“ဖိနပ်နဲ့ပစ်ပေါက်ခြင်းကို အားမပေးလို”

Share |
“ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့…. ရယ်တာပေါ့”

ငယ်ငယ်က သင်္ကြန်မှာ ရေပက်ရင်း အော်ခဲ့တာကို သတိရမိတယ်။ သတိရစရာအကြောင်းတွေကလည်း ဖြစ်ချေသကိုး။

ဒီလိုပါ။ အခုတလော ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ဖိနပ်နဲ့ ပစ်ပေါက်တာတွေ ခေတ်စားနေတာကို တွေ့ရတယ်။ ပထမ အီရတ်မှာ အမေရိကန်သမ္မတ ဘွတ်ရှ် ဖိနပ်နဲ့ အပစ်ခံရတယ်။ နောက် တရုတ်သမ္မတကြီး ဟူကျင်တောင်း (အင်္ဂလန်မှာ ထင်တယ်) ဖိနပ်နဲ့ အပစ်ခံရတယ်။ အခုနောက်ဆုံး နယူးယော့ခ်မှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း ဖိနပ်နဲ့ အပစ်ခံရတယ်။ (အမှားပြင်ဆင်ချက်။........။ ဖိနပ်နှင့် အပစ်ခံရသူ တရုတ်ခေါင်းဆောင်မှာ ဟူကျင်တောင်းမဟုတ်။ ဝန်ကြီးချုပ် ဝှေ့ကျားပေါင် ဟု ဆိုပါသည်။)

ကျနော့်သဘောကတော့ ဘွတ်ရှ်ကိုပဲဖြစ်ဖြစ်၊ ဟူကျင်တောင်း (ဝှေ့ကျားပေါင်)ကိုပဲဖြစ်ဖြစ်၊ ဥာဏ်ဝင်းကိုပဲဖြစ်ဖြစ်၊ ကုန်ကုန်ပြောရရင် ဦးသန်းရွှေကိုပဲဖြစ်ဖြစ် ဖိနပ်နဲ့ ကိုယ်ထိလက်ရောက် ပစ်ပေါက် ဆန္ဒပြတာကို အားမပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ပစ်ပေါက်တဲ့ သတင်းထောက်တွေ၊ ဆန္ဒပြသူတွေအနေနဲ့ သူတို့အပေါ်မှာ အပ်နှင်းထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရာ ရောက်တာက ပထမအချက်ပါ။ အခု နောက်ဆုံးအဖြစ်အပျက်မှာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်စွာ ဆန္ဒပြခွင့် ပေးထားပါတယ်။ (စင်္ကာပူလို နိုင်ငံမျိုးမှာ အဲဒီလို အခွင့်အရေးမရှိပါ။) အဲဒီလို လွတ်လပ်စွာ ဆန္ဒပြခွင့် ပေးထားတဲ့ကြားက အခုလို ဖိနပ်နဲ့ ပစ်ပေါက်တာဟာ သက်ဆိုင်ရာ လုံခြုံရေးနဲ့ ဥပဒေ စိုးမိုးရေးရှုထောင့်ကကြည့်ရင် ကုလသမဂ္ဂကိုလာတက်တဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးရတဲ့ အိမ်ရှင်နိုင်ငံက လုံခြုံရေးအရာရှိတွေကို သက်သက် အလုပ်ပိုအောင် ဒုက္ခပေးတာနဲ့ တူပါတယ်။

ဥာဏ်ဝင်းတို့၊ သိန်းစိန်တို့ကို ကျနော်လည်း မနှစ်မြို့ပါဘူး။ သူတို့ဟာ ကျနော်တို့ရဲ့ တရားဝင်ခေါင်းဆောင်တွေမဟုတ်ဘူးဆိုတာလည်း လက်ခံပါတယ်။ ဒါပေမယ့် အခုအချိန်မှာ လက်တွေ့သဘောအရ နိုင်ငံတနိုင်ငံကို တရားဝင် သံတမန်အဖြစ် ရောက်နေစဉ်ကာလမှာ လွတ်လပ်စွာ ကန့်ကွက်ဆန္ဒပြခွင့် ရှိပါလျက် အဲဒီလို ဖိနပ်နဲ့ ပစ်ပေါက်တာဟာ မြန်မာ့အရေးလှုပ်ရှားသူတွေအပေါ်မှာ အထင်အမြင်သေးစရာ ဖြစ်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ လိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းကို ကြံဖွံ့နဲ့ လက်ကိုင်တုတ်တွေ ဝိုင်းရိုက်တယ်၊ ခဲနဲ့ပေါက်တယ်ဆိုတုန်းကလည်း ကျနော်တို့ မနှစ်မြို့ခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ကို ဟိုကျက်သရေအိုးနှစ်ယောက်နဲ့ နှိုင်းချင်တာမဟုတ်ပါဘူး။ ခဲနဲ့ ပစ်သူတွေရဲ့ လုပ်ရပ်နဲ့ ဖိနပ်ပစ်သူတွေရဲ့ လုပ်ရပ်ကိုသာ နှိုင်းယှဉ်ပြချင်တာပါ။

နောက်တချက်က ကျနော်တို့ နောက်ဆုံးနှစ်ကျောင်းသားဘဝတုန်းက ယိုးဒယားမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးပွဲ (မြန်မာနဲ့ ဗီယက်နမ် ဆီမီးဖိုင်နယ်)ကို သတိရမိတယ်။ အဲဒီပွဲမှာ ဂိုးသမား အောင်ကျော်ကျော်က သူ့ဆီကို ခြေထောက်မြှောက်ပြီး ခုန်ဝင်လာတဲ့ တဖက်အသင်းကလူကို အပြစ်ပေးခံရအောင် ကြိုးပမ်းမယ့်အစား မြေပြင်ပေါ်မှာ လူးလှိမ့်ပြီး မူယာမာယာများနေတဲ့ အဲဒီ ဗီယက်နမ်ဘောလုံးသမားဆီကို အပြေးသွားပြီး ခြေထောက်နဲ့ ဖွဖွလေးကန်တယ်ခင်ဗျ။ ဘောလုံးပွဲကြည့်တဲ့ ပရိသတ်တွေဆိုတာ “ဟင်ကနဲ၊ ဟာကနဲ” ပေါ့။ တချို့ကလည်း ပျစ်ပျစ်နှစ်နှစ် ဆဲတယ်။ “ကန်မှကန်ရင်၊ စုတ်ပြတ်သွားအောင်ကန်ရောပေါ့ကွာ။ ဘာကြောင့် ဖွဖွလေးကန်ရသလဲ...”ပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီလုပ်ရပ်အတွက် အောင်ကျော်ကျော် အနီကဒ်အပြခံရပြီး ထွက်သွားရတယ်။ မြန်မာတွေလည်း ဗိုလ်လုပွဲနဲ့ လွဲခဲ့ရတယ်။

အောင်ကျော်ကျော်ရဲ့ လုပ်ရပ်ကို လူသားတယောက် ခံစားမှုအဖြစ် နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် အားကစားသမားတယောက်ရဲ့ လုပ်ရပ်အနေနဲ့ကြည့်ရင်တော့ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။

နယူးယော့ခ်မှာ ဖိနပ်ပေါက်တဲ့ ဆရာသမားများကိုလည်း အလားတူပဲ ပြောချင်ပါတယ်။ သူတို့ရဲ့ မုန်းတီးစိတ်ကိုတော့ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ လုပ်ရပ်အနေနဲ့ကြည့်ရင်တော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။

နောက်တချက် ထပ်မံစဉ်းစားမိတာက အချို့သော ဆရာကြီးများအနေနဲ့ မြန်မာပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်တိုင်း အမေရိကားကနေပြီး “ဒီနေ့အဖို့ ဘတ်စ်ကားတစင်းလောက် မီးမရှို့နိုင်ရင် ဒီမိုကရေစီအကြောင်း ပြောမနေနဲ့တော့” စသဖြင့် မဆီမဆိုင် မြှောက်ထိုးပင့်ကော်လုပ်တတ်ပါတယ်။ အချို့ ဆရာကြီးများလည်း ပြည်တွင်းကို လူငယ်တွေ လက်နက်ကိုင်ပြီး လျို့ဝှက်ဝင်ရောက်ဖို့ အကူအညီတွေ ပေးပါတယ်။ ဘာလုပ်ခိုင်းချင်သလဲတော့ မသိဘူးပေါ့လေ။

ကဲ…. အခု အမေရိကန်ပြည်ထောင်စုမှာ သိန်းစိန်တို့၊ ဥာဏ်ဝင်းတို့ ရောက်လာတဲ့အခါကျတော့ အဲဒီဆရာကြီးများ လုပ်နိုင်တာက ဖိနပ်နဲ့ ပေါက်တာလောက်ပဲ လုပ်နိုင်ကြတယ်။ ဂိုးသမား အောင်ကျော်ကျော်တယောက် ဗီယက်နမ်ရှေ့တန်းလူကို ဖွဖွလေး ပြေးကန်ပုံနဲ့ အတူတူပဲ ဖြစ်မနေဘူးလား။ လုပ်မယ့်လုပ်ရင် အပီလုပ်ပါ။ အခုတော့ သူတို့လုပ်ရပ်က အမေရိကားမှာ လက်နက်တွေ ဖောချင်းသောချင်း ရောင်းချပေးတဲ့ လက်နက်ခဲယမ်းဆိုင်ကြီးတွေကိုတောင် အားနာဖို့ကောင်းတယ်။ အခုပြောနေတာက အဲဒီလို လုပ်စေချင်လို့ တိုက်တွန်းအားပေးနေတာ မဟုတ်ဘူး။ (ဖိနပ်နဲ့ ပစ်ပေါက်တာကိုတောင် အားမပေးပါ)။ ပြည်တွင်းမှာ အကြမ်းဖက်ဖို့၊ နအဖဒေါက်တိုင်တွေကို ရိုက်နှက်သတ်ဖြတ်ဖို့၊ ကားတွေမီးရှို့ဖို့ စသဖြင့် မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ အချို့ဆရာကြီးများအနေနဲ့ ကိုယ်တိုင်ကျတော့ အပြောနဲ့အလုပ် မညီတာကို ထောက်ပြချင်ရုံ သက်သက်ပါ။

အားတက်သရော ဆန္ဒပြခဲ့ကြတဲ့ လုပ်ရပ်တွေ၊ မြန်မာ့အရေးအတွက် အစဉ်တစိုက် ကြိုးပမ်းနေမှုတွေ၊ ထက်သန်မှုတွေအတွက်တော့ လေးစားပါတယ်။ အချို့သော လုပ်ရပ်တွေနဲ့ အတွေးအခေါ်တွေကို မနှစ်သက်နိုင်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးပြခြင်းမျှ ဖြစ်ပါတယ်။

66 comments:

လူလ said...

http://galleri.tv2.dk/index.php/category-Nyhederne/id-20185945/page-1.html?ss

Anonymous said...

မကောင်းတာတော့မကောင်းဘူးပေါ့ဗျာ ဒါပေမဲ့ ဒီလိုအယူသည်းတဲ့လူတွေကိုဖိနပ်ပေါက်ပြီးနမ်နိမ်လိုက်တာကိုတော့ အားရမိတယ် ဆန်ဒ ပြနေရုံလောက်ကတော့ ဒီကောင်တွေကဂရုမစိုက်ဖူး ပြနေတာပဲကြာလှပေါ့ အသေလုပ်ရင်လဲ အကြမ်းဖက်သမားဖြစ်သွားမယ်

မောင်သန့် ။ said...

ကိုပေါ။
သဘောတူပါ၏။
ကျေးဇူးတင်ပါ၏။
လေးစားပါ၏။

မောင်သန့် ။ said...

ကိုပေါ။
သဘောတူပါ၏။
ကျေးဇူးတင်ပါ၏။
လေးစားပါ၏။

Doughnut IO said...

ဒီမိုကရေစီ အခြေခံကောင်းတွေ ရှိဖို့လိုတယ်။

Anonymous said...

အာဏာရအဖွဲ့အစည်းက အပြစ်မဲ့ပြည်သူတွေကို ရိုက်နှက်ရင်တော့- နိုင်ငံတော်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်တဲ့။ အာဏာမဲ့တွေ ကရိုက်ရင်တော့ အကြမ်းဖက်မှုတဲ့။

Anonymous said...

ကိုပေါ....
လာမယ့်ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ....
ပြည်သူလူထုကိုရော ဘယ်လိုမြင်စေချင်လဲ...

Anonymous said...

Idiots support idiot' points.

Do you all need tea pot ?

To talk some more meaninglessly.?

Tavoygyi said...

ကိုပေါရဲ့ သတ္တိကိုတော့လေးစားသွားပြီ..
ကျန်တယ်လူတွေကိုဆန်.ကျင်ရဲတာ

Blogger Law Shay said...

ဒီမိုကရေစီ အခြေခံကောင်းတွေ ရှိဖို့လိုတယ်။
ဆိုတာမှန်ပါတယ်..စိတ်ခံစားမူဖြစ်လွယ်လွန်းကာ
စတန့်ထွင်ခြင်းသာဖြစ်..တကယ်ထိထိရောက်လုပ်တာလဲမဟုတ်..ကိုပေါမှန်တယ်...
ဒါပေမဲ့မထောက်ခံရဲပါ.............

Dike Oo Maung said...

သိပ်ကောင်းတဲ့အတွေးအခေါ်နဲ့ အယူအဆပါဘဲဗျာ
ကျွန်တော်လဲခင်ဗျားနဲ့ အမြင်တူတယ်
ပြီးတော့ အကြမ်းဖက် ဆိုတာထက် စစ်အာဏာရှင်ဆိုတာ ပိုပြီးမှန်မယ်ထင်တယ်။

Unknown said...

ကိုပေါရေ

အဲဒီအကြောင်း ပြောချင်နေတာ ။ ဘာကိုသွားသတိရလဲ ဆိုတော့ ကွန်မြူနစ်တွေ ဆန်လုပြီး လူထုကယ်တင်ရှင်ကြီးလို သူရဲကောင်းလို ပြောခဲ့တာ ကို သတိရတယ်။
အမှန်တကယ်တော့ ဒီငနဲကြီးတွေကိုလည်း မနှစ်မြို့ ပါဘူး ။ ကိုပေါပြောသလိုပဲ ပြည်တွင်းက လူတွေကျတော့ ဟိုလိုလုပ်လိုက်ပါလား၊ ဒီလိုချပါလားပြောပြီး ဆရာကြီးတွေကျတော့ လုပ်နေပြောနေပုံတွေ က တော်တော် ကလေးဆန်လွန်းပါတယ်။ အင်စပက်တာနဲ့ပြောတာတင်ထားတာများ လေးလေးဝါးသီချင်း နားထောင်ရသလိုပဲ။

မုန်းစရာ said...

မရေးတော့ဘူး နေမလို့ပဲ..
ရေးချင်စိတ်က ပေါက်လာလို့..

ကိုပေါနဲ့ အရင်ကလဲ ငြင်းဖူး အဲလေ ဆွေးနွေးဖူးပါတယ်..
အကြမ်းဖက်တာ ကောင်းမကောင်း ဘာဘာညာညာပေါ့..

ဘာပဲဖြစ်ဖြစ် အကြမ်းဖက်တာ ရိုင်းစိုင်းတာ ဖိနပ်နဲ့ပေါက်တာ ဘယ်ရှုဒေါင့်က ကြည့်ကြည့် မကောင်းပါဘူး. လူမှုရေး နိုင်ငံရေး ဘာသာရေး ဘယ်ဖက်ကကြည့်ကြည့် မကောင်းပါဘူး.

ဒါပေမဲ့ ပြင်ပမှာ ရောက်နေတဲ့ လူတွေအတွက် လုပ်စရာ အခွင့်အရေးက မရှိပါဘူး. ပြည်တွင်းက လူတွေကို အားမလိုအားမရ မြှောက်ပေး အားပေးရုံအပြင် အကူအညီပေးရုံအပြင် ဘာမှ လုပ်စရာ မရှိပါဘူး..

လက်နက်မဲ့ ပြည်သူတွေကို အပေါ်စီးက နှိပ်စက်တဲ့ ဒီစစ်အာဏာရှင်တွေကို အခွင့်အရေးရတုန်း လက်တုန့်ပြန်ရတာ စိတ်ရဲ့ မွန်းကြပ်မှု ဒေါသဖြစ်မှုကို စိတ်လွတ်ကိုယ်လွတ် ဖွင့်ထုတ်မိတဲ့ လူတွေကို အပြစ်တင်တာထက် နားလည်ခွင့်လွှတ်ပေးတာ ပိုကောင်းပါတယ်..

အိမ်ရှင်နိုင်ငံက ဒီလောက်ကာကွယ်ပေးတာတောင် လွန်လှပါပြီ.. ပြစ်မှုတွေကို လူတိုင်းအသိ ပေါ်ပေါ်ထင်ထင် ကျူးလွန်ထားတဲ့ ဒီစစ်အာဏာရှင်တွေကို စစ်ခုံရုံးတောင် တင်သင့်ပါတယ်. လူ့အခွင့်အရေး ဒီမိုကရေစီကို အရေးထားပါတယ်ဆိုရင် ဒီလူတွေကို ဒီလို အခွင့်အရေးမျိုး မပေးသင့်ပါဘူး... သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုက ဒီလောက်လေးနဲ့ မတန်သေးဘူး.. ဒီထက် ပိုခံသင့်သေးပါတယ်....

ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်ဖက်က အသာစီးရနေမယ်ဆိုရင် ဖြစ်နိုင်ပါတယ်.. ကိုယ့်ဖက်က အသာစီး မရသေးသရွေ့ကတော့ ဘာလုပ်လုပ် တရားပါတယ်... မလုပ်ရဲလို့ပေါ့ လုပ်ရဲရင် အသေခံဗုံးနဲ့တောင် ဝင်ကြမ်းသင့်တယ်..

လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ် . ရေးချင်တာ ရေး.. ဖတ်ချင်စိတ်ရှိရင် လာဖတ်ဦးမယ်..

Unknown said...

အင်း စိတ်ရဲ့မွန်းကျပ်မှု ထွက်ပေါက်ဆိုရင်တော့ ဘာမှပြောစရာ မရှိပါဘူး ။ အခုဖြစ်နေတာက တကယ့်ဒီမိုကရေစီ အဆုံးအဖြတ် တိုက်ပွဲကြီးလို ရေးထားပြောထားလို့ ပြောရတာပါ၊ ခက်တာက ပြောနေလုပ်နေတာတွေက တခြားလူတွေအနေနဲ့လက်ခံရခက်နေတာကိုပါ။

Unknown said...

Htun said...

အင်း စိတ်ရဲ့မွန်းကျပ်မှု ထွက်ပေါက်ဆိုရင်တော့ ဘာမှပြောစရာ မရှိပါဘူး ။ အခုဖြစ်နေတာက တကယ့်ဒီမိုကရေစီ အဆုံးအဖြတ် တိုက်ပွဲကြီးလို ရေးထားပြောထားလို့ ပြောရတာပါ၊ ခက်တာက ပြောနေလုပ်နေတာတွေက တခြားလူတွေအနေနဲ့လက်ခံရခက်နေတာကိုပါ။

September 30, 2009 10:43 AM
I totally agree with you.

စိမ်း... said...

ဟုတ်ပါတယ် ကိုပေါ... စိမ်းလည်းမနေ့က သတင်းတွေတွေ့တော့ တော်တော်လေးကို အောင့်သီးအောင့်သက်ဖြစ်မိတယ်...
ကလေးကလားဆန်သလားလို့...
ကိုပေါပြောတဲ့ ဘတ်စ်ကားမီးရှို့ခိုင်းတဲ့ဆိုဒ်ကိုလည်း မရောက်တော့တာကြာပါပြီ... အချိန်ပေးပြီးသွားဖတ်ရတာနဲ့ ရလာတဲ့ အနှစ်သာရ သိပ်မတန်ဘူးထင်လို့... :)

Anonymous said...

I agree with Htun.
I understand the emotions and feelings of the protestors.But on the other hand, we should think of our action.

It seems not a big deal if we don't care about values and principles for better foundation of Democracy for our country.Daw Suu always said we all should be disciplined if we want democracy.

I don't think we are talking about the forgiveness for those two idiots,nyan win and thein sein. They should be in criminal court.
But if we really care about human rights, it should apply equally to everybody as long as they are human. ( Pls don't tell me they are not human..they are still human but their action only is not )
e.g They will still have a chance to defence their case through their lawyer eventhough their case is too obvious to be charged.

It's not necessary to behave the same way as they did to us.But I have no doubt that they all have to pay back for their wrong doings one day...in courts.

Anonymous said...

correction :

e.g They will still have a chance to defence their case through their lawyer eventhough their conviction is overwhelm.

Anonymous said...

I totally agree with u.
they don't have guts to risk their life, that's why asked the people inside myanmar to do for them.
if they have guts they can shoot them to kill. u r right. they can buy guns even in Walmart. (Gee bones). Shame on you. (activists in US).

I have seen those videos. I heard that they r cursing to NW & TS. even one lady's voice is there.
Do they think that they r great?

For me, they r just (mi ma sone ma, pha ma sone ma).

Mr Burma said...

In my point of view,I am a little confusing a bout your comments.I like
the Ko Paw idea. Even they are not our elective leaders, they are representative of Myanmar.
But, the protesters also show their angers on them.Is it right or wrong?
At last, I also totally agree the point that the point of Anonymous"they don't have guts to risk their life, that's why asked the people inside myanmar to do for them.
if they have guts they can shoot them to kill. u r right. they can buy guns even in Walmart. (Gee bones). Shame on you. (activists in US)." . They are merely doing it for Stunts and poplars.
Even I am in living in Africa as NGOs , I don't like to occur the War in Myanmar. They ,activists in Us,pushed the people to against the Junta by bloody ways.Perhaps They ,activists in Us, may love the War; Because,they never experience tastes of war.

I dont like the Junta. But I also dont like the people who acting the Myanmar politics as their opportunity.

Anyone who don't like my comments can feel free to swearing or anything you can do. :D
best regards
Mr Burma

Anonymous said...

I totally agree with u.

Anonymous said...

မကောင်းဘူးဆိုတာတော့လက်ခံပါတယ်..ဒါပေမဲ့တဖက်က
ပြန်တွေးကြည့်တော့လဲ ” သူလုပ်တတ်သလို၊ သူရတဲ့နည်းနဲ့စစ်အာဏာရှင်ကိုဆန့်ကျင်တာဘဲလေ ”..
သေချာတာတော့ဒီလောက်ဆိုးယုတ်တဲ့လူတွေအတွက်ဘယ်
လိုနည်းနဲ့ဖြစ်ဖြစ်ဆန့်ကျင်သမျှတရားတယ်လို့ထင်တာဘဲ...။

Anonymous said...

lack of evidence

i dont see any photo that thein sein was hit by shoe.

it appears to be plain made up story.

ကိုပေါ said...

အောက်တန်းကျတဲ့လူတွေကို အောက်တန်းကျတဲ့နည်းနဲ့ လက်တုန့်ပြန်ရင် ကိုယ်ပါ အောက်တန်းကျသူဖြစ်မယ်။ ရှင်းရှင်းလေးပါ။ အောက်တန်းကျတဲ့လုပ်ရပ်ကို လုပ်သူဟာ အောက်တန်းကျသူပဲ ဖြစ်လာနိုင်မယ်။ ဘယ်နည်းနဲ့မှ လူကောင်းသူကောင်း ဖြစ်မလာနိုင်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ ကံ၊ ကံအကျိုးကို ယုံကြည်သူတွေဆိုရင် ဒီအချက်ကို ကောင်းကောင်းသဘောပေါက်တယ်။

အောက်တန်းကျသူတွေ မတော်တဆ နေရာရလာရင်လည်း သူတို့နဲ့ သဘောထားအမြင်မတိုက်ဆိုင်သူတွေ(အတိုက်အခံတွေ)အပေါ်မှာ အဲဒီလိုပဲ အောက်တန်းကျတဲ့နည်းတွေကို ဆက်လက် ကျင့်သုံးပြီး ဆက်လက်နှိပ်ကွပ်ပါလိမ့်မယ်။ အကျင့်ဆိုတာ ဖျောက်ရခက်တာမျိုးကလား။ အဲသည်အချိန်ကျရင် မြန်မာ့နိုင်ငံရေးဟာ မုန့်လုံးစက္ကူကပ်သလို ချာလပတ်လည်နေလိမ့်မယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ဖို့၊ စည်းကမ်းရှိဖို့ ဒီလောက် အကြိမ်ကြိမ်မှာကြားနေတာပေါ့။ ကိုယ်လိုချင်တာ ဘာစနစ်လဲ ပြန်လည် စဉ်းစားကြည့်သင့်ပါတယ်။ နအဖ အစိုးရပြုတ်ကျရင်တော်ပြီ။ နောက်ဘာစနစ်ပဲ တက်လာလာ အရေးမကြီးဘူးလို့ သဘောထားရင်တော့ အထူးပြောစရာမရှိပါဘူး။

Anonymous said...

I agree with u Ko Paw.
I support you.
Bravo!

Anonymous said...

ကိုပေါလို ပေါ်တင်မရေးရဲလို့ အမည်မသိနဲ့ပဲ ဝင်ထောက်ခံသွားပါတယ်။

အဲဒီအချိန်မှာဒေါသစိတ်မထိန်းနိုင်လွန်းလို့ဖိနပ်နဲ့ပေါက်တာ လက်ခံပါတယ်။ အဲဒီကိတ်စကိုတကယ့်တော်လှန်ရေးကြီး လို အော်နေတာတော့ သိပ်မဟုတ်ဘူး၊

အပေါ်မှာ Htunပြောသွားသလို တကယ့်ဒီမိုကရေစီ အဆုံးအဖြတ် တိုက်ပွဲကြီးလို မရေးသင့်ဘူး။

အချို့အတိုက်အခံတွေရဲ့ ဘလော့မှာ တခါတလေမှာ လိုတာထက်ပိုလွန်းတဲ့အရေးအသားကြောင့် စိတ်ပျက်ရတာ ခဏခဏပါပဲ။

မုန်းစရာ said...

ကံ-ကံ၏ အကျိုးပဲလေ ကိုပေါရဲ့.
သူတို့က အောက်တန်းကျကျ ညစ်တီးညစ်ပတ် အမှုဆင် ထောင်ချ လုပ်ချင်တိုင်းလုပ် သတ်ချင်တိုင်းသတ်. အခု ဖိနပ်နဲ့ ပေါက်ခံရ အဆဲခံရ.. ဒါအစပဲ ရှိသေးတယ်.လာလိမ့်ဦးမယ် ငရဲကြီး ရှစ်ထပ် အဝီစိ.. ဟိုးအောက်ထိ ကျဦးမယ်..

ကံ-ကံ၏ အကျိုးပဲလေ. ဘယ်သူအာဏာရရ.. ဒင်းတို့လောက်တော့ မဆိုးဘူး.. ဆိုးဦးတော့ ကံ-ကံ၏အကျိုးပဲလေ.. ဟုတ်ဘူးလားးး
ဒီလိုပဲလေ သံသရာဆိုတာ လည်နေတာပဲ...

ကိုယ်လုပ်ရင် ဘယ်ဟာမဆို အကောင်း သူများလုပ်ရင် အပြစ်မြင်တတ်တဲ့ လူ့သဘာဝက တခြားလူမျိုးမှာထက် မြန်မာလူမျိုးတွေမှာ ပိုတွေ့နေရတာ ဝမ်းနည်းစရာပါပဲ...

ဘယ်တော့မှ ညီညွတ်မှာ မဟုတ်ဘူး. ကြာလေ သိလေပဲ... ရေးတိုင်း စာမဟုတ်သလို ပြောတိုင်းလဲ စကားမဟုတ်ပါဘူး.. အဓိက ကတော့ လူတယောက်ရဲ့ စိတ်ကို အတိုင်းသား မြင်ရတာကိုပါပဲ...

ကိုပေါ said...

မုန်းစရာရေ...

ဦးနေဝင်းမသေခင်ကလည်း ဦးနေဝင်းထက်ဆိုးတဲ့လူတော့ ပေါ်လာမှာ မဟုတ်တော့ဘူးလို့ ထင်ခဲ့ကြတာ.... တက်တက်စင်အောင် မှားခဲ့တယ်မဟုတ်ပါလား။

အခုရော ဘယ်လို အာမခံချက်မျိုးနဲ့ သူတို့လောက် ဆိုးတဲ့လူ ပေါ်မလာနိုင်တော့ပါဘူးလို့ အာမခံနိုင်သလဲ.... တဆိတ်လောက် ရှင်းပြပါလားဗျာ။

မုန်းစရာပြောတဲ့ “ဒီလိုမှမဟုတ် ဆိုးဦးတော့ ဘာတတ်နိုင်မှာလဲ။ ကံ...ကံရဲ့ အကျိုးပေါ့....” ဆိုတဲ့ စကားဟာလည်း အံ့သြစရာကောင်းလှပါတယ်။ အဲဒါဆိုလည်း မထူးတော့ပါဘူး... အခုကတည်းက ဘာမှမလုပ်ဘဲ ထိုင်နေတာက ပိုမကောင်းဘူးလားလို့ မေးစရာ ဖြစ်လာဦးမယ်။

အတိတ်ကံဟာ ပစ္စုပ္ပာန်အနေအထားကို လွှမ်းမိုးမှာပေမယ့် လုံးဝဥဿုံ ချုပ်ကိုင်လွှမ်းမိုးထားတာ မဟုတ်ပါဘူး။ ဘုန်းကြီးကျောင်းက ရလာတဲ့ စာအုပ်ကလေးထဲက ကိုးကားပြရရင်...

The past influences the present but des not dominate it, for Kamma is past as well as present. The past and present influence the future. The past is a background against which life goes on from moment to moment. The future is yet to be. Only present moment exists and the responsibility of using the present moment for good or for ill lies with each individual.

ဒီတော့ အခုပစ္စုပ္ပာန်မှာ မကောင်းမှန်းသိတဲ့အရာတခုကို ဘာကြောင့် အနာဂတ်အတွက် ကောင်းလာနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ မကောင်းမှန်းသိသိကြီးနဲ့ ဇွတ်မှိတ်လုပ်မလဲဗျာ။ ကံယုံပြီး ဆူးပုံနင်းရင် ဆူးစူးတာပဲ အဖတ်တင်မှာပေါ့ဗျာ။

ဘယ်နည်းနဲ့ လုပ်လုပ် နည်းလမ်းက အရေးမကြီးဘူး။ ရလဒ်ကသာ အရေးကြီးတယ်လို့ ထင်တဲ့၊ ယူဆတဲ့ လူတွေများသထက်များလာရင် လောကကြီး ပျက်စီးကိန်းရှိတယ်။

စာမေးပွဲအောင်ဖို့၊ အမှတ်ကောင်းဖို့ပဲ အရေးကြီးတယ်။ ခိုးချလိုက်မယ်... ဆိုတဲ့လူတွေ။

ချမ်းသာဖို့ပဲ အရေးကြီးတယ်။ မကောင်းမှုမျိုးစုံလုပ်လိုက်မယ်...ဆိုတဲ့လူတွေ။

အာဏာရဖို့ပဲ အရေးကြီးတယ်။ တဖက်သားကို အကြမ်းဖက်နည်းနဲ့ နှိပ်ကွပ်လိုက်မယ်.... ဆိုတဲ့လူတွေ။

ဒီမိုကရေစီရဖို့ပဲ အရေးကြီးတယ်။ ဒီမိုကရေစီနဲ့ မလျော်ညီတာတွေ လျှောက်လုပ်လိုက်မယ်....ဆိုတဲ့လူတွေ။

တကယ်တော့ အဲဒီလူမျိုးတွေ ရှိနေလို့ ကမ္ဘာကြီးဟာ ငြိမ်းချမ်းတန်သလောက် မငြိမ်းချမ်းတာလို့လည်း ပြောလို့ရပါတယ်။

“စကားနောက် တရားပါဆိုသလို” လူတယောက်ဟာ သူပြောတဲ့စကားနောက်မှာ တရားပါတတ်ပါတယ်။ အဲဒါကတော့ အမှန်ပါပဲ။ ပြောတဲ့ စကားပေါ်မှာ အကဲခတ်ပြီး ဘယ်လို စိတ်နေစိတ်ထားရှိသူလည်း ခန့်မှန်းလို့ ရတာကတော့ အမှန်ပါ။ ဒီတော့ ကိုယ်ပြောတဲ့စကားဟာ မှန်ကန်သလား၊ အကျိုးရှိသလား၊ တရားသဖြင့်လားတော့ စဉ်းစားဖို့ လိုတာပေါ့။

Rita said...

အမှန်တိုင်း ၀န်ခံရရင် ကြားကာစက အတော်လေး အားရမိပါတယ်။

ကိုပေါပြောသလို မစဉ်းစားမိခဲ့ဘူး။

ဒေါက်တာ မတင်ဝင်းနဲ့ ထိုင်းနဲ့ ကိစ္စတုန်းက (ကလေးကလားနဲ့လို့) ကိုယ့်ဘက်က လူကို တော်တော်လေး ကသိကအောက် ဖြစ်မိသလောက် ခုကျ ဘာလို့ ကြားကြားချင်း အားရနေမိတာလဲ မသိဘူး။

တားတား said...

တားတားက နောက်တခေါက်ဆို ဖိနပ်မှာ အီးအီးသုတ်ပီးကို ပစ်အုံးမှာ။ :P

Anonymous said...

danm right!!! Moe Tee is juz "mi ma sone ma pha ma sone ma" same as N W and T S.

မုန်းစရာ said...

အင်းခက်တယ် ကိုပေါ..
မြတ်စွာဘုရားရဲ့ သာသနာအစစ်အမှန်ကို တကယ်တမ်း လူတိုင်းသာ ကျင့်သုံးနိုင်မယ်ဆိုရင် သူ့ထက်ကဲတို့၊ ရွှေပြည်စိုးတို့၊ ညီပုလေးတို့ ပေါ်လာစရာ မရှိပါဘူး.။

ကံ-ကံ၏အကျိုးဆိုတာကလဲ အတိတ်ကံသာမက လက်ရှိကံ ကလဲ သိပ်အရေးပါ ပါတယ်..

ငြိမ်းချမ်းရေးဆိုပြီး လုပ်သမျှ ငုံ့ခံ၊ အချိန်တန်ရင် သူ့အလိုလို ရလာလိမ့်မယ်လို့ ဆင်ရဲ့ ဟိုဟာ မျှော်သလို မျှော်နေလို့ နောက် အနှစ် ၁၀၀ ကြာမှ ရမယ်ဆိုရင် ကိုပေါလဲ မြင်ခွင့်မရှိပါဘူး..

ခုချိန်မှာတော့ ဒေါသကို ရှေ့မှာပဲထားထား နောက်မှာပဲ ထားထား ဒေါသက ဒေါသပဲလေ.. လုပ်သလို မဖြစ်ရင် ဖြစ်သလို လုပ်ရမှာပဲ... လူတိုင်းက အကောင်းကို မျှော်လင့်ပြီး လုပ်ကြတာပါ.. ဘယ်သူကမှ အဆိုးကို မမျှော်ပါဘူး...

ATN said...

သူကလည်း သူ့ဖိနပ်ကို ဒေါ်လာသန်းချီရအောင် လေလံတင်ချင်လို့ ဖြစ်မပေါ့ကွယ်...
တခု ကြိမ်းသေတာကတော့... သူက ဖိနပ်နဲ့ ပစ်ချင်တာ မဟုတ်ဘူး... သေနတ်နဲ့ ပစ်ချင်တာ... သေနတ်နဲ့ ပစ်မရတော့ ဖိနပ်နဲ့ ပစ်ရတာပေါ့လေ... အဲဒါလေးတော့ နားလည်ပေးပါ...

NG said...

လုပ်ရပ်က မမှန်ပေမဲ့ အားရမိတာတော့ အမှန်ပဲ.. မိုးသီးဇွန်တို့ လို ခေါင်းဆောင်တွေ မလုပ်ပဲ မထင်မရှား အခြားသူတဦးလုပ်ရင် အပြစ်တင်စရာ သိပ်မရှိပါဘူး.. အရေးအခင်းတုန်းက ရပ်ကွက်ထဲသူတွေ စစ်သားတွေကို အမြင်ကပ်လို့ ပစ်ခတ်နေတဲ့ ကြားထဲကတောင် အသက်နဲ့ ရင်းပြီး ဖင်လှန်ထွက်ပြတဲ့ သူတောင်ရှိသေးတယ်.. မြင့်မြတ်တဲ့ ကောင်းတဲ့ အလုပ်မဟုတ်တာ သိပေမဲ့ ညစ်လာရင် ရတဲ့အခွင့်အရေးထဲက လုပ်လို့ရသလို လုပ်တတ်ကြပါတယ်.. ဆဲတာတွေကတော့ ကြားမကောင်းပါဘူး..

NG said...

ဆိုလိုချင်တာက.. ခေါင်းဆောင်တွေ ဦးဆောင်နေတဲ့ သူတွေ ဒါမျိုးလုံးဝ မလုပ်သင့်ပါဘူး.. သာမန်ပြည်သူတွေအနေနဲ့  သူတို့  Level အရ မကျေနပ်ရင် မကျေနပ်ကြောင်း ဒီလို ပုံစံမျိုးတွေနဲ့ ပြတတ်ကြတာ သဘာဝပဲ.. ဆောင်းပါးရေးတတ်တဲ့သူက စာရေးပြီး ဆော်မယ်.. ဘာမှမတတ်တဲ့ကောင်က နောက်ဆုံး လုပ်လို့ ရတာလုပ်ကြမှာပဲ.. ဒီမိုကရေစီကျင့်သုံးပါတဲ့ ဆိုတဲ့  တိုင်းပြည်တွေမှာ လဲရှိနေတာပဲ.. ရှောင်လို့ မရပါဘူး.. စင်္ကာပူမှာလဲ အဲဒီလိုလုပ်ရရင် ဒီထက်တောင်စိုးဦးမယ်ဆိုတာ ငြင်းလို့ မရဘူး..

ko said...

Typing လေးရိုက်ပြီး ပြောချင်ရာပြောတာထက်စာရင်
ဖိနပ်နဲ့ပဲပေါက်ပေါက်..ကော်ဖီခွက်နဲ့ပစ်ပစ်..
လုပ်ရဲလို့လုပ်တာ..လုပ်နိုင်လို့လုပ်ကြတာ..
လုပ်ကြပါစေ..

Anonymous said...

Those pussies should go back home
and throw shoes at home than doing somewhere they know that they are
safe to do. I do not like Iraqi
show man who threw a shoe at Dubya
or President Bush (I gave credit Dubya for his coolness and saying
it is size 10), but I do respect
him that he did it even when there
is risk. But those who threw to
Hu Jing Tong or Thein Sein are just
sissies, or real fags.

Phokhwar the good said...

Let me have my say a little.

I do know throwing shoes at someone hated is not a righteous act.

I do know such act wouldn't bring any change to the country I love.

I do know this wouldn't bring any benefit to those who did this.

I do know what is decent and what is indecent.

But I do like those who bear no heart for own people being humiliated.

I feel a sense of satisfaction seeing those who are so arrogant and ruthless against his own family being intimidated at somewhere else.

I am happy that someone helped show on behalf of cowardly people like me to the world how much those people are hated by their own people.

Finally, I do hate myself for having no guts to show explicitly how much I am pleased for the acts by those emotional people to have humiliated the ruthless people I hate so bitterly!!!!

Plus I am ashamed myself for feeling ashamed to defense for the people whose acts, though regarded indecent, I found pleasing to me.

Thargyi(Gyobingauk) said...

ကိုပေါရေ...

ဒီကိစ္စကိုစပြီးစီစဉ်နေကတည်းက စိတ်ထဲကမတင် မကျ ကြီးဖြစ်နေတာ.. ဒီလုပ်ရပ်ကိုဦးဆောင်ဦးရွက်ပြုနေတာ 88 ကနာမည်ကြီးကျောင်းသားခေါင်းဆောင်တယောက် ဖြစ်နေတာ တော်တော်လေးဆိုးတယ်ဗျာ.. ပီးတော့ Video Clip ထဲမှာဆဲလိုက်ဆိုလိုက်တာတွေ တော်တော် လေးကိုကြမ်းတမ်းတာတွေ့တော့ တမျိုးကြီးပဲဗျာ.. ဒါကို ဒီမိုကရေစီတိုက်ပွဲလို့ယူဆရင်တော့ ကျွန်တော် အံသြစရာလို့ပဲပြောရမှာပဲ.. ကျွန်တော်နိုင်ငံရေးနဲ့ပတ် သက်ရင်နားလည်တာနည်းနည်းလေးပါ.. သူများတွေ 100 ရှိနေရင် ကျွန်တော်0.5 နေရာမှာပဲရှိပါတယ်.. ဒါပေမယ့်.. ဒီမိုကရေစီလူ့အခွင့်အရေးမှာ လူတယောက် ကိုအဲလိုအောက်တန်းကျကျဆဲရမယ်လို့ ပါတယ်ဆိုရင် တော့ဒီမိုကရေစီကို ကိုယ်တိုင်ယုံကြည်နေတဲ့လူတွေ ပြန်သုံးသပ်ပါအုံးလို့ပဲ အကြံပြုချင်တယ်.. ကိုယ့်လူ ကိုယ့်ဘက်သားက လုပ်တိုင်းမှန်တယ်လို့ယူဆရင်တော့ ဒါဟာမှန်ကန်တဲ့ရပ်တည်ချက်မဟုတ်တော့ဘူး.. မတရားတဲ့အစိုးရတရပ်ကိုဖြုတ်ချဖို့ဘာလုပ်လုပ် တရားတယ် မှန်တယ်ဆိုတာကို ကျွန်တော်မကန့်ကွက်ပါဘူး.. ဒါပေမယ့်ရပ်တည်တဲ့နေရာမှန်ဖို့တော့လိုမယ်လို့ ကျွန်တော်ထင်တယ်.. အပြောင်းအလဲကိုမြင်ချင်လို့ လက်နက်ကိုင်တိုက်တာကို ယုံကြည်တဲ့လူက လက်နက် ကိုင်တိုက် အကြမ်းမဖတ်တိုက်ပွဲဝင်မှုကို ယုံကြည်ရင် ကိုယ်ယုံကြည်တဲ့နေရာက၀င်လုပ်.. ဒါပဲရှိတယ်.. စနစ်တခုကိုတိုက်တဲ့နေရာမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ လောက်ပဲစဉ်းစားနေရင်တော့ အဖြေကဝေးနေအုံးမှာပဲ.. အခုလိုဖိနပ်နဲ့ပေါက် ဆဲဆိုလုပ်တော့ ရော ဘာတွေပြောင်းလဲလာမှာလဲ.. ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု တွေကိုဦးစားပေးနေရင် လက်ရှိန-အ-ဖ နဲ့ဘာမှမထူး ဘူး.. ကိုယ်ဘယ်နေရာကရပ်မလဲ ရပ်တဲ့နေရာကို ခိုင်ခိုင်မြဲမြဲရပ်ဖို့နဲ့ယုံယုံကြည်ကြည် ရှိဖို့တော့လိုမယ်ထင်တယ်ဗျ.. ကိုပေါရဲ့ဒီ post အတွက်အရမ်းကျေးဇူးတင်ပါတယ်..

ရွှေအောင်

Anonymous said...

အကြမ်းမဖက်စည်းကမ်းရှိရှိလေး စစ်အာဏာရှင်အောက်မှာနေကြ သေကြ ပေါ့ဗျာ ရန်သူက ကျားဗျ နားလည်ရဲ့လား အာဏာရှင်တွေကိဲုမသတ်ရဲလို့ အနိုင်မယူရဲလို့အကြမ်းမဖက်ရဲလို့ကတော့ အပြစ်မရှိတဲ့လူတွေအများကြီးသေရဦးမှာပဲ ဒီမိုကရေစီအခြေခံကောင်းတွေဘာတွေပြောချင်သပဆိုလဲ ပြောကြဗျာ ကျားကိုတရားဟောပြီးဒီမိုကရေစီရမယ်လို့ယုံကြည်ရင်လဲလုပ်ကြဗျို

Mg Pwa Gyi said...

I am very happy when I'd heard the story of throwing of shoes to thein Sein. Why? I always thought Moe Thrr Zon never became the real politician.
Now, I know that my predictions are true.Nearly 20 years ago, he criticized Daw Su when peoples are more favors to Daw Su them him. He published the papers and tried to trick the peoples.But, peoples were more smarter than he thought. He was only the problem child in democracy movement.After 20 years later, I saw him never mature in our Myanmar society in state.Because of his lack of ability to harmony with society, he always decides everything in aggressive manners.After hearing this case, I know that he will never became the elected members.
He may be so called revolutionary man but he will never became member of the leaders of the country. Because, he will do as his ideal men, Tha Khin Than Htun and Tha khin Soe.He will against the government even they are elected by Democratically.Why? He know only hoew to oppose. He dont know how to lead the country.
I hope one day he will make more mature movement than now.
Thanks to say again him for showing of his true ability in current situations.
Worthless

Mg Pwa Gyi said...

Sorry..some spelling are wrong..so again :D

I am very happy when I'd heard the story of throwing of shoes to thein Sein. Why? I always thought Moe Thee Zon never became the real politician.
Now, I know that my predictions are true.Nearly 20 years ago, he criticized Daw Su when peoples are more favors to Daw Su them him. He published the papers and tried to trick the peoples.But, peoples were more smarter than he thought. He was only the problem child in democracy movement.After 20 years later, I saw him never mature in our Myanmar society in state.Because of his lack of ability to harmony with society, he always decides everything in aggressive manners.After hearing this case, I know that he will never became the elected members.
He may be so called revolutionary man but he will never became member of the leaders of the country. Because, he will do as his ideal men, Tha Khin Than Htun and Tha khin Soe.He will against the government even they are elected by Democratically.Why? He know only how to oppose. He don't know how to lead the country.
I hope one day he will make more mature movement than now.
Thanks to say again him for showing of his true ability in current situations.
Worthless
My gmail.. mgpwagyi1964@gmail.com

KHIN ZIN MINN said...

Frankly, i like and agree with "shweaung" comments, and thanks ko paw for this post.

Anonymous said...

ကိုပေါ

ကိုအောင်ဆန်း ဗမာပြည်လွတ်လပ်ရေးအတွက် နယ်ချဲ့ ကိုလက်နှက်ကိုင်တိုက်ဖို့ ဖက်ဆစ်နဲ့ ပေါင်းခဲ့တယ်။ ပေါင်းခဲ့ရတယ်။ အဲဒီလုပ်ရပ်အပေါ် ကိုပေါအမြင်လေးကို ပွင့်ပွင့်လင်းလင်းသိချင်ပါတယ်။

ပို့ စ်တခုသပ်သပ်ရေးပေးနိုင်ရင် ကျေးဇူး...

လန်ပမ်

ကိုပေါ said...

လန်ပမ်

လန်ပမ်ရဲ့ မေးခွန်းအတွက် ကျေးဇူးပါ။ အဲသည်မေးခွန်းကို ကျနော်ကလည်း ဖြေချင်နေတာပါ။ နောက်ပို့စ်တခု ရေးနေတာရှိပါတယ်။ အဲဒီအထဲမှာ ထည့်ဖြေပေးပါမယ်။

Anonymous said...

်တကယ်လို့ အဲဒီနေရာမှာ ကျနော်တို့ ပါဝင်ဖို့ အခြေအနေပေးမယ်ဆို ဘယ်နှစ်ယောက်လောက်များ ပေါ်လာနိုင်ကြမလဲ..
ဒီလူယုတ်မာတွေကို ထိန်းထိန်းသိမ်းသိမ်း စည်းကမ်းတရှိနဲ့  မေတ္တာပို့ ပြီးနေကြမလား..
ဒါမှမဟုတ် အော်သင့်အော်ထိုက်တာပဲ အော်ကြမှာလား..
ဲ အော်ရင်းနဲ့ ဒေါသထွက်ပြီး မဆဲပါဘူးလို့  ဘယ်သူအာမခံရဲပါသလဲ
SAID IS EASIER THAN DONE..
စက်တင်ဘာတော်လှန်ရေး နှင့် ၈၈ တော်လှန်ရေး..
ပထမပိုင်းမှာ စစ်သားတွေကို မေတ္တာပို့ တယ် စည်းရုံးတယ်.. နောက်ဆုံး သေနတ်နဲ့ ပစ်တော့ ဘာလုပ်ကြလဲ..
အဲဒီလိုအချိန်မှာ အဲဒီလိုနေရာမျိုးမှာ ရှိဘူးတဲ့သူတွေ သိကြပါလိမ့်မယ်.. မေတ္တာစိတ်ထားနိုင်သေးလား..
ခဲနဲ့ ထုလို့ ရ ရင်ခဲနဲ့ ထု ဆဲလို့ ရရင် ဆဲကြတာပဲမဟုတ်လား.. Video Clip ထဲပါလာလို့ သာ ကြားမကောင်းဖြစ်နေတာပါ..
ဒီကောင်တွေမြင်ရင် စိတ်ကောင်းဝင်နိုင်ဖို့ ကခက်သား... တကယ်လို့ များ ဥာဏ်ဝင်း နောက် နိုင်ငံခြားရေးဝန်ကြီးလုပ်ချင်သူတွေရှိခဲ့ရင် ဒီလို န.အ.ဖ ၀န်ကြီးလုပ်ရင် ဒီလိုအရှက်တကွဲ အကျိုးနည်းဖြစ်မယ်ဆိုတဲ့  သင်္ခန်းစာတော့ ရသွားပါလိမ့်မယ်..
ှုThough I am not supporting this act, it is encouraging. :-)

Anonymous said...

So what! They deserve it.

Anonymous said...

လုပ်ရပ်ကိုတော့အားရမိတယ်။ ဒါမျိုး ကိုယ်လည်းလုပ်ချင်နေတာကြာပြီ။
သို့ပေမယ့် ဒီမိုကရေစီ လှုပ်ရှားမှုအနေနဲ့ကတော့ မသင့်တော်ဘူးလို့ဆိုချင်တယ်။
မကောင်းမှုကိုမကောင်းမှုနဲ့တုန့်ပြန်ရင်ကိုယ်လည်း သူတို့နည်းတူဖြစ်သွားမှာပေါ့။ လူဆိုးတစ်ယောက်ကို အပြစ်ပေးလက်တုန့်ပြန်ချင်လို့ ကိုယ်ကိုတိုင်လူဆိုးဘ၀ခံယူစရာမလိုပါဘူး။ ဖိနပ်နဲ့ပေါက်တဲ့လူတွေကို personal အရ သဘောကျပေမယ့်ဆဲသံဆိုသံတွေ နားမခံအောင်ကြားရတဲ့အခါ ကိုယ့်ဟာကို မလုံမလဲဖြစ်မိပါတယ်။ သိက္ခာရှိတဲ့လှုပ်ရှားမှုကို ဦးဆောင်မဲ့လူတွေလိုနေပါတယ်ဆိုတာ ဒီဖြစ်ရပ်က ပြနေပါတယ်။ ကျွန်တော်နှစ်ပေါင်းများစွာစဉ်းစားလာတဲ့ပြသနာရဲ့အဖြေကိုလည်းတွေ့လိုက်ရသလိုဘဲ။ နိုင်ငံခြားမှာ မြန်မာတွေများပါရဲ့နဲ့ ဘာလို့ဆန္ဒပြသူတွေ မစည်းရုံးနိုင်လဲဆိုတော့ ခေါင်းဆောင်ကောင်းစံနမူနာကောင်းမရှိလို့ လို့ထင်တာဘဲ။

Unknown said...

Ko Paw ( Lu Dhu Daw A Mar's Grand Son)

Are you really Daw A Mar's Grand Son?
That is the only questions left for you.

Totally "Disagree" with you.

Best,
88 Generartion Students

Anonymous said...

ဲမြန်မာဆိုတာ ဒါပဲ လို့ပြတာပဲ ကိုပေါရေ ... ဝေးဝေးမကြည့်နဲ့ ။ ကိုပေါ အခု နေနေတဲ့ စလုံးမှာပဲ ကြည့်ဦး ။ ကိုယ့်ကိုကိုယ် မြန်မာမှန်းသိမှာ စိုးလို့ မျက်နှာထားကြီးတင်းထားရတာနဲ့ ။ မြန်မာလို ပြောရင်မြန်မာမှန်းသိမှာ စိုးတာနဲ့ ကျယ်ကျယ်မပြောရဲ့ရတာနဲ့ ၊ ဖုန်းလာလို့ မတတ်သာလို့ မြန်မာလို ပြောရရင်တောင် လူကြားထဲမှာ ဆို တိုးတိုးလေး ပြောရတာနဲ့ ၊ ကိုယ့်တနိုင်ငံထဲသား မြန်မာအချင်းချင်း အဆင့်အတန်းခွဲချင်ရတာနဲ့ ၊ ငါက ပီအာ သူက အက်စ်ပတ် သူက တော့ ၀ပ်ပါမစ် စသဖြင့် ခွဲခြားဆက်ဆံကြတာတွေ မမြင်ချင်မကြားချင်မသိချင်မှ အဆုံးပဲ ။ တကယ်ဆို ကိုယ့်နိုင်ငံသားအချင်းချင်းပဲလေ နိုင်ငံ၇ပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူအချင်းချင်း တတ်နိုင်သမျှဖေးမ လို့ အားပေးလို့ ကူညီ လို့ မဖြစ်သင့်ဘူးလား ။ အလုပ်ခွင်တွေ ထဲမှာ ဆို၇င်လည်း ကြား၇မြင်၇ပါတယ် ။ မျက်မြင်ကိုယ်တွေ့လည်း မြင်ဖူးကြုံဖူးပါတယ် ။ တချို့ မြန်မာ အလုပ်သမားတွေ ပြောကြတယ် ။ နိုင်ငံခြားသားစူပါဗိုက်ဇာ ၊ ဖိုမင် ၊ မန်နေဂျာတွေနဲ့ အလုပ်လုပ်ရတာ များသောအားဖြင့် အဆင်ပြေတယ် အိုဗာတိုင်းမ် ပိုရတယ် နားချိန်ပေးတယ် မြန်မာ စူပါဗိုက်ဇာ ဖိုမင် မန်နေဂျာတွေနဲ့ တွေ့ရင် ဘာအခွင့်အရေး(ဘောင်ထဲက )မှ မရတာများတယ်တဲ့ သေရအောင်သာပြင်တဲ့ ၊ ကိုယ့်နေရာ ၊ ရာထူးတည်မြဲရေးအတွက် ဇာတ်တူသား စားကြတဲ့ သူတွေအများစုဟာ မြန်မာတွေ ပဲ ဖြစ်နေတာ တွေ့ရတယ် ။ ကပ်ပဲလ် တွက်စ် က မြန်မာအင်ဂျင်နီယာ ဇော် ဆိုတဲ့ သူ တယောက်ရှိတယ်ဗျ ။ သူ့အကြောင်းလေး သိချင်ရင် ကပ်ပဲလ် မှာ အသိမိတ်ဆွေရှိရင် စုံစမ်းကြည့်ပေါ့ဗျာ ။ တခြားလူမျိုးအရာရှိတွေဟာ သူတို့အောက်က သူတို့ လူမျိုးဝန်ထမ်းတွေ အပေါ် ဆက်ဆံတာ အခွင့်အရေးပေးတာ (ဘောင်ထဲက )အိုဗာတိုင် ပေးတာ စသဖြင့် တတ်နိုင်သမျှ ကူညီကြတယ် ။ တို့မြန်မာတွေ မှာဒါမျိုး မတွေ့ရတာ များတယ် ။ ဒါတွေ အပေါ်ကော ကိုပေါ ဘယ်လိုမြင်လဲ ။ ပို့စ်လေးတခု လောက်ရေးပေးပါလို့ တောင်းဆိုချင်တယ်ဗျာ ။

ကိုပေါ said...

Hi 88GenerationStudent,

I am not Lu Dhu Daw A Mar's grandson, just another Ko Paw.

With best regards,
Ko Paw

Anonymous said...

တခါတလေမှာ “““တိုက်ပွဲ“““ ဆိုတဲ့ အမြင်ဘက်ကနေ မြင်ကြည့်ပါလားအကို။ တိုက်ပွဲတစ်ခုကို တိုက်တဲ့အခါ ဒီလို တိုက်မယ် ဟိုလို တိုက်မယ်ဆိုရင် အဲ့ဒီတိုက်ပွဲက နောက်ကြနေပြီ။ အထုးသဖြင့် ရရာလက်နက်စွဲကိုင်ပြီးတိုက်တဲ့ တိုက်ပွဲတွေမှာ ရက်စက်ယုတ်မာတဲ့သူတွေကို ဘာနဲ့ဖြစ်ဖြစ်တိုက်တာ တရားတယ်။ ဘာသာတရား ဆိုတာကြီးက တကယ့်တိုင်းပြည်တိုးတက်ရေးမှာ အလကားပဲ။


သားသား

kittyaye said...

I have agreed 100% with Thar Thar mentioned. At this time & situation whatever people do to these bad people is right. The most important is to win. This is not showing the low standard, just show that how much we are angry.Because of throwing this shoes how they are depressed and frustrated. Our people had much been suffering bec of them.

kittyaye said...

I have agreed 100% with Thar Thar mentioned. At this time & situation whatever people do to these bad people is right. The most important is to win. This is not showing the low standard, just show that how much we are angry.Because of throwing this shoes how they are depressed and frustrated. Our people had much been suffering bec of them.

မုန်းစရာ said...

သားသားဆိုတဲ့ တစ်ယောက်

ဘာသာတရားဆိုတာ အလကားလို့ မပြောပါနဲ့..
ဗုဒ္ဓဘာသာရဲ့ ကြီးမြတ်မှုက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး.
လူမိုက်တွေသာ အလကားလို့ မြင်နေတာပါ...
တကယ်တမ်း မြတ်ဗုဒ္ဓရဲ့ သာသနာကို အတိအကျ လိုက်နာနိုင်ရင် လောကီသာမက သံသရာတလျှောက်မှာပါ ကောင်းကျိုးချည်းပဲ ခံစားရမှာပါ.... နားလည်ထားပါ.

Anonymous said...

မုန်းစရာ

အသိပညာသေးငယ်မှုဟာ အန္တရာယ်အရမ်းကြီးတယ်ဆိုတာ သိပ်မှန်တာပဲ. ခင်ဗျားဟာ ဘာမှလဲသေသေချာချာမဖတ်ဘူး။ ပြောချင်တာ ၀င်ပြောနေတာ။ ကျနော်တို့ပြောနေတာ တိုင်းပြည်တည်ဆောက်ရေးအကြောင်းဗျ။ ဘာသာရေးမဟုတ်ဘူး။ ဘာသာရေးအကြောင်းဆိုတာ ဆွေးနွေးလို့ကောင်းတဲ့အရာမဟုတ်ဘူး။ ခင်ဗျားပြောပုံအရ ဗုဒ္ဇကိုမသိတဲ့လူတွေက လူမိုက်တွေဆိုရင် တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့လူတွေက လူမိုက်တွေပေါ့။

ကြည့်လည်းပြောပါအုန်းဗျာ။ ကြည့်ရတာ ခင်ဗျားပုံက အမေ အဖေ ဗုဒ္ဓဖြစ်လို့ ဒီဘာသာကို လိုက်လာတဲ့ပုံမျိုးပါ။ သြဂါသ တောင် ကောင်းကောင်း ရွတ်တက်မယ့်ပုံမျိုးမဟုတ်ဘူး

သားသား

Anonymous said...

(ကြီးမြတ်တဲ့ ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေကို ပန်းတွေကြဲ၊ ဖဲပြာကြိုးတွေလွှင့်၊ တူရိယာတွေ သံပြိုင်တီးမှုတ်ပြီး ကြိုဆိုဂုဏ်ပြုရတာ၊ လူယုတ်မာတွေ ၊ ခွေးသူခိုးတွေ ကို တော့တံတွေးနဲ့ ထွေး၊ ဖိနပ်တွေ၊ မစင်ပုပ် တွေနဲ့  ပစ်ခတ်ရှုတ်ချ လေ့ရှိကြတာဟာ ခမ်းနားထည်ဝါတဲ့ ယဉ်ကျေးမှု တိုင်းမှာရှိကြတယ်။ လူယုတ်မာတွေ ၊ခွေးသူခိုးတွေကို နိင်ငံတော်အကြီးအကဲဆိုပြီးကိုးကွယ်ချင်တာတော့ အရိုအသေပေးချင် တာတော့ - ကယ်ပါတွေရဲ့ ဓလေ့ထုံးထမ်းတွေ၊ ကျွန်တွေရဲ့  ဓလေထုံးထမ်းတွေမှာပဲ တွေ့ရပါတယ်။ ဒါကိုယဉ်ကျေးမှုလို့မသတ်မှတ်ကြဘူး။ ဒီလိုယဉ်ကျေးမှုမျိုးကျနော့်မှာမရှိဘူး - မိုးသီးဇွန် - )

Mg Pwa Hyi said...

I am very happy when I'd heard the story of throwing of shoes to thein Sein. Why? I always thought Moe Thrr Zon never became the real politician.
Now, I know that my predictions are true.Nearly 20 years ago, he criticized Daw Su when peoples are more favors to Daw Su them him. He published the papers and tried to trick the peoples.But, peoples were more smarter than he thought. He was only the problem child in democracy movement.After 20 years later, I saw him never mature in our Myanmar society in state.Because of his lack of ability to harmony with society, he always decides everything in aggressive manners.After hearing this case, I know that he will never became the elected members.
He may be so called revolutionary man but he will never became member of the leaders of the country. Because, he will do as his ideal men, Tha Khin Than Htun and Tha khin Soe.He will against the government even they are elected by Democratically.Why? He know only hoew to oppose. He dont know how to lead the country.
I hope one day he will make more mature movement than now.
Thanks to say again him for showing of his true ability in current situations.
Worthless

Anonymous said...

သားသား

မုန်းစရာ ဆိုတဲ့ စောက်ရူးလဒူကောင်ကို ဘေးမဲ့ပေးထားလိုက်ပါကွာ ။ ဒီအကောင်က လူထူထူဆို ဒီလိုပဲ ။ ၀င်ဝင်ဟောင်တတ်တယ် ။

မောင်မောင်

Anonymous said...

"At this time & situation whatever people do to these bad people is right. The most important is to win."

What a DANGEROUS idea!
You should go and read KP's post named " Nyaung Thee ko thar sarr ya parr leint "

KNL said...

သားသားဆိုတဲ့ ငနဲ
ကိုယ်ကိုကိုယ် ဒူမသိရင် ဘာတော့မှ ဒူတဲ့ ဘ၀က လွတ်မှာမဟုတ် ..
မုန်းစရာပြောတာ ဘာမှားလဲ
အချက်အလက် ပြန်ထောက်ပြပါလား
အခြောက်တိုက် သူများကို စောက်ရူးလဒူကောင် လို့ ပြောတာ လူတိုင်းပြောတတ်တယ်..

Anonymous said...

KNL

ဘယ်သူက ဒူတာလဲ ကြည့်ပါအုန်း။ ကျုပ်လည်း ဗုဒ္ဓဘာသာပါဗျာ။ မုန်းစရာပြောတဲ့ ပုံစံက ဗုဒ္ဓကို မသိတဲ့လူဆို လူမိုက်တွေဆို တခြားဘာသာဝင်တွေက ဘာတွေလဲ။ KNL ကြည့်ရတာ မုန်းစရာ နာမည်မရေးချင်လို့ နာမည်ပြောင်းရေးတာထင်ပါတယ်။ ခင်ဗျား ကြည့်ရတာလဲ ခင်ဗျားပြောတဲ့ ငဒူ ပဲထင်ပါတယ်။

သားသား

KNL said...

ခင်ဗျားပြောလို့  ထပ်ဖြည့်လိုက်ပါဦးမယ် ဗုဒ္ဓကို မသိတဲ့လူမှ လူမိုက်မဟုတ်ဘူး တရားကို မကျင့်သုံးတဲ့သူလဲ လူမိုက်ပါပဲ.. ဒီဂရီပဲ ကွာတယ်..

Anonymous said...

ခင်ဗျား ဘုန်းကြီးကျောင်းသားဖြစ်တယ်ဆိုတာ ဖော်ပြစရာမလိုပါဘူး။ မတောက်တခေါက်လောက်နဲ့။


သားသား

KNL said...

ခင်ဗျား တောက်တောက်ခေါက်ခေါက်ဖြစ်ကြောင်း ခင်ဗျားရဲ့ အတွေးနဲ့ အရေးကြည့်လိုက်ရင် သိသာပါတယ်..

Anonymous said...

ရွှေမြန်မာတွေ...ဒို့ရွှေမြန်မာတွေ...
ဒီမိုကရေစီအကြောင်းကို လူ၁၀ ယောက် ၁၀ခွန်းထက်
ပိုပြီးဆွေးနွေးလို့ကို မရကြဘူးထင်ပါရဲ့ ။
၁၁ခွန်းမြောက်လောက်ကစပြီး ဆွေးနွေးသူချင်း
ရန်ဖြစ်လာလိုက်ကြတာ..
အဆဲခံပြီး သတိပေးချင်တာလေး သက်သက်ပါ။
ဗိုလ်ချုပ်ပြောတဲ့ လမ်းမပေါ် ဆေးရိုးလှမ်းတဲ့
ဒီမိုကရေစီ ဖြစ်ကုန်ကြပါအုန်းမယ်။
အကောင်းဘက်ကနေ လိုအပ်တာလေးတွေထောက်ပြ
အကြံပေးပြီး ဆွေးနွေးလို့ မရကြဘူးလားဗျာ။
မောင်အမြင်မတော်

Unknown said...

“မင်းတို့ဥာဏ်အမြင်
တမိုက်တထွာမျှရယ်နဲ့
ငြင်းဖို့သန်လျှင်
မိုက်ရာကျပေလိမ့်”။

88 Generation Students

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs