“ဆင်စွယ်နန်းက ကြိုနေမယ်...” ပို့စ်တွင်…..ဆင်စွယ်နန်းတော်….ဟု ကျနော်က သုံးနှုန်းလိုက်သောအခါ ကျနော့်ဆိုလိုရင်းကို တချို့ နားလည်ကြပုံမရ။ ရွှေနန်းတော်၊ မြနန်းတော်၊ စိန်နန်းတော်ကဲ့သို့ အသုံးအနှုန်းထင်မှတ်ကြဟန်တူသည်။
သူတို့အပြစ်မဟုတ်ပါ။ ကျနော့် ချွတ်ယွင်းချက်သာ ဖြစ်ပါသည်။ အောက်ခြေမှတ်စု ကျန်ခဲ့ခြင်းဖြစ်သည်။
အမှန်က Ivory Tower ကို ရည်ရွယ်ကာ ရေးလိုက်ခြင်းဖြစ်သည်။ ဆင်စွယ်ဘုံပြဿဒ်ဟု ပြန်ဆိုရမည်ထင်သည်။
ဝီကီပီဒီးယား လင့်ခ်တွင် Ivory Tower အသုံးအနှုန်းနှင့် ပတ်သက်၍ ဤသို့ဖွင့်ဆိုထားသည်။
From the 19th century it has been, originally ironically, used to designate a world or atmosphere where intellectuals engage in pursuits that are disconnected from the practical concerns of everyday life.
ဆိုလိုရင်းမှာ အပြင်က လက်တွေ့ဖြစ်ပျက်နေသည်များနှင့် ကင်းကွာနေသော ပညာရှင်၊ အာဏာရှင် လူတန်းစားအလွှာကို ရည်ညွှန်းလိုခြင်းဖြစ်သည်။
အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံများတွင် အုပ်ချုပ်သူလူတန်းစားသည် ပြည်သူတို့၏ နေ့စဉ် လူနေမှုဒုက္ခများ၊ လူထုခံစားချက်များဖြင့် ကင်းကွာကာ ၄င်းတို့၏ စိတ်ကူးယဉ်ဘုံပျံနန်းတွင်သာ စံစား၍ မြေပေါ်သို့မဆင်းသက်ဘဲ ကောက်ချက်တလွဲများကို ဆွဲနေသည်အခါ “They are not willing to step out of their ivory tower” ဟု သုံးစွဲကြလေသည်။
ကျနော်၏ ဆင်စွယ်နန်းတော်သည် အဆိုပါ စိတ်ကူးယဉ်ပြဿဒ်ဘုံပျံနန်း ကို ရည်ညွှန်းလိုခြင်းဖြစ်ပါသည်။
“သာမန်ဂုဏ်ငယ်
ဆင်နက်စွယ်များကိုလည်း
နားဝယ်လက်မခံ
ညှီစော်နံသည်ဟု ရွံသတဲ့ဘုရား…..
ဆဒ္ဒန်ဘုန်းမော်
ဆင်မင်းကျော်၏
စွယ်တော်နှစ်ချောင်း
ခြောက်ရောင်မောင်းကိုသာ
နားတောင်းပွတ်၍ ဆင်ဝတ်တော်မူလိုသော….” စူဠသုဘဒ္ဒါမိဖုရား၏ ချဉ်ခြင်းမျိုးဖြင့် အမှန်တကယ်ဆင်စွယ်များဖြင့် တည်ဆောက်ထားသော နန်းတော်ကြီးကို ဆိုလိုခြင်း မဟုတ်ပါကြောင်း။
အမှန်က Ivory Tower ကို ရည်ရွယ်ကာ ရေးလိုက်ခြင်းဖြစ်သည်။ ဆင်စွယ်ဘုံပြဿဒ်ဟု ပြန်ဆိုရမည်ထင်သည်။
ဝီကီပီဒီးယား လင့်ခ်တွင် Ivory Tower အသုံးအနှုန်းနှင့် ပတ်သက်၍ ဤသို့ဖွင့်ဆိုထားသည်။
From the 19th century it has been, originally ironically, used to designate a world or atmosphere where intellectuals engage in pursuits that are disconnected from the practical concerns of everyday life.
ဆိုလိုရင်းမှာ အပြင်က လက်တွေ့ဖြစ်ပျက်နေသည်များနှင့် ကင်းကွာနေသော ပညာရှင်၊ အာဏာရှင် လူတန်းစားအလွှာကို ရည်ညွှန်းလိုခြင်းဖြစ်သည်။
အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံများတွင် အုပ်ချုပ်သူလူတန်းစားသည် ပြည်သူတို့၏ နေ့စဉ် လူနေမှုဒုက္ခများ၊ လူထုခံစားချက်များဖြင့် ကင်းကွာကာ ၄င်းတို့၏ စိတ်ကူးယဉ်ဘုံပျံနန်းတွင်သာ စံစား၍ မြေပေါ်သို့မဆင်းသက်ဘဲ ကောက်ချက်တလွဲများကို ဆွဲနေသည်အခါ “They are not willing to step out of their ivory tower” ဟု သုံးစွဲကြလေသည်။
ကျနော်၏ ဆင်စွယ်နန်းတော်သည် အဆိုပါ စိတ်ကူးယဉ်ပြဿဒ်ဘုံပျံနန်း ကို ရည်ညွှန်းလိုခြင်းဖြစ်ပါသည်။
“သာမန်ဂုဏ်ငယ်
ဆင်နက်စွယ်များကိုလည်း
နားဝယ်လက်မခံ
ညှီစော်နံသည်ဟု ရွံသတဲ့ဘုရား…..
ဆဒ္ဒန်ဘုန်းမော်
ဆင်မင်းကျော်၏
စွယ်တော်နှစ်ချောင်း
ခြောက်ရောင်မောင်းကိုသာ
နားတောင်းပွတ်၍ ဆင်ဝတ်တော်မူလိုသော….” စူဠသုဘဒ္ဒါမိဖုရား၏ ချဉ်ခြင်းမျိုးဖြင့် အမှန်တကယ်ဆင်စွယ်များဖြင့် တည်ဆောက်ထားသော နန်းတော်ကြီးကို ဆိုလိုခြင်း မဟုတ်ပါကြောင်း။
22 comments:
ရှင်းသွားပြီ.. :D
ကိုပေါရိုင်းတာကမ်းကုန်တယ် မကုန်ဘူးဆိုတာကတော့
ပေါ်လွင်နေနှင့်ပီးသားဆိုတော့ ထူးထူးထွေထွေပြောနေစရာ
မလိုပါဘူး။
သူများကို သရော်ချင်သုံးသပ်ချင်တဲ့လူဟာ
ကိုယ်တိုင်ကရော ဘာလဲ၊
ဘာဖြစ်နေလဲဆိုတာ
အ၇င်ဆုံးသုံးသပ်ရင် ပိုကောင်းပါလိမ့်မယ်။
>>> Nay Nay Naing ….. တော်သေးတာပေါ့၊ တခါတလေကျရင် ရှင်းမှ ပိုရှုပ်သွားတတ်တယ်…း-)
>>> Anonymous ….. ကိုပေါ (သို့မဟုတ်) အရိုင်းပေါ့ဗျာ။း-)
Hi, everybody who reading Ko Paw articles..
I had read all the arguments between Ko Paw and his opponents.
I do not have a right to decide who is right and who is wrong.
Actually, I am such a kind of freely thinker. I not only follow up the principles of traditional but also accept the nature of current generation.
I really respect all the articles of Ko Paw that I have read before. Most of his opinions base on the real world and adjust with the actual knowledge from the books. He tries to point out some of the useless traditions and born new ideas of how to communicate with current international community. As everybody known, we need to break through some of the Burmese traditions if we want to get a place in International environment. I do not mean all of the Ko Paw’s suggestions were correct things because he is just a human. He may give us only suggestions, all the decisions will be going through our knowledge. He may also point out some of the consideration which against him. That does not mean he dose not agree with you. He just makes a critical challenge upon your opinions that he cannot accept. You can discuss him through evidences. If you can fold him with strong evidence, I believe, he would not reluctance to accept your opinion. Within an educational or social community, evidence is a most important point whenever you are talking about something (may be about history or theories of science). The youngsters like us, do not need stories to be imagine. What we need is just realities. Some of comedy articles are good for us because these show all the inconvenience of the critical situations.
Finally, what I want to say in this comment is, I am not a supporter or follower of Ko Paw but I really respect to his freely thinking mind and confidence. We need the pessimisms like him, so that he can point out what we could be wrong (I do not mean he is right).
By the way, I do not think him as a politician as he is doing social activities. He is just at the state of believer. He was doing of what he believes. He does not need to be mature as a politician. He does not need to pretend as a gentleman. He still has a right to use the hard words as usual artists. What I am thinking of him is that he is just a good artist.
Aung Min Hein
Software Enginner,
Singapore.
အပေါ်မှာတင်ထားတဲ့ ကွန်မန့်တစ်ခုကို
ဖတ်ရသလောက်ကတော့....!!!!
ကိုပေါက ကျေကျေနပ်နပ်ကြီးသရော်ပါ
ဝေဖန်ပါလို့........ပြောခဲ့သလို.......
သူ့ကို ပြန်သရော်သူဝေဖန်သူတွေကို......
ထမီခြုံတာတွေ ..........
ပုဆိုးခြုံတာတွေဆိုတဲ့......
စကားလုံးတွေကို ထပ်တလဲလဲသုံးပြီး .....
အားရပါးရကြီး ပြန်ကလော်တုတ်ခဲ့တာပါပဲ။........
သူတပါးကိုသာ သရော်လိုက်မယ်။ .........
ငါ့ကိုလာပြောရင်တော့ ဒါပဲထင်တယ်ကွ .......
ဆိုတဲ့ သဘောကြီးက ထင်းနေတော့ ........
သူ့ကို အမည်ပေါင်းစုံနဲ့ လာဆဲကြတာကရော ........
ဆန်းတာမှ မဟုတ်တာပဲလေ။..........!
“အမည်ပေါင်းစုံနဲ့ လာဆဲကြတာကရော ဆန်းတာမှ မဟုတ်တာပဲလေ။”
မဆန်းပါ… မဆန်းပါ… မြန်မာတွေကြားမှာ ဒါမျိုး တွေကတော့ လုံးဝ မဆန်းပါ။
>>> ကိုအောင်မင်းဟိန်း …. ကိုအောင်မင်းဟိန်းရဲ့ ကွန်မင့်ကို ဖတ်ရတာ ကျနော် အင်မတန် အားရှိပါတယ်။ လူငယ်မျိုးဆက်တွေအပေါ်မှာ ထားတဲ့ ကျနော့်ရဲ့ ယုံကြည်အားထားချက်ကလည်း အရင်ကထက်တောင် ပိုမို ခိုင်မာလာပါသေးတယ်။
ကျနော် စင်္ကာပူမှာ မြန်မာ့အရေးလှုပ်ရှားသူများနဲ့ စတင်ချိတ်ဆက် လှုပ်ရှားတဲ့အချိန်တုန်းက ကျနော်အပါအ၀င် အဖွဲ့သားအများစုဟာ လူလတ်ပိုင်းနဲ့ လူကြီးတွေများတယ်။ အဲဒီအချိန်က ကျနော်တို့ လုပ်သမျှဟာ တစိတ်တည်း တ၀မ်းတည်းရှိတာတော့ မှန်တယ်။
ဒါပေမယ့် ကျနော်တို့မျိုးဆက်က အတွေးအခေါ်ပိုင်းဆိုင်ရာမှာ အိပ်မောကျနေခဲ့တယ်။ မတူညီမှု၊ ကွဲပြားမှုကို သိပ်လက်မခံနိုင်ကြဘူး။ ဝေဖန်မှုကို အသားမကျဘူး။ မတူညီတဲ့ အမြင်တွေပေါ်လာရင် ကွဲလွဲမှုကို လက်ခံရမယ့်အစား အတင်းဆွဲစေ့ဘို့ ကြိုးစားကြတယ်။
ကျနော်တို့ မွေးကတည်းက မဆလ လက်အောက်မှာ မှိုင်းတိုက်ခံလာရတဲ့ အကျိုးဆက်ကြောင့်ရော…. မိဘပြောသမျှ နာခံတတ်တဲ့….ဆရာပြောသမျှ မေးခွန်းပြန်မထုတ်ဝံ့တဲ့….အများအမြင်နဲ့ ဆန့်ကျင်နေရင် ထုတ်ဖော်မပြောဝံ့တဲ့…. လူနေမှုပတ်ဝန်းကျင်ရဲ့ အကျိုးဆက်ကြောင့် ကျနော်တို့မျိုးဆက်နှင့်အထက်မျိုးဆက်တွေဟာ အဲသည်လူငယ်တွေလောက် လွတ်လွတ်လပ်လပ် မတွေးခေါ်တတ်တာကို တွေ့ရတယ်။
နအဖ လက်အောက်မှာ တိုင်းပြည်ကြီး ပျက်စီးပြီး အစစ အရာရာကို ပိတ်ပင်နေပေမယ့် မဆလ လက်ထက်ကလို ၀ါဒ မှိုင်းတိုက်တာတွေ သိပ်မရှိတော့ဘူး။ ရှိရင်လည်း အဲဒါတွေက အရာမရောက်တော့ဘူး။ လူတွေက အစိုးရ အပေါ်မှာ အယုံအကြည်မရှိတော့ဘူးလေ။ အကျိုးဆက်က အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ကျနော်တို့ထက် ငယ်တဲ့ မျိုးဆက်က ကျနော်တို့ထက် လွတ်လွတ်လပ်လပ် တွေးခေါ်လာနိုင်တယ်။
ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း မြန်မာ့အရေးလှုပ်ရှားမှုတွေထဲ လူငယ်တွေ ပါဝင်လာတဲ့အခါ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ လူငယ်တွေက ကျနော်တို့ကို လှုပ်နိုးတယ်။
ကျနော်က ကံကောင်းထောက်မစွာ အရည်အချင်းရှိတဲ့၊ အတွေးအခေါ်အားကောင်းတဲ့၊ အင်အားသစ်တွေနဲ့ တက်ကြွနေတဲ့ လူငယ်တွေနဲ့ ဆုံဆည်းခွင့်ရတယ်။
ဘလော့ဂ်တွေ ခေတ်စားလာတော့ ဘလော့ဂ်မှာ ပို့စ်တွေ ရေးရင်းနဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်ကြည့်ဖို့ ကြိုးစားကြည့်တယ်။ မြန်မာ့အသိုင်းအ၀ိုင်းမှာ အသားမကျတဲ့ နည်းလမ်းတွေကို စမ်းသုံးကြည့်တယ်။ ဥပမာ…. တိုက်ရိုက်ဝေဖန်တဲ့နည်း….။… သရော်တဲ့နည်း….။ ထေ့တဲ့နည်း……။ …ဟာသလုပ်တဲ့နည်း……နည်းပေါင်းစုံ သုံးကြည့်တယ်။
အများနဲ့တယောက်ဖြစ်နိုင်မယ့်၊ ကွဲလွဲနိုင်မယ့်အကြောင်းအရာတွေမှာ တစိုက်မတ်မတ် ကျနော်ရေးတယ်။
မျှော်လင့်တဲ့အတိုင်း ဆဲတဲ့ ပုတ်ခတ်တဲ့ ကွန်မင့်တွေ တလှေကြီးရတယ်။ ဒါပေမယ့် ဒါဟာ အံ့သြစရာမဟုတ်။
ကျနော့်မိတ်ဆွေလူငယ်တယောက်ပြောသလို “ဒါတွေဟာ ကျော်ဖြတ်ရဦးမယ့် အရာတွေ” လို့ ကျနော်သဘောပိုက်ပါတယ်။ အခုသာ အထူးအဆန်းဖြစ်နေကြတာ။ နောက်ပိုင်းကျတော့ မြန်မာအသိုင်းအ၀ိုင်းမှာ ဒီလို အမြင်မတူတာမျိုးတွေနဲ့ တဖြည်းဖြည်း အသားကျသွားမှာ အသေအချာပါပဲ။
ကျနော့်ဆရာတယောက်ပြောဘူးတာရှိတယ်။ “မြန်မာလူမှုအသိုင်းအ၀ိုင်းမှာ ဘာမှ မလုပ်လို့ ဘာမှ မဖြစ်လာတာကို ဘယ်သူမှ အပြစ်မပြောကြဘူး။ ဒါပေမယ့်… တခုခုကို စပြီး လုပ်လိုက်လို့ မအောင်မြင်ရင်တော့ ၀ိုင်းဝန်းအပြစ်ပြောတတ်ကြတယ်”…တဲ့။
“မြန်မာတွေမှာ အသစ်အဆန်းကို appreciate လုပ်တတ်တဲ့ အသိအမှတ်ပြုတတ်တဲ့ အလေ့အထ ခေါင်းပါးသတဲ့”။
အဲဒီအကျင့်ဟာ လွတ်လပ်စွာတွေးခေါ်မှုတွေ၊ အသစ်အဆန်းကို တီထွင်ချင်မှုတွေနဲ့ လူ့အဖွဲ့အစည်းတိုးတက်မှုကို ဟန့်တားနေပြီး Retarded Society ခေါ်တဲ့ ကြုံလှီပြီး မဖွံ့ထွားတဲ့ လူ့အဖွဲ့အစည်းအဖြစ်ကို တွန်းပို့နေပါတယ်။ အဲသည် စိတ်ဓါတ်ကသာလျှင် အာဏာရှင်စနစ်ကို အဓွန့်ရှည်နေစေတာလည်း ဖြစ်ပါတယ်။
ဒါက ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကျနော်မြင်တာပါ။ အပြစ်တင်တာမဟုတ်ပါဘူး။ ဘာကြောင့် ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ ဒီလို ဖြစ်နေသလဲဆိုတာကို စဉ်းစားကြဘို့ပါ။
ကိုအောင်မင်းဟိန်းပြောသလိုပါဘဲ…..ကျနော်ရေးသမျှ အမှန်တွေချည်း မဖြစ်နိုင်ပါဘူး။ ကျနော်လည်း မှားနိုင်ပါတယ်။ ကျနော်သူတော်စင်လည်း မဟုတ်ပါဘူး။ သူတော်စင်တယောက်လို တွေးခေါ်ကြည့်ဖို့ထက် လူသားဆန်ဆန်ပဲ လွတ်လပ်စွာ တွေးခေါ်နိုင်ဘို့ ကြိုးစားနေပါတယ်။
ကွန်မင့်အတွက် ကျေးဇူးတင်ပါတယ်။
>>> Anonymous ….. အထက်မှာ ဂျေဒီ ပြောတဲ့အတိုင်းပါဘဲ။ မြန်မာတွေကြားမှာ မဆန်းပါ။ မြန်မာကျင့် မြန်မာကြံ ကြံတယ်ဘဲ ပြောရတော့မှာပေါ့။း-)
>>> JD ……. အဲဒါမှ ငဒို့ မြန်မာ့ယဉ်ကျေးမှု..ကွ။း-)
ကိုပေါ ဘာပြောပြောထောက်ခံပါတယ်
I also noticed long ago that all Ko Paw and Myo Myint Maung do is name calling and attacking other ppl.
see below..
its the history.
http://kopaw07.blogspot.com/2008/06/blog-post_08.html
http://kopaw07.blogspot.com/2008/06/blog-post_25.html
mg pwa & Ma yar par thar age kaung lay har taw taw yie dar pe.
mg pwa yae ! YIT ka lo ma pyaw par ne kwar .
http://bp0.blogger.com/_iPZn9ETxtBA/SEtxr-xkxpI/AAAAAAAAASQ/hLKWy17ctXE/s1600-h/IMG_0147.JPG
Haaa...
Seriously...!!
His bad-LOOK / APPEARANCE ....
" SMALL _ THAN _ SHWE "....?
That's why...
Haaa...
Fun..!!!
ကိုပေါအနေနဲ့ ဒီလိုတွေ လုပ်ချင်ရင် မြန်မာ့ယဉ်ကျေးမှုကိုလည်း နှံ့စပ်ကျွမ်းကျင်ဖို့လိုမယ်။ ပညာတတ်သူကိုဖြစ်စေ မတတ်သူကိုဖြစ်စေ ရန်သူကို ဖြစ်စေ အမြင်မတူသူကို ဖြစ်စေ လေးလေးစားစားရှိရမယ်။( ခင်ဗျားကို မရှိဘူးလို့ မပြောမိဘူးနော်။ရှိတာတွေ ကော မရှိတာတွေကော စုပြီး ရေးလိုက်တာ။)
မြန်မာပြည်သူ ပြည်သားတွေက စင်ကာပူသားတွေလိုတော့ အင်္ဂလိပ်စာ တတ်ချင်မှတတ်မယ်.။ကျုပ်ဗျာ တောသား အင်္ဂလိပ်စာ ခင်ဗျားတို့လောက် မတတ်ဘူး ဆိုပါစို့။ ခင်ဗျားဘာပြောမလဲ။ အထင်သေးမလား။ ကိုယ့်စိတ်ကိုယ်စစ်ပါ။
၁)ပင်ကိုယ်ရိုးသားမှု ဦးဆုံးရှိရမယ်..။ရှိမယ်တော့ ထင်တာပဲ။
၂)အဘိဓမ္မာကိုလည်း ကျွမ်းကျွမ်းကျင်ကျင်မဟုတ်တောင် တတ်ရမယ်။ နေ့တိုင်းလည်း ၀ိပသ၁နာ တရားအားထုတ်ရမယ်။ မေတ္တာ ဘာဝနာလည်း ပွားရမယ်။
၃)ဒေါသနဲ့ လာပြောသူကို ငြိမ်းအေးစွာပဲ တုံ့ပြန်နိုင်တဲ့ အထိ ရင့်ကျက်ရမယ်။ ဒါမှ မြန်မာနိုင်ငံ အေ၇းမှာ သင့်တော်မယ် ထင်တယ်။ (တခြားနိုင်ငံလို့လည်း ကျုပ် မပြောဘူး။ မြန်မာနိုင်ငံ။ သဘောထားကြီးမြတ်မှု သည်းခံနိုင်စွမ်းရှိမှု ရိုးသားမှု မေတ္တာ သစ္စာရှိမှုတို့ကို သူများထက် အလေးထားတဲ့ ကျုပ်တို့နိုင်ငံ။ )
၎)ခေါင်းဆောင်တွေံ ပညာတတ်တာဟာ ရိုးသားမှုရှိတာ လောက် အခရာတယ် မကျဘူးဆိုတာ နားလည်တတ်ပြီလား။ စာရင်းကောက်ထားတာ တွေ့ဖူးတယ် မဟုတ်လား။ မမေ့နဲ့။
ကျုပ်ပြောတာတွေအတွက် ဘာအထောက်အထားရှိလဲ လာမမေးနဲ့။ လျှောက်ပြီးလည်း ဆင်ခြေမကန်နဲ့။
ကျုပ်ပြောနေတာတွေက ယတြာတွေ ဗေဒင်တွေ မဟုတ်ဘူး။ ဘုရားခိုင်းတဲ့နည်း။ ကာလာမသုတ်ကို ဖတ်ဖူးတယ်မဟုတ်လား။ ဘာတဲ့။ လုပ်ကြည့်ပါတဲ့။ ဟုတ်လား။ လုပ်ကြည့်ပြီးမှ ပြော။ ခင်ဗျားလုပ်ငန်းတွေ ယခုထက် ပိုမအောင်မြင်ရင် ကျုပ်ကိုလာပြော။ ခုတော့ မပြောနဲ့ဦး။
ဒါတွေမပါပဲ ဒီတိုင်းဆက်သွားရင်ကော ..။ မလွယ်လောက်ဘူး။
ဆက်လုပ်မိတ်ဆွေကြီး။
O_O .. Ko Ko Bravo..
What would you say if General Aung San used wild words to his fellows at his presentation?
(I am not comparing Ko Paw with General Aung San. General Aung San is an outstanding one who can never be compared with other). That means he was extremely emphasis on what was his ambition (freedom), and he had not care of what people were thinking about him. There would be a lot of people who might hate him at that moment because of his very straight mind (who would know?). According to your words, you would not be an active talent person because you are always trying to tolerance everything.
Currently, we are neither walking through the road to Navana nor Heaven. What our aim is freedom of Myanmar. If we are going to study too much about sermons, at last, what we achieve would become a monk. Moreover, we are at the middle age, not a time to sit at home and study sermons. But what we accept from you is we might need a good meditation, because we have much tension on personal emotions (Many thanks for your suggestion). But one thing truth is the revolutionary motivation is coming out from that kind of emotions. If you have no emotion, your motivation or encouragement would never be coming out from your very restricted mind.
At the competitive conversation ceremonies of President Election in United State, they were trying to find out the bad histories of their enemies (who were already being senators). They are fighting each other with words (may be hard or soft). That kind of opposite conversation would give you more knowledge and finally you would gain an experience of how to solve a problem. All of the solutions were coming out through too many arguments because of difference opinions. So that I appreciate of arguments between Ko Paw and his opponents. I strongly believe that one day they would find out a solution. But it would be better if both sides use clever words instead of useless ones.
I would never look down the opponents of Ko Paw who were commented on his Blog.
Because I believe, they might have a position at an educated society, so that they are trying to challenge to Ko Paw. They might love to read what Ko Paw is written on his Blog, but they hated Ko Paw in personally. I don’t want to bother them because they have opportunities to hate somebody according to democratic way. ^_^
I am Nobody, who love true, without any intension to hurt someone.
Thanks and Regards
>>> Brovo ..... သာဓု...သာဓု....ဒကာကြီး။....နိုင်ငံရေးလုပ်ချင်ရင် သောတာပန်အရင်ဖြစ်ရမယ်ဆိုတာ ဒကာကြီးကျေးဇူးကြောင့် ကျွန်ုပ် ကောင်းကောင်းကြီး သဘောပေါက်သွားချေပြီတကား ............း-)
>>> Anonymous ..... I think "Brovo" expects me to go along the path of freedom, not only from dictatorship but also from samsara (သံသရာ). Sadu...Sadu....Sadu...... ;-)...........
Barack Hussein Obama is lucky enough not to get involved in Burmese politics. Otherwise, voters' expectation on him could be not only to take Burma out of the economic crisis, but also from Samara.
“အမည်ပေါင်းစုံနဲ့ လာဆဲကြတာကရော ဆန်းတာမှ မဟုတ်တာပဲလေ။”
မဆန်းပါ… မဆန်းပါ… မြန်မာတွေကြားမှာ ဒါမျိုး တွေကတော့ လုံးဝ မဆန်းပါ။
ဒါပေမဲ့.. မအေ နှမ ကိုင်တုတ်တာကတော့ အရိုင်းနဲ့အရှက် ကမ်းကုန်တာပေါ့.. ကိုပေါက တုတ်တဲ့အခါ 'သောက်'ဆိုတာနဲ့ 'ပုဆိုး-ထမီခြုံ'ဆိုတာသာပါတာ.. အဲ့ဒီ 'နှမ-အမေ'နဲ့ထွာတာတွေ တွေ့ရင် လက်တို့စေလိုပါတယ် ကမ္ဘာ့အယဉ်ကျေးတကာ့ ထိပ်ခေါင် ရွှေမြန်မာများခင်ဗျား။
Hi..
" They might love to read what Ko Paw is written on his Blog,.... but they hated Ko Paw in personally. ."
Yeh.....Yeh...Sir....!!!!
I'm Sure That I Don't Hated Ko Paw Personally...& Even I don't Know Him....at first...Personally...!
But...
" Intention, Insincere Mind-Set, Rude Behavior, arrogance Too Much, " Etc... " are The reason to Hate...Personally..!!!
I Really Don't Want to See These Kinds of Behavior in Educated Yng- PPL _ Blogger of Myanmar...Personally...!!!
Is't To Much to ask to write as a Blogger, ....Sincerelly and Politely to Reply to His-Whatever- Readers......???
Nice day...!!
>>> CMA ….. မြန်မာ့အဆဲ ကမ္ဘာကို လွှမ်းစေရမည်။း-)
"Politely to Reply to His-Whatever- Readers......??? "
Tell me clearly who are included in the category of " His-Whatever-Readers " .
Those... မအေ နှမ ကိုင်တုတ်သူများ ...included? What the hell you are talking about ?
Mind you.. ko paw never declared himself as " Thu- daw- sinn". However I have never seen ko paw using "မအေ နှမ" words back to those who are fell in love with ( quite used to ) such words.
But at least ko paw is taking the responsibility of whatever he said. That is the huge huge difference I've seen so far from you and your fellow anonymous.
ရင်လှိုင်း ခတ်သံ သစ်ရွက်ကြွေသံ ၊ ကျေးငှက်မြည်သံ ၊ကြားပြန်တော့လည်း ၊ သူ့ကိုပဲ သတိရနေ။ ချိုစကားဟန်နွဲ့ ၊ ဆိုဖွဲ့လေသူ ။ အသည်းပေး၍ချစ်ရလေသောသူ ၊ အသက်လုံးပုံ၍ ၊ချစ်ရလေသောသူ။ hu hu hu hu,
Y(OUR)future is in Y(OUR)HaNd. Do Y(OUR)BeST n never give-up.
ကျုပ်အောက်က အမည်မသိရေ ခင်ဗျားဥာဏ်ရေကိုတွေ့တော့
ဝမ်းသာသဗျ.. ဒီဘိတ်ဆိုတာ ဒီလောက်တော့ အဆင့်ရှိရမယ်ဗျ..။ အိုကေ..
ဆက်လုပ်ပါ။
Bravo ရေ
တခြားပြောစရာ ဘာမှမရှိပါဘူး။ တစ်ခုတော့ တကယ်မရှင်းလို့ မေးချင်တယ်။ မြန်မာနိုင်ငံကို သဘောထားကြီးမြတ်မှု သည်းခံနိုင်စွမ်းရှိမှု ရိုးသားမှု မေတ္တာ သစ္စာရှိမှုတို့ကို သူများထက် အလေးထားတဲ့ နိုင်ငံလို့ ဘာကြောင့်ထင်ရတာလဲ။ သည်းခံနိုင်စွမ်းရှိမှု ရိုးသားမှု မေတ္တာ သစ္စာရှိမှု တို့ဆိုတာ ဘယ်လိုအရာတွေလဲ။ မြန်မာတွေ အများစုက အဲဒါတွေကို တကယ်အရေးထားကြရဲ့လား။ သူများတွေဆိုတာကော ဘယ်သူတွေလဲ။ တကယ်သိချင်လို့ ရိုးရိုးမေးတာပါ။ ဖြေပေးနိုင်ရင် ဖြေပေးစေချင်ပါတယ်။
>>> မျိုးမြင့်မောင် ….သြော်…..ကိုမျိုးမြင့်မောင်ကလဲ….။ မြန်မာနိုင်ငံဟာ သဘောထားကြီးမြတ်မှု သည်းခံနိုင်စွမ်းရှိမှု မေတ္တာသစ္စာရှိမှုတို့ကို သူများထက်အလေးထားလို့ပဲ ဦးသန်းရွှေနဲ့ အပေါင်းပါတွေ အစိုးရဖြစ်နေတာပေါ့ခင်ဗျ….။ ဒုန်းဝေးရန်ကော…တကတဲ။
Post a Comment