“သူတို့လည်း အခြေအနေ မဟန်ဘူး”

Share |
တနှစ်အတွင်း ဒေါ်လာ ၅၈ ဘီလီယံဖိုးလောက် အရှုံးပေါ်ခဲ့တဲ့ စင်္ကာပူ အစိုးရပိုင် တင်းမားဆက်ကုမ္ပဏီကြီးမှာ စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟိုချင်း(Ho Ching လီရှန်လွန်းကတော်)နေရာကို ဆက်ခံဖို့ နိုင်ငံခြားသား ချစ်ပ်စ်ဂွတ်ဒ်ယီးယား (Chips Goodyear) ဆိုသူကို နှစ်နှစ်တိတိ အချိန်ယူစောင့်ကြည့်ခဲ့ပြီးမှ လုံးဝသင့်လျော်သူပဲ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စီအီးအိုအဖြစ် အစမ်းတာဝန်ယူစေခဲ့ပါတယ်။ ဒီလိုမယူစေခင်မှာ တင်းမားဆက် ဘုတ်အဖွဲ့နဲ့ရော၊ စီအီးအိုဖြစ်သူ ဟိုချင်းကိုယ်တိုင် အနေနဲ့ရော၊ သမ္မတပါမကျန် ပါဝင်တဲ့ ရွေးချယ်ရေး အကဲဖြတ်မှုအဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် အစမ်းကာလမှာပဲ တင်းမားဆက်ဘုတ်အဖွဲ့နဲ့ နည်းဗျူဟာအရ ကွဲပြားမှုတွေ ရှိတယ်ဆိုပြီး နှုတ်ထွက်သွားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လိုနည်းဗျူဟာတွေ ကွဲလွဲတာလဲ၊ အကြောင်းရင်းမှန်ကို တင်းမားဆက်ကရော စင်္ကာပူအစိုးရကပါ ထုတ်ပြန်ကြေငြာခြင်း မရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ အဲဒီနေရာကို ၀န်ကြီးချုပ်ကတော် ဟိုချင်းကပဲ မျက်နှာပြောင်စွာ ပြန်လည် လက်ခံလိုက်ပါတယ်။ သေချာတာကတော့ စီအီးအို ခန့်ထားရွေးချယ်ရေးစနစ်အဆင့်ဆင့်မှာ အကြီးအကျယ် မှားယွင်းခဲ့တာ၊ အသုံးမကျခဲ့တာပါဘဲ။ ဒီလောက် နိုင်ငံပိုင်ကုမ္ပဏီကြီးမှာ အုပ်ချုပ်မယ့်လူကို ၂ နှစ်တိတိ အချိန်ယူစောင့်ကြည့်ခဲ့တဲ့ ကာလအတွင်းမှာ ဘယ်သူကမှ သူ့နည်းဗျူဟာ ဘာလဲဆိုတာ မေးမကြည့်ခဲ့ဘူးလားဆိုတဲ့ မေးခွန်းကြီး ပေါ်လာပါတော့တယ်။

တနေ့က ကျင်းပခဲ့တဲ့ စင်္ကာပူပါလီမန်အစည်းအဝေးမှာ အတိုက်အခံအမတ်တွေကရော၊ ပီအေပီအမတ်တွေကပါ အဲသည် ဗျူဟာကွဲလွဲမှုအပေါ် မေးခွန်းထုတ်ကြတဲ့အခါ တာဝန်ရှိသူ ဘဏ္ဍာရေးဝန်ကြီး “သားမင်း” (Tharman) က ဒီလို ပြန်ဖြေပါတယ်။

“ဒီကိစ္စအပေါ် ပြည်သူတွေက သိချင်နေကြတယ်။ ဒါဟာ Public Interest (ပြည်သူ့အကျိုးစီးပွား) ဖြစ်တာ မှန်တယ်။ ဒါပေမယ့် Public Interest ဆိုတာလောက်နဲ့ သတင်းအချက်အလက်တွေကို ဖွင့်ချဖို့အတွက် မလုံလောက်ဘူး” ဖြေကြားသွားတယ်။

အဲသည်ကိစ္စနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံသားတွေ အင်မတန် ဒေါသထွက်ကြပါတယ်။ ဟုတ်တယ်လေ။ Public Interest ဖြစ်တယ်ဆိုတာနဲ့တင် ထုတ်ဖော်ရှင်းလင်းပြောကြားဖို့ လုံလောက်နေပြီ။ အခု မပြောဘူးဆိုတော့ လူထုကို မခန့်လေးစားလုပ်ရာ ရောက်တယ်။ ပီအေပီအစိုးရဟာ ပြည်သူ့အကျိုးစီးပွားထက် သူ့အစိုးရအကျိုးစီးပွားကို ရှေ့တန်းတင်တယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။

အဲဒီ “သားမင်း”ရဲ့ ပြောကြားချက်ကို စထရိတ်တိုင်မ်းစ် သတင်းစာမှာ ပြန်လည်ဖော်ပြတဲ့အခါ သူပြောခဲ့တဲ့ Public Interest ဆိုတဲ့ အဓိက စကားလုံးကို ထိန်ချိန်ပြီး ဖော်ပြတာကို လွတ်လပ်တဲ့ Alternative Media သမားတွေက လက်ပူးလက်ကြပ် ဖမ်းပြထားတယ်။ အကြောင်းစုံကို ဒီလင့်ခ်မှာ သွားဖတ်ကြည့်ပါ။

စင်္ကာပူအစိုးရရဲ့ သတင်းစာ၊ တီဗီ စတာတွေမှာ လီကွမ်းယူ၊ လီရှန်းလွန်းကစလို့ ပီအေပီ ခေါင်းဆောင်ပိုင်းရဲ့ အမှားအယွင်းတွေကို ဖုံးကွယ်တည်းဖြတ်ပြီး ဖော်ပြလေ့ရှိပါတယ်။ အတိုက်အခံတွေကိုဆိုရင် ပြည်သူတွေ မကောင်းထင်အောင် သာသာထိုးထိုး ရေးသားလေ့ရှိပါတယ်။ ဒါကြောင့်လည်း စင်္ကာပူမီဒီယာရဲ့ လွတ်လပ်မှုအဆင့်အတန်းဟာ ထိုင်း၊ မလေးရှားတို့စာရင် အလွန်နိမ့်ပါးနေပြီး မြန်မာ၊ မြောက်ကိုရီးယားတို့နဲ့ သိပ်မကွာဘဲ ရှိနေတာပါ။

အခုတော့ အင်တာနက်ရဲ့ အကျိုးကျေးဇူးကြောင့် စင်္ကာပူအစိုးရရဲ့ Mainstream Media ရဲ့ မရိုးမသားလုပ်မှုဟာ ဘူးပေါ်သလို ပေါ်လာခဲ့ပါပြီ။

စင်္ကာပူအစိုးရရဲ့ မပွင့်လင်းမှု၊ တာဝန်မခံမှု၊ တာဝန်ရှောင်မှု၊ မှားယွင်းမှု၊ အာဏာရှင်ဆန်မှု၊ မတရားမှုတွေကို ဖော်ထုတ်မယ့် ဘလော့ဂါတွေ၊ အတိုက်အခံတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေ အင်တာနက်နဲ့ နည်းပညာကျေးဇူးကြောင့် ပေါ်ထွက်လာခဲ့ပါပြီ။

မီဒီယာကို ထိန်းချုပ်ထားသလို၊ ဂျီအာစီခေါ်တဲ့ အစုလိုက်ကိုယ်စားပြုရွေးချယ်ရတဲ့ မဲဆန္ဒနယ်စနစ်ကြောင့်ရယ်၊ မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲနီးမှ အာဏာရပါတီစိတ်ကြိုက် နယ်နိမိတ်ခွဲချင်သလို ခွဲတတ်တာရယ်၊ အရည်အချင်းရှိတဲ့ အတိုက်အခံတွေကို အသရေဖျက်မှုတွေနဲ့ အစိုးရချုပ်ကိုင်တဲ့ တရားရုံးတွေမှာ မတရားသဖြင့် တရားစွဲဆိုပြီး ဒေ၀ါလီခံရအောင် လုပ်တတ်တာတွေရယ်ကြောင့်သာ ပီအေပီအစိုးရ သက်ဆိုးရှည်နေတာပါ။

ဒါပေမယ့် အာဏာရှင်စနစ်တို့ ထုံးစံ ဘယ်တော့မှ ရေရှည်ချုပ်ကိုင်ထားနိုင်မှာတော့ မဟုတ်ပါဘူး။ ပြည်သူတွေအများစု မျက်လုံးပွင့်လာတဲ့တချိန်၊ အကြောက်တရားနည်းပါးသွားတဲ့အချိန်မှာ အာဏာရှင်စနစ်ဟာ မုချကျဆုံးရမှာပါ။ ကျနော့်ခန့်မှန်းချက်ကတော့ နောင်ဆယ်နှစ်အတွင်းမှာ စင်္ကာပူမှာ နိုင်ငံရေးစနစ်ပြောင်းလဲပါလိမ့်မယ်။ ၂၀၂၀ မတိုင်ခင်ပေါ့။

အဲဒီအချိန်ကျရင် အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဒီမိုကရေစီ အစိုးရတွေ အုပ်ချုပ်နေလောက်ပြီလို့ ကျနော်မျှော်မှန်းပါတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း ဘဘရွှေတယောက် အရိုးဆွေးနေလောက်ပြီး မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ပူးတွဲဖတ်ရှုရန်။..........။ A mockery of Parliament

50 comments:

သန့်စင် said...

အဲဒီလောက်ထိတော့...
နားမလည်ဘူး အစ်ကိုပေါရယ်...
ဒါပေမဲ့ ပီးအောင်တော့ ဖတ်သွားပါတယ်....
နောက်ပီး မှတ်သားသွားပါတယ်

သန့်စင် said...

နားမလည်ဘူးဆိုမှ ပထမ ဆုံး
ကွန့်မန့် ရေးမိတာ sorry ပါဗျာ..

Anonymous said...

Dear Ko Paw,

That's call nothing is permanent.
And they said next CEO must Pure Singaporean. :P ( I don know how pure is pure ).
We are lucky if can get all our CPF money before they keep wrong doing.

Anonymous said...

စလုံးက အာဏာရှင်စနစ်အောက်မှာတောင် သိပ်မဆိုးဘူးနော်။ ၂၀၂၀ မှာသာ စနစ်ပြောင်းရင် ပိုကောင်းလာမှာလား။ ဒါဆို နိုင်ငံသားပြောင်းဘို့ ပြန်စဉ်းစားလိုက်ဦးမယ်။

Anonymous said...

thout yay hte`... di Anonymous (August 20, 2009 10:29 PM) ka ta myoe. nint har nin bar lote lote pawt.

Mg Naing said...

ဒီပို့ စ်အတွက်လဲ သိသင်တာတွေ ထပ်သိရလို့ ကျေးဇူးအများကြီးထပ်တင်ပါတယ်.. စင်္ကာပူအစိုးရလဲ မကောင်းဘူး မှန်ပါတယ်.. ဒါပေမဲ့ ကျနော်တို့ တွေ အဓိကရန်သူဟာ စလုံးအစိုးရမဟုတ်တဲ့အတွက် သူတို့ ကို ထိပ်တိုက်တွေ့ စရာမလိုပါဘူး.. အရင် ၂၀၀၇စက်တာဘာအရေးအခင်း စလုံးအစိုးရက (လူကြားကောင်းအောင်ပဲဖြစ်ဖြစ်) မြန်မာအရေးလှုပ်ရှားသူတွေကို ထောက်ခံမှု အားပေးမှုတွေပြုခဲ့တယ်.. နောက်ပိုင်းစလုံးအတိုက်အခံ အဖွဲ့ ရဲ့ အသုံးချမှု (နိုင်ငံရေးအမြတ်ထုတ်မှု) ကို (မသိမသာ)ခံလိုက်ရတဲ့နောက်ပိုင်း စလုံးအစိုးရဟာ မြန်မာနိုင်ငံရေးလှုပ်ရှားသူတွေကို နှိပ်ကွပ်လာပါတယ်.. ဒါကို ကျနော်မြန်မာတွေသတိထားရပါမယ်.. ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်ကို မကြိုက်ပေမဲ့ အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်ကိုပေါင်းခဲ့ပါတယ်.. ကျနော်တို့ ဒီက မြန်မာတွေဟာလည်း ရန်သူမများဖို့ လိုပါတယ်.. ကျနော်တို့ ရဲ့ အဓိကရန်သူဟာ မြန်မာပြည်က စစ်အာဏာရှင်တွေဖြစ်ပါတယ်.. စင်္ကာပူကအာဏာရှင်တွေမဟုတ်ဘူးဆိုတာ အရေးကြီးပါတယ်.. လိုအပ်ရင် တာလီဘန်လည်း မကြိုက်ပေမဲ့ ပေါင်းသင့်ရင်ပေါင်းရပါမယ်.. အမှားပါရင်ခွင့်လွတ်ပါ.. စေတနာသက်သက်ပါ..

ကိုပေါ said...

ကိုမောင်နိုင်ရေ.....

ဒီကိစ္စမှာတော့ ကိုမောင်နိုင်နဲ့ လုံးဝအမြင်ကွဲလွဲပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီကို ဖော်ဆောင်ချင်တာပါ။ နိဗ္ဗာန်ကို သွားတဲ့နေရာမှာ ဒေ၀ဒတ်နဲ့ လက်တွဲလို့မရသလို ဒီမိုကရေစီအစစ်အမှန်ကို သွားချင်လျှင် အာဏာရှင်စနစ်ကို အားပေးအားမြှောက်မပြုသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့တုန်းက လွတ်လပ်ရေးအတွက် တိုင်းတပါးသားကို တိုက်တာ။ အခုက စနစ်တခုကို ပြောင်းလဲဖို့ တိုက်တာပါ။ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ အာဏာရှင်စနစ်နဲ့ ချီတက်လို့မရပါဘူး။ စလုံးအတိုက်အခံက နိုင်ငံရေးအမြတ်ထုတ်တယ်ဆိုတဲ့ အဆိုကိုလည်း လုံးဝလက်မခံနိုင်ပါဘူး။ အဲသည်တုန်းက အမှန်တကယ် အမြတ်ထုတ်တာဟာ စင်္ကာပူအစိုးရဆိုတာ စင်္ကာပူက တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြသူတွေ အားလုံးလိုလို သဘောပေါက်ကြပါတယ်။

KTz said...

အရမ်းကောင်းပါတယ်..ဒီလို post မျိုးကြိုက်တယ်
Thanks for sharing!

Mg Naing said...

ကိုပေါရေ..

ရှင်းပြပေးတဲ့အတွက်ထပ်ပြီး ကျေးဇူးတင်ပါရစေ.. ကျနော်သေသေချာချာ မသိတာပါ.. စလုံးအစိုးရ
နဲ့ပေါင်းဆိုတဲ့ အဓိပါယ်က သူ့  ဥပဒေဘောင် အတွင်းကလုပ်စေချင်ပြီး ကိုယ့်လူတွေ အထိမနာစေချင်တာပါ...
တာလီဘန်နဲ့ ပေါင်းဆိုတာက .. တရားသည်ဖြစ်စေ.. မတရားသည်ဖြစ်စေ ဒီကောင်တွေ(ဗိုလ်သန်းရွေ တို့ အဖွဲ့ ) မရှိရင် ပြီးရော. သေရင်အေးရော ဆိုတဲ့အဓိပါယ်ပါ..

cohtet စကားကို လက်ခံသူ said...

မှန်လိုက်တာဗျာ... သံတမန်ရေးလဲ နိုင်ငံရေးပဲ.....
နိုင်ငံရေး အကြောင်းပြော၇င် သံတမန်ရေး ချန်ထားလို့ ဘယ်ရမလဲ... သိပ်ကလေးဆန်သွားမှာပေါ့....

ရွှန်းလဲ့ said...

ပာိုစာသားလေးတော့ သဘောကျတယ် ဘဘရွှေတစ်ယောက်အရိုးဆွေးနေလောက်ပြီဆိုတာ.. ခုတောင် ၂၀၂၀ ရောက်ချင်ပြီ...(အဲ့သလောက်ကို မေတ္တာကြီးမားတဲ့ ပြည်သူတစ်ဦးပါ)

Anonymous said...

ကျွန်တော် တော. အဲလို မထင်ဘူး….
၂၀၂၀ လောက်မှာ ပြောင်းလဲ မယ်ဆိုတာ
ဘာကြောင်.လဲဆိုတော….လက်ရှိ ၀န်ကြီးချူပ် ရဲ.( တူ )
သူ.ညီရဲ.သား က US မှာပညာသင်နေတာ ပြီးတော.မယ်ဆိုတော…..
ဆွေမျိုးထဲ က မျိုးဆက်သစ် ကို လက်ဆင်. မကမ်းဘူး လို.ဘယ်သူပြောနိုင်လဲ ။ ။

Anonymous said...

Ko Paw is hopping his Ba Ba to die fast because he already give him up. you cannot change if he not die? why you all so stupid.you all cannot try not to give double tax even though you have strong evidence. you all always lost him. you are just talking only. i give you name NATO. No Action Talk Only. Do action also no affect. so how people want to trust you and give support. try better way, show us some success. otherwise talk until you die also people will not folow you. only your wife and some stupid peoples arround you. i don't think even your daughter also want to follow you when she grown up.

Ba Ba

Anonymous said...

nin ka Myanmar ma hote bu lar? pyaw zan sout paw Ba Ba.

Anonymous said...

show us some success. te`.
din ko tine burmar ma hote tar kya nay tar pae`.
nin ka kaw? bar lote nay tone? thu myar ko thwar ma pyaw ne`. nin ko tine ko ka sout phyit ma shi tar.

Anonymous said...

ဗမာသိပ်စစ်ရင် ဗမာစာနဲ့ ရေးပါ။ ဒါမှမဟုတ် ဘိုလိုရေးပါ။ တောမရောက် တောင်မရောက် ဘားဂလိပ်နဲ့ မရေးပါနဲ့လို့ တောင်းပန်ပါရစေ။

Anonymous said...

i think go back your country and do politics in there and show your own patriot.

If you do like this, we all are appreciate to you.

Anonymous said...

ngar bamar ma sit bu. ta yote. mint pa htwe. understand.

" Anonymous said...
i think go back your country and do politics in there and show your own patriot.
If you do like this, we all are appreciate to you."

then how about you? you want other ppl do then how about you? begger thar thar kg. thu myar lote pay hma, thu myar kywe hma mway hma luu phyit me` kg. nin ko tine lote par lar? nin ya chin yin. _uck.

Anonymous said...

တကယ်အမျိုးချစ်တဲ့သူတွေမှာ ဒီလို ရိုင်းရိုင်းစိုင်းစိုင်းတွေ မတွေ့ဖူးဘူး။ ခင်ဗျားက အသံကောင်း ဝင်ဟစ်တဲ့သူ ဖြစ်မယ်။

ကိုပေါ ကွန်မန့်ဖွင့်ပေးထားတာ ဆွေးနွေးဖို့ပါ။ ဘလော့ရှင်ကို အားနာသောအားဖြင့် ရိုင်းရိုင်းစိုင်းစိုင်း မပြောကြရင် ကောင်းမယ်။

Anonymous said...

စိတ်လျော့ပါအုံးဗျာ။
သူတောင်းစားက တော့ သူတောင်းစားစကားပဲ ပြောမှာပေါ့ ဘာတဲ့ show us some success?
ဟုတ်လား။ သူများလုပ်ပေးမှာကို ထိုင်မျှော်နေတယ်။ သူတောင်းစားပေါ့။ မှန်ပါ့ကွာ။

pkw said...

comment ကို English လိုရေးကြတာကလဲ သိပ်ညုံကတာပါဘဲ ။ Crammer ကမှားတော့ အဓိပါယ်က လွဲရော။ စလုံး ဖြစ် လာမှတော့ official language ကို နည်းနည်း ဂရုစိုက် ဘိုံကောင်းပါတယ် ။ ဥပမာ it is depend တဲ ။ အရုပ်ဆိုးပါ့

Anonymous said...

Anonymous August 21, 2009 1:27 PM
Straight forward နဲ့ ခပ်ကြမ်းကြမ်း ပြောမှ တန်မယ် ဆိုရင်လည်း ပြောသင့်ပါတယ်။

Anonymous said...

ကျွန်ုပ်အသိပညာတိုးသောနေ့

ေ-ာက်ချင်း မိုးမွှန်အောင် ပြောနေကြခြင်းမှာ၊ တိုင်းပြည်ကို ချစ်လွန်းလို့ Straight forward ပြောခြင်းဖြစ်ကြောင်း ကျွန်ုပ် ကောင်းကောင်းကြီးသိလိုက်ရပါပြီ အသင်လောက

Anonymous said...

အပေါ ဟီးဟီး

ပညာတိုးသောေ-ာက်အသို့ said...

“ကျွန်ုပ်အသိပညာတိုးသောနေ့
ေ-ာက်ချင်း မိုးမွှန်အောင် ပြောနေကြခြင်းမှာ၊ တိုင်းပြည်ကို ချစ်လွန်းလို့ Straight forward ပြောခြင်းဖြစ်ကြောင်း ကျွန်ုပ် ကောင်းကောင်းကြီးသိလိုက်ရပါပြီ အသင်လောက”


ေ-ာက်အ…. သင်ပြောသည်မှာ မှန်ပေ၏။ ဗိုလ်ချုပ်အောင်ဆန်းကို ရှုလော့…. “စောက်ကျင့်တွေ ပြင်ဖို့လိုပြီ”….ေ-ာက်ချင်းမိုးမွှန်အောင် ပြောသည်မှာ တိုင်းပြည်ကို ချစ်လွန်း၍ပင် မဟုတ်တုံလေ။

အသိပညာတိုးသောေ-ာက်အသို့ said...

“ကျွန်ုပ်အသိပညာတိုးသောနေ့
ေ-ာက်ချင်း မိုးမွှန်အောင် ပြောနေကြခြင်းမှာ၊ တိုင်းပြည်ကို ချစ်လွန်းလို့ Straight forward ပြောခြင်းဖြစ်ကြောင်း ကျွန်ုပ် ကောင်းကောင်းကြီးသိလိုက်ရပါပြီ အသင်လောက”


ေ-ာက်အ…. သင်ပြောသည်မှာ မှန်ပေ၏။ ဗိုလ်ချုပ်အောင်ဆန်းကိုပင် ရှုလော့…. “စောက်ကျင့်တွေ ပြင်ဖို့လိုပြီ”….ေ-ာက်ချင်းမိုးမွှန်အောင် ပြောသည်မှာ တိုင်းပြည်ကို ချစ်လွန်း၍ပင် မဟုတ်တုံလော။

Anonymous said...

ဗိုလ်ချုပ်နဲ့ေ-ာက်လို့ ပြောတာ တစ်ခုပဲ တူတဲ့ ဂျိုကုပ်ရယ် မှတ်သား ထားလိုက်ပါတယ်။

Anonymous said...

အ အ ပေါ့ ။ ဟီးဟီး

အသိပညာတိုးသောေ-ာက်အသို့ said...

အမှန်ကို တဲ့တိုး ပြောတတ်တာချင်းလည်း တူသေးသည်ဟု အသင်ေ-ာက်အ မှတ်ထားဦးလော့။

Anonymous said...

အပြောတူတာလေး ခဏထားပြီး အလုပ် ၁၀ပြားဖိုးလောက် တူအောင် လုပ်လိုက်ပါဦး။ ဗိုလ်ချုပ်နဲ့ နှိုင်းလို့ -ျီးစိမ်းတွေ ပါတွေလည်း ပန်းနေပါဦးမယ်။

Anonymous said...

မဟုတ်ဘူး… အတုံး :D

အသိပညာတိုးသောေ-ာက်အသို့ said...

အလုပ်တူဖို့ကို ခဏထားပြီး အပြောတူတာဖြစ်တဲ့ အမှန်အတိုင်း ပြောတတ်အောင်ပဲ အရင် ၁၀ ပြားဖိုးလောက် တူအောင် လုပ်လိုက်ပါဦး။ အပြောတောင် ဖြစ်မြောက်အောင် မပြောတတ်ဘဲနဲ့ အလုပ်ကို တူတန်အောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတာ မသေမချင်း မှတ်ထားလိုက်ဦး....ေ-ာက်အရေ။

Anonymous said...

ခွီ ခွီ love it.

Anonymous said...

ပြောတာက သပ်သပ်၊ လုပ်တာက သပ်သပ်ဗျ
ဒါကြောင့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဆိုတဲ့ စကားပေါ်လာတာ မဟုတ်လား။

ပြီးတော့ ခင်ဗျား ပြောတတ်တယ် ဆိုတာကလည်း ခင်ဗျား ပါးစပ်ကမချတဲ့ အဲဒီ တစ်ခုကလွဲလို့ ဘာမှ မယ်မယ်ရရ မရှိပါဘူးဗျာ။

တကယ်တော့ ကျွန်တော်က ယဉ်ယဉ်ကျေးကျေး ပြောကြပါလို့ ဝင်သတိပေးတဲ့သူပါ။ ခင်ဗျားတို့နဲ့ အငြင်းပွားနေတဲ့ ဘဘ ဆိုတဲ့သူ မဟုတ်ပါဘူး။ အပြောယဉ်ကျေးဖို့ ပြောမိတာလေးကို ဘာလို့ ရန်စွယ်နဲ့ ငေါငေါ၊ - ပေါ် - ထပ်နေရတာလဲဗျာ။ တကယ်ကို နားမလည် နိုင်ဘူး။

အတူး said...

အဟင့်… အဟင့်... ရင်နာတယ်။

နားမလည်နိုင်သူသို့ said...

မဆိုးဘူး။ ခင်ဗျား စကားပြောတတ်လာပြီ။

ဒါပေမယ့်... ဒီမှာ ရေးကြသမျှဟာ ပြောနေကြတာချည်းပဲဆိုတာကို ခင်ဗျားသဘောပေါက်ပါလိမ့်မယ်။ ခင်ဗျားက အစ၊ ကျုပ်က အဆုံးပေါ့။ အလုပ်က ဘယ်သူဘာလုပ်နေတယ်ဆိုတာ ခန့်မှန်းကြည့်ရုံပဲတတ်နိုင်တာ။ အပြောနဲ့ ညီတဲ့လူရှိချင်ရှိမယ်။ မရှိချင်မရှိဘူး။

ယဉ်ကျေးတာ ကောင်းတယ်မှန်ပေမယ့် အပြောအဆိုရိုင်းလည်း ပေးချင်တဲ့ အဓိပ္ပါယ်မရိုင်းရင် လက်ခံနိုင်ရမယ်ဆိုတာကို ခင်ဗျားသဘောပေါက်စေချင်လို့ ဗိုလ်ချုပ်အောင်ဆန်းကို ဥပမာပေးရတာပဲ။ အပြောချိုပြီး စိတ်ဓါတ်နဲ့လုပ်ရပ်က ရိုင်းပြနေရင် အလကားပဲ။ အပြောကြမ်းပေမယ့် စိတ်ဖြောင့်တဲ့သူ၊ လုပ်ရပ်ယဉ်ကျေးသူတွေ လောကကြီးမှာ တပုံကြီးရှိတယ်။ ခွဲခြားမြင်တတ်ဖို့လိုတယ်။ ဒါကြောင့် ခင်ဗျားဝင်ပြောတာဟာ မယောင်ရာဆီလူးသလိုဖြစ်နေလို့ -ပေါ်-ထပ်ပြီး ပြောလိုက်ရတာ။ ပြောချင်လွန်းလို့မဟုတ်ဘူး။

Anonymous said...

I think that they appoint Goodyear to cover Ho Ching's mistake when she was CEO in Temasek. After Goodyear resign from CEO, Ho Ching take over again. It shows that she save Temasek even everyone knows she waste a lot of money when she handle CEO in Temasek. She is very clever like Myanmar Junta saying that they save Myanmar before dropping to the valley.

AMERIT said...

စလုံး က သူ့ နိုင် ငံ ပဲ ကာကွယ် ဖို့ ကြိုး စား တာ ပါ ။ မြန် မာ ပြ ည် ကို ချစ် လို့ မဟုတ် ပါ ။ သမိုင်း မတွင်တဲ့ ဦး နု ရဲ့ စကား ကို ပြန် ဖောက် သည် ချ ချင် တယ် ။ “ မင်း တို့ ------ တွေ တိုင်း ပြည် ကို ချစ် တယ် ဆို တာ ဗိုလ် ချုပ် အောင် ဆန်း -- ဖြဲ နေ သလောက် ပဲ ရှိ တယ် ” ဆိုတာ ပါ ။
ကိုယ့်  တိုင်း ပြည် အတွက် ကိုယ့် လူ မျိုး တွေ ပဲ ကြိုး စား ရ မှာပါ ။

Anonymous said...

ပီးသေးဘူးလားဟယ်.။..... အရှည်ကြီးပဲ... ဖြစ်နေကြတာ မပီးနိုင် မစီးနိုင်... လူဇိုးဒေ.....

Anonymous said...

ဒီမှာဝင်ဆဲနေတဲ့ ငပေါပါမစ်ရကောင်တွေကရော အင်းဂလိပ်စကားပြောကာစမှာ မိုးပျံအောင်တော်နေပြီး တခါမှ ငပျောသီးမနင်ဘူးလို့လားဟ..... ဆရာမနိုင် နှစ်ဆောင်ပြိုင်တေရ....


သိပ်မောက်မာနေတာ ပုံစံက မျိုးမြင့်မောင် လေသံကြီးပါကွာ...... အသိသာကြီးရယ်

မျိုးမြင့်မောင် said...

ငါက အခုမှ ၀င်ရေးမှာကွ သောက်လဒူရ။ မင်းလည်း ငါ့အဆဲ ဒီလောက်ခံရတာတောင် ငါပြောတာလား သူများပြောတာလားဆိုတာ မသိသေးဘူး။ မသိတာတောင် သေချာသလိုနဲ့ ရမ်းသမ်းစွပ်စွဲတတ်တဲ့ သောက်လဒူကျင့် သောက်လဒူကြံကလည်း ရှိသေး။ ရွံပါပေ့ သောက်လဒူရယ်။

Anonymous said...

ကွန်မန့်တွေဖတ်ရတာ သောက်ရမ်းရီရတယ်.. :D .. မောရင် သောက်ရေလေး သောက်ပြီး ပြောကြ.. ( သောက်ရေ သုံးရေ ကိုပြောတာ)

Anonymous said...

ဟေ့ကောင် တွေ့ကရာလူကိုသောက်လဒူခေါ်နေတဲ့ကောင်... ငါက မင့် အဖေ တောင် ငါ့တူခေါ်လို့ရတယ်ကွ... မှတ်ထား

မျိုးမြင့်မောင် said...

အသက် ဘယ်လောက်ကြီးကြီး သောက်လဒူကတော့ သောက်လဒူပဲ။ မှတ်ထား။

Anonymous said...

Do you think Ko Paw & Myo Myint Maung Dare to Go back Myanmar if SG Govt not giving extension their Re-Entry Permit. They already find the way how to get Refugee to other countries. This why they are so daring. I really Hate SPDC at the same time I cannot see This two guys Ko Paw and Myo Myint Maung doing for Democracy. They are quite Proud of theirself and want to look down people. They only thought that Thy are Right at everytime. Like to urge with people. no explaination to those weaker people. Not like Ko Ko Gyi and Ko Min Ko Naing. especially Myo Myint Maung. Please remember that you cannot do alone without people. Don't make people hate you and no confidence on you.

Bo Hein

မောင်မောင်စလုံး said...

သြော်...ဘိုဟိန်း...ဘိုဟိန်း...ဘိုဟိန်း..။

စုံထောက်ကြီး ဦးနံပြား said...

ဒီလောက်နာနေပုံထောက်တော့ ဘိုဟိန်းနဲ့ သောက်လဒူနဲ့ တယောက်တည်းများလား....အဟိ

Anonymous said...

ABC

Anonymous said...

ကိုပေါ - ကျွန်တော် စနေနေ့က စလုံးနိုင်ငံသား အိုင်စီပေးတဲ့ အခန်းအနား တခုကို ရောက်ဖြစ်ပါတယ်။ စုစုပေါင်း လူ ၄၀ဝ ကျော်မှာ မြန်မာ ၂၀ လောက်ပဲ ပါပါတယ်။ မြန်မာတွေ စလုံး ပြောင်းတာ ကျန်တဲ့ လူမျိုးတွေလောက် မများသေးဘူး ပြောရမယ်။ ထူးခြားတာက ဖားတွေ အရမ်းများလာတယ်။ ၁၀ဝ တောင် မကဘူး ထင်တယ်။

အရင်က ဖားတွေက အိမ်ဖော် အနေနဲ့ လာကြတာ များပါတယ်။ အခုနောက်ပိုင်း ရုံးအလုပ်တွေမှာ တော်တော်များလာပါပြီ။ ကျွန်တော့် ရုံးမှာတောင် ဒီနှစ်ထဲဝင်တာ ၁၀ ယောက် မကတော့ဘူး။ မြန်မာအိမ်ဖော် အရင်က မရှိပါ။ အခု အရမ်းများလာပါတယ်။ အများစုက ဘွဲ့ရပါ။ တချို့ကလည်း အေးဂျင့် အလိမ်ခံရတာပါ။ သူတို့ကို ပိုကောင်းတဲ့ အလုပ်မျိုး ရစေချင်ပါတယ်။

ကိုပေါ အချိန်ရရင် အေးဂျင့် အလိမ်မခံရအောင်နဲ့ အိမ်ဖော်ကနေ အခြားအလုပ် ဘယ်လို ပြောင်းလို့ရတယ် ဆိုတာမျိုး ရေးစေချင်ပါတယ်။ ကိုပေါက သေချာလေ့လာရေးတတ်လို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။ အကျိုး တစုံတရာ ရှိနိုင်မယ် ထင်လို့ပါ။

လေးစားလျက်

ကိုပေါ said...

Anonymous (August 24, 2009 4:07 PM),

မြန်မာလူမျိုးအချင်းချင်းအပေါ်မှာ ထားတဲ့ မိတ်ဆွေရဲ့ စေတနာအတွက် လေးစားပါတယ်။

မြန်မာအိမ်ဖော်လောကအကြောင်းကိုတော့ ကျနော် သေသေချာချာ မသိပါဘူး။ ဒါပေမယ့်... “မေလေး” လို့ အမည်ရတဲ့ မြန်မာအမျိုးသမီး ဘလော့ဂါတယောက်ဟာ အဲသည်အကြောင်းကို ဇောက်ချ ရေးဘူးတယ်လို့ ထင်ပါတယ်။ နောက်တော့ ကျနော် ပြန်ရှာပြီး ညွှန်းပါ့မယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs