“ဂျီဝမ်းပွိုင့်တူး နီရူဒါ”

Share |
ငါ့တိုင်းပြည်မှာ..
သစ်မြစ်လေးတွေကိုတောင်
ငါချစ်တယ်...

ဒါကြောင့် မြန်မာဆိုင်မှာ
မျှစ်တပိဿာဝယ်ပြီး
ပဲပြုတ်နဲ့ ကြော်စားပစ်လိုက်တယ်။



နီရူဒါ= ချီလီကဗျာဆရာ ပါဘလို နီရူဒါ ( Pablo Neruda )
ဂျီဝမ်းပွိုင့်တူး = Generation 1.2 = ပြည်ပတွင် အလုပ်အကိုင်ဖြင့် ပြောင်းရွှေ့အခြေချနေထိုင်သူများ ( အနက်အဓိပ္ပါယ်ကို ၀ီရှီမီ ပို့စ် တွင် ဖတ်နိုင်ပါသည်။)

57 comments:

Anonymous said...

ဒါ သရုပ်မှန် စာပေပဲ .... ကိုပေါရဲ့...း)
အားပေးနေတယ်...း)
အောင်သာငယ်

Anonymous said...

များတို့ ကိုပေါ ကတော့ လုပ်ချလိုက်ပြန်ပြီ။
"ဂျီတူးပွိုင့်တူး နီရူဒါ " တွေကောလာအုံးမှာလား။
ကြိုမေးထားတာ။

ကြည်

Andy Myint said...

အချစ်ကြမ်းတယ်။ :D

Anonymous said...

:-) အမြစ်ကိုချစ်လွန်းလို့ မြိုချပစ်လိုက်တယ်လား။
ခုမှ ရောက်ဖူးတာပါ။ Neruda intro အတွက် ကျေးဇူးပါ။

မျိုးမြင့်မောင် said...

ကိုပေါရေ Generation 1.2 ဆိုတော့ ကြော်တဲ့အခါ Margarine ထည့်ပြီး သံလွင်ဆီနဲ့ ကြော်ပေါ။့ ပြီးမှ မြန်မာဆန်ဆန် ကြမ်းပြင်ပေါ်မှာ ထိုင်စားပေါ။့ :P

P.S. မြန်မာပိုဆန်အောင် မစားခင် ဓာတ်ပုံရိုက်ပြီး blog ပေါ်တင်လိုက်ပါ။

kay said...

ကဗျာဖတ်ပြီး ပြုံးမိရာက..အပေါ်က..ကွန်မန့်များကြောင့်..ပို၍ ပို၍ ပြုံးမိ( ရီလိုက်) ရပါသည်။

Anonymous said...

Ko Paw
It is nice to read.
But bamboo shoot is not root vegetable
like potato, radish ,carrot , beet root and sweet potato etc…
you refer the root but compose the shoot
Hmm…may be I am wrong to get mix feeling….

Anonymous said...

"....But bamboo shoot is not root vegetable
like potato, radish ,carrot , beet root and sweet potato etc…
you refer the root but compose the shoot....."

After I read that comment, I am speechless. :P

Anonymous said...

Haa..

Look Like Abit Fuuny U People...!!!!

မျိုးမြင့်မောင် said...

"....But bamboo shoot is not root vegetable
like potato, radish ,carrot , beet root and sweet potato etc…
you refer the root but compose the shoot....."

ကျေနပ်အောင် ကျနော် ပြန်ပြင်ရေးကြည့်မယ်။

ငါ့တိုင်းပြည်လေးမှာ..
သစ်မြစ်တွေကိုတောင်
ငါချစ်တယ်...

ဒါကြောင့် မြန်မာဆိုင်က
ပဲမြစ်၊ ဂျူးမြစ်၊ ထန်းမြစ် တွေဝယ်ပြုတ်ပြီး
mayonnaise နဲ့ တို့စားပစ်လိုက်တယ်။

P.S. ခံတွင်းတော့ ပျက်ပြီ။ =(

ကိုပေါ said...

>>>အောင်သာငယ်….. ဟီး…တော်သေးရဲ့… ဒါ သရုပ်ပျက်စာပေပဲ မပြောလို့။

>>>အမည်မသိ (ကြည်) …… နောက်တခါဆိုရင် “ဂျီသရီး” လာမယ်။ နအဖ ဆီက ခဏငှားထားတယ်။

>>>Andy Myint…. အချစ်ကြီးတော့ အမြစ်ကြီးတတ်တယ်ဆိုလား..ဘာလား….။

>>>ShwunMi…. တာနောယက္ခလေ။ ချစ်လွန်းလို့ အာခံတွင်းမှာ ငုံထားလိုက်ချင်တယ်..ဆိုတာမျိုး။

>>>မျိုးမြင့်မောင်…. အဲဒါ တို့မြန်မာ ကွ။ (မျှော်စင်ကျွန်းသီးလေးသီးအခွေမှာ ကင်းကောင် ဂျွမ်းထိုးသလို ထိုးချလိုက်မယ်။)

>>>ကေ….. ကဗျာကို ဖတ်သည်။ ပြီးတော့ ကွန်မင့်ကိုပါဖတ်သည်။ အဆုံးမှာ ကျမရယ်မိသည်..ခစ်ခစ်ခစ်…။

>>>အမည်မသိ….. သွေးထွက်အောင် မှန်ပါပေတယ်။ “မှိုနဲ့မျှစ်ကို နှုတ်ချင်၏၊ ကျဉ်တုပ်ခံဝံ့ မခံဝံ့” ဆိုတဲ့အတိုင်း မျှစ်ဆိုတာ မြေပေါ်မှာ ပေါက်နေတဲ့ အရာပါ။ အမြစ်မဟုတ်ပါ။ ငယ်ငယ်က တောထဲဝင်ပြီး မျှစ်ချိုးခဲ့တာကိုတောင် သတိရမိတော့သည်။ သို့သော် အပေါ်က ကဗျာမှာတော့ အကြင်မျှစ်သည် စွမ်းအားရှင်ကို ကြောက်ရွံ့၍ မြေကြီးထဲတွင် ပုန်းနေသည်ဟု ယူဆပေးပါ။ ကြားဖူးတယ်မို့လား။ ဖွတ်ကြီးတော့ မိကျောင်း။ ဓါးပြကြီးတော့ အစိုးရ။ မျှစ်ကြီးတော့ ၀ါးရင်းတုတ် ဆိုတာ။

>>>ဒုတိယ အမည်မသိ….. စပိခ်ျလက်စ်ပေမယ့် ကီးဘုတ်တော့ လက်စ် ပုံမရ။း-)

>>>တတိယ အမည်မသိ….. ဖန်းနီးရှိရာ ဆီးရီးယပ်စ်မလာ။

>>>မျိုးမြင့်မောင်(တကျော့ပြန်) …. တော်သေးတယ်။ အမြစ်တွေကို ချစ်မိလို့။ နို့မဟုတ်ရင် ၀က်မြေဥတို့၊ မြေဇာဥတို့၊ မျောက်ဥ တို့ပါ ထည့်ပြုတ်နေရမယ်မှတ်ပါ။

NLS said...

အရမ်းကောင်းတဲ့ ကဗျာဖန်တီးမှုပဲ ကိုပေါ
သရုပ်မှန်လို့ မထင်မိဘူး။ စတဲယားသဘော ပိုခံစားရတယ်။ မိုပါဆွန်းကဗျာရေးသလိုပေါ့။
ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်း ကဗျာတွေ စပ်ကြသလိုမျိုး နီရုဒါကဗျာကို ကိုပေါအုပ်လိုက်တာ တော်တော်လေး အရသာ ရှိတယ်ဗျာ။ တကယ်ကောင်းတဲ့ အချိုးလေးပါ။

ကိုပေါ said...

>>>NLS…. ကျေးဇူးတင်ပါတယ်…ကိုညီလင်းဆက်ရေ။ ကျနော်တို့လို မျှစ်စားသူများကို အချုပ်တန်းဆရာဖေတယောက် မြင်ခွင့် ရမသွားတော့လည်း သူ့ခမြာ အရိုးသိပ်မနာတော့ဘူးပေါ့ဗျာ။

ဇနိ said...

လူနောက်ဂျီးး)

ကိုပေါ said...

>>> ဇနိ…. အပြစ်တင်မစောပါနဲ့… မျှစ်ချဉ်နဲ့ အရောခံရဦးမယ်။

Rita said...

တဟားဟားကို အော်ရယ်လိုက်ရလို့ သိပ်ကျေးဇူးတင်သွားပါတယ်
အချုပ်တန်း ဆရာဖေ မရှိလို့ အရိုးနာ မသွားရသလိုပဲ ဗန်ဂိုး မရှိတော့လို့ အမြစ်စားသူများ ပန်းချီဆွဲမသွားရရှာဘူး
:D

တန်ခူး said...

မျှစ်ကို ချစ်တာ အပြစ်လို့ များ ဆိုချင်လို့ လား ကိုပေါရယ်… တကယ်တော့… တကယ်တော့… တကယ်တော့…

Anonymous said...

Ko Paw,

I feel so sorry for ur post. I am so wondering what kind of person you are. Every one should love mother land where he/she was born.
I think u r from YIT. I also from YIT 96 batch. Before this post , i really give respect to you. Now, I dont understand you. Although I hate present GOV, I love my country wherever I am now.

ကိုပေါ said...

>>> Aye Myat Myat Ko .... အေးဗျာ.... အာလူးစားသူများဟာ အမြစ်စားသူများနဲ့ အဖြစ်မခြားတူသွားခဲ့ရင် အပြစ်များယူရက်မှာလားဟင်...ယူရက်မှာလားဟင်...လို့ မေးလိုက်ချင်ရဲ့....သွပ်...သွပ်...သွပ်....

>>> တန်ခူး ...... မျှစ်ကိုချစ်တာအပြစ်မဟုတ်ပေမယ့်....အပြစ်ကင်းတဲ့ ချစ်တနင်္ဂနွေလေးမှာ...မျှစ်ဟင်းတွေမပေစေပဲ....ချစ်ခြင်းတွေဝေနေအောင်လည်း ဂရုစိုက်ရဦးမှာကိုး။ (လေးမွန်၊ ထွေးမွန်ထဲက ဦးဦးဇာရဲ့ ဒိုင်လေးတွေကို ခိုးချလိုက်တယ်။)

>>>အမည်မသိ ... အို....ငိုမချလိုက်ပါနဲ့ဗျာ။ အနော်ဟာ ဘယ်လိုလူစားမျိုးလဲ ဝေခွဲမရဖြစ်နေတယ်ပေါ့လေ။ အနော် ကိုပေါဟာလေ “အမေကျော်ဒွေးတော်လွမ်းကာ....ချောင်းကိုပစ် မြစ်ကိုရှာ” တဲ့ လူကလေးပါခင်ညာ။ မိတ်ဆွေက တိုင်းပြည်ကို ချစ်တယ်ဆိုတာတော့ ၀မ်းသာပါတယ်။ ဒါပေမယ့် နိုင်ငံတော်အစိုးရရဲ့ စေတနာတွေကို နားမလည်နိုင်ဘဲ အာဃာတတွေ ထားပြီး မိမိတို့ တပ်မတော်အစိုးရအပေါ်မှာ အမုန်းတွေ တဖက်သတ်ပွားနေတာတော့ မိမိတို့အနေနဲ့ များစွာ စိတ်မကောင်းကြီးစွာ ဖြစ်ရပါကြောင်း။

khin oo may said...

ကဗျာလေးသိတ်ကောင်းတယ်။
strike သိရင်တော့ဘုတ်ကို ကျီးမြှောက်..လို့ပြောဦးမယ်။
ကိုအန်ဒီ စာဖတ်ပြီးတွေးနေတာတော့ရှိတယ်။ မရေးဖြစ်သေးဘူး။

ကိုပေါ said...

>>>မခင်ဦးမေ.... ကျေးဇူးပါ။ ဒါနဲ့ ကျနော်က “ဘုတ်” နော်။ အိုးအီ...အိုးအီ (ဘုတ်အော်သံ)း-)

Anonymous said...

ကိုပေါက မတရားဘူး... သမိန်ပေါသွပ် ပို့စ်က ကွန်မန့်ရေးတဲ့သူတွေကို ဂရုမစိုက်ဘူး...
အကြောင်းလေးပြန်သင့်ပါတယ်...

မျိုးမြင့်မောင် said...

96 ခုနှစ် YIT ကျောင်းဆင်း အမည်မသိကြီး ခင်ဗျား

အမည်မသိကြီး စိတ်မကောင်းဖြစ်တာလေး မရှင်းလို့ မေးပါရစေ ခင်ဗျ။ YIT ကဆိုရင် မျှစ်ကြော် မစားရဘူးလို့ ဆိုတဲ့ အစဉ်အလာမျိုး ရှိပါသလား ခင်ဗျာ။ ဒါမှမဟုတ် သစ်မြစ်တွေကို မချစ်ရဘူးလားဟင်။ ပြီးတော့ သစ်မြစ်တွေကို ချစ်ပြီး မျှစ်ကြော် စားရင် ဘယ်လိုလူစားမျိုး ဖြစ်ပါသလဲ ခင်ဗျာ။

စာကြွင်း။ ။တခြားသူများ သိရင်ဖြေပေးကြပါ ခင်ဗျာ။

Anonymous said...

ရှင်းနေတာပဲလေ...မှိုကြော် မျှစ်ကြော်လူစားပေါ့....

Anonymous said...

ကိုပေါက စာဆိုနဲ့ညီပါပေတယ်။
ရှေးလူကြီးများကပြောခဲ့တယ်လေ၊
"အစာကြေအောင် ၀ါးစားပါ" တဲ့။

ကိုပေါ said...

>>> မုန်းစရာ …. ဟို…ဟို….မီးမှာလေ ရှုတင်တွေနဲ့ အလုပ်တွေအရမ်းများတဲ့အတွက် မီးချစ်တဲ့ ပရိတ်သတ်ကြီးကို ပုံမှန်အကြောင်းမပြန်နိုင်ဘူးဆိုရင် မီးကို ခွင့်လွှတ်နားလည်ပေးကြပါ….လို့။

>>>မျိုးမြင့်မောင်… ၀ိုင်အိုင်တီကဆိုရင် မျှစ်ကြော်မစားရဘူးလို့ ဆိုတဲ့ အစဉ်အလာတော့မရှိပါ။ ဇာတ်တူသား စားချင်ရင် စားလို့ရတဲ့ အစဉ်အလာတော့ ရှိပါတယ်....သွပ်..သွပ်…သွပ်။

>>> ရလွတ်ပလွတ်ရွာစားကြီး … မှိုရတဲ့ မျက်နှာပဲ ကြားဖူးတယ်။ မျှစ်ရတဲ့ မျက်နှာ ဆိုတာမျိုးမကြားဘူးတဲ့အတွက် “မှိုကြော်မျှစ်ကြော်လူစား” ဆိုသော သင်၏ အဖြေမှားပါတယ်။

>>> Once upon a time ….. ဘာမှမပူနဲ့။ ဦးချိန်တီလျက်ဆားရမယ်။

Anonymous said...

Hi..Guys...

This ORIGINAL-POEM is Serious thing Come From Serious Heart' Product....!!!

I Understand What Above " Anonymous' means & M M Maung' Little Knowledge...!!

Pls Be Serious ABout What U said & Touch to Valuable Things......

Some PPL Don't Know and Juz Support it As Fool...!!!

Can Clearly See Mind-set Std of People...

Nice day & Be Mature...!!!

Anonymous said...

To Anonymous : February 17, 2009 9:52 AM

Let me ask you this..do you really get the message what ko paw wants to convey in his poem ?

you said : "Pls Be Serious ABout What U said & Touch to Valuable Things......"

I agree with this general statement.
But to which specific part in this blog post you want to apply that statement. The poem written by ko paw (or) the comments ( whcih comment ? )

Be clear-sighted !

Nyo Htet Nyo said...

ဒီကဗျာ အရမ်းကြိုက်ပါတယ်ဗျာ။ ဒီလောက်ပဲ ပြောပါရစေ။

မျိုးမြင့်မောင် said...

အမည်မသိကြီး ခင်ဗျား

Neruda ရဲ့ စာပေ့နဲ့ ပတ်သတ်ပြီး ကျနော်သိပ်မသိတာ အမှန်ပါ။ သူနဲ့ ပတ်သတ်တာဆိုလို့ Il Postino ဆိုတဲ့ အီတာလျံရုပ်ရှင်ကားပဲ ကောင်းကောင်းကြည့်ဖူးတယ်။ အမည်မသိကြီး က "This ORIGINAL-POEM is Serious thing Come From Serious Heart' Product....!!!" လို့ ပြောထားတော့ တော်တော်သိနေသလိုပဲ။ သိရင် Neruda ရဲ့ ကဗျာတွေထဲက အောက်ပါမေးခွန်းလေးကို ဖြေပေးပါဗျာ။

"သစ်ပင်တွေက သူတို့သစ်မြစ်တွေရဲ့ ခမ်းနားတောက်ပမှူကို ဘာကြောင့် ဖုံးကွယ်ထားရတာလဲ။"

Zephyr said...

ကဗျာလေးကိုရယ်သွားပါတယ်....။
serious ပေမယ့် funny ရှိရာကို လာတဲ့ seriousပါ ကိုပေါရေ ..။

comments တွေမှာ အမြင်မတူတာတွေတွေ့ရတော့လဲ သဘောကျပါတယ် ...။ satire ကို အတည်ကြီးဖတ်သွားတာက ပိုများရယ်စရာကောင်းနေသလားလို့ထင်မိတယ် ....။ :)

တွေးမိတိုင်းအရိုးနာတာက ဆရာဖေမဟုတ်ဘူးထင်တယ် ကိုပေါရေ ... ကျွန်တော်မှတ်မိတာက တော့ ထီးသုဉ်း၊နန်းသုံး၊ နဲ့ အစချီတဲ့ အဲဒီ ဧကပိုဒ်ရတု ကို ဆီးဘန်းနီဆရာတော်ရေးတာ ထင်မိတယ် ...။
တွေးမိတိုင်းအရိုးနာသည် ..
အမျိုးပါဆဲချင် play (ပလေး) လို့ အဆုံးသတ်ထားတဲ့ကဗျာကို ရည်ညွှန်းတယ်ဆိုရင်ပေါ့လေ...။

ရယ်စရာလေးတွေ ရေးပေးတဲ့ အတွက်လည်း .... အထူးကျေးဇူးတင်ပါတယ် ...။

ကိုပေါ said...

>>>Zephyr… အေးဗျာ။ ဘယ်နေရာမဆို အတည်ပေါက် လုပ်ရတာ ကြိုက်ကြလို့နဲ့ တူပါရဲ့။

တွေးမိတိုင်းအရိုးနာတာကတော့ ကျနော်သိသလောက် ဆရာဖေပါခင်ဗျာ။ ကိုZephyr နည်းနည်း ရောထွေးသွားလို့ ဖြစ်ပါလိမ့်မယ်။

ဆီးဘန်းနီ ဆရာတော်ရေးတာက “ထီးသုဉ်းနန်းသုံး၊ မြို့သုဉ်းသုည
သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လှစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် သြော်..ကောင်း၏။” လို့ စပ်ခဲ့တာမို့လား။

ဆရာဖေကတော့….
“မြန်မာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ဖြစ်ပြီ
မှီးငြမ်းထောက်အသစ်မှီသည်
ညစ်ပလီလူမျိုး
မိပစ်လို့ဖရှောင်သွေတယ်
ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။

ဗမာချင်းတော့ကြွားကြချင်
ဓပြပင်သူခိုး
ကုလားမြင် သူ့အမေ -ိုးတော့မလိုပ
ခုမြေရှိုးပုန်းရှောင်
မိုက်မနော်ပြုမဟေးတို့က
သူ့ပထွေးတော့ခွေးသို့မဟောင်
ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်
ဆာသင်တောင်ဒူးချလို့
ပလူးရပြေးကျို့ ကာ
ခွေးသို့ပမာ
တွေးမိတိုင်းအရိုးနာသည်
အမျိုးပါဆဲချင်တော့လေး။………..လို့ စပ်ဆိုခဲ့တယ်မို့လား။

Anonymous said...

hmmm.. no matter either being serious or sarcastic, thank you for this good poem and funny comments!
ကဗျာက မျှစ်နဲ့ပဲပြုတ် ရောဝါးရသလို ချဉ်ဆိမ့်ဆိမ့်လေးမို့ ပြုံးသွားတယ်။

Zephyr said...

Thanks ကိုပေါရေ...
ငယ်တုန်းက အဲဒီနှစ်ပုဒ်စလုံးကို ကြိုက်လို့မှတ်မိနေတယ် ...။ ရေးတဲ့သူကို ဘဲသေချာမမှတ်မိတာ ... :)။ ကျွန်တော်အမှတ်မှားတာပါ ...။

Anonymous said...

ဟုတ်သားပဲ.. မျှစ်နဲ့ အမြစ် ရောသွားတယ်။ ခုမှ ကော်မန့်တွေ ပြန်ကြည့်ပြီး ရယ်မိတယ်။
ဘာပဲဖြစ်ဖြစ် မျှစ်က အမြစ်မဟုတ်မှန်း သိလိုက်ရတာ အမြတ်ပေါ့ =)

Anonymous said...

မျှစ်အကြောင်းဖတ်ရင်းနဲ့ မျှစ်စို့စားချင်တဲ့စိတ် အလိုလိုပေါက်လာတယ်ဗျာ..စိတ်ထိန်းလို့ မရတော့ဘူး..။
အရင် BBS ကလာတဲ့ 'ကွက်စိပ်'လေးဘာလေးလဲ လုပ်ပါဦး ကိုပေါ..သိမီခဲ့ရင်ပေါ့။
(မှတ်ချက်..BBS=Burmese Broadcasting Service)

Anonymous said...

Hi, Ko Paw,
I am Anonymous dated on Feb-16, 2009, 10:15 PM.Now, I have understood level of your post/blog after reading ur reply and some no valued comments of ur friend like Myo Myint Maung.
Pls let me quit my comment on ur post because I gave it in wrong place.
Can enjoy with no valued comments of your friends !

ကိုပေါ said...

>>> CMA ...... အနော်က ငယ်သေးတယ်ဗျ။ ဘီဘီအက်စ်တို့ ကွက်စိပ်တို့ကို မမှီလိုက်ဘူး။

>>> Anonymous.... Oh, please don't quit, my valuable-YIT96'batch-friend. Please, don't. You are making me cry. I can't hold my tears back. Now, my tears are flooding my floor. Oh, no, no, please don't quit.

Anonymous said...

U Know...!!!!

Finally...

I don't Know What To say...To Some Myanmar-PPL ( So called Educated-Oversea Stayed-Young Adult-Etc, ..)..

Don't Try to be Funny With What U said, U'll Become FUNNY PPL...It's NOT Fuuny and Become SAD to See....all These BLOGS....

Especially...S'Pore Area...

Nice Day...PPL...!!!!

မျိုးမြင့်မောင် said...

Hey YIT-96-"biatch"-guy

You don't need to make a comment that you don't have any more comment to make. Just bug off!

ကိုပေါ said...

>>> Anonymous ( 9:31PM).... ကိုယ့်လူက ကီးဘုတ် လွှင့်ပစ်သင့်နေပြီ။ တချို့ကီးတွေ ကပ်နေပြီး အကြီးစာလုံးတွေ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်ဗျ။း-)

>>> Myo Myint Maung .... ကျနော့်ဘလော့ဂ်ကို သူလာမလည်တော့ဘူးဆိုတာကို ကွန်မင့်ကဏ္ဍမှာ နေ့စဉ် သူလာပြောပါစေဗျာ။ ကျနော်က အားနာတတ်တယ်...ဟိ။

Anonymous said...

မျိုးမြင့်မောင်ရေ..မြန်မာလိုရိုက်တတ်သွားပြီလား...မြန်သဟေ့... ကိုပေါရေ... ဒီငနဲက ထက်မြက်သူဆိုတဲ့ အဆံချောင်လေးဖြစ်ပုံရတယ် ။ ကိုမျိုးမြင့်မောင် ချဲလင်းလုပ်ထားတာလည်း ဘာမှ ပြန်မပြောသေးဘူး... ငဒို့ရွာစားတွေက ပွဲကောင်းဆို မျှော်လင့်နေတာ ။ ပွဲငတ်နေတာဆိုတော့လ..ဟိဟိ

ကိုပေါ said...

>>>ရလွတ်ပလွတ်ရွာစားကြီး….. မြန်မာစာလက်ကွက်က သိပ်မခက်ပါဘူးဗျာ။ အပေါ်က အမည်မသိ ရိုက်သလို အင်္ဂလိပ်စာကို အကြီးတလှည့်အသေးတလှည့် ရိုက်ရတာမှ တကယ် ခက်တာခင်ဗျ။ လွယ်မှတ်လို့။ ထက်မြက်သူကတော့ အထွက်ခက်သူဘ၀ ရောက်သွားပြီခင်ဗျ။ မျိုးမြင့်မောင်ကို အင်္ဂလိပ်စာ အကြွေးမရှင်းနိုင်သေးလို့ ဆိုပဲ။

Anonymous said...

ဗျိုး..အကြီးတလုံး အသေးတလုံး(Anonymous : February 17, 2009 9:52 AM )

ခင်ဗျား..ကျနော် နဲ့ ကိုမျိုးမြင့်မောင် ရဲ့ မေးခွန်းလေးတွေ ဖြေပေးပါဦးလေ…:)

Anonymous said...

Hi...!!

Thks By The Name Of " Big Bottle - Small Bottle "..!!

To JD -

As Said-Above-Poem,

R U Very Sure That " All The WORDS " Came From Ko Paw .?

If U Can't Create ORIGINAL, Pls Don't Play Others' By Degrading to Funny...!!

To M M Maung -

I Hve No Idea for Yr Question...

Btw, FEEL By Yrself...If Can...

Hve Fun But Be Careful..

Nice Day...

Anonymous said...

"If U Can't Create ORIGINAL, Pls Don't Play Others' By Degrading to Funny...!!.." said The Anonymous Turned Mr. BiG B sMall b.
All I can say is YOU Don't have any SENSE Of HUMOR! YOU must Love the Faces of those PPL (shown on TV or the newspaper) Who think that they FEED the Whole BURMA (4U: myanmar)!!

Anonymous said...

အကြီးတလုံး အသေးတလုံး...

You said : R U Very Sure That " All The WORDS " Came From Ko Paw .?

I have never ever said that before. Of course I do know that first paragraph is taken from the poem written by Neruda.That's why ko paw named this poem as "G1.2 Neruda ".

You said: If U Can't Create ORIGINAL, Pls Don't Play Others' By Degrading to Funny...!!

That sentence answers my first question and the answer means... you don't get the real message that ko paw wants to give to the readers.
You should read the comment written by ko "NLS" and it will help you understand more.

Anyway, thanks for your reply.

Anonymous said...

ကိုပေါရေ... အရမ်းမိုက်တယ်။ ကဗျာလေးက.. ဒါပေမဲ့ မျှစ်စားပြီး တက်ပီး အိပ်ပျော်သွားရော ဟိဟိ

မျိုးမြင့်မောင် said...

The Anonymous who can't type properly

You said to me "Hve Fun But Be Careful.."

But, dude, YOU gotta be careful if you wanna keep talking like this. Don't even think I would care much about such a little piece of shit like YOU!

မျိုးမြင့်မောင် said...

ရလွတ်ပလွတ်ရွာစားကြီးရေ

မြန်မာလို ရိုက်တတ်သွားပြီဗျ။ အခုတော့မှ ဆဲရတာ သရော်ရတာ ပိုအားရလာတယ်။ ဟီး...အရသာ ရှိပ။ အစ်ကိုတို့ ရွာစားတွေလည်း ပွဲမရှိမှာ မပူနဲ့ဗျို့ ။ ပွဲတွေက လာဦးမှာ။ အစ်ကိုရေ...တီးဖို့သာ ပြင်ထားပေတော့။

Anonymous said...

ါ့တိုင်းပြည်လေးမှာ..

သစ်မြစ်တွေကိုတောင်

ငါချစ်တယ်...

တကယ်လို့

အကြိမ်ပေါင်းတစ်ထောင်

သေရင်....

အဲဒီမှာပဲငါသေချင်တယ်

တကယ်လို့

အကြိမ်ပေါင်းတထောင်

ပြန်မွေးရင်လည်း

အဲဒီမှာပဲ ငါမွေးချင်တယ်။

“နီရူဒါ”

Hi Guys..!!

It's Original.....

And...

It's Not Funny...!!!

ကိုပေါ said...

>>>Anonymous.... သောက်အ.....။ အဲဒါဟာ မူရင်းမဟုတ်။ ဘာသာပြန်။ မနော်ဟရီဘလော့ဂ်ကနေ ကူးလာတယ်မို့လား။ အဲဒါ တပုဒ်လုံးကို ဘာသာပြန်ထားတာမဟုတ်။ နီရူဒါရဲ့ မူရင်းကို မဖတ်ဘူးရင် ရှာဖတ်ကြည့်လိုက်ဦး....ငတုံးရဲ့။

မျိုးမြင့်မောင် said...

သောက်ရူးငတုံး အကြီးတစ်လုံး အသေးတစ်လုံးရေ

ဟောဒီအောက်က စာပိုဒ်ကမှ 'el original' စစ်စစ်ကွ။

Pero yo amo hasta las raíces
de mi pequeño país frío.
Si tuviera que morir mil veces
allí quiero morir:
si tuviera que nacer mil veces
allí quiero nacer,
cerca de la araucaria salvaje,
del vendaval del viento sur,
de las campanas recién compradas.

မင်းက Pablo Neruda နဲ့ ပတ်သတ်ပြီး ဘာလေးမှ အထိမခံနိုင်ရအောင် သူ့ကဗျာသူ့စာတွေကို ဘယ်လောက်သိတတ်နားလည် နေလို့လဲ။ မင်း Neruda ကို ချီုးကျုးနေတာက မြင်းထိန်းငတာက ယောမင်းကြီး ဦးဖိုးလှိုင်ကို ဥတုဘောဇနကျမ်းနဲ့ ပတ်သတ်ပြီး ချီုးကျုးနေသလို ဖြစ်နေပြီကွ။

ကိုပေါ said...

>>> ငြိမ်း .... ယုံပါတယ်။

မမသီရိ said...

အခုမှ ပြန်ရှာတွေ့တော့တယ်
...
ဒီကဗျာ ကို ပထမဦးဆုံးလာဖတ်ခဲ့တာ အမ ပါ
နီရူဒါ ကိုလေးစားခဲ့သူ တယောက်မို့ စိတ်မကောင်းဖြစ်ပြီး
ဘာကွန်မန့်မှမပေးဖြစ်ခဲ့ဘူး
ဒါပေမဲ့ မောင်လေး ပေးထားခဲ့ တဲ့ Link ကတစ်ဆင့် အမ သိချင်နေတဲ့ ကဗျာဆရာကြီး နီရူဒါ ရဲ့ အကြောင်းကို လေ့လာခွင့်ရခဲ့တယ်
တော်လှန်ရေးနေ့ အတွက် ဂုဏ်ပြု ကဗျာ တပုဒ်လဲ အဲဒီနေ့ က ခံစားချက်ကြောင့် ရေးဖြစ်ခဲ့တယ်..
ဒီကဗျာ လာဖတ်ဖြစ်တဲ့ အချိန်က အမ ကဘလော့ဂ်လောက သိပ်မသိတော့..ဒီဘလော့ဂ်ကို မမှတ်မိခဲ့ ဘူး
ခု.. အမပို့စ်လေး ရေးတော့.. လာဖတ်တဲ့ တယောက်က အဲဒါ ကိုပေါ ဘလော့ဂ် ဖြစ်နိုငတယ် ဆို့ လို့ လိုက် ရှာရင်း ရောက်လာတာပါ..
နီရူဒါ ရဲ့ Link အတွက် ကျေးဇူးတင်ချင်လို့ပါ
ပြီးတော့ဒီကဗျာလာဖတ်တဲ့နေ့ က ခံစားချက်လေး ကို အခြေခံတဲ့ အတွေးတွေ ကြောင့် ကဗျာ တပုဒ် ရခဲ့ လို့ လဲ ကျေးဇူး ထပ်တင်ပါရစေ နော်..
အစစ အရာရာ အဆင်ပြေပါစေ

ကိုပေါ said...

မမသီရိ နီရူဒါကို ကျနော်လည်း လေးစားပါတယ်။ ကျနော့်ကဗျာက နီရူဒါလိုပဲ တိုင်းပြည်ပြင်ပကိုရောက်နေပြီး၊ နောက်ပြီး နီရူဒါလိုပဲ တိုင်းပြည်ကို ချစ်တယ်ပြောပြီး တကယ်တမ်းမှာ တိုင်းပြည်ကို အပြောသက်သက်နဲ့သာ ချစ်သူတွေကို သရော်ချင်တာပါ။ မမသီရိပြောတဲ့ ကဗျာကို လာဖတ်လှည့်ပါဦးမယ်။

မမသီရိ said...

ကိုပေါရေ..
အမ ကခပ်တုံးတုံး ဆိုတော့ .. ကဗျာက ဘာဆိုလို သလဲ ဆိုတာ ချက်ချင်း သဘော မပေါက်ခဲ့ ဘူး။ တကယ်ပါ
တခုခု ကို သရော်ချင်လို့ ဆိုတာမျိုး ရေးရေး လေး သဘောပေါက် သလို ရှိခဲ့ ပေမဲ့.. အဲဒီအချိန်တုန်းကတကယ် စိတ်မကောင်းဖြစ်ခဲ့ မိတာပါ..
ပြန်ပြီး လာပြောတာလဲ ကျေးဇူး တင်ပါတယ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs