ကျွန်ုပ်နှင့် ဓါတ်ပုံပညာအကြောင်းကို ရေးရန် စိတ်ကူးရခဲ့သည်မှာ ကြာပြီ။ သို့သော် ကျွန်ုပ်လက်ရာများကို မြင်လျှင် ဓါတ်ပုံပညာကို အမှန်တကယ် စိတ်ဝင်တစား လိုက်စားနေကြဟန်တူသော ဘလော့ဂါလူငယ်လေးများအဖို့ သိမ်ငယ်စိတ် ၀င်သွားချေမည်လောဟု စိုးရိမ်သဖြင့် ကျွန်ုပ်၏ ပညာစွမ်းကို ထုတ်ဖော်မပြသ၀ံ့ဘဲ ကြောင်လက်သည်းဝှက် သိုသိပ်စွာ နေခဲ့ပါသည်။ ယခုတော့ သင်းတို့တတွေလည်း အတော်အသင့် ရင့်ကျက်လာပြီဟု ယူဆသည့်အလျောက် ကျွန်ုပ်၏ ဂန္ထ၀င်လက်ရာအချို့ကို စာဖတ်သူများ ခံစားနိုင်ရန် ကောင်းနိုးရာရာ ထုတ်နှုတ် တင်ပြလိုက်ပါသည်။ မုဒိတာစိတ်အပြည့်ဖြင့် ကြည့်ရှု နည်းယူကြပါကုန်လော့။
ရှေးဦးစွာ ကျွန်ုပ်၏ ပထမဦးဆုံး ကင်မရာ အကြောင်းကို အနည်းငယ် ပြောပြလိုပါသည်။ လွန်ခဲ့သော ဆယ့်သုံးနှစ် မလေးရှားတွင် နေထိုင်စဉ်က သူငယ်ချင်းလေးယောက် စုပေါင်းစပ်ပေါင်း၍ ၀ယ်ယူခဲ့သော ကင်မရာဖြစ်၏။ တန်ဘိုးမှာ မလေးရှားရင်းဂစ် ၁၂၀ ခန့်ရှိပြီး စင်္ကာပူငွေဖြင့်တွက်ကြည့်ပါက ဒေါ်လာ ၅၀ ခန့် ရှိရာ စာဖတ်သူတို့အနေဖြင့် ထိုကင်မရာ၏ အရည်အသွေးကို အကြမ်းဖျင်း ခန့်မှန်းမိကြလောက်ပြီ ထင်ပါသည်။ ထိုကင်မရာသည် Point and Shoot အမျိုးအစားဖြစ်သည်။ ဓါတ်ခဲနှင့် ဖလင်ထည့်ပြီးပါက ပါဝါဖွင့်ရန်ပိတ်ရန် ခလုပ်တခု၊ ချောင်းကြည့်ပေါက်မှ မြင်ရသမျှကို ရိုက်ကူးနိုင်ရန် နှိပ်ရသည့် ခလုပ် တခု၊ စုစုပေါင်း ခလုပ်နှစ်ခုသာ ပါရှိသည်။ စင်္ကာပူရောက်လာကာစ အချိန်အထိ ထိုကင်မရာကိုသာ အသုံးပြု၍ ဓါတ်ပုံပေါင်း မြောက်မြားစွာ ရိုက်ကူးခဲ့ပါသည်။
တရက်တွင် မိတ်ဆွေတယောက်နှင့် မြို့ထဲသို့အသွား ပင်နင်ဆူးလားပလာဇာနှင့် မျက်နှာချင်းဆိုင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီး၏ စုလစ်မွန်းချွန်ဖြူဖြူကြီးသည် လပြည့်ဝန်းကြီးနောက်ခံတွင် အင်မတန်မှ တင့်တယ်လှပနေသည်ကို မြင်တွေ့ရလေသည်။ ထိုရှုခင်းကို မြင်တွေ့ရသောအခါ ကျွန်ုပ်လည်း မြန်မာပြည်တွင် နေထိုင်သော မဒမ်ပေါအား သတိရလှသဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူး ပေးပို့ရန် အကြံဖြစ်၏။ သို့နှင့် စုလစ်မွန်းချွန်နှင့်တကွ လပြည့်ဝန်းကြီးအား ဓါတ်ပုံနောက်ခံဘက်ဂရောင်းတွင် ပါဝင်စေရန် မိမိကိုယ်တိုင် ကင်မရာချောင်းကြည့်ပေါက်မှ စိတ်တိုင်းကျ အားရအောင် ချောင်းကြည့်ပြီးသကာလ အတူပါသူ မိတ်ဆွေအား ကင်မရာအယူအဆ၊ အန်ဂယ်လ်စသည်တို့ကို အသေးစိတ်ညွှန်ကြားကာ ဓါတ်ပုံရိုက်ခိုင်းလေသည်။ ကျွန်ုပ်ကိုယ်တိုင်မူကား ဘုရားရှိခိုးကျောင်း ခြံစည်းရိုးနားတွင် ရပ်ပြီး ခြံစည်းရိုးတိုင်အား လက်တဖက်နှင့်ကိုင်ကာ ဗိုက်ချပ်စေရန် အသက်အောင့်လျက် ပို့စ်ပေးနေ၏။
မိတ်ဆွေခမြာမှာလည်း ဘယ်ဘ၀မှ ၀ဋ်ကြွေးမှန်းမသိ။ ပလက်ဖောင်းနှင့် မျက်နှာနှင့် ထိလုခမန်း လမ်းမပေါ်တွင် ၀ပ်တွားလျက် စိတ်ရှည်လက်ရှည် ရိုက်ပေးရှာ၏။ ဓါတ်ပုံရိုက်နေစဉ် ကားတက်ကြိတ်မသွားသည်မှာ ကံကောင်းလှချေသည်။
သို့နှင့် ထိုဓါတ်ပုံကို ကူးဆေးလိုက်သောအခါ အောက်ပါအတိုင်း အံ့မခန်းသည့် လက်ရာကောင်း ဓါတ်ပုံတပုံအဖြစ် တွေ့မြင်ရလေသည်။
ကျွန်ုပ်နှစ်သက်သဘောကျလျက်ရှိသော စုလစ်မွန်းချွန်းဖြူဖြူကြီးသည် လည်းကောင်း၊ ကောင်းကင်၌ ရွှန်းရွှန်းမြမြသာလျက်ရှိသော လပြည့်ဝန်းကြီးသည်လည်းကောင်း ဓါတ်ပုံထဲတွင် ပျောက်ခြင်းမလှ ပျောက်လျက်ရှိချေသည်။ ခြံစည်းရိုးတိုင်များနှင့် ကျွန်ုပ်သာလျှင် ထီးထီးမားမားကြီး ပေါ်လျက် ကျွန်ုပ်မှာလည်း သရဲကားထဲမှ သရဲ ကိုယ်ထင်ပြသကဲ့သို့ ရှိချေသည်။ ထိုအခါကျမှ ညရှုခင်းများကို ဖလက်ရှ်ထည့်ရိုက်လျှင် အလင်းရောင်အားနည်းသော ခပ်ဝေးဝေးက အရာများ မပါတတ်ပုံကို ကျွန်ုပ် ရေးရေးမျှ စတင်သဘောပေါက်လေတော့သည်။ ထိုဓါတ်ပုံကို အီလက်ထရောနစ်ဌာနမှ ပါမောက္ခ ဆရာကြီးဒေါက်တာစန်းတင့် မြင်သောအခါ… “ကိုပေါနှယ်… စင်္ကာပူမှာ ဒီလောက် ဓါတ်ပုံရိုက်စရာ နေရာတွေ ပေါတာ၊ သူ ဘယ်နားမှာများ သွားရိုက်ပါလိမ့်” ဟု အားမလိုအားမရ မှတ်ချက်ချရှာသည် ဟူသတည်း။
သို့နှင့်လည်း မမှတ်သေး။ မဒမ်ပေါနှင့် လက်ထပ်အပြီး ပီနန်သို့ နှစ်ယောက်အတူ ပထမဦးဆုံးအကြိမ် သွားရောက် လည်ပတ်ရာတွင် ကင်နွန်အမှတ်တံဆိပ် ကင်မရာဖြင့် ပီနန်ဘုန်းကြီးကျောင်းထဲတွင် ဓါတ်ပုံများ ရိုက်ခဲ့သေး၏။ သုံးချောင်းဒေါက်ပေါ်တွင် တပ်ဆင်ထားသော ကင်မရာကို Timer mode တွင်ထားလျက် ခလုပ်နှိပ်ခဲ့ပြီး ရိုက်ကွင်းထဲသို့ အူယားဖားယား အပြေးဝင်ကာ ရိုက်ကူးယူခဲ့သည့် အောက်ပါ ဓါတ်ပုံတွင် ကျွန်ုပ်၏ အလင်းအမှောင် အယူအဆ ကျွမ်းကျင်ပုံကိုသာမက ကျွန်ုပ်၏ ပင်ကိုယ်အသားအရည် ဖြူစင် လင်းလက်ကာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပပုံ တို့ကို အတိုင်းသား တွေ့မြင် ရှုစားနိုင်ပေသည်။ (ဓါတ်ပုံထဲတွင် အရိပ်ကျသော အခြမ်းမှာ ခါးထောက်၍ စတိုင်ပေးနေသူမှာ ကျွန်ုပ်ပင်ဖြစ်ချေတော့သည်။)
ထိုမှတပါးလည်း ကျွန်ုပ်တို့ တည်းခိုရာ ဟိုတယ်သို့ ပြန်ရောက်သောအခါ ဟိုတယ်ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်သော် ပီနန်ကျွန်းနှင့် မလေးရှားကျွန်းမကြီးအကြား ရေလက်ကြားရှုခင်းမှာ နေခြည်အောက်တွင် လွမ်းမောဖွယ်ရာ လှပလျက်ရှိသည်ကို မြင်တွေ့ရ၏။ ယင်းကို နောက်ခံထားကာ လင်မယားနှစ်ယောက် ပြူတင်းပေါက်နားတွင် နေရာယူလျက် ဤသို့ ဤပုံလည်း ဓါတ်ပုံရိုက်ကူးခဲ့ပါသေးသည်။
(ဤဓါတ်ပုံထဲတွင်လည်း ဘုရားစူး မိုးကြိုးပစ် ကျွန်ုပ်ပုံ ပါသည်။ သေသေချာချာ မျက်လုံးကို ပြူးပြဲ၍ ကြည့်ရှုပါရန်။)
ဤပို့စ်ကို ဖတ်ရှုပြီးသကာလ ကျွန်ုပ်ထံ၌ ဓါတ်ပုံသင်တန်း တက်လိုသူများ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ကြပါပြီ။
သင်တန်းသား အရေအတွက် အကန့်အသတ် ရှိသည်။ လာသလောက်သာ လက်ခံမည်။

43 comments:
သင်တန်းသား အမှတ်စဉ်(၁)....:P
ဟား ဟား.. ပထမဆုံးပုံကိုကြည့်လိုက်တာ သောက်နေတဲ့ကော်ဖီတောင် သီးသွားတယ် ။ ခွိ ။
သင်တန်းသား အမှတ်စဉ်( ၂ ) .....
ထိပ်တန်းအဆင့်ဝင် ကင်မရာမင်းတံသို့  သင်တန်းတက်လိုသဖြင့် သင်တန်းခ မည်မျှ ကုန်ကျမည်ကို မဝံမရဲ မေးသွားသည်
Snap and Dark Shot !
ဓာတ်ပုံတွေ အရမ်း မိုက်တယ်. :D
ဒုတိယပုံအရောက် မပြုံးပဲဝါးလုံးကွဲ ..:-)))
တတိယပုံမှာတော့ပိုပြီးလေးစားသွား :)))))))))
ဟီးဟီး ကိုပေါကြီး လွှတ်ရီရလို.ကျေးဇူး!!
ရေလည် လန်းတယ်ဗျာ ပုံတွေက။ အဟိ။ ကျွန်တော်လဲ အဲဂလို စမ်းတဝါးပုံတွေ အများကြီးဖြတ်သန်းခဲ့ရပါကြောင်း။
တနင်္လာနေ့ မနက် ဒီပို့စ်ဖတ်ရတာ ကျေးဇူးကြီးပါပေတယ် ..
သင်တန်းတက်ရန် အတွက် ဒီတပါတ် ပိတ်ရက် အဟောင်းတန်းမှာ ကင်မရာ သွားရှာလိုက်ပါဦးမယ် ..
ဒီဓါတ်ပုံတွေက ကိုပေါရိုက်တာမှမဟုတ်တာ ကိုပေါကို တခြားသူတွေက ရိုက်ပေးတဲ့ပုံဆိုတော့ ကိုပေါညံ့လို့ မဟုတ်ပါဘူး။ ကျွန်မ အမျိုးသားထက်တော့ သာသေးတယ်။ ကျွန်မအမျိုးသားရိုက်ရင် ခေါင်းမပေါ်တဲ့ ပံပဲများတယ်။ ပြီးတော့ လူက ရုပ်ဆိုးရတဲ့အထဲ သူလက်မငြိမ်လို့ ထွက်လာတဲ့ပုံတွေဟာ အမြဲတမ်း သရဲသဘက်လိုပဲ ပေါ်နေလို့ အမြဲတမ်းဖျက်ပစ်ရတယ်။။ ဒါကြောင့် ကျွန်မပုံကောင်းကောင်း မရှိဘူး။ သူတို့သားအဖပုံတွေဆို ကျွန်မရိုက်ထားပေးတာ အကောင်းတွေချည်းပဲ များတယ်။
ဆြာပေါ၏ ဓါတ်ပုံပညာများကို ဖတ်ကြည့်ပြီး အရမ်းရီချင်တာ ရုံးမှာမို့ ရီချင်တိုင်ရီမရ အော်ဒုက္ခ
ဒါ ပညာရှိ ဆန်တယ်။ ဒီလောက်ပဲ ကြည့်ထားအုန်း ဆိုတဲ့ သဘောပဲ။ :)
ဒုတိယပုံနဲ့ တတိယပုံကိုတော့ ခိုက်သွားပြီ။ :D
အား.... ရယ်ရတာသေတော့မယ်....။
အော်ရယ်ရတော့တာပဲ..။
ကိုပေါ..နောက်ထပ် ဒါမျိုးလေးတွေ လုပ်ပါဦး...။
ဒုတိယပုံအောက်ကစာဖတ်အပြီး လာမန့်နေတာ ၊ ဆက်ဖတ်လိုက်ဦးမယ်..။
LOL!!
ရယ်လိုက်ရတာ ထမင်းတွေတောင် သီးတယ်၊ စိတ်ညစ်နေချိန် ကိုပေါရဲ့ ဒီပို့စ က ရယ်စရာ ဟာသမြောက်လို့ ကျေးဇူး
thanks a lot ko paw,
very sleepy in office,
then my eye become wide when i read ur post.
once more:
ကိုပေါရေ... ဝေးနေတာကြာတဲ့ ဘလော့ကမ္ဘာထဲပြန်အ၀င် ဒီပို့ စ်လေးဖတ်ရတာ အတော်ကို စိတ်လန်းဆန်းသွားတယ်… ကင်မရာကလဲ မျက်နှာလိုက်ပါ့နော်… မဒမ်ပေါပုံလေးတွေသာ ကွက်ကွက်ပေါ်နေတာ အထူးအဆန်းပဲ… ဒါကြောင့်လဲ ခုနောက်ပိုင်း နောက်ဆုံးပေါ်ကင်မရာလေးက မဒမ်ပေါနဲ့ ပဲ တတွဲတွဲဖြစ်နေတာ ထင်တယ်… မဒမ်ပေါဓာတ်ပုံပညာကို ဟိုတနေ့ က အိမ်ကပန်းလေးတွေ ရိုက်ပေးသွားကတည်းက လေးစားသွားတာ… ကိုပေါဓာတ်ပုံပညာကိုတော့ ခုမှပဲ သိရတော့တယ်… ဆက်ကြိုးစားပါ… အားမငယ်ပါနဲ့ လေ…
Hi..Love your posts. Cheers..:)
အန်ကယ်ပေါရဲ့ ဓတ်ပုံကြည့်ပြီး လာဘ်ခန်းထဲမှာတခွိခွိရယ်မိလို့ ဆရာကခပ်လန့်လန့်နဲ့လှမ်းကြည့်တယ်ဗျ...ဘာလို့လဲဆိုတော့ ခုနမှသူကဆူထားတာ အခုထ,ရယ်နေတော့ကြောင်သွားပြီ လို့ထင်နေလားမသိဘူး...အားလုံးကိုပြုံးပျော်စေတဲ့...ဦးလေးပေါ..
ha ha
Don't know how to say
so funny
သင်တန်းတက်ရန်လျှောက်လွှာ ဘယ်မှာဝယ်ရမလဲ
တော်သေး ရုံးမှာ မဖတ်မိလို့။
မထူးပါဘူးလေ။ နောက်နေ့ ရုံးရောက်လဲ အလုပ်လုပ်ရင်း ပြုံးဖြီးဖြီး ဖြစ်နေဦးမှာပါ။
သင်တန်းကြေး ဘယ်လောက်လဲဟင် ...
စိတ်ဝင်စားလို့ပါ :)
ကိုပေါရဲ့ ဓါတ်ပုံပညာကို ကြိုက်လွန်းလို့ ၃ခါ လာကြည့်ပါတယ်.. အားရပါးရ ရယ်လိုက်ရတဲ့ အတွက် ကျေးဇူးပါပဲ..။
haha ROFl =)) Ko Paw,
LOL^^ when i read this "မိတ်ဆွေခမြာမှာလည်း ဘယ်ဘ၀မှ ၀ဋ်ကြွေးမှန်းမသိ။ ပလက်ဖောင်းနှင့် မျက်နှာနှင့် ထိလုခမန်း လမ်းမပေါ်တွင် ၀ပ်တွားလျက် စိတ်ရှည်လက်ရှည် ရိုက်ပေးရှာ၏။ ဓါတ်ပုံရိုက်နေစဉ် ကားတက်ကြိတ်မသွားသည်မှာ ကံကောင်းလှချေသည်။"
Gd day^^
ကိုပေါရေ၇ီ၇တာမျက်၇ည်တောင်ကျတယ်...စာအေ၇းအသားကြောင့်ပါ...ဓါတ်ပုံကတော့ကိုပေါထက်လက်စွမ်းထက်ခဲ့ဖူးပေါင်းများပြီ..
ကိုပေါရေ၇ီ၇တာမျက်၇ည်တောင်ကျတယ်...စာအေ၇းအသားကြောင့်ပါ...ဓါတ်ပုံကတော့ကိုပေါထက်လက်စွမ်းထက်ခဲ့ဖူးပေါင်းများပြီ..
ဓါတ်ပုံကတော့ကိုပေါထက်လက်စွမ်းထက်ခဲ့ဖူးပေါင်းများပြီ..
စောစောစီးစီး ရုံးမသွားခင် ဒီပိုစ့်ကို ဖတ်မိတာ ကံကောင်းလိုက်တာ...
သင်တန်းသား လာလုပ်မယ်...
အဲဒီအခါကျရင် တကယ် အဲဒီလို ခပ်မှောင်မှောင် အရိပ်ကျကျ ပုံလေးတွေ ရိုက်တတ်အောင် သင်ပေးရမှာနော်.... ဒါပဲ
I cant stop but laughing. Thanks much for the post.
စိတ်လေရပါတယ် ကိုပေါရယ်။
လောရှည်
http://photo.lawshay.com
“ရွေးကောက်ပွဲ”ဖတ်လို့် မရပါ
i have to close my mounth n laugh in the office.very good post.still waiting for the new.your post really make me wake up.
ဟားဟားးးး
အကျယ်ကြီးအော်ရယ်နေပါသည်။
ဒီနေ့မှ လိုင်းပေါ်ပြန်တက်နိုင်တာ..
ကိုပေါပို့စ် လာဖတ်တာ တော်တော် စိတ်ရွှင်သွားလေရဲ့.
ကျေးဇူးနော်...
စာရင်းလာသွင်းလိုက်ပြီ.... အဲလို ဓါတ်ပုံတပုံတည်းမှာ အလင်း အမှောင်ပါအောင် သေချာရိုက်နိုင်တာ နည်းတဲ့ပညာမဟုတ်ဘူး။ လေးစားဘာဒယ်။။။။။။။
သင်တန်းလာတက်တာ တော်ပါသေးရဲ့ လာသလောက်ပဲ လက်ခံလို့ အကိုရေ လှပါတယ် နောက်ခံတွေနဲ့ မဒမ်ပေါကို ပြောပါတယ် အဟီးးးး
လေးစားလျက်
တောင်ပေါ်သား
သူများတွေသိမ်ငယ်စိတ်ဝင်မှာကို အားနားပြီး gentle man ပီပီကြောင်လက်သည်းဝှက်ထားခဲ့တဲ့ကိုပေါရေ..အခုတော့ ရင့်ကျက်လာကြပါပြီ လို့ အားနာပါးနာတွေးပေးတဲ့အတွက်...အားမနာတော့ဘူးနော်။အဟိ
မဒမ်ပေါက အသားဖြူလို့ ပေါ်တာနေမှာ။
ကိုပေါ ရှိရာ အရပ်သို့ အလေးပြုသွားကြောင်းပါ။
ကိုပေါ ဓာတ်ပုံပညာကို အဝေးက ကြည်ညိုနေသူတဦး
စာကိုဖတ်ရင်းနဲ့ ရီချင်စိတ် လှိုက်တက်လာတယ်။ ကျွန်တော့ အဖြစ်တွေနဲ့ တော်တော်တူလွန်းလို့။ lab ထဲမှာ မအောင့်နိုင်ဘူး စပ်ဖြီးဖြီးကြီး ဖြစ်သွားတယ်။ မျက်နှာချင်းဆိုင် စားပွဲက ကုလားကတော့ တစ်ယောက်တည်း ရီနေတာ ရူးများနေလား ထင်တော့မယ်။ ကျွန်တော်လည်း သင်တန်းတက်မယ်ဗျာ။ အခြေခံက ဆရာနဲ့တူတယ်ဆိုတော့ သင်ရင် မြန်မြန်တတ်လွယ်မှာဗျ။ ဟီး
ပုံတွေကြည့်ပြီး ရီလိုက်ရတာ..း-)
အမလေး တော်လိုက်တာ ကိုကိုတော် အဟတ်ဟတ် ရယ်ရတာကိုမောလို့ :D
သတိရလို့ မှတ်ချက်ရေးသွားတယ်ဗျာ။ စာအချို့ ပြန်ရေးဖြစ်တော့မယ်ထင်ပါတယ်။
ဆီပုံးမထားတဲ့လူ ဆိုတော့လည်း ဧည့်ခန်းမရှိလို့ မီးဖိုချောင်ထဲ တန်းဝင်လာရသလိုပေါ့။ မဒမ်ပေါ ဘာတွေချက်လဲ။
ငါလိုးမသား ငပေါ ။ စောက်ရူး ..........။ ကိုယ့်ကိုကိုယ်ဖော်နေတဲ့ကောင်။ ကိုယ့်ကိုကိုယ် မြန်မာပြည်ရဲ. ကယ်တင်ရှင်လို.ထင်နေပုံပဲ။
Anonymous ! How come so rude? Who is ur parent?
Post a Comment