“ဟိုအဝေးမှာ ငါးရက်တာ….”

Share |
ဘလော့ဂ်ဖတ် ပရိသတ်တို့ နေကောင်းရဲ့နော့။

ကျနော် တပတ်ကျော်ကျော်လောက် ပျောက်နေရခြင်းအကြောင်းကတော့ NUHမှာ ဆေးရုံတက်နေရလို့ပါ။ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က ညနေပိုင်း အဖျားတက်နေရာက ဆေးခန်းသွားပြတယ်။ ဆေးခန်းက ပေးလိုက်တဲ့ဆေးမှာ ကျနော်နဲ့ မတည့်တဲ့ ဆေးတမျိုးပါတဲ့အတွက် အဖျားမပျောက်ရုံမက ယားဖုတွေပါ ခြေထောက်မှာ ပေါက်လာလို့ ဆေးရုံကို ပြေးရတယ်။ ဆေးရုံမှာ ငါးရက်လောက်နေပြီး အခုတော့ အဖျားပျောက်လို့ ဆင်းလာပြီ။ ဆေးအရှိန်မပြယ်သေးလို့ အယားကတော့ နည်းနည်းကျန်သေးတယ်။

ငယ်ငယ်က ကျနော်တို့ ပြောနေကျ “မိဘုယားရင်ကုပ်ကုပ်ရင်မယားဘူး” ဆိုတဲ့ စကားလေးတောင် သတိရမိတယ်။ ဒီလို ဖတ်ရတာပါ။ “မိဘု….ယားရင်ကုပ်… ကုပ်ရင်… မယားဘူး” လို့။ အဲဒါကို မသိတဲ့လူတွေက “မိဘုယားရင် ကုပ်ကုပ်ရင်” စသဖြင့် ဖတ်တဲ့အခါ အတော် ရယ်ရပါတယ်။

အဲ… အခု ကိုယ်တိုင် ကုပ်နေရတော့ မရယ်ရတော့ဘူးပေါ့။ နည်းနည်းတော့ ဇိမ်ရှိပါတယ်။ ကာတွန်းရွှေမင်းသားရဲ့ ဆင်းရဲသား ဆုတောင်းလိုပေါ့။

“ဒီ ဝဲကြော်တွေ မပျောက်ပါစေနဲ့ ဘုရား။ တပည့်တော်မှာ ဇိမ်ခံစရာဆိုလို့ ဒီဝဲကြော်တွေလေးတွေပဲ ရှိတာပါ” ဆိုတာလေ။

ငါးရက်လောက် ဆေးရုံပေါ်မှာရောက်နေတုန်း ဒစ္စကာဗာရီကလာတဲ့ အစီအစဉ်တွေ ကြည့်လိုက်၊ စာအုပ်ကလေးလှန်လိုက်လှောလိုက်၊ ဟဲဖုန်းပေါ်မှာ အင်တာနက်ကလေး ကိုင်လိုက် လုပ်ရင် အချိန်ကုန်သွားတယ်။ ကိုယ့်ဘလော့ဂ်အပါအ၀င် မြန်မာဘလော့ဂ်တွေတော့ ဖတ်လို့မရခဲ့ဘူး။ ကိုယ့်ဘလော့ဂ်မှာ ကွန်မင့်တွေ ကောင်းနေတယ် သတင်းကြားပေမယ့် မဖတ်ခဲ့ရဘူး။ အခု ပြန်လာမှ အတိုးချပြီး ဖတ်ရတယ်။ လာရောက်ဖတ်ရှုကာ ကွန်မင့်ရေးသားကြသူများ၊ အားပေးကြသူများကို ကျေးဇူးတင်ပါတယ်။

ဆေးရုံက ဆေးခွင့်ကို ဒီလ ၂၈ ရက်နေ့အထိတောင် ပေးလိုက်တယ်။ ဒါပေမယ့် လူလည်း နေကောင်းနေပြီဆိုတော့ ဒီတပတ် အိမ်မှာ နားပြီးရင် နောက်တပတ်တော့ အလုပ်ပြန်စဖို့ စိတ်ကူးတယ်။ အလုပ်ကနေ နှစ်ပတ်တိတိ ကင်းကွာသွားတဲ့ သဘောပေါ့။

ဘလော့ဂ်ကတော့ ထုံးစံအတိုင်း ပြန်ရေးသွားမှာပါ။ တွေ့ကြဦးမယ်လေ…. ပျော်ပျော်ပါးပါးပေါ့။


30 comments:

Nay Nay Naing said...

ကျန်းမာလာပြီ သိရလို့  ၀မ်းသာပါတယ်။

Tin said...

Dear Ko Paw,

Glad to hear that , your back to future.

Take care.

Anonymous said...

ပျောက်နေပါတယ် မှတ်တာ ဆေးရုံတက်နေရတာကိုး။
ပြန်နေကောင်းသွားပြီဆိုလို့ ဝမ်းသာပါတယ်..။

အယား ကျန်သေးတယ်ဆိုလို့ အိမ်မှာ အစား သတိထား စားရမယ်ထင်တယ်နော်..။ ကျွန်မဆိုရင် ပုဇွန်၊ မှို စားရင် ယားချင်တဲ့ ရောဂါရှိတယ်..။

ဆေးရုံယူနီဖောင်းရောင်လေးက လှလှလေး... :D

ဆေးရုံက ခွင့်ပေးတာကလည်း နားဖို့ လိုအပ်နေလို့ ပေးတာဖြစ်မယ်ထင်တယ်..။ နေကောင်းပြီလို့ ကိုယ့်ဘာသာဆုံးဖြတ်ပြီး ရုံးပြန်သွားမလို့လား...ကိုပေါ..။


SDL

Anonymous said...

စိတ်ထဲပျောက်ချက်သားကောင်းလှချည်လား
မှတ်နေတာ.. ဆေးမတည့်တာ ယားနာဖုလောက်ပဲ ဖြစ်လို့တော်သေးတာပေါ့။ ကျမ အမတုန်းက မျက်နှာတခုလုံးနီရဲ ယောင်အန်းပြီးသတိလစ်မတတ်ဖြစ်တာ၊
ချက်ချင်းအရေးပေါ်ပြေးပြီး ဖြေဆေးထိုးရတယ်။ သာမန်အားဖြင့်တော့ ဒီက ဆရာဝန်တော်တော်များများ ဆေးမပေးခင် ဆေးမတည့်တာဘာရှိလဲလို့ အမြဲမေးလေ့ရှိကြပါတယ်။ လူနာကပဲမေ့ပြီး မပြောမိလို့လား၊ သူတို့ကပဲ မကျွမ်းကျွင်လို့လား မသိဘူးနော်၊ ကျမကတော့ဆရာဝန် ဆေးကုနေရင်းဖြစ်ဖြစ်၊ ဆေးစာရေးပေးနေတုန်း ဖြစ်ဖြစ် စကားအရမ်းပြောရင် လန့်တယ်။
ကိုယ်လဲစကားပြောရင်း အလုပ်လုပ်တဲ့အခါ တခါတလေ အယောင်ယောင်အမှားမှားဖြစ်တတ်လို့ပါ။
နေကောင်းလာပြီဆိုလို့ ၀မ်းသာပါတယ် ကိုပေါရေ။

ရွှန်းလဲ့ said...

ဖြစ်ရလေ ကိုပေါရယ်....
ဒါကြောင့်ပျောက်နေတယ်မှတ်တာ....
ကျန်းမာလာတာဝမ်းသာပါတယ်....
ဘလော့များများရေးနိုင်ပါစေ... :D

kay said...

ဝဲကလေး နဲ့ ဇိမ်သွားခံတာပေါ့..း) ကျန်းမာပါစေ လို့ ဆုတောင်းပေးရအောင်လဲ..ရောဂါ က.. မမည်.. ဘာပဲဖြစ်ဖြစ်..ကျန်းမာပါစေ..ကိုပေါရေး)

mg kyi poae said...

အဆိုးထဲက အကောင်းဆိုရင် အနားယူခွင့်ရသွားတယ်လို့ ပြောရမလိုဖြစ်နေပြီ။ မြန်မြန်ကျန်းမာရေးကောင်းပါစေခင်ဗျာ။

Anonymous said...

မှန်မှန်ပြောကိုပေါ... ဆေးမှားလို့ ၀ဲပေါက်တာလား ကိုယ့်ဖာသာညစ်ပတ်လို့
ပေါက်တာလား..မညာကြေးနော်:D

ငြိမ်းဝေ said...

ကိုပေါ..ဆေးရုံတက်ရတယ်ဆိုလို့ စိတ်ပူမိတယ်..
အခု ဆေးရုံကဆင်းရပြီဆိုလို့ ဝမ်းသာမိပါတယ်...
ကျန်းမာရေး ဂရုစိုက်ပါဗျာ..
ခင်မင်လေးစားစွာဖြင့်

Anonymous said...

ကိုပေါ
စာများများရေးနိုင်ပါစေ
ကျန်းမာပါစေ
အတိုက်အခိုက်ကင်းပါစေ

kz said...

ဆေးရုံတက်တယ်ဆိုလို့ ပိန်သွားမယ် မှတ်တာ..
အောရီချင်တယ် ပဲ ကိုး
း)
အဆင်ပြေပါစေဗျာ

Anonymous said...

take care ko paw.
waiting for new post:)

khin oo may said...

ကိုပေါပိန်သွားတယ။် ဂရုစိုက်။

တောင်ပေါ်သား said...

အကိုရေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ကျနော့်က ကိုပေါ ခရီးသွားနေတယ် ထင်တား)

လေးစားလျက်
တောင်ပေါ်သား

Rita said...

ပျောက်လို့ ပျောက်မှန်းတောင် မသိလိုက်ဘူး။ သူများတွေ ပျောက်တယ် ပြောမှပဲ ပျောက်မှန်းသိတော့တယ်။ post တွေ မတင်ပါလားလို့တော့ ထင်မိသား။

ဆေးရုံကို ကွန်ပျူတာတော့ ယူမသွားဘူး။

ကိုပေါ ပိန်သွားတယ်တဲ့။
မမ KOM တော်တော်နောက်တာပဲ။

Thant said...

ဟင်....ဆေးရုံတောင်တက်လိုက်ရတာလား...။ နေကောင်းလာပြီဆိုလို့ ဝမ်းသာပါတယ် ။
U should take a rest . Take care . :)

Andy Myint said...

ငှက်ပျောသီးသည် သလိပ်ကိုဖြစ်စေ၏၊ ယားယံခြင်းကို အားပေး၏ ဆိုလား.. မမှတ်မိပါဘူး။ ဆေးခွင့်လေးကတော့ အားရစရာပါပဲ.. ဘာပဲဖြစ်ဖြစ် သက်သာပါစေဗျာ။

စိမ်း... said...

သြော် ဒါကြောင့်ကို လာလာချောင်းတိုင်း မတွေ့တာ... ဖတ်ရတော့မယ်ပေါ့ အသစ်တွေ... :)

MrDBA said...

နားနားနေနေ နေပါဦးလေ ရတုန်းရခိုက်။

Lin said...

ဟား ဟား နာ့ တုန်းက လက်ပ်တော့ပါယူသွားတယ်
ဆေးရုံမှာနားအေးပါးအေးအင်တာနက်သုံးတယ်
ကျန်မားလာပြီဆိုလို့ ဝမ်းသာပါတယ် ပို့ စ်အသစ်တွေ
မျှော်နေမယ်

အောင်ကိုကိုထိုက် said...

ကိုပေါ ပျောက်နေတယ်မှတ်တယ်
ဆေးရုံမှာကိုး
ပြည်တွင်းမှာဆိုရင်တော့ ကန်စွန်းရွက်စားရတာပဲ
ဘာမီတုန်တွေပေးမယ် သောက်ပြီးအိပ်ရတာပဲ
မြန်မြန်မူလအခြေအနေပြန်ရောက်ပါစေဗျား

Nge Naing said...

ကိုပေါရေ
ဆေးရုံတက်တယ်ဆိုတာ သိတောင်မသိလိုက်ဘူး။ ပြန်သက်သာပြီး ခွင့်ရက်တွေ ရထားတယ်ဆိုလို့ ၀မ်းသာပါတယ်။ ကျွန်မလည်း မအားလို့ မရောက်ဖြစ်ခဲ့ဘူး။ အခုလည်း မအားသေးလို့ စာတွေနောက်မှ ဖတ်တော့မယ်။ ကိုပေါ ဆေးရုံတက်နေတဲ့ လူနာပုံက လူနာလို့တောင် မထင်ရဘူး။

Dr. Yi Yi Win said...

သြ..ဒါကြောင့် သူပျောက်ချက်သားကောင်းနေတာကိုး။
ဒါနဲ့ ဘာဆေးတွေများမတည့်လို့ allergy ဖြစ်ရာတာပါလိမ့်။ အဲဒါသတိထားဗျို့ ။ အဲဒီမတည့်တဲ့ဆေးကိုမှတ်ထားပြီး နောက်ဆိုရှောင်ရမယ် (ဆရာလုပ်သွားသည်)။

TMH said...

ပြန်နေကောင်းသွားပြီဆိုလို့ ဝမ်းသာပါတယ်..။

ဧပရယ်လ်ပူး@ပူးတေ said...

ကိုပေါ
ညီမလဲ Sulphur ပါတဲ့ ဆေးသောက်ရင် အဲလိုပဲ။ Sulphur နဲ့ မတည့်ဘူး။ နောက်တခါ ဆရာဝန်နဲ့ပြရင် ပြောဖို့မမေ့နဲ့ပေါ့။ ဆေးခန်းပြနေတုန်း ဆရာဝန်ကို ကြည့်နေရင်းနဲ့ အိမ်ရောက်ရင် သူ့အကြောင်း ဘလော့ထဲမှာရေးမယ်လို့ တွေးနေလို့ ပြောဖို့မေ့သွားတာနေမှာပေါ့။ :) ခင်လို့စတာပါ။ ကျန်းမာရေးကို ဂရုစိုက်နော်။

သက်ဝေ said...

ဟင်... ဆေးရုံတက်လိုက်ရတာလား...။
သိတာနောက်ကျလို့ အခုမှ လာသတင်းမေးရတယ်...
ဆောရီးပါနော်...
အခုတော့ နေကောင်းသွားပြီ ဟုတ်...
Take care...

Anonymous said...

kyan mar par say byar

KHIN ZIN MINN said...

KO PAW
during your absent , i think you was in trip.
Glad to hear that, you are well now. Take a rest...

ဧရာ said...

ကိုပေါရေ... ကျန်းမာလာတာ ၀မ်းသာပါတယ်။

မောင်မောင်မြင့် said...

ကိုပေါကျမ်းမာလာပြီးဆေးရုံကဆင်းလာပြီသတင်းကြားလို့အရမ်းဝမ်းသာမိပါတယ်။အသိနောက်ကျလို့လာမတွေ့ဖြစ်တာကိုခွင့်လွှတ်ပါ။နားနားနေနေ နေပြီးမှစာတွေ ဆက်ရေးပါ။ ကိုယ့်ကျမ်းမာရေးကအဓိဘဲမဟုတ်လား။ ကျမ်းမာမှအရာရာကိုဆောင်ရွက်နိုင်မည်။ ကျမ်းမာ ချမ်းသာပါစေ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs