“ကျေးဇူးတရား ဆိုရာဝယ်”

Share |
နအဖ စစ်အစိုးရက သတင်းစာတွေထဲမှာ သူ့ကိုယ်သူ ချစ်စနိုးလေးနဲ့ ရည်ညွှန်းပုံများ.. “နိုင်ငံတော်” တဲ့။

ဥပမာ ပြရရင်…“နိုင်ငံတော်ရဲ့ စေတနာကို နားလည်ကြဖို့”၊ “နိုင်ငံတော်အနေဖြင့် အကြိမ်ကြိမ် သည်းခံခွင့်လွှတ်ခဲ့ကြောင်း”၊ “နိုင်ငံတော်ရဲ့ သဘောထားကြီးမှုကို အခွင့်ကောင်းယူပြီး”၊ “နိုင်ငံတော်ရဲ့ အမြော်အမြင်ကြီးမှုကြောင့်သာ”…. စသဖြင့်ပေါ့လေ။

နိုင်ငံတော် ဆိုလို့ ပြောရင်းနဲ့ မှတ်မိတာတခု ရှိသေးတယ်။ ညနေဖက် ရေဒီယိုကနေ လာတတ်တဲ့ စစ်သီချင်းတပုဒ်မှာဆိုရင်….

“နိုင်ငံတော်….
နိုင်ငံတော်…..
မထိနဲ့…….
မီးပွင့်သွားမယ်”
……တဲ့။

အဲသည် သီချင်းမှာ “နိုင်ငံတော်” ဆိုတဲ့ စာသားကို သရဲပူးသလို ကတုန်ကယင် အသံရှည်ဆွဲ ဆိုလာရာက “မထိနဲ့…” ဆိုတဲ့ နေရာအရောက်မှာ ၀မ်းခေါင်းသံကြီးနဲ့ ရုတ်တရက် ကြုံးအော်လိုက်ပုံများ ရေဒီယိုနားထောင်နေရင်းက ပက်လက်လန် လဲကျသွားမတတ် လန့်ဖြတ်သွားမိတယ်။

စစ်အစိုးရဟာ စစ်အစိုးရပေါ့။ ဘာ…နိုင်ငံတော်လဲ။ နိုင်ငံတော်လို့ ဆိုရအောင် ဒင်းတို့ကို ဘယ်ပြည်သူ၊ ဘယ်လူထုကမှ ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘူး။ အမေရိကန်တို့ ဘာတို့မှာလို State’s support, State’s involvement စသဖြင့် သုံးနှုန်းစရာအကြောင်းလဲ မရှိဘူး။

စစ်အစိုးရက အဲဒီလို သူ့ကိုယ်သူ နိုင်ငံတော်လို့ အမည်ပေးထားပြီး သူ့ကိုဆန့်ကျင်ရင်ပဲ နိုင်ငံတော်အပေါ် ဆန့်ကျင်ပုန်ကန်သူများ၊ နိုင်ငံတော်အပေါ်သစ္စာမရှိသူများ စသဖြင့် စွတ်စွဲချင်သေးတယ်။

နိုင်ငံတော်က သတ်သတ်။ စစ်အစိုးရက သတ်သတ်ပါ။ စစ်အစိုးရမဟုတ်ဘဲ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့အစိုးရဖြစ်နေပါစေဦး။ အဲသည်အစိုးရကို ဝေဖန်လို့ရပါတယ်။ အကြမ်းမဖက်နည်းနဲ့ ဆန့်ကျင်လို့ရပါတယ်။ အဲသည်အစိုးရအပေါ်မှာ သစ္စာစောင့်သိစရာမလိုပါဘူး။ ကျေးဇူးတရားဆိုတာ ဝေလာဝေး။ ကျေးဇူးတင်ရင်းတင်ရင် အစိုးရက သူ့ကိုရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူတွေကိုသာ ကျေးဇူးတင်ရမယ်။

အဲဒီလိုပဲ။ ကျေးဇူးတရားနဲ့ ပတ်သက်လို့ ကျနော်နှစ်သက်တဲ့ Singaporemind ဘလော့ဂ်မှာ စင်္ကာပူနိုင်ငံသား ဘလော့ဂါတယောက်ကလည်း သူ့အမြင်ကို ဟောဒီလို ရေးသားထားပါသေးတယ်။

(ကောက်နှုတ်ဘာသာပြန်ဆိုချက်)
“ အစိုးရအပေါ်ဝေဖန်တာကို ကျေးဇူးမသိတတ်ခြင်းနဲ့ လာရောက် ရောထွေးပြောဆိုနေတာကိုက ဒီလူတွေ မှားနေပြီ။ ဘလော့ဂါအများစုဟာ အောက်မှာ ဖော်ပြထားတဲ့ ကိစ္စတခုခုအတွက် အစိုးရကို ဝေဖန်ကြတာပါ။ စီးပွားရေးအရ တန်းတူညီမျှ မရှိခြင်း၊ လူနေမှုစားရိတ်မြင့်တတ်ခြင်း၊ ဆင်းရဲနွမ်းပါးသူများနဲ့ သက်ကြီးရွယ်အိုများအတွက် ထိရောက်တဲ့အကူအညီတွေ ချို့တဲ့နေခြင်း၊ ၀င်ငွေနည်းပါးသူများအတွက် အနည်းဆုံးလစာနှုန်းထား သတ်မှတ်ချက်မရှိခြင်း၊ ပြည်ပအလုပ်သမားအမြားအပြားကို ငှားရမ်းသုံးစွဲမှုကြောင့် မိမိနိုင်ငံသားအများစုအပေါ်မှာ သက်ရောက်တဲ့ ဆိုးကျိုးများကို ထောက်ပြလိုခြင်း တို့ကြောင့် ဖြစ်ပါတယ်။

အချို့ဘလော့ဂါများအနေနဲ့ မိမိတို့ အကျိုးစီးပွားအတွက် ဒီကိစ္စတွေအပေါ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့တောင်းဆိုတာဖြစ်ပြီး အများစုကတော့ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ စိတ်အရင်းခံရယ်၊ နောက်ပြီး စင်္ကာပူနိုင်ငံကို စင်္ကာပူနိုင်ငံသားတွေအတွက် နေချင့်စဖွယ် နေရာတခု ဖြစ်လာစေချင်တဲ့ ဆန္ဒကို အခြေခံပြီး အစိုးရကို ဝေဖန်ရေးသားနေကြတာဖြစ်ပါတယ်။

ဘာကြောင့် ဒီဘလော့ဂါတွေသာလျှင် အမှန်တကယ် ကျေးဇူးသိတတ်သူများဖြစ်ကြောင်းနဲ့ ဘယ်သူတွေဟာ ကျေးဇူးမသိတတ်သူတွေလဲ၊ ဘာကြောင့်လဲဆိုတာ ကျနော် ရှင်းပြပါ့မယ်။

အခု သက်ကြီးရွယ်အိုဖြစ်နေကြတဲ့ မျိုးဆက်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ကလေးသာသာ အရွယ်ပဲ ရှိကြပါမယ်။ ပညာကောင်းကောင်း မတတ်ကြပါဘူး။ ဒါပေမယ့် အလုပ်ကြိုးစားကြတဲ့ မျိုးဆက်ပါ။ သူတို့ဟာ ဆင်းရဲမွဲတေမှုအောက်မှာ ကြီးပြင်းလာခဲ့ကြတယ်။ ဒါပေမယ့် ၁၉၈၀ ခုနှစ်များဆီမှာ ကမ္ဘာ့ပထမတန်းစား လုပ်အားစုတရပ်အဖြစ် ကြိုးစားတက်လှမ်းနိုင်ခဲ့ကြတယ်။ အဲဒီ လုပ်အားစုတွေပါပဲ…. အလုပ်ခွင်မှာ တခါမှ သပိတ်မမှောက်ခဲ့ကြဖူးဘူး၊ အလုပ်ချိန်သုံးဆိုင်းကို မငြီးမငြူ လက်ခံခဲ့ကြတယ်။ လုပ်ခနည်းနည်းရတာတွေ၊ ပင်ပန်းတဲ့အလုပ်တွေ၊ ရှည်လျားတဲ့ အလုပ်ချိန်တွေ… ဘာတခုကိုမှ မငြင်းဆန်ခဲ့ကြဘူး။ အဲဒီအတွက် စင်္ကာပူဟာ ဒီကနေ့ ဒီလိုအနေအထားကို ရောက်လာခဲ့တယ်။

သူတို့ရဲ့ လုပ်အားကြောင့် စင်္ကာပူဟာ ဒီကနေ့ အခြေအနေ အောင်မြင်မှုကို ရရှိလာခဲ့ပြီး ကျနော်အပါအ၀င် ငယ်ရွယ်တဲ့ စင်္ကာပူမျိုးဆက်တွေဟာ သူတို့ရဲ့ ပေးဆပ်ခဲ့မှုအပေါ် ကျေးဇူးတင်မဆုံး ဖြစ်နေရာတာပေါ့။ ဒါကြောင့်မို့ ဒီလိုသက်ကြီးရွယ်အိုတွေအနေနဲ့ သူတို့ရဲ့ ဘ၀နေ၀င်ချိန်မှာ အလုပ်တွေ မရပ်မနား လုပ်နေရမယ့်အစား အေးအေးလူလူ အနားယူနိုင်စေချင်တာပေါ့။ ဒါကြောင့်မို့ စင်္ကာပူနိုင်ငံသား သက်ကြီးရွယ်အိုတွေ အိုကြီးအိုမကျမှ အမှိုက်ပုံးကို မွှေနှောက်ပြီး အလူမီနီယံ အအေးဘူးခွံတွေ ရှာဖွေနေတာကို မြင်ရတဲ့အခါ ကျနော့်ရင်ထဲ နာကျင်မိတာပေါ့။ ပီအေပီခေါင်းဆောင်တွေကတော့ ဒီအသက်အရွယ်အုပ်စုရဲ့ နိုင်ငံတော်အပေါ် ပေးဆပ်ခဲ့မှုတွေကို မေ့လျော့နေဟန်ရှိပြီး ဒီအိုကြီးအိုမတွေကို အင်အားချိနဲ့ပြီး မသန်မစွမ်းတော့တဲ့အချိန်အထိ အလုပ်ကို ပိုမိုကြိုးစားလုပ်ဖို့၊ အလုပ်ချိန်ပိုရှည်ကြာစွာလုပ်ဖို့ တိုက်တွန်းနေတာကို တွေ့ရတယ်။ သူတို့ကို လုံလောက်တဲ့ ကူညီမှုတွေ ပေးဖို့ကိုလည်း ငြင်းဆိုနေပါတယ်။

ကျနော်ဟာ စင်္ကာပူနိုင်ငံကို သန့်ရှင်းနေအောင် သန့်ရှင်းရေးအလုပ်သမားအဖြစ် တာဝန်ထမ်းနေကြတဲ့ ထောင်ပေါင်းများစွာသော နိုင်ငံသားတွေ၊ ဘတ်စ်ကားဆရာတွေ၊ စာရေးစာချီတွေ… အစရှိတဲ့ ကျနော်တို့ စီပွားရေးရဲ့ ကျောရိုးသဖွယ်ဖြစ်တဲ့ အင်အားစုတွေကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့်မို့လည်း ဒီလူတွေအနေနဲ့ အချိန်ပြည့်အလုပ်တွေအတွက် ထိုက်တန်တဲ့၊ သင့်တင့်လျောက်ပတ်တဲ့ လစာနှုန်းထားတွေ ရသင့်တယ်လို့ ယူဆပါတယ်။ လူနေမှုစားရိတ်တွေကတော့ မြင့်တက်သွားပြီး သူတို့ရဲ့ လစာတွေ၊ လုပ်အားခတွေကတော့ လျော့ကျသွားလို့ ယက်ကန်ယက်ကန် ရုန်းကန်နေရတဲ့ အနေအထားမှာ မထားရစ်ခဲ့သင့်ပါဘူး။

အလုပ်တွေ၊ ကုမ္ပဏီတွေဟာ သူတို့ပေးဆောင်ရတဲ့ မြင့်တက်လာတဲ့ နေရာငှားရမ်းခတွေ၊ ရေမီးသုံးစွဲခတွေ၊ မြင့်တက်လာတဲ့ အစိုးရ၀န်ဆောင်မှုနှုန်းထားတွေကို ကာမိအောင် စောစောက ပြည်သူတွေရဲ့ လုပ်ခတွေကို လျှော့ချနိုင်ဖို့ ပြည်ပက အလုပ်သမားတွေကို မနားတမ်း တင်သွင်းနေတာမျိုး မလုပ်သင့်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့လို လူငယ်ဘလော့ဂါတွေဟာ ဒီလူတန်းစားရဲ့ အရေးပါပုံနဲ့ ကျေးဇူးတရားကို နားလည်တဲ့အတွက် (သူတို့ကို ဆင်းရဲတွင်းမှာ နစ်မနေစေချင်တဲ့အတွက်) ဒီလူတွေအပေါ် ပိုမိုထိခိုက်နစ်နာစေတဲ့ စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ ပေါ်လစီကို ဝေဖန်ထောက်ပြနေရခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် စင်္ကာပူနိုင်ငံသားတွေအပေါ်မှာ ကျေးဇူးတရားမသိတတ်တာ ဘယ်သူတွေလဲ။
အဲဒီလူတွေဟာ နိုင်ငံခြားသားတွေကို ဒလဟော တင်သွင်းလိုက်ခြင်းအားဖြင့်သာလျှင် စင်္ကာပူကြီး တိုးတက်ဖွံ့ဖြိုးမယ်ဆိုပြီး လောင်းကြေးထပ် ကစားနေသူတွေဖြစ်တယ်။ သူတို့လုပ်ရပ်ကြောင့် သူတို့နဲ့ တနိုင်ငံတည်းသား စင်္ကာပူလူမျိုးတွေအတွက် မညီမျှတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာစေခဲ့တယ်။ အဲဒီကျေးဇူးမသိတတ်သူတွေဟာ ဘယ်သူတွေလဲဆိုရင် စင်္ကာပူနိုင်ငံကြီးကို ထူထောင်ရာမှာ စင်္ကာပူနိုင်ငံသားတွေရဲ့ ပေးဆပ်ခဲ့ရမှုတွေကို မေ့ပျောက်ထားကြသူတွေဖြစ်တယ်။ အဲဒီ ကျေးဇူးမသိတတ်သူတွေဟာ ဘယ်သူတွေလဲဆိုရင် စင်္ကာပူနိုင်ငံမှာ ၀င်ငွေကွာဟချက် အဆန်မတန်ကြီးထွားပြီး စင်္ကာပူမိသားစုအများအပြားကို ဒုက္ခရောက်အောင် ဖန်တီးသူများသာဖြစ်တယ်။ တချိန်တည်းမှာပဲ အဲဒီကျေးဇူးမသိတတ်သူများဟာ သူတို့အသက်မွေးဝမ်းကြောင်းအတွက် သူတို့ကိုယ် သူတို့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလစာများ ပေးထားကြသူတွေဖြစ်တယ်။ သူတို့တတွေက ကျနော်တို့လို သာမန် စင်္ကာပူနိုင်ငံသားတွေအပေါ်မှာ ကျေးဇူးသိတတ်မှုလုံးဝမပြတဲ့အချိန်မှာ ကျနော်တို့က သူတို့ကို ဘာကြောင့်များ ကျေးဇူးပြန်တင်နေရဦးမလဲ။

မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

32 comments:

KHIN ZIN MINN said...

ko paw
this post is one of my favorite and at the time i'm realy appreciate this writer.

ကိုအောင် said...

မီးပွင့်တယ် ဆိုတာ မီးလာနေတုန်းမို့ ပြောတာပါဗျ၊
မီးမလာတဲ့ အခါကျရင် ဘယ်ပွင့် နိုင်မလဲ။

Anonymous said...

Yes. Ko PAW! sg no good lah! dont stay here. go back burma.

ICA said...

In my knowledge, you get some benefits from Singapore Gov in one way or another as long as you're SPR. It is like "Biting feeding hands". You can criticize Spore Gov freely as a foreigner. As a SPR, you can buy house, get cetrain percent of medical benefit, discounts on your baby school etc. Surrender your and your family's PR and you could be totally foreigner to Spore, then you can say about Spore whatever you like with indepedent soul. Now you get some benefits, say bad about it. What do you want? Need more benefits without converting citizenship? Let me educate you about politics... If you wanna fight System, persuade Person in System by giving a chance to learn how bad System is. Don't fight / insult People in System. You will fail.

ကိုပေါ said...

Hi so-called ICA guy,

Who is the one biting the feeding hands? Tax payers are the one who are feeding. PRs are also tax-payers. Everybody can freely criticize the public policies. This is called the freedom of speech and freedom of expression. You can disagree with my view. But you can't supress my view.

For your info, Malaysia, Indonesia, Thailand, Philippines, one by one, they are changing into more democratic societies. The remaining dictators are just fighting the losing battle.

ICA said...

I think it is freedom-of-barking as you are just insulting people in the system. It will change if System is out-of-balance and if People in System wanna get change. Nothing is eternal. If you really wanna change System, learn and educate yourself about politics. In my opinion, your current way and your current mind-set are not working.

ကိုပေါ said...

Hi ICA guy,

Using your own words, you should be grateful to me since I let you have freedom-of-barking in my blog.

Yes, there is one thing you are right. If the system is out-of-balance and if the people in the system want to get changed, the system will change. In Burma too, People in the system want to change and the dictatorship will go down by itself someday. But it will take longer time in that way. That is why those people who want to change need to take the initiative. You can see it in every revolution.

Further more, you need to understand the difference between criticizing a system and insulting the people in the system. These are two different things. When you criticize the Military Junta and its policies, that does not mean you are insulting the Burmese people. The Post itself is explaining about this difference. Read it again.

By the way, I don't think I insult the people in the system in my post. I am even telling you to be grateful to them.

There are times when the people in the system doesn't like the system and wants to change it but the dictators use the brutal and cunning methods and hence the system cannot be changed overnight. It takes time. But it doesn't necessarily mean that you don't need to criticize the public policies. Everybody is entitled to criticize the public policies. That is the correct way of showing gratitude to the people in the system.

Me said...

အမြင်ချင်း တူပါတယ် ကိုပေါ။
အဲဒီ so-called ” နိုင်ငံတော်” ကြီးက ပြည်သူတွေပိုင်တဲ့ သယံဇာတတွေ ရောင်းစား ကိုယ်ကျိုးရှာပြီး ပြည်သူတွေက သူတို့ကို အတင်း ကျေးဇူးတင်ခိုင်းနေတာတော့ တကယ့်ဟာသပဲ။

စလုံးအစိုးရကို အတင်းကာကွယ်နေကြသော ပုဂ္ဂိုလ်ကြီးများကလည်း ကိုယ့်လုပ်အားနဲ့ကိုယ် ရတဲ့ ခံစားခွင့်တွေကို အတင်းကြီး လိုက်ကျေးဇူးတင် နေပါလား။ အဲဒ။ိလိုကြေးဆို အလုပ်သမားကိုလည်း အစိုးရကပြန်ကျေးဇူးတင်သင့်တာပဲ။

နောက်ပြီးဗုဒွဘုရားကတောင်မှ ကာလာမသုတ်မှာ ဟောခဲ့တာပဲ။ မှားနေတယ်ဆိုရင် ဘယ်ပုဂ္ဂိုလ်မျိုးကိုမဆို ဝေဖန်လို့ရတယ်ဆိုတာ။ ကိုယ့်အယူအဆကို တင်ပြတာနဲ့ ကျေးဇူးကန်းတယ်လို့ မပြောသင့်ဘူးထင်ပါတယ်။

ဆက်လက်အားပေးနေပါတယ် ကိုပေါ။

Anonymous said...

Mr. Paw,

I'm a little bit concern that your PR status may not be renew by ICA once it expires.

ကိုပေါ said...

အမည်မသိ….

စိတ်မပူပါနဲ့။ ပီအာရ်ဆိုတာ သက်တမ်းကုန်သွားတာမျိုး မရှိပါဘူး။ အမြဲတမ်းနေထိုင်ခွင့်ဆိုတဲ့အတိုင်း တခါချပေးလိုက်ရင် တသက်ခံပါတယ်။ ဒါပေမယ့် ရီအင်ထရီပါမစ်လို့ ခေါ်တဲ့ စင်္ကာပူကို ပြန်ဝင်ခွင့်ပါမစ်ကတော့ ငါးနှစ် တကြိမ်သက်တမ်းတိုးရတဲ့ အရာမျိုးပါ။ အဲဒီ ပါမစ်ကို သက်တမ်းတိုးမပေးရင် ကျနော့်အနေနဲ့ စင်္ကာပူနိုင်ငံပြင်ပကို ထွက်သွားပြီးရင် ပြန်ဝင်လို့မရပါဘူး။

နောက်ပြီး သူတို့ အစိုးရ ရဲ့ ပတ်ဗလစ်ပေါ်လစီကို ဝေဖန်လို့ ပီအာရ်တယောက်ကို ပီအာရ်အဆင့်အတန်း ရုတ်သိမ်းပြီး နှင်ထုတ်တယ်ဆိုရင် အဲဒီ လုပ်ရပ်ဟာ စင်္ကာပူအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်ပါလိမ့်မယ်။ မှတ်တမ်းမှတ်ရာနဲ့ ကျန်ရစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာ ပီအာရ်ဆိုတာ မြန်မာတွေချည်းမဟုတ်။ နိုင်ငံပေါင်းစုံကနေ ပီအာရ်ခံထားကြတာမို့လား။

ဘာပဲဖြစ်ဖြစ် ကျနော့်အနေနဲ့ အဲသည်အခြေအနေကိုလည်း ထည့်တွက်ထားပြီးသားပါ။ မိတ်ဆွေရဲ့ ပူပန်မှုအတွက် ကျေးဇူးပါ။

ICA said...

Good luck... :-)

ကြည် said...

လေနုအေး ဘလော့ခ်မှာ ဖတ်ပြီး ကိုပေါရဲ့ သမီးလေးက့ အတန်းမှာ (prefect)ဘက်စုံစံပြကျောင်းသူ ဆိုတာသိရလို့ အများကြီး ၀မ်းသာဂုဏ်ယူမိပါတယ်။ ကိုပေါတို့မိသားစု ပျော်ရွင်ပါစေ။ သမီးလေးလည်း ဒီ့ထက်မက ထူးချွန်ပါစေ။

Anonymous said...

KP,

Don't be to much optimistic for renewal of PR. Do you remember how SG gov treated PR holder recently.

I know you are brave enough to handle it. But better be prepared for the worst. Just take note that SG gov already marked you as you are follower of your idol Dr Chee.......

Get ready for everything.

Good luck.

Anonymous said...

KP,

Don't be to much optimistic for renewal of PR. Do you remember how SG gov treated PR holder recently.

I know you are brave enough to handle it. But better be prepared for the worst. Just take note that SG gov already marked you as you are follower of your idol Dr Chee.......

Get ready for everything.

Good luck.

Anonymous said...

Anonymous September 2, 2009 12:35 PM

SO WHAT? IT's none of your F**king business, right?

Anonymous said...

To Anon :September 2, 2009 12:35 PM

Can't you read what ko paw wrote in his comment? Blind? Did he say any optimistic thing about it?

If you can't read , "Tha-narr dae`" !!!

yeyint said...

quote : "Do you remember how SG gov treated PR holder recently."

Ok..can you tell me how they treat them in detail bec i don't know about that.
Thanks.

ငတင် said...

ICA ဆိုတဲ့လူရဲ့အတွေးအခေါ် ကလည်း အောင်ကြူကြူကြီး။ နေဝင်းခေတ်က idea လိုလို၊ လက်ရှိ စစ်တပ်ရဲ့ idea လိုလို နဲ့။ ဇွတ်ကြီးကျေးဇူးတင်ခိုင်း နေတော့တာပါလား။
ဒီပုံစံ အတိုင်းဆိုရင်တော့ မြန်မာတွေဘဝ လွယ်ဘူး။ မြန်မာတွေကို လက်ခံပီး အလုပ်ပေးထားတဲ့ နိုင်ငံမှန်သမျှကို ကျေးဇူးအထူးတတင်နဲ့  whatever it is, just swallow and sacrifice. လုပ်ပေးရမလိုပဲ့။
ှဗိုလ်ချုပ်အောင်ဆန်းတို့များကျေးဇူးတရား မသိတတ်လိုက်တာ၊ အင်္ဂလိပ်တွေ မြန်မာပြည်အတွက် အများကြီးလုပ်ပေးခဲ့တာ ပဲကိုး။ အဲလိုပြောချင်တယ်။ ရမလား။

ရွှေလိပ said...

ဟုတ်ပါတယ် ဘယ်သူ့ဘယ်သူမှ ကျေးဇူးမရှိပါ၊ ဘဲစား ဘဲချေပါ၊ ကိုယ့်မာအရေအချင်းရှိလို့ SG မာ နေရာရတာ၊ ဒီလိုပဲ မြန်မာပြည်လဲ ကို့အပေါ် ဘာကျေးဇူးမှ မရှိပါ၊ အမေမွေးလို့ ထွက်လာတာ ကျွေးလို့ကြီးလာတာ အမေပိုက်စံမရှိရင် ပညာတတ်ဖြစ်လာ မတဲ့လား ဘယ်အစိုးရက ကိုယ်ဒီအခြေအနေ ရောက်အောင် မတည်ပေးလို့လဲ၊ ဘယ်နိုင်ငံကမ ကိုယ့်အပေါ်ကျေးဇူးမရှိတဲ့အတွက် ကိုပျော်တဲ့နေရာ ကိုအကျိုးရှိတဲ့နေရာ ကိုနေမယ်၊ ကိုယ့်အပေါ်တကယ်ကျေးဇူးရှိသူတွေကို ထောက်ပံလုပ်ကျွေးမယ်၊ ဒါပဲပေါ့

ကိုပေါ said...

ရွှေလိပ...

မိတ်ဆွေကို ပညာတွေ ကျောင်းလခမဆိုစလောက်နဲ့ သင်ပေးလိုက်တာ နိုင်ငံတော်ဘဏ္ဍာနဲ့ပါ။ အစိုးရအပေါ်မှာသာ ကျေးဇူးမရှိဘူး ပြောလို့ ရချင်ရမယ်။ နိုင်ငံနဲ့ အခွန်ထမ်းပြည်သူတွေအပေါ်မှာတော့ ကျေးဇူးလုံးလုံးမကင်းပါဘူး။

Anonymous said...

:) ဟုတ်ပ အဲ့ဒီ ရွှေလိပ ကလည်းတမျိုး။ ကြည့်ရတာ သူ့ parents သူ့ ကို abondoned လုပ်သွားလို့ psycho ရနေတဲ့ ခလေးလား မသိ။

ပြောကွယ်? said...

ကိုပေါက ၂၀၀၇ထဲက ဒီဘလောက်ရေးတာ ခုထိလဲ စင်ကားပူ မာပဲ၊ ဒီလောက်မကြိုက်တာ နိုင်ငံလေးဘာလေးပြောင်းဖို့စိတ်မကူးဘူးလာ: စလုံးတွေတောင် မကြိုက်လို့ တခြားပြောင်းကုန်ကျပြီ၊ အင်ဂျင်နီယာဆိုတော့ အရေအချင်းလဲရှိတာပဲ၊ ကျွန်တော်တောင် မြန်မာပြည်ကို နေရတာ စနစ်တွေမကြိုက်လို့ ဒီထွက်လာတာ ကိုပေါစာတွေဖတ်ပြီ: မကောင်းမှန်:သိလို့ ခု ဪဇီကူးမလို့ ကြိုးစားနေတယ်၊ ဒါ့မ မဟုတ် တကယ် မကြိုက်တာ မဟုတ် ရေးစရာမရှိလို့ ရေးနေတာလား? ဒါဆို အင်ဒို ရောက်ရင်ရော အင်ဒို အစိုးရ မကောင်းကြောင်းရေးမာလာ စလုံးမကောင်းကြောင်းပဲ ဆက်ရေးမှာလာ:? ပြောကွယ်?

ရွှေလိပ် said...

အခွန်က အဖေတို့အမေတို့လဲ ဆောင်ရတယ်လေ ကိုပေါရဲ့ သူတို့ဆောင်ရတာနဲ့ ရွှေလိပ်တို့ကျောင်းလခ ဘဲစားဘဲချေပေါ့၊ ဒါတောင် မီးမလာပဲ ဆောင်နေရတဲ့ မီတာခတွေ ထည့်မတွက်ရသေးဘူး

Anonymous said...

Shwe late ( or ) shwe li pa..

you can kiss whoever ass if you wish..no need to advertise here whose ass you are kissing.
Shameless !

Anonymous said...

သြော် နာမည်က ရွှေလိပ် တဲ့လား ။

Anonymous said...

ရွှေလိပ် may be just a kid. Can see from his/her commented idea. So forgive him/her. LOL.

ကိုပေါ said...

ပြောကွယ်…ရေ။
ကောင်းပါတယ်။ သြော်ဇီကို ပြောင်းဖို့ ကြိုးစားနေတယ်ဆိုလို့ အားပေးပါတယ်။ ကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာ ရှေ့ရေးအစီအမံတွေကိုတော့ ဒီနေရာမှာ ဆွေးနွေးဖို့ ဆန္ဒမရှိပါဘူး။
စင်္ကာပူရဲ့ နိုင်ငံရေးစနစ်ကို မကြိုက်သော်လည်း အကြောင်းကြောင်းကြောင့် စင်္ကာပူထဲမှာ နေနေရသူတွေ ဒုနဲ့ဒေးပါ။ မြန်မာပြည်မှာလည်း မြန်မာ့နိုင်ငံရေးစနစ်ကို မကြိုက်ပေမယ့် မြန်မာပြည်မှာပဲ နေဖို့ ရွေးချယ်ကြသူတွေ ဒုနဲ့ဒေးပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အထင်ရှားဆုံး ဥပမာပါပဲ။
ရေးစရာမရှိလို ရေးတာလားဆိုတော့ မဟုတ်ပါဘူး။ ရေးစရာတွေ ဒုနဲ့ဒေးပါ။ ဟင်းချက်နည်းက စလို့… ဖက်ရှင်…ပန်းချီ.. ကာတွန်း… ရေးစရာတွေ တပုံကြီးပါ။
ဒါပေမယ့် ကျနော်က လွတ်လပ်စွာပြောဆိုပိုင်ခွင့် အစရှိတဲ့ လူ့အခွင့်အရေးတွေကို ယုံကြည်သူ၊ ဒီမိုကရေစီစနစ်ကို ယုံကြည်သူ၊ အာဏာရှင်စနစ်ကို ရွံမုန်းသူမို့ တဖက်တလမ်းကနေ ဝေဖန်ရေးသားနေခြင်းဖြစ်ပါတယ်။ ဒီတော့ ဘယ်နေရာရောက်ရောက် ကျနော်ယုံကြည်တဲ့ တန်ဘိုးတွေအပေါ်မှာ မူတည်ပြီး အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ရေးသွားဦးမှာပါ။
ဒီလောက်ပဲကွယ်…။

Anonymous said...

အဖေ (သန်းရွှေ) + အမေ (ဒေါ်လိပ် ) = သား (ရွှေလိပ်)

ကိုပေါ said...

ကြည်ရေ…. ကျေးဇူးတင်ပါတယ်။

Anonymous said...

To,

So-called “ICA, September 2, 2009 9:47 AM & September 2, 2009 10:16 AM “

Please identify yourself. What does your “ICA” stand for?
Acronym of “Immigration & Checkpoints Authority of Singapore” is also ICA.
If you are trying to pose as a staff from the ICA, please follow the links below and read them carefully.

http://www.asiaone.com/News/The%2BNew%2BPaper/Story/A1Story20090411-134659.html

http://www.asiaone.com/Motoring/Drivers/Story/A1Story20090609-147357.html

ကိုဆွေ said...

Ko Paw and all.....

All comments are interesting.
နိုင်ငံတော်ဘဏ္ဍာဆိုတာပြည်သူထံကရလို့
ပြည်သူသာလျှင် ကျေးဇူးရှင်။
မွေးကျွေးခဲ့တဲ့ မိဘကျေးဇူးကတော့ အထူးပြောဘွယ်ရာမလို။
အကယ်ရွေ့ အစိုးရကသာ နွေးထွေးစနစ်ကျစွာစီမံခန့်ခွဲသူမှန်ရင် အစိုးရကလည်းကျေးဇူးရှင်ပေါ့..
အခုတော့...
ပြည်တွင်းကအစိုးရကလည်း သူ့ကိုဖားသူကလွဲရင် ပြည်သူကိုရန်သူလိုမြင်..
အစိုးရကိုယ်စာလှယ်သံရုံးက လည်း ပိုက်ဆံကောက်ဖို့သာ အရေးထားလုပ်နေတဲ့အတွက်...
ဆက်ကို မပြောချင်တော့ပါဘူး...

ကိုဆွေ said...

သူငယ်ချင်းတယောက်ကပြောဘူးတယ်...
မြန်မာအစိုးရရော စင်ကာပူအစိုးရပါ မကောင်းကြပါဘုးတဲ့
ဒါပေမဲ့ မြန်မာအစိုးရ၀င်လူကြီးတွေတယောက်ချင်းရဲ့ ပြောပုံဆိုပုံ ပင်ကိုယ်အရည်အချင်း အင်္ဂလိပ်စကားစိတ်ဓါတ် ဥပဓိရုပ် (သန်းရွှေကစလို့ပေါ့...)နဲ့
ဒေါ်အောင်ဆန်းစုကြည့်နဲ့
ဒီကလူကြီးတွေ (လီကွမ်ယုကစလို့ ၀န်ကြီးများ...)နဲ့နှိုင်းယှဉ်ကြည့်ပါ။. ဘယ်သူတွေကို လေးစားလို့ရလဲတဲ့...
စိတ်ဝင်စားစရာ သုံးသပ်ချက်ပါပဲ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs