“ခပ်ညံ့ညံ့ရဲ့ ကမ္ဘာ”

Share |

ခပ်ညံ့ညံ့ အစိုးရခေတ်မှာ
ခပ်ညံ့ညံ့ လူအဖြစ်မွေး
ခပ်ညံ့ညံ့ ပညာရေးနဲ့
ခပ်ညံ့ညံ့ ဘွဲ့လေးတခုရ
ခပ်ညံ့ညံ့ လစာပေးတဲ့
ခပ်ညံ့ညံ့ သူဋ္ဌေးစုတ်ဆီမှာ
ခပ်ညံ့ညံ့ အလုပ်ကိုဝင်
ခပ်ညံ့ညံ့ လင်တယောက်လည်းဖြစ်
ခပ်ညံ့ညံ့ ဟာလေးထပ်ပြီးမွေး
ခပ်ညံ့ညံ့ ဘလော့ဂ်လေးထောင်
ခပ်ညံ့ညံ့ ကောင်ကလေး
ခပ်ညံ့ညံ့ တွေး
ခပ်ညံ့ညံ့ ရေး
ခပ်ညံ့ညံ့လေး နေထိုင်ကာ
ခပ်ညံ့ညံ့လေး သေဆုံးသွား။

(ဘဒူ့ကိုမှ မရည်ရွယ်ပါ။း-)

14 comments:

MZ said...

ခပ်ညံ့ညံ့လေး ဖတ်သွားပါတယ် :D:D:D

Anonymous said...

ခပ်ညံ့ညံ့ အော်လန်စိန်တုတ်ပဲ

:P said...

ခပ်ညံ့ညံ့လေးနားရွက်ထဲမှာ ခခွေးတစ်လုံး 6 တစ်လုံး..။
(ပုံထဲမှာ)

ကြည် said...

ဘဒူ့ကိုမှမရည်ရွယ်ဘူးဆိုပေမဲ့လို့ သက်ဆိုင်သူကိုသိနေပါတယ်ဘလောက်ဂါကြီး။

khin oo may said...

ကိုယ့်ကိုယ်ကို ပြောတာလားလို့.

Anonymous said...

ခပ်ညံ့ညံ့ဘလောက်မှာခပ်ညံ့ညံ့အတေးအခေါ်နဲ့ရေးထားတဲ့ စာတွေကိုလာဖတ်သွားပါတယ်

လင်းလက်ကြယ်စင် said...

တော်သေးတာပေါ့ ခပ်ညံ့ညံ့အချစ်လို့ မရေးပေလို့ :D

မေငြိမ်း said...

ခပ်ညံ့ညံ့ပဲကောင်းပါတယ်..
ပြိုင်လာလျှင် အရှုံးပေး နှလုံးအေးတဲ့ဆေး.. ဆိုတာကို ထောက်ခံတဲ့ သဘောပေါ့.. :P

Dr. Yi Yi Win said...

88 မတိုင်မီ RIT ကဘွဲ့ ရတွေက ခပ်ညံ့ညံ့တွေမဟုတ်လောက်ဘူးနော်။
အဲလိုသာ ဖြစ်မယ်ဆိုရင် ....အိမ်မှာလည်း ခပ်ညံ့ညံ့တစ်ယောက်ရှိတယ်။

Anonymous said...

သိပ်တော့စိတ်မပျက်နဲ့ဗျ၊ ခပ်ညံ့ညံ့စာဖတ်သူကျုပ် အားပေးသွားတယ်။

ရာခေလ said...

ခပ် မိုက်မိုက် ပို့ စ်တွေရေးပြီးကာမှ
ခပ် ညံ့ညံ့ နဲ့ လျောချချင်တယ်လား
နောက်တစ်လှမ်းဆုတ်တဲ့ သဘောလား.......

ခပ်ညံ့ညံ့ထင်မြင်ချက်လေးပါ.... :)

ကိုလူထွေး said...

ခပ်ညံ့ညံ့ကောင် စာလာဖတ်သွားပါတယ်...

Anonymous said...

wrl;omaeao;w,f

Ģя∆и₣Δяج said...

ခပ်ညံ့ညံ့ ကြိုက်တယ်ဗျာ ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs