“နှုတ်ခွန်းဆက်”

Share |
“သောတရှင်များနဲ့ တူ၊ တူမလေးတို့ ကျန်းခန့်သာလို့ မာပါစ”

ငယ်ငယ်တုန်းက ဘီဘီစီ နားထောင်တဲ့အခါ ဦးဖေသန်းရဲ့ “မေးပါများ စကားရ” ကဏ္ဍမှာ သည်လို နှုတ်ခွန်းဆက်လေ့ရှိတာကို သတိရမိသည်။

ကျနော်လည်းပဲ စာဖတ်သူတို့ကို “မိတ်ဆွေတို့ ကျန်းခန့်သာလို့ မာပါစ” လို့ နှုတ်ခွန်းဆက်သလိုက်ပါသည်။

ဘလော့ဂ်မရေးဖြစ်သည်မှာ တပတ်ကျော်ကျော်ကြာသွားရာ မပြောမဆို ပျောက်နေသည့်အတွက် နေထိုင်မကောင်းဖြစ်လေသလောဟု မိတ်ဆွေအချို့ စိတ်ပူကြဟန်တူသည်။ အချို့လည်း ဖုန်းဖြင့် တကူးတက ဆက်၍ မေးကြ၊ မြန်းကြသည်။

အချို့လည်း ကျနော်အိမ်ပြောင်းသည်ဆို၍ ကိုပေါတယောက် ကြီးပွားချမ်းသာကာ ကွန်ဒိုတို့ ငါးခန်းအိမ်တို့ ၀ယ်ယူကာ ပြောင်းရွှေ့နေထိုင်သည်ဟု ထင်ဟန်ရှိသည်။ အချို့လည်း ကိုပေါတယောက် သြော်ဇီတို့ ကနေဒါတို့သို့ ပြောင်းရွှေ့တော့မည်ဟု ထင်ဟန်ရှိသည်။

ကျနော်နေကောင်းပါသည်။ အိမ်ပြောင်းရွှေ့အပြီး တပတ်ခန့် ခေတ္တအနားယူနေခြင်းမျှသာ ဖြစ်ပါသည်။ ဘက်ထရီ အားဖြည့်သလိုပေါ့။ မကြာခင် ပို့စ်များကို ဆက်လက်ရေးသားပါမည်။

ဤပို့စ်တွင် ဘလော့ဂ်နှင့်ပတ်သက်၍ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင် စကား ပြောကြားရပါဦးမည်။ အစဉ်လိုက်ရေးထားသော်လည်း အားလုံးကို တန်းတူညီမျှ ကျေးဇူးတင်ခြင်းဖြစ်ပါသည်။

ရှေးဦးစွာ စိတ်ဝင်တစားလာရောက်ဖတ်ရှုသူများကို ကျေးဇူးတင်ပါသည်။ တကယ်တော့ ကျနော်သည် စာရေးသားခြင်းအလုပ်ကို ၀ါသနာပါ၍ ဘလော့ဂ်ရေးနေခြင်းမဟုတ်။ ရည်ရွယ်ချက်တခုနှင့် ဘလော့ဂ်ရေးနေခြင်းဖြစ်ရာ စာဖတ်မည့်သူမရှိက ကျနော့်ရည်ရွယ်ချက်လည်း အောင်မြင်မည်မဟုတ်။

ကျေးဇူးတင်ထိုက်သူ နောက်တဦးမှာ ဘလော့ဂ်ရေးသည်ကို အလုပ်တခုသဖွယ်သဘောထားကာ ပုံမှန်ရေးနိုင်စေရန် ပံ့ပိုးပေးသော မဒမ်ပေါ ဖြစ်ပါသည်။ မဒမ်ပေါ၏ နားလည်အားပေးမှုမပါလျှင် အိမ်ထောင်သည်တယောက်ဖြစ်သော ကျနော့်အဖို့ သည်လောက်အထိ ရေးနိုင်မည်မဟုတ်ပါ။

ထို့ပြင် ကျနော့်ဘလော့ဂ်ကို လင့်ခ်ချိတ်ပေးထားသော ဘလော့ဂါအားလုံးကို ကျေးဇူးတင်ပါသည်။ သူတို့ အကူအညီကြောင့် လာရောက်ဖတ်ရှုသူအရေအတွက် သိသိသာသာ များပြားလာပါသည်။ ထိုအထဲတွင် ၀ီရှီမီ၊ ဒီဂိုလာ၊ ပန်ဒိုရာ၊ မေငြိမ်း၊ ခင်မင်းဇော်၊ ခင်ဦးမေ၊ ဖူးနုသစ်၊ မြန်မာဘလော့ဂ်ရီးဒါးစ် ဘလော့ဂ်များမှ လာရောက်သူများမှာ အများဆုံးဖြစ်ပါသည်။

ကျွန်တော့်ဘလော့ဂ်ပို့စ်များကို ဖတ်ရှုပြီးနောက် မြန်မာ့ဒီမိုကရေစီအရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာသူများကိုလည်း ကျေးဇူးတင်ပါသည်။ အထူးသဖြင့် အားတက်ရသည်မှာ အခြားနိုင်ငံတခုမှ ကျနော်နှင့် လုံးဝသိကျွမ်းဘူးခြင်းမရှိသော စာဖတ်သူတဦးက ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများအတွက် ငွေကြေးပေးပို့ လှူဒါန်းခြင်းဖြစ်ပါသည်။ ထိုအလှူရှင်ကို ကျေးဇူးတင်ကြောင်း ဘလော့ဂ်ပေါ်မှ တဆင့် ထပ်မံပြောကြားပါရစေ။

ယင်းမတိုင်မီက မိတ်ဆွေဘလော့ဂါတဦးမှတဆင့်သော်လည်းကောင်း၊ ပြင်ပတွင် သိကျွမ်းမှုများကြောင့်လည်းကောင်း လစဉ်ထည့်ဝင်လှူဒါန်းသူများရှိကြသော်လည်း ဘလော့ဂ်မှတဆင့် အလှူငွေ ထည့်ဝင်သူမှာ အဆိုပါ အလှူရှင်သည် ပထမဦးဆုံးဖြစ်ပါသည်။ ထိုအလှူငွေကိုလည်း အလှူငွေ စုဆောင်းပေးပို့ရန် တာဝန်ယူထားသူထံသို့ အလှူရှင်အတွက် ထင်သာမြင်သာရှိသော လုပ်ငန်းစဉ်ဖြင့် လွှဲပြောင်းပေးပို့ပြီး ဖြစ်ပါသည်။

နောက်ဆုံးပို့စ်ရေးသားစဉ်က လာရောက်ဖတ်ရှုသူအရေအတွက်မှာ နေ့စဉ် ၇၀၀ ခန့် ပျှမ်းမျှရှိပါသည်။ ဤအရေအတွက်မှာ ပြည်ပရောက်မြန်မာအရေအတွက်နှင့်စာလျှင် မပြောပလောက်သော်လည်း ကျွန်တော့်အတွက်မူကား အားရလောက်သော အရေအတွက်ဖြစ်ပါသည်။ စာဖတ်သူ ၇၀၀ ခန့်ကို အမြဲလိုလို ထိတွေ့နေခွင့်ရသည့် အနေအထားမှာ ကျနော့်ရည်ရွယ်ချက်အတွက် အရေးပါလှပါသည်။ ထိုအထဲမှ အချို့ရေးသားကြသော ကွန်မင့်များမှာ ကျနော့်အတွက် မှတ်သားဖွယ်၊ လိုက်နာအတုယူဖွယ်လည်း ဖြစ်ပါသည်။ ထိုသို့ တကူးတက ကွန်မင့်ရေးသားပေးသူများကိုလည်း ကျေးဇူးတင်ပါသည်။

ထိုအရေအတွက်ထဲတွင် ကျနော်၏ အယူအဆကို နှစ်သက်လက်ခံသဖြင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ရေရှည်ပူးပေါင်းပါဝင်ရန် စိတ်သန်လာသူမှာ ဆယ်ဂဏန်းမျှသာ ရှိစေဦး။ ကျနော်အနေဖြင့် အားတက်မိပါသည်။ အဘယ်ကြောင့်ဆိုသော် လူ ဆယ်ယောက်ပူးပေါင်းပါဝင်လာလျှင် ဆယ်ဆတိုး၍ လုပ်နိုင်သည့်သဘောဖြစ်သည်။

မြန်မာပြည်ကြီး ဒုက္ခနွံတွင်းမှ လွတ်မြောက်သည်ကို မြန်မာလူမျိုးတိုင်း မြင်လိုကြသည်ချည်းဖြစ်သည်။ ဤအချက်ကို ကျနော်တို့အနေဖြင့် သံသယဖြစ်စရာအကြောင်းမရှိပါ။ သို့သော် ထိုသို့လွတ်မြောက်ရန်မှာ ကျွန်တော်တို့အားလုံးက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တစုံတခုတော့ လုပ်နေဖို့ လိုအပ်ပါသည်။ မည်မျှပင် သေးဖွဲသော လုပ်ရပ်ဖြစ်စေ… လုပ်နေဖို့တော့ လိုပါသည်။ လုပ်ကိုင်ရန်မလွယ်ကူသော ကြီးမားသည့် အမှုကိစ္စရပ်ကြီးများကို “ဆင်ဖမ်းမည်၊ ကျားဖမ်းမည်” လုပ်နေမည့်အစား အားလုံးလက်တွေ့ကျသော သေးငယ်သော ကိစ္စကလေးများမှ စတင်လုပ်ကိုင်ကြသင့်သည်ဟု သဘောရပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထား၊ နိုင်ငံရေးအခြေအနေနှင့် ကျွန်တော်တို့ ပြည်ပရောက်မြန်မာများအနေဖြင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် မည်သို့မည်ပုံ အထောက်အကူပြုနိုင်ပုံကို နောက်လာမည့် ပို့စ်များတွင် အကျယ်တ၀င့် ထပ်မံရေးသားပါဦးမည်။

ဒီပို့စ်ကိုတော့ ဘီဘီစီ ဦးဖေသန်း၏ စကားနှင့်ပဲ နိဂုံးချုပ်လိုက်ပါမည်။

“နောက်တပို့စ်မှာ ဆုံကြဦးမယ်လေ….၊ ပျော်ပျော်ပါးပါးပေါ့။”

20 comments:

ရွက်လွင့်ခြင်း said...

ဖှတ်မှတ်သွားပါသည်

Anonymous said...

Why u never say clearly about ur shifting house. Shifting to Condo, Upgrading, Down grading, Just anyhow shifting?Answer to ur readers.
Nick

Anonymous said...

Hi nick,

Just wondering why you are so curious about ko paw's personal life and matter? A bit weird to me. As a reader,I only interested in his writing.
Ko paw doesn't need to answer all his personal matters to the readers.

Thanks.

ခရေဖြူ said...

vivo city Giant ကိုရောက်တိုင်း မဒမ်ပေါဝယ်ပေးတဲ့ Giant brand အကျီကို သတိရပြီ: ပြုံးမိပါတယ် နေ့တိုင်းဝင်ပေမယ့် အသစ်မရှိလို့ ဒီကိုလာ ဆီပဲ ကျော်ကျော်သွားလိုက်ပါတယ်

Tin said...

Dear ko Paw,
Every evening b4 get out from office I used to visited u r blog n see any news post, but my effort was in vain.
And believed there must be some reason that u r not writing any post on u r blog. However its glad to hear and happy to read again u r new post.
Same as ပျော်ပျော်ပါးပါးပေါ့။.

Anonymous said...

Offcourse need to know. If we know his condition clearly, we can participate more. Can you say that he is not corrupting with Charity money? Can you say that he is not taking up SG Citizenship and buying a new house?

Nick

Anonymous said...

To nick:

It's none of your F**king business. ( Sorry , ko paw )
Your old-fashioned tactic is not working anymore.Ok? This is not Maynma Ah-linn newspaper.Alright?

တောင်ပေါ်သား said...

:) စာရေးသူ ဦးပေါလဲ နေကောင်းကျန်းမာပါစေး)
အကိုရေ အမြဲလာဖတ်ပါတယ် အသစ်တင်တိုင်းရောက်ပေမဲ့ ကောမန့်မပေးဖြစ်တာပါ အကိုရဲ့စာတွေက ဖတ်ပြီးတိုင် တခုခု ကျန်စေပါတယ် ကျေးဇူးတင်ပါတယ်


လေးစားလျက်
တောင်ပေါ်သား

အောင်ကိုကိုထိုက် said...

ကိုပေါ
ခင်ဗျား ကို invite လုပ်လိုက်မယ်
မြန်ပြည်အရေးဆွေးနွေးကြတာပေါ့

ငြိမ်းချမ်း said...

ကျွန်းနိုင်ငံငယ်ကလေးတခုတွင် အစိုးရ၏ငွေကြေးသုံးစွဲမှုကို စာရင်းစစ်ဆေးသောအဖွဲ့မှ စစ်ဆေးကြည့်ရာတွင် သန်းပေါင်းမြောက်များစွာ စာရင်းအင်းမရှိ၊ မှတ်တမ်းမှတ်ရာမရှိဘဲ ပျောက်ဆုံးနေကြောင်း ရှာဖွေတွေ့ရှိခဲ့ကြ သည်။ စစ်ဆေးသောအဖွဲ့သည် အစိုးရအဖွဲ့အစည်းပင်ဖြစ်သော်ငြားလည်း တွေ့ရှိမှုကို ဘက်မလိုက်ဘဲ ဖေါ်ပြခဲ့ သည်။ အစိုးရနှင့် အစိုးရအဖွဲ့တွင် ပါဝင်နေသော ၀န်ကြီးများ၏ တုံ့ပြန်မှုကလည်း မှတ်သားလောက်ပါသည်။ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းများတွင် စာရင်းအင်းနှင့် စာရင်းစစ်ဘာသာကို မသင်မနေရ သင်ကြရန် ပြဋ္ဌာန်းဖို့လိုအပ်သည်ဟု ဆုံးဖြတ်ကြောင်းသိရသည်။

အစိုးရနှင့် ၀န်ကြီးများ၏ အကြောင်းပြချက်က သူတို့သာ စာရင်းအင်းနိုင်ခဲ့လျှင် ထိုသို့ငွေများ ပျောက်ဆုံး ဘုံးခံ ခဲ့ရမည်မဟုတ်၍ ထိုလိုအပ်ချက်ကိုဖြည့်ရန် ဤဘာသာရပ်ကို မသင်မနေရ ပြဋ္ဌာန်းရန်လိုခြင်းဖြစ်သည်ဟု သ တင်းတွင် ကြေညာပါသည်။ ခဏလေးငြိမ်၍ ပြန်စဉ်းစားကြည့်ပါဦး။ အစိုးရငွေကြေးများကို အလွဲသုံးစားလုပ် နေသည်မှာ အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများမဟုတ်ကြပါ။ ထိုကျောင်းသားများ က နိုင်ငံ၏ငွေကို စီမံခန့်ခွဲရန်လည်း လုပ်ပိုင်ခွင့်မရှိပါ။ လုပ်ပိုင်ခွင့်ရှိပြီး မလျော်မကန် လုပ်နေ၊ ပစ်စလက်ခတ် ဖြုန်းတီးနေ၊ ဘုံးနေသူတို့မှာ အစိုးရနှင့် ၀န်ကြီးများပင်ဖြစ်ပါသည်။ ၀န်ကြီးများအနေနှင့် ဋ္ဌာနဆိုင်ရာအလိုက် ရလာသောအခွင့်အရေးများကို အသုံးပြု၍ ကိုယ်ကျိုးရှာများသွားသဖြင့် ထိုနိုင်ငံငယ်လေး၏ နိုင်ငံပိုင်ငွေ သန်း ပေါင်းများစွာ ပျောက်ဆုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ခေါင်းဆောင်မှုကောင်း၏ မိမိလုပ်ကိုင်မှုအပေါ် တာဝန်ယူမှု ကို ပြသသည့် ပုံစံကောင်းလော ဆိုသည်ကို အားလုံးစဉ်းစားမိကြလိမ့်မည် ဖြစ်သည်။

အာဏာရှင်ဦးနေ၀င်း၏ အထွက်မိန့်ခွန်းတခုတွင် တိုင်းပြည်မှာဖြစ်နေတာ သူဘာမှမသိပါဘူး။ အောက်ကလူ တွေ မရိုးမသား၊ ခိုးစားကြလွန်း၍ တိုင်းပြည် ကမောက်ကမဖြစ်ရသည်ဟု နိုင်ငံ့ခေါင်းဆောင်ပီပီ ၎င်း၏ ခေါင်း ဆောင်မှုတာဝန်ကို မျက်နှာပြောင်တိုက် ငြင်းဆိုခဲ့ဖူးသည်ကို အားလုံးမှတ်မိကြပါလိမ့်မည်။ တိုင်းသူပြည်သား များ ငတ်မွတ်ဒုက္ခရောက်နေချိန်တွင် ဦးနေ၀င်းတို့ကတော့ ကမ္ဘာ့အချမ်းသာဆုံးသူများစာရင်းတွင် ၀င်ခဲ့သည်။ လန်ဒန်တွင် ဆေးသွားကုသည့်အခါ သူတက်သည့် ဆေးရုံမှ ၀န်ထမ်းအားလုံးကို ကျောက်မျက်ရတနာများ လက်ဆောင်ပေးခဲ့လေ့ရှိသည်။ လူထုဗိုက်မှောက်၍ တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံ နေရချိန်တွင် သူကတော့ ဝေသံသယာလုပ်နေခဲ့သည်။ သူ၏ ခေါင်းဆောင်မှုအရည်အချင်းကို ပိုမိုပြသရန်အ တွက် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းကိုပင် တိုင်းပြည်အတွက် ဂုဏ်ယူစရာနှင့် တိုင်းပြည်ပို၍ အကျိုးအမြတ် ရှိစေသယောင်ပင် လေသံလွှင့်ခဲ့သေးသည်။

မဆလ၊ နအဖတို့၏ ဉာဉ်ဆိုးများကို အော့နှလုံးနာလာ၍ ဆန့်ကျင်တော်လှန်ကြသည့် ကျနော်တို့တွင် ထိုသို့ သော အကျင့်ဆိုးမျိုးကိုပါ အသွေးအသားထဲ၊ မသိစိတ်ထဲ၊ ဉာဉ်ထဲမှ ဖောက်ထုတ်ပြောင်းလဲကြရန် လိုလိမ့်မည် ဟု အားလုံးတွေးမိကြပါလိမ့်မည်။ ထိုသို့ပြောင်းလဲမှုမလုပ်ဘဲ တွန်းလှန်ရန် ကြိုးစားသည်ဆိုပါက အာဏာမက် မော၍သာ တွန်းလှန်တိုက်ခိုက်ခြင်း ဖြစ်ပါလိမ့်မည်။ စံနစ်ကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပါ။

ကျနော်တို့တတွေတွင် ထိုသို့သော ဉာဉ်ဆိုးများ မည်မျှကင်းရှင်းပါပြီနည်း။ စီဘောက်တခုတွင် မဟာဉာဏ်ကြီး ရှင်တယောက်က အထွန့်တက်သည်။ နအဖ သူ့ဘာသာ သက်ဆိုးရှည်ပြီး မတရားလုပ်နေတာတွေနှင့် အန်စီဂျီ ယူဘီ ဘာသက်ဆိုင်ပါသနည်းတဲ့။ ထိုသူ့အတွက် ပြောစရာ စကားတလုံးတည်းရှိသည်မှာ စဉ်းစားပေါ့ဆိုတာ ပင်ဖြစ်သည်။ မစဉ်းစားလျှင် ထိုသူအနေနှင့် စင်းထားတာ စားနေရသည့်သတ္တ၀ါ ဖြစ်သွားပေလိမ့်မည်။

ပထမဦးစွာ လွတ်မြောက်နယ်မြေဟုဆိုသော ဒေသမှ ခေါင်းဆောင်မှုများနှင့် တာဝန်ယူမှုများအကြောင်း ဆွေး နွေးလိုပါသည်။ တချိန်က နယ်စပ်ကျောင်းသားတပ်မတော် တပ်ရင်းတခုတွင် ယခုအချိန်ထိ ခေါင်းဆောင်နေ ရာကို ဖင်တွင် ဆင်ကော်ကပ်၍ အတင်းတွယ်ကပ်နေသူတဦးက ဟိုတုန်းက ကျနော်တို့ ငှက်ပျောပင်ပဲ စားရ တယ်၊ အခုကျနော်တို့ ပဲဟင်းစားနေရပြီ။ တော်လှန်ရေး တော်တော်တိုးတက်လာပြီဟု တပ်တွင်းဆွေးနွေးပွဲတ ခုတွင် မှတ်သားအတုယူဖွယ် မိန့်ကြားခဲ့သည်။

ထိုသို့သော ဆင်ခြင်စဉ်းစားမှုမျိုးနှင့်ဆိုလျှင် ဤစကားပြောခဲ့သော မဟာဂေါင်းရှောင်ကြီးအနေဖြင့် ဟိုအရင် က မိုးမလုံတဲ့ သက်ကယ်တဲမှာပဲ နေရတယ်၊ အခု တိုက်ခန်းအကြီးကြီးတွေမှာ လင်မယားနှစ်ယောက်တည်း နေ ရပြီ၊အရင်က လမ်းလျှောက်သွားရ - စုံထောင်ဆိုသော လိုင်းကားစီးရပေမယ့် အခုတော့ ကိုယ်ပိုင်လေးဘီး မောင်း တိုယိုတာဟိုင်းလက်စ်ကားကြီးများ စီးနိုင်နေပြီဆိုတော့ တော်လှန်ရေး အလွန့်အလွန် တိုးတက်လာပြီ၊ အကောင်းဆုံးအခြေအနေ ရောက်လာပြီဟုပင် ကောက်ချက်ချဦးမည် ထင်သည်။

ငြိမ်းချမ်း said...



လူထုကတော့ မဆလခေတ်ကထက်ပင် ပိုငတ်မွတ်လာနေကြသည်။ ယခင်က မိသားစုရှင်သန်ဖို့အတွက် သမီး မိန်းကလေးများကို မကောင်းသည့်နေရာတို့တွင် ခန္ဓာကိုယ်ရင်းပြီး လုပ်စားစေရန် မလိုခဲ့ကြသော်လည်း ယခု တော့ ကမ္ဘာမီးလောင် သားကောင်ချနင်းနေရပေပြီ။ ဂေါင်းရှောင်ကြီးများတို့၏ တိုးတက်မှုပေတံကတော့ တိုး တက်မှု ၂၀၀ ရာခိုင်နှုန်းပင် ကမည်မထင်အောင် တိုးတက်နေဆဲပဲဖြစ်သည်။ သူများသားမယားကိုခိုးလျှင် ငယ် သားများအနေဖြင့် သေဒဏ်ပေးခံရသော အခြေအနေမှ ဂေါင်းရှောင်ကြီးများအနေဖြင့် ထိပ်မှစ သူများမယား ကြာခိုလိုက်ပြီး မတရားသော အပြစ်ဒဏ်ကို နောက်ထပ်မသုံးနိုင်အောင် ပယ်ဖျက်အောင် လုပ်ခဲ့ပြီးပြီ။ နည်း နည်းနောနော အောင်မြင်မှုမဟုတ်ပါလော။

ထိပ်တွင်ဖေါ်ပြခဲ့သော ကျွန်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှလွဲ၍ စံချိန်ပြည့်ဝသော နိုင်ငံအတော်များများ၊ အဖွဲ့အ စည်းတော်တော်များများတွင် အဖွဲ့အစည်း၏ ဆုံးရှုံးမှု၊ အားနည်းလာမှုတို့ကို သက်ဆိုင်ရာ တာဝန်ယူထားသည့် ခေါင်းဆောင်များက တာဝန်ယူကြရသည်။ တာဝန်သိတတ်မှုရှိကြောင်းလည်း အလုပ်ဖြင့် ပြကြလေ့ရှိသည်။ ၎င်းတို့မလုပ်နိုင်၍ အကျိုးထိရောက်မှုနည်းလျှင် တာဝန်မှနှုတ်ထွက်ကြခြင်းဖြင့် မိမိ၏တာဝန်သိမှုကို ပြသလေ့ ရှိကြသည်။ နောက်လူများ ပိုလုပ်နိုင်ရန် လမ်းဖွင့်ပေးလေ့ရှိသည်။

ကျနော်တို့တော်လှန်ရေးတွင် နေရာတခုရလိုက်လျှင် သေသည်အထိ ဖင်မြဲအောင် လုပ်ကြလေ့ရှိသည်။ ခေါင်း ဆောင်နေရာတို့မှာ တာဝန်ထက် ရာထူးအခွင့်အရေးကိုသာ ပိုအာရုံထားကြကာ ရာသက်ပန်ယူထားရမည့် ပိုင် ဆိုင်မှုများဟု သတ်မှတ်လေ့ရှိကြသည်။ ပို၍ ရှက်စရာကောင်းသည်မှာ လူထုက ရွေးချယ်သည်မဟုတ်ဘဲ အ ချင်းချင်း အပြန်အလှန်နေရာခွဲကြကာ (ရွေးချယ်သည်ဟုပြောလျှင် ရှက်စရာကောင်းပါသည်) ရွေးကောက်ခံရ သည့်ပုံစံဖြင့် မရှက်မကြောက် မိမိကိုယ်ကော၊ အများကိုပါ လိမ်ကြသည်။

အနှစ် (၂၀) ကြာခဲ့ပြီဖြစ်သော်လည်း နယ်စပ်တွင် ခေါင်းဆောင်များသည် ဤလူဤလူများသာ ဖြစ်နေကြ သည်။ အနှစ် (၂၀) ကြာပြီး တိုးတက်မှုမရှိသည့်အတွက် (ပိုမှန်မှန်ကန်ကန်ရေးရလျှင် ပိုမိုဆုတ်ယုတ်လာရ သည့်အတွက်) ထိုခေါင်းဆောင်များမှ တာဝန်ယူပြမှုမရှိကြသည်မှာလည်း ငြင်း၍မရပေ။ အခွင့်အရေးတွေနှင့် နေရာယူ ဂုဏ်ယစ်နေကြပြီး တော်လှန်ရေး၊ နိုင်ငံပြောင်းလဲရေးအတွက် မည်သည့်နေရာတွင်မျှ ခေါင်းဆောင် မှုအရည်အချင်း ပြသနိုင်ခဲ့ခြင်းမရှိသည်မှာလည်း အံ့သြစရာကောင်းလှသည်။ အလုပ်မရှိ ကြောင်သန်းရှာတာ ကိုပဲ အဟုတ်လုပ်၍ အချိန်ဖြုံးကြသည်။ ဥပမာများပြောရလျှင်လည်း ကုန်မည်မဟုတ်သလို အားလုံးလည်းသိ ပြီးဖြစ်သဖြင့် ပြောစရာမလိုအပ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ် မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုက နောက်ဆုံးသော အချိန်ဖြုံးမှုတခုဖြစ်သည်။

သူတို့ပြောနေသောစကားများ လုပ်ငန်းများအားလုံးကို လေ့လာကြည့်လျှင် ကမ္ဘာနှင့် အပြည်ပြည်ဆိုင်ရာကို မည်သို့ အကူအညီတောင်းမည်၊ အခြားလူများ လုပ်ကြသည်ကို သောက်ရှက်မရှိ ကြွားဝါကြမည်တို့မှလွဲ၍ မိမိ တို့အစီအစဉ်၊ မိမိတို့လုပ်ဆောင်မှုဖြင့် ဘာလုပ်မည်၊ မည်သို့ပြောင်းလဲအောင် စီမံမည်ဟူ၍မရှိပါ။ မည်သည့် အတွက်ကြောင့် မျိုးစဉ်ဘောင်ဆက် သူတောင်းစားစိတ်ဓာတ်သာ ပါလာသူများက ခေါင်းဆောင်များအဖြစ် နေ ရာယူနေကြခြင်းဖြစ်သည်မှာ နားလည်ရန်ခက်ခဲသော ပြဿနာတခုဖြစ်သည်။

ဘိုးစဉ်ဘောင်ဆက်က သွေးပြသည့်အတိုင်း ထိုသူများတို့က မည်သို့အသနားခံတောင်းဆို၊ နားပူနားဆာလုပ် ရန်သာ သိကြသည်။ ကိုယ့်အားကိုယ်ကိုးရကောင်းမှန်း မသိတတ်ကြပေ။ တော်လှန်ရေးတွင် ကင်းမဲ့နေသေး သော ညီညွတ်ရေး၊ စံနစ်ကျသော တည်ဆောက်မှုနှင့် အင်အားရှိရေး၊ လက်တွေ့ကျသော နည်းဗျူဟာနှင့် အစီ အစဉ်များရှိရှိ လုပ်ဆောင်နေရေး၊ ပြည်တွင်းပြည်ပပေါင်းစည်းလုပ်ကိုင်မှု ပိုမိုတိုးမြှင့်လုပ်ကိုင်နိုင်စေရေး၊ နည်း ပညာသစ်များ ရှာဖွေစုဆောင်းဖြန့်ဖြူးရေးနှင့် လူထုကို ကူညီစည်းရုံးရေးများတွင် မည်သို့သော ဖြည့်ဆည်း ဆောင်ရွက်မှုကိုမှ ဤခေါင်းရှောင်များ၏ ဦးဆောင်မှုနှင့် မလုပ်နိုင်ခဲ့ကြသည်မှာလည်း အထူးအဆန်းမဟုတ် တော့ပေ။ နောက် အနှစ်တရာရှိလျှင်လည်း ထိုကိုယ်ကျိုးထိပ်ထားသော ဦးဆောင်မှုများနှင့် မည်သည့်ပြောင်း လဲမှုများမှ ဖြစ်လာလိမ့်ဦးမည်မဟုတ်ပေ။

ထိုသူများက သောက်သောက်လဲ အသုံးမကျပါဘဲနှင့် မည်သည့်အတွက်ကြောင့် တော်လှန်ရေးကို သူတို့ ဦး ဆောင်မှဖြစ်မည်ဟု ယူဆနေရာလုနေကြသည်ကိုတော့ ယုတ္တိရှိရှိ အဖြေရှာလျှင် အခြားတဘက်မှနေ၍ လူထု ကို ငရဲတွင်းထဲတွန်းပို့နေသော စစ်အာဏာရှင် ၎င်းတို့၏အဖေကြီးများ သက်ဆိုးရှည်အောင် လုပ်ပေးဖို့ရာအ တွက် ဖန်တီးနေခြင်းမှတပါး အခြားအဖြေမရှိသမျှပင်ဖြစ်သည်။ နအဖ၏ အောက်ဆွဲခွေးများက မိမိတို့ဘက် တွင် ဂေါင်းရှောင်တာဝန်များ လာထိန်းချုပ်ကာ သူတို့သခင် နအဖသက်ဆိုးရှည်အောင် လုပ်ပေးနေခြင်းလား ဆိုသည်ကို မေးစရာဖြစ်လာပြီဖြစ်၏။

ငြိမ်းချမ်း said...

လူထုက မည်သည့်အခါမျှ သူတို့၏ခေါင်းဆောင်များကို ရွေးချယ်ခွင့်မရခဲ့ကြပေ။ လူထုမြတ်နိုးစွာ တင်မြှောက် ထားသော ခေါင်းဆောင်များမှာလည်း ထောင်ကျသူကကျ၊ ထိန်းသိမ်းခံသူကခံရဖြင့် အများစုမှာလူထုအတွက် အလုပ်လုပ်ရင်း အန္တရာယ်များကို ရင်ဆိုင်ပေးဆပ်နေကြသူများဖြစ်သည်။ အပြင်၌ လွတ်မြောက်နေသေးသူ အနည်းငယ်ကသာ အမှန်တကယ် ခေါင်းဆောင်မှုတာဝန်ယူ၍ သူတို့၏တာဝန်ကို သူတို့ ရဲရဲရင့်ရင့်လုပ်နေကြ သည်။ အများစုက နေရာတွေသာယူကာ ခုံမြဲအောင်ထိုင်၍ ငြိမ့်နေကြခြင်းဖြင့် လူထုစိတ်ပျက်အောင်၊ လုပ်နေ သူများစိတ်ဓာတ်ကျအောင်၊ လုပ်ရင်းပေးဆပ်နေသူများ မျက်ရည်ကျအောင် ရန်သူအားပေး သစ္စာဖောက်နေ ကြသည်။ ထိုသူများက လုပ်လည်း လုပ်မည်မဟုတ်၊ နေရာလည်း ဖယ်မည်မဟုတ်ဘဲ မသေမချင်း နအဖသစ္စာ ခံကာ နအဖအာဏာရှင်စံနစ်တည်မြဲနေအောင်၊ သက်ဆိုးရှည်နေစေအောင် လုပ်ကြလိမ့်မည်ဖြစ်သည်။ ထိုသူ များကိုမှ သစ္စာဖောက်မခေါ်လျှင် မည်သူတို့ကို သစ္စာဖောက်သတ်မှတ်ကြပါမည်လဲ။

မြန်မာဘာသာနှင့်လွှင့်သော အသံလွှင့်ဋ္ဌာနများကလည်း နအဖကြာရှည်ရှိလျှင် သူတို့အလုပ် ကြာရှည်ရှိနေ မည်ကိုတွက်၍ပဲလားမသိ၊ ဂေါင်းရှောင်များကိုသာ အားပေးအားမြှောက်ပြုကြသည်။ သူတို့အလိုရှိသူများကို သာ ဂေါင်းရှောင်များအဖြစ် တွန်းတွန်းပို့တတ်ကြသည်။ သတင်းများ၊ အင်တာဗျူးများလုပ်ရာတွင် ဂေါင်း ဆောင်ကြီးမည်သူက၊ မည်ဝါကဟုဆိုကာ အတင်းတွန်းတင်တတ်ကြသည်။ သတင်းစာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ဆိုသောစကားလုံးနှင့် ကိုင်တွယ်ကာ အကုန်လျှောက်ဖော်ကြသည်။ အမှန်တကယ် တော်လှန်ရေး နယ်ပယ်အတွင်း ဂေါင်းရှောင်များ၏ ဖောက်ပြန်မှုများ၊ မထိရောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျူးလွန်မှုများကိုတော့ ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။ မည်သို့သောဖော်ထုတ်မှု ရှိခဲ့ပါသနည်းဆိုသည်ကို လေ့ လာကြည့်လျှင် သိနိုင်ကြပေမည်။ တစက်မှမရှိပါ။

နအဖ၏ ဖောက်ပြန်မှုများသာမက တော်လှန်ရေးဂေါင်းရှောင်များ၏ သရုပ်မှန်များကိုလည်း အမှန်အရှိကိုရှိ သည့်အတိုင်း ဖော်ထုတ်တင်ပြ၍ လူထုကို အသိပေးသင့်သည်မှာ သတင်းကျင့်ဝတ်ကိုနားလည်သော သတင်း သမားကောင်းတို့၏ တာဝန်ဖြစ်သည်။ ထိုသို့မလုပ်ဘဲ ယခုပုံစံဖြင့်သာ သွားနေကြပါက နအဖ၏လက်ပါးစေ သ တင်းဋ္ဌာနများနှင့် အတူတူဖြစ်နေလိမ့်မည်။ သတင်းသမားများအနေဖြင့် ဘက်မရှိသင့်ဘဲ အမှန်ကို အမှန်ကို လေ့လာဖေါ်ထုတ်၍ လူထုကို အသိပေးရန်တာဝန်ရှိသည်။ ငွေရရန် လုပ်နေကြသော သတင်းသမားများဆို လျှင်တောင်မှ မိမိရယူထားသော လခအတွက် ထိုသို့လုပ်ရန်တာဝန်ရှိ၏။

ဂေါင်းရှောင်များအနေဖြင့် လက်မှတ်ထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပိုဒုက္ခရောက်အောင် တွန်းပို့ပြီးနောက် တွင် အခုတခါ အိုင်စီစီ အော်နေကြပြန်ပြီဖြစ်သည်။ အိုင်စီစီကိုသာ တကယ်လုပ်နိုင်လျှင် ကောင်းမည်ဖြစ် သည်။ အိုင်စီစီအနေဖြင့် နအဖတွင်သာမကပဲ တော်လှန်ရေးဘက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း မျက်စိပိတ်ထားလိမ့်မည်ဟု ယူဆကြလျှင်တော့ မှားမည်ဖြစ်သည်။ ကလေးစစ်သားကိစ္စ၊ ကချင်ပြည်နယ်ရှိ သတ်ဖြတ်မှုကိစ္စ၊ အခြားလူ့အခွင့်အရေးချိုးဖောက်မှုကိစ္စနှင့် ယခင် နိုင်အောင်ဘက်မှရှိခဲ့သော စစ်ကြောရေးစ ခန်းများ ကိစ္စတို့ကိုလည်း အိုင်စီစီကလုပ်ရလိမ့်မည်ဖြစ်သည်။ ထိုသို့လုပ်လျှင်ကော မည်မျှပူးပေါင်းဆောင်ရွက် မှု ပေးကြပါမည်နည်း။ ရှေ့နေအစစ်မဟုတ်ဘဲ ရှေ့နေယောင်ဆောင်နေသူအနေဖြင့်လည်း လေ့လာသင့်သည်။ မိမိလက်များကကော စွန်းနေသောသွေးများ ဆေးကြောထားပြီလောဆိုသည်ကို ကြည့်၍ သတ္တိရှိရှိလုပ်သင့် သည်။ တကယ်ရဲရဲဝံ့ဝံ့ လုပ်ရဲကြလျှင်တော့ ကောင်းမည်ဖြစ်သည်။ ရဲဝံ့သည့်သတ္တိဆို၍ အချို့ရှေ့နေများက ယုံကြည်ချက်အတွက် အသက်ပေးရန် ၀န်မလေးတတ်ကြ။

ထိုင်းနိုင်ငံ မွတ်ဆလင်များကိစ္စကို လိုက်ပါပေးခဲ့သော ရှေ့နေအနေဖြင့် အသတ်ခံရမည်ကိုသိလျက်နှင့် သူ့ရပ် တည်ချက်အတွက် ရဲရဲဝံ့ဝံ့လုပ်ခဲ့သည်။ ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေအယောင်ဆောင်ကြီးက တော့ ဘန်ကောက်တွင် အိုင်စီစီကိစ္စအစည်းအဝေး၌ ရန်သူထောက်လှမ်းရေး ထိုးဖောက်ဝင်လာသည်ဆိုကာ မျက်ဖြူလန်နေ၊ ကြောက်သွေးကန်နေခဲ့သည်မှာ ပါခဲ့သည့်သူများအားလုံး အသိပင်ဖြစ်သည်။ အမှန်တရားအ တွက် အလွန်မားမားမတ်မတ် ရပ်တည်မည့် ပုဂ္ဂိုလ်ကြီးပင်တည်း။ ဘန်ကောက်တွင် သူ့အား မည်သူမျှ လာ သတ်မည် မဟုတ်သည်ကို သိနိုင်ရက်နှင့် ကြောက်သေးပါခဲ့သည်။ ယောင်မှားပြီး သူတို့ဘာသာ လုံခြုံရေးအ တွက် ခေါ်ထားခဲ့သော ထိုင်းထောက်လှမ်းရေးများကို ဗမာထောက်လှမ်းရေးများထင်ပြီး မောင်းထုတ်ခဲ့သည်။ တော်လေစွ။

ခေါင်းဆောင်မှုဆိုသည်မှာ နေရာနှင့် ထင်ပေါ်ကျော်ကြားမှုချည်းသာ လာသည်မဟုတ်ပါ။ ထိုနေရာနှင့် ထိုက် တန်သော စွန့်လွှတ်အနစ်နာခံမှု၊ တာဝန်ရှိမှုများနှင့် လုပ်ဆောင်ရန် လိုအပ်မှုများလည်း အတူတကွ ဒွန်တွဲပါ လာလေ့ရှိသည်။ ကျနော်တို့တော်လှန်ရေးတွင် လက်ရှိ ရှိနေသောသူများ၊ မိမိကိုယ်ကိုယ်မိမိ ခေါင်းဆောင်ဟု အော်ဟစ်ကြွေးကြော် ကင်ပွန်းတပ်နေကြသူများအနက် မည်သူတွေ ထိုအရည်အချင်းများနှင့် ပြည့်စုံကြပါသ နည်း။ ကိုပေါပေါ့ ။ သူပဲ့ခေါင်းဆောင်နိုင်တာ

KHIN ZIN MINN said...

Ko paw
glad to hear that we will read your new posts very near future.

Nge Naing said...

ကိုပေါရေ
နောက်ထပ်ပို့စ်အသစ်တွေကို မျှော်နေပါတယ်။ ဟုတ်တယ် မဒမ်ပေါ သဘောမတူရင် ဘလော့ဂ်ရေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဖြစ်နိုင်ရင်တောင်မှ စိတ်ကြည်ကြည်လင်လင်နဲ့ ရေးလို့ရမှာမဟုတ်ဘူး။ ဘလော့ဂ်မှာ လာလာရေးတဲ့ အတိုက်အခိုက်တွေကြောင့် ဖြစ်စေ၊ မိသားစုအချိန်ကို ဖဲ့ပြီး ဘလော့ဂ်မှာ လူတရုန်းရုန်းနဲ့ ပျော်နေတာမျိုးကို မကြိုက်လို့ဖြစ်စေ၊ အိမ်ထောင်ဘက်က သဘောမတူလို့ ဘလော့ဂ်ဖျက်လိုက်ရသူတွေ၊ ဆက်မရေးဖြစ်တဲ့သူတွေ ရှိမှာပဲ။ မဒမ်ပေါက ဒါတွေအားလုံးကို နားလည်တယ်ဆိုတော့ ကျေးဇူးတင်တဲ့အနေနဲ့ သူ့ကို အခုမှ အသိအမှတ်ပြု ဂုဏ်ပြုပြောဆိုတာ ကိုပေါ နောက်တောင်နောက်ကျနေ သလားမသိဘူး။

Anonymous said...

.........မိသားစုအချိန်ကို ဖဲ့ပြီး ဘလော့ဂ်မှာ လူတရုန်းရုန်းနဲ့ ပျော်နေတာမျိုးကို မကြိုက်လို့ဖြစ်စေ၊ အိမ်ထောင်ဘက်က သဘောမတူလို့ ဘလော့ဂ်ဖျက်လိုက်ရသူတွေ၊ ဆက်မရေးဖြစ်တဲ့သူတွေ ရှိမှာပဲ။ မဒမ်ပေါက ဒါတွေအားလုံးကို နားလည်တယ်ဆိုတော့ ...........

already stupid enough to keep stupid husband, what is the point to make some more mistake.?

Anonymous said...

Ha Ha! Anon ( July 3, 2009 9:40 AM)purposely left the line "ဘလော့ဂ်မှာ လာလာရေးတဲ့ အတိုက်အခိုက်တွေကြောင့် ဖြစ်စေ၊ " because he know himself belongs to that category. Funny!

rose of sharon said...

စာလာဖတ်သွားတယ်...

Rocker said...

ကိုပေါရေ ..

နေမကောင်းဘူးလားလို့ စိုးရိမ်မိတာတော့ အမှန်ပဲဗျို့။

အခုလို ကျန်းကျန်းမာမာနဲ့ ရေရှည် ချီတက်နိုင်ဖို့ အားသစ်လောင်းနေတယ် ဆိုတာ သိရတော့ ဝမ်းသာမိပါတယ်ဗျာ။

ဟုတ်ကဲ့ ... တွေ့ကြဦးမယ်လေ။ ပျော်ပျော်ပါးပါးပေါ့ ...



ကျန်းမာပါစေ။

ကိုပေါရဲ့ဘလော့ဂ် ပရိတ်သတ်တစ်ဦး

khin oo may said...

အမြဲလာဖတ်ပါတယ။်

MMS said...

Hi Ko Paw,

I always with U, Brother. I'm waiting for Ur new posts.

MMS

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs