“ရမ္ဘုိ(၅)”

Share |
နိုင်ငံရေးသမား
လူလည်များ
အနား မကပ်လင့်။

ပြည်ပအစိုးရ
အသုံးမကျ
ဆဲရ မောတယ်ရှင့်။

ပြည်တွင်းလှုပ်ရှားသူ
အို…လဒူ
ဉာဏ်ကူ စဉ်းစားချင့်။

နိုင်ငံရေးအကျဉ်းသား
လူမိုက်များ
အင်အားဖြုန်းနေထင့်။

ပွဲသိမ်းတိုက်ပွဲ
ဘယ်မှာလဲ
အမြဲ လက်မောင်းပင့်။

တိုက်ပွဲငယ်ဆို
တို့မလို
အားကို ချွေတာသင့်။

ကျမကတော့
ပြည်သူပေါ့…
ခုတော့ မထွက်ဝံ့။

..................ရေးသူ- ကိုပေါ

57 comments:

Anonymous said...

shwe pyi taw yal myaw lay tine way.

Anonymous said...

ရေ:သူ ကိုပေါဆိုပြီ: ဘလို့ကျမ ဖြစ်သွာ:ပါလိမ့်

Anonymous said...

အမြင်တူတဲ့ ရှုထောင့်က စပ်ဆိုတင်ပြတာကို သဘောတူမိပါတယ်..။ ဖိတ်ခေါ်ထားတဲ့ မြှားအရေအတွက် ခန့်မှန်းခြေ မည်မျှရှိပါသနည်း စာဆိုရှင် မောင်ပေါ..။

မျိုးမြင့်မောင် said...

များ ကို ဘာမှလာမပြောနဲ့။ များ က အင်တာနက်ပေါ်က တိုက်နေတာ။ တစ်တောင့်ဆို တစ်ယောက်ပဲ။ ထွက်တာကတော့ နိုင်ခါနီးမှပေါ့...လို့ဆို။

ကိုပေါ said...

>>> Anonymous … ရွှေပြည်တော် မျှော်တိုင်းမဝေးပါဘူးလေ။ လေယာဉ်ပျံစီးပြီးပြန်ရင် နှပ်တညှစ်ခွဲလောက်ပဲ ကြာပါတယ်။

>>> ခရေဖြူ .... သိပ္ပံခေတ်ကြီးထဲမှာ ဒီမေးခွန်းမျိုး မလိုတော့ပါဘူးကွယ်။

>>> CMA …. ဖိတ်ခေါ်ပေမယ့် မြားသိပ်လာမယ်မထင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ စစ်မရောက်ခင်ကတည်းက မြားကုန်နေကြပုံရတယ်။း-)

>>> မျိုးမြင့်မောင် …. ကဗျာမှာ မတင်ခင်အထိ ဒီအပိုဒ်ကလေးလဲ ပါသေးသဗျား။
“စနိုက်ပါလို
မှောင်ရိပ်ခို
ကျည်ကို မဖြုန်းနှင့်”….တဲ့….အဟိ။ နောက်မှ ဖြုတ်လိုက်တာ။ မူပိုင်ခွင့် ငြိနေမှာစိုးလို့။

Anonymous said...

သြော်... ကိုပေါကလဲ ... မိုးပြိုလဲ အများပါဆို....း)

Anonymous said...

Very Good Poem...

Anonymous said...

အင်း...ဒီလိုနဲ့ဘဲမိုးကြီးချုပ်တော့မှာပေါ့..ဒါနဲ့စကားမစပ်
မောင်ရိုးကကိုပေါနဲ့တူသလိုဘဲ..ခေါင်းသေးသေးကိုယ်ကြီး
ကြီးနဲ့ဆိုတော့..ဟီး))))))

ခင်မင်းဇော် said...

ဟိ ကိုပေါ...
နောက်ဆုံးကျည်ဆံပဲ လုပ်ပါ့မယ်ဆိုနေမှ.....

Kaung Kin Ko said...

ရမ်ဘို(၅) ကို ရုပ်ရှင်ရိုက်ရင် ဘယ်အခန်းက ပါရင်ကောင်းမတုန်းမသိဘူး။ :D

Kaung Kin Ko said...

လွတ်လွတ်ကင်းကင်း ဗိုလ်ချုပ်ကြီးပဲလုပ်မှ ထင်တယ်ဗျ။ ဟားဟား

ကိုပေါ said...

>>> Anonymous …. မိုးပြိုမှာစိုးလို့ ခြေထောက်နှစ်ချောင်း မိုးပေါ်ထောင်အိပ်တဲ့ တစ်တီတူး ငှက်ကို သတိရမိတယ်။

>>> Anonymous …. ဗဲရီးဂွတ်ဆိုရင် စိတ်အချဉ်ပေါက်နေသူဖြစ်ရမယ်။

>>> Anonymous …. မိုးက ချုပ်နေခဲ့တာ ကြာပြီ ကိုယ့်လူရေ။ မကြာခင် မိုးလင်းတော့မယ်။ ထ..ထ။ မျက်နှာသစ်လိုက်ဦး။ ပိတ်နေတဲ့ မျက်ချေးတွေဘာတွေ ပြောင်သွားအောင်။

>>> ခင်မင်းဇော် ….. နောက်ဆုံးကျည်ဆံလုပ်လို့ မရဘူးအစ်မ….။ မခင်မင်းဇော်ဆီက လက်နက်ကြီး ပစ်ကူလိုတယ်။း-)

>>> ကောင်းကင်ကို ….. အဲဒီနေရာက ကျနော်ဦးထားပြီးသားခင်ဗျ။ ကိုကောင်းကင်ကိုအတွက်ဆိုရင် စိန်စီသောည သတို့သားကလေးနေရာက ပေးလုပ်မယ်ဗျား။ စိတ်ဝင်စားလားဟင်။း-)

Anonymous said...

တိုပေါကတူညားညက်ချေးဆိုတိတ်ညင်တာဘဲနော်...

pandora said...

ဒိုင်း....
အနီးကပ် လာပစ်သွားတယ်။ ဘာတတ်နိုင်သေးလဲ ကိုပေါ။ လက်ယားတဲ့သူက တခုခုတော့ ပစ်ကို ပစ်လိုက်ရမှ။ :)

ကိုပေါ said...

>>>Anonymous.... တူညားညက်ချေးကို မြင်တတ်အောင် လေ့ကျင့်ယူထားတာဗျ။

>>> pandora .... အင်း....(ပန်ဒို)ရာမ...ရာမ....ဒီကောင် လက်ထဲမှာ သေနတ်ကိုင်ရရင် သွေးပြောင်းတယ်.... အေးလေ...သိကြသေးတာပေါ့... သိကြသေးတာပေါ့....ဟွန်းဟွန်းဟွန်းဟွန်း (ဗိုလ်အောင်ဒင်၏ နှုတ်ခမ်းမဖွင့်ဘဲ ရယ်သောအသံ)

Anonymous said...

ကျောက်ဆောင်ကြီးကို.
ဖြိုမယ်ဆို..
ခေါင်းဖြင့်မတိုက်နှင့်..။
:D.. ဖြည့်ရေးသူ FullStop

ကိုပေါ said...

>>>> ဖြည့်ရေးသူ Fullstop....

“နအဖဆို
ကျောက်ဆောင်လို
မှတ်ကို မမှတ်နဲ့”.....လို့ပဲ ကိုယ့်လူကို အကြံပေးချင်ပါတယ်။ နအဖ ဟာ မပြိုမပျက်နိုင်တဲ့အရာကြီးတခုလို တွေးပြီး သွေးပျက်မနေပါနဲ့။ မစုစုနွေးတို့၊ မနီလာသိန်းတို့၊ မမီးမီးတို့၊ မဖြူဖြူသင်းတို့ကို ရှက်စမ်းပါဗျာ။

အဲသလိုမှ နှလုံးမသွင်းနိုင်ရင် အချုပ်တန်းဆရာဖေရဲ့ ကဗျာထဲကလို...

စစ်သားမြင် သူ့အမေ(-)တော့မလိုပ
ခုမြေရှိုးပုန်းရှောင်
မိုက်မနော်ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့မဟောင်
ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်
ဆာသင်တောင်ဒူးချလို့
ပလူးရပြေးကျို့ ကာ
ခွေးသို့ပမာ
တွေးမိတိုင်းအရိုးနာသည်
အမျိုးပါဆဲချင်တော့လေး။........ဖြစ်သွားနိုင်တယ်ဗျိုး။

(စာသင်=ဆားဂျင့်= Sergeant= တပ်ကြပ်ကြီး)

Ozzy said...

Great! I like this poem,too.

Anonymous said...

Hi Ko Paw,

This poem hits the right note with the dilemma of most overseas Burmese. A lot of self-appointed patriotic Burmese living overseas including myself seem to have ended up being armchair strategists and paying lip service for the struggle to democracy. There are a lot of internal and external constraints limiting people to go all the way, stick to the gun and fight until the last battle. Only very few can sacrifice like DASSK, Min Ko Naing, etc.

While I always hold my all-out admiration on DASSK, 88-Gen Students' group and local activists like Su Su Nwe, I think there is no wrong in blaming on the so-called exiled government led by Dr. Sein Win. They are nothing more than mere paper tigers - so ineffective, so incapable and so self-interested. I wonder what they have achieved so far.

Anyway, let's prepare for 2010. Personally, I do oppose the military-orchestrated constitution. But, it has reached sort of the point of no return now. We have to face it and formulate some strategies not to let the military regime call the shots in the coming election.

I think NLD should start considering to set up a proxy party to take part in this election. We can't risk letting Than Shwe and his gang of thugs run the future parliament as they like.

Rgds,

Ko Myo (SG)

Anonymous said...

ကျောက်ဆောင် စကားပြေ..
ကျောက်ဆောင်ဆိုသည်မှာ နအဖ သာမက လက်ရှိရင်ဆိုင် နေရတဲ့ အခက်အခဲများကို ဆိုလိုပါတယ်.။ လက်ရှိရင်ဆိုင် နေရသော အခက်အခဲများမှာ ကျောက်ဆောင်တမျှ ခက်ခဲပါတယ်. အဘယ်ကြောင့်ဆိုသော် ခါးသီးမှန်းသိရက်နဲ့ အဲ့ဒီ စနစ်ဆိုးကြီးကို မတွန်းလှန်နိုင်သည်မှာ အနှစ်နှစ်ဆယ် ကျော် တောင် ကြာခဲ့ လို့ပါဟု သက်သေပြချင်ပါတယ်။ ဆိုတော့ ခေါင်းဖြင့်တိုက် ဖြိုခြင်း ဆိုသည်မှာ ခေါင်းကို သုံးသော်လည်း ထိရောက်စွာ မသုံးနိုင်သော အသုံးချမှုများ ကို ရည်ညွန်းခြင်းဖြစ်ပါတယ်.။ ထိုထိရောက်စွာ အသုံးမချ ခြင်းဆိုသည့် အထဲတွင် အထက်ပါကဗျာ မျိုး ပါဝင်သည်ဟု မြင်မိပါတယ်. ဘာလို့ပါတာလည်း မေးလျှင် အောက်ပါအကြောင်းအရာ ကြောင့်ဟု ပွင့်လင်းစွာ ဝေဖန် အကြံပေးချင်ပါတယ်.. ထို.. အောက်ပါအကြောင်းအရာမှာ..
-စည်းရုံးနိုင်မှု ညံ့ဖျင်းခြင်း ဖြစ်ပါတယ်.။
မည်သို့ပင်ဆိုစေ ကာမူ အခုလို ဝေဖန်နေသူ. မထွက်ဝန့်သေးသော ပြည်သူ များသည် လည်း လိုအပ်လျှင် အသုံးပြုနိုင်မည် ဖြစ်သော စနစ်ဆိုးကို တွန်းလှန်ချင်သည်မှာ သေချာသော လူများပင် ဖြစ်ကြပါတယ်. ကြောက်ခြင်း မကြောက်ခြင်း ဆိုသည်မှာ အပြစ်မတင်သင့်သော လူတစ်ယောက်ခြင်းစီ အိ အခြေနေဖြစ်ပါတယ်. ထိုသို့ အပြစ်တင်လိုက်ပါက စုစည်းစွာ အကောင်အထည်ဖော်ရန် လိုအပ်သည့်အချိန်တွင် အားအင်လျှော့နည်း နိုင်ပါတယ်. ဥပမာ (ဘာမှ မစွန့်လွတ်ပဲ နဲ့ များ စင်ကာပူမှာ အဲကွန်းလေးနဲ့ အင်တာနက်လေးနဲ့ နေပြီး စာလေးရေး လှုပ်ရှားမှုလေး တစ်ခုနှစ်ခု ပေါ်လာရင် ထလုပ်. မြန်မာနိုင်ငံမှာ ထောင်အကျခံပြီး လုပ်နေတဲ့ မမီးမီးကို ရှက်စမ်းပါ ကိုပေါရာ) ဟု ပြောမည်ဆိုလျှင် မှန်ကန်နေသော်လည်း ကိုပေါ ဇာတ်ကနဲ မှာတော့ ထောင်းကနဲ ဖြစ်သွားမှာ သေချာပါတယ်). ဟုတ်တယ် ရှက်တယ် လို့ ပြန်ဖြေလျှင် ကိုပေါ သည် စဉ်းစားနိုင်စွမ်း ခံစားပေးနိုင်စွမ်း ရှိလို့ဟု ပြန်ပြောပါမယ်. ထိုနေရာတွင် စဉ်းစား သင့်သည်မှာ လူတိုင်းဟာ လူတွေပဲ ဖြစ်ပါတယ်. မလုပ်ရကောင်းလား ဟု ထိုင်အပြစ်တင်နေလျှင် နွံထဲနစ်နေသော နွားကို ရုန်းစမ်း ရုန်းစမ်း ဟု ကြိမ်လုံးနှင့် ကြိမ်ဖန်များစွာ ရိုက်နေသကဲ့သို့ ဖြစ်သွားပါလိမ့်မယ်.. ရိုင်းရိုင်းနဲ့ ရှင်းရှင်းပြောရလျှင် သောက်မြင်ကတ်လာလို့ ကို ထမလုပ်တော့တာကွာ ဆိုသော မျိုးချစ်စိတ်တောင် ခန ပျောက်သွားနိုင်တဲ့ အခြေနေရှိပါတယ်.. ဒီကဗျာမျိုးသည် အာရုံနိုးဆွခြင်း ဖြစ်တယ်ဆိုတာ သဘောပေါက်ပါတယ်. သို့သော်လည်း ကုန်ပစ္စည်းတစ်ခု ဆိုသည်မှာ ဖောက်သည်အခြေအနေ ကို လိုက်ပြီး ရောင်းဝယ်မှသာ အကျိုးရှိပါတယ်. ကိုပေါ အိစာဖတ်သူများမှာ ထိုသို့ အာရုံနိုးဆွ လျှင် အကျိုးရှိခြင်းထက် မရှိခြင်းက ပိုများပါတယ်.. ထို့ကြောင့် စေတနာကို လေးစားသော်လည်း နောက်ထပ် မလုပ်သင့်သော အာရုံနိုးဆွမှု မျိုးဟုသာ ထင်မြင်မိပါတယ်. စာရှည်သွားသော် လည်းထပ်မံ လျှာရှည်ရလျှင်မူ ကျွှန်ုပ်သည်သာ စာမေးပွဲ စစ်မည့်သူဆိုပါက ကိုပေါအား နိုင်ငံချစ်စိတ်။ နိုးကြားစွာ အကောင်အထည်ဖော်မှု။ တက်ကြွသော တစ်ချို့ အိုင်ဒီယာ စသည် စသည်တို့တွင် လေးစားစွာ ဂုန်ထူးမှတ်ပေးပါတယ်. သို့သော် လိမ္မာပါးနပ်မှု တွင် အမှတ်လေးဆယ် အောက်သာပေး မိမည် ဖြစ်ပါတယ်... ဟု .... ထိုအပိုဒ်သည် အဓိပ္ပါယ် ရကြောင်း ထပ်မံ ဖြည့်စွက်လိုက်ပါတယ်..... (FullStop) စကားချပ်..။ ပွင့်လင်းစွာ ဝေဖန်ရုံ သက်သက်သာ ဖြစ်ကြောင်း အာမခံပါတယ်..။

Anonymous said...

ပြည်ထောင်စုနေ့က ရေးထားသော ပို့စ်မျိုးသည်သာ ထိရောက်စွာ အကျိုးရှိမည် ဖြစ်သော အာရုံနိုးဆွမှု မျိုးဟု ထင်မြင်မိပါကြောင်း ထပ်ဆောင်း ချင်ပါတယ်.. (FullStop)

ကိုပေါ said...

>>> Ko Myo (Sg) …. အဖွဲ့ချုပ်အနေနဲ့ နအဖအစိုးရက ရွေးကောက်ပွဲ မတိုင်မီ အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှုပြုလုပ်လာမယ် (ဖြစ်နိုင်ခြေတော့နည်းတယ်)ဆိုရင်၊ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကောင်းပြိုင်မယ်လို့ ကြေညာချက်ထုတ်ထားတာတော့ရှိတယ်။

ဒါပေမယ့် မလွတ်လပ်တဲ့အခြေအနေတခုမှာ…. ဘာကိုမှ ယုံစားလို့ မရတဲ့အခြေအနေကိုပါ။ ၁၉၉၀ ခုနှစ်တုန်းကလည်း အဖွဲ့ချုပ်အနေနဲ့ တခဲနက် နိုင်ခဲ့တာပါပဲ။ ဒါပေမဲ့ နအဖက ကတိမတည်တဲ့အခါ နိုင်တာလည်း အလကား ဖြစ်သွားခဲ့တယ်။ အခု ၂၀၁၀ကျရင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲလောက်တောင် လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ပေးတော့မှာမဟုတ်တော့ဘူး။ မဲကို ညစ်ပါလိမ့်မယ်။ လူထုဆန္ဒခံယူပွဲတုန်းက နအဖ ညစ်ပြခဲ့ပြီမဟုတ်ပါလား။ သည်တော့ ကျနော်တို့ဟာ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေကြမယ်ဆိုရင် ရူးမိုက်ရာ မကျပေဘူးလား။ အဖွဲ့ချုပ်ရဲ့ (Proxy) နောက်ထပ် ပါတီတခုအနေနဲ့ မဲအများစုနိုင်လို့ ပါလီမန်ထဲမှာ ရောက်သွားတယ်ထားဦး။ ဘာလုပ်လို့ရမှာလဲ။ စစ်ဦးစီးချုပ်က အချိန်မရွေး အာဏာပြန်သိမ်းလို့ ရတဲ့ အခြေခံဥပဒေကြီးလည်း ရှိနေပြီးသား။ ကျနော့်အမြင်တော့ မလွတ်လပ်တဲ့ စနစ်ကို လွတ်လပ်အောင် အရင်လုပ်ယူဘို့က ပဓာနကျတယ်။ စနစ်မပြောင်းပဲနဲ့ အစိုးရပြောင်းလဲရုံလောက်နဲ့ ပြဿနာက ပြေလည်ဖို့မရှိဘူးလို့ မြင်မိပါတယ်။

>>>Fullstop…. မိတ်ဆွေ ကျနော့်ခံယူချက်ကို နားမလည်သေးလို့ မြင်မိပါတယ်။

မြန်မာနိုင်ငံမှာ ထောင်အကျခံပြီး လုပ်နေတဲ့ မမီးမီးကို ရှက်စမ်းပါ ကိုပေါရာ) ဟု ပြောမည်ဆိုလျှင် မှန်ကန်နေသော်လည်း ကိုပေါ ဇာတ်ကနဲ မှာတော့ ထောင်းကနဲ ဖြစ်သွားမှာ သေချာပါတယ်

မမီးမီးလောက် သတ္တိမရှိသေးသည့်အတွက် ကိုယ့်ကိုယ်ကို အားမရမိ၊ ရှက်မိသည်မှန်သော်လည်း အထက်ပါအတိုင်း ကျနော့်ကို လာပြော၍တော့ ထောင်းကနဲ ဖြစ်စရာအကြောင်းမရှိပါ။ အဲဒါက ကိုယ့်ကိုယ်ကို အမှန်အတိုင်း၊ အရှိအတိုင်းလက်ခံနိုင်လျှင် ဘာမှ နာစရာမရှိပါ။ ဘာကြောင့်လဲ ကျနော်မကြာခဏ ပြောဘူးပါသည်။ လူတိုင်းသည် မစုစုနွေးတို့လောက် သတ္တိရှိချင်မှ ရှိမည်။ စွန့်လွှတ်နိုင်ချင်မှ လွှတ်နိုင်လိမ့်မည်။ သို့သော် လူတွေ၏ လက်တွေ့ကျကျ ပူးပေါင်းပါဝင်မှုတော့ လိုအပ်သည် လို့ ကျနော် ပြောနေကျပါ။

လှုပ်ရှားမှုလေး တစ်ခုနှစ်ခု ပေါ်လာရင် ထလုပ်. ဆိုတာနဲ့ ပတ်သက်လို့တော့ အဲသည်လှုပ်ရှားမှုလေးတွေတိုင်းဟာ ပေးဆပ်မှုမပါဘဲ လုပ်လို့မရဘူးဆိုတာ မိတ်ဆွေ သတိပြုမိဘို့လိုပါတယ်။ ကျနော့်ဘလော့ဂ်ဘေးမှာ တင်ထားတဲ့ ဒေါ်စု မိန့်ခွန်းကို ဘာသာပြန်ပေးရရင်

“အကြောက်တရားရဲ့ တဖြည်းဖြည်းနဲ့ မသိမသာ အန္တရာယ်အပေးဆုံး အသွင်သဏ္ဍန်တမျိုးကတော့.....လူ့တန်ဘိုးနဲ့ လူ့ဂုဏ်သိက္ခာမညှိုးနွမ်းရလေအောင် ထိန်းသိမ်းစောင့်ရှောက်ဘို့အတွက် သတ္တိစွမ်းပြတဲ့ နေ့စဉ် စွမ်းဆောင်ချက်ကလေးတွေကို မိုက်မဲတဲ့လုပ်ရပ်၊ မဆင်မခြင်လုပ်ရပ်၊ မပြောပလောက်တဲ့လုပ်ရပ် (ဒါမှမဟုတ်) အကျိုးမဲ့တဲ့လုပ်ရပ်ရယ်လို့ ပြစ်တင်ရှုတ်ချပြောဆိုတတ်ပြီး ကျိုးကြောင်းဆင်ခြင်ဉာဏ်ဖြစ်လေသယောင်(သို့မဟုတ်) ပညာဉာဏ်ပင်ဖြစ်လေသယောင် အရေခြုံဟန်ဆောင်တတ်တဲ့ အကြောက်တရားမျိုးဘဲ ဖြစ်ပါတယ်။”

လူတွေမှာ သူပေးဆပ်နိုင်သော စည်းကို သတ်သတ်မှတ်မှတ် ဆွဲထားသင့်သည်လို့တော့ ကျနော်မြင်ပါတယ်။ မိတ်ဆွေအနေနဲ့ မြန်မာ့အရေးအတွက် စင်္ကာပူက အောချာ့ဒ်လမ်းမပေါ်ထွက် ဆန္ဒပြတာမျိုးလောက်ကို လုပ်ခဲ့တယ်ဆိုရင်လည်း မိတ်ဆွေအနေနဲ့ အထိုက်အလျောက် သတ္တိရှိတယ်လို့ ကျနော်သတ်မှတ်ပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ မိတ်ဆွေအနေနဲ့ ရဲက ဖမ်းတာ ခံဝံ့လို့၊ စင်္ကာပူမှာ နေထိုင်ခွင့်ဖျက်သိမ်းခံရမှာကို မမှုလို့ ဒီလောက်စွန့်စားလုပ်တယ်လို့ အသိအမှတ်ပြုပေးမှာပါ။

သို့သော် ဘာမှ မလုပ်ရဲပဲ ကိုယ်တိုင် အိမ်တွင်းပုန်းလျက် အခြားလှုပ်ရှားသူမှန်သမျှကို အင်တာနက်ပေါ်က အမည်ဝှက်နဲ့ ဝေဖန်နေတာလောက်ကိုတော့ ချီးကျူးဖို့ ခက်လှပါတယ်။ အိမ်တွင်းမှာပုန်းနေပေမယ့် ငွေကြေးဖြင့် တဖက်တလမ်းက ထောက်ပံ့နေသူများကိုတော့ နားလည်ပေးနိုင်ပါတယ်။

ကျနော့်ကို စည်းရုံးနိုင်မှုညံ့ဖျင်းသည်ဟု ဝေဖန်လျှင်လည်း နာစရာမရှိပါ။ သို့သော် ကျနော်မကြာခဏ ပြောခဲ့သည့်အတိုင်း စည်းရုံးနေသမျှ ကာလပတ်လုံး တယောက်ဖြစ်စေ…နှစ်ယောက်ဖြစ်စေ…ကျနော်နဲ့အမြင်တူသူ ပေါ်ပေါက်လာရင် ကျနော်လုပ်နိုင်ထက် နှစ်ဆ သုံးဆ ပိုပြီး လုပ်နိုင်မယ်။ ဒါကျနော့် ယုံကြည်ချက်ပဲ။ အဓိကက လက်တွေ့လုပ်မယ့်လူတွေ များများပေါ်လာဖို့ပဲ။ Critical mass လို့ခေါ်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အမာခံတွေရလာပြီဆိုရင် ဒီလူတွေဟာ အပြောင်းအလဲကို ဦးဆောင်မှာပါ။ ကျန်တဲ့ စောစောက အိမ်တွင်းပုန်းတွေဟာ အဲဒီအချိန်ကျရင် အလျှိုလျှိုထွက်လာပါလိမ့်မယ်။ တချို့ဆို ရှေ့ဆုံးမှာတောင် ပြေးပြီး နေရာယူလိုက်ပါတယ်။

ဥပမာ ပေးရရင်.... ရွှေဝါရောင်တော်လှန်ရေးကာလမှာ အဲသည်လို ရှေ့ဆုံးကနေ ပြေးပြီး ကော်ဇော်ခင်းတဲ့လူတွေ မြင်ခဲ့ရပါတယ်။ စင်္ကာပူအစိုးရက စပြီး အရေးယူမယ့်ဟန် ပြင်လိုက်တာနဲ့ ၊ ဒါမှမဟုတ် ရဲစခန်းကို တကြိမ်လောက် ခေါ်ယူလိုက်တာနဲ့ လိပ်ခေါင်းလိုပဲ အလျှိုလျှို အခွံထဲကို ပြန်ဝင်ပြေးတဲ့ ဘလော့ဂါတွေ၊ လှုပ်ရှားသူတွေကို တွေ့မြင်ခဲ့ရပါတယ်။

ကြောက်ခြင်း မကြောက်ခြင်း ဆိုသည်မှာ အပြစ်မတင်သင့်သော လူတစ်ယောက်ခြင်းစီ အိ အခြေနေဖြစ်ပါတယ်. ထိုသို့ အပြစ်တင်လိုက်ပါက စုစည်းစွာ အကောင်အထည်ဖော်ရန် လိုအပ်သည့်အချိန်တွင် အားအင်လျှော့နည်း နိုင်ပါတယ်… ဆိုတဲ့ စကားနဲ့ ပတ်သက်လို့တော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်၊ မစုစုနွေးကိုယ်တိုင် ဒီမကြောက်တရားကိုပဲ အဓိကထား ပြောနေဟောနေရတယ်ဆိုတာ သဘောပေါက်သင့်ပါတယ်။ ကြောက်နေလို့ပဲ ဘာမှ မလုပ်တော့ဘဲ ငုံ့ခံနေကြတာပါ။ အနည်းဆုံး တခုခုလုပ်ဖို့ဆိုတာ သတ္တိတော့လိုပါတယ်။ ကြောက်နေလို့ မဖြစ်ပါ။ ကြောက်နေသမျှ စုစည်းလို့လည်း မရပါ။ ဆင်ခြေဆင်လက်မျိုးစုံပြောပြီး ရှောင်နေဦးမှာ ဖြစ်ပါတယ်။ အထက်က ဒေါ်အောင်ဆန်းစုကြည်ပြောစကားလိုပဲ “ကျိုးကြောင်းဆင်ခြင်ဉာဏ်ဖြစ်လေသယောင်(သို့မဟုတ်) ပညာဉာဏ်ပင်ဖြစ်လေသယောင် အရေခြုံဟန်ဆောင်တတ်တဲ့ အကြောက်တရားမျိုးဟာ ကြောက်စရာအကောင်းဆုံး အကြောက်တရားမျိုးပါပဲ။”

ပြည်ထောင်စုနေ့က ရေးတဲ့ပုံစံက အတည်ပေါက် ရေးတဲ့ပုံစံပါ။ ဒီကဗျာပုံစံကတော့ သရော်စာလို့ ကျနော့်ဘာသာ သတ်မှတ်ထားပါတယ်။ သရော်စာမမြောက်ဘဲ ကလော်စာဖြစ်သွားရင်တော့ ကျနော့် ညံ့ဖျင်းချက်ပေါ့လေ။

ဒါက မိတ်ဆွေရဲ့ ကွန်မင့်နဲ့ ပတ်သက်လို့ ကျနော့်အမြင်နဲ့ သဘောထားကို ပြန်ပြောတာပါ။

ဝေဖန်မှုကို လက်ခံပါတယ်။ စိတ်မပူပါနဲ့။း-)

Anonymous said...

The truth is too bitter..some people just can't take it even a poem (that reflects the real situation).Do we lost our sense of humour ? :)
I don't see this as a political speech to persuade the people. And I appreciate the poet's creativity and see this as a kind of satirical poem that can reflect the God Damn Truth.

ကိုပေါ said...

>>>Anonymous.... Q:What is too hard to swallow?...................Ans: Truth. :-)

Anonymous said...

၉၀ ရာခိုင်နှုန်းသော လူတွေက ကြောက်လို့ မထွက်ခြင်း ဆိုတဲ့ အုပ်စု ထဲပါတယ် ဆိုကြပါစို့.. အဲ့ဒီအခြေအနေ မှာ အုပ်စုထဲက ထွက်လာအောင် (ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး ဒေါ်အောင်ဆန်းစုကြည်လိုမျိုး မရှိတဲ့အခါမျိုးမှာ.. ) ကြောက်ရကောင်းလားလို့ ပြောသည့်ပုံစံမျိုးဖြင့် လိုအပ်တဲ့ အရေအတွက် ထွက်လာလိမ့်မယ် လို့ ထင်ခြင်း..။ (သို့မဟုတ်) ပူးပေါင်းပါဝင်နိုင်အောင် ပိုမိုလိမ္မာ ပါးနပ်စွာ နည်းလမ်းရှာခြင်း ဖြင့် ဖြေရှင်းခြင်း..။ (ကျနော်ကတော့ အခုလို အခြေနေမျိုးမှာ ခက်ခဲသော်လည်း ဒုတိယ နည်းလမ်းက ပိုမိုထိရောက်မယ် ထင် တယ် ပြီးတော့ ကိုပေါရဲ့ နည်းလမ်းက ပြောနေတဲ့သူက ယုံကြည်မှုတွေရ ထားခြင်းခံရတဲ့ ခေါင်းဆောင် တယောက်မဟုတ်သေးတဲ့အတွက် အန္တရာယ် များတယ် )လို့ ကျနော်ပြောရင် ကိုပေါ ဘယ်လို စဉ်းစားမိလည်း ဆိုတာလေး သိချင်သေးတယ်..။ အချိန်ရရင်ပေါ့. FullStop

ကိုပေါ said...

>>> FullStop……အဲသည် ၉၀ ရာခိုင်နှုန်းကို Double Thinker လို့လည်း ခေါ်တယ်။ အာဏာရှင်စနစ်အောက်မှာ ရှိတဲ့လူသုံးမျိုးသုံးစားရှိတယ်။ (Natan Sharansky’s The case for democracy…မှ)

(၁) တမျိုးက True Believer လို့ခေါ်တယ်။ အာဏာရှင်ရဲ့ ၀ါဒဖြန့်တွေကို တကယ်ပဲ သက်ဝင်ယုံကြည်စွာ လိုက်နာလုပ်ဆောင်နေသူ တစု (လူနည်းစု)။

(၂) နောက်တမျိုးက Dissident (အတိုက်အခံ) တွေ။ လူနည်းစုပဲ။ အာဏာရှင်တွေရဲ့ ၀ါဒဖြန့်ကို မယုံကြည်ဘူး။ စိတ်ထဲမှာ ယုံကြည်တဲ့ အတိုင်း ပြောရဲတယ်။ လုပ်ရဲတယ်။

(၃) ခုနက ပြောတဲ့ Double Thinker (ရူးချင်ယောင်ဆောင်သူများ)။ သူတို့ဟာ အာဏာရှင်စနစ်ကို မကြိုက်ဘူး။ ယုံလည်းမယုံဘူး။ ဒါပေမယ့် အကြောက်တရားက ခြယ်လှယ်နေတဲ့အတွက် မယုံတာကို ထုတ်မပြောဝံ့။ မပြုမူဝံ့ဘူး။ နှာစေးနေကြတယ်။ ရူးချင်ယောင်ဆောင်နေကြတယ်။ ဒါပေမယ့် သူတို့က လူများစုပဲ။

အာဏာရှင်စနစ်တခုမှာ ဖိနှိပ်မှုများလေလေ အတိုက်အခံ အရေအတွက် နည်းလေလေ၊ Double Thinker အရေအတွက် များလေလေပဲ။ ရူးချင်ယောင်ဆောင်သူ အမျိုးအစားဟာ သူတို့ မယုံတာကို နှုတ်က ထုတ်ပြောခြင်း၊ ပေါ်ပေါ်ထင်ထင် ပြုမူခြင်းမရှိတဲ့အတွက် ပြင်ပကမ္ဘာကကြည့်ရင် Double Thinker တွေ ရှိတယ်လို့ မထင်ရဘူး။ ပြည်သူအားလုံးက အစိုးရကို ထောက်ခံနေသယောင်ထင်ရတယ်။

ဒါပေမယ့် Double Thinker တွေထဲက အချို့်ဟာ အတိုက်အခံဘ၀ကို ကူးပြောင်းလာပြီဆိုရင် ယုံကြည်တဲ့အတိုင်း ပြောရဲ၊ လုပ်ရဲလာတယ်။ ဘယ်အချိန်မှာ အတိုက်အခံဘ၀ကို ကူးပြောင်းလာသလဲဆိုရင် အကြောက်တရား ကင်းစင်သွားတဲ့အချိန်မှာ ကူးပြောင်းလာတယ်။

အခု…. ကျနော်အဓိက ရည်ရွယ်တာကတော့ Double Thinker တွေထဲကနေ တယောက်စ နှစ်ယောက်စ Dissident (အတိုက်အခံ) ဘ၀ကို ကူးပြောင်းလာအောင် ရည်ရွယ်တယ်။ ဒါဟာ ကျနော်ဘလော့ဂ်ရေးနေခြင်းရဲ့ ရည်ရွယ်ချက်ပဲ။ အောင်မြင်ချင်မှလည်း အောင်မြင်မယ်။ ဒါပေမယ့် ကျနော်ကြိုးစားနေတယ်။

ခုနက ပြောတဲ့ ၉၀ ရာခိုင်နှုန်းသော အများစုကြီး ကိုယ့်ဖက်ပါလာအောင်ဆိုတာ သူတို့ အကြောက်တရားကို ဖယ်ရှားပေးနိုင်တဲ့ ခေါင်းဆောင်မှပဲ ဖြစ်မယ်။ ဥပမာ…. ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့ စတဲ့ လေးစားအပ်တဲ့ ကြီးမြတ်တဲ့ သတ္တိရှိတဲ့ ခေါင်းဆောင်တွေ တတ်နိုင်တယ်။ ဒေါ်စုထွက်လာပြီဆိုရင် လူထုက နောက်က အချိန်မရွေးပါတယ်။ ဒါကို လူတိုင်းနားလည်သလို နအဖကလည်း နားလည်တဲ့အတွက် ဒေါ်စုကို အကျယ်ချုပ်ကလွှတ်မပေးတာပေါ့။

နောက်တခုက…. တစုံတခုသော အခြေအနေမှာလည်း အဲဒီ ၉၀ ရာခိုင်နှုန်းဟာ ထွက်လာတတ်ကြတယ်။ အဲဒါကတော့ ဖိနှိပ်မှုကို လုံးဝသည်းညည်းမခံနိုင်တော့တဲ့အခါ (ငတ်လာတဲ့အခါ၊ ဆင်းရဲဒုက္ခရောက်လွန်းမကရောက်လာတဲ့အခါ၊ သေမထူးနေမထူး ဘ၀ရောက်လာတဲ့အခါ) မျိုးတွေမှာ အကြောက်တရား ကင်းမဲ့သွားပြီး လမ်းပေါ်ထွက်လာနိုင်တာပဲ။ ဒါပေမယ့် အတိုက်အခံဖြစ်သွားတဲ့လူရဲ့ အကြောက်တရားကင်းစင်သွားပုံနဲ့ အဲဒီလို မခံမရပ်နိုင်လို့ ထချတဲ့ အကြောက်တရားကင်းစင်ပုံက မတူဘူး။ အတိုက်အခံရဲ့ အကြောက်တရားကင်းပုံက ရေရှည်ခံတယ်။ ဟိုတခုက ကောက်ရိုးမီးလို ခဏပဲ ခံတယ်။ ဒါပေမယ့် ခဏအတွင်းမှာ အာဏာရှင်စနစ်တခုလုံးကို လောင်မြိုက်သွားနိုင်တဲ့ စွမ်းအားတော့ ရှိတယ်။

ဒါကြောင့် အတိုက်အခံက အဲဒီကောက်ရိုးပုံပေါ်မှာ မီးပွတ်ပေးနေဘို့…လေပင့်ပေးနေဘို့လိုတယ်။ အဲဒါကို နံရံကို ခေါင်းနဲ့ပြေးတိုက်တယ်ဘဲဆိုဆို မိုက်ရူးရဲတယ်ပဲဆိုဆို…ထောင်နှုတ်ခမ်းလမ်းလျှောက်တယ်ပဲဆိုဆို…..အဲလို ကိုယ့်ထမင်းကိုယ်စားပြီး မီးပွတ်ပေးမယ့်လူ…ယပ်ခပ်ပေးမယ့်လူတွေ များများစားစား လိုနေတယ်ဗျာ။ ကျနော် ဦးတည်ပြီး ကြိုးစားနေတာ အဲသည်လူစားတွေအတွက်ပဲ။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းတော့ ကျနော်လည်းမတတ်နိုင်ဘူးခင်ဗျ။ မိတ်ဆွေပဲ စဉ်းစားကြည့်ပါ။ ကျုပ်ဘလော့ဂ်မှာ တနေ့တနေ့ လူလာဖတ်တာမှာ အလွန်ဆုံးရှိလှ ငါးရာလောက်ပဲ။ အဲဒီ ငါးရာထဲမှာပဲ ကျနော်က ကြိုးစားရတာပေါ့။ မြန်မာပြည်က သန်းငါးဆယ်ကို ကျုပ် မမှန်းဘူး။

ဒါပေမယ့် တကယ်လုပ်မယ့်လူ တယောက်ရရင် ကျုပ်လုပ်နေတဲ့ အလုပ် နှစ်ဆတိုးလုပ်နိုင်တယ်။ နှစ်ယောက်ရရင် သုံးဆ တိုးလုပ်နိုင်မယ်။ သုံးယောက်ရရင် ကျုပ်အပါအ၀င် လေးဆ လုပ်နိုင်မယ်။ အဲဒီလေးယောက်ရဲ့ လုပ်အားဟာ ဘာမှမလုပ်တဲ့လူတွေရဲ့ စွမ်းဆောင်ချက်နဲ့ အချိုးချကြည့်ရင် အဆပေါင်း အသေင်္ချေအနန္တ ထွက်လာမယ်။ ( တစ်ကို သုညနဲ့ အချိုးချသလိုပေါ့ဗျာ)

မိတ်ဆွေပြောတဲ့ လူအများစု ပူးပေါင်းပါဝင်အောင် ပိုမိုလိမ္မာပါးနပ်စွာ နည်းလမ်းရှာတာတော့ တော်တဲ့ တတ်တဲ့လူတွေ လုပ်ကြပေါ့ဗျာ။ လူအများစု ပါဝင်ဖို့ဆိုရင်…. မှန်တာပေါ့…လူထုရဲ့ ယုံကြည်မှုတွေ ရထားတဲ့ လူမှ လုပ်နိုင်မှာပေါ့။ အခုထိတော့ အဲဒီလူမျိုးတွေကို ၈၈မျိုးဆက်ကျောင်းသားအုပ်စုမှာရယ်၊ အဖွဲ့ချုပ်က တချို့မှာပဲ တွေ့ရတယ်။ ပြည်ပမှာတော့ မရှိသလောက်ပဲ။

ဒါပေမယ့် ပြည်ပမှာ ခုနကပြောသလို အတိုက်အခံဖြစ်သွားအောင် မွေးထုတ်ပေးနိုင်လောက်တဲ့ အရည်အသွေးရှိသူတွေတော့ အများအပြားရှိပါတယ်။ ဒီလောက်ဆိုရင် မိတ်ဆွေမေးခွန်းကို ကျနော် တော်တော်လေး ထောင့်စေ့အောင် ဖြေလိုက်နိုင်မယ်လို့ ယူဆပါတယ်။

Anonymous said...

ကျုပ်ကတော့ ရှင်းတယ်

အခု ဘယ်သူမှမယုံတော့ဘူး
အဲဒါကို ကျုပ်တကိုယ်ကောင်းဆန်တယ်ပြောလဲ ကျုပ်ခံလိုက်ယုံပဲ

လေတွေ တိုက်တာ ကျုပ်ချမ်းလာလို့ အနွေးထည်ပဲဝတ်တော့မယ်ဗျာ

ကိုပေါ said...

>>>Anonymous…. လူတိုင်းဟာ အတ္တမကင်းကြတာချည်းမို့ မိတ်ဆွေကို တကိုယ်ကောင်းဆန်တယ်ရယ်လို့ မပြောချင်ပါဘူး။

ဒါပေမယ့် မိမိကိုယ်ကို ယုံကြည်မှုမရှိတဲ့သူဟာ ဘယ်သူ့ကိုမှလည်း မယုံဘူးတဲ့။ ဒီတော့ မိတ်ဆွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေသူတဦးအဖြစ် ကောက်ချက်ဆွဲမိပါတော့တယ်။ ကိုယ့်ကိုယ့်ကို ယုံကြည်မှုကင်းမဲ့သူဟာ အနွေးထည်မကလို့ စောင်ဖြူစောင်ကြား ဘယ်လုံပင်ခြုံသော်ငြား လုံခြုံနွေးထွေးနိုင်ဘို့ ခဲယဉ်းပါတယ်။

အခုလို အမည်ဝှက်နဲ့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မကြာမကြာ လာ လာ ဖတ်ပြီး လေညှင်းခံတဲ့အတွက် ကွန်မင့်ပေးတဲ့အတွက် ကျနော့်အနေနဲ့ ၀မ်းမြောက်မိပါတယ်။

Anonymous said...

Good Good ! Whatever Ko Paw Wrote is good!
Anonymous ! pls say good to Ko Paw.
He likes it

Anonymous said...

မပြောတော့ဘူးလို့နေမယ်စဉ်းစားထားတာ..နဲနဲတော့ပြော
လိုက်အုံးမယ်ဗျို့..ကိုပေါရေ.တကယ်ကျတော့အခုခင်ဗျားနဲ့ငြင်း
နေတဲ့ပုဂ္ဂိုလ်တွေ..အခုပြောနေတဲ့ကျွန်တော်တို့တွေကကျန်
ခဲ့တဲ့အစိုးရဆန့်ကျင်တဲ့ကိစ္စတွေအားလုံးမှာတထောင့်တနေရာက
တတ်နိုင်သမျှစွမ်းဆောင်ခဲ့တဲ့သူချည်းဘဲဗျ..အော်..ကိုပေါထင်
တာလူလုံးပြပြီးရှေ့ထွက်ရပ်မှလှုပ်ရှားတက်ကြွသူ..နိုင်ငံကို
ချစ်တဲ့သူလို့ထင်သလားဗျာ..နဲနဲတော့ပါးနပ်ဖိုတော့လိုပြီ
ထင်တယ်...ဒွတ်ခဒွတ်ခ..

ကိုပေါ said...

>>> Anonymous ( 10:33PM).... ယုံပါဒယ်...ယုံပါဒယ်...ကျိန်စေချင်ရင် ကျိန်ပြပါဦးမယ်...ကိုပါးနပ်ခင်ညာ။.... အင်း....အဲသည်တထောင့်တနေရာဆိုတာကိုတောင် သိနေသလိုပဲ...နာမည်မဖော်ဝံ့တဲ့ သူရဲကောင်းကြီးရယ်...အဟက်ဟက်....

မျိုးမြင့်မောင် said...

သြော်...ကိုပေါရယ်...များ လည်း တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာက စစ်အစိုးရကို ဆန့်ကျင်နေတာပဲဟာ။ စစ်အစိုးရ ပြုတ်ကျဖို့ နဲ့ အစိုးရသစ် ပြောင်းဖို့ အတွက် ဗေဒင်ဆရာ မှာထားတဲ့အတိုင်း နေ့တိုင်း ဆန်ပြုတ် တလှည့် ပြောင်းဆန် တလှည့် စားလာတာ တစ်နှစ်တောင် ကျော်ပြီ။ ဒါတောင် များ ကို ဘာမှ လက်တွေ့မလုပ်ဘူးလို့ ပြောရက်တယ်။ ဒီမှာ နေ့တိုင်း လက်တွေ့စားနေတာပဲ...ဟာကို။

ကိုပေါ said...

>>> မျိုးမြင့်မောင် ..... သြော်...ဒီလိုလား။ ဒါဆိုလည်း ကျနော့်စကားကို ပြန်လည်ရုတ်သိမ်းပြီး တထောင့်တနေရာမှာ ပြောင်းဆန်ကို လက်တွေ့ကျကျ စားနေတဲ့ “များ”ကို ဂုဏ်ထူးမှတ်တွေ အများကြီးပေးလိုက်တော့မယ်။ ဘာကြောင့်လဲဆိုတော့ ပြောင်းဆန် စားတယ်ဆိုတာ လွယ်တာမှတ်လို့။ စာချိုးရှိတယ်မို့လား။

ရိုးတံကသွယ်သွယ်
ဘယ်ညာကွဲ့ နွဲ့နောင်း။

စားလိုက်ရင်အာခေါင်ပဲ့တယ်
ဖင်ချဲ့တဲ့ပြောင်း.....................တဲ့။ အံမယ်လေး....ကြက်သီးထလိုက်တာ များရယ်။ ဂုဏ်ထူးမှတ်သာ ယူသွားပါတော့။

မျိုးမြင့်မောင် said...

ဟွန်း...အခုတော့ များ အနစ်နာခံနေတာ သိကြပြီ မလား...အဟင့်။

Anonymous said...

အင်း...ခင်ဗျားတို့ကျီးနဲ့ဘုတ်ကိုတော့ဘာမှမပြောတော့ပါဘူး
..ကိုထက်မြက်သူပြောသလိုပြောရရင်..အထင်ကြီးချင်တဲ့
စိတ်တွေတောင်ဘယ်ရောက်သွားတယ်မသိပေါင်ဗျာ..အိုကေ
ပါ..မန္တလေးကျုံးရေလဲမခမ်းသေးပါဘူး...လစ်ပြီဗျို့..

ကိုပေါ said...

>>> Anonymous ..... ခင်ဗျားဟာက မြန်မာရုပ်ရှင်ကားတွေထဲက ဒေါ်မြလေး ကျနေတာပဲ.....ပြောချင်ဘူး...ပြောချင်ဘူး...ပြောကိုမပြောချင်တော့ဘူး...ဆိုပြီး ပြောပြောနေတာလေ။ ကဲ....ဒေါ်မြလေးရေ...ဘိုင့်ဘိုင်....။

မျိုးမြင့်မောင် said...

အေး...ထက်မြက်သူ ကိုပြန်ပြောချင်သလို ပြောရရင် "မင်းလို လဒူကောင်ကို သောက်ဂရုစိုက် လို့တော့ကွာ...အဟက်ဟက်။"

Anonymous said...

အဟေ့ဟေ့...တိုက်ခိုက်သူတွေ များနေပါလား...တပ်မ တခုလွှတ်ပေးရမလားကိုပေါ.. ဟိဟိ... ဖူးလ်စတော့( အရူး ..ရပ်လိုက် ) ကလည်းမလာတော့ဘူးမလာတော့ဘူးနဲ့ ..ဟိဟိ...

Anonymous said...

ကိုပေါက BBSတို့ ကွက်စိပ်တို့ မမှီလိုက်ဘူးသာဆိုတယ်.. ဒေါ်မြလေးရဲ့ 'ပြောကိုမပြောချင်ဘူး' ဆိုတဲ့ စကားလုံးကျတော့ သိနေတယ်..။ ဟင့်..များလည်း သူ့ကို အထင်ကြီးချင်တဲ့စိတ်တောင် ဘယ်ရောက်သွားမှန်း သိတော့ဘူး..။ ပြန်လျော်ပေး..ပြန်လျောပေး..။

Anonymous said...

ကိုပေါ.. အချိန်ယူပြီး ပြန်ရေးပေးတဲ့တွက် ကျေးဇူးတင်ပါတယ်.. (FullStop)

Anonymous said...

Hi...

Guys.....

U All Need To Improve Abit Sense Of INTEGRITY .....

PLS Don't SHOW Your TRUE-COLOR So Much...

Sick Of It...!!!

Nice Day....!!!

Koko

ကိုပေါ said...

>>>Anonymous…..အထက်ပါ “ကိုကို”ရဲ့ ကွန်မင့်ကို အင်္ဂလိပ်စာ ၀မ်းစာနည်းရှာသူများအတွက် ဘာသာပြန်ပေးလိုက်ပါတယ်။

“ဟိုင်း….

ဟေ့ကောင်တွေ….

မင်းတို့အားလုံး ရိုးသားမှု စိတ်ဓာတ်ကို မြှင့်တင်ဖို့လိုနေပြီ….

ကျေးဇူးပြု၍ မင်းတို့ရဲ စိတ်ရင်းအမှန်ကို သိပ်မဖော်ပြကြပါနဲ့…

စိတ်ကုန်တယ်ကွာ…!!!

ကောင်းသောနေ့ပါ…!!!

ကိုကို”

ကိုပေါ said...

>>>CMA ….. ဒေါ်မြလေးကို သိတာက နအဖ ကျေးဇူးပါဗျာ။ နိုင်ငံခြားကားတွေ မပြနိုင်တိုင်း ခေတ်ဟောင်းကားတွေချည်း ဖိပြနေခဲ့တာကိုး။
နည်းနည်းနောက်ကျမှ မွေးခဲ့ရင် ကိုရီးယားကားတွေနဲ့ ရင်းနှီးခွင့်ရဦးမယ်။

အေးဗျာ…. များတို့ ပြောမှဘဲ တချိန်က ကျနော့်ကို အထင်ကြီးခဲ့တဲ့လူတွေ ဒီလောက်များမှန်းသိတော့တယ်…သွပ်သွပ်သွပ်…..

ATN said...

ဒါတွေက တဦးချင်း ကိစ္စတွေပါ ကိုပေါ...

အောင်ဆန်းဦးကို ကြည့်ပါ... ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားတယောက်ဖြစ်ပြီး သူ ဘာလုပ်နေသလဲ...

အားလုံးက ကိုယ်တတ်နိုင်တာ ကိုယ်လုပ်နေကြတာပါပဲ...

မလုပ်နိုင်တဲ့သူတွေကို လုပ်လာအောင် ကိုယ်က ဆွဲခေါ်ဖို့ပဲ လိုပါတယ်...

အပြစ်တင် လှောင်ပြောင် ရှုံ့ချနေခြင်းအားဖြင့်တော့ နောက်ထပ် အင်အားတွေ တိုးပွားလာစရာ မရှိကြောင်းပါ...

ပြီးတော့ -
ငါက ရန်သူကို တုတ်နဲ့ ကိုယ်တိုင်ရိုက်ခဲ့လို့ အဝေးကနေ လေးခွနဲ့ ပစ်တဲ့ကောင်တွေကို သနားတယ် ဆိုတာမျိုးက အဓိပ္ပါယ် မရှိပါဘူးဗျာ...

ရန်သူကို မျက်နှာချင်းဆိုင် သေနတ်နဲ့ ယှဉ် ပစ်ခဲ့ဖူးသူတွေက ဗမာပြည် ပြင်ပ ရဲ့ တခြားနိုင်ငံက သံရုံးတွေရှေ့မှာ ဗမာ့အရေးအတွက် ဆန္ဒပြနေကြတဲ့သူတွေကို
- အဲလို အော်မနေနဲ့ သတ္တိရှိရင် တောထဲသွား သေနတ်ကိုင်ပြီး သူတင်ကိုယ်တင် ပစ်ကြပါလားလို့ - ဘယ်သူမှ မပြောကြပါဘူးဗျာ...

ဆရာဒဂုန်တာရာကလည်း ပြောခဲ့ဖူးတာပဲ - ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်ရမယ်-လို့

ခုက မိတ်ဆွေကို ရန်သူ ဖြစ်အောင် လုပ်နေတာမျိုးတော့ ကျနော့် တဦးတည်း သဘောကတော့ မဖြစ်စေချင်ပါဘူး...

ဒါလောက်ပါပဲဗျာ...

များများစားစားလည်း ပြောစရာ မရှိပါဘူး...

ကိုပေါ said...

အောင်သာငယ်…… နားလည်မှု လွဲမှားနေပြီထင်တယ်။ အပေါ်မှာ FullStop ကို ရှင်းပြခဲ့တဲ့ ကွန်မင့်တွေမှာ ကျနော့်သဘောထားကို သေသေချာချာ ပြောခဲ့ပြီးသာပါ။

“ရန်သူကို မျက်နှာချင်းဆိုင် သေနတ်နဲ့ ယှဉ် ပစ်ခဲ့ဖူးသူတွေက ဗမာပြည် ပြင်ပ ရဲ့ တခြားနိုင်ငံက သံရုံးတွေရှေ့မှာ ဗမာ့အရေးအတွက် ဆန္ဒပြနေကြတဲ့သူတွေကို
- အဲလို အော်မနေနဲ့ သတ္တိရှိရင် တောထဲသွား သေနတ်ကိုင်ပြီး သူတင်ကိုယ်တင် ပစ်ကြပါလားလို့ - ဘယ်သူမှ မပြောကြပါဘူးဗျာ...”
ဆိုတာနဲ့ ပတ်သက်လို့….

သံရုံးရှေ့မှာ ဗမာ့အရေးအတွက် ဆန္ဒပြနေကြတဲ့လူတွေကို ကျနော်လေးစားပါတယ်။ ကျနော်ဘယ်တုန်းကမှလဲ အပြစ်မပြောခဲ့ရပါလားခင်ဗျာ။ အဲသည်လို လက်တွေ့ကျကျ ပါဝင်လုပ်ဆောင်သူတိုင်းကို ကျနော်က အင်မတန် တန်ဘိုးထားပါတယ်။

ကျနော်သရော်တာက အဲသည်လို လက်တွေ့ကျကျ လုပ်နေတဲ့လူတွေကို အိမ်ထဲကနေ ထိုင်ရာကမထ ဝေဖန်နေတဲ့ ပြည်လှေးပြည်မွှား (အဲဒါ ဒီးဒုတ်ဦးဘချိုရဲ့စကား အတိအကျပဲ) တွေကို ရည်ညွှန်းတာဗျ။ ကဗျာကိုလည်း သေချာဖတ်ကြည့်ပါဦး။ အဲဒီလူတွေကိုတော့ သရော်သင့်တယ်။ လှောင်သင့်တယ်။ ပြောင်သင့်တယ်။ ရှုတ်ချသင့်တယ်လို့ ကျနော် ယူဆလို့ လှောင်ပြောင်သရော် ရှုတ်ချတာပဲ။ ကိုယ်က အဲဒီလူစားမျိုး ဖြစ်နေရင်တော့ နာကြပေါ့ဗျာ။ နာအောင်ရေးတာပဲ။ ကျနော်က ကျနော့်ရည်ရွယ်ချက်အထမြောက်လို့ ၀မ်းတောင်သာသေး…အဟေးဟေး။း-)

“ပွဲသိမ်းတိုက်ပွဲအတွက်ဆိုရင် စာရင်းတို့ထားလိုက်ပါ”…ဆိုပြီး အသေးအဖွဲကလေးမှာတောင် မပါဝင်ဝံ့တဲ့လူစားမျိုးတွေကို ကျနော်တော့ မယုံစားနိုင်ဘူးဗျိုး။ တကယ်လဲ မိုးထဲရေထဲကျရော…. တချီလဲတာနဲ့ ထမီကွဲအောင်ပြေးကြမယ့်သူတွေ။ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ စင်္ကာပူမှာ အဲသည်လို ပုဂ္ဂိုလ်တွေ အများကြီး မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။

တိုင်းပြည်မှာ နိုင်ငံရေးစနစ်ပြောင်းလဲဖို့အတွက် လက်တွေ့ကျကျ အခု…ဘာလုပ်နေကြသလဲ။ အပြောမဟုတ်..အလုပ်နဲ့သက်သေပြပါ။ အတိတ်က လုပ်ခဲ့တာ လာမပြောနဲ့။ နားကြားပြင်းကပ်တယ်။ ကျနော့်အသိထဲမှာ ၇၄ ကျောင်းသားမျိုးဆက် (ခေါင်းဖြူအဘိုးကြီး) တွေရှိတယ်။ တဆိတ်ရှိ အရင်က အကြောင်းကိုပဲ ချီးခြောက်ရေနှူးနေတယ်။ အခုလောလောဆယ်တော့ ကြောက်လို့ ဘာတခုမှ မလုပ်ဘူး။ လုပ်တဲ့လူတွေကိုတောင် ကဖျက်ယဖျက် လုပ်လိုက်သေးတယ်။

အဲဒီလူမျိုးတွေကို မလှောင်သင့်ပေဘူးလားခင်ဗျာ။

“ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရမယ်” ဆိုတာကလည်း အတိုင်းအတာ တခုအထိပဲ မှန်ပါတယ်။ ကြားရသလောက်တော့ ဆရာတာရာတောင်မှ အခုနောက်ဆုံးအခေါက် ရန်ကုန်မှာ အဲသည် စကားနဲ့ပတ်သက်ပြီး ၀ိုင်းပြီးမေးခွန်းထုတ်ကြလို့ တော်တော်လေးရှင်းယူရတယ်ကြားတယ်။ ကျနော်လည်း တဆင့်ကြားတာ။ မှန်မမှန်တော့မသိ….။ ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ်….ဆရာတာရာက ငြိမ်းချမ်းရေးသမားမို့ ဒီစကားကိုပြောတယ်ဆိုတာ ကျနော်နားလည်နိုင်ပါတယ်။

ဒါပေမယ့် တချို့ရန်သူကတော့ ဘယ်လောက်ပဲ ကိုယ့်ဘက်က လျှော့လျှော့….သူ့ဘက်ကမလျှော့တဲ့အခါ ဘယ်တော့မှ မိတ်ဆွေဖြစ်မလာနိုင်ဘူးဆိုတာ သတိချပ်သင့်ပါတယ်။ ဒေ၀ဒတ်လို ချွတ်လို့မကျွတ်တဲ့လူတွေ လောကကြီးမှာ အများသားပဲဗျာ။ အဲသည်လူတွေကို မိတ်ဆွေသွားလုပ်လို့ကတော့ ဒေ၀ဒတ်မိတ်ဆွေဖြစ်တာပဲ အဖတ်တင်တော့မပေါ့။ ဗုဒ္ဓကတော့ လွတ်မြောက်ပြီးသားလူမို့၊ ကိုယ်ခံအားကောင်းလို့ ထားပါတော့။ ကျန်တဲ့ သာမန်ပုထုဇဉ်ထဲက ဒေ၀ဒတ်နဲ့ သွားပြီး အဆွေခင်ပွန်းဖွဲ့ရင် ဘာဖြစ်မလဲ။ စဉ်းစားလဲ ကြည့်သင့်ပါတယ်။ ဆရာဒဂုန်တာရာ ငြိမ်းချမ်းရေးအတွက် အဓိပ္ပါယ်ရှိရှိပြောတဲ့စကားတခွန်းကို တလွဲသုံးဖို့ လှေနံဓားထစ်မှတ်ကြမယ်ဆိုရင်တော့ အမှားကြီးမှားလိမ့်မယ်။

မလုပ်တဲ့လူတွေ လုပ်အောင် ကိုအောင်သာငယ်တို့ ဆွဲခေါ်နိုင်ရင် ဆွဲခေါ်ကြပေါ့ဗျာ။

ကျနော်ကတော့ လှောင်ရတာ ပိုသဘောကျသဗျိုး။ အဲဒါ ကျနော့်စတိုင်လ်။ အဲဒါမှ မခံနိုင်လို့ စိတ်နုတယ်၊ မလိုက်နိုင်ဘူးဆိုလည်း သဘောပေါ့ဗျာ။ လိုက်နိုင်တဲ့လူကမှ စိတ်ရင့်ကျက်တဲ့လူ၊ တကယ် လုပ်မယ့်လူဗျ။

ကျနော့်အနေနဲ့ကတော့ စိတ်နုပြီး အရေးအကြောင်းကျရင် တချီလဲတာနဲ့ ထမီကွဲအောင်ပြေးမယ့် လူအထောင်အသောင်းထက် ကိုယ်နဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်မယ့် လူ ဆယ်ယောက်လောက်ကို ပိုတန်ဘိုးထားတယ်။

ဒါလောက်ပါပဲဗျာ။

Anonymous said...

" ငါက ရန်သူကို တုတ်နဲ့ ကိုယ်တိုင်ရိုက်ခဲ့လို့ အဝေးကနေ လေးခွနဲ့ ပစ်တဲ့ကောင်တွေကို သနားတယ် ဆိုတာမျိုးက အဓိပ္ပါယ် မရှိပါဘူးဗျာ... "

လိုရာဆွဲတွေးနေသလားလို့ တောင်ထင် မိပါတယ်...ကိုအောင်သာငယ်
ကိုပေါ အဲသလို ပြောတာ မတွေ့ဘူးပါ ။
အခုဟာက လေးခွနဲ့တောင် မပစ်တဲ့လူတွေကိုသရော်တာပဲဗျာ..တကယ်လုပ်တဲ့လူတွေ အနေသာကြီးပါ ...:P

Anonymous said...

ကိုပေါကိုလေးစားတာ အဲဒါတွေကြောင့်ပေါ့ကွယ်...လက်တွေ့လည်းလုပ်တယ်...အွန်လိုင်းမှာလည်း လုပ်တယ် ။ တချို့တချို့တွေကတော့ အွန်လိုင်းက ကျယ်တာ သက်သက်ဗျ ။ ထိုင်ရာမထ ကွန်ရှေ့က ကျယ်နေကြတာ ။ တတိယနိုင်ငံလည်းရောက်ရော.. ဟိုတုန်းက ရွှေထီဆောင်းဖူးတာတွေလောက်ပဲ စားမြုံ့ပြန်ရင်း ကျယ်နေကြတာပဲတွေ့နေရတယ် ။ ဘာပဲပြောပြောပါလေ ....အွန်လိုင်းက ကျယ်နိုင်တာဆိုလည်းနည်းလား... ငဒို့ရွာစားတွေဆို အွန်လိုင်းကတောင် မကျယ်ရဲဘူး..ဟီးဟီး...ကွန်ကိုတောင် ခေါင်းမြီးခြုံရင်း ချောင်းကြည့်နေရတယ်...ခွိခွိ..

ကိုပေါ said...

ရလွတ်ပလွတ်ရွာစားကြီးရေ.... အေးဗျာ။ ကျုပ်ငယ်ငယ်က ရှင်လောင်းဘ၀ ရွှေထီးဆောင်းခဲ့ရတာကို သတိရမိတယ်။ “ရှင်ရင်ရွှေထီး...သေရင်မသာကြီး” ဆိုတဲ့ စကားလိုပေါ့.... ခွိခွိ။

ဒါထက်... စကားမစပ်...ကျနော်လေးစားတဲ့ လူငယ်တယောက်ရဲ့ စကားကို ဖောက်သည်ချလိုသဗျ။

တတိယနိုင်ငံသွားချင်ရင်လည်းသွား၊ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေချင်လည်းနေ...ပြဿနာမရှိဘူး။ ဒါပေမယ့် နိုင်ငံရေးခုံလှုံခွင့်နဲ့နေတယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် ရောက်တဲ့နိုင်ငံမှာ ဆက်လုပ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ...တဲ့။

ကျနော့်အနေနဲ့ကလည်း နိုင်ငံရေးခိုလှုံခွင့်တောင်းသွားတဲ့လူတွေကို အပြစ်လို့ မမြင်ပါဘူး။ မြန်မာပြည်အပေါ် သံယောဇဉ်မရှိတော့လို့ မြန်မာ့နိုင်ငံရေးမှာ မပါဝင်ချင်တော့ပါဘူးဆိုလည်း သူ့သဘောနဲ့သူ၊ သူ့လွတ်လပ်ခွင့်နဲ့သူပေါ့ဗျာ။

ဒါပေမယ့် နိုင်ငံရေးလှုပ်ရှားမှုမှာ ဘာတခုမှ မပါဝင်ပဲ လှုပ်ရှားနေသူတွေကို သက်သက်ဘေးကထိုင်ကြည့်ပြီး “ပါးနပ်မှုမရှိဘူး၊ အကျိုးမရှိဘူး၊ အကျိုးမဲ့တယ်” စသဖြင့် ဝေဖန်နေတဲ့လူမျိုးကိုတော့ ကြည့်မရဘူးဗျိုး။ “ရှင်နေတဲ့ မြည်းတကောင်ဟာ သေနေတဲ့ ခြင်္သေ့တကောင်ထက်တော့ သာသေးတယ်” ဆိုတဲ့ အင်္ဂလိပ်စကားပုံလိုပေါ့။ ဦးပေါ်ဦးလည်း ပြောဖူးပါတယ်။ “မရှိတာထက်၊ မသိတာခက်၊” “မသိတာထက်၊ မလုပ်တာခက်” ဆိုတဲ့အတိုင်း မလုပ်ရင် ဘာမှကို ဖြစ်မလာတော့တာဗျိုး။ သူ့ဟာသူ ရွှေရောင်ဝင်းလက်တဲ့ ဦးနှောက်ပိုင်ရှင်ပဲဖြစ်ဖြစ် ဘာမှ ထမလုပ်ရင် ဘာမှ ဖြစ်မလာတော့ဘူး။ ဒါကြောင့် ဘေးထိုင်ဘုပြောတွေကို သရော်နေရတာ။

Anonymous said...

သူရဲကောင်းရွေးမှာလား.. နိုင်ငံ့အရေးလုပ်မှာလား. ? ?

Anonymous said...

သူရဲဘောကြောင်သူတွေ ကို ရွှေတံဆိပ် ပေးမလို့ ရွေးနေတာပါဗျိုး..

Anonymous said...

အော်.. အဲ့လိုလား.. ဒါနဲ့ .. အန္တာတိကတိုက် မှာ ရေခဲသေတ္တာ သွားရောင်းမဲ့ အစီစဉ် ဘယ်တော့လောက် စဖြစ်မှာလဲ??

Anonymous said...

ကိုပေါ
ကျုပ် စလုံးကို သေသေချာချာလာပီး ခင်ဗျားဘာလဲ ဘာတွေလုပ်နေလဲဆိုတာ လာစုံစမ်းမှာပါ။ ကျုပ်က အကြောင်းသိ ခင်ဗျားနဲ့ ကျောင်းအတူတူပီးတာ။
ကိုယ့်ကိုလဲ ယုံကြည်မှု အပြည့်ရှိလို့ ကျုပ်ဘ)မှာ အတိုင်းအတာ တခုထိအောင်မြင်နေဆဲပါ။ ဟဲဟဲ
မပူပါနဲ့ ခင်ဗျားရဲ့ ဆရာကြီးလေသံတွေကို အတွင်းကျကျ လာစုံစမ်းမှာပါ။

ဟဲဟဲ

ကိုပေါ said...

Anonymous..... ဟုတ်ကဲ့....အခုလို ယုံကြည်မှုအပြည့်နဲ့ ပုဆိုးခြုံပြီး ပြောနေကတည်းက ဘယ်နည်းနဲ့မှ သာမင်ညောင်ည ပုဂ္ဂိုလ်မဖြစ်နိုင်ဘူး ဆိုတာ တွေးမိပြီးသားပါ။

နောက်ပြီးတော့ အကြောင်းသိ ဆိုလည်း စုံစမ်းဘို့ လိုသေးလို့လား ကိုယ့်လူရာ......

သြော်....ကျနော်တော့သိလိုက်ပြီ။ ဘ၀မှာ အောင်မြင်ဖို့ဆိုတာ မိတ်ဆွေလို ယုံကြည်မှုအပြည့်ရှိပြီး ရှေ့နောက်မညီတဲ့ စကားတွေကို အမြဲပြောတတ်ရမယ်ဆိုတာကိုပေါ့....း-)

မျိုးမြင့်မောင် said...

ဟေး...ကျောင်းပြီးရင် အလုပ်မရမှာ မပူတော့ဘူး။ ဒီ blog မှာ ဈေးကွက်တွေ တွေ့ပြီ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုပြီး ပုဆိုးခြုံထဲကသာ လေကျယ်ရဲ၊ စိန်ခေါ်ရဲ၊ လက်သီးပုံးပြရဲ သူများအတွက်...

အနံကြီးကြီး ကွင်းကျယ်ကျယ် အသားထူထူ ပုဆိုးတွေရမယ်။ ပုဆိုးသားက ထူလွန်းတဲ့အတွက် ခြုံထားရင် ဘယ်သူမှန်း လုံးဝမသိစေရ။ အဲ...၀ဲပေါက်နေတဲ့ လက်တွေခြေတွေတော့ ပုဆိုးအပြင် မထွက်စေနဲ့ပေါ့ဗျာ။

ပြီးရင်...အင်္ဂလိပ်စာ ၀မ်းစာမပြည့်ပေမယ့် အင်္ဂလိပ်လို ပေါက်တတ်ကရ လေကျယ်ချင်သူများ အတွက်...

အင်္ဂလိပ်စာ သဒ္ဒါ နဲ့ အရေးအဖတ် သင်တန်းများကို

Grade X
Grade Y
Grade Z

အဆင့်သုံးခု ခွဲပြီး ယခုနှစ်နွေရာသီတွင် စတင်ဖွင့်လှစ်မည်။

Grade Z အောင်ရင် Diploma in Bullshitting ရရှိမှာဖြစ်ပြီး College of Nonsense တွင် Fallacious Argumentation Major ဖြင့် ဆက်လက်တတ်ရောက်နိုင်ပါတယ်။

WISE GUY said...

ကိုပေါရေ . . . ချသာချ၊ ချသာချ။ ကျနော်တော့ အိပ်ယာထဲမှာ စောင်ခေါင်းမြီးခြုံနေတယ် . . .

တီချမ်း said...

အရင်ကဘလောခ့်ရေးတယ်ဆိုတာ
ကိုယ်ရေးချင်တာလေးတွေ၊
ဝါသနာပါတာလေးတွေရေးရတာလောက်ပဲလို့
ခပ်တိမ်တိမ်သိထားတဲ့ကျွန်တော်
အင်းအခုမှ
နိုင်ငံရေး
ရန်ဖြစ်
ဆော်ပလော်တီး
ဝေဖန်
လို့လဲရတယ်ဆိုတာသိလာရတယ်
ကောင်းလေစွ ကောင်းလေစွ
ကောင်လေးကလာစွနေတယ်လို့တော့မထင်စေချင်ပါ
ကဗျာကိုကြိုက်ပါတယ်
နိုင်ငံရေးသဘောတရားတွေကိုတော့ဥာဏ်မမီပါ
အဲတော့မပြောတော့ဘူး
ဘာဆိုဘာမှမပြောတော့ဘူးနော်

တီချမ်း said...

တစ်ခုပဲ
ဟိ
မပြောတော့ဘူးဆိုပြီးနော်
ဟိုလူဇိုးဂျီးလိုပေါ့လေနော်
တွေးမိတာလေးပါ
လုပ်မရလို့ဘာမှမလုပ်တာလို့ပဲပြောပြော
ကြောက်လို့မလုပ်တာလို့ပဲပြောပြော
ဘာအကြောင်းပြချက်ပဲပေးပေးပါ

သူ့နိုင်ငံ၊သူ့အစိုးရနဲ့၊သူ့ပြည်သူ အိုကေနေသလားလို့လေ
မကျေနပ်လို့ထလုပ်ရင်
အခုဆိုတစ်ခုခုတော့ဖြစ်နေလောက်ရောပေါ့
လုပ်နေတာတွေကလဲ“အပြ” ပဲများလားလို့
နှစ်ပေါင်း ပဲ ၂၀ ရှိနေပြီလေနော်
ဪ ပြောမိပြန်ပြီ
ဒွတ်ခ ဒွတ်ခ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs