မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ မိမိကိုယ်ပိုင် အထင်အမြင်ကို ထုတ်ဖော်မပြောဆိုမီ “ကျွန်တော်ကတော့ သာမန်ပြည်သူပါ” ဟူ၍ စကားခံပြောကြားသည်ကို မကြာခဏ ကြုံရလေ့ရှိသည်။ ဤသို့ပြောရခြင်း၏ နောက်ကွယ်တွင် အကြောင်းအမျိုးမျိုးရှိနိုင်သည်။
တချို့က မိမိ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော် မိတ်ဆက်သည့်အနေဖြင့် သဘောရိုးပြောကြားခြင်းဖြစ်သည်။ အချို့ကမူ မိမိစကားထဲတွင် တစုံတရာ အမှားအယွင်းပါသွားပါက မိမိအား ပြန်လည်မဝေဖန်စေရန်အတွက် ကြိုတင်၍ ထန်းလက်ဖြင့် ကာထားခြင်းဖြစ်သည်။ သူ့အမှားကို တဖက်က ထောက်ပြလာလျှင် “ကျွန်တော်ပြောတယ်မဟုတ်လား။ ကျွန်တော်က သာမန်ပြည်သူပါလို့”…. ဟု ပြန်ပြောနိုင်ရန် ဖြစ်လေသည်။
အချို့ကမူ နိုင်ငံရေးသမားဟု အထင်မခံလိုခြင်းကြောင့် ဖြစ်သည်။ ဤသို့ အထင်မခံလိုခြင်းမှာ မိမိကိုယ်တိုင်က အမှန်တကယ် နိုင်ငံရေးသမားမဟုတ်သည့်အတွက်ကြောင့်တကြောင်း (သို့တည်းမဟုတ်) နိုင်ငံရေးသမားဆိုသည် ကလိန်ကကျစ်လူများ၊ လူလည်များဟု သတ်မှတ်လိုခြင်းကြောင့်တကြောင်း ဖြစ်နိုင်ပါသည်။
မြန်မာပြည်ကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ဖမ်းဆီးထောင်ချခံနေရသော နိုင်ငံရေးအကျဉ်းသားများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ စသူတို့အား နိုင်ငံရေးသမားများအဖြစ်ဖြင့် အများစုက သတ်မှတ်ကြသည်။ ထိုသူတို့အား မိမိကိုယ်ကို သာမန်ပြည်သူဟု ကင်ပွန်းတပ်သူ အချို့ (အချို့ဆိုသော်လည်း အရေအတွက်မှာ မနည်းလှ)က နည်းမျိုးစုံဖြင့် ဝေဖန်ကြသည်။ ဆဲရေးကြသည်။ သူတို့၏ လုပ်ပုံကိုင်ပုံကို နည်းလမ်းမကျ၊ အသုံးမကျ၊ ခရီးမတွင်၊ မအောင်မြင် စသဖြင့် သာမန်ပြည်သူဟူသော နာမည်ကို တွင်တွင်ကြီး သုံးကာ တဖက်သတ် ဝေဖန်ကြ၊ ဆဲဆိုကြသည်ကို အစဉ်လိုလို မြင်တွေ့နေရသည်။
ယင်းကို တွေ့မြင်ရသောအခါ “နိုင်ငံရေးသမား” နှင့် “သာမန်ပြည်သူ” ဆိုသော ဝေါဟာရ ပညတ်ချက်များနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုများကို တွေးတောသုံးသပ်ကြည့်မိသည်။ ထိုအခါတွင် မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ထိုသို့ တဖက်သတ် ဝေဖန်၊ ဆဲဆိုနေကြသည်မှာ တရားမျှတပါ၏လောဟု ထပ်မံစဉ်းစားစရာ ဖြစ်လာသည်။
အင်္ဂလိပ်အဘိဓါန်တွင် နိုင်ငံရေးသမားဆိုသည်မှာ နိုင်ငံရေးနှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်းပြုသူ၊ အထူးသဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသော ရာထူးတခုကို လက်ကိုင်ထားသူဟု အတိုချုံး အဓိပ္ပါယ်ရပါသည်။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုလျှင် အထက်တွင်ပြောခဲ့သော မြန်မာပြည်မှ နိုင်ငံရေးသမားဆိုသူများမှာ နိုင်ငံရေးအပေါ်မှီတည်၍ အသက်မွေးနိုင်ကြသူများ မဟုတ်ကြ။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မိသဖြင့် မိမိတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပင် တားဆီးပိတ်ပင် ကန့်သတ်ခံကြရရှာသေးသည်။ ထို့ကြောင့် ထိုသူများကို နိုင်ငံရေးသမားဟု လူတန်းစား ခွဲခြားသတ်မှတ်နေခြင်းကပင် ကျနော်တို့၏ အခြေခံအမှားဖြစ်သည်။ အမှန်စင်စစ် မြန်မာပြည်တွင် နိုင်ငံရေးလုပ်၍ အသက်မွေးနိုင်ကြသည်မှာ စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ နောက်လိုက် အပေါင်းပါများသာ ရှိသည်။
လွတ်လပ်သောနိုင်ငံများတွင်မူ နိုင်ငံရေးသမားများကို ပြည်သူလူထုက ပုံမှန်ပြုလုပ်ကျင်းပသော ရွေးကောက်ပွဲများတွင် မဲထည့်ကာ ရွေးချယ်တင်မြှောက်ကြသည်။ ရာထူးကို ရရှိလာသူ နိုင်ငံရေးသမားများအနေဖြင့် ပြည်သူလူထုအတွက် အကျိုးပြုသော ပေါ်လစီများကို ချမှတ်အကောင်အထည်ဖော်ရသည်။ ထိုနေရာတွင် မအောင်မြင်ပါက သူ့အားရွေးချယ်တင်မြှောက်ခဲ့သော၊ သူ့အား ထိုက်သင့်သည့်လစာပေးထားသော အခွန်ထမ်းပြည်သူလူထုအနေဖြင့် ထိုသူအား မသက်မညှာ ဝေဖန်ပိုင်ခွင့်ရှိသည်။ နောင်ရွေးကောက်ပွဲတွင် ထိုသူအား မရွေးချယ်တော့ဘဲ နေပိုင်ခွင့်ရှိသည်။ ထိုအနေအထားမျိုးတွင် အခွန်ထမ်းပြည်သူတဦးအနေဖြင့် မိမိကိုယ်ကို “သာမန်ပြည်သူတဦးပါ၊ နိုင်ငံရေးသမားမဟုတ်ပါ” ဟုလည်း ခွဲခြားပြောကြားသည်မှာ သဘာဝကျသည်။
မြန်မာပြည်တွင် ၁၉၉၀ ခုနှစ်က အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်လောင်းများအား တခဲနက်မဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော်လည်း ထိုသူများမှာ သူတို့၏ လွှတ်တော်အမတ်တာဝန်ဝတ္တရားကို ထမ်းဆောင်ခွင့်မရသေး။ လွှတ်တော်အမတ်လစာဖြင့် အသက်မွေးရန် မဆိုထားနှင့်၊ နအဖအစိုးရ၏ ဖမ်းဆီးထောင်ချမခံရလျှင်ပင် ကံကောင်းလှပေသည်။ ထိုသို့အနေအထားတွင် ရွေးချယ်တင်မြှောက်ခံရသော လွှတ်တော်အမတ်များကို ကျွန်တော်တို့က အခွန်ထမ်းသာမန်ပြည်သူဖြစ်သဖြင့် သူတို့၏ မအောင်မြင်မှု၊ အသုံးမကျမှုများကို တဖက်သတ်ဝေဖန်မည်ဆိုပါက တရားမျှတသည် မဆိုသာ။ တကယ်တော့ ထိုသူများသည်လည်း မိမိကိုယ်ကို “သာမန်ပြည်သူ”ဟု ပြောဆိုနေကြသူများနှင့် ဘာမှကွာခြားလှသည်မဟုတ်။ သာမန်ပြည်သူဆိုသူများထက်ပင် သူတို့မှာ အကြပ်အတည်းကို ရင်ဆိုင်ရပေသေးသည်။ သာမန်ပြည်သူဆိုသူများနှင့် ကွာခြားသည့် အချက်မှာ ထိုသူတို့သည် မိမိနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် အခြားသူများထက် ပိုမိုတက်ကြွစွာ၊ တာဝန်ကျေပွန်စွာ လုပ်ဆောင်နေကြခြင်းသာ ရှိသည်။
အချို့ကလည်း ရွေးကောက်ပွဲတွင် ပြည်သူက မဲထည့်ကာ အခွင့်အာဏာပေးလိုက်သဖြင့် ပြည်သူ့တာဝန်ကျေပြီ။ အခွင့်အာဏာ (Mandate) အပ်နှင်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ အမတ်များ၏ တာဝန်သာကျန်တော့သည်ဟူသည့် စကားမျိုးကို ဆိုကြသည်။ ဤစကားမျိုးကြားတိုင်း “ကံဆိုးသူ မောင်ရှင်” ဟူသော ပုံပြင်ကိုသာ သတိရမိတော့သည်။
ဤအဖြစ်အပျက်ကို အနီးစပ်ဆုံးတူညီသည့် ဥပမာတခုကို ပေးရလျှင် စစ်မြေပြင်တွင် တဖက်မှ ရန်သူက စက်သေနတ်ဖြင့် ခေါင်းမဖော်နိုင်အောင် ပစ်ခတ်နေချိန်တွင် မိမိဖက်မှ တစုံတယောက်အား ကတုပ်ကျင်းအတွင်းမှ ထွက်၍ ထိုစက်သေနတ်အား လက်ပစ်ဗုံးနှင့် သက်စွန့်ဆံဖျား တက်ထုရန် ရွေးချယ်တင်မြှောက်ခြင်းနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်။ (ရွေးချယ်တင်မြှောက်ခြင်းဆိုသည်မှာ ဥပမာအနေနှင့် ပြောခြင်းမျှဖြစ်ပါသည်။ စစ်တပ်တွင်တော့ တက်ထုကွာဟု အမိန့်ပေးလိုက်ရုံသာ ရှိပေလိမ့်မည်။)
စစ်မြေပြင်တွင် တစုံတယောက်ကို ကတုတ်ကျင်းမှထွက်၍ လက်ပစ်ဗုံးဖြင့် တက်ထုရန် တာဝန်ပေးလျှင် ထိုသူ ကတုတ်ကျင်းမှ ထွက်နိုင်ရေးအတွက် ကျန်သော တပ်သားများကလည်း ရန်သူအပစ်လျော့သွားစေရန် အနည်းဆုံးတော့ ကာပစ် ပစ်ပေးရမည်။ အားလုံးက ကတုပ်ကျင်းထဲတွင် ခေါင်းမဖော်ဘဲ ၀ပ်နေလျက် တဦးတယောက်အား လက်ပစ်ဗုံးနှင့် တက်ပစ်စေလိုခြင်းမှာလည်း သဘာဝကျလှသည်မဟုတ်။ အောင်မြင်နိုင်မည်လည်း မဟုတ်။ ထိုထက်ပိုဆိုးသည်မှာ သက်စွန့်ဆံဖျား လက်ပစ်ဗုံးနှင့် တက်ထုရသူကို ကတုတ်ကျင်းအတွင်း (သို့မဟုတ်) နောက်တန်း ကျည်ကွယ်ရာအရပ်တွင် အမြိုင့်သားထိုင်နေသူများက “ဒီကောင် လက်ပစ်ဗုံးပစ်ပုံက အသုံးမကျလို့ ငါတို့ ခေါင်းမဖော်နိုင်တာ”ဟု ပြောဆိုခြင်းမျိုး ဖြစ်သည်။
တကယ်တမ်းတွင်မူ စစ်အာဏာရှင်စနစ်သည် ကျွန်တော်တို့ တနိုင်ငံလုံးကို ဂုတ်ခွစီးထားခြင်းဖြစ်သည်။ ထိုစစ်အာဏာရှင်စနစ်ပြုတ်ကျအောင် ဆောင်ရွက်ရန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်။ ကျောင်းသားခေါင်းဆောင်များတွင်သာ တာဝန်ရှိသည်မဟုတ်။ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများတွင်သာ တာဝန်ရှိသည်မဟုတ်။ လူ့အခွင့်အရေးလှုပ်ရှားသူများတွင်သာ တာဝန်ရှိသည်မဟုတ်။ ပြည်ပမှ မြန်မာ့အရေးလှုပ်ရှားကြသူများတွင်သာ တာဝန်ရှိသည်မဟုတ်။ သာမန်ပြည်သူဆိုသူများအပါအ၀င် အားလုံးသော မြန်မာနိုင်ငံသားများတွင် တန်းတူညီမျှ တာဝန်ရှိပေသည်။
အချုပ်ဆိုရသော် ဤဆောင်းပါးသည် နိုင်ငံရေးသမားများ၊ ပါတီ အဖွဲ့အစည်းများကို မဝေဖန်ဘို့ ပြောနေခြင်းမဟုတ်။ ဝေဖန်မှုသည် တိုးတက်မှုအတွက် လိုအပ်သည်။ သို့သော် လက်ရှိမြန်မာနိုင်ငံအခြေအနေအရ မလွတ်လပ်သေးသည့် အနေအထားတွင် မိမိကိုယ်တိုင်က ဘာမှ မလုပ်ဘဲ “သာမန်ပြည်သူ” အမည်တပ်ကာ ဝေဖန်နေခြင်းမှာ တရားနည်းလမ်းလည်း မကျ။ တဖက်သတ်လည်း ဆန်လွန်းသည်ဟု ထင်ပါသည်။
တကယ်တမ်းတွင်မူ “သာမန်ပြည်သူ” ဆိုသူများတွင်လည်း မြန်မာပြည်အား စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းရန်အရေးတွင် “နိုင်ငံရေးသမား”ဟု ကင်ပွန်းတပ်ခံရသူများနည်းတူ တန်းတူညီမျှ တာဝန်ကိုယ်စီ ရှိကြပါသည်။
(နောက်တပို့စ်တွင် အများဝေဖန်နေကြသော ပြည်ပမှ နိုင်ငံရေးသမားများ၊ ရွေးကောက်ခံအမတ်များ၊ လှုပ်ရှားသူများနှင့် ပတ်သက်သော ကျနော့်သဘောထားအမြင်များကို ရေးပါဦးမည်။)

19 comments:
ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေကို လုပ်ပိုင်ခွင့် မပေးပဲ တားဆီးနေတာကို မိမိကိုယ်စားလှယ်တွေမှာ လုပ်ပိုင်ခွင့်ရတဲ့အထိ တိုက်ပွဲဝင်ဖို့ လူထုမှာ တာဝန်ရှိတယ်လို့ ကိုပေါရဲ့ တခြားပို့စ်တခုမှာ ကျွန်မရေးဖူးလို့ ဒီပို့စ်နဲ့ ပတ်သက်ပြီးတော့ ဒီသဘောတရားတွေမှာ ပြောထားတာကို လုံးဝလက်ခံပါတယ် ထောက်လည်းထောက်ခံပါတယ်။ ဒါပေမယ့် ပြောတဲ့ သူတွေအထဲမှာ အကုန်လုံးက ကိုပေါထင်သလို မဟုတ်ပါဘူး။ ကျွန်မ သိသလောက် မြန်မာပြည်သူတွေ နားလည်ထားတဲ့ နိုင်ငံရေးသမားဆိုတာက ကိုပေါ ဆိုလိုတဲ့ နိုင်ငံရေးသမားမျိုးကို ပြောတာမဟုတ်ပါဘူး။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ Activists တွေကိုပဲ အဓိကဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေး လုပ်ရှားမှုတွေမှာ ပါဝင်ဖို့မ၀င်ဖို့ ဆိုတာ လူတိုင်းရဲ့ ကိုယ်ပိုင် ရွေးချယ်မှုသာ ဖြစ်ပါတယ်။ အခြေအနေမပေးလို့၊ စိတ်မ၀င်စားလို့၊ ပါဝင်ရကောင်းမှန်းမသိလို့ နားမလည်လို့၊ ကြောက်လို့၊ စသည်ဖြင့် အကြောင်းအမျိုးမျိုးတွေကြောင့် နိုင်ငံရေး လှုပ်ရှားမှုမှာ မပါဝင်တဲ့သူတွေက နိုင်ငံရေးမှ လုပ်မနေတာ ကိုယ့်ကိုယ်ကိုယ် သာမာန်ပြည်သူလို့ပဲ ပြောကြမှာပဲ။ ကိုယ်ကိုယ်တိုင် ဘာမှမလုပ်ပဲ သူများလုပ်တာကို အပြစ်တင်ဝေဖန် ရှုပ်ချနေသူတွေကလွဲရင် လက်ရှိအခြေအနေမှာ ကိုယ်မလုပ်မနေလို့ သာမန် ပြည်သူလို့ ပြောတာမျိုးကိုတော့ ကိုပေါ လက်ခံရလိမ့်မယ် ထင်တယ်။
Hi ko paw,
I apprecite u and very glad for ur just now topic.I accept and agree with ur opinion and like ur talking for "political" . I only see ur blog last two days ago and Iike ur blog.
Dear Ko Paw,
U r talking about ordinary people & extraordinary people :-) :-) :-) ???
သိပ်လဲ ကိုတတ်ပ လုပ်မနေပါနဲ့ဗျာ
ချင်းမိုင်ရုက္ခစိုးကြီးပြောသလို တပြည်လုံးတော်လှန်နေပြီ ဘယ်မှာလဲ အင်တာနက်ပေါ်မှာပေါ့ ၊လူ700 လာပြီးလည်ပတ်ကြည့်ရှုတာနဲ့ တော်တော်အားတက်ပြီး စွတ်ရေးမနေနဲ့ ဒီထက်ငါဘာပိုလုပ်နိုင်မလဲလို့ တခါမှမစဉ်းစားပဲ ငါတို့ကတော့ ဒီလောက်ပဲတတ်နိုင်တာ လို့ ကိုယ့်ဖက်ကိုချွေတာစဉ်းစားပြီး၊ငွေလေးပို့ပေး ရုံနဲ့ ဒီမိုကရေစီ အရေးတော်ပုံပါဝင်ဆင်နွဲနေသတဲ့၊ တပြည်လုံးမှာ အင်တာနက်သုံးနိုင်တာမြို့ပေါင်းဘယ်လောက်ရှိပြီလဲ ခင်ဗျားသိလား၊ခင်ဗျားလို ရှေ့တစ်လှမ်းမှကိုယ်ကမတိုးပဲ သူများတိုးဖို့ပဲပြောနေတဲ့ ဆရာကြီးတွေများနေလို့ တိုင်းပြည်ဒီအခြေအနေအတိုင်းမထူးတာပါ၊ 2007 လဲရေစုန်မျောခဲ့ပြီ တာမွေအထက ၃ ရှေ့မှာ ကျောင်းသားတွေကိုသတ်ကွင်းထဲခေါ်ထည့်ပြီး အသေပစ်သတ်တာ ဘယ် မီဒီယာက မှတ်တမ်းတင်နိုင်ခဲ့လဲ၊ ဘယ်သူတွေက အဲဒါသတ်ကွင်းလို့တားသလဲ တားတဲ့သူတွေက အနည်းငယ် ပဲရှိတယ် ၊လူသေမှပိုနာကျည်းပြီး ကျောင်းသားတွေ ၈၈ လိုဖြစ်မယ်လို့ ထင်ပြီး မတားကြတာလား သံသယရှိနေတုန်းပဲ၊ တိုင်းပြည်အတွက်လုပ်နေတယ်ဆိုသူတွေလဲ သားသမီးတွေကတော့ အင်္ဂလန် အမေရိကန်တွေမှာ လွတ်ထားပြီး ကိုယ်ကတော့ရှေ့တန်းက ဟလား
မိဘမေတ္တာပေါ့၊ ရဲမြတ်ဟိန်းတို့၊စည်သူမောင်တို့ ရဲ့မိဘတွေလို လက်ဆင့်ကမ်းသမိုင်းအမွေပေးကြပါလား၊
ခင်ဗျားရဲ့ခလေးတွေကော သိပ်ငယ်သေးရင်ခွပ်ဒေါင်းလေးတော့အဆွဲသင်ပေးလိုက်ပါအုံး၊ ဖေဖေတို့တိုင်းပြည်မှာ ဒါတွေမစားရဘူး၊ဒါတွေလုပ်လို့မရဘူး၊ဒီလိုမီးမလာဘူး၊တပြည်လုံးမှာရှိတဲ့စက်လှေကား အစင်းပေါင်းက ဒီကုန်တိုက်မှာရှိတဲ့စုစုပေါင်း စက်လှေကားအရေအတွက်နဲ့ညီမျှတယ် စသည်ဖြင့် အကြောင်းရင်းကိုစူးစမ်းချင်လာအောင်အရင် ပြောပြပေးပါအုံး
ဖုန်မှုန့်တွေအကြောင်းရေးတဲ့မခင်မင်းဇော်လို ဖုန်အလိမ်းလိမ်းကပ်ပြီး အရှက်မကွဲစေနဲ့နော်
"..ဖုန်မှုန့်တွေအကြောင်းရေးတဲ့မခင်မင်းဇော်လို
ဖုန်အလိမ်းလိမ်းကပ်ပြီး အရှက်မကွဲစေနဲ့နော်..".....?????????????
.."...ခင်ဗျားလို............
ရှေ့တစ်လှမ်းမှကိုယ်ကမတိုးပဲ .........
သူများတိုးဖို့ပဲပြောနေတဲ့ ဆရာကြီးတွေများနေလို့ ............တိုင်းပြည်ဒီအခြေအနေအတိုင်းမထူးတာပါ၊
....Shame...!!!!!!!
Arr lone kaung par the khin byar.
ခင်မင်းဇော်ကကျွန်းပြန်အကြောင်းရေးရင်းဂျွမ်းပြန်သွားတာပါ
တာမွေအထက ၃ ရှေ့မှာ ကျောင်းသားတွေကိုသတ်ကွင်းထဲခေါ်ထည့်ပြီး ကျောင်းသားတွေသေအောင်အရက်စက်ဆုံးကြံစည်ခဲ့တာNLD ပါ။NLDနဲ့လေးခွကိုင်၊ဒါးကိုင်သင်္ကန်းခြုံအယောင်တွေက တာမွေအထ(၃)မှာရှိတဲ့ခလေးတွေကိုနအဖရဲ့သတ်ကွင်းထဲ ရောက်အောင်ဝိုင်းဝန်းကြိုးပန်းခဲ့ကြတာကိုအဲဒီနေ့ကမျက်မြင်ကိုယ် တွေ့တွေ့ခဲ့ရတယ်။
လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ မိမိဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖေါ်ပြောဆို ဖွင့်ဟတောင်းဆို ပိုင်ခွင့် ရှိပါတယ်။ ဒီလိုတောင်းဆိုတဲ့ နေရာဟာ လူသတ်ကွင်းမဟုတ်ပါဘူး။ ဒီကိစ္စမှာ ဘယ်သူက ဘယ်သူ့ကိုမှ သတ်စရာ အကြာင်းမရှိတဲ့အတွက် သတ်ကွင်းကွင်းအဖြစ်၊ သတ်မှတ်စရာ အကြာင်း၊ သတ်စရာအကြောင်း ဘာမှ မရှိပါဘူး။ ဒီလိုသာ ကမ္ဘာကြီးမှာ မိမိဆန္ဒကို မိမိ ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ နေရာကို သတ်ကွင်းအဖြစ် သတ်မှတ်မယ်ဆိုရင် ဒီကမ္ဘာကြီးဟာ အခုထိ တည်တံ့နေစရာ အကြောင်းတောင် မရှိပါဘူး။ ဆန္ဒပြတဲ့နေရာကို သတ်ကွင်းအဖြစ် သတ်မှတ်သူတွေက လူသတ်တာကို အားပေးတဲ့ နအဖ လက်ပါးစေတွေနဲ့ နောက်လိုက်တွေသာဖြစ်တယ်။ ဒီလို သေသွားတဲ့ကိစ္စမှာ သတ်တာကို အားပေးသူမှာ ကိုယ်မသတ်ပဲနဲ့ သူများသတ်တာကို အားပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်ဆိုရင် သတ်သူနဲ့ ထပ်တူထပ်မျှ အကုသိုလ်ကို ရပါတယ်။ အဓိက တာဝန်ရှိတာက NLD နဲ့ အဆိုင်ပါဘူး။ သတ်တဲ့သူတွေနဲ့ အမိန့်ပေးတဲ့သူတွေမှာ သာတာဝန်ရှိတာ ဖြစ်တယ်။
မငယ်နိုင်ရဲ့ ရှင်းလင်းချေပချက်ကို အင်မတန်နှစ်သက်ပြီး ရာနှုန်းပြည့်ထောက်ခံပါတယ်။
သတ်ကွင်းဆိုတာ စစ်ရေးအသုံးအနှုန်းယူသုံးလိုက်တယ်ဆိုတာနားလည်လား၊
ဘေးမှာ လူနေရပ်ကွက်မရှိ အထောက်အထားအတွက်ဓါတ်ပုံရိုက်လို့မရ ပြေးစရာလွတ်လမ်းမရှိ ဘေးနားမှာကွင်းပြင်တွေချည်းပဲ
အဲဒါသတ်ကွင်း နားလည်လား
ပြည်တွင်းမှာခင်ဗျားတို့သေနတ်ရှေ့မှာ မားမားရပ်ပြီး ဒို့အရေးလို့အော်ဘူးလား ၊သေနတ်သံကို ရုပ်ရျင်ထဲမှာဘဲကြားဘူးတဲ့သူတွေထင်တယ်
ဒီပဲယင်းမှာကော သတ်ကွင်းထဲကိုဖြတ်သွားတာလေ အချိန်ရယ်နေရာရယ် အခွင့်အခါရယ် တွက်ချက်မှုမရှိပဲ ရဲရင့်မှုတစ်ခုထဲနဲ့ အလုပ်လုပ်လို့မရဘူး
သတ်နေတာအနှစ်နှစ်ဆယ်လုံး ပေါ်တင်ပစ်သတ်တယ် ထောင်ထဲမှာလူမသိသူမသိညှဉ်းပန်းပြီးသတ်တယ်
ဘယ်သူဘယ်သူမှသတ်စရာမရှိဘူးဆိုတာ ခင်ဗျားစစ်တပ်ကလူတစ်ယောက်ကိုစည်းရုံးရေးဆင်းတဲ့အနေနဲ့ သွားပြောပါလား
ခင်ဗျားကောခင်ဗျားဆန္ဒကို ဘယ်နေရာမှာထုတ်ဖေါ်လဲ
ဘလော့ထဲမှာသူရဲကောင်းလုပ်မနေပါနဲ့
လာခဲ့ပါ ခင်ဗျားတို့စည်းစိမ်တွေ စွန့်လွတ်ပြီးတော့ မီးမလာ ရေမသန့် ခြင်တောထဲမှာ လာနေပြီး တိုးတိုးတိတ်တိတ်လာစည်းရုံးပါ
ဖိတ်ခေါ်ပါတယ်
အားလုံးကိုယ့်ဟာကိုယ်နည်းပြလို့သတ်မှတ်ထားတဲ့သူ တွေ များနေလို့ အနှစ်နှစ်ဆယ်ကြာနေတယ်ဆိုတာနားလည်ပါ
သတ်တဲ့သူတွေနဲ့ အမိန့်ပေးတဲ့သူတွေမှာ သာတာဝန်ရှိတယ် ဟုတ်လား။ ဒီနေရာမှာဒီလိုလုပ်ရင်ပစ်မယ်ဆိုတာကိုသိရက်နဲ့ တမင်ဖန်တီးခဲ့တဲ့ NLD ကရောအပြစ်မရှိဘူးလား။ ကျောင်းထဲကခလေးတွေကို အတင်းအဓမ္မဆွဲသွင်းဖို့
ကြိုးစားတဲ့သင်္ကန်းခြုံအယောင်ဆောင်တွေကရော အပြစ်မရှိဘူးလား။ ကိုပေါခင်ဗျားဆိုရင်ရော ခင်ဗျားရဲ့သား တက်နေတဲ့ကျောင်းမှာလူတစုက ခလေးတွေသေစေရန်အလို့ငါရည်ရွယ်ချက်ရှိရှိနဲ့ ကြိုးစားခဲ့ကြမယ်ဆိုရင်ခင်ဗျားဘယ်လိုခံစားရမလဲ။ တကယ်လို့ဒီလူတစုဟာခင်ဗျားရဲ့ရန်သူမဟုတ်ဘဲ ခင်ဗျားတောက်လျောက်ထောက်ခံလာခဲ့တဲ့NLD ဖြစ်နေရင်ရော......ဆက်ရန်
အဲဒီနေ့ကငိုယိုနေတဲ့ခလေးတွေနဲ့ဒေါသထွကနေတဲ့မိဘတွေ ကိုခင်ဗျားမြင်စေချင်တယ်။
(((ဒီပဲယင်းမှာကော သတ်ကွင်းထဲကိုဖြတ်သွားတာလေ အချိန်ရယ်နေရာရယ် အခွင့်အခါရယ် တွက်ချက်မှုမရှိပဲ ရဲရင့်မှုတစ်ခုထဲနဲ့ အလုပ်လုပ်လို့မရဘူး)))
ရှင်တို့ နှစ်ယောက်ပြောတဲ့ သတ်ကွင်းဆိုတာ သတ်တဲ့သူတွေက တောရိုင်းတိရိစ္ဆာာန်တွေ ဆင်ရိုင်း၊ ကျားရိုင်းတွေဆိုရင်တော့ ကျွန်မလက်ခံပါတယ်။ အခုက ပြည်သူ့ရဲ့ အမိ ပြည်သူ့ရဲ့အဖလို့ ကိုယ့်ကိုယ်ကိုယ် အမည်ပေးထားတဲ့သူတွေ ဆိုတော့ သတ်တဲ့သူကို အပြစ်မတင်ပဲနဲ့ ဆန္ဒပြဖို့ စည်းရုံးတဲ့သူတွေကို အပစ်တင်နေတယ်ဆိုတော့ ရှင်တို့ဘာပဲပြောပြော ရှင်တို့ဟာ သတ်တဲ့သူတွေနဲ့ သတ်ခြင်းကို ထောက်ခံနေတဲ့သူသာ ဖြစ်တယ်။ ဆုံးရှုံးသွားတဲ့ မိသားစုတွေရဲ့ ခံစားမှုကိုတော့ နားလည်ပေးလို့ ရပါတယ်။
((( ပြည်တွင်းမှာခင်ဗျားတို့သေနတ်ရှေ့မှာ မားမားရပ်ပြီး ဒို့အရေးလို့အော်ဘူးလား ၊သေနတ်သံကို ရုပ်ရျင်ထဲမှာဘဲကြားဘူးတဲ့သူတွေထင်တယ်)))
ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အဖြေက
ဟုတ်ကဲ့ အော်ဖူးပါတယ်။ ကျွန်မ အပြောသမား သက်သက်မဟုတ်ပါဘူး။ ဒီလိုအော်ပြီးနောက်ပိုင်း မသေလို့ ကျန်နေခဲ့ရာကနေ စာသင်ခန်းခန်းနဲ့ မိဘ၊ ညီအစ်ကို မောင်နှမတွေကို စွန့်ခွာလာခဲ့ပြီး ခရီးရှည်ကြီးကို ထွက်လာခဲ့တာ အခုထိပါပဲ။
သေနတ်သံနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာတုန်းက အရေးအခင်းမတိုင်ခင်အထိ ကျောင်းစာကိုပဲ ထူးချွန်အောင် ကြိုးစားနေရလို့ သေနတ်ပစ်တဲ့ ဇာတ်ကားတွေကို မကြည့်ဖူးပါဘူး ဒါကြောင့် ရုပ်ရှင်ထဲမှာ သေနတ်ပစ်တာ အရင်ကမတွေ့ဖူးပါဘူး ။ ဒါပေမယ့် အပြင်မှာ ကိုယ်တိုင် ပစ်ဖူးတယ်။ တိုက်ပွဲအတွင်းက ဒါဏ်ရာရတဲ့ ရဲဘော်တွေရဲ့ အသက်ကိုလည်း လုယူခဲ့ဖူးပါတယ်။ ဒါတင်မကဘူး ကိုယ့်ရဲဘော်တွေကြောင့် ဒါဏ်ရာနဲ့ ဖမ်းမိလာတဲ့ ရန်သူကိုလည်း ကြင်နာစွာနဲ့ ဆေးကုပေးဖူးပါတယ်။
လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်ရှိလို့၊ ရှင်တို့ ယုံကြည်ချက်နဲ့ ခံစားချက်တွေကို မှားတယ် မှန်တယ် မပြောလိုဘူး။ လူတိုင်းမှာ ဖြစ်ချင်တဲ့ဆန္ဒရှိပါတယ်။ ဒီဆန္ဒကို အကောင်အထည်ဖေါ်ဖို့ ဆိုတာ အများဆန္ဒနဲ့ လိုက်လျောညီထွေမှ လုပ်လို့ရပါတယ်။ မြန်မာပြည်တော်လှန်ရေးက အနှစ် ၄၀ ကျော်ကြာနေတာ ရှင်တို့ ထင်သလိုမဟုတ်ဘူး။ စည်းလုံးညီညွတ်မှု မရှိလို့၊ ရှင်တို့လို မကောင်းတာကို အကောင်းထင်၊ ကောင်းတာကို မကောင်းထင်တဲ့သူတွေ များနေလို့၊ နောက်တခုက မိမိအခွင့်အရေးကို မိမိ မသိသူတွေ များနေလို့ ဒီသုံးချက်ကြောင့်ပဲ ဆိုတာ ကျွန်မသုံးသပ်တယ်။ ဒီလိုဖြစ်နေအောင်လည်း လူသတ်တာကိုတောင် လုံးဝအပစ်မတင်တဲ့ နအဖအပါအ၀င် ခေတ်အဆက်ဆက်က အကွက်ကျကျ ဖန်တီးထားလို့ ဖြစ်တယ်။ ဒါဟာ မိုးဟိန်းကျော်နဲ့ ထက်အောင်ဆိုတဲ့ ရှင်တို့နှစ်ယောက်ကို ကျွန်မ လေးစားတဲ့သဘောနဲ့ ပြန်ဖြေပေးပြီး ဆွေးနွေးပေးတာ ဖြစ်တယ်။

ပေါစမောလေး Nge Naing ရေ you ရဲ့ဒါလင်က ကျွန်တော့် ၇ဲ့ commentကိုမခံမရပ်နိုင်ဖြစ်ပြီးတော့ ဖျက်ချသွားပါတယ်။you ကရောဖတ်ရရဲ့လားမသိဘူး။
အမည်မသိရေ....
တခြားသူတွေကို ထိခိုက်တဲ့ ကွန်မင့်မျိုးဆိုရင် ဖျက်မယ်ပြောခဲ့တဲ့အတိုင်း ဖျက်တာဖြစ်ပါတယ်။ မငယ်နိုင်ရော၊ ကျနော်ရောက ခင်ဗျား ဒီလိုပြောလိုက်လို့လည်း သိက္ခာယုတ်လျော့သွားတာမျိုးမဟုတ်ပါဘူး။ မိတ်ဆွေမှာသာ အလကားနေရင်း အကုသိုလ်ကို ၀ယ်ယူသလိုဖြစ်နေမှာစိုးလို့ ဖျက်ပေးလိုက်တာပါ။ မိတ်ဆွေဟာ ဗုဒ္ဓဘာသာဆိုရင် သံသရာဝဋ်ကြွေးနဲ့ အကုသိုလ်ကံအကျိုးပေး ဆိုတာကို ကြောက်ရွံ့မယ်လို့ မျှော်မြင့်ပါတယ်။
ကိုပေါရေ .....ထောက်ခံတာတော့ထောက်ခံပေါ့။အီးပါတာကအစ ထပြီးထောက်ခံနေတာတော့မမိုက်ပါဘူး။ကြာတော့လည်း ဘယ်ကြည့်ကြည့်သူချီူးဘဲဖြစ်နေတယ်
အားတိုင်း ဘလော.ထဲ မှာ လာပြီးဘေးထိုင် ဘုပြော နေလို. အလကါးဘဲ ။
ဘေးက နေ အာလူးပေး နေမဲ. အစား ကိုယ်.တာဝန် ကိုဘာဆိုတာ သိ အောင်လုပ်ပြီး...နအဖ တော်လှန်ရေးမှာ တတပ်တအား ပါဝင်ကြဘို. စိတ်ကူးကြပါ.လား....ချေးခြောက်တွေ ရေ နှူး ပြီး NLD အပြစ်ဖို.နေလို.ကတော.အလကါးဘဲ ။
ကိုကြီး
ခေတ္တစင်္ကာပူ
Post a Comment