“ဒေါ်အောင်ဆန်းစုကြည်၊ နအဖ နှင့် ရဟန်းမစားရသော ဆွမ်းတနပ်”

Share |
ဂျွန်ယက်တောကိစ္စကြီးတခုလုံးကို ပြန်ပြောင်းစဉ်းစားသုံးသပ်ကြည့်ရင် ဦးသုခ ရိုက်ကူးတင်ဆက်ခဲ့တဲ့ “ရဟန်းမစားရသော ဆွမ်းတနပ်” ဆိုတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းကို သတိမရဘဲ မနေနိုင်အောင်ပါဘဲ။

အဲဒီဇာတ်လမ်းကို အရင်က မြန်မာ့ရုပ်မြင်သံကြားကနေ အကြိမ်ကြိမ် ပြသတတ်တဲ့အတွက် စာဖတ်သူတို့လည်း ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ အဲဒီဇာတ်လမ်းမှာ ကျောက်သွေးဆရာနဲ့ သူ့ဇနီးတို့ အိမ်ကို ရဟန်းဆွမ်းခံဝင်တဲ့ ဇာတ်ကွက်က ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ပါ။

ရဟန်းက အိမ်ရှေ့ခန်းမှာ တပါးတည်း ဆွမ်းအလာကို ထိုင်စောင့်နေတုန်း သားသမီးမထွန်းကားတဲ့ ကျောက်သွေးဆရာရဲ့ အိမ်မှာ မွေးမြူထားတဲ့ ကြိုးကြာကြီးက ကလပ်ပေါ်မှာ တင်ထားတဲ့ ပတ္တမြားကြီးကို အစာမှတ်ပြီး မျိုချလိုက်တယ်။ အဲဒီအဖြစ်အပျက်ကို ရဟန်းက မြင်လိုက်တယ်။ ပညာရှိတဲ့ ရဟန်းဆိုတော့ ရှေ့ရေးကို ကြိုမြင်ပြီး အနည်းငယ် တုန်လှုပ်သွားဟန်ရှိတာကိုလည်း ဒါရိုက်တာက မိမိရရ ပြလိုက်သေးတယ်။

တကယ်တော့ အဲဒီပတ္တမြားကြီးဟာ ဘုရင်က ကျောက်သွေးဆရာဆီမှာ ယုံကြည်လို့ အပ်ထားတဲ့ ပတ္တမြားကြီး။ ခဏနေတော့ ကျောက်သွေးဆရာနဲ့ ဇနီးဟာ ဧည့်ခန်းထဲကို ပြန်ရောက်လာတယ်။ ကလပ်ပေါ်မှာ တင်ထားခဲ့တဲ့ ပတ္တမြားကြီးကို မတွေ့ရတော့ သူ့ဇနီး တောင်းပန်တိုးလျှိုးနေတဲ့ကြားက ကျောက်သွေးဆရာက ရဟန်းကို သူခိုးလို့ စွတ်စွဲတယ်။ ရိုက်မောင်းပုတ်မောင်းလုပ်ပြီး မေးတယ်။ “ဒီအခန်းထဲမှာ နင်ကလွဲလို့ ဘယ်သူမှ မရှိဘူး။ နင်ယူသလား၊ ဘယ်မှာ ၀ှက်ထားသလဲ”…. ပေါ့။ ရဟန်းမှာလည်း ဦးခေါင်းမှာ အရိုက်ခံရတဲ့ ဒဏ်ကြောင့် သွေးတွေ စီးကျနေတာပေါ့။

ရဟန်းဟာ ကြိုးကြာ မျိုချလိုက်တာကို မြင်ပေမယ့် ဒါကို ထုတ်ဖော်ပြောကြားလိုက်ရင် သတ္တ၀ါရဲ့ အသက်ကို ဥပါဒ်ဖြစ်စေမှာသိတော့ သူ့ကျင့်ဝတ် (၀ိနည်း) နဲ့အညီ ကြိုးကြာ မျိုချလိုက်ပါတယ်လို့ ဖွင့်မပြောဘူး။ သူမယူပါဘူး ဆိုတာကိုသာ ထပ်ဖန်တလဲလဲ ပြောရှာတယ်။ အဲဒီမှာ ကျောက်သွေးဆရာက ဒေါသပိုထွက်လာပြီး ရိုက်ရင်းပုတ်ရင်း ဆွဲရင်းလွဲရင်းနဲ့ ကြားထဲက ကြိုးကြာကို မတော်တဆ ရိုက်မိသွားပြီး ကြိုးကြာသေသွားတယ်။

ကြိုးကြာသေသွားပြီ ဆိုတာကို သိရတဲ့ အခါကျမှ ရဟန်းက “ပတ္တမြားကို ရဟန်းမယူပါဘူး။ ကြိုးကြာကို ခွဲစိတ်ပြီးတော့ ရှာကြည့်ပါ။” လို့ ပြောတယ်။ ပြောတဲ့အတိုင်းရှာကြည့်တော့ ပတ္တမြားကိုတွေ့တယ်။ အဲဒီတော့မှ ကျောက်သွေးဆရာက သူအမှားကြီးမှားလေပြီ… ဆိုပြီး နောင်တရပါတယ်။ ဒါပေမယ့် ကျနော်အမှတ်မမှားဘူးဆိုရင် သူ့အကုသိုလ်ကံကြောင့် ကျောက်သွေးဆရာဟာ သေတဲ့အခါ ငရဲမှာ ခံစားရတယ်။

အခု ဂျွန်ယက်တော ကိစ္စကြီး တခုလုံးမှာလည်း အဲဒီ “ရဟန်းမစားရသော ဆွမ်းတနပ်” ဇာတ်လမ်းထဲက အဖြစ်အပျက်တွေနဲ့ ထပ်တူနီးပါးမျှ တူတဲ့ အချက်တွေကို တွေ့ရတယ်။

ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ဟာ…. သူမရဲ့ Principle (ကိုယ့်ကျင့်စည်းကမ်း) အရ သူတပါး ဒုက္ခရောက်မှာ မလိုလားတဲ့အတွက် ယက်တောဝင်လာတာကို သိပေမယ့် လုံခြုံရေးလက်ကို တန်းထည့်လိုက်တာမျိုး သူမ မလုပ်ခဲ့ဘူး။ ရဟန်းက ကြိုးကြာ ပတ္တမြားမျိုချလိုက်တာကို မြင်လျက်နဲ့ မပြောပြခဲ့သလိုပဲ။

တခါ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် စွတ်စွဲပြီး ထောင်ဒဏ်ချတာ၊ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတာတွေဟာလည်း ရဟန်းကို ရိုက်မောင်းပုတ်မောင်းလုပ်ပြီး အတင်းအဓမ္မ စွတ်စွဲခဲ့တဲ့ ကျောက်သွေးဆရာရဲ့ လုပ်ရပ်နဲ့ တထေရာတည်း တူပေတယ်။

အဲ… ဒီဇာတ်လမ်းမှာ ဘန်ကီမွန်းကတော့ ပန်းတိမ်ဆရာရဲ့ ဇနီး နေရာက သရုပ်ဆောင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။။ သူ့ခမြာ.. “မလုပ်ပါနဲ့ မောင်မောင်ရယ်… ငရဲကြီးလိမ့်မယ်” လောက်ပဲ ပြောနိုင်ရှာတာမို့ပါ။

ဦးသုခရဲ့ ဇာတ်လမ်းထဲမှာ ရဟန်းဟာ နောက်ဆိုရင် ဆွမ်းခံကြွလို့ရှိရင် အိမ်ထဲအထိ မကြွတော့ပဲ ခြံဝကသာ ဆွမ်းခံရပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာ ပါပါတယ်။ ဒါဟာ နောင်အနာဂတ်မှာ အလားတူအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားအောင် ကာကွယ်တဲ့သဘောဖြစ်တယ်။ အမြော်အမြင်ရှိတဲ့လုပ်ရပ်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုဆိုရင် သူမရဲ့ နေအိမ်ကို လူစိမ်းတွေ စည်းကမ်းမဲ့ ၀င်ရောက်ခြင်းကနေ ကာကွယ်နိုင်ဖို့ ဗိသုကာနဲ့ တိုင်ပင်ပြီး အိမ်ပြင်ဖို့လုပ်နေပါတယ်။ အမြော်အမြင်ရှိတဲ့လုပ်ရပ်ပါ။

ကျောက်သွေးဆရာနဲ့ နအဖရဲ့ ကွာခြားချက်ကတော့ ကျောက်သွေးဆရာက သူ့အမှားကို သိတဲ့အခါ နောင်တရသွားပေမယ့် ပြည်သူ့ချဉ်ဖတ် နအဖကတော့ အမှားကို မှားမှန်းသိသိကြီးနဲ့ နောင်တမရဘဲ ဆက်လုပ်နေတာမျိုးကလား။

ဘာပဲဖြစ်ဖြစ်… ကျနော်ကတော့ ဦးသုခ ဇာတ်လမ်းထဲမှာပါတဲ့ ကျောက်သွေးဆရာ ငရဲကျတယ်ဆိုတဲ့ ဇာတ်သိမ်းလေးကို သတိရနေမိပါတော့တယ်။

57 comments:

ကြည် said...

ဥပမာကလည်း ကွက်ကွက်ကွင်းကွင်း ပါပဲလားကိုပေါရယ်။

ဂျစ်တူး ( မုံရွာ ) said...

မိုက်တယ်ဗျာ

Mg Ng said...

န.အ.ဖ နဲ့  ကျောက်သွေးဆရာ လုံးဝမတူတဲ့အချက်ကတော့ ကျောက်သွေးဆရာက မသိပဲ စွပ်စွဲတာ.. န.အ.ဖ ကတော့ တမင် ထောက်ချောက်စဉ် ဖမ်းတာ..

ကိုအောင် said...

မြန်မာပြည်က စစ်ခေါင်းဆောင်တွေက ဘာ ဘာသာမှ
မကိုးကွယ်ဘူးဗျ၊ ကျနော့် အမြင်တော့ သူတို့က သူတို့အာဏာ တည်မြဲရေး အတွက် ဘာသာရေးကို ခုတုံးလုပ်ကြတာ။

ရွှန်းလဲ့ said...

ပာုတ်တယ် ဦး ပေါပြောတာမှန်တယ်....
ဘုရားကနေပေမယ့် ငရဲကတော့မနေဘူးဆိုတာလေ သူတို့ နဲ့ အကိုက်ပဲ...

ko said...

အင်း..မောင်ပေါတို့များ..

မြန်မာ့အလင်းမှာ..အယ်ဒီတာမဖြစ်ခဲ့တာပဲ..
ကျေးဇူးတင်နေရတယ်..:)

အောင်ကိုကိုထိုက် said...

ငါမှားပါပေါ့လားလို့ အသံနက်ကြီးနဲ့
အော်သံကြားယောင်နေတယ် ဗျို့

Anonymous said...

ခင်ဗျားသာ ဗုဓဘာသာဝင်တစ်ယောက်ဆိုရင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရဟန်းနဲ့နှိုင်းပြတာဟာ
ကောင်းတယ်မကောင်းဘူး
သင့်တယ်မသင့်ဘူးဆိုတာ
ခင်ဗျားစဉ်းစားတက်မှာပါ

ကိုပေါ said...

Anonymous (September 4, 2009 11:44 AM )

အမည်မသိရေ…. ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်နဲ့ ရဟန်းရဲ့ လုပ်ရပ်ကို ဘာကြောင့်မနှိုင်းယှဉ်သင့်သလဲဆိုတာကို မိတ်ဆွေကပဲ ဗုဒ္ဓဘာသာ ရှုထောင့်ကနေ ရှင်းပြပါဦးဗျာ။း-)

Anonymous said...

good idea.

KHIN ZIN MINN said...

ko paw
Ha Ha , i prefefr your reply comment for anonymous.
By the way , just to tell you that, i always read your post and congradulation about all your articles.

ဧရာ said...

ကိုပေါရေ ... ဥပမာလေး ကောင်းပါတယ်။

Anonymous said...

ကိုပောရေ
ဒော်စုမရှိတုန်း အိမ်မှာ အသံဖမ်းစက်၊ ကင်မရာ စတာတွေခိုးထည့်ထားနိုင်ပာတယ်။ ခုခေတ် အဲဒီပစဿစည်းတွေကလည်း သေးသေးလေးတွေနဲ့ ကျွမ်းကျင်သူတွေနဲ့ရှာမှ တွေ့နိုင်ပာတယ်။ သက်ဆိုင်သူတွေ ဒီကိစဿစကို သတိထားသင့်ပာတယ်။
ဇော်ထွန်း

Anonymous said...

Anonymous said...
September 4, 2009 11:44 AM

i accept that one.
ko paw your post good but
you thinking before you writing.

သတိ said...

အားလုံးသတိ

အင်း.. နေရာတကာကြီး လိုက်ငြင်းခုန်နေတာမျိုးကို မလုပ်ချင်တာရော.. တခြား ကိုပေါအမြင်လေးတွေဟာ ကျွန်တော်သဘောမကျရင်တောင် ဘလိုင်းကြီးပြောထားတာမျိုး မဟုတ်တာရောနဲ့ ခပ်ငြိမ်ငြိမ်ပဲနေနေရာက ခုတော့ ကလိကလိ ပြောချင်လာရောဗျ.. ဟားဟား..

မျက်ကန်းယုံကြည်လေးစားကိုးကွယ်စိတ်နဲ့ ဒေါ်စုနဲ့ပက်သက်လာရင် ကိုပေါဟာ တ၇ားလွန် စွတ်တင်တတ်တာ များတယ်လို့ သတိထားမိတယ်.. ဒေါ်စုကိုယ်စားတောင် သူ့ကို ဒီလိုလေးစားသူတစ်ယောက် ရှိနေတာ ဂုဏ်ယူမိပါသေးသဗျာ..

ဒီနေရာမှာ မောင်သတိမြင်တာကတော့ ဒေါ်စုဟာ ကြိုးကြာကြီး ပတ္တမြားမျိုချတာကို ချောချောမောမော ၀င်သွားအောင် နင်မနေ တစ်မနေအောင် ရေတိုက်ခဲ့လို့ သူခိုးအားပေး ဖြစ်သွားတာပါဗျာ.. ကိုပေါပြောခဲ့တဲ့ သူ့ရဲ့ ကိုယ်ကျင့်စည်းကမ်း ဆိုတာဟာ ဥပဒေချိုးဖောက်လဲ ဖုံးပေးမှာပဲ ဖိပေးမှာပဲဆိုတဲ့ ကျင့်ဝတ်ကြီး ဖြစ်နေတာတော့ ဆိုးတဲ့အချက်ပေါ့ဗျာ..

ဒီနေရာမှာ မောင်သတိကတော့ အဲလိုဖုံးဖိပေးတာဟာ နိုင်ငံခြားသား ဖြစ်နေလို့ပဲ ဆိုပီးတောင် စွပ်စွဲချင်ပါတယ်.. ဘာကြောင့်လဲဆိုတော့ ကိုပေါတို့ဖတ်ရမှာပါ.. ”ကျွန်မသည် ကျူးကျော်ဝင်ရောက်သော သူကိုဖြစ်စေ၊ ယင်းသို့ ကျူးကျော်ဝင်ရောက်လာခြင်းမျိုးကို တားဆီးရန် တာဝန်ရှိသူများကိုဖြစ်စေ၊ ဒုက္ခရောက်စေမည့် အကျိုးဆက် မဖြစ်စေလိုသော ရန်ငြှိုးကင်းမဲ့သော စိတ်ထားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်”.. သိပ်နားထောင်ကောင်းတဲ့ စကားလေးပေါ့ဗျာ.. ဒါပေမဲ့ မောင်သတိဟာ ရှေ့မှာ ”ကျူးကျော်ဝင်ရောက်မှူ ကိစ္စနှင့်စပ်လျဉ်း၍ လစဉ် ဆေးစစ်ရန် (၇-၅-၂၀၀၉) နေ့တွင် ဒေါက်တာ တင်မျိုးဝင်း လာသောအခါ ၄င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ပါသည်။” ဆိုတဲ့ လျောက်လဲချက်ကြီးကိုလည်း ဖတ်ထားမိတယ်ဗျာ..

ဒီတော့ ဒီအမျိုးသမီးကြီးဟာ တစ်ခုခုကို ဟန်လုပ် ပြောနေပီဗျ.. ဒေါက်တာတင်မျိုးဝင်းကို အကြောင်းကြားမယ်ဆိုတာ မှန်ရင် ဒုက္ခမရောက်စေချင်လို့ ဖုံးဖိပေးတာပါဆိုတဲ့ ဆင်ခြေဟာ ကိုယ့်ဘာသာ မေတ္တာရှင်ပုံစံ ဖမ်းချင်လို့ ပြောတာပဲ.. အဲဒီမှာတောင် သူအကြောင်းကြားချိန် အမေရိကန် ငတိလွတ်ပီး ကဲ.. လုံခြုံရေးတွေ တလှီကြီး ဒုက္ခလှလှတွေ့ကြပေတော့ဟေ့ ဆိုတဲ့ စိတ်ကို မြင်ရမှာပါ.. ဒီတော့ အဓိကကာကွယ်သွားချင်တာက အမေရိကန်ငတိကိုပဲလို့ မောင်သတိမြင်ပါတယ်.. ဒေါ်စုဟာ တည်ကြည်ခိုင်မာတဲ့ လူတစ်ယောက် အနေနဲ့ လုပ်ကိုလုပ်ရမဲ့ အလုပ်ကို မလုပ်ခဲ့သလို အဲဒါရဲ့အကျိုးဆက် ပေါ်ပေါက်လာတဲ့ အဖြစ်တွေမှာလဲ ရှေ့တမျိုး နောက်တမျိုးနဲ့ ကမောက်ကမ ပြောသွားခဲ့တယ်ဆိုတာ ရှင်းပါတယ်..

ဒီတော့ကိုပေါရေ.. ယုံကြည်လေးစားလို့ရပါတယ်.. လေးစားထိုက်လို့ လေးစားတာမျိုး မဟုတ်ပဲ လေးစားချင်လို့ကို အစဖော်အတင်းရှာဖွေ လေးစားချင်လဲရပါရဲ့.. ဒါပေမဲ့.. သိပ်တော့မလွတ်သွားစေနဲ့ဗျ.. ဟားဟား.. ခုလိုပြောပေမဲ့ မောင်သတိလေးစားသူတွေထဲမှာ ဒေါ်စုပါပါတယ်.. (ဟီးဟီး.. ၀ိုင်းတီးမှာဆိုးလို့ ပြန်ဖြည်တာ..) ဒါပေမဲ့ ဘာလုပ်လုပ် (နိုင်ငံခြားသား ယောက်ျားရှိနေတာကစလို့ ခုလိုအဖြစ်မျိုးထိ) မှန်လိုက်တာ ကောင်းလိုက်တာဆိုတာမျိုး တော့ မဟုတ်ဘူးဗျ.. စင်းလုံးခြောဆိုတာ ဘယ်သူမှမရှိပါဘူး.. လေးစားစရာ ကောင်းတဲ့ လုပ်ရပ်တွေရှိတယ်.. ဒါပေမဲ့ အမှားတွေဟာ အမှားပဲ.. ကိုယ်လေးစားလိုက်တာဆိုပီး အဲဒီအမှားတွေကို အမှန်ဖြစ်အောင် အတင်းယုံကြည်ပစ်လိုက်ဖို့ အထိတော့ မောင်သတိအဆင့်မမီသေးဘူး ထင်ပါရဲ့ဗျာ..


အားလုံးသက်သာပါဗျာ
မောင်သတိ

Mg Ng said...

မောင်သတိကြီးကို ဒေါ်စုကိုစီရင်ချက်ချပြီးကတဲက စောင့်နေတာ.. ခင်ဗျားပြောတော့ ဒေါ်စုကို တရားသူကြီးက စီရင်ချက်ချမှာဆိုဗျ.. အခုတော့ ဗြောင်ပဲ.. မင်းတရားကြီးက အမိန့် တော်ပါးလိုက်သည်.. ပုံစံမျိုး မျက်နှာလိုမျက်နှာရ တရားစီရင်ရေးမှာဗြောင်လုပ်သွားလားဗျို့ .. ရှင်းပါဦး.. ကျော်ဆန်းရဲ့ သဘောထားအမှန် အဲ.. တပ်မတော်ရဲ့ သဘောထားအမှန်လေး .. ကြောက်လို့ ပုန်းနေတာတော့ မဟုတ်ပါဘူးနော်..

အောင်ဆန်း said...

အင်း သတိ သတိ
လူလိမဿမာ သတိဖြစ်ခဲလို့ပဲဆိုမလားမသိဘူး။ ဒီအမျိုးသမီးကို သတိလေးစားပါတယ် မလေးစားဘူးမဟုတ်ပါဘူး ပြောနေရင်းကနေ။ ဒီအမျိုးသမီးကြီးအပြစ်ရှိကိုရှိပါတယ် ကြံဖန်ဆီလိုအပေါက်ရှာနေချင်တဲ့ ကိုယ့်လူရဲ့အဖြစ်ကလဲတယ်မလွယ်ပါလား။
အကြိမ်ကြိမ်အခါခါပြန်လှန်ပြောနေပြီးသားဖြစ်နေလို့ ကျုပ်လဲ အထူးတလည်အများကြီးပြန်မပြောချင်တော့ဘူး။ ပြောလဲ ကိုယ့်လူလိုလူအတွက် ဒီဖက်နားကဝင် ဟိုဖက်နားက ရွှတ်ခနဲထွက်သွားပြန်အုံးမှာမို့လို့ပဲ။ ဒှေါစုနဲ့အတိုက်အခံတွေကိုအပြစ်တင်အပုတ်ချဖို့ဆိုရင် ဥပဒေဆိုတဲ့ နအဖနည်းတူ တွင်တွင်သုံးလွန်းလှတဲ့ ကိုယ့်လူကိုတခုလေးအမြည်းအနေနဲ့ မေးချင်တယ်။ အခု ဒှေါစုကိုဆက်လက်ချုပ်ထားတာ ဥပဒေအာဏာလား၊ ဘယ်ကမှန်းမသိတဲ့အုပ်ချုပ်ရေးအာဏာလားအရင်းမေးချင်တယ်။
နောက်တစ်ခုက ဒှေါစုကိုစွဲထားတဲ့ပုဒ်မနဲ့စွဲချက်တွေဟာ အခြေခံဥပဒေရေးရာဆိုင်ရာ ပြသနာများရှိနေသှောလည်း ထိုမူလပဓာနအ ဥပဒေရေးရာအခြေခံများမညီညွတ်မှုကို အရင်မရှင်းပဲ၊ လတ်တလောအမှုကို လက်ရှိရဲထွက်ချက်၊ ဆွဲချထွက်ချက်များကိုပဲ အခြေခံပီး အမိန့်ချသွားတယ်ဆိုတာ ဒှေါစုရဲ့ကိုယ်တိုင်ထွက်ဆိုချက်ကို ဖတ်ထားတယ်ဆိုတဲ့ မောင် သတိ သိမယ်လို့ထင်ပါတယ်။ ထိုကဲ့သို့ မူလအခြေခံပြသနာများကို ရှိစေတော့ လို့ ကျှောလွှားပြီး အပြစ်ရှိကြောင်း စီရင်ချက်ချပြီးနောက်မှာတောင် အုပ်ချုပ်ရေးရာ အာဏာအရ ပြစ်ဒဏ်များကိုကြိုက်သလိုစီရင်ခွင့်ရှိနေတဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့ လုပ်ပိုင်ခွင့် ဆိုတာကို မောင်ရင် ဘာပြောချင်သေးလဲ။ အရင်တခါလဲကျုပ်ပြောဖူးပါတယ်။ ဥပဒေဆိုတာ အစိုးရအဖွဲ့ကိုဆန့်ကျင်နေသူများကို နှိပ်ကွပ်ဖို့လက်နက်မဖြစ်သင့်ဘူး။ တိုင်းပြည်ကို ဥပေဒေအောက်မှာ တပြေးညီထားဖို့ပဲဖြစ်တယ်ဆိုတာ။
မောင်ရင်က ဥပဒေချိုးဖောက်ပီးဝင်လာသူကို လက်ခံထားတာ အပြစ်ဖြစ်တယ်။ ဒေါက်တာတင်မျိုးဝင်းလာရင်သတင်းပို့ခိုင်းမှာပါလို့ ဆိုတာကို ရှေ့နောက်မညီဘူး ဟန်လုပ်တယ်လို့မြင်တယ်။ ကိုယ့်လူလဲ သိပီးသားပါပဲ အရင်တစ်ခေါက်ဝင်လာတဲ့အကြောင်းကိုလဲ လုံခြုံရေးအဖွဲ့ကိုအကြောင်းကြားထားတာ ဟန်လုပ်ထားတာလား။ အဲဒီတုံးက အကြောင်းကြားထားတာကိုဟန်လုပ်အကြောင်းကြားတယ်ထင်ရင် မောင်ရင်တို့ရဲချုပ်ကိုအရင်သွားမေးလိုက်ပါကွယ်။ ဒှေါအောင်ဆန်းစုကြည်အနေနဲ့ သူ့အိမ်ကိုလူဝင်ပါတယ် မဝင်အောင်လုံခြုံရေး သတိထားပေးပါလို့ပြောရင် လုံလောက်ပါတယ် ကိုယ့်လူ။ ဝင်လာတဲ့ သူကို သူကိုယ်တိုင်ဂုတ်ဆွဲဖမ်းပေးစရာ သူ့ကိုကန့်သတ်ထားပါတယ်ဆိုတဲ့ ဥပဒေများအရကို မလိုအပ်ကြောင်း သူ့ကိုကန့်သတ်ထားတဲ့အမိန့်ပုဒ်မများကိုသေချာနားလည်သူတိုင်းနားလည်တယ်ကိုယ့်လူ။ ကိုယ့်လူတို့ အမြင်တွေ သိပ်နိမ့်လွန်းနေတယ်ဆိုတာ တခါလာလဲ နိုင်ငံခြားသားကိုလက်ထပ်ထားတယ်ဆိုတာကိုဆွဲပြောနေတာကိုက သက်သေပြနေတယ်။ ကိုရင်သိထားဖို့က မိုက်ကယ်အဲရစ်ဟာ မြန်မာ အမျိုးသားတစ်ယောက်တောင် ထားဖို့မလွယ်တဲ့ သဘောထားကြီးနားလည်တဲ့စိတ်ရှိတယ်။ မြန်မာဗုဒဿဓဘာသာတောင်မှ နားမလည်တဲ့ ဘာသာရေးဆိုင်ရာသမိုင်းတွေကိုနားလည်သူဖြစ်တယ်။ မြန်မာလူမျိုးမှာတောင် ရှားပါးလှတဲ့ ယုံကြည်ချက်အတွက် ကိုယ်ကျိုးစွန့်ပေး၊ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ လေးစားထိုက်လို့ လေးစားရသူကို ကြံဖန်လေးစားစရာလဲမလိုတဲ့အတွက် မောင်ရင်ပြောသလို ကြံဖန်အကောင်းမြင်တွေးပေးစရာမလိုတာတော့ အမှန်တရားပဲ။ မောင်ရင်လာစွပ်စွဲနေတဲ့ မျက်ကန်းယုံကြည်လေးစားစိတ်ဆိုတာ ကို ကိုယ်တိုင်ကျကျ နန နားလည်အောင်အရင်လုပ်ပီးမှ လာပြောပါလို့ တိုက်တွန်းချင်တယ်ကိုယ့်လူရေ။

Funny said...

မောင်သတိအတွက် အပျင်းပြေလေး
တိုက်ဆိုင်လို့ ပါ..
http://irrawaddy.org/bur/index.php?option=com_content&view=article&id=1635:2009-08-17-10-31-07&catid=7:cartoon&Itemid=4

:-) said...

ကိုအောင်ဆန်းရေ..

ကောင်းလှချည်လား..ဒေါင်းမြကြည်ရဲ့ လို့သာ
ပြောလိုက်ပါရဲ့..

သတိ said...

http://padaukmyay.blogspot.com/2009/05/blog-post_4976.html

http://mizzimaburmese.com/edop/songpa/3744-2009-09-07-11-51-03.html

အားလုံးသတိ

ဟားဟား..ဆီလိုအပေါက်ရှာစရာမလိုသလို လေးစားတာနဲ့ပဲ အပြစ်မဟုတ်ပါဘူးလို့လဲ ပြောနေမှာမဟုတ်ပါဘူး.. အပြစ်ဟာ ရှိကိုရှိနေတာပါ..

တရားဥပဒေ နားလည်သူတိုင်း တည်ဆဲဥပဒေနဲ့ အခြေခံဥပဒေကွာတာကို သိကြပါတယ်ဗျာ.. အရှည်ရေးရင် လက်ညောင်းလို့ ဖတ်ကြည်ဖို့ လင့်လေးတွေပေးလိုက်ပါတယ်.. တကယ်တော့ သတင်းစာက လျှောက်လွဲချက်တွေ ပြမလို့ပဲ.. soft copy ရှာမတွေ့ဘူး ဖြစ်နေတယ်ဗျာ..

ဒါကြောင့်လည်း ဒေါ်စုဟာ အစပိုင်းမှာ ပြိုကျပျက်စီးသွားပီးဖြစ်သည် ဘာညာကွိကွ အပိုင်ပြောခဲ့သလောက် အလည်မှာ ဖွဲ့စည်းပုံ ရှုပ်ထွေးမှုဘာညာနဲ့ လျောချပီး နောက်ဆုံးကျတော့ ထုံးနည်းမကျပဲ ရှိမရှိပြသနာ ပေါ်ပေါက်ရတာပေါ့ ဆိုတဲ့ထိ လေသံလျော့ချသွားတာ မြင်ရမှာပါ..

ဒီအချက်တွေဟာ သတင်းစာမှာ ပါတယ်ဆိုလို့ ကိုပေါလိုတော့ မှားလိုက်တာဆိုပီး ဘာမသိညာမသိ စွတ်မတင်နဲ့ဦး.. တကယ့်ကို အတည်တကျ ပြဌာန်းထားတာဖြစ်သလို အင်္ဂလိပ်ဥပဒေကနေ ပွားယူထားတဲ့ ဥပဒေလည်း ဖြစ်ပါရဲ့.. ဒါကြောင့် ဒေါ်စုက ငန်းကြီးကို နင်မနေအောင်ရေတိုက်.. ဟဲ့ နင့်အဘမလာခင် မြန်မြန်ဝင်အောင် မြိုဟလို့ အားပေးအားမြှောက် ပြုမှုကို တားမြစ်ချက်တွေ ချိုးဖောက်မှုနဲ့ တရားစွဲတယ်.. အဲဒီတည်ဆဲဥပဒေဟာလည်း တရားဥပဒေအရ တကယ်ကို အတည်ဖြစ်နေဆဲ ဖြစ်တယ်.. သက်သေအထောက်အထားဟာ လုံးဝခိုင်မာထင်ရှားသလို တရားခံကိုယ်တိုင်ကလည်း သူလက်ခံခဲ့ပါတယ်ဆိုတာကို ၀န်ခံထားတယ်..

ရှင်းတယ်.. သေလုအောင် လွှတ်ချင်ဦးတော့ တရားရုံးဟာ ဒါကိုသွားလွှတ်ပေးလို့ မရပါဘူး.. စိတ်ရှိတိုင်းသာ လွှတ်လို့ရရင် ဒေါ်စုကို ဘယ်တရားသူကြီးမှ အမုန်းခံ ချချင်မှာမဟုတ်ဘူး..

နောက်တစ်ခု.. လွတ်ငြိမ်းချမ်းသာခွင့်တို့.. ပြစ်ဒဏ်လျော့ပေါ့တာတို့.. ကြားဖူးကြမှာပါ.. မြန်မာနိုင်ငံမှာလဲ မကြာခဏသုံးသလို ကမ္ဘာမှာ ဟိုနေရာ ဒီနေရာ ကြားနေရတာပါပဲ.. ဒါဟာအစိုးရအဖွဲ့ရဲ့ ကျင့်သုံးပိုင်ခွင့်ရှိတဲ့ အာဏာပါ.. ဒါကြောင့်လဲ အတိုက်အခံတွေ နိုင်ငံရေးသမားတွေ လွှတ်ပါ လွှတ်ပါနဲ့ အော်နေတာပေါ့.. အစိုးရမှာ အဲဒီကျင့်သုံးခွင့်မရှိရင် ဘယ်အော်လို့ရမလဲလေဗျာ..

ဒါပေမဲ့ အစိုးရအဖွဲ့ဟာ တရားသူကြီးကို ဘယ်လို စီရင်ချက်ချပါ.. လွှတ်ပါ သွားလုပ်လို့မရဘူး.. လုပ်ရင်အဲဒါဖောင်းပဲ.. ဒါကြောင့် တရားသူကြီး တရားဥပဒေအတိုင်း စီရင်.. အဲဒီပြစ်ဒဏ်ကိုမှ လျော့ပေါ့တာတို့ လွှတ်တာတို့ လုပ်ပေါ့ဗျာ.. ဒါကြောင့်လဲ ဦးသန်းရွှေကြီးရဲ့ ဂရုဏာတော်ဆိုပီး ပေါ်လာလေသတည်းပေါ့လေ.. ဟားဟား.. လေတယ်ဗျာ.. တရားသူကြီးတောင် ထိုင်ခုံကထရသေးရဲ့လား မသိဘူး.. တကယ်ဆို သုံးလေးရက်လောက် အိုက်တင်ခံပီးမှ ထုတ်တယ်ဆို တော်သေး.. အင်း.. အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆိုတော့လည်း တော်ကြာ မဆလာသုံးရက်လောက် သယ်နေရမှာကို သနားတယ် နေမှာပေါ့ဗျာ.. တကယ်တော့ ဆူကုန်မှာကို ကြောက်တာဖြစ်မယ်.. ဟီးဟီး..

ပီးတော့.. နောက်တစ်ခုက ဒေါက်တာတင်မျိုးဝင်းနဲ့ အကြောင်းကြားမယ်ဆိုရင် မထိခိုက်စေချင်လို့ပါ ဘာညာကွိကွဆင်ခြေဟာ တမင်ပဏာယူတာပဲ.. တကယ်လို့ အဲဒါမှန်မယ်ဆိုရင် အကြောင်းကြားမယ်ဆိုတာ မဟုတ်ဘူး.. ဒေါ်စုဟာ နိုင်ငံရေးသမား ပီသလာပီဗျ.. စကားကိုလိုသလို လှီးလွှဲ လှအောင် ပြောတတ်လာတယ်..

ကဲ..နောက်ဆုံးဗျာ.. ကျွန်တော်ဟာ ဒေါ်စုကြီး နိုင်ငံခြားသားနဲ့ ယူရလေခြင်းဆိုပီး ပိုနှမြောမိပေမဲ့ အဲဒါကြီးဖိကြိတ်နှိပ်နင်းပီး ဘယ်တော့မှမငြင်းဘူးဗျ.. ခုဒီမှာပြောမိသွားတာကလဲ ဟိုတခါကိုပေါက စောင့်လေမျိုးနွယ်ဆိုလားမသိဗျာ ခေါင်းစဉ်တပ်ပီး အဲဒါကို အဓိပ္ဗါယ်ကြီး အတင်းလွှဲပီး စွတ်တင်သွားတာ သတိရမိလို့ မျက်စိမှိတ် မလေးစားဖို့ ထည့်ပြောမိတာပါ.. (ကိုပေါရေ.. မောင်သတိဟာ အကို့ဘလော့ရဲ့ အမာခံပရိတ်သတ်ဆိုတာ ယုံပီမဟုတ်လား.. ဟားဟာ..) ကျွန်တော့်ခံယူချက်က လူတစ်ယောက်ကို လေးစားတာလောက်နဲ့ အမှားအမှန်တောင် မခွဲခြားတော့ပဲ သူလုပ်ရင်အားလုံးမှန်.. အဲဒါမှ နမူနာဟနဲ့ ရှိပီးသား အမှန်တရားတွေကိုတောင် အဲဒီလူနဲ့ အတင်းစပ်ဟပ်အောင် ဆွဲစိပီး ကိုယ့်စိတ်ကို ကိုယ်လှည့်စားတာမျိုးတော့ စိတ်လေမိပါတယ်..

ဒီနေရာမှာ တစ်ခါရေးမိရင် အရှည်ကြီး ဆက်ပီး ရေးရေးနေရတာတော့ မလွယ်ဘူးဗျ.. အလုပ်ကနေ ရေးတာဆိုတော့ တော်ကြာတိတွားရင် နာပီ.. ဟီးဟီး..

အားလုံးသက်သာ
မောင်သတိ

Anonymous said...

"ဒါပေမဲ့ အစိုးရအဖွဲ့ဟာ တရားသူကြီးကို ဘယ်လို စီရင်ချက်ချပါ.. လွှတ်ပါ သွားလုပ်လို့မရဘူး.. လုပ်ရင်အဲဒါဖောင်းပဲ.. ဒါကြောင့် တရားသူကြီး တရားဥပဒေအတိုင်း စီရင်.. အဲဒီပြစ်ဒဏ်ကိုမှ လျော့ပေါ့တာတို့ လွှတ်တာတို့ လုပ်ပေါ့ဗျာ.."

သြော်...ရှင်းပါပြီခင်ညာ...အဲဒီခြုံကြီး အဲဒီနည်းနဲ့ပေါ်လာတာကိုပါ..း))))

Anonymous said...

လူမိုက် ကြီးစိုး တဲ့ တိုင်းပြည် မှာ ဘာဥပဒေမှ မရှိဘူး ၄၂၀ပဲရှိ တယ် ဥပဒေနဲ့ပြောရင်ပြောတဲ့လူပဲမောမှာ

Anonymous said...

ငါမပြောဘူးလားမောင်ပေါ
မင်းအမြင်မှန်ရသင့်ပြီ
မင်းလဲ ပညာတက်တစ်ယောက်ပဲ

ဒါပေမယ့် ငါကြားမိတာတစ်ခုက
ပညာတက်တဲ့သူက ပိုမိုက်သတဲ့

Anonymous said...

သတိ ဆိုတဲ့ ဖောင်းခါ က
ေ_ာက်ဖြစ် တော်တော်မရှိတဲ့ စစ်နွားတွေရဲ့ အောက်ဆွဲပဲနေ ပါလိမ့်မယ်။

Anonymous said...

စစ်နွားတွေရဲ့ brainwash က တော်တော်ပြင်းတာ ပဲနော်။ ဟို သူတောင်းစား သတိ ဆိုတဲ့ကောင် ကိုပဲကြည့်လေ။ အပြင်မှာလည်း ထွက်ပီး အလုပ်လုပ်နေပီ ပဲလေ။ ခုထိ ဒါမျိုးတွေပြောပီး အဟုတ်ထင်နေတုန်း။ common sense မရှိတဲ့ မိဘရဲ့အောက်မှာ ကြီးပြင်းခဲ့ရမှန်း အရမ်းသိသာတယ်။ နင့်အဖေသောက်ညဏ်မွဲ ၊ နင့်အမေသောက်ညဏ်မွဲ မို့လို့ နင်ရဲ့ဘဝအတွေးအခေါ်က အဲသလောက် နုံချာ ရတာလား ဟဲ့။ ေ_ြး သတိ ရဲ့။

သတိ said...
This comment has been removed by the author.
သတိ said...

အားလံုုးသတိ

အင်း.. တယ်လဲရင့်သီး ရိုင်းပျပါလား အမည်မသိရယ်.. သေချာတုန့်ပြန်မှုလည်းမဟုတ် ပရမ်းပတာ ပြောသွားပုံက ဘာပြန်ပြောရမှန်း မသိတော့လို့ ၀င်ဆဲမှန်း သိသာပါရဲ့..

တကယ်လို့သာ အကို(ဒါမှမဟုတ် အမဗျာ) လက်ခံသလို အရေးအသားပေါ်မှာ ကြည့်ပီး အကဲဖြတ်ကြေးဆိုရင်တော့ မောင်သတိနဲ့ အမည်မသိ.. ဘယ်သူဟာ ဘယ်လို အသိုင်းအ၀ိုင်းနဲ့ ကြီးပြင်းခဲ့ရမယ်ဆိုတာ သိသာမယ်ထင်ပါရဲ့..

ပုံမှန် ကျွန်တော် အဲလိုလူတွေရဲ့ ကော်မန့်ကို တုန့်ပြန်လေ့မရှိပေမဲ့ ဒီတစ်ခါတော့ တော်တော်လေး စိတ်ဆိုးမိတယ်ဗျာ.. ဒီတော့ အဲလိုဆဲဆိုတာတွေ ရင့်သီးကြမ်းတမ်းတာတွေနဲ့ ပက်သက်ပီး ကျွန်တော့်သဘောထားကို ပြောချင်ပါတယ်..

အွန်လိုင်းဆိုတာ ကိုယ်ဘာလုပ်လုပ် ဘယ်သူမှ မသိတဲ့နေရာပါ.. ခုလို မသိနိုင်တဲ့နေရာမှာ အမည်မသိနာမည်ပါ တပ်ထားရင် ပိုလုံခြုံသေးသဗျာ.. ဒီတော့ ဆိတ်ကွယ်ရာတစ်မျိုးလို့ ပြောလို့ရတာပေါ့.. အဲဒီနေရာမှာ ကိုယ်ကလွဲလို့ ဘယ်သူမှမရှိတဲ့အတွက် လူတွေဟာ ဟန်ဆောင်ဖုံးကွယ် နေစရာမလိုပဲ စိတ်ရှိသလို ပြောလို့ရပါတယ်.. အတွင်းစိတ်ပေါ်လာပါရော.. ကိုယ့်သိက္ခာကို ဘယ်လောက်စောင့်စည်းနိုင်သလဲ ဆိုတာပေါ်လာပါရော.. သရုပ်မှန်ပေါ့ဗျာ.. ဆဲတာကို ပျော်တဲ့သူတွေ မြိုင်မြိုင်ဆဲဆို အရသာခံကြမယ်.. ပရမ်းပတာပြောချင်တဲ့လူတွေ ဘာမှထောက်ထားစရာမလိုပဲ ပြောချင်ရာပြောကြမယ်.. လစ်လို့ကတော့ ဘာမဆိုလုပ်ပါရဲ့ဆိုတဲ့ လူတွေရဲ့ အတွင်းသရုပ်ကို သေချာဖော်ပေးနိုင်တဲ့ မှတ်ကျောက်နေရာ လို့တောင် သတ်မှတ်လို့ရပါတယ်..

နောက်တစ်ခု.. အဲလို ဘယ်သူမှ မသိနိုင်တာမို့လဲ ကိုယ်ဆဲသမျှ တဖက်က ပြန်ပြောမယ်ဆိုလဲ ဘာမှတတ်နိုင်တဲ့နေရာ မဟုတ်ပြန်ဘူး.. ဒီတော့ ကိုယ်ကသူ့မိဘ အသိုင်းဝိုင်းကို (ကိုယ့်ထက်အသက်အရွယ် ကြီးမှာသေချာတဲ့ လူကြီးတွေကိုပါ) တိုက်ခိုက်ဆဲဆိုမယ်ဆိုရင် ဟိုဘက်ကလဲ ပြန်တိုက်ခိုက်လာနိုင်တယ်.. ဒီတော့ ငါ့မိဘကိုလဲ မင်းဆဲပိုင်ခွင့်ရှိပါတယ်ဆိုတဲ့ ကိုယ့်မိဘကို ထိုးကျွေးတဲ့ စိတ်ဓါတ်မျိုးနဲ့ ပွဲစလိုက်တာလို့ ထင်တယ်.. ဘာလို့လဲဆိုတော့ တားလို့မရဘူးလေဗျာ.. ခုကျွန်တော်ပြန်ဆဲလဲ ဟိုဘက်ကခံရမှာပဲ..

နောက်ဆုံးဗျာ.. ကျွန်တော်မောင်သတိက ကိုယ့်ဘာသာ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောကြည့်တယ်ဗျာ.. ဟော ငြင်းခုန်တဲ့နေရာမို့လို့ ရိတာ ကလိတာတွေလဲ အနဲအများတော့ ရှိတာအမှန်ပဲဗျ.. ဒါပေမဲ့ ပုံမှန်ကတော့ ကိုယ်တကယ်ယုံကြည်တဲ့ အတိုင်း မြင်တဲ့အတိုင်းကို ဖွင့်ချတာပဲ.. အဲဒီမှာမှ သေချာရှင်းပြနိုင်လို့ ကိုယ့်အမြင်မှားတာတွေ သိရမယ်ဆိုလဲ အမြတ်.. မတွေ့တော့လည်း အရင်းပဲ.. ဒါပေမဲ့ တစ်ခုစိတ်သက်သာရာ ရတာကတော့ ခုလိုအွန်လိုင်းမှာ ဆဲဆိုတတ်တဲ့ လူတွေရဲ့ ခံယူချက်တွေ အမြင်တွေ ကျွန်တော်နဲ့ လွဲနေတာကိုပဲ.. စဉ်းစားကြည့်ပါဗျာ.. ရိုင်းစိုင်းပြောဆိုနေတဲ့ လူတစ်ယောက်ယောက်ကများ ငါ့ညီသတိရေ မင်းနဲ့ငါ ခံယူချက်ခြင်း အမြင်ခြင်း တူလိုက်တာကွာ.. တို့တွေ တစိတ်တ၀မ်းထဲကွဆိုရင်တော့ အီး.. မောင်သတိတော့ အီလည်လည်ကြီး ခံစားရမှာ အမှန်ပဲဗျို့..

အင်း.. ဒီအချက်လေးထောက်ပီး တမင်တကာ လာအိုင်ဒီယာ တူမဲ့လူတွေတော့ အကွက်ဝင်ပီ ထင်သဗျ.. ခုလောလောဆယ်တော့ အမည်မသိ ကော်မန့်ဖက်ပီး မျက်စိထဲမှာ ပုဆိုး.. ဒါမှမဟုတ် ထဘီများ စွန်တောင်ဆွဲပီးေ၇းသလားတောင် မြင်လာမိတယ်ဗျ.. ဒါမျိုးလူတစ်ယောက်ကို ပြန်ရေးနေမိတဲ့ ကျွန်တော်များ အဲဒီထဲမှာ ရောနှောပါနေမိပီလား မသိပါဘူးဗျာ.. နောက်ပိုင်းတော့ ကျွန်တော်ပြန်ပြောနေမှာ မဟုတ်တော့ပါဘူး..

အဲ.. ဒါပေမဲ့ ခုကျွန်တော် ဒီလိုပြောလို့ အဲလိုလူမျိုးတွေ နောက်တွန့်သွားမယ် မထင်ပါနဲ့ခင်ဗျ.. လစ်ရင်ဘာမဆိုလုပ်တဲ့ စိတ်ဓါတ်ရှိနေတယ်.. ဘယ်သူမှ မသိနိုင်တဲ့ အခွင့်အရေး ရှိနေတယ်.. ပြီးတော့ ဒါမျိုးအပြောအဆိုတွေဟာ ဘယ်လိုမှမဆန်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ ရှိချင်ရှိနေနိုင်တဲ့ လူတွေရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ သိက္ခာတန်ဖိုးထားမှုကို အဲလောက်ထိ မြှင့်တွေးပေးထားလို့ မရလောက်ပါဘူး.. ပိုပီး ကြမ်းတမ်းတဲ့ စကားတွေတောင် ရှိလာနိုင်ပါသေးတယ်ဗျို့..

ကိုပေါရေ.. ဘလော့မှာ လာပီး ဘာမှမဟုတ် မဆိုင်တဲ့ အကြောင်းတွေ ရေးမိတဲ့အတွက် တောင်းပန်တယ်ဗျာ..

ကဲ.. အားလုံးသက်သာ
မောင်သတိ

နွားသခင် said...

စစ်နွားအသိုင်းအဝိုင်းက child က စစ်နွား child ပဲ။ Don't talk nonsense anymore. နားခါးတယ်။ မင်းလိုကောင်က အဲသလိုပြောပေးမှ တန်တယ်ထင်တာပဲကွ။

Funny said...

မောင်သတိကြီးရဲ့ အဆင့်အတန်းအား အောက်ပါစကားများ ဖြင့် အကဲခတ်နိုင်ကြပါသည်။

၁)ဒီတော့ ဒီအမျိုးသမီးကြီးဟာ တစ်ခုခုကို ဟန်လုပ် ပြောနေပီဗျ..
၂)ဒီတော့ အဓိကကာကွယ်သွားချင်တာက အမေရိကန်ငတိကိုပဲလို့ မောင်သတိမြင်ပါတယ်..

လျှာအရိုးမရှိတိုင်း မောင်သတိလေးစားပါသည်ဟု ပြောသော ဒေါ်အောင်ဆန်းကြည်အား ဒေါ်စု ဒေါ်စုဟု( န.အ.ဖ လေသံအတိုင်း) တွင်တွင်ကြီးခေါ်ရာနေမှ ဒီအမျိုးသမီးကြီးဟု ၄င်း...
ငတိဟုသော အသုံးအနှုံးကို မြန်မာစကားနားလည်သူတိုင်း မည်သို့ သောသူများ သုံးသည်ဟု သိကြပါတယ်။

ဝမ်းနည်းစရာကောင်းသည်မှာ..
ဒေါ်အောင်ဆန်းကြည် အမှုအားရေးကြီးခွင်ကျယ်လုပ်နေကြသော်လည်း လူပေါင်းများစွာလုပ်ကြံ သတ်ဖြတ်ခြင်းခံရသော ဒီပဲယင်း လူသတ်ပွဲကား တရားခံကြီးအား ယခုအထိ လက်သည် မပေါ်ချေ။( မည်သူမျှ အမှုမလုပ်ရဲပေ )
သြော်.... တရားစီရင်ရေး ... တရားစီရင်ရေး...

Funny said...

မောင်သတိကြီးရဲ့ အဆင့်အတန်းအား အောက်ပါစကားများ ဖြင့် အကဲခတ်နိုင်ကြပါသည်။

၁)ဒီတော့ ဒီအမျိုးသမီးကြီးဟာ တစ်ခုခုကို ဟန်လုပ် ပြောနေပီဗျ..
၂)ဒီတော့ အဓိကကာကွယ်သွားချင်တာက အမေရိကန်ငတိကိုပဲလို့ မောင်သတိမြင်ပါတယ်..

လျှာအရိုးမရှိတိုင်း မောင်သတိလေးစားပါသည်ဟု ပြောသော ဒေါ်အောင်ဆန်းကြည်အား ဒေါ်စု ဒေါ်စုဟု( န.အ.ဖ လေသံအတိုင်း) တွင်တွင်ကြီးခေါ်ရာနေမှ ဒီအမျိုးသမီးကြီးဟု ၄င်း...
ငတိဟုသော အသုံးအနှုံးကို မြန်မာစကားနားလည်သူတိုင်း မည်သို့ သောသူများ သုံးသည်ဟု သိကြပါတယ်။

ဝမ်းနည်းစရာကောင်းသည်မှာ..
ဒေါ်အောင်ဆန်းကြည် အမှုအားရေးကြီးခွင်ကျယ်လုပ်နေကြသော်လည်း လူပေါင်းများစွာလုပ်ကြံ သတ်ဖြတ်ခြင်းခံရသော ဒီပဲယင်း လူသတ်ပွဲကား ယခုအထိ လက်သည် မပေါ်ချေ။
သြော်.... တရားစီရင်ရေး ... တရားစီရင်ရေး...

အောင်ဆန်း said...

သတိ

ယုံကြည်ချက်ချင်းမတူပေမယ့် ကွဲပြားနေတဲ့အမြင်တွေ တစ်စုံတစ်ရာနီးစပ်လာလေမလားရယ်လို့ ရည်ရွယ်ပြီး အကျိုးအကြောင်းနဲ့ပြောလာသူမှန်သမျှကို အကျိုးအကြောင်းနဲ့ပဲအမြဲပြန်လည်တုံ့ပြန်နေခဲ့တာပါပဲ။ လူအမျိုးမျိုးအဖုံဖုံရှိတဲ့အတွက် တုံ့ပြန်ပုံအမျိုးမျိုးရှိနေသှောလည်း ကျုပ်လဲ မိုက်မိုက်ရိုင်းရိုင်းပြောဆိုတုံ့ပြန်မှုတွေကို မအားပေးမယုံကြည်ပါဘူး။ အဲဒီတော့ မောင်ရင်မြင်သမျှကို အဂတိကင်းစွာ ရိုးရိုးသားသားပြောနေသရွေ့ ကျုပ်တို့လဲအချက်အလက်ကို အချက်အလက်နဲ့ပဲတုံ့ပြန်ပါမယ်။ မကျေလည်လို့ဒေါမနသ သင့်တဲ့စကားများကိုတော့ လျစ်လျူရှုပြီး ကိုယ်တကယ်ယုံကြည်တယ်ထင်ရာကိုသာ အဓိကထားဆွေးနွေးပါလို့တိုက်တွန်းချင်ပါတယ်။

ဘသန်းရွှေ (ခ) တပ်ချုပ်ကြီး said...

တော်လိုက်တဲ့ ငါ့တူမောင် သတိ၊ ရှာလိုက်ရတာကွာ၊ မင်းတို့လို မျိုးဆက်သစ်ထဲမှာ ဘတို့ရဲ့ သတင်းစာတွေထဲကလို ထပ်တူအမှီ လိုက်ပြောနိုင်တဲ့သူ ရှိပါ့မလားလို့ ။ ဒေါ်စုဆိုတဲ့ အမျိုးသမီးကြီးကို နာနာနှိပ်ကွပ်ပေးထားတဲ့ မောင်ရင်ရဲ့ အရေးအသားကို ဘတော့ သိပ်ကြိုက်သကွ။ မင်းလို မျိုးဆက်သစ် တယောက်ထဲနဲ့ ကို ဘကတော့ကျေနပ်နေမိပါပြီကွာ။
ပုံ/
ဘသန်းရွှေ (ခ) တပ်ချုပ်ကြီး။

Anonymous said...

မောင်ပေါပြောတဲ့စကားနဲ့ပြောရမယ်ဆိုရင်တော့

မောင်ပေါက အလိုလိုနေရင်းသန်းပေါဖြစ်သွားပြီ
comm ရေးသူတွေကို ပြည်သူလို့သဘောထားလိုက်
သန်းပေါကြီးက ဘာမှမဟုတ်တာလေးနဲ့ဖွလိုက်ပြီး
အောက်က comm ရေးတဲ့ ပြည်သူတွေကလဲ သာသောညာသောသေသေချာချာမသိပဲ
အိမ်ကြက်ခြင်းခွပ်ကြ ဟ ဟ
ကောင်းကွာမောင်ပေါ အဲ သန်းပေါကြီးရေ

မင်းရဲ့နည်းတွေကို မင်းသမီးကိုသွားမသင်ပေးနဲ့နော်
ကလေးဆိုတာ အပြစ်ကင်းပါတယ်ကွာ
နောက်ဆို blog ရေးရင် အကျိုးရှိတာရေးပါကွာ
အရေမရ အဖတ်မရ တွေမရေးပါနဲ့

မင်းတကယ်ကိုနိုင်ငံရေးလုပ်ချင်ရင်
မြန်မာပြည်ကိုပြန်
ရွေးကောက်ပွဲဝင်

ဒါမှမဟုတ်
ကိုဇာဂနာတို့လို အရိုးကြေကြေအရည်ခန်းခန်း
တိုက်ပွဲဝင်

မင်းကဘာမှ မဟုတ်ပဲ
ဘေးထိုင်ဘုပြောနေတာတော့မဟုတ်သေးဘူးကွာ

ပါးစပ်က ဒီမိုကရေစီ ဒီမိုကရေစီ
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟ ဟ

တကယ်မင်းသတိရှိရင်
မြန်မာပြည်ကိုပြန်
နိုင်ငံရေးလုပ်
ပါးစပ်က ဟိုပြောဒီပြောနဲ့

Anonymous said...

အရေမရ အဖတ်မရ တွေမရေးပါနဲ့အကျိုးရှိတာရေးပါကွာ
မင်းကဘာမှ မဟုတ်ပဲ
ဘေးထိုင်ဘုပြောနေတာလား
ပါးစပ်က ဟိုပြောဒီပြောနဲ့
မင်းတကယ်ကိုနိုင်ငံရေးလုပ်ချင်ရင်မြန်မာပြည်ကိုပြန်

May Thu San said...

Hi Ko Paw,
Everyday, me & my husband visits this blog and looks for new post. Because you were saying what we want to. We love our country although we cannot do much for it yet. I believe most Myanmar people has the same feeling with you in politics. And the way you post can make us smiles. We're looking forward to your new posts. It will be the best if you don't publish some comments (supporting government) that can make most people angry .

tint said...

မိုက်ကယ်အဲရစ်ဟာ မြန်မာဗုဒဿဓဘာသာတောင်မှ နားမလည်တဲ့ ဘာသာရေးဆိုင်ရာသမိုင်းတွေကိုနားလည်သူဖြစ်တယ်။"
ကိုယ့်ဆရာတို့  ကိုယ့်ဟာကိုယ်အားလို့  ငြင်းနေကြတာတော့ ထားပါတော့လေ ။
မိုက်ကယ်အဲရစ်ဟာ သုတေသနသမားတယောက်ဆိုတာကိုတော့ လက်ခံပါတယ် ။
ဒါပေမဲ့  မြန်မာဗုဒ္ဓဘာသာဝင်တွေနားမလည်တာတွေ နားလည်တယ်ဆိုလိုက်တာကတော့ ရဟန်းတော်တွေ ခဏထားပါအုံးလေ
ဆရာကြီး ဦးဘခင် ၊ဆရာကြီး ဦးကိုလေး (မန္တလေးတက္ကသိုလ် အဓိပတိဟောင်း ) ၊ ဆရာမာဃ ၊ လယ်တီ ပဏ္ဍီတ ဦးမောင်ကြီး ၊ ဆရာကြီးဦးရွှေအောင် ၊ ဒေါက်တာ မင်းတင်မွန် ။ ( အမလေး ရေလို့ ရယ်မှ မကုန်) ကစလို့  ယနေ့ တိုင် သာသနာရေးကို အားစိုက် လေ့လာ လုပ်ကိုင်အားထုတ်နေကြကုန်သော ဗမာအားလုံးကို စော်ကားတာဘဲ ။
ပြစမ်းပါအုံးဗျ
မိုက်ကယ်အဲရစ် က ဆရာကြီး ဦးဘခင်ထက်သာတဲ့  အချက်လေး တချက်လောက်
ကိုယ့်လူမြှောက်တာလဲ မြှောက်ပေါ့ကွယ် ။ ဒါပေမဲ့  ဘေးဘီလေးလဲ ကြည့်အုံး

Funny said...

တုံးလှချီလားတင့်ရယ်.. မြန်မာဗုဒ္ဓဘာသာဝင်တွေု ဆိုတာ သာမန်မြန်မာဗုဒ္ဓဘာသာဝင်ကို ဆိုလိုမှန်းတောင် မသိပဲနဲ့  ကွန်မန့် ဝင်ရေးနေသေးတယ်.. မရှက်မကြောက်..

tint said...

ဟာ

မိုက်တာဘဲ

တကယ် ပြင်ညာယှိဂျီးနဲ့  တွေ့ ရတာ ၀မ်းသာလိုက်တာ

ပြောပြစမ်းပါအုံး မစ်စတာ ဖန်နီးရယ်

ဘယ်လိုများ ဗမာတွေကို အဆင့်အတန်းခွဲသလဲလို့  သာမန်မြန်မာဗုဒ္ဓဘာသာဝင်က ဘယ်လို

အထူး ..
မြန်မာဗုဒ္ဓဘာသာဝင်တွေု ကဘယ်လို

ဘယ်လို Criteria တွေနဲ့ ခွဲလဲဗျ

မစ်စတားး ဖန်နီက ခွဲတတ်တယ်ဆိုတော့ တယ်တော်တာဘဲနော် ။

ဘယ်ကျောင်းကနေ ပထမ ငယ်လတ်ကြီး နဲ့  စာချတန်းတွေ အောင်ခဲ့ သလဲဗျ ။ ပြောပါအုံး

နောက်ပြီး ဘယ် ယူနီကနေ အဲလိုခွဲတဲ့  ပညာတွေ တတ်လာတာလဲဟင် ။

ကြားပရစေဗျာ

ဒီမှာ ကိုယ့်လူ

အမည်ခံ မြန်မာဗုဒ္ဓဘာသာဝင် ဟုတ်လား

မှတ်ပုံတင်ရုံလေးနဲ့  ပါးစပ်က ဘုရားပြော လက်က ကားယား တွေ

လက်က ဘုရားတရား ကီးဘုတ်ရိုက်ပြီး ဗိုက်ကြီးက ပူပူလာတတ်တဲ့  ကိုယ့်လူ ပတ်ဝန်းကျင်က လက်တဆုတ်စာလောက် လေးကို ကြည့်ပြီး မြန်မာဗုဒ္ဓဘာသာဝင် အကုန်လုံးကို သာမန် ဘာညာ လာမစော်ကားနဲ့  ။

ကိုယ့်လူ ဗမာစာရေးနေထဲက ကိုယ့်ဟာကိုယ် ဘာလူမျိုးဆိုတာ သတိထားအုံး ဟုတ်ပလား

tint said...

ဟာ

မိုက်တာဘဲ

တကယ် ပြင်ညာယှိဂျီးနဲ့  တွေ့ ရတာ ၀မ်းသာလိုက်တာ

ပြောပြစမ်းပါအုံး မစ်စတာ ဖန်နီးရယ်

ဘယ်လိုများ ဗမာတွေကို အဆင့်အတန်းခွဲသလဲလို့  သာမန်မြန်မာဗုဒ္ဓဘာသာဝင်က ဘယ်လို

အထူး ..
မြန်မာဗုဒ္ဓဘာသာဝင်တွေု ကဘယ်လို

ဘယ်လို Criteria တွေနဲ့ ခွဲလဲဗျ

မစ်စတားး ဖန်နီက ခွဲတတ်တယ်ဆိုတော့ တယ်တော်တာဘဲနော် ။

ဘယ်ကျောင်းကနေ ပထမ ငယ်လတ်ကြီး နဲ့  စာချတန်းတွေ အောင်ခဲ့ သလဲဗျ ။ ပြောပါအုံး

နောက်ပြီး ဘယ် ယူနီကနေ အဲလိုခွဲတဲ့  ပညာတွေ တတ်လာတာလဲဟင် ။

ကြားပရစေဗျာ

ဒီမှာ ကိုယ့်လူ

အမည်ခံ မြန်မာဗုဒ္ဓဘာသာဝင် ဟုတ်လား

မှတ်ပုံတင်ရုံလေးနဲ့  ပါးစပ်က ဘုရားပြော လက်က ကားယား တွေ

လက်က ဘုရားတရား ကီးဘုတ်ရိုက်ပြီး ဗိုက်ကြီးက ပူပူလာတတ်တဲ့  ကိုယ့်လူ ပတ်ဝန်းကျင်က လက်တဆုတ်စာလောက် လေးကို ကြည့်ပြီး မြန်မာဗုဒ္ဓဘာသာဝင် အကုန်လုံးကို သာမန် ဘာညာ လာမစော်ကားနဲ့  ။

ကိုယ့်လူ ဗမာစာရေးနေထဲက ကိုယ့်ဟာကိုယ် ဘာလူမျိုးဆိုတာ သတိထားအုံး ဟုတ်ပလား

tint said...

လုပ်စမ်းပါအုံးကိုအောင်ဆန်းရဲ့ 

Michael Aris ရေးခဲ့ တဲ့  တိဘက်နဲ့  ဘူတန် အကြောင်း စာအုပ် ၁၀အုပ်နီးနီးထဲမှာ Buddhism ကို ဘယ်လို သူသဘောပေါက်တယ်လို့  ပြောတာလေးက မြန်မာ တွေထက် သာလွန် သဘောပေါက်တ်ဆိုတာလေး ရှင်းပြပါအုံး

ကျန်တာတွေထားဗျာ

non-self ( anatta ) လေးတလုံးထဲ သူရှင်းပြတာလေးကို ခင်ဗျားဘယ်မှာတွေ့ ဘူးပြီး ဘာကြောင့် မြန်မာတွေထက် သာပါသလဲ ဆိုတာလေး ရှင်းပြပါဗျာ

ကျွန်တော်ဘဲ ဗဟုသုတနည်းလို့ မကြားဘူးသလားလို့ 

အောင်ဆန်း said...

အော် တင့်.. ရယ်

ကိုယ့်လူနှယ် တကယ့်ဆရာကြီးတွေ နာမည်တွေနဲ့ကိုင်ပေါက်မှတော့ ကျုပ်ဘာများပြောရမတုံး။ ကျုပ်ပြောထားတာ တချက်ပြန်ကြည့်အုံး..(မြန်မာဗုဒဿဓဘာသာတောင်မှ နားမလည်တဲ့ ဘာသာရေးဆိုင်ရာသမိုင်းတွေကိုနားလည်သူဖြစ်တယ်။ )
ကျုပ်က ကိုယ့်ကိုယ်ကို ပေတံထားပြောတာဖြစ်တဲ့အတွက် ကိုယ့်လူက ကျုပ်ကို ဘာသာရေးဆိုင်ရာ သမိုင်းများကိုနားမလည်တဲ့ ခပ်နိမ့်နိမ့်လူလို့ စွပ်စွဲချင်သပဆိုလဲ စွပ်စွဲနိုင်ပေသဗျား။ ကျုပ်ပြောတာက ဘာသာရေးဆိုင်ရာ အဘိမ္မာများ (ideology)လို့မသုံးဘူး ဆရာတင့်ရဲ့။ သမိုင်းများ (religious history)လို့ပဲသုံးတယ်။ ဆရာတင့် ရွတ်ပြသွားတဲ့ နာမည်အကြီးကြီးတွေမှာတောင် အဘိဓမ္မာကိုနားလည်ရင် နားလည်ပေလိမ့်မယ်။ သို့ပေမယ့် သမိုင်းမှတ်တမ်းမှတ်ရာ ခိုင်မာစွာနဲ့ ဘာသာရေးဆိုင်ရာဖြစ်ပေါ်မှုများကတော့ စနစ်တကျ သုတေသနပြုထားသူသာလျှင် ပိုမိုနားလည်နိုင်မယ်လို့ပဲ ကျုပ်ထင်တယ်။ မှားရင်လဲမှားနိုင်ပါတယ်။ မြန်မာဆရာကြီးတွေထဲမှာ မိုက်ကယ်အဲရစ်လောက်တော့ သိရှိနားလည်သူမရှိလေဘူးလို့တော့ ကျုပ်မဆိုလိုတာ တရုတ်ကြီး ဘော်လုံးကွင်းလည် ပုဆိုးအပုံလိုက်ကျွတ်နေသလို အထင်းကြီးမှန်း စာဖတ်ပရိတ်သတ် ကနားလည်ပါတယ် ဆရာကြီးတင့်....။

Anonymous said...

ကိုအောင်ဆန်း ပြန်ပြောထားတာလေး သဘောကျတယ်။

More Funny said...

မောင်တင့်က အသိခေါက်ခက် အ၀င်နက်.. ဥပမာ တရုတ်အများစုသည် ကုလားများထက်ဖြူကြသည်လို့ ပြောတာကို ဘေးအိမ်က ခရုသင်းတကိုယ်လုံးပြည့်နေတဲ့ ကုလားအဘိုးကြီးက တရုတ်တွေထက် ဖြူတယ်လို့  ထငြင်းသလိုဖြစ်နေတယ်..

tint said...

ပြင်ညာယှိဂျီး

မစ်စတာ ဖန်နီးရယ်
မဆိုင်တဲ့  ကုလားတွေ တရုပ်တွေ ဆွဲ မထည့်ပါနဲ့ ကွယ်
(အင်း ဆက်ပြောရင် နိုက်ဂျီးရီးယားတို့ ကိုးရီးယားတို့  အမေဂျီးကတို့ ပါ ပါလာမဲ့  ဘရိန်းကြီးဘဲ )
မေးတာလေးဖြေပါအုံးလေ။

ဘယ်လိုများ ဗမာတွေကို အဆင့်အတန်းခွဲသလဲလို့  သာမန်မြန်မာဗုဒ္ဓဘာသာဝင်က ဘယ်လို

အထူး ..
မြန်မာဗုဒ္ဓဘာသာဝင်တွေု ကဘယ်လို

ဘယ်လို Criteria တွေနဲ့ ခွဲလဲဗျ

မစ်စတားး ဖန်နီက ခွဲတတ်တယ်ဆိုတော့ တယ်တော်တာဘဲနော် ။

ဘယ်ကျောင်းကနေ ပထမ ငယ်လတ်ကြီး နဲ့  စာချတန်းတွေ အောင်ခဲ့ သလဲဗျ ။ ပြောပါအုံး

နောက်ပြီး ဘယ် ယူနီကနေ အဲလိုခွဲတဲ့  ပညာတွေ တတ်လာတာလဲဟင် ။

ကြားပရစေဗျာ ။ ဟုတ်ပလား
အမေးတလွဲ အဖြေတလွဲ မလုပ်စမ်းပါနဲ့  မစ်စတားးဖန်နီးရာ ။ ဟားဟား
( အင်း ပျငိးနေတာ ခုမှ လုပျက်လေးနဲ့  လာတွေ့ နေရတယ် ။ ဟားဟ။
Lucky that I find a way to enjoy my misbegotten time off :P)

tint said...

"ဆရာတင့် ရွတ်ပြသွားတဲ့ နာမည်အကြီးကြီးတွေမှာတောင် အဘိဓမ္မာကိုနားလည်ရင် နားလည်ပေလိမ့်မယ်။ သို့ပေမယ့် သမိုင်းမှတ်တမ်းမှတ်ရာ ခိုင်မာစွာနဲ့ ဘာသာရေးဆိုင်ရာဖြစ်ပေါ်မှုများကတော့ စနစ်တကျ သုတေသနပြုထားသူသာလျှင် ပိုမိုနားလည်နိုင်မယ်လို့ပဲ ကျုပ်ထင်တယ်။ မှားရင်လဲမှားနိုင်ပါတယ်။"
အေးလေ ကိုအောင်ဆန်းရိုးသားစွာ မှားတယ်ဆိုတာကို လက်ခံပါတယ်
ခင်ဗျားမှားတာက မိုက်ကယ်အဲရစ်ဟာ သုတေသီတယောက်ဆိုတာကို သိထားတယ် ။ ဒါပေမဲ့  ဘာသာရေးသမိုင်းသုတေသီလို့  အမှတ်မှားတ တချက် ။
နောက်တချက်က ကိုယ့်ဗမာပြည်ထဲက ဘာသာရေး ပညာရှင်တွေရဲ့  လေ့လာအားထုတ်မှုကို မသိမီတာက တချက်ကိုး
ဆရာကြီးတွေကို ခဏလေးဖယ်ထားလိုက်ပါ ။
တလောက ရဟန်းဝတ်နဲ့  ပျံလွန်တော်မူခဲ့တဲ့  စာရေးဆရာ ဦးဆန်းလွင် တယောက်ထဲရဲ့  အားထုတ်မှုကိုဘဲ ခိုင်မာမှုရှိမရှိ လေ့လာကြည့်လိုက်ပါဗျာ
မိုက်ကယ်အဲရစ်ရေးခဲ့တဲ့  စာအုပ်စာရင်းလေးကိုတော့ ခုတွဲပေးပါတယ် ။
ခေါင်းစဉ်တွေကိုကြည့်ရင်ဘဲ သူ ဘယ်ဘာသာရဲ့  သမိုင်းကို သုတေသနပြုသွားတယ်ဆိုတာ သိသာပါတယ် ။ အကုန်တော့ ကွှန်တော်ကိုယ်တိုင်လဲ မဖတ်ခဲ့ဘူး ။ ဘာကြောင့်လဲဆိုတော့ သူလေ့လာခဲ့တဲ့ ဘာသာကိုကွှန်တော် စိတ်မ၀င်စားလို့ဘဲ

tint said...

# Tibetan Studies in Honour of Hugh Richardson. Edited by Michael Aris and Aung San Suu Kyi. Preface by Michael Aris. (1979). Vikas Publishing house, New Delhi.
# "Notes on the History of the Mon-yul Corridor." In: * Tibetan Studies in Honour of Hugh Richardson, pp. 9-20. Edited by Michael Aris and Aung San Suu Kyi. (1979). Vikas Publishing house, New Delhi.
# Hidden Treasures and Secret Lives: A Study of Pemalingpa (1450-1521) and the Sixth Dalai Lama (1683-1706) (1450-1521 and the Sixth Dalai Lama). Kegan Paul; 1st edition (May 1989). ISBN 978-0710303288.
# The Raven Crown: The Origins of Buddhist Monarchy in Bhutan (Hardcover). Serindia Publications (October 1, 2005). ISBN 978-1932476217.
# Lamas, Princes, and Brigands: Joseph Rock's Photographs of the Tibetan Borderlands of China. Joseph F. Rock (Author), Michael Aris (Editor). 1st edition 1982. Reprint: China House Gallery. China Institute in America (June 1992). ISBN 978-0295972091.
# Bhutan, the Early History of a Himalayan Kingdom. (Aris & Phillips Central Asian Studies) (Paperback). Aris & Phillips (May 1979). ISBN 978-0856681998.
# Views of Medieval Bhutan: The Diary and Drawings of Samuel Davis 1783 (Hardcover). Roli Books International (1982).
# High Peaks, Pure Earth: Collected Writings on Tibetan History and Culture (Paperback) by Hugh Richardson (Author), Michael Aris (Author). Serindia Publications (October 1998). ISBN 978-0906026465.
# Ceremonies of the Lhasa Year (Heritage of Tibet) (Paperback) by Hugh Richardson (Author), Michael Aris (Editor). Serindia Publications (June 1994). ISBN 978-0906026298.
# Sources for the history of Bhutan (Wiener Studien zur Tibetologie und Buddhismuskunde) (Unknown Binding). Arbeitskreis für Tibetische und Buddhistische Studien, Universität Wien (1986).
# Tibetan studies and resources in Oxford. (6 pages only - unknown publisher and binding)

အောင်ဆန်း said...

အင်းဆရာတင့်ကတော့ အတှောကပ်တီးကပ်ဖဲ့ပြောပါကလား...။ ကိုယ့်ဆရာပြောမှ ကျုပ်မလဲ မြန်မာဆရာကြီးတွေရဲ့ကြိုးစားအားထုတ်မှုကို အသိမှတ်မပြုအလေးမထားတဲ့သူဖြစ်တော့တာပဲ။ ကျုပ်တို့လူငယ်ဘဝတုံးက ဘာသာရေးအပှေါ မိရိုးဖလာထက်ပိုပြီးနားလည်လာအောင် ပိုမိုသက်ဝင်ယုံကြည်လာအောင် ကျေးဇူးပြုခဲ့တဲ့ ဆရာဦးဆန်းလွင်လိုပုဂဿဂိုလ်မျိုးရဲ့ကျေးဇူးတရားကိုမေ့စရာလားဗျာ။ ကိုယ်တိုင် မိရိုးဖလာဗုဒဿဒဘာသာဖြစ်သှောငြား ဘာကိုမှ ရေလည်လည်နားမလည်ခဲ့ပဲ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ဦးစာအုပ်ကျေးဇူးနဲ့ လူငယ်ဘဝ အမိုက်အမှားအဆိုးများကို ဖြတ်ကျှောခဲ့တာပါ ဆရာတင့်ရေ။ ဘယ်လိုဖြစ်လို့များ ကပ်ဖဲ့ပီး လိုရာကိုဆွဲလို့ ကျုပ်ကို ဒီဆရာကြီးတွေကျေးဇူးမသိတတ်ရာကျသူဖြစ်အောင် ပြောနေပါလိမ့်....။
နောက်တစ်ခုပေါ့ဗျာ မိုက်ကယ်အဲရစ်ကို ဘာသာရေးဆိုင်ရာ သမိုင်းသုတေသီ လို့ကျုပ်အထင်မှတ်မှားနေတယ်ဆိုတဲ့ ဟာလေးကို ကျုပ်အထင်မှားနေလား မမှားလား ကောက်နှုတ်ချက်လေးတခုကိုပြမယ်..လူတိုင်းအလွယ်တကူတွေ့နိုင်တဲ့ ဝီကီထဲက သူ့စာမျက်နှာထိပ်ဆုံးကပါ
Michael Vaillancourt Aris (b. March 27, 1946, Havana, Cuba – d. March 27, 1999, Oxford, England, UK) was a leading Western authority on Bhutanese, Tibetan, and Himalayan culture, and wrote numerous books on Buddhism in those regions.
ကိုယ့်ဆရာလဲ သူ့စာတွေ တီးဖူးခေါက်ဖူးနေပါလျက် ဘာလို့များ မိုက်ကယ်အဲရစ်ဟာ ဗုဒဿဒဘာသာ သမိုင်းဆိုင်ရာများကို လေ့လာခဲ့တဲ့ သုတေသီတစ်ယောက်ဆိုတာ အမှတ်မှားလေစွလို့ပြောနေတာပါလိမ့်။ သူ့လေ့လာခဲ့တဲ့ Asian study, Tibetan study တွေမှာ ဗုဒဿဒဘာသာတိုးတက်ပျံ့ပွား ထွန်းကားလာပုံဖြစ်စဉ်သမိုင်းများ ပါဝင်နေခဲ့တာတော့ အထင်အရှားပါပဲ။ ဆရာတင့်ပြတဲ့ စာအုပ်တွေ ခေါင်းစဉ်တွေမှာ တိဘက်နဲ့ ဘူတန် ဖက်က နိုင်ငံတွေသမိုင်းအကြောင်းပဲပါလို့...ဗုဒဿဒဘာသာပြန့်ပွားတိုးတက်လာပုံသမိုင်းမပါဘူးလို့ ကောက်ချက်ချလိုက်မယ်လို့တော့ ဆရာတင့်ကိုကျုပ်အထင်မသေးရဲပေါင်..။ကျုပ်တို့အခုပြောဆိုနေတာတွေက မူလကျုပ်ပြောနေတဲ့လမ်းကြောင်းကနေ သွေဖည်လို့ ဒေါက်တာမိုက်ကယ်အဲရစ်ရဲ့ speciality and publication အကြောင်းရောက်ကုန်ပီ .. ကဲ ..ဂလောက်ပဲဗျို့..။
http://en.wikipedia.org/wiki/Michael_Aris

Funny said...

မောင်တင့်ရေ..
အချိန်အကုန်မခံနိုင်လို့ မရှင်းဖြစ်တာပါ.. သိပ်အားတိုင်း personal တွေပါသိပ်စိတ်ဝင်စားမနေနဲ့ ... (ရှင်းရှင်းပြောရရင် ဒို့ တင့်ကို စိတ်မ၀င်စားဘူးကွယ် )..လိုရင်းပြောရရင် မြန်မာသာမန်မြန်မာဗုဒ္ဓဘာသာဝင် ဆိုတာ မိဘက ဗုဒ္ဓဘာသာ ဖြစ်လို့  ဗုဒ္ဓဘာသာဖြစ်လာပြီး. ဘာမှဗုဒ္ဓဘာသာ အခြေခံတောင် မသိ.. ဘာကြောင့် မြတ်စွာဘုရား ဘ၀ပေါင်းများစွာ ပါရမီတော်တွေဖြည့်ပြီး ပွင့်ရလာတဲ့ရည်ရွယ်ချက် မှမသိ.. ကံ။ ကံရဲ့ အကျိုးတောင်မှ သေချာနားမလည်ကြတဲ့သူ.. (သစ္စာလေးပါးတို၊ Eightfold noble path တို့ ဆိုတာဝေလားဝေး) ၊၊ ဒါကြောင့် မြန်မာပြည်မှာ နတ်ကတော်တွေ၊ ဘိုးတော်တွေ၊ အလုပ်ဖြစ်နေကြတာ အထင်အရှားပါ.. အိမ်တွေက ဘုရားစင်တွေကြည့်လိုက်ရင် ဘုရား ရုပ်ထုကသေးသေး၊ မဆိုင်တဲ့ ရုပ်ထုတွေ ဘုရားထက်ဦးစားပေးနေကြတာ အထင်အရှားပါ။ ပြောရရင် ပြောမကုန်ပါဘူး။ ဒီထက်ထင်ရှားတာက ခင်ဗျားတို့ ဗိုလ်ချုပ်ကြီးများ သတင်းစာထဲမှာ လူကြီးလူကောင်းလုပ်ပြိး တည်လိုက်တဲ့ဘုရား နောက်ကွယ်က သံဃာတွေကို ပစ်မိန့်  ဖမ်းမိန့်  ပေးနေတာလဲ အပါအ၀င်ပေါ့ဗျာ.. (ပြောရရင် ဒီအုပ်စုကတော့ ဗုဒ္ဓဘာသာကို မဖြစ်တော့ပါဘူးဗျာ)
အရှင်သုမေဓာရသေ့ဘ၀ကထဲက သံသရာက ကိုယ်လွတ်ရုန်းလွတ်မြောက်လိုရင် တစ်ဘ၀ထဲ အပြီးလွတ်မြောက်နိုင်ပါရဲ့  အနစ်နာခံပြီး ဘုရားဖြစ်အောင် ပါရမီတွေ ဖြည့်ကျင့်ခဲ့တဲ့ ရည်ရွယ်ချက်က ဝေနေယျ တွေ တရားကျင့်ပြီး သံသရာကလွတ်မြောက်အောင် ကြိုးစားစေချင်လို့ ဗျို.. ကဲ ဗုဒ္ဓဘာသာဝင် ဘယ်လောက် percent လောက်များ ဘုရားကို တရားနဲ့  ပူဇော်ပြိး ကျေးဇူးဆပ်နေကြပါလဲခင်ဗျာ..
မိုက်ကယ်အဲရစ် non-self ( anatta ) အကြောင်းတော့ မောင်တင့်လို စာသိပ်မဖတ်တော့ မသိလိုက်ဘူး.. မောင်တင့်ကတော့ anatta ကို တော်တော်နားလည်ပုံရတယ်.. ဒါကြောင့် တုံးလိုက်တာ တင့်ရယ်လို့ ပြောလိုက်တာ မောင်တင့်ရဲ့  တကယ်မရှိတဲ့ atta (Ego) ထိသွားတာနဲ့ ဒေါအကြီးအကျယ်ကန်ပြီး. ဘယ်ယူနီကလဲ ဘာလဲ ထလုပ်တော့တာပဲ.. သတိလေးထား မောင်တင့်ရေ.. ဘုရားက ပရိနိဗာန် မပြုခင်အထိ အကြိမ်ပေါင်း ၁၇၉၂ ဟောခဲ့တာ ဘာလဲ မောင်တင့် သိမယ်ထင်ပါရဲ့ .. အတိုချုပ်ရရင် ကျနော်ရဲ့  သာမန်ဗုဒ္ဓဘာသာဝင် ဆိုတဲ့ Criteria ကတော့ အခြေခံ ဗုဒ္ဓဘာသာ အကြောင်းမှ ခြေခြေမြစ်မြစ် မသိ... ပဋိစ္စသမုပ္ပါဒ် အခြေခံမှ နားမလည်.. တရားမှအားမထုတ်ရကောင်းမှမသိ.. တဲ့သူတွေ ကို ခေါ်တာပဲဗျို.. ပြည်စုံမှ ပြည်စုံပါလိမ့်မယ်.. ဆိုလိုရင်းကတော့ ဒါပဲဗျို.. န.အ.ဖ ကို စော်တဲ့လူ ငါ့ရန်သူ ဆိုတဲ့ စိတ်ကြီးကိုလဲ သတိလေးထားပြီး ဆုံးမပေးဦး..

tint said...

ကိုအောင်ဆန်းရယ်
၂လုံးထဲကြပ်တယ်ဗျာ
ဦးဆန်းလွင်တွေ ဘာတွေဖတ်နေတဲ့ သူ ပြောရတာ အားတော့ နာသဗျာ ။
ကျွန်တော်တို့  မြန်မာအများစု ကိုးကွယ်သော ထေရ၀ါဒသည် တိဘက်၊ဘူတန်၊တရုပ် ၊ ကိုရီးယားနဲ့  ဂျပန် မှာထွန်းကားသော မဟာယာနနဲ့  အခြေခံမှာရော အတွင်းသရုပ်မှာပါ မတူပါဗျာ ။
ဒီတော့ မတူတာကြီးကို နှိုင်းပြီး မြန်မာတွေထက်သာတယ်လို့ တော့  ဘယ်လိုမှ အပြောမခံနိုင်တာ လွန်သလားဗျာ

tint said...

မစ်စတားဖန်နီးရယ်
ဘယ်လိုကြီးလဲကွာ
စထဲက ပြောထားတယ်
ကိုယ့်လူနားက လက်တဆုပ်စာလေးနဲ့  မြန်မ်ာမြန်မာဗုဒ္ဓဘာသာဝင်တွေ ညံ့တယ်လို့  သိမ်းမပြောပါလို့ နဲ့  ။ နောက်တခါ ကိုယ့်နိုင်ငံရေးယုံကြည်ချက်တခုထဲနဲ့  ကိုယ့်လို မအော်လို့  ငါ့ ဘက်သားမဟုတ် ရန်သူ့ လူဘဲလဲ မတွက်နဲ့ ဗျာ ။
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောနေကျစကားလေးတွေနဲ့  ပဋိစ္စသမုပ္ပါဒ် တရားတော်မြတ်ကို ကိုးကားသွားတာတော့ သာဓုခေါ်ပါတယ်လေ ။
ဒါပေမဲ့  ကိုယ့်ဆရာရယ် ။
ကိုယ့်ဆရာ မြင်နေတာက နအဖလို့ ခေါ်တဲ့  အဖွဲ့ ကအတွင်းအပြင် ဖျက်နေတာကို သာသနာရေးထင်နေလားဗျာ ။ နတ်တို့  တခြား ဘာသာရေးရောထွေးမှုတွေက ခေတ်တိုင်းမှာ ရှိနေမယ် ။
ခုဒီမှာ ငြင်းနေရတာက အနော်ရထာကစလို့  နှစ် တထောင်ကျော် သာသနာခရီးမှာ ကိုရင်တို့  အထင်သေးနေတဲ့  မြန်မာတွေဘဲ ဒီသာသနာကို မပျောက်မပျက်အောင် ထိန်းခဲ့ရတာဗျာ ။
ကိုရင်ပြောတဲ့  ပဋိစ္စသမုပ္ပါဒ် အခြေခံ နဲ့  ၀ိပသနာကို လူသာမန်တွေ အားထုတ်ရတယ်ဆိုတာကို ကျွန်တော်တို့  လူတွေ သိလာတာက လယ်တီဆရာတော်ဘုရားကြီးနဲ့  မိုးညှင်းဆရာတော်ဘုရားကြီး လက်ထက်မှပါဗျာ ။ ရေရင် အနှစ် တရာ မပြည့်သေးပါဘူး ။
အဲဒီတော့ မြန်မာဗုဒ္ဓဘာသာဝင်ထဲမှာ တရားနဲ့  ဘုရားကို မပူဇော်တာနဲ့  သာမန်ပါလို့ သတ်မှတ်ချင်ရင်တော့  မစ်စတားဖန်နီးရေ
စောလူး၊နရပတိစည်သူ ၊ တရုပ်ပြေးမင်း ၊ မွန့်မြန်မာ နှစ် ၄၀စစ် ၊ သိုဟန်ဘွား ခတ်ေအင်းဝ ။ဟံသာဝတီပျက်တဲ့ ခေတ် ၊ ငဇင်္ကာရဲ့  သာသနာဖျက်ရန်၊ညောင်ရမ်းပျက်ချိန် ၊ အင်္ဂလိပ်ခေတ်ဦး လယ်တီဆရာတော်မတိုင်ခင်ထိ ၊ သာသနာကိုကြံ့ကြံ့ခံ ကာကွယ်ခဲ့တဲ့  မြန်မာအားလုံးကို သာမန်လို့ ကိုရင် သတ်မှတ်မယ်ဆိုရင် ကျုပ်ကိုလဲ သာမန်မြန်မာ ဗုဒ္ဓဘာသာဝင်စာရင်းသာ သွင်းပေတော့ဗျာ

tint said...

သာသနာပျက်တဲ့ နှုန်းဟာ နအဖလက်ထက် နှစ် ၂၀မှာ တခြား ဘယ်ခေတ်နဲ့ မှ မတူအောင် ပျက်တယ်ဆိုတာ ဘာမှ ငြင်းစရာမရှိဘူး ။ ဒီခေတ်မှာ သာသနာပျက်တာဟာ ရှမ်းသိုဟန်ဘွားလက်ထဲထက်ရော ၊ လူမျိုးခြား အင်္ဂလိပ်လက်ထက်ထက်ရော ဆိုးတယ်ဆိုတာ အမှန်တရား ။
ဒါပေမဲ့  ဒီအမှန်တရားက တခြား ၊
ဒါပေမဲ့  ပြည်တွင်းပြည်မှာ ကိုယ့်သာသနာအတွက် ကြံ့ကြံ့ခံနေတဲ့  မြန်မာတွေက မစ်စတား ဖန်နီး အထင်သေးသလို percent နဲနဲလေးမဟုတ်ဘူးဗျ ။ ဒီလိုစကားမျိုးက ကိုယ့် အသိုင်းအ၀ိုင်းကွက်ကွက်လေးသာ ဟုတ်လှဘီထင်နေတဲ့  လူတွေစကားဘဲ ။
နောက်ဆုံးပြောရရင် ခင်ဗျားတို့ အာနေလို့  ကိုယ့်သာသနာရဲ့  အခက်အခဲ တွေက ပြေလည်မသွားဘူး ။ တကယ့် အကြပ်အတည်းကျ ခင်ဗျားတို့  အထင်သေးနေတဲ့  သာမန် မြန်မာတွေကဘဲ သာသနာရေားရုန်းကြရတာ ဆိုတာ သတိလေးပေးလိုက်ပါရဲ့ ဗျာ

ဟားဟား said...

ဗမာတွေ ကွန်ပြူတာရှေ့ထိုင်ပြီး... ကျန်တာဘာမှမလုပ်ပဲ အရေမရ အဖတ်မရ ငြင်းနိုင်အောင်.. ချောင်တစ်ချောင်ကနေ အားပါးတရ... မစားရဝခမန်း.... တည်နေတဲ့သူဟာ... ငပေါအစစ်...
ဒီထက်ပိုပြီး အတတ်နိုင်ဘူး... မလုပ်နိုင်ဘူး... အူး...ဟူး..

ဟ said...

မင်းကတော့ ကွန်ပျူတာရှေ့ မထိုင်ပဲ လက်နှိပ်စက်ရှေ့ ထိုင်နေလားကုလားစုတ်ရေ .. မင်းကောအရည်ရလား အဖတ်ရလား ပြောပါဦး...

Anonymous said...

ကတ်ကတ်ကိုလန်နေတာပဲကွာ... ထမီလေးဘာလေးဝတ်ရင် အတော်ကြည့်ကောင်းမယ့်ကောင်ပဲ.....
ပုံစံပြောင်းပြီး တိုက်ခိုက်စမ်းပါ...
ဟဲ့ အပေါ်က လူငနွားကိုပြောတာ...

Anon said...

ပြီးတေးဝူးလား။ :)

ဟ said...

To Anonymous

September 16, 2009 3:41 PM


မင်းတို့ အိမ်က ထမိန်ဝတ်တဲ့သူတွေ ကတ်ကတ်လန် နေတာကိုဆိုလိုတာလား.. မင်းရဲ့ ကိုပေါကို အခြောက်တိုက် နာမည်တောင်မဖော်ဝင့်ပဲ ပုဆိုးခြုံထဲက လက်သီးပြတဲ့ အလုပ်ကတော့ ပုံစံပြောင်းပြီးတိုက်ခိုက်တာလား... ပြောပါဦး..

ကိုယ်ရေးနေတဲ့ ပုံစံကြည့်ပြီး ဘယ်သူက နွားနဲ့ တူလဲ စဉ်းစား..

Anonymous said...

Hay!don't forget Buddha was from India.Kala Ba.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs