“ကဲ… မင်းဘာတတ်နိုင်သေးလဲ”

Share |
(၁)

တော်ပြီ.. တော်ပြီ… သည်းခံနိုင်တာထက်ကို လွန်လာပြီ။

လူကြားထဲမှာမို့ အောင့်အည်း သည်းခံနေလိုက်ပေမယ့် ကျေနပ်လို့တော့ မဟုတ်ဘူးနော်။

အေး… ငါ့ကို သတ္တိမရှိဘူးလို့လည်း မထင်လေနဲ့။ တကယ်က စိတ်ထဲရှိတဲ့အတိုင်း ငါက ဖွင့်ချလိုက်ချင်တာ။ ဘေးက မဆိုင်တဲ့လူတွေကို အားနာနေလို့သာပေါ့။

အေးပါ။ မင်းအခွင့်သာတုန်းမှာတော့ ငါ့ကို အားရအောင် နှိပ်စက်ထားဦးပေါ့။

ဒါပေမယ့် မင်းတခု သိထားဖို့ရာက အခုလို ငြိမ်နေလိုက်ရတာကိုပဲ ငါ့စိတ်ထဲမှာ အင်မတန် မကျေမချမ်း ဖြစ်ရတယ်ဆိုတာပါပဲ။

(၂)

ဟား၊ ဟား၊ ဟား။ ကဲ…ငါ့အလှည့်ရောက်ပြီ။

အခု ဘယ်သူမှ မရှိတော့ဘူး။ မင်းဘာတတ်နိုင်သေးလဲ။

အံမယ်…မင်းက.. ငါ့ကို ဒုက္ခပေးချင်သေးတယ်ပေါ့လေ။ လာလေ၊ စိန်လိုက်၊ ကမ်းမွန်း။

ကမ်းမွန်း။ လာစမ်းပါကွ။ ဘယ်မှာပုန်းနေတာလဲ။ ကမ်းမွန်း။ လာပြီလား။ လာပြီဆိုရင်….ကဲကွာ….။

“ဘူ”

အားဟား….. မှတ်ပလား။ မင်းလို ငါ့ဗိုက်ထဲမှာ နေပြီး လေလုံးထွားနေတဲ့ ကောင်ကို အခုလို အားရပါးရ အကျယ်ကြီး အသံမြည်အောင် ပေါက်ထုတ်လိုက်ရမှပဲ ငါကျေနပ်တော့တယ်။

(အီးအကျယ်ကြီး ပေါက်တတ်သော မိတ်ဆွေ ဘလော့ဂါတဦးသို့ အမှတ်တရ။)

9 comments:

chocothazin said...

ရယ်ရတယ် ကိုပေါရေ။ ဘလော့ဂ် ဒီဇိုင်းပြောင်းထားတာလည်း ကောင်းပါတယ်။

ရွက်လွင့်ခြင်း said...

အီးပေါက်တာကို ပိုစ့်အဖြစ်တင်နိုင်တဲ့ ကိုပေါ
တော်တော်ကို တော်ပါပေတယ်

တန်ခူး said...

ရယ်လိုက်ရတော့ စိတ်တွေ ပေါ့ပါးသွားတယ်… အကျီင်္အသစ်လေးနဲ့ ဘလော့လေးကလှ… နောက်မှ ကြိတ်မေးဦးမယ်… အီးအကျယ်ကြီးပေါက်တဲ့ ဘလော့ဂါ ဘယ်သူလဲဆိုတာ

ကိုပေါ said...

တန်ခူးရေ… ကျနော့်မှာ အပြင်မှာလည်း ခင်မင်တဲ့ ဘလော့ဂါမိတ်ဆွေဆိုလို့ ပြေးကြည့်မှ တယောက်ပဲ ရှိတာပါ။ (အဟီး… နောက်တာနော်)

:P said...

ခုမှ ဖွင့်ပြောရရင် ကိုပေါနဲ့ ခင်လောက်တဲ့ စင်ကာပူက ဘလော့ဂါတွေနာမည်ကို ကြိတ်ပြီး စဉ်းစားနေခဲ့တာပါ...။
တီဇက်အေဆိုရင် LLKS မင်္ဂလာဆောင်မှာ ဓာတ်ပုံရိုက်ပေးဖူးတယ်.. စသဖြင့်.....။:D

khin oo may said...

ခင်တယ်ဆိုရင်ပြောပါ။

စာပြန်ရန်လိပ်စာ
khinoomay77@gmail.com

ကိုပေါ said...

အခုဝင်ရေးကြတဲ့လူတွေထဲမှာတော့ မပါသေးဘူး။ သူက သူမဟုတ်သလို အသာလျှိုနေတယ်။း-)

khin oo may said...

အရင်ဒီဇိုင်းကိုပိုကြိုက်တယ်။ကိုပေါ

khin oo may said...

Ko Paw said...

ပိတောက်ရိပ်က ကိုပေါထက်တော့ သာပါပေတယ်။ ရွာမှာနေပြီး အင်္ဂလိပ်လို ပြောတတ်တယ်ဆိုတော့။း-)
August 11, 2009 5:59 AM
khin oo may said...

ဒါကိုပေါ့က သူမဟုတ်ပါဘူးလို့သွယ်ဝိုက်ပြီးလာငြင်းတာဘဲ။
August 11, 2009 6:17 AM
khin oo may said...

ဘွိုက်က ဘူကို လက်စားချေတာဖြစ်နိုင်တယ်။
August 11, 2009 6:17 AM

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs