“နောက်ဆုံးခံတပ်”

Share |

မြန်မာ့နိုင်ငံသမိုင်းမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍကို မေ့ပျောက်လို့မရဘူး။ ဆရာ ဒဂုန်တာရာစကားကို (ကျနော်မှတ်မိသလို) ပြန်ကိုးကားရရင်….

၁၃၀၀ပြည့် အရေးတော်ပုံကြီးကြောင့် မြန်မာ့လွတ်လပ်ရေးကို ချက်ချင်း မရယူနိုင်ခဲ့သော်လည်း လွတ်လပ်ရေးကို အရယူပေးမယ့် မျိုးဆက်တခုကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ အလားတူပဲ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဒီမိုကရေစီကို ချက်ချင်းမရခဲ့သော်လည်း ဒီမိုကရေစီကို ဆောင်ကျဉ်းပေးမယ့် မျိုးဆက်သစ်တရပ်ကို မွေးဖွားပေးခဲ့ပါသတဲ့

အလားတူပဲ မကြာခင်ကမှ ခေတ်ပြိုင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဦးဝင်းတင်နဲ့ အင်တာဗျူးမှာ ရှစ်လေးလုံးအရေးအခင်းကြီးနဲ့ ပတ်သက်လို့ ဦးဝင်းတင် ပြောကြားသွားတာ ရှိပါသေးတယ်။

အဲဒီကာလအတွင်းမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ဆိုသော နိုင်ငံရေးခေါင်းဆောင်တဦး ပြည်သူကြားက၊ လှုပ်ရှားမှုကြားက ပေါ်ထွက်လာတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဟာသူ နဂိုကတည်းက ခေါင်းဆောင်ဖြစ်နေတာမဟုတ်ဘူး။ ဒီလှုပ်ရှားမှုက မွေးထုတ်လိုက်တာ။ အရေးတော်ပုံက မွေးထုတ်တဲ့ခေါင်းဆောင်။

ဒီမိုကရေစီအကျိုးတွေကို မရလိုက်သော်ငြားလည်း ဒီနေ့ထိ ရှစ်လေးလုံးစိတ်ဓာတ်က မကွယ်ပျောက်ဘူး ရှိနေတယ်။ နိုင်ငံရေးပါတီကြား၊ ကျောင်းသားလူငယ်ကြားထဲမှာ ရှိနေတယ်။ ဒီနေ့ အန်အယ်လ်ဒီလို ဒီမိုကရေစီနိုင်ငံရေးရှင်သန်နေတာ၊ ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသားတွေထဲမှာ ရှင်သန်နေတာတွေ အားလုံး ဒီနေ့နိုင်ငံရေးဖြစ်ပေါ်မှုတွေအားလုံးဟာ ရှစ်လေးလုံးကနေ အခြေခံခဲ့တဲ့ ရှစ်လေးလုံးစိတ်ဓာတ်ရဲ့ အသီးအပွင့်တချို့ပေါ့ဗျာ။

နိုင်ငံတခုမှာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူ လူတန်းစားနှစ်ရပ်ပေါ်ပေါက်လာရင် ဖိနှိပ်ခံရသူတွေဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်အောင် ကြိုးစားတတ်ကြတာ သဘာဝပါ။ အဖိနှိပ်ခံလူတန်းစား မထကြွလာရဲအောင် အာဏာရှင်ကလည်း ပိုမို ဖိနှိပ်တတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ ဒါပေမယ့် အာဏာရှင်က ပိုမို ဖိနှိပ်လေလေ၊ ပြည်သူကလည်း မခံမရပ်နိုင်ဖြစ်လေလေပါပဲ။

၂၆ နှစ်လုံးလုံး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုပြီး အရပ်သား မျက်နှာဖုံးစွပ်ထားတဲ့ စစ်အစိုးရဟာ ပြည်သူလူထုကို တုတ်တုတ်မျှ မလှုပ်အောင် ချုပ်ထားနိုင်တယ် ထင်ခဲ့ရတယ်။ ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် မဆလအစိုးရပြုတ်ကျသွားတဲ့အတွက် စစ်အစိုးရအနေနဲ့ အရပ်သားမျက်နှာဖုံး လုံးဝကွာကျခဲ့ရပါတယ်။ တခါ နအဖ စစ်အစိုးရက အာဏာသိမ်းပြီး အစိုးရဖြစ်လာပြန်တော့ လူထုကို ဆထက်တံပိုးတိုးလို့ ဖိနှိပ်အုပ်ချုပ်ပြန်တယ်။ စစ်အစိုးရတက်လာကာစ သာသနာရေးကို အားပေးသယောင်ယောင်နဲ့ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြီး ဘုရားဒကာ၊ ကျောင်းဒကာ၊ သာသနာ့ဒါယိကာ အချိုးချိုးလာတဲ့ နအဖဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဘုန်းတော်ကြီးတွေကို ရက်ရက်စက်စက် ရိုက်နှက်ပစ်သတ်ခဲ့လို့ ဘုရားဒကာ မျက်နှာဖုံးပါ လုံးလုံးလွင့်စဉ် သွားရပါတော့တယ်။

ဒါတွင်မက နာဂစ် မုန်တိုင်းအတွင်းမှာတော့ နိုင်ငံတကာက ကမ်းလှမ်းလာတဲ့ လူသားဆန်တဲ့ အကူအညီပေးမှုတွေကိုပါ ကဖျက်ယဖျက် လုပ်လိုက်ပြန်တဲ့အခါ စစ်အစိုးရရဲ့ လူသားမျက်နှာဖုံးပါ မုန်တိုင်းနဲ့အတူ လွင့်ပါသွားတယ်လို့ ဆိုနိုင်ပါတယ်။ အခုဆိုရင် နအဖရဲ့ မူလအသွင်သဏ္ဍန်အစစ်ဖြစ်တဲ့ စစ်ဘီလူးကြန်အင်လက္ခဏာတွေကို အထူးတလည် မှန်းဆကြည့်စရာမလိုလောက်အောင် အတိုင်းသားမြင်နေကြရပါပြီ။

ဒါဟာ စစ်အာဏာရှင်ရဲ့ မျက်နှာဖုံးတွေ တလွှာပြီး တလွှာကျွတ်ကျနေတာဖြစ်သလို စစ်အာဏာရှင်ရဲ့ ခံတပ်တွေ တတပ်ပြီး တတပ်ပြိုကျနေတာလို့လည်း ပြောလို့ရပါတယ်။ စစ်အာဏာရှင်ဟာ နောက်ကို တလက်မချင်း ရွှေ့ပေးနေရတဲ့သဘောပါ။ လမ်းပြမြေပုံ ၇ ချက်နဲ့ နောက်ကို နောက်ပြန်တလှမ်းချင်း ရွှေ့နေတဲ့ နအဖ စစ်အစိုးရပါ။ အခုဆိုရင် ချောက်ကမ်းပါးကို ကျောပေးလျက်သား အနေအထားကို ရောက်နေပါပြီ။

ပြည်သူတွေအနေနဲ့ကလည်း စီးပွားရေးအကြပ်အတည်းကြောင့်ရယ်၊ နအဖရဲ့ ရက်ရက်စက်စက် ခြေမှုန်းမှုရယ်ကြောင့်သာ အပေါ်ယံမှာ ငြိမ်သက်နေရတာပါ။ နအဖ မကောင်းမှန်းကို ပြည်သူတိုင်းသိသလို အပြောင်းအလဲကိုလည်း ပြည်သူတိုင်းက တောင့်တနေပါပြီ။ ဘယ်ခေတ်အခါကနဲ့မှမတူအောင် ပြည်သူတွေမှာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ အဖက်ဖက်က ချွတ်ခြုံကျနေချိန်ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဗိုလ်ကျသောင်းကျန်းမှုကို ပြည်သူတရပ်လုံးက မခံမရပ်နိုင်ဖြစ်နေကြတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။ အခုဆိုရင် လူငယ်လူရွယ်တွေကအစ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီး ပြည်တွင်းပြည်ပမှာ အင်နဲ့အားနဲ့ လှုပ်ရှားနေကြတဲ့ ခေတ်အခါကို ရောက်နေပါပြီ။

စစ်အာဏာရှင်အနေနဲ့လည်း နောက်ဆုံးခံတပ်မှာ ပိတ်မိနေပါပြီ။ သူ့မှာ သည့်ထက်နောက်ဆုတ်စရာ မြေမကျန်တော့ပါဘူး။ ဒီတခါ ခံတပ်ပြိုပြီဆိုရင် ပြည်သူတွေရဲ့ အောင်ပွဲဆိုတာ အသေအချာပါပဲ။ ကျနော်တို့အားလုံးက ညီညီညာညာ ခွန်အားစုစည်းပြီး ရှေ့ကို လှမ်းတက်ကြဖို့ပဲ လိုပါတော့တယ်။

12 comments:

Anonymous said...

လုပ်ပါအုံးငပေါရယ် ။ ငါတို.တွေဘာလုပ်ရမယ်ဆိုတာကို ပြောပါအုံး ။ ငါ့စကားနွားရ ပြောတတ်တဲ့မင်းကိုပဲ ဆရာတင်ပါတယ် ။

Anonymous said...

တချို့တွေကလဲ ဆရာ မလုပ်နိုင်တော့ မနာလို ဖြစ်ကြတာပေါ့ ကိုပေါရာ....

Anonymous said...

မနာလို ညခင်းကစပြီး သွေးကွဲခြင်းဆက်ညဖစ်ပါတယ်..။
ဘာက အဓိက ဆိုတာကို နားမလည်သရွေ့..လက်မခံသရွေ့...အမှန်တရားနဲ့ လွဲပြီးရင်း လွဲနေအုံးမှာပဲ...။ သွေးမစည်းတဲ့ နေရာမှာ ကမ္ဘာအရပ်၇ပ်က မြန်မာတွေက ထိပ်တန်းစာ၇င်းဝင်တယ်ဆိုတာ..အဝေးေ၇ာက် ညမန်မာတိုင်းလိုလို မပြောပေမဲ့ သိနေပြီးသားပါ..။
မကောင်းမှန်းသိရင် ကိုယ်ကစလို့ ချက်ချင်းပြင်မှပဲ...မြန်မာတပြည်လုံး ဒီမိုကရေစီ ရနိုင်မယ်ထင်ပါတယ်။


Jit

:P said...

ဘန်နာအောက်က animation က အရမ်းပေါ်လွင်တယ်...။

kay said...

၈လေးလုံး အတွေးများ လာနွှေးရင်း..ကိုပေါရဲ့ animation poster လေးကို သဘောကျသွားတယ်။

ဂျစ်တူး ( မုံရွာ ) said...

ချွန်းချက်မရှိကြိုက်တယ်ဗျာ---

Ngaman said...

SPDC's Dogs r vry punctual for barking once KP launched a smashed post against SPDC, good job bloody fool dogs

Anonymous said...

You are right. however, eventhough everyone wants change and willing to sacrifice, they need right direction and leadership. the way i see it, only leadership comes from 88 generation group and no one else, even the NLD. and 88 generation leaders are so willing to sacrifice themselves that we have no one to rely on as leaders when the spdc put them away. i sometimes wonder if i will ever be able to go back to free and democratice BURMA.

Ngaman said...

I agree that we need urgently right leadership and direction in this moment. we can't expect and rely too much on NLD and others inside becoz they r struggling under wicked SPDC's traps so we had better to do for change as we can in our own ways, at the same time we should support that some outside groups r now trying to reunite and work together instead of non constructive criticizing like Myat Soe in Ko Moe Thee's web page that will profit nothing. let's keep aside our different views in this moment for our country.

pandora said...

Animation လေးကို တော်တော်ကြိုက်တယ်ဗျ။ ဘာနဲ့လုပ်သလဲ။
ဘလော့ဂ် template အသစ်ကလည်း အမြင်သစ်ဖြစ်စေတာပေါ့လေ။

ကိုပေါ said...

ပန်ဒိုရာ…… Serif DrawPlus 6.0 တဲ့။ Popular Bookshop မှာ ၀ယ်လို့ရတယ်။ ၁၉.၉၅ ဒေါ်လာပေးရတယ်။ တန်တယ်လို့ ပြောရမယ်။

တန်းပလိပ်က သူများလုပ်ပြီးသား ရှာပြီး ဒေါင်းလုပ် လုပ်ထားတာပါ။ Stable တော့ မဖြစ်သေးဘူး။

pandora said...

အင်တာနက်မှာ ရှာလိုက်တော့ Serif DrawPlus က 8.0 အထိရှိတယ် ဆိုပဲ.. လောလောဆယ်တော့ ဖရီးပေးတဲ့ SE ဆိုတဲ့ version ကို ခဏစမ်းကြည့်လိုက်ဦးမယ်ဗျာ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs