“ကာလနှယ် ဆိုးပါဘိ သူခိုးက လူလူ”

Share |
တရားစီရင်မှုကဏ္ဍတွင် လူသိများသော စကားတခုရှိသည်။

“It is better to let nine guilty persons go free, than to convict one innocent person.”

အပြစ်မရှိသူတယောက်အား ပြစ်မှုကျူးလွန်သည်ဟု စီရင်ချက် ချမိခြင်းနှင့်စာလျှင် အမှန်တကယ် ပြစ်မှုကျူးလွန်သူ ကိုးယောက်ကို လွှတ်ပေးမိခြင်းကမှ တော်ပေသေး၏ဟု အဓိပ္ပါယ်ရသည်။

ထိုသို့ အပြစ်မရှိသူကို ပြစ်မှုထင်ရှားသည်ဟု စီရင်ချက် ချမိရာတွင်….
(၁) ရိုးရိုးသားသား မှားယွင်းစီရင်ချက်ချမိခြင်းနှင့်
(၂) မကျူးလွန်မှန်းသိသိနှင့် တမင်သက်သက် မတရား စီရင်ဆုံးဖြတ်ခြင်း…. ဟူ၍ နှစ်မျိုးနှစ်စား ကွဲပြားနိုင်သေးသည်။

ရိုးရိုးသားသား မှားယွင်းစီရင်ချက်ချမိခြင်းသည် မောဟဂတိ (အမှန်ကိုမသိခြင်း)ကြောင့်ဟု ဆိုရမည်ဖြစ်ပြီး တမင်သက်သက် မတရားစီရင်ချက်ချမှတ်ခြင်းကား ဆန္ဒာဂတိ(ချစ်ခြင်းကြောင့်)၊ ဘယာဂတိ(ကြောက်ရွံ့ခြင်းကြောင့်) နှင့် ဒေါသဂတိ (မုန်းတီးခြင်းကြောင့်)ဆိုသည့် အဂတိတရား များကြောင့် ဖြစ်ပေသည်။ ပထမ အမှားသည် သက်ဆိုင်ရာ တရားသူကြီး၏ ညံ့ဖျင်းချက်ကြောင့်ဖြစ်ပြီး ဒုတိယအမှားဖြစ်ပါက သက်ဆိုင်ရာ တရားရေးစနစ်တခုလုံး ညံ့ဖျင်းခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ သတင်းစာ လွတ်လပ်ခွင့်မရှိခြင်းနှင့် အုပ်ချုပ်ရေးစနစ်တခုလုံး မှားယွင်းဖောက်ပြန်နေခြင်းတို့ ကြောင့်ပါ ဖြစ်ရချေသည်။

မနက်ဖြန် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြစ်မဲ့သူတယောက်ကို မတရား ရုံးတင် အမှုဆင် စစ်ဆေးနေသောအမှုတွင် တရားသူကြီးမှ စီရင်ချက် ချမှတ်ပေလိမ့်မည်။

စိတ်ဓါတ်တည်ကြည်ခိုင်မာပြီး ရဲဝံ့သော ဒေါ်အောင်ဆန်းစုကြည်အဖို့ မည်သည့် စီရင်ချက်ကို ရင်ဆိုင်ကြုံတွေ့သည်ဖြစ်စေ ဤလောကဓံမျှကို တုန်လှုပ်မည်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်သည် ချီးကျူးဂုဏ်ပြုထိုက်သော၊ အတုယူလေးစားဖွယ်ကောင်းသော၊ ကြည်ညိုထိုက်သော လူသားတယောက်ဖြစ်သည်။ ခေါင်းဆောင်တယောက်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဖြစ်သည်။

သူမ၏ အတွေးအခေါ်၊ သူမ၏ လုပ်ရပ်၊ သူမ၏ ရပ်တည်ချက်၊ သူမ၏ ခံယူချက်တို့သည် လူ့လောကတွင် လူသားတယောက်အနေဖြင့် အမြင့်မားဆုံး ပိုင်ဆိုင်နိုင်သော စံချိန်စံညွှန်းအဖြစ် တည်ရှိလျက်ရှိသည်။

ထိုသို့သော သူတဦးအပေါ်တွင် မတရားစီရင်ချက်ချမှတ်ပါက တရားသူကြီးသည်လည်းကောင်း၊ တရားသူကြီး၏ နောက်ကွယ်မှ ကြိုးကိုင်နေကြသူများသည်လည်းကောင်း ၄င်းတို့ပြုသော ဒုစရိုက်မှုအတွက် အကုသိုလ်ကံ၏ အကျိုးပေးနှင့် ပြည်သူလူထု၏ စီရင်ချက်ကို အနှေးနှင့်အမြန် ဆိုသလို ပြန်လည် ခံစားကြရပေမည်။

သတိချပ်သင့်သည်မှာ ယခု တရားခွင်သည် လူတဦးတယောက်၏ အနာဂတ်ကိုသာ စီရင်ဆုံးဖြတ်နေခြင်း မဟုတ်။

လူထုတရပ်လုံးက ထောက်ခံသော၊ ပြည်သူလူထုတရပ်လုံး၏ အကျိုးစီးပွားကို ဘ၀နှင့်ရင်းကာ အရယူပေးရန် ကြိုးပမ်းနေသော လူထုခေါင်းဆောင်တယောက်အပေါ် တဖက်သတ် စီရင်နေသော တရားခွင်ဖြစ်ရာ မတရားသဖြင့် စီရင်ချက်ချပါက ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကိုသာ မတရားဖိနှိပ်ရာ ရောက်သည်မဟုတ်။ ပြည်သူလူထုတရပ်လုံး၏ အနာဂတ်နှင့် တိုင်းပြည်ကံကြမ္မာကိုပါ နိမ့်ပါးညှိုးနွမ်းဆုတ်ယုတ်စေရန် ယုတ်မာပက်စက်သော ကြံရွယ်ချက်ဖြင့် စစ်အစိုးရမှ တဖက်သတ် ကျူးလွန်သော စက်ဆုပ်ရွံရှာစဖွယ် နောက်ထပ် ရာဇ၀တ်မှုကြီးတခုသာ ဖြစ်ချေတော့မည်။

24 comments:

ကိုလူထွေး said...

အမြဲတမ်းစင်ပေါ်မှာ နေခွင်ရတဲ့သူဆိုတာ မရှိပါဘူး...
ကြောင်ကျကျရင် မသိသာပေမယ့်
ခွေးကျကျမှ အထိနာပေလိမ့်မယ်...

Myo Win Zaw said...

မြန်မာ့အမှောင်မှာလဲ အာဏာကိုဖြတ်လမ်း နည်းကလိုခြင်သူတွေ ဒီမိုကရေစီဆန့်ကျင်ရေးကို အကြမ်းဖက်မယ့်သူတွေ လို့ စွပ်ဆွဲထားတယ် ဦးနှောက်မှကောင်းကြသေးရဲ့လား မသိဘူးဗျို့ သူခိုးကလူကို....ဟစ်ရုံမကဖြစ်နေပြီ အာဏာကို လက်နက်နဲ့ ဒမြတိုက် ပြည်သူက ရွေးကောက်ထားသူတွေကို နှိပ်စက်အကျဉ်းချသူတွေ ပြောစကားတဲ့ လိမ်ညာလှည့်ဖြားတဲ့ ဆန့်ကျင်ဘက်စကားကို သူတို့မို့ အရှက်မရှိသုံးတယ် ဘယ်လို ဟာမျိုးနဲ့ ဒီဘ၀ လာကြုံနေရလဲမသိပါဘူးဗျာ

CMA said...

ယခု တရားခွင်သည် စက်ဆုပ်ရွံရှာဖွယ် ရာဇ၀တ်မှုကြီးတခုသာ ဖြစ်ချေတော့သည်။

Shunn Lae said...

I agree with Ko Paw's post. Totally agree.

ကြည် said...

ဒီပိုစ့်ကိုတော့ ကြိုက်တယ်။ အခြားပြောဖို့ရာတော့ စကားမရှိပါဘူး။

JSA said...

ကိုလူထွေး စကားကို
ထောက်ခံသွားပါတယ်

Anonymous said...

မှန်၏

Jackel said...

စီရင်ချက်ချမယ့်ရက်ကို Aug 11သို့ရွှေ့ဆိုင်းလိုက်ကြောင်း တရားသူကြီးကြေငြာချက်အဆုံးမှာ ဒေါ်စုက သံတမန်များဖက်သို့လှည့်၍.. လူကြီးမင်းများကို နောက်ထပ်အလုပ်ရှုပ်စေအုံးမှာဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ရှင် လို့ အရွှန်းဖောက်ပြောခဲ့သည်။

See how cool she is? This is a typical personality of conscience!

Anonymous said...

ကိုပေါရေ go on........

Dr. Yi Yi Win said...

ထွက်ပေါက်မရှိတော့ရင်..သူခိုးလည်းလူတောထဲတိုးဝင်ကြတာပဲလေ။

ဂျစ်တူး ( မုံရွာ ) said...

ပိတောက်ရိပ်မှာ လာလာပြီးနားခိုရင်း ပိတောက်ပန်းရနံ့ တွေနမ်းနမ်းသွားခွင့်ရတာ ပိတောက်ပင်ကြီးရှိနေလို့ပါ။
ပိတောက်ပင်ကြီးကတော့သိမှာမဟုတ်ဘူးနော်-နေ့တိုင်းလာတယ်။

သတိ said...

အားလုံးသတိ

ပုံမှန်ရေးလေ့မရှိတဲ့ ကိုပေါရဲ့ ပရမ်းပတာဆောင်းပါးတစ်ပုဒ်လို့ ထင်မိပါရဲ့ဗျာ..

အပြစ်မရှိဘူး ရှိတယ် ထင်ရာကိုယ့်ဘာသာကောက်ချက်ချလို့ ကိုအားပေးတဲ့ဘက် စွတ်တင်.. မကြည်တဲ့ဘက် စွတ်ဖဲ့သွားတဲ့ လမ်းကြောင်းတစ်ခုပါပဲ..

ကျွန်တော်ထောက်ပြချင်တာတော့..
ကိုပေါကိုယ်တိုင် ဒီလုပ်ရပ်ဟာ အပြစ်ရှိတယ်လို့ ယူဆခဲ့တဲ့အတွက် ဒီဖြစ်ရပ်ဟာ ဒေါ်စုတကယ်မလုပ်ခဲ့ပဲ အစိုးရက လိမ်လည် လုပ်ကြံမှုဖြစ်နိုင်တယ်လို့ ကာဗာပေးဖို့ အစပိုင်းကြိုးစားခဲ့တယ်ဗျာ..

ဒေါ်စုရှေ့နေတွေခမျာ ဒီဘွားဘွားပေါ်နေတဲ့ အပြစ်ဒဏ်ကို မချေပနိုင်တဲ့အတွက် ဒီလုပ်ရပ်ကိုအသာထားလို့ အကျယ်ချုပ်က တရားဥပဒေနဲ့ မညီတာပါဆိုပီး လမ်းကို အတင်းပြောင်းပီး လျောက်ထားနေရတယ်ဗျာ.. (ဒီလမ်းတောင် နောက်မှအကြံရလို့ ကံကောင်းသေး.. ဟားဟား..)

သွားနားထောင်ခဲ့တဲ့ သံတမန်တွေဟာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်ကိုကြည့်ပီး ဒေါ်စုမလွတ်နိုင်ဘူးဆိုတဲ့ မှတ်ချက်ကိုချခဲ့ကြတယ်ဗျာ.. သူတို့က ကိုပေါတို့လိုတော့ တရားဥပဒေမဲ့ လုပ်တော့မယ်ဘာညာနဲ့ ဘာမသိညာမသိ စွတ်တင်တာမဟုတ်ဘူးဗျ.. နှစ်ဖက်ရှေ့နေတွေ လျောက်လဲပုံအရ ဘယ်လိုမှ မလွတ်နိုင်အောင် ပြစ်မှုထင်ရှားနေလို့ပါ.. ဒါကြောင့်လဲ တရားဥပဒေအရ လွတ်နိုင်ရဲ့သားနဲ့ အစိုးရမတရားလုပ်ပါတော့မယ်လို့ ဘယ်သွားနားထောင်တဲ့ သံအမတ်မှ မပြောခဲ့တာပေါ့ဗျာ..

ကျွန်တော့်အမြင်လဲ အပြင်ကလူတစ်ယောက်ကို ခိုးဝှက်လက်ခံခဲ့တဲ့ ဘယ်အကျဉ်းသားကိုမှ အပြစ်ကင်းလိုက်တာလို့ မမြင်ပါဘူးဗျ.. ခပ်ရှင်းရှင်းပြောရင် အစိုးရမပြောခဲ့တဲ့ အချက်တစ်ခုတောင် ထပ်တိုးလို့ မြင်ပါသေးတယ်.. အကျယ်ချုပ်ချထားတာ.. ထောင်ထဲမထည့်ထားတာဟာ ဒေါ်စုကိုယုံကြည်လို့ပါ.. ဒါမျိုးတော့ လုပ်မှာမဟုတ်ဘူးလို့ပေါ့ဗျာ.. ခုတော့ ယုံကြည်မှုကိုတောင် ချိုးဖောက်တယ်လို့ ခံစားရပါသေးတယ်..

ဒီတော့ကိုပေါရေ.. ကိုယုံကြည်တာလဲ ယုံကြည်တာပေါ့ဗျာ.. ဒါပေမဲ့ တရားရုံးကသာ ဒီလောက်ပြစ်မှုထင်ရှားအမှုကြီး လွှတ်ပေးလိုက်လို့ နောင်အနာဂါတ်မှာ ဒေါ်အောင်ဆန်းစုကြည်ပါ (၃)နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် စီရင်ထုံးမှာ လွှတ်ခဲ့တဲ့အတွက် ကျွန်တော့်အမှုသည် အကျဉ်းကျထောင်သားလဲ အပြစ်မရှိပါဆိုတဲ့ လျှောက်လဲချက်တွေပေးပီး အကျဉ်းသားတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေပေါင်းလို့ အပြင်လူတွေတရုံးရုံးဖြစ်.. တရားသူကြီးတွေ လက်မှိုင်ချနေရမဲ့အရေး မျှော်တွေးမိတော့လည်း ဟားဟား.. ပြောခဲ့သလိုပါပဲ.. ဒီအမှုဟာ ဒေါ်စုသာမဟုတ်ဘူးဆိုရင် အငြင်းပွားနေစရာတောင် မဟုတ်လောက်ပါဘူးလေ..

အားလုံးသက်သာ
မောင်သတိ

Maung Naing said...

သတိသို့ 
ကယောင်ကတန်းနဲ့ ဘာတွေပြောလဲမှတ်တာ.. န.အ.ဖ အာဘော်တွေလာဖတ်ပြသွားတာကိုး.. မသိလို့ မေးပါရစေ.. ဒီအမှုကို တရားသူကြီးက စီရင်ချက်မှာလား .. သန်းရွှေက စီရင်ချက်မှာလား.. မသိလို့ ပါ..

သက်သာ said...

သတိ သတိ

ကိုယ့်လူကလဲ မေ့လောက်ပြီဆိုမှ ထပေါ်လာပြီးထုံးစံအတိုင်း နအဖ ရှေ့နေ၀င်လုပ်ပေးနေတုံးကိုး။

((အပြစ်မရှိဘူး ရှိတယ် ထင်ရာကိုယ့်ဘာသာကောက်ချက်ချလို့ ကိုအားပေးတဲ့ဘက် စွတ်တင်.. မကြည်တဲ့ဘက် စွတ်ဖဲ့သွားတဲ့ လမ်းကြောင်းတစ်ခုပါပဲ..
)) ကိုယ့်လူရဲ့ ဒီစကားအတိုင်းပါပဲ ကိုယ့်လူကလဲ နအဖလူ၊ ဒေါ်စုကိုမလိုလားသူမို့လို့ ဒီလောက်ရှင်းလင်းနေတဲ့အဖြစ်ကို မြန်မာ့အလင်းရေးမှ ရှုပ်သလိုဖြစ်စေသလိုမျိုးလာပြောနေသကိုး။

ကိုပေါအပါအ၀င် မည်သူကမှ ယက်တောဝင်လာတာကို ငြင်းချက်ထုတ်မနေသလို၊ ဒေါ်စုကလဲလက်ခံမတွေ့ဆုံပါဘူးလို့ငြင်းချက်မထုတ်နေခဲ့ပါဘူး။ ဒေါ်စုရဲ့ defense လမ်းကြောင်းကလဲ အဲဒီအချက်ကို ငြင်းပယ်ပြီး လုံးဝဘူးကွယ်ငြင်းထားတဲ့ လမ်းကြောင်းမဟုတ်ဘူး။ အခုဟာက နဂိုချမှတ်ထားတဲ့ ဥပေဒအရကို ဒီယက်တောအမှုနဲ့ပတ်သက်ပြီး ဥပဒေအရ ချိုးဖောက်မှု၇ှိမရှိ ဆိုတဲ့ လမ်းကြောင်းရယ်။ မူလကတည်းက ဒေါ်စုအပေါ်မှာ တားဆီးကန့်သတ်ထားတဲ့ အိမ်အကျယ်ချုပ်ကျခံနေစေခြင်း ဥပဒေပုဒ်မတွေမှာကို လွဲချော်နေတယ်ဆိုတဲ့ လမ်းကြောင်းနှစ်ခုနဲ့ တပြိုင်တည်း ခုခံချေပနေတာဖြစ်တယ်။
အရင်ကတည်းကလဲ ဒေါ်စုကိုကန့်သတ်ထားတဲ့ ပုဒ် ၁၀ ခ အရ သူ့ကိုကန့်သတ်တားဆီးထားမိန့်တွေဟာ ဘယ်တော့သက်တမ်းကုန်မယ်၊ ဘယ်တုံးက စပြီးဒီကန့်သတ်တားဆီးမိန့်တွေ အသက်ဝင်တယ်ဆိုတာကို နအဖက ဘယ်တုံးကမျှပွင့်ပွင့်လင်းလင်းမပြောပါဘူး။ နအဖ ရဲချုပ်က သတင်းစာရှင်းလင်းပွဲမှာပြောတဲ့စကားမှာကျတော့ လက်ရှိကန့်သတ်မိန့်တွေဟာ ၂၀၀၄ နိုဝင်ဘာကျမှစပြီးအသက်ဝင်လို့ အခုချိန်မှာ ၅နှစ်ဆိုတဲ့ limit ပြည့်ဖို့ ၆လကြီးများတောင် လိုနေသေးတာကိုတောင်မှ နအဖဟာ အလွန် စိတ်စေတနာကောင်းစွာနဲ့ လွှတ်ပေးဖို့စဉ်းစားနေခဲ့ပါတယ်လို့ အရှက်မ၇ှိပြောပြန်သေးတယ်ဗျား။ ၂၀၀၃ မေလကစလို့ ၂၀၀၃ နိုဝင်ဘာအထိ ဘာမှစစ်ဆေးရုံးတင်ခြင်းမရှိပဲ ဖမ်းဆီးခွင့်နဲ့ ၆လချုပ်ပြီးနောက်။ ၂၀၀၃နိုဝင်ဘာမှ ၂၀၀၄နိုဝင်ဘာထိ တစ်နှစ်ကို ဘယ်နားသွားထားလိုက်လဲ နအဖကိုသာသွားမေးပေတော့ ကိုယ့်လူရေ။ အကျယ်ကိုသိချင်ရင် ဦးမင်းလွင်ဦးနဲ့ ပြည်တွင်းက ရှေ့နေတစ်ဦး သုံးသပ်ထားချက်တွေကိုသာ ရှာဖတ်လေတော့။

အဲ...သွားနားထောင်ခဲ့တဲ့ သံတမန်တွေရဲ့ ဒေါ်စုကို နအဖက မရ ရအောင် ထောင်ချမှာပဲ ဆိုတဲ့ မှတ်ချက်ဟာ ဥပဒေ လျှောက်လဲချက်တွေကို အကုန် လုံးစေ့ပတ်စေ့ နားလည်လို့ပြောတာလား၊ နအဖ ရဲ့ တရားစီရင်ရေးအပေါ် ယုံကြည့်မှုမရှိလို့ပြောတာလား ကိုယ့်လူကိုယ်တိုင်သာ အဲဒီသံတမန်တွေ သွားမေးပေတော့.. :P
ကိုယ့်လူသိထားဖို့က (တရားဥပဒေအရ လွတ်နိုင်ရဲ့သားနဲ့ အစိုးရမတရားလုပ်ပါတော့မယ်လို့ ဘယ်သွားနားထောင်တဲ့ သံအမတ်မှ မပြောခဲ့တာပေါ့ဗျာ..) ဆိုတဲ့ စကားမျိုးကို သံတမန်ဆိုတာ protocol အရ ပြောပိုင်ခွင့်လဲမရှိဘူး။ ပြောလဲမပြောဘူး။ ဒါမျိုး protocol ကို ဆန့်ကျင်ပြီး မျက်နှာပြောင်ပြောင်ပြောမှာက နအဖရဲ့ စစ်သံမှုးတွေ (ရဲမြင့်အောင်လိုလူတွေ)ပဲရှိတယ်။
ခိုးဝင်လာတဲ့သူကို လက်ခံတွေ့တဲ့ အကျဉ်းကျနေသူဟာ အပြင်းကင်းလိုက်တာလို့ ကိုယ့်လူအပါအ၀င် နအဖဖက်က လူတွေက မမြင်ပေမယ့်။ သူ့ပေါ်ချမှတ်ထားတဲ့ ချုပ်မိန့်အရ အကျုံးဝင်တဲ့ ဥပဒေအချက်အလက်များကို ဘာမှချိုးဖောက်ခြင်းမရှိကြောင်း၊ လူသားချင်းစာနာသော စိတ်ထားဖြင့် မြင့်မြတ်သူဖြစ်ကြောင်းကိုသာ နအဖက လွဲလို့တကမ္ဘာလုံးမှာရှိတဲ့ လူအများက လက်ခံထားကြတာ အတိအလင်း ဘွင်းဘွင်းကြီးတွေ့နေရတာပါပဲ။

ဒီအမှုကြောင့် နောင်အခါ မြန်မာပြည်မှာ မတရား ဖမ်းဆီးချုပ်နှောင် ကန့်သတ်မှုများ ချုပ်ငြိမ်းစေမယ့် ၊ ဒေါ်အောင်ဆန်းစုကြည့် (ပါ)၄ ဦးစီရင်ထုံးအသစ်တစ်ခု ထွက်ပေါ်လာစေလျှင် မြန်မာပြည်ဟာ rule of law ကိုလိုက်နာ သမာသမတ်ကျကျ လိုက်နာကျင့်သုံးတဲ့ နိုင်ငံဖြစ်ကြောင်းသတ်သေထူနိုင်ပေလိမ့်မယ်။ တိုင်းပြည်အနာဂါတ်လဲတောက်ပလာနိုင်စရာရှိတယ်။ သို့တည်းမဟုတ် rule by law အရ ဥပဒေကို လက်နက်သဖွယ်အသုံးပြုပြီး အစိုးရကိုဆန့်ကျင်တဲ့ တိုင်းသူပြည်သားကို နှိပ်ကွပ်ဖို့ အသုံးချသူတွေဆိုတာ ဒီလိုပါလားလို့ ဥပမာပြစရာ တရားခွင်တခုဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပဲ။

သတိ said...

အားလုံးသတိ

ဝိုး.. မိတ်ဟောင်းဆွေဟောင်းတွေ ပြန်ပေါ်လာတာ ၀မ်းသာသဗျို့.. ဟားဟား.. ကိုသက်သာကြီး ပေါ်လာတုန်းတော့ ကိုပေါကိုခွင့်မတောင်းပဲကို အားရပါးရ ပြောပါဦးမယ်ဗျာ.. ဆောရီးကိုပေါရေ..

ကိုသက်သာရေ.. ကျွန်တော်က ကိုပေါ်တို့ဟာ ဒီလုပ်ရပ်ကို အပြစ်ရှိတယ်လို့ ယူဆခဲ့တယ်ဆိုတာက ရမ်းပြောတာမဟုတ်ပါဘူးဗျာ..

ဒီသတင်းစထွက်လာစက ကိုပေါတို့ကအစ ၀င်လေ ဘာဖြစ်လည်း လက်ခံတာဘာအပြစ်လဲဆိုတဲ့ စတိုင်ဘက်ကို ချဉ်းကပ်တာမျိုးမဟုတ်ပဲ နအဖက သိက္ခာကျအောင် အပြစ်မရှိ အပြစ်ရှာ ချောက်တွန်းပါတယ်ဆိုတဲ့ ကြိုကန်တဲ့လေသံမျိုးတွေ ထွက်လာတာကို ပြောချင်တာပါဗျ.. အဲဒီတုန်းက အတိုက်အခံဘက်ကလေသံတွေများ တချို့နာမည်ကြီးဘလော့တွေမှာ ဒေါ်စုက ဒါမျိုးအကျိုးအကြောင်းမရှိ မဆင်ခြင်ပဲလုပ်မလား.. နအဖကလုပ်ကြံတာပဲဆိုတဲ့ လေသံတွေမွှန်တဲ့ထိအောင် တုန့်ပြန်ငြင်းဆန်ခဲ့တာ အကိုသိမယ်ထင်ပါရဲ့ဗျာ..

ဒီတော့ရှင်းတာက ဒါအပြစ်ဆိုတာ သူတို့လက်ခံပီး တုန့်ပြန်ခဲ့တယ်.. နောက်ဒေါ်စုကိုယ်တိုင် ဟုတ်ပသရှင်လုပ်မှ တခြားလမ်းတွေ ပြူးပြဲရှာပီး ပြန်ကန်နေရတာ မောင်သတိစိတ်လေလေနဲ့ပဲ သတိထားမိခဲ့ပါတယ်ဗျ.. ဒီတော့ အကိုပြောတဲ့ လမ်းကြောင်းဟာ နောက်မှပေါ်တဲ့ လမ်းကြောင်းဖြစ်ပါသဗျ..

ပီးတော့ ဒေါ်စုရဲ့ လုပ်ရပ်ဟာ လက်ရှိအခြေအနေနဲ့ ချိုးဖောက်မှုအထင်းသားဖြစ်နေတာမို့ ရှေ့နေတွေခမျာ အရင်ဖွဲ့စည်းပုံမရှိတဲ့အကြောင်း အကျယ်ချုပ်ဟာ အကျုံးမ၀င်ကြောင်းတွေနဲ့ လက်ရှိအမှုအခြေအနေကို တည့်မပြောနိုင်ပဲ ဟိုးအဝေးကို အတင်းဆွဲကပ်နေရတာကို အကိုတို့သတိထားမိမှာပါ.. ဒါကြောင့်လည်း သူတို့တောင်းတဲ့ သက်သေတွေဟာ ဘယ်လောက်ကမောက်ကမနိုင်တယ်.. ပထမလျှောက်လဲချက်တွေနဲ့.. နောက်ပိုင်းလျှောက်လဲချက်တွေဟာ ဘယ်လိုမညီမညွတ်ဖြစ်တယ်ဆိုတာ ဟားဟား.. ဦးမင်းလွင်ဦးတင်မက မြန်မာ့အလင်းသတင်းစာက အမှုအကြောင်းထွက်ဆိုချက်တွေကိုပါ ဖတ်စေချင်ပါတယ်ဗျ.. ဒီဘက်ထွက်ဆိုချက်ကို ဦးမင်းလွင်ဦးဖတ်ဗျာ.. အဲ.. ဒေါ်စုထွက်ချက်ပါဖတ်ဗျာ.. ဟိုဘက်ချေပချက်ကို သတင်းစာဖတ်.. ဒါဆိုအမှုတစ်ခုလုံးနီးပါး သိ၇တာပေါ့…

ဒေါ်စုရဲ့ ချုပ်မိန့်နဲ့ပက်သက်လို့ကတော့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ပြောသွားတာရှင်းပါတယ်.. အကိုပြောသလို တစ်နှစ်ပျောက်မနေပါဘူး.. ပြန်ဖတ်ကြည့်ပါ.. မေ27 သတင်းစာမှာပါတယ်.. လက်ညောင်းလို့ မောင်သတိပြန်မရိုက်တော့ပါဘူးဗျ.. အဲ.. လွှတ်ပေးဖို့စဉ်းစားနေပါတယ် ဘာညာနဲ့ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာပြောတာကတော့ ဟီးဟီး.. ဟုတ်ပဗျာ.. ကျွန်မခိုးကြောင်ခိုးဝှက် ပြန်လွှတ်ပေးလိုက်ပေမဲ့ ဆရာဝန်ကြီး လာတာနဲ့ အကြောင်းကြားပေးမလို့ပါဆိုတဲ့ ဆင်ခြေမျိုးနဲ့ ဘာမှမကွာပါဘူးဗျို့.. ခုကျမှာလာပီး အကြောင်းပြနေတဲ့ ဆင်ခြေလို့ပဲ ကျွန်တော်လဲလက်ခံပါတယ်.. အကိုပြောသလိုဆိုရင်တော့ အရှက်မရှိပြန်ပြောသေးတယ်ပေါ့ဗျာ.. ဟားဟား.. လူကြီးတွေ လူကြီးတွေ..

သံတမန်တွေနဲ့ပက်သက်လို့ကတော့ ဒီသံအမတ်တွေဟာ တရားရုံးမှာ မညီမျှမှု နဲနဲမသင့်လျှော်မှုတွေ့တာတောင် ပါးစပ်ပိတ်နေမှာမဟုတ်ပါဘူး.. တဲ့ပြောတာမျိုးမဟုတ်ပဲနဲ့ တရားစီရင်မှုဟာ ပုံစံမကျပါဘူး.. မညီမျှမှုရှိနေပါတယ်လို့ သံခင်းတမန်ခင်းပုံစံမျိုး ပြောတာတောင် အကိုကြားဖူးပါသလားခင်ဗျာ.. ရှင်းပါတယ် စစ်အစိုးရဟာ ဒေါ်စုအပေါ် မုန်းတီးစိတ်နဲ့ ထောင်ချချင်ပါသဗျဆိုရင်တောင် ဒီလောက် ကွက်ကွက်ကွင်းကွင်းကြီး ထင်းနေတဲ့ ပြစ်မှုမှာတော့ ဘာမှလီဆယ်ကွက်တွေ ဆင်နေစရာ မလိုလောက်ပါဘူးလေ.. တရားဥပဒေအတိုင်း လုပ်ပါလို့ပဲ ထိုင်အော်နေရုံပါပဲ.. ပြောလို့ရအောင်လဲ သူတို့ဘက်က ပိုင်သွားသကိုးဗျာ..

ဒါကြောင့် ဒေါ်စုအခုပြစ်မှုဟာ မောင်သတိလို လူပိန်းနည်းနဲ့ပဲကြည့်ကြည့်.. ဥပဒေအရပဲကြည့်ကြည့် အပြစ်ကထင်းနေတာပါပဲ.. ပြောပီးတာထပ်ပြောရရင် လူတစ်ယောက်ကို ခိုးဝှက်လက်ခံခဲ့တဲ့ အကျဉ်းသားတစ်ယောက်ဟာ အပြစ်မရှိပါဘူးလို့ ဘာအကြောင်းပြချက်နဲ့များ ပြောနေကြတာတုန်းဗျ.. ဟားဟား.. ဒါကြောင့်လည်း ခေါင်းဆောင်ဟာ ဘယ်လောက်အရေးပါလဲဆိုတာ မောင်သတိသင်ခန်းစာရပါ့ဗျာ.. ခုတော့ ခေါင်းဆောင်အမှားကြောင့် သူ့ကို ရိုးသားစွာလေးစားသူတွေ.. မြတ်နိုးသူတွေဟာ အမှားကိုဖာထေးဖို့ တတ်နိုင်သမျှလမ်းတွေရှာကြ.. စုန်ကန်ကြ.. အကြောင်းပြကြ.. နဲ့.. ငြင်းလို့ ခုန်လို့..

အားလုံးသက်သာပါဗျာ
မောင်သတိ

Maung Naing said...

ကိုသတိကြီး
ကျနော်မေးခွန်းကိုဖြေပါဦးဗျ..အမှုကို တရားသူကြီးက စီရင်ချက်ချမှာလား.. သန်းရွှေက စီရင်ချက်ချမှာလား ဆိုတာ.. တရားသူကြီးမှာ ဥပဒေအတိုင်း စီရင်ခွင့် ရှိတယ်လို့ ယူဆပါသလား.. (ဖမ်းချင်ရင် မြန်မာပြည်မှာ NLD ကိုကူညီသူတောင်မှ အိမ်ကို အခြောက် တိုက်ဝင် ရှာပြီး နောက်ဆုံး ဘာမှမတွေ့ တဲ့အဆုံး တီဗီအောက်စက် လိုင်စင်ပြခိုင်းပြီး ရှာမတွေ့ တော့ လိုင်စင်မဲ့ အောက်စက်သုံးတယ်ဆိုပြီး အိမ်ရှင်ကို ဖမ်းသွားပါတယ်.. လွတ်ချင်တော့လည်း ဒီပဲယင်းလူသတ်ပွဲ.. ရွှေတောင်ကြားငါးလောင်းပြိုင် သတ်မှု တင်ဦးအိမ် ပါဆယ်ဗုံး စွယ်တော်မှာ ချိန်ကိုက်ဗုံး
နောက်ဆုံး ရဟတ်ယာဉ်ပေါ်ခွဲတဲ့ဗုံး.. အားလုံးသိပြီးအခုထိမမိတာ တရားခံနဲ့  တရားလို လုပ်မယ့်သူတူနေလို့ လား.. ထောက်လှမ်းရေးရဲတွေပဲ တော်လွန်းတာလား)

သတိ said...

ကိုမောင်နိုင်ခင်ဗျား..

ဟုတ်ကဲ့.. ကျွန်တော်ယုံကြည်တာတော့ လုံးဝတရားသူကြီးကပဲ အမှုတစ်ခုကို စီရင်ချက်ချရပါမယ်ခင်ဗျ.. တခြားစွက်ဖက်မှုတွေ လုံးဝလက်မခံရသလို လက်လဲမခံသင့်ပါဘူး.. ဒီလိုဝင်ပြောပိုင်ခွင့်ဟာ ဦးသန်းရွှေမရှိသလို နိုင်ငံတကာလဲ မရှိပါဘူး.. ဒါကြောင့် အတွင်းရေးမှုးသွားပါတယ်.. ဦးသန်းရွှေနဲ့ညှိပီး လွှတ်ခိုင်းမလို့ပါဆိုတာတွေ မောင်သတိ အံ့သြောမဆုံး ဖြစ်ရပါရောဗျို့.. သူတို့တွေဟာ အစိုးရကို တရားစီရင်ရေးမှာ တရားဝင်စွက်ဖက်အောင်ကို ဖိအားပေးနေတယ်ဗျာ..

တရားရေးဟာ ဦးသန်းရွှေမကလို့ နိုင်ငံတကာ ဘယ်လောက်ဖိအားပေးစမ်းပါ.. ဘယ်သူဘာပြောပြော ပြောစမ်းပါ.. ပြစ်မှုထင်ရှားရင် ထင်ရှားသလိုပဲ ဖြစ်ရပါမယ်.. အဲ.. အကိုတို့ ကျွန်တော်တို့ဟာလည်း တကယ်လို့ အကိုပြောခဲ့တဲ့ ပြစ်မှုတွေ.. ချွတ်ယွင်းအားနည်းချက်တွေ ရှိခဲ့ရင် ၀ိုင်းဝန်းထောက်ပြတာမျိုးပဲ ဖြစ်သင့်ပီး.. ပြစ်မှုထင်ရှားကြီးကို ကိုယ့်ဆန္ဒဂတိမလွန်ဆန်နိုင်တာနဲ့ အတင်းကာရောတော့ လျှောက်မပြောသင့်ဘူးလို့ ထင်ပါရဲ့ဗျာ..

ဒီတော့ဗျာ.. ကျွန်တော်တို့ဟာ တခြားမှာလဲ မညီပဲ ဒီမှာလဲ မညီပဲလွှတ်ပေါ့ဆိုမဲ့အစား ဒီမှာလဲ အမှန်တိုင်းဆုံးဖြတ်.. တခြားမှာလဲ မဖြစ်ဖြစ်အောင် အမှန်တိုင်းပဲ ဆုံးဖြတ်ရမယ်လို့ ဖိအားပေးတာမျိုးသာ မောင်သတိတော့ မှန်တဲ့ဖိအားလို့ ယုံကြည်တာပါပဲဗျို့..

ဟီးဟီး.. မေးလို့သာဖြေရတာ.. မောင်သတိက ဘာမှသိပ်သိတာတော့ ဟုတ်ဘူးဗျို့.. ဒီလိုပဲ ကူးတာတွေနဲ့ ရမ်းသမ်းရွှီးတာပဲ.. ဟားဟား..

အားလုံးသက်သာ
မောင်သတိ

ကိုပေါ said...

မောင်သတိရေ...

သတိမေ့တတ်ပုံရတယ်။

တရားခွင်ကို တက်ရောက်ခွင့်ရတဲ့ ဗြိတိသျှသံအမတ်ကြီး Mark Cunning က တရားခွင်နဲ့ ပတ်သက်ပြီး ဘာပြောသလဲဗျ။

DE: I mean obviously the, the, the key to letting you in is to show there’s something of a fair trial going on. You got that impression from this one day did you?

MC: No I didn’t. I mean, you, all the, the paraphernalia of, of the court room was there, the judges, the prosecution, the, the defence, I mean that’s all there. But I think this is a story where the conclusion is, is already scripted I’m afraid. So, no I don’t have any confidence in the outcome I’m afraid and it, while the access we had today was very welcome, it, it doesn’t change the fundamental problem.

ဒီတရားခွင်ကို တရားမျှတတယ်လို့ ထင်သလားလို့ မေးတော့ မထင်ဘူးတဲ့ ခင်ည။

ဒါ့အပြင် သူ့အမြင်အရ ပြောရရင် ဒီတရားခွင်ဟာ အဖြေကို ကြိုတင် ဇာတ်ညွှန်းရေးပြီးသား ဇာတ်ကွက်တပုဒ်ဖြစ်ပြီး အဖြေကို ကြိုတွက်လို့ရပါသတဲ့ဗျား။ ကဲ.... ကိုယ့်လူတို့ တရားရုံးအပေါ် သံအမတ်တွေ ဘယ်လိုမြင်သလဲဆိုတာ သဘောပေါက်ရောပေါ့။း-)

သံအမတ်တွေတင်လား။ မဟုတ်သေးဘူးဗျ။

ခင်ဗျားတို့ နအဖ အစိုးရကို အကာအကွယ်ပေးလှပါချည်ရဲ့ ဆိုတဲ့ အာဆီယံအစိုးရတွေတောင် ခင်ဗျားတို့လုပ်ရပ်ကို ခင်ဗျားတို့ကိုယ်စား ရှက်လွန်လွန်းလို့ ဒေါ်အောင်ဆန်းစုကြည်ကို အခုချက်ချင်း ချွင်းချက်မရှိလွှတ်ပေးဖို့ ပြောနေကြတယ် မဟုတ်ဘူးလား။ ဘန်ကီမွန်းကရော ဘာပြောသလဲ။ ခင်ဗျားတို့ တရားခွင်ကို ဆက်သာလုပ်လို့ ပြောသလား။ ရပ်တန်းကရပ်ပြီး လွှတ်ပေးဖို့ ပြောသလား။ ရှက်တတ်စမ်းပါဗျာ။

ခင်ဗျားတို့ နအဖက ယက်တောသတင်းကို စတင်ဖွင့်ချစဉ်က ဘယ်သူမှ မယုံတာကိုများ အံ့သြနေသေးသလားဗျ။ ခင်ဗျားတို့ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ၊ ရုပ်မြင်သံကြားစတာတွေဟာ နအဖ အလိုကျ တောက်လျှောက် မုသားတွေသာ ပြောလာခဲ့ရတော့ ပြည်သူတွေအနေနဲ့ ဘယ်သူမှ မယုံကြည်တာ ဘာဆန်းသလဲ။ အဲဒါကို ခင်ဗျားက ၀င်ပြီး အပြစ်တင်တော့ ဘယ်သူမှ မယုံကြည်တာ မှန်ပါတယ်ခင်ဗျားလို့ ၀န်ခံနေတာနဲ့ မတူဘူးလား မောင်သတိရယ်။

အားလုံးတန်းဖြုတ် ပါဗျား။

ကိုပေါ said...

ကိုသတိရေ....

“ကျွန်တော်ယုံကြည်တာတော့ လုံးဝတရားသူကြီးကပဲ အမှုတစ်ခုကို စီရင်ချက်ချရပါမယ်ခင်ဗျ.. တခြားစွက်ဖက်မှုတွေ လုံးဝလက်မခံရသလို လက်လဲမခံသင့်ပါဘူး.. ဒီလိုဝင်ပြောပိုင်ခွင့်ဟာ ဦးသန်းရွှေမရှိသလို နိုင်ငံတကာလဲ မရှိပါဘူး”..... ဆိုတာသိရတော့ အင်မတန်ကို အံ့သြမိပါရဲ့။ (နားရှိလို့ ကြားရသကိုးဗျ)။

ဒါဆိုရင် တဆိတ်လောက်မေးပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းအနီးကျည်ရွာအနားမှာ ချောင်းမြောင်းလုပ်ကြံတဲ့အမှုမှာ သေကံမရောက် သက်မပျောက်လို့ လွတ်လာသူကို ပထမတော့ လုံခြုံရေးအတွက် စောင့်ရှောက်သလိုလိုနဲ့ နေအိမ်မှာ အကျယ်ချုပ်ချတာကရော တရားသူကြီးဆုံးဖြတ်ချက်လားခင်ဗျ။ ဘယ်တရားသူကြီးပါလိမ့် နာမည်လေး တဆိတ်လောက်သိပါရစေ။

တခါ အခု တရားခွင်ကို လူထုရှေ့မှောက်မှာ မစစ်ဆေးဘဲ အင်းစိန်ထောင်ထဲမှာ စစ်ဆေးဖို့ ဆုံးဖြတ်တာကရော ဘယ်သူ့ ဆုံးဖြတ်ချက်လဲခင်ဗျ။ ဘယ်သံအမတ်တွေလက်ခံမယ်၊ ဘယ်သံအမတ်တွေ ခွင့်မပြုဘူးဆိုတာတွေကို တရားသူကြီးကပဲ ဆုံးဖြတ်တာလားခင်ဗျ။ တရားမျှတမှုဆိုတာ မျှတအောင်ဆုံးဖြတ်ပြုမူရုံတင်မက တရားမျှတကြောင်း ပေါ်လွင်အောင် လူထုရှေ့မှောက်မှာ သတင်းထောက်တွေကို လွတ်လပ်စွာ တက်ရောက်ခွင့်ပေးပြီး တရားစီရင်ရမယ်ဆိုတာ ကိုသတိ မသိတာလား။ မသိဟန်ဆောင်တာလား။ ဘာကြောင့် သတင်းထောက်တွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်၊ ဂျာနယ်တွေမှာ ဖော်ပြခွင့်မပေးသလဲဗျ။ စွတ်စွဲခံရသူကို ဥပဒေကြောင်းအရ ကာကွယ်နိုင်ဖို့ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ခွင့်ပေးရမယ်ဆိုတာတွေရော မောင်သတိ မသိတာလား။ မသိချင်ယောင်ဆောင်တာလား။ ဆိုခဲ့တဲ့ အချက်တွေမရှိဘဲနဲ့ အဲဒီတရားခွင်ကို တရားမျှတတဲ့ တရားခွင်လို့ ဘယ်သူက ယုံနိုင်မလဲခင်ဗျ။ ယုံအောင်လုပ်ပြမှ ယုံမှာပေါ့။

အားလုံး တန်းဖြုတ်။

သတိ said...

အားလုံးသတိ

ဟားဟား ကိုပေါခင်များ.. ဟုတ်ကဲ့ အဲဒီလူကြီးပြောသွားတာကို ကျွန်တော်လဲ မြန်မာပြန်လေး ဖတ်လိုက်ရပါသဗျ.. ကျွန်တော်မှန်းတာမမှားဘူးဆိုရင် ပထမဆုံး သံအမတ်တွေ ၀င်ခွင့်ပြုပီး ထွက်လာတဲ့စကားပါ.. သံအမတ်အများကြီးထဲက တစ်ယောက်ထဲသောမှတ်ချက်ကို ရှာ၇ှာဖွေဖွေ တင်ပြပေးတဲ့အတွက်တော့ ကျေးဇူးတင်တယ်ဗျို့..

ဒီနေရာမှာ ရှင်းတာက တ၇ားစီရင်ရေးဟာ အင်္ဂါရပ်တွေ ပြည့်စုံနေတယ်လို့ သူဝန်ခံထားရတယ်.. အဲဒီမှာမှ သူ့မှတ်ချက်.. ဒီနေရာမှာ မှတ်ချက်ဟာ တရားစီရင်ရေးရဲ့ အစောပိုင်းအကျဆုံး နေ့တွေမှာ သူပြောတာနော်.. ဒီတော့ ကိုပေါရေ.. ဘယ်လိုစီရင်မှန်းတောင် ဘယ်နှစ်ရက်မှမရှိသေးလို့ မသိရတဲ့အချိန်မှာ.. မျက်မြင်အရလဲ အားလုံးပြည့်စုံနေတဲ့ တရားစီရင်မှုတစ်ခုကို ကိုသက်သာပြောတဲ့ မြန်မာစစ်သံမှုးလိုပဲ ထင်ရာရမ်းတုတ်ပြောသွားတာလို့ ကျွန်တော်ပြောချင်တာပါပဲ.. ဒီနေရာမှာ စစ်အစိုးရက အမှုနဲ့ပက်သက်ပြီး မှတ်ချက်တွေပေးရင်များ ထွန့်ထွန့်လူး စည်းမညီဘူး ကမ်းမညီဘူး ဟစ်ချင်သမားတွေဟာ ဒါတွေတော့ ပါးစပ်ပိတ်နေပါတယ်လို့ ထောက်ပြချင်တာကြောင့်လဲ ဒီအချက်ကို ထည့်ပြောခဲ့တာပါခင်ဗျ.. ဘန်ကီမွန်းတို့ ဘာတို့ဆိုတာရော.. ဘယ်လိုအပြစ်မရှိကြောင်း သေချာပြောပီး တရားစီရင်ရေးကို ရပ်ဖို့ ပြောခဲ့ပါသလဲခင်ဗျာ.. ဘကြီးဘန်ဟာ ဒေါ်စုအပြစ်မရှိပါဘူးလို့ ခိုင်ခိုင်မာမာမပြောခဲ့ပဲ တရားစီရင်ရေး မလုပ်သင့်ကြောင်းသာ တိုက်တွန်းသွားတာပါခင်ဗျ.. ဒီတော့ဗျာ ရှက်ရမှာက အပြစ်မရှိပါဘူးလို့ သေချာပြောနိုင်တာမျိုးတောင် တစွန်းတစမရှိပဲ တရားရေးကို မျက်ကွယ်ပြုလို့ လွှတ်ပါလွှတ်ပါချည်း အော်နေတဲ့လူတွေလား ကျွန်တော်လားဆိုတာ မရှင်းတော့ဘူးဗျို့..

အဲ.. သတင်းစာကို ကိုပေါမယုံတာကတော့ ပထမထဲက အကြောင်းပြချက်ပါပဲ.. ဒီနေရာမှာ ကျွန်တော်ပြောချင်တာက သတင်းစာယုံမယုံပေါ်မဟုတ်ပဲ ကိုပေါတို့မှာ အဲဒီအချိန်ရှိနေတဲ့ စိတ်ခံစားမှုကို ထောက်ပြတာပါ.. မယုံတာချင်းတူတူ ဘာလို့ ဒီအပြစ်ကို ဒေါ်စုမလုပ်နိုင်ပါဘူးဆိုတဲ့ လမ်းကို ကာဗာလုပ်ခဲ့လဲ.. ဒါကို အပြစ်လို့မယူဆရင် ဘာမှဒီလိုလေသံထွက်စရာ မ၇ှိလောက်ဘူးထင်တယ်ဗျ.. နောက်တစ်ခုကတော့ဗျာ.. ပြောရမှာတောင် နဲနဲလေပါရဲ့.. တကယ်ဟုတ်လားမဟုတ်လား မသေချာတာတစ်ခုကို သတင်းစာမှာတွေ့လို့ မယုံဘူးဆိုတာလောက်နဲ့များ ဘလော့ပေါ်တက်ပီး ကိုယ့်အထင်တွေ ရမ်းတုတ်ရေးရဲပါတယ်ဆိုတဲ့ သတ္တိကတော့ လက်ခုပ်ပဲတီးရမလား ဘာလုပ်ရမှန်းမသိဗျို့.. အင်းပေါ့ဗျာ.. ကိုယ်ပိုင်ဘလော့ဆိုတော့လဲ ကိုယ့်ဘာသာသတ်မှတ်ရမဲ့ တန်းတစ်ခုသာ မထားနိုင်လို့ကတော့ ထင်ရာရေးလို့ ရပေသကိုး.. ဟားဟား..

ကဲ.. ဒုတိယပိုင်းပါ ဆက်ဦးမယ်ဗျာ.. အားနေတယ်ဗျ.. ဟဲဟဲ..

ဒေါ်စုဒီပဲယင်းကိစ္စ အကျယ်ချုပ်ဟာ တရားရေးနဲ့ လုံးဝမဆိုင်ပါဘူးဗျ.. ဒါဟာ အစိုးရအဖွဲ့က လုပ်ပိုင်ခွင့်ဆိုပီး ၁၀(က)တွေ (ခ)တွေနဲ့ တားမြစ်ချုပ်နှောင်တဲ့ ကိစ္စပါ.. ရှင်းပါတယ်..
တရားခွင်ကို လူထုရှေ့မှောက် စစ်ဆေးဖို့ကတော့ဗျို့.. ကိုပေါကိုပဲ မေးရမှာပဲ.. လွတ်လပ်တဲ့ တရားစီရင်မှုနဲ့ တကယ်စီရင်နေရင်တောင် ဒေါ်စုထောက်ခံသူတွေဟာ ငြိမ်ကြည့်နေမယ်လို့ ထင်ပါလားဗျ.. ငြိမ်ကြည့်နေရင်တောင် အန်အယ်ဒီက ဆွမှာပါပဲ.. တရားစီရင်ရေးကို နှောင့်ယှက်ရင် ဘယ်လိုအပြစ်ခံရမယ်ဆိုတာ တကမ္ဘာလုံးမှာ သတ်မှတ်ပီးသားပါ.. ဒါပေမဲ့ တကယ်လို့များ အဲလိုဖွင့်ပေးလို့ နှောင့်ယှက်သူတွေကို အရေးယူရင်ရော.. နိုင်ငံရေးနဲ့ အတင်းဆွဲကပ်လို့ ဘာညာကွိကွ လုပ်ကြဦးမှာပါပဲဗျာ.. ဒီတော့ ရည်ရွယ်ချက်ကို ကြည့်ရအောင်.. တဖက်နဲ့ တဖက်ပြောတာတွေကို လူထုကနားထောင်ခွင့် ရလား မရဘူးလားဆိုတာပဲ.. ဒါတွေအတွက် သတင်းစာနဲ့ အန်အယ်ဒီတို့က တိုက်ရိုက်လွှင့်နေလား အောင့်မေ့ရအောင်တောင် ပြည်သူက ဖတ်နေရပါပီဗျာ.. (အဲ.. ကိုပေါတော့ တစ်ဖက်ထဲဖတ်ပုံရတယ်.. ဟဲဟဲ..) ဒီတော့ အများပြည်သူရှေ့မှောက် တရားစီရင်ခွင့်ဆိုတဲ့ အချက်ရဲ့ အဓိကရည်ရွယ်ချက်ကို ဒီအမှုမှာ မထိခိုက်နေဘူးလို့ ကျွန်တော်တော့ ထင်တာပဲဗျ.. ရှေ့နေနဲ့ ပုံမှန်တွေ့ဆုံခွင့်ကို တစ်ကြိမ်အသံထွက်လာတာကလွဲလို့ ခွင့်တောင်းတိုင်းမှာ တွေ့ခွင့်ရတယ်..

အင်း.. ရှည်ရှည်ဝေးဝေးတောင် ပြောမိနေပါပေါ့လားဗျ.. တကယ်တော့ ဒေါ်စုအပြစ်ရှိတယ် မရှိဘူးဆိုတာ လျှောက်လွဲချက်တွေကြည့်လိုက်ရင်တောင် သိသာပါကောဗျာ.. အဲ.. ကိုပေါတောင် အပြစ်မရှိဘူးသာအော်နေရတယ်.. အင်.. ဒီလိုအပြင်လူကိုလက်ခံတဲ့ အကျဉ်းသားက ဘာလို့အပြစ်မရှိတာပါလိမ့်ဆိုတဲ့ မေးခွန်းတောင် ကိုယ့်မှာ ကြည်လင်ပြတ်သားရှင်းနေအောင် ဖြေနိုင်တဲ့ အဖြေများ ရှိလို့လားဗျာ.. ဟားဟား.. များများမမေးပါနဲ့.. ဟိုးမောင်ကာလုဆောင်းပါးရေးတဲ့ ကိုပေါကိုပဲ ပြန်မေးကြည့်ပါဦးလား ကိုပေါရေ..

အားလုံးသက်သာဗျို့..

မောင်သတိ

ကိုပေါ said...

မောင်သတိ...

ဗြိတိသျှသံအမတ်ပြောတာကို သေသေချာချာလည်း ဖတ်ပါ ကိုယ့်လူရယ်။ တခြားနိုင်ငံတွေမှာလိုပဲ ရုံးတော်အဆင်အပြင်တွေက အတူတူပဲ။ ဒါပေမယ့် အပေါ်ယံဟန်ပြပဲ တူတယ်။ အနှစ်သာရအားဖြင့် မတူဘူးလို့ ဆိုလိုချင်တာ.. ဒီလောက်ရှင်းနေတာအောင် လိုရာဆွဲပြောချင်သေးသကိုး။ အဲသည်တော့ ကိုယ့်စကားမှာတင် ရှေ့နောက်မညီဖြစ်နေတာကို သတိထားမိပါရဲ့လား။ အခုတင် သံအမတ်နဲ့သဘောတူလိုက်၊ အခုတင် သံအမတ်နဲ့ သဘောကွဲလိုက်။ ကျန်သံအမတ်တွေကို ကိုးကားရအောင်ကလည်း ဒီမိုကရေစီနိုင်ငံက အမတ်တွေပီပီ ပြည်တွင်းရေးကို မစွက်ဖက်ရေးမူနဲ့ နှာစေးနေတော့ ကိုးကားလို့ မရပေဘူးပေါ့ဗျာ။း-)

ဒါနဲ့ နေစမ်းပါဦးဗျ။ တခုလောက် မေးချင်လို့ပါ။ ဖြေပေးပါ။ မောင်သတိ ပြောတဲ့အထဲမှာ.... ဒေါ်စုဒီပဲယင်းကိစ္စ အကျယ်ချုပ်ဟာ တရားရေးနဲ့ လုံးဝမဆိုင်ပါဘူးဗျ.. ဒါဟာ အစိုးရအဖွဲ့က လုပ်ပိုင်ခွင့်ဆိုပီး ၁၀(က)တွေ (ခ)တွေနဲ့ တားမြစ်ချုပ်နှောင်တဲ့ ကိစ္စပါ.. ... ဆိုတာပါတယ်။

အဲဒီလုပ်ပိုင်ခွင့်ဆိုတာကြီးကို ဘယ်သူက ပေးလို့ ဒီအစိုးရက လုပ်နေရာတာလဲ။ ဘယ်ပြည်သူကမှာ အခွင့်အာဏာမပေးအပ်ဘဲ လက်နက်အားကိုးနဲ့ ငါလုပ်ချင်တိုင်းလုပ်တာဆိုရင် အဲဒါကမှ တကယ့် သူခိုးဓားပြဆန်ဆန် မင်းမဲ့စရိုက်နော့။ အဲဒီ ဓားပြအကြီးစားကြီးတွေ အုပ်ချုပ်တဲ့ နိုင်ငံမှာ ဥပဒေဆိုတာ သရေကွင်းလိုပဲ ကျုံ့ချည် ကျယ်ချည်ပေါ့ခင်ဗျာ။ လိုတမျိုး မလိုတမျိုးပေါ့။ ဥပဒေအကြောင်းပြောချင်ရင်တော့ နအဖ အာဏာသိမ်းတာက စပြီး ပြောရလိမ့်မယ်။ ဘယ်ဥပဒေနဲ့အညီ အာဏာသိမ်းတာပါလဲခင်ဗျား။း-)

တကယ်တော့ ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့ပြီး အာဏာအပ်နှင်းခံရတဲ့ ပါတီနဲ့ လူထုခေါင်းဆောင်ကို အာဏာစောင့်သိရမယ့် စစ်တပ်က အာဏာမစောင့်သိဘဲ ဓားပြလိုအကြံမျိုးနဲ့ ပြန်လည် ဖမ်းချုပ်ပြီး နှိပ်ကွပ်ဖို့ ကြံနေတာကိုး။ အဲဒါမျိုးကို နိုင်ငံတော်ပုန်ကန်မှုလို့ မခေါ်ရင် ဘယ်လိုခေါ်ရမလဲဗျ။ တကယ်တော့ အခုတရားခွင်က ဦးသန်းရွှေအမှူးပြုတဲ့ နအဖ အစိုးရကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲသင့်တာဗျ။ လူမှား၊ နေရာမှားနေတယ်။

နောက်ပြီးတော့ ပြည်သူရွေးချယ်တဲ့ ပြည်သူ့အစိုးရကို မတရားတဲ့နည်းနဲ့ လက်နက်အားကိုး အာဏာသိမ်းထားတဲ့ အစိုးရက ပြန်လည်နှိပ်ကွပ်နေတာဟာ ထမင်းကျွေးထားတဲ့ ပြည်သူတွေကို ပြန်လည်စော်ကားရာ ရောက်နေပါတယ်။

ကျွေးတဲ့လက်ကို ကိုက်ခဲ၊ ခွေးထက်မိုက်မဲပါတယ် ဆိုသလို ဖြစ်နေတယ်ခင်ဗျာ။

ဆိုလိုတာကတော့ သူခိုးဓားပြ အုပ်ချုပ်နေတဲ့ ခေတ်ကြီးထဲမှာ ဘယ်လိုပင် ဥပဒေစကားတွေ အော်ဟစ်နေပေမယ့် တရားမျှတတဲ့ ဥပဒေမဖြစ်နိုင်သလို၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားခွင်တွေလည်း မရှိနိုင်ဘူး။

တချိန်ထဲမှာပဲ ပြည်သူတွေအနေနဲ့ သူတို့ကို ဖိနှိပ်နေတဲ့ စစ်ဘီလူးအစိုးရကို မကျေနပ်ကြောင်းဆန္ဒပြပြန်ရင်လည်း ပြည်သူကို ပြန်လည်ပစ်သတ်တဲ့ အစိုးရမျိုးနဲ့ ကြုံနေရပါတယ်။

ဒီတော့ မောင်သတိတို့အနေနဲ့လည်း အဲသည်လို ရက်စက်ကြမ်းကြုပ်တဲ့ ရာဇ၀တ်ကောင် စစ်ဘီလူးအစိုးရကို တနည်းတဖုံနဲ့ သက်ဆိုးရှည်အောင် ကူညီအားပေးနေတဲ့ဖက်မှာ ရောက်နေတယ်ဆိုတာ သတိတရားလေးနဲ့ ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်ပါ။

ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကောင်းတဲ့အမှုလား၊ မကောင်းတဲ့ အမှုလားဆိုတာ ဆင်ခြင်စေချင်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ညီသလား၊ မညီသလား၊ ပြည်သူအတွက် အကျိုးရှိသလား၊ မရှိသလား စဉ်းစားချင့်ချိန်ပြီး မှန်ကန်တဲ့ဘက်မှာ ရပ်နိုင်ပါစေကြောင်း စေတနာနဲ့ သတိပေးလိုက်ရပါတယ်။

Maung Naing said...

ကိုပေါရေ..
အစိုးရအဖွဲ့ လုပ်ပိုင်ခွင့် ၁၀(က)တွေ (ခ)တွေ ဆိုပြီး ဗမာပြည်မှာ အကုန်လုပ်လို့ ရပါတယ်.. ဘုန်းကြီးကျောင်းတွေကို သူပုန်တပ်လို ညကြီးသန်းခေါင် ၀င်ဆီး.. တွေ့ သမျှအကုန်ယူ..ဘုန်းကြီးတွေကိုဖမ်း.. သတ်တာကနေ .. နာဂစ်မှာ နိုင်ငံတကာကလှူတဲ့  ဘီစကစ်တွေ သွပ်တွေကိုရောင်းစားတာအထိ အစိုးရအဖွဲ့ လုပ်ပိုင်ခွင့်မှာ အကုန်ပါပါတယ်

(ကျွေးတဲ့လက်ကို ကိုက်ခဲ၊ ခွေးထက်မိုက်မဲပါတယ် ဆိုသလို ဖြစ်နေတယ်ခင်ဗျာ။) ဆိုတဲ့ စကားလေး ကြိုက်တယ်ဗျာ ..


သနားဖို့ ကောင်းတာက စီရင်ချက်ချမဲ့  တရားသူကြီးကိုယ်တိုင်က ဘာကြောင့် သြဂတ် ၁၁ ရက်ကို ရွှေ့ မှန်းမသိရှာ မကြေငြာနိုင်ရှာဘူး ..

သတိ said...

အားလုံးသတိ

အင်း.. ကျွန်တော်လဲ လောလောနဲ့ရေးလိုက်တာ ကိုပေါ နားလည်မှုလွဲသွားတယ်ထင်ပါ့ဗျာ.. ဟုတ်ကဲ့ ကျွန်တော် သံအမတ်တွေနဲ့ သဘောမကွဲပါဘူးဗျာ.. ဒီသံအမတ်တွေဟာ တရားရုံးမှာ မညီမျှမှု နဲနဲမသင့်လျှော်မှုတွေ့တာတောင် ပါးစပ်ပိတ်မနေပဲ တရားစီရင်မှုဟာ ပုံစံမကျပါဘူး.. မညီမျှမှုရှိနေပါတယ်လို့ သံခင်းတမန်ခင်းပုံစံမျိုး ပြောမှာပါပဲလို့ ကျွန်တော်ပြောခဲ့ပါတယ်.. ဒါဟာ ဒီဗြိတိန်သံအမတ်ကြီး ပြောခဲ့တာကို မသိလို့မဟုတ်ပါဘူးခင်ဗျ.. သူဟာ တရားစီရင်မှုဟာ ဘယ်လိုမညီမျှမှုမျိုးရှိနေတယ်.. ဘယ်လိုပုံစံမကျဘူးဆိုတာမျိုး ထောက်ပြသွားတာမဟုတ်ပါဘူး.. တရားစီရင်မှုရဲ့ အစောပိုင်းနေ့တွေဖြစ်တဲ့အတွက် ဘယ်လိုပုံစံဖြစ်မယ် လုံးလုံးမသိသေးချိန်.. စီရင်မှုမှာလဲ ဘယ်လိုမညီမျှမှု ပုံစံမကျမှုမှကိုမတွေ့ရသေးပဲတောင် အလွတ်သဘောပြောသွားတဲ့ ပုဂ္ဂလိကသက်သက်မှတ်ချက်မို့လို့ ကျွန်တော်ထည့်မတွက်ခဲ့တာပါခင်ဗျာ.. အဲ.. ဘယ်သူတွေကရော အဲလိုပရမ်းပတာနဲ့ ဘာအထောက်အထားမှ မရှိတဲ့ မှတ်ချက်မျိုးကို အလေးထားကိုးကားလေ့ ရှိပါလဲခင်ဗျ.. ဒါဟာ သံခင်းတမံခင်းအရ သတိပေးပြောကြားချက်လို့ စာရင်းတောင်ထည့်တွက်စရာ မလိုလောက်ပါဘူးလေ..

နောက်တစ်ခု.. ကျွန်တော်ပြောခဲ့တဲ့ အစိုးရအဖွဲ့ လုပ်ပိုင်ခွင့် ၁၀(က)တွေ (ခ)တွေဆိုတာက အစိုးရတစ်ရပ်အနေနဲ့ ကျင့်သုံးပိုင်ခွင့်ရှိတယ်ဆိုပီး ဥပဒေအရပြဌာန်းထားချက် တစ်ခုလို့ ကျွန်တော်နားလည်းပါတယ်.. ဒီနေရာမှာ လက်ရှိတပ်မတော်အစိုးရဟာ အစိုးရတစ်ရပ် ဟုတ်မဟုတ်ဆိုတာကတော့ ဘူးခံပီးသာစုံမှိတ် ငြင်းမနေဘူးဆိုရင်တော့ ကမ္ဘာ့သတ်မှတ်ချက် အရကော ဦးမင်းလွင်ဦးတောင် ထောက်ပြဘူးတဲ့ အစိုးရဆိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ တဝှမ်းလုံးတွင် မည်သည့်အရပ်၌မဆို ဥပဒေအရ အုပ်ချုပ်မှုအာဏာ ရရှိသောသူတဦးကို ဖြစ်စေ၊ အများကို ဖြစ်စေဆိုလိုသည်ဆိုတာတွေ အရပါဗျာ.. ဒါငြင်းမရတဲ့ ကိစ္စပါပဲ..

ဒါနဲ့ပက်သက်ပြီးပြောခဲ့တဲ့ ကိုပေါရဲ့ဆင်ခြေဟာ ကျွန်တော်ပြောခဲ့တဲ့ ခုအပြစ်ရဲ့ ထင်းလင်းမှုကို ဘယ်လိုမှကာကွယ်မရလို့ အရင်အချက်တွေကို အတင်းဆွဲကပ်နေရတယ်ဆိုတဲ့ စတိုင်ကိုပဲသွားတာ မြင်ရမှာပါခင်ဗျ.. ဒီတော့ဗျာ.. အဲဒီဆင်ခြေအတိုင်း သွားမယ်ဆိုရင်တောင် လက်ရှိအစိုးရဟာ တရားဥပဒေနဲ့ မညီဘူးဆိုတာနဲ့ လူတိုင်းဟာ လုပ်ချင်ရာလုပ်ခွင့်ရှိပါလား.. ဒေါ်စုကြည်အတွက်တောင် ဒီလိုအကြောင်းပြနိုင်ရင် ဟိုးထောင်ထဲက သခိုးဂျပိုးတွေအထိ မခက်ကုန်ပါလားဗျာ..

ချုပ်မယ်ဆိုရင်တော့ဗျာ.. ကိုပေါရဲ့ နောက်ဆုံးပြောသွားတဲ့ အချက်လေးတွေပါ.. မောင်သတိကို ဆုံးမစကား ပြောကြားတယ်ဆိုပါတော့ဗျာ.. ဟဲဟဲ.. ကျေးဇူးတင်ပါတယ် ကိုပေါရေ.. အပြစ်ရှိတဲ့လူတစ်ယောက်ကို အပြစ်ရှိပါတယ်လို့ မောင်သတိပြောတာဟာ ကောင်းတဲ့အလုပ်လို့ မြင်ပါတယ်.. တရားဥပဒေမှာ ပြည်သူသိပ်ချစ်ပါတယ်ဆိုတဲ့ လူဆိုပီးညှာတာမရှိတဲ့အတွက် ပြည်သူ့ဆန္ဒဆိုတိုင်း မှန်တယ်လို့ မယုံကြည်ပါဘူးခင်ဗျ.. ဒီတော့ဗျာ.. ကိုပေါမေ့ခဲ့တဲ့ တရားဥပဒေနဲ့ ညီလား.. မညီဘူးလားဆိုတာကိုပါ မောင်သတိဟာ ထည့်တွက်တာမို့.. ဟုတ်ကဲ့.. ဒီအမျိုးသမီးကြီးဟာ ပြည်သူ တွေချစ်မှန်းသိပါတယ်.. လေးစားဖွယ်ကောင်းမှန်းလဲ သိပါတယ်.. လွှတ်ပေးလိုက်မယ်ဆိုလဲ ဒေါ်စုအတွက် မဟုတ်ဘူးဆိုရင်တောင် ဖိအားတွေလျော့သွားမဲ့ ကျွန်တော့်နိုင်ငံအတွက် မုဒိတာအပြည့်နဲ့ ၀မ်းသာမိမှာပါပဲ.. ဒါပေမဲ့ဗျို့.. မလွှတ်ဘူးဆိုရင်လည်း ဒါဟာ ပြစ်မှုထင်ရှားလို့ စီရင်ချက်ဖြစ်တယ်.. မတရားမှုမဟုတ်.. တရားစီရင်ရေးရဲ့ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ယုံတဲ့အတွက် ဒါကို ဆန့်ကျင်ရှုတ်ချပစ်ဖို့.. ပုတ်ခတ်တိုက်ခိုက် ပြောဆိုပစ်လိုက်ဖို့ထိတော့ ရှက်မိမှာအမှန်ပါပဲဗျာ..

ဟားဟား.. ကျွန်တော်တို့ ပြောခဲ့တာ တော်တော်တောင် များပါပေါ့.. တချို့အချက်တွေလည်း ဗဟုသုတရပါ့ဗျာ.. ကူးချထားရတာပေါ့.. ဟီးဟီး.. ကျေးဇူးတင်တယ်ဗျို့..

အားလုံးသက်သာ

Anonymous said...

အင်း ပြောရရင်တော့ ဒီ သတိ ဆိုတဲ့ လူကို ချောင်းရိုက်ချင်တယ် လူသတ်သမားငှားပြီး သတ်ချင်တယ် ... အားနာလွန်းလို့ပါ ... ဆိုင်လား မဆိုင်လားတော့မသိဘူး ... ဖတ်ရင်းဖတ်ရင်းနဲ့ ကျွဲပါးစောင်းတီးနေရတဲ့ ကိုပေါ တို့တတွေကို အားနာ နာလာလို့ ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs