“ကိုပေါ ဆံပင်ညှပ်ခြင်း”

Share |
ကျနော်ဟာ ဆံပင်ညှပ်ခကို နှမြောတတ်သူ။ ဒါကြောင့် ဆံပင်ညှပ်ပြီဆိုရင် တိုတိုညှပ်ပေးပါလို့ ပြောလေ့ရှိတယ်။ တခါညှပ်ပြီးရင် ၂ လ လောက် ဆံပင်မညှပ်ဘဲ ပစ်ထားလိုက်တယ်။

ကျနော့်ဆံပင်ကသန်ပြီး လှိုင်းပုံတွန့်လိပ်နေတော့ ခေါင်းဖြီးရတာ အရမ်းခက်တယ်။ ခေါင်းလိမ်းဆီနဲ့ ဘယ်လောက်ဖြီးဖြီး ခဏနေရင် ဆံပင်တွေဟာ ကမ္ဘာဆွဲအားကို ဆန့်ကျင်ပြီး ထိုးထိုးထောင်ထောင်နဲ့ ပွယောင်းလာတတ်တယ်။ တော်တော်ကြီး ရှည်လာပြီး ညှင်းသိုးသိုးနဲ့ မြင်မကောင်းရှုမကောင်းဖြစ်လာတော့မှ မဒမ်ပေါရဲ့ တိုက်တွန်းချက်အရ ဆံပင်ညှပ်ဆိုင်ကို ပြေးရလေ့ရှိပါတယ်။

တလောက အိမ်ပြောင်းပြီးကာစမှာ ဆံပင်ညှပ်ဖို့ အချိန်ကျလာပါတယ်။ ခါတိုင်းညှပ်နေကျဆိုင်မဟုတ်ဘဲ နီးနီးနားနား အိမ်နားက ရှော့ပင်းမော်လ်မှာပဲ ညှပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ည ရှစ်နာရီလောက် မဒမ်ပေါ ငွေထုတ်စက်မှာ တန်းစီနေတုန်း ကျနော်က ဆံပင်ညှပ်ဆိုင်ထဲကို ၀င်လိုက်တယ်။ ဆိုင်ထဲမှာ ဒီနေ့အဖို့ ကျနော်က နောက်ဆုံး လာညှပ်တဲ့လူ။ ညှပ်ပေးတဲ့လူကလည်း တရုတ်အမျိုးသမီးတယောက်ပဲ ကျန်တော့တယ်။

ကျနော့်ကို ခုံပေါ်တက်ဖို့ အမူအယာနဲ့ လှမ်းခေါ်တာနဲ့ ဆုံလည်ကုလားထိုင်ပေါ်ကို တက်ထိုင်လိုက်တယ်။ မျက်မှန်ကို ချွတ်ပြီး သူမ ကမ်းပေးတဲ့ ခြင်းတောင်းလေးထဲကို ထည့်လိုက်ရတယ်။ သူက ကျနော့်လည်ပင်းမှာ ပိတ်ဖြူစကို စည်းနေရင်းက တရုတ်လို ကွိကွိကွကွနဲ့ မေးတယ်။ ကျနော်က တရုတ်စကားမပြောတတ်ကြောင်း အင်္ဂလိပ်လိုပြန်ပြောတော့လည်း သူ နားလည်ပုံမရဘူး။ ခက်ပြီ။ တရုတ်လို နားလည်တဲ့ မဒမ်ပေါကလည်း ရောက်မလာသေးဘူး။ နောက်တော့ ကျနော်က အကြံရပြီး လက်ဟန်ခြေဟန်နဲ့ စင်္ကာပူက ပြောဟန်အတိုင်း “Short Short One” လို့ ပြောလိုက်တယ်။

အဲဒီတလုံးကိုတော့ သူ နားလည်သွားတယ်။ ပြီးတော့ ကျနော့် နားထင် နှစ်ဖက်ကို လက်နဲ့ သပ်ပြပြီး “Short Short Huh?” ဆိုတဲ့ အသံထွက်လာတယ်။ အဓိပ္ပါယ်က ဘေးနံဖက်ကိုပဲ ပါးမှာလားပေါ့။

မဟုတ်သေးဘူး။ ကျနော်က တခေါင်းလုံးကို ခပ်တိုတို ညှပ်ချင်တာလေ။ ဒါနဲ့ တခေါင်းလုံးကို လက်နဲ့ ဝေ့ပြပြီး “All Short Short One” လို့ ပြောလိုက်တယ်။ သူ့ဆီက “Okay, Okay” ဆိုတဲ့အသံထွက်လာတော့ အိုကေသွားပြီပေါ့။ ပြီးပြီပေါ့။

အဲသည်မှာ စက်ကပ်ကြေးနဲ့ သူ စညှပ်တယ်။ ကျနော်ကလည်း အ၀တ်ဖြူစပေါ်မှာ အလိပ်လိုက်ကျလာတဲ့ ဆံပင်တွေကို ငုံ့ကြည့်ရင်း ကျေနပ်နေတယ်။ မဆိုးဘူး… ဒီမိန်းမက စေတနာပါတယ်။ တခြားဆိုင်တွေမှာ တိုတိုညှပ်ပါဆိုရင် ဘာကို ချွေတာနေတယ်မသိ။ နည်းနည်းချင်းပဲ ညှပ်ချနေတာ အားမရစရာ။ ပြီးရင် ဆံပင်က တိုသင့်သလောက်မတို။ ခဏလေးနဲ့ နဂိုအနေအထားကို ပြန်ရောက်ရော။ သည်အမျိုးသမီးရဲ့ လက်ရဲပုံကို သဘောကျနေမိတယ်။

ဘေးနှစ်ဖက်ကို ပါးပြီးစ အချိန်မှာ မဒမ်ပေါ ဆိုင်ထဲကို ၀င်လာပြီး နောက်က ခုံတခုမှာ ၀င်ထိုင်တာကို မှန်ထဲမှာ မြင်ရတယ်။ သူက ညှပ်လက်စ ဆံပင်ကေကို ကြည့်ပြီး “ဂေါ်ဖီပန်း နဲ့ တူသွားပြီ” လို့ ပြောလို့ နှစ်ယောက်လုံး ရယ်ရသေးတယ်။စက်မှုတက္ကသိုလ်တက်တုန်းက ကျနော်တို့ သူငယ်ချင်းတယောက်ဟာ နားထင်နှစ်ဖက်ကိုပါးပြီး ခေါင်းပေါ်မှာ ဆံပင်တွေကောက်နေပြီး စာကလေးခွေနဲ့တူတဲ့ ဆံပင်ပုံမျိုး ညှပ်လာမိလို့ အတန်းထဲမှာ ဂေါ်ဖီပန်းလို့ နာမည်ပြောင် အပေးခံရဘူးတယ်။

ခဏနေတော့ ဆံပင်ညှပ်တဲ့အမျိုးသမီးက ခေါင်းအပေါ်ပိုင်းကို စညှပ်တယ်။ နားထင်ကို ညှပ်တုန်းကလိုပဲ နှစ်ချက်လောက် စက်ကပ်ကြေးနဲ့ အားရပါးရ ထိုးချလိုက်တယ်။ ဆံပင်တွေ တထွေးကြီးကျလာတယ်။ ကျနော်က ကျေနပ်နေတုန်း။ အဲသည်အချိန်မှာ မဒမ်ပေါဆီက “Stop” ဆိုတဲ့ အသံထွက်လာတာပဲ။ ဟိုအမျိုးသမီးလည်း ကြောင်အ ပြီး ညှပ်နေတာ ရပ်သွားတယ်။

မဒမ်ပေါက ကျနော့်ကို မေးတယ်။ “မင်းက ကတုံးတုံးမယ်ပြောထားလို့လား” တဲ့။ ကျနော်က မဟုတ်ပါဘူး.. တိုတိုညှပ်ခိုင်းတာပါပေါ့။ တရုတ်မက အင်္ဂလိပ်လို မတတ်ကြောင်း နည်းနည်း ဇာတ်ကြောင်းလှန်ပြောရတယ်။

ဖြစ်ပုံက… ကျနော့်ရဲ့ “All short short one” ကို တရုတ်မက ကတုံးတုံးချင်တာလို့ သဘောပေါက်သွားပုံရတယ်။ ဒါကြောင့် စက်ကပ်ကြီးနဲ့ အားရပါးရ အရင် ထိုးချနေတာကိုး။ ကျနော်က မျက်မှန်ချွတ်ထားတော့ ဘယ်သိမလဲ။ နောက်က မဒမ်ပေါ အတားမြန်ပေလို့သာပေါ့။ သူတို့နှစ်ယောက် ကွိကွိကွကွနဲ့ ပြောကြဆိုကြပြီးတဲ့နောက်မှာ ကျနော်လည်း “Prison break” ထဲက မင်းသားလိုလို အောက်မှာ ပြထားတဲ့ ဆံပင်ပုံနဲ့ အိမ်ပြန်ခဲ့ရတော့တာပါပဲ။



ဓါတ်လှေကားထဲရောက်တော့ မှန်ထဲက ကိုယ့်ပုံကို ကြည့်ရင်း “စိတ်ညစ်လိုက်တာ၊ လေးဖြူကြီး ကျနေတာပဲ” လို့ ညည်းမိတော့ မဒမ်ပေါက မျက်စောင်းထိုးရင်း “လေးဖြူ စိတ်ညစ်ဖို့ ထားလိုက်ပါဦး”လို့ ပြန်ပြောတယ်။

အိမ်ထဲဝင်လိုက်တော့ သမီးက ကျနော့်ဆံပင်ပုံကို မြင်တာနဲ့ ခွက်ထိုးခွက်လန် ရယ်တော့တာပဲ။ “ဘာရယ်တာလဲ” လို့ မျက်နှာထိ မျက်နှာထားနဲ့ ဟန့်တာလည်း မရပ်ဘူး။ အခန်းထဲမှာ ကျနော် ကွန်ပြူတာကိုင်တဲ့အထိ ဒင်းက လိုက်လာပြီး ကျနော်တို့ အိပ်ယာပေါ်ကနေ ၀မ်းလျားမှောက်လျက်က ကျနော့်ကို လှမ်းကြည့်ရင်း အသံတိတ်ရယ်နေသေးတယ်။ စားပွဲဘေးက မှန်ထဲမှာ ဒင်းကျိတ်ရယ်နေပုံကို မြင်ရတယ်။

ရုံးရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ရယ်ကြတာပေါ့။ ဘယ်လိုဖြစ်တာလဲ။ ချန်ဂီထောင်က အခုမှ ထွက်လာသလားပေါ့လေ။ အဲသည်ဓါတ်ပုံကို ဖိလစ်ပိုင်နိုင်ငံသား အင်ဂျင်နီယာတယောက်က နောက်တရက်မှာ သူ့ဖုန်းနဲ့ ရိုက်ပေးတာပါ။ သူ့မိန်းမကို ပြချင်လို့တဲ့။ သူ့မိန်းမကို ကျနော်ဆံပင်ညှပ်တဲ့အကြောင်း သူပြောပြကတည်းက အရမ်းရယ်နေတာတဲ့။ အဲဒါ ပိုရယ်ရအောင် ပုံကိုပါ ပြပါရစေဆိုပြီး ရိုက်ယူသွားတာလေ။ တော်တော် ချစ်ဖို့ကောင်းတဲ့ကောင်။ ကျနော့်မိတ်ဆွေ မျိုးမြင့်မောင်ကလည်း ဦးစံမတူကို အပြင်မှာ လူကိုယ်တိုင် တွေ့လိုက်ရသလိုပါပဲတဲ့။ အားပေးပုံက။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ်…. ဒီတလ၊ နှစ်လအတွင်းမှာတော့ ဆံပင်ညှပ်ခ တော်တော်လေး သက်သာဦးမယ့်ပုံပဲ။

38 comments:

Nay Nay Naing said...

အရမ်းမိုက်နေပါလား.. ဟီးဟီး..
ဒီနေ့  မနက် ဒီပိုစ့်လေးဖတ်ပြီး ရီလိုက်ရတယ်။
တစ်နေ့ လုံး ခနခန ပြန်လာကြည့်အုံးမယ်။
ကျေးဇူးကိုပေါ။ :D

Anonymous said...

ဆံပင်ညှပ်တိုင်း "the shorter, the better " ပြောနေကျ အိမ်ကလူကို ပြဦးမှ...:D



sdl

:P said...

ဟမ် N3 ... သူများစိတ်ညစ်နေတာကို ကျေးဇူးတောင်တင်တယ်တဲ့...။
တစ်နေ့ လုံး ခနခန ပြန်လာကြည့်အုံးမယ်တဲ့.... လူဇိုးပဲ..။

ရွက်လွင့်ခြင်း said...

ကိုပေါ အဲဒီအတိုင်းထား
အားပေးတယ်၊ ပိုခန့် သွားတယ်

Dr. Yi Yi Win said...

အိမ်ကလူကတော့ အဲပုံမျိုးလိုချင်တာ ဘယ်လိုပြောရမှန်းမသိလို့ တဲ့ “ဒေဗစ် ဘက်ခမ်း” ပုံကို ဂျာနယ်ထဲကနေဖြတ်ပြီး ယူသွားပြရတယ်။ ခုတော့ အဲပုံနဲ မြဲနေပြီ။ တွက်ခြေကိုက်ထှာ..

Anonymous said...

ထောပတ်သီးဖေကြီးလည်း ဆံပင်ခပ်တိုတိုပဲညှပ်လေ့ရှိတယ် ဆံပင်ခဏခဏညှပ်တော့ ပိုက်ပိုက်ခဏခဏကုန်တာပေါ့ အဲ့တော့ အန်ကယ်ပေါပုံကိုဖေကြီးဆီပြခွင့်ပြုပါ အဲလိုပုံညှပ်ပါလို့ပြောချင်လို့ :)

လင်းလက်ကြယ်စင် said...

ကိုပေါဆံပင်ကို ဒေါ်စုမွေးနေ့ကျင်းပတဲ့နေ့ကတည်းက တွေ့ပြီး ရီခဲ့ပြီးပြီ :D

P.Ti said...

တိုတိုညှပ်တတ်တဲ့ ကျွန်တော်လည်း သတိထားဦးမှ... အဲဒါကြောင့် ဆိုင်ပြောင်းညှပ်ခဲတာလေ... :D
ကိုပေါရုပ်နဲ့ဆို ဘုန်းကြီးဝတ်လိုက်ရင် ခန့်မယ်နော် :P

တောင်ပေါ်သား said...

အဟား ဦးပေါကြီး ကတုံးဘိုကေနဲ့ ကျနော်လဲ မနေ့ကမှ သွားညှပ်လာတာဗျ တိုတိုလေးပဲး) တိုတိုထောင်ထောင်း))

လေးစားလျက်
တောင်ပေါ်သား

ZT said...

အမှတ်တမဲ့ ကြည့်တော့ မျိုးကျော့မြိုင်နဲ့ တူသလိုပဲ။ :D

Ko Boyz said...

ဘယ်က ဦးစံမတူနဲ့ တူရမှာလဲ။ ကုသိုလ်နဲ့ တူတာ။
ဂယ်ဂျီးကို တူတာ။
မိုက်တယ်။ ၃ လ လောက်တော့ ဆံပင်ညှပ်ခ သက်သာသွားပြီ။

khin oo may said...

မိုက်တယ် အဲဒီပုံကလေး။ နောက်လဲ အဲသလိုဘဲညှပ်ပါ။
ဘွီု့်က်ကော ညှပ်ပါလား။

ကြည် said...

ကိုပေါကသာစိတ်ညစ်နေတာ ၊ ဒီကေ ကပိုမိုက်တယ်။ မဒမ်ပေါက စိတ်ညစ်သလိုနဲ့ ကြိတ်ဝမ်းသာနေလောက်ပြီ..နောက်လအတွက်ဆံပင်ညှပ်ခ မကုန်တော့ဘူးဆိုပြီးတော့ပေါ့။

Anonymous said...

ဟားဟား ကိုပေါကို ဒီတစ်ခါတော့ အရမ်းကြိုက်သွားပြီ.. ရယ်ရတာမောသွားတာပဲ.. :) ပျော်ရွှင်ပါစေကိုပေါရေ..

မိုးတိမ်ညို said...

တကယ့်ကိုလေးဖြူပဲ မိုက်တယ် ကိုပေါရေ

Anonymous said...

More handsome now..not like KALAR GYI already now..

Mic

Anonymous said...

fat and black lay phyu :P

Anonymous said...

Thanks ko paw,

I whole morning i was not happy.
now i m laughing for ur post n hair style.

that's good style. Easy to wash and comb is not needed.

NN

Anonymous said...

ထပ်လာကြည့်တယ်.. ထပ်ရယ်တယ်...
လေးဖြူစိတ်ညစ်ဖို့ထားပါဦး နဲ့ အိပ်ယာပေါ်မှောက်လျားထိုးကြည့်ရယ်နေတယ် ဆိုတဲ့နေရာမျာ ပို ပိုရယ်ရတယ်...။


sdl

Nge Naing said...

ကိုပေါဆံပင်ကမှ တော်သေးတယ်။ ကျွန်မသားလေးကတော့ ဆိုင်မှာ ဆံပင်ညှပ်တိုင်း ကတုံးပဲ တုံးခိုင်းလို့ ဆိုင်ရှင်ကို ကတုံးတော့ မတုံးပါနဲ့ အတတ်နိုင်ဆုံး ကတုံးနဲ့တူအောင်ပဲ ညှပ်ပေးပါလို့ ပြောပြီး ညှပ်ရတယ်။ တခါညှပ်ပြီးတိုင်းလည်း တော်တော်နဲ့ တော်တော်နဲ့ ပြန်မညှပ်ဖြစ်ဘူး ကတုံးပဲ တုံးခိုင်းနေလို့။ အခုလို ဆောင်းရာသီဆိုရင် ဆံပင်တောင် သွားညှပ်ပေးလို့ မရဲဘူး။ ကတုံးတုံးပြီး အအေးပတ်မှာစိုးလို့။ ကိုပေါ အဲဒီဆံပင်ပုံနဲ့လိုက်ပါတယ်။ ပြီးတော့ စင်္ကာပူက ပူတယ်ဆိုတော့ ပိုတောင် ကောင်းသေးတယ်။

KHIN ZIN MINN said...

ko paw
very handsome with this design........don't change. And thanks for sharing your post, very funny.

မေဓာဝီ said...

မဒမ်ပေါတယောက်တော့ အဲဒီခေါင်းလုံးလုံးလေး ကို ပိုချစ်နေဦးတော့မှာ မြင်ယောင်ပါသေးတယ်။ ;)

Rita said...

အရင်က လွင်မိုး၊ ခုတော့ လွင်မိုး အဖေ။
(ဟားဟားဟားဟား) to the power infinity

ခင်မင်းဇော် said...

ခုဆံပင်ပုံနဲ့ လိုက်ပါတယ်။ ပြီး အဲဒီပုံက လူတိုင်းနဲ့လဲ လိုက်ခဲတယ် ဆိုတော့ ကိုပေါရေ..
ဘတ်ဂျက်လဲ သက်သာ မိုက်ကလဲ မိုက် လိုက်လဲလိုက်တဲ့ ဒီကေပုံမျိုးပဲ ညှပ်ပေတော့ဗျို့...

Anonymous said...

ဒီ နောက်ဆုံးဆံပင်ဒီဇိုင်းနဲ့ ပုံကို အိမ်ကလူတွေ မှတ်မိတာဝမ်းသာတယ်ဗျာ.... (ဒီပုံကို ၂၀၁၀ခုနှစ် သက်သာချောင်ချိရေး နိုးဆော်တဲ့ ပြက္ခဒိန်အတွက်သုံးချင်လိုက်တာ......?)

Anonymous said...

ဟန်သူရောက်တာ မြန်ပေလို့ပေါ့။ နောက်မို့ ကျွန်တော်တို့လာလည်ရင် မမှတ်မိဖြစ်နေဦးမယ်။

တီတီအယ်လ်

Anonymous said...

ဗမာ့ ကီးမိုကြီးကို အခုမှတွေ့ဖူးတော့တယ်။ ဂျေးဂျူးပါ....

Anonymous said...

ဘာတွေလဲကွာ ။ လီးဘဲ.............

Anonymous said...

ပျော်ပျော်ပါးပါးနဲ့ လူ anonymous တွေလာဖတ်တယ်ထင်တာ .. ခုတော့......သဝေထို ခဝဆွဲ ..........

chocothazin said...

ခေါင်းမရှုပ်တော့ဘူးပေါ့ ကိုပေါရေ။ ကြည့်ကောင်းပါတယ်။

ခင်မင်စွာဖြင့်

ထက်ထက် said...

မိုးဒီနဲ့ အရမ်းတူတယ်.ကိုပေါရေ.
ကေကတော့ အမိုက်စားပဲ..
နောက်ဆို အဲဒီပုံပဲ အမြဲညှပ်တော့...

ကိုပေါ said...

ကျနော့်ရဲ့ ကတုံးဘိုကေ ဆံပင်ပုံလေးကို လာရောက်အားပေးကြတဲ့ ဘလော့ဂ်ဖတ်သူအပေါင်းကို ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ကြပါစေ။

Andrew said...

haha
nice hair stlye
like lay phyu :P

Rita said...

ကိုပေါ
သူတို့ပြောတာ တစ်ခုမှ မဟုတ်ဘူး
တကယ်က ဖိုးပါကြီး နဲ့တူတာ။ ဟားဟား
အဲဒါပြောချင်လို့ နောက်တခေါက် လာရတယ်။
ဟီးဟီး ခုထိ ရီမဆုံး

Tin said...

If u cut shorter they did not see vermicelli in u r head???

Anonymous said...

great Cut. Cheers..:)

Anonymous said...

I would like to say that your hair style looked like American presedent's hair style only (not skin) hah--hah- (UOK)

Unknown said...

ko paw.....office myar yee loe ma kg bu..but ah yan yee ya tal

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs