“There was something in the air that night. The stars were bright, Fernando…”
“အဲဒီညက လေထဲမှာ တစုံတရာ ရှိနေခဲ့တယ်…. ကြယ်ကလေးတွေလည်း တောက်ပနေခဲ့တယ်….ဖာနန်ဒို…..”
ABBA သီချင်းထဲက စာသားလေးပါ။
ဒေါ်အောင်ဆန်းစုကြည်အသက် ၆၀ ပြည့်မွေးနေ့ကစလို့ စင်္ကာပူမှာ မြန်မာ့အရေးအတွက် စိတ်ပါဝင်စားသူတွေ စုပေါင်းပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။ ပြည်တွင်းအင်အားစုတွေကို လစဉ်ပုံမှန် ထောက်ကူခဲ့ကြတယ်။ အဲဒီတုန်းကတော့ ကျနော်တို့ ငွေစုဆောင်းတဲ့အခါ အိုးဝေ(စင်္ကာပူ)အဖွဲ့သားတွေနဲ့ နီးစပ်ရာရာ ပါဝင်ထည့်ဝင်သူတွေလောက်ပါပဲ။ ပြင်ပကနေ ကောက်ခံတာမျိုး နည်းပါးပါတယ်။
အဲဒီတုန်းက အနေအထားကို ပြန်ကြည့်ရင် ပထမတော့ လူအတော်များများဟာ မြန်မာ့ဒီမိုကရေစီအရေးအပေါ်မှာ မျှော်လင့်ချက်ကုန်ဆုံးနေသလိုဖြစ်နေခဲ့ကြတယ်။ မြန်မာ့နိုင်ငံရေးအကဲခတ်အချို့ကအစ ဘာမှ ဖြစ်မလာနိုင်ကြတော့ဘူးလို့လည်း ထင်ခဲ့ကြတယ်။ (တချို့ပညာရှင်ဆိုသူတွေ ဘယ်လောက်လွဲသလဲဆိုရင် ရွှေဝါရောင်တော်လှန်ရေးမတိုင်မီ ၂ ပတ်အလိုအထိ လူတွေ နောက်တကြိမ်လမ်းမပေါ်ကို ပြန်ဆင်းလာဖို့ မဖြစ်နိုင်တော့ဘူးလို့ ဟောကိန်းထုတ်လို့ ကောင်းတုန်း။ အဲသည်လူတွေအားလုံး လွဲခဲ့ပါတယ်။)
၂၀၀၇ ခုနှစ် ရောက်တော့ နှစ်စပိုင်းလောက်ကတည်းက လူတွေရဲ့ ခံစားချက်က သိသိသာသာ ပြောင်းလဲလာတယ်။ ဘားမားဗီဂျေ ရုပ်ရှင်ထဲမှာ ပြောသလိုပဲ လောင်စာဆီ ဈေးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက်တော့ တစုံတခုဖြစ်တော့မယ်ဆိုတာကို လူတွေ ခံစားသိရှိနေခဲ့ကြတယ်။ ကိုမင်းကိုနိုင်တို့တတွေ စတင်လမ်းလျှောက်ချီတက်ကြတယ်။ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ ဆန္ဒပြပွဲတွေ ဖြစ်လာတယ်။ စင်္ကာပူမှာတောင် မြန်မာ ၄၀ လောက် အင်္ကျီအဖြူတွေဝတ်ပြီး အောချာ့ဒ်လမ်းမကြီးမှာ အောချာ့ဒ်ဘူတာကနေ စီးတီဟောလ်အထိ လမ်းလျှောက်ကြပြီး ကိုမင်းကိုနိုင်တို့ရဲ့ လှုပ်ရှားမှုကို ထောက်ခံခဲ့ကြတယ်။ (ထုံးစံအတိုင်း စင်္ကာပူရဲက ဖမ်းတားပြီး နောက်ပိုင်း ရဲစခန်းကို ခေါ်ယူမေးမြန်းတာတွေ လုပ်ခဲ့ပါသေးတယ်။)
ဒီနောက်တော့ မြန်မာပြည်တွင်းမှာ သံဃာတော်များ ဦးဆောင်လို့ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တယ်။ အဲဒီတော်လှန်ရေးကြီးကို နအဖစစ်အစိုးရက ထုံးစံအတိုင်း အကြမ်းဖက်နှိမ်နင်းလိုက်လို့ ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေတော့ မရလိုက်ဘူး။ ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးကြီးက စစ်အစိုးရကို အံတုမယ့် မျိုးဆက်သစ်တရပ်ကို ထပ်မံ မွေးဖွားပေးလိုက်ပြန်တယ်။ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာတော့ နအဖရဲ့ မင်းသားမျက်နှာဖုံးဟာ လုံးလုံး ပြုတ်ကျသွားတော့တယ်။
အခုလည်း စောစောက ပြောခဲ့တဲ့ လေထဲမှာ တစုံတရာရှိနေတယ် ဆိုတဲ့ ခံစားမှုမျိုး ကျနော့်အာရုံထဲမှာ ရနေပြန်ပြီ။ ကျနော့်ပတ်ဝန်းကျင်မှာကြည့်လိုက်ရင် မြန်မာ့ဒီမိုကရေစီအရေးအတွက် လစဉ် အလှူငွေထည့်ဝင်ကြတဲ့လူတွေ အရင်ကထက် ပိုမိုများပြားလာတယ်။ ကျနော့်ဘလော့ဂ်မှာဆိုရင် ဘလော့ဂ်ဖတ်သူတဦးက စတင်ငွေလှူဒါန်းလိုက်ပြီးနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ငွေလှူသူတွေ အလျှိုလျှို ပေါ်ပေါက်လာပါတယ်။ စင်္ကာပူက Food court တွေ၊ ကော်ဖီဆိုင်တွေမှာ မြန်မာတွေရဲ့ စားပွဲဝိုင်းတွေက စကားသံတွေကို နားစွန်နားဖျား ကြားရတဲ့အခါတိုင်း အကြိမ်တော်တော်များများမှာ မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေးသံတွေ ဖြစ်နေလေ့ရှိတယ်။
ပြည်တွင်းပြည်ပမှာ တူရာ တူရာ၊ နီးစပ်ရာ ချိတ်ဆက်လှုပ်ရှားနေတဲ့ အဖွဲ့လေးတွေ လည်း အရင်ကထက် အဆမတန် ပိုမိုများပြားလာနေတယ်။ အချို့သော အဖွဲ့လေးတွေ ပူးပေါင်းသွားပြီး ထိထိရောက်ရောက် လုပ်ကိုင်လာနိုင်ကြတယ်။
အခုအချိန်အခါရဲ့ အနေအထားကို အနီးစပ်ဆုံး ဥပမာပေးရရင် သီပေါမင်းပါတော်မူတဲ့နောက် အင်္ဂလိပ်လက်အောက်မှာ နှစ်ပေါင်းများစွာ အဖိနှိပ်ခံနေရာက ပထမဦးဆုံးအကြိမ် ၀ိုင်အမ်ဘီအေ… ဂျီစီဘီအေ စတဲ့အသင်းတွေ ပေါ်ပေါက်လာတဲ့အချိန်နဲ့ ဒို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာတဲ့အချိန်စပ်ကြား အချိန်ကာလနဲ့ တူနေတယ်။ အဲဒီအချိန်တုန်းက ကျောင်းသားတွေ၊ သံဃာတွေ၊ အလုပ်သမား၊ လယ်သမားတွေ အားလုံးသော လူထုလူတန်းစားအသီးသီးကြားမှာ နိုင်ငံရေးအသိအမြင်တွေ တဟုန်ထိုး တိုးတက်မြင့်မားနေပြီး အင်္ဂလိပ်နယ်ချဲ့အပေါ် မကျေနပ်ချက်တွေ၊ တော်လှန်လိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်နေတဲ့ ကာလပေါ့။
အခုဆိုရင်လည်း လူတွေရဲ့ စိတ်ထဲမှာ မြန်မာ့ဒီမိုကရေစီရေးကို နိုင်ငံသားတာဝန်အရ မဖြစ်မနေ လုပ်ကို လုပ်ဆောင်သင့်တယ်လို့ ယူဆပြီး ပူးပေါင်းပါဝင်လာတဲ့လူတွေ တစထက်တစ ပိုမိုများပြားလာပါတယ်။ ချက်ချင်လက်ငင်း အပြောင်းအလဲဖြစ်သွားမလားလို့ ထင်မှတ်ပြီး တပွဲတိုး ပါဝင်လာတာမျိုးမဟုတ်ဘဲ အရှည်သဖြင့် မရမချင်းကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးကို မွေးမြူလာကြတယ်။ ဒါတွေဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက်၊ မြန်မာပြည်ရဲ့ အနာဂတ်အတွက် အင်မတန်ကောင်းမွန်တဲ့ အလားအလာတွေ ဖြစ်ပါတယ်။
စစ်အာဏာရှင် နအဖ အစိုးရဟာ ပြည်သူလူထု ကြုံတွေ့နေရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးဖို့ ဆန္ဒ လုံးလုံးမရှိဘူးဆိုတဲ့အချက်ရယ်၊ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းလည်း လုံးလုံးမရှိဘူးဆိုတဲ့အချက်ရယ်ဟာ အနှစ်၂၀ လုံးလုံး တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ဖျက်ဆီးခဲ့တဲ့နောက်ပိုင်းမှာ ၀ိဝါဒ ကွဲပြားစရာမလိုလောက်အောင်ကို ကောင်းကောင်းကြီး ထင်ရှားခဲ့ပြီ။ ဒါကြောင့်လည်း နအဖဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ဘယ်တုန်းကမှ မရခဲ့တာပေါ့။
တိုင်းပြည်ဘယ်အခြေအနေဆိုက်ဆိုက် နအဖစစ်ဗိုလ်ချုပ်များဟာ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ စိတ်ဓါတ်နဲ့ သူတို့အာဏာအဓွန့်ရှည်ရေးအတွက်သာ မတရားတဲ့ နည်းလမ်းပေါင်းစုံသုံးစွဲပြီး မီးကုန်ယမ်းကုန် ကြိုးပမ်းနေဆဲ။ ဒီတော့ ပြည်သူလူထုအနေနဲ့ နအဖအပေါ် မနှစ်မြို့တဲ့ စိတ်ဓါတ်ဟာ ဘယ်ခေတ်ဘယ်အခါကနဲ့မှ မတူအောင် အလွန်အမင်း မြင့်မားနေချိန်ဖြစ်ပါတယ်။ ပြည်တွင်းမှာဆိုရင် အာဏာရှင်ကို ပေါ်တင် အာဏာဖီဆန်တဲ့ လုပ်ရပ်တွေ တစထက်တစ များပြားလာတာကို တွေ့ရပါမယ်။ ဖမ်းမယ်မှန်းသိသိနဲ့ လမ်းလျှောက်ပွဲတွေ၊ ဆုတောင်းပွဲတွေ တိုးလုပ်လာကြတယ်။ သံဃာတော်တွေကအစ သပိတ်မှောက်ကံဆောင်ပွဲတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ နှိုးဆော်နေကြတဲ့အချိန်၊ တနည်းပြောရရင် တစုံတခုကို ဖြစ်ဖို့ ပြန်လည်တာစူနေတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒီတခါ ဖြစ်လာမယ့် တော်လှန်ရေးဟာ တော်လှန်ရေးအင်အားစုများရဲ့ စနစ်တကျပြင်ဆင်မှုကြောင့် နအဖကို ထိုင်ခုံက ပြုတ်ကျသွားလောက်အောင် စွမ်းဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
ကျနော်စဉ်းစားမိတယ်။ နအဖအစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတောင် အေးအေးဆေးဆေး ကျင်းပသွားခွင့် ရပါတော့မလားမသိ။ ကျင်းပခွင့်ရလျှင်လညှ်း နအဖ အစိုးရအနေနဲ့ “ဆုပ်လည်းစူး၊ စားလည်းရူး” အနေအထားမှာ ရှိပါတယ်။ နအဖရဲ့ ထိုင်ခုံက သိသိသာသာကြီးကို လှုပ်စပြုနေပါပြီ။
ပြည်ပရှိ မြန်မာပြည်အပေါ်သစ္စာစောင့်သိကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မကြာခင် ပေါ်ပေါက်လာမယ့် တော်လှန်ရေးကြီးမှာ စနစ်တကျ ကူညီပံ့ပိုးနိုင်အောင် မိမိတို့ နီးစပ်ရာ၊ လက်လှမ်းမှီရာ အဖွဲ့ငယ်လေးတွေ အချင်းချင်း ချိတ်ဆက်ကြပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြုထားဖို့ နှိုးဆော်လိုက်ရပါတယ်။

18 comments:
I don't know what to say. But I believe that all Myanmars are wishing this thing come true.
Bravo, Brother ...
I smell it like Renaissance as well.
There should be a coordinated effort.
Best wishes to all Burmese...
This kind of period is seemed very calm by it's appearence but it really is a time for all of us to prepare ourselves ready when the nation's call come to us.
ကျွန်တော်လဲ မြန်မာ့နိုင်ငံရေး မကြာခင် ပြောင်းလဲလာတော့မယ်လို့ ထင်နေပါတယ်။
နအဖ ကတော. သူလှေသူထိုး မှာဘဲ ဘယ်သူမှလဲ ဂရုစိုက်မယ် မထင်ပါဘူး ။
ပြည်တွင်း ပြည်ပ လှူတ်ရှားသူ များလည်း နအဖ ရဲ.ကစားကွက်ထဲ မှာ မလိုက်ကြဘဲ ။
ဒုတိယ လွတ်လပ်ရေး အတွက် နီးစပ်ရာ အချင်းချင်း စုပြီး အောင်ပွဲရသည် အထိ တိုက်ပွဲ ၀င်ကြပါလို. တိုက်တွန်း လိုက်ပါတယ် ။
ကျွန်တော် အပါဝင် သူငယ်ချင်းတော်တော် များများ ကလည်း တတ် နိုင်သလောက် လစဉ် ထောက်ပံ.ကူညီသွားဘို. ဆုံးဖြတ် ထားကြသလို ။
စင်္ကာပူမှာ လုပ်မဲ. လှူတ်ရှားမှူ.မျိုးမှာလည်း တစ်ဒေါင်. တစ်နေရာကနေ ဆက်လက် ပါဝင် သွားမယ် လို. အသိပေးလိုက်ပါတယ် ။
တကယ်လို. နအဖ တော်လှန်ရေးလုပ်တဲ. အခါ စင်္ကာပူ အစိုးရ နဲ.ထိပ်တိုက်တွေ.ကြ မယ်ဆိုရင် ကိုယ်.ဘက်က သေချာ ပလန်ချ ပြီးလုပ်ဆောင်ကြပါ လို.တိုက် တွန်းလိုက်ပါတယ် ။ ။
ကိုကြီး
ခေတ္တစင်္ကာပူ
အားလုံးညီညီညာညာ မညီးမညူ ၊အပြစ်မပြောတမ်း၊ကျရာနေရာကနေပါဝင်လှုပ်ရှားကြပါစို့၊ ပြည်ပက အုပ်စုကြီးတွေအချင်းချင်းစွပ်စွဲရန်ဖြစ်နေကြတာတော့စိတ်မကောင်းစရာဗျာ၊ အုပ်စုစွဲလေးတွေ ၊လူလည်ကျတဲ့အကျင့်လေးတွေဖျောက်ကြရင် အကောင်းဆုံးပါပဲ၊ပြည်သူ့အကျိုးရှေးရှု တိုင်းပြည်အကျိုးဦးစားပေးမယ်ဆိုရင် ကျန်တဲ့ကိစ္စတွေမေ့ထားကြပါ တစ်သံတည်းထွက်နိုင်အောင်ကြိုးစားကြပါ၊
ဒီတစ်ခါအောင်ပွဲမလွဲပါဘူး
Ha Ha ...Farting...
farting...Fuck you..Burmese really like to fart...
Burma will never ever get its Democracy..because of Burmese..
Anonymous
August 28, 2009 12:54 AM
IN FACT, YOU ARE THE ONLY ONE FARTING HERE, IDIOT!
Dear Ko Paw,
Could you please write a letter of terms and conditions on writing of comments? As a reader, I enjoy reading of articles and comments posted on your blog. However, it makes readers irritating because of some irresponsible comments by some unethical users who would not be Myanmar; neither Burmese nor Burmese-Singaporean,e.g. Anonymous August 28, 2009 12:54 AM. They are abusing the right to comment. Their comments are insulting other readers and all Myanmar. I do request you to moderate on the such users by a gentle reminder, e.g. "Warning: Any user who posts offensive or irrelevant comments will be banned from this Discussion Board." as in ST Forum.
Dear A Myanmar Reader,
You want Democracy or what?
Hi Ko Paw, how to lead to Democracy with your colleagues like this?
Aung Din
ကိုပေါ
မိုက်ယိုင်းတဲ…အဆင်.မရှိတဲ.
သူတွေ ရဲ. Comment Post
တွေတော. မရှိသင်.ဘူးဗျာ ။ ။
Dear Ko Paw,
Could you please explain meaning and history of "Democracy" in general or refer for some references?
If you have some time, please write an article about "Freedom to Write and Speak" and "Examples of Debate in some Well-known Democracy Countries".
Dear Ko Aung Din,
I do not catch well what you are saying about "Democracy".
Is it Democracy to comment like
"Anonymous
August 28, 2009 12:54 AM.
Ha Ha ...Farting...
farting...Fuck you..Burmese really like to fart...
Burma will never ever get its Democracy..because of Burmese.."?
Dear “A Myanmar Reader (and other readers)”,
Thanks for your feedback and advice.
I do apologize for such kind of offending remarks appeared in my blog comment section.
I take your feedback seriously. I will put some terms and conditions on writing of comments after I draft it.
But due to my political belief, I am not in a position to delete any comment unless it is harming others personally such as disclosing a person’s private information, insulting the other reader(s) personally, the excessive use of expletives and vulgar words without conveying any other meaningful message, etc.
That anonymous's comment in particular, of course, is very rude and insulting to us, Burmese. But still, I think, it carries the message/criticism that we, Burmese, love to fart (meaning "talk only, no action"). This is stereotyping, indeed. But, that is just his opinion. Whether to agree or disagree is up to the individual readers.
He appeared to read my article before writing this comment. Therefore, if I delete his view, it will be unfair to him to express his thoughts.
That is why I didn’t delete this.
For the time being, I would like to suggest the readers to ignore such kind of offending remarks. As I said above, I will put some terms and conditions on commenting.
Thanks for supporting my blog.
With best regards,
Ko Paw
Dear Ko Paw,
Thank you.
Appreciate of your explanation. Congratulation for your political belief.
Looking forward to read your articles and satires more.
I love reading Ko paw's post.
me too
ကိုပေါရေ… ကော်မန့် တွေ ဖတ်ရင်း…..ဟူးးးးးးးးးးးးးးး….. မောမောလာတယ်…
I like this post.
Post a Comment