုသူတွေနဲ.စည်ကားနေပါကြောင်း၊ ဆေးဆရာတွေများပြားလှပါကြောင်း....ဆေးညွန်းကောင်းနိုးနိုးနဲ......ဆွေးနွေးကြ၊ငြင်းခုန်ကြ၊ဆဲကြ၊အော်ကြ၊ဟစ်ကြနဲ၊ ကိုပေါကအစ၊ ကျွန်တော်တို.စာဖတ်သူကအဆုံးပါခင်ဗျ၊ အင်တာနက်ပေါ်ကစာတွေကလည်း ရွေပြည်ကြီးကလူတွေအတွက်လည်းဖတ်ရမှန်းတောင်မသိပါဘူးဗျာ..........ကျွန်တော်တို.အားလုံးတကယ်ဆေးမကုပဲ ဆေးညွန်းမျိုးစုံကိုစွမ်းမစွမ်းမသိပဲပေးနေတဲ.....သမားတော် အာကျယ်များဖြစ်ကြောင်းပါခင်ဗျာ။ (ကျွန်တော.ကိုမြင်းတိုက်တဲ.ဘရပ်ရှ်နဲ.တိုက်မယ်ဆိုရင်လည်း အတိုက်ခံနိုင်ပါကြောင်း)

မျိုးမြင့်မောင် said...

ကိုစိုးထက်ရေ

ကျနော်ကတော့ သမားတော် မဟုတ်ဘူးဗျ။ ကြိမ်လုံးကိုင်ပြီး ရိုက်ချင်လို့ ပရောဂဆရာ လုပ်နေတာ။ ပျောက်မပျောက်တော့ မသိဘူး။ မကောင်းဆိုးဝါးတွေ တော်တော်များများတော့ တွေ့လိုက်ရတယ်။

ဒါနဲ့ ကိုစိုးထက်ပုံက မြင်းနဲ့တူနေလို့လား ဗျာ။ နောက်တာနော်...ဟဲဟဲ။

ကိုပေါ said...

>>> CMA ... အိုးအီ...အိုးအီ...အား...အား.... ဟစ်ဟော့ဆိုသလို ဆိုလိုက်မိတယ်။ အဲ....ပုဆိုးခြုံ လေးသည်တော် မင်းညီမင်းသားမောင်မောင်များကိုတော့ ဂျောက်ဂျက်စာသားနဲ့ ပြောလိုက်ချင်တယ်....ဘလိုင်းကြီး လာမစားနဲ့လို့....ခွိခွိ......။

>>> ကိုစိုးထက် .... "ဆေးဆရာတွေများပြားလှပါကြောင်း...." ဆရာများတော့လည်း သား မြန်မြန်သေပြီး ၀ဋ်ကျွတ်တာပေါ့ ကိုစိုးထက်ရာ.... နာတာရှည်ဘ၀က ကျွတ်သွားတာပေါ့။

အင်တာနက်ပေါ်က စာဖတ်သူကတော့ နည်းတာအမှန်ပဲခင်ဗျ။ အင်မတန် လူစည်လှပါတယ်ဆိုတဲ့ ကိုမိုးသီးဇွန်ဘလော့ဂ်တောင် တနေ့ကို လူ ၄၀၀၀ လောက်ပဲ ၀င်တာ။ ဒီတော့ အင်တာနက် စာဖတ်သူက Mainstream media နဲ့တော့ မယှဉ်သာဘူးဗျိုး။ ဒါပေမယ့် သိတယ်မို့လား။ လုပ်သားပြည်သူ့နေစဉ်တို့ မြန်မာ့အလင်းတို့လို ဂုဏ်သရေရှိ ဟိတ်ဟန်အပြည့်နဲ့ သြဇာတိက္ကမကြီးမားလှတဲ့ သတင်းစာကြီးများကို ကျနော်တို့ကလည်း မကပ်နိုင်ပေဘူးခင်ဗျ။ ဒီတော့ လူထုဆီကို ကျနော်တို့လို သမားတော်အာကျယ်များရဲ့ မစွမ်းတဲ့ဆေးတွေ ရောက်မှာမပူရပေဘူး။ ငါးမင်းဆွေတို့လို သမ္ဘာရင့်သမားတော်ကြီးများရဲ့ ၉၆ ပါးပျောက်တဲ့ဆေးဝါးများကိုသာ ပြည်သူတွေ မှီဝဲရမှာပါ။

ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတာပါဘဲဗျာ။ ကိုယ်ယုံကြည်ရာကိုတောင် ကိုယ်မလုပ်နိုင်သေးပဲ အများအကျိုးအတွက် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြည်းဖြည်းပေါ့။ သမားဆို အိုမှ ဆိုတဲ့ စကားလည်း ရှိတာပဲ။း-)

Anonymous said...

အော်... ကိုပေါတို့ဆော်နေတဲ့သူက ဘယ်သူလဲဆိုတာရောသိရဲ့လား...
တော်ကြာကိုယ့် အဖွဲ့ရဲ့နာယကကြီးလဲဖြစ်နေဦးမယ်နော်...
ကိုယ့်ဘက်ကိုယ်ရော လုံရဲ့လားဗျာ.... ဟားဟား..
အော်.... ကျွန်တော်လဲ အနောနီးမတ်စ်ပါပဲဗျာ... ဟိုအပေါ်ကဆရာ တို့နဲ့တော့ တယောက်ထဲမဟုတ်ပါဘူး..နောက်တယောက်ပါ.....
ကြောက်ပါတယ်ဗျာ .... ဆရာတို့ကို....
ပုဆိုးကွဲခြင်ကွဲပေ့စေ... တချိုးတည်းလစ်ပြီဗျို့.....
တော်ကြာ မြင်းဘရပ်ခ်ျ ဆိုတာကြီးနဲ့တွေ့နေမှာစိုးလို့...
အေးအေးပဲနေပါရစေ... ဟားဟား

မျိုးမြင့်မောင် said...

နာယကကြီးမှန်း သိရင် ဒိထက်ပိုဆော်...အဲအဲ...ဒီလိုဘယ်ဆော်ပမလဲဗျာ...ဟဲဟဲ။

Anonymous said...

ကိုပေါ ဘာရေးရေးထောက်ခံပါတယ်

Anonymous said...

http://htatmyatthu.blogspot.com/2009/01/blog-post.html

ကိုပေါ said...

>>> Anonymous ... ထမီခြုံမိတ်ဆွေ....ပျင်းတောင်ပျင်းသေးတယ်။ မိတ်ဆွေ ပင်ပန်းမှာ စိုးလို့ ကျနော့်ဘလော့ဂ်ထိပ်မှာ အဲဒီလင့်ခ်ကို ချိတ်ပေးထားပါတယ်ဗျိုး....။း-)

Anonymous said...

သားကိုပေါ အဖေလည်းမင်းအမေပဲချရတာရိုးနေပီ
မင်းမိန်းမငါ့ကိုတချက်လှည့်ပေးအုံး

ဝေးတနေရာမှ တင်းနေတဲ့မင်းဖေ

Anonymous said...

မင်းမိန်းမပေါင်ကြားထဲက ထမိန်ထဲရောက်နေပြီကိုပေါရေ
ဘာဆက်လုပ်ရမှာလဲပြော ကိုပေါ

Anonymous said...

ကိုပေါရေ…ဒီလူတွေ နည်းဟောင်းကြီးပဲပြန်
သုံးနေပြန်ပီဗျို့… etiquette တွေ… etiquette တွေ :D

ကိုပေါ said...

>>> HaHa ….. ဟုတ်တယ်ဗျိုး…..အနာပေါ် တုတ်တည့်တည့်ကျသွားပုံရတယ်။း-)

Unknown said...

ကွန်မန့်မဖတ်နဲ့ဗျာ

ပိုစ့်ကြီးသက်သက်ဖတ်မယ်ဆိုပါစို့
ဘာပြောစရာရှိသလဲ
ဘာပြောစရာမှမရှိပါ။
ကောင်းသားပဲ။
သရော်စရာရှိတာသရော်တယ်ဗျာ
ကိုင်းဘာဖြစ်တုန်း။
သရော်တယ်ဆိုတာဟာလည်း တစ်ခါတစ်လေကျ ကယ်ရီကေချာဆွဲသလိုလုပ်ရတာလဲရှိတာပဲ။ ဟုတ်တယ်လို့ချည်း ပြောလို့ မရဘူး။ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်တာပဲ။

ဒါပေမဲ့ ကျုပ်ကလည်း ကာတွန်းတစ်ပုဒ် ဖတ်ထားမိတော့ ကွန်မန့်တွေဖတ်ပြီး ရယ်သွားတယ်။
လှောင်တာမဟုတ်။ အရိုးခံပါ။ ကျုပ်ကို ဘာပြောမလဲ။
ဘာမှပြောခွင့်မရှိဘူး။ ကျုပ်အခွင့်အရေးပဲ။ ဟုတ်တယ်ဟုတ်။

http://www.scribd.com/doc/11974008/cartoon

(ကာတွန်း)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs