လူဆိုတာ မွေးလာကတည်းက အူဝဲလို့ အော်ငိုပြီး မွေးလာတတ်ကြတာပါ။ စကားမပြောတတ်ခင် နို့ဆာတဲ့အခါ၊ အနှီးသေးစိုလို့ နေမထိထိုင်မသာရှိတဲ့အခါ အူဝဲ ရယ်လို့ အော်ငိုတတ်ကြတယ်။ အဲဒီအခါမှာ ကလေးရဲ့ လိုအပ်ချက်ကို မိခင်က သိရှိသွားပြီး သူ့အလိုကို ဖြည့်ဆီးပေးရတာပေါ့။ နို့ဆာနေပါလျက်နဲ့ အော်မငိုတတ်တဲ့ ကောင်တော့ ငတ်ပြီပဲ။ မြန်မာစကားမှာ “အငိုသန်တဲ့ကလေးဟာ နို့ပိုစို့ရတယ်” ဆိုတဲ့ ဆိုရိုးစကားလည်း အရှိသားမဟုတ်လား။
လူမှန်ရင် မွေးကတည်းက မိမိဆန္ဒ၊ မိမိလိုအပ်ချက်တွေကို အသံနဲ့ ထုတ်ဖော်ပြသတတ်လာကြတာ သဘာဝပဲ။ မျက်နှာပေါ်မှာ ပါးစပ်ပေါက်ကြီး တပေါက် ပါလာတာဟာ အစာစားဖို့သက်သက်၊ တံတွေးမြိုချဖို့သက်သက်၊ ပလုပ်ကျင်းဖို့သက်သက်၊ သွားကြားထိုးဖို့သက်သက်လောက် မဟုတ်ဘူးဆိုတာကတော့ သေချာတယ်။
လူ့သမိုင်းကို ပြန်ကြည့်ရင်လည်း တစထက် တစ လူ့အဖွဲ့အစည်း တိုးတက်ယဉ်ကျေးလာတာနဲ့အမျှ မိမိရဲ့ ဆန္ဒတွေကို၊ အတွေးအမြင်တွေကို ထုတ်ဖော်ဖို့အတွက်၊ ဖလှယ်ဖို့အတွက် ဘာသာစကားတွေကို တီထွင်သုံးစွဲလာကြတယ်။ တဦးနဲ့တဦး ဆက်သွယ် အချက်ပြဖို့အတွက် ဘာသာစကားတွေကို တိုးတက်ကြံဆောင်လာကြတယ်။
လူသတ္တ၀ါတွေအတွက် စကားပြောခြင်းဆိုတာ မရှိမဖြစ်လောက်နီးနီး လိုအပ်လာတဲ့ အစွမ်းအစတခု ဖြစ်လာတယ်။ ကံမကောင်း အကြောင်းမလှလို့ မွေးကတည်း အကြားအာရုံချွတ်ယွင်းခဲ့ရင်တော့ ပါးစပ်ကလည်း အလိုလို ဆွံ့အသွားတယ်။ အဲသည်လို ဆွံ့အနားမကြားတဲ့လူတွေတောင်မှ ဆက်သွယ်အချက်ပြနိုင်ဖို့ လက်ဟန်ခြေဟန်နဲ့ အချက်ပြ ပြောဆိုနည်းတွေကို သင်ယူ သုံးစွဲရတယ်။ ဒါပေမယ့် သူပြောတာကို နားလည်ဖို့ဆိုတာ သူ့ကို တချိန်လုံး ကြည့်နေရမှာ ဖြစ်တဲ့အတွက် ပါးစပ်ကနေ ပြောဆိုနိုင်သူကတော့ ဆက်သွယ်တဲ့နေရာမှာ တပန်းသာတာကို တွေ့ရမယ်။
ဇာတ်ကြီးဆယ်ဖွဲ့မှာ လောကရဲ့ အရှုပ်ဇာတ်တွေနဲ့ ကင်းကင်းနေချင်လို့ မွေးကတည်းက စကားမပြောပဲ နေလာခဲ့တဲ့ အလောင်းတော် တေမိယမင်းသားတောင် အချိန်ကျလာတော့ စကားပြောရသေးတယ် မဟုတ်လား။ ဒီလောက်ဆိုရင် စကားပြောခြင်းဟာ လူ့ဘ၀မှာ ဘယ်လောက်အရေးပါတယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းမိကြမယ်ထင်ပါတယ်။
လူ့သမိုင်းတိုတိုလေးအတွင်းမှာ လူတွေရဲ့ အသိဉာဏ်နဲ့ ယဉ်ကျေးမှု တိုးတက်မြင့်မားလာနှုန်းဟာ အံ့မခန်းဆိုတော့ လူတွေဟာ ပါးစပ်နဲ့ ပြောရတာတင် အားမရလို့ လူအများကို ထိထိရောက်ရောက် ဆက်သွယ်နိုင်တဲ့ အက္ခရာစာပေတွေကိုလည်း တီထွင်သုံးစွဲလာကြတယ်။ လူတွေရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ်ပြောင်းလဲစေတဲ့ တီထွင်မှုကြီးတွေထဲမှာ စက္ကူတီထွင်မှုနဲ့ ပုံနှိပ်စက် တီထွင်မှုတွေဟာ ရှေ့တန်းက ပါဝင်ပါသတဲ့။
ငယ်ရွယ်စဉ် စကားမပြောတတ်ခင်အရွယ်ကသာ “အူဝဲ”လို့ အော်ငိုပြီး မိမိဆန္ဒကို ပြသခဲ့ရတာမှန်ပေမယ့် လူလားမြောက်လာတဲ့အခါ မိမိတောင့်တရာရာကို ရယူနိုင်ဖို့အတွက် ဘာသာစကားတွေကို ထိထိရောက်ရောက် အသုံးချဖို့လိုအပ်လာတယ်။
တချို့သော လူတွေအတွက်ဆိုရင် စကားပြောဆိုခြင်းဟာ အသက်မွေးဝမ်းကြောင်း အလုပ်ဆိုရင်လည်း ဟုတ်တယ်။ ဥပမာ… ရှေ့နေ၊ ကျောင်းဆရာ၊ ကွက်စိပ်ဆရာ၊ ဗေဒင်ဆရာ၊ ပွဲစား၊ တရားဟော ဓမ္မကထိက၊ ဘတ်စ်ကားစပယ်ယာ စသဖြင့်ပေါ့လေ။ သူတို့ရဲ့ နေ့စဉ်ဘဝမှာ အလုပ်သဘောအရ စကားတွေ အများကြီးပြောနေရတယ်။ စကားပြောနေခြင်းသည်ပင်လျှင် အလုပ် လုပ်နေခြင်း။ အဲဒီလူတွေကို “အလကား လေချည်း စွတ်ကန်မနေပါနဲ့ဗျာ။ လက်တွေ့အလုပ်ကလေးလည်း လုပ်လိုက်ပါဦး” လို့ သွားပြောသူဟာ ဦးနှောက်ကျပ်မပြည့်သူသော်လည်းကောင်း၊ ရူးနှမ်းနေသူသော်လည်းကောင်း ဖြစ်ရမယ်။
အလားတူပဲ။ ဒီလူတွေလောက်နီးနီး စကားပြောခြင်းအမှုကို မလုပ်မဖြစ် လုပ်ကြရတဲ့ လူတန်းစား တမျိုး ရှိသေးတယ်။ အဲဒါကတော့ နိုင်ငံရေးသမားတွေပါ။ နိုင်ငံရေးသမားတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးအယူအဆတွေ၊ ပေါ်လစီတွေ၊ စီမံကိန်းတွေ၊ ဦးတည်ချက်တွေကို တချိန်လုံး လူအများကို ပြောပြနေဖို့ လိုအပ်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမှာဆိုရင် နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံအနှံ့ လှည့်ပတ်သွားလာပြီး တောက်လျှောက် စကားပြောခြင်းအမှုကို ပြုနေကြရတာပါ။ ရွေးချယ်တင်မြှောက်ခံရလို့ အုပ်ချုပ်ရေးအာဏာကို လက်ခံရယူပြီးတဲ့အခါကျမှသာ မိမိပြောဆိုခဲ့တဲ့ အရာတွေကို စတင် အကောင်အထည် ဖော်ရပါတယ်။ ဒါက ရွေးချယ်တင်မြှောက်ခြင်း ခံရတဲ့ အာဏာရနိုင်ငံရေးသမားတွေကို ပြောတာပါ။
အတိုက်အခံနိုင်ငံရေးသမားတွေအနေနဲ့တော့ အုပ်ချုပ်ရေးအာဏာကို မပိုင်ဆိုင်တဲ့အတွက် သူ့တို့မှာ သူတို့ရဲ့ ပေါ်လစီကို အကောင်အထည်ဖော်ဖို့ အခွင့်မသာဘူး။ ဒါပေမယ့် အာဏာရအစိုးရရဲ့ ပေါ်လစီတွေကို တချိန်လုံး မျက်စိဒေါက်ထောက်ကြည့်ပြီး အစဉ်သဖြင့် ဝေဖန်ထောက်ပြနေဖို့တော့ လိုပါတယ်။ အဲဒါကို လွတ်လပ်တဲ့ နိုင်ငံရေးစနစ်တွေမှာ Check and Balance လို့ ခေါ်ဆိုကြပြန်တယ်။ ဒီတော့ နိုင်ငံရေးသမားတွေအတွက် စကားပြောနေခြင်းသည်ပင်လျှင် သူတို့ရဲ့ အလုပ်ကို သူတို့လုပ်နေခြင်းလို့ ဆိုနိုင်ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားဖြစ်ပါလျက် အစိုးရရဲ့ ပေါ်လစီတွေကို စောင့်ကြည့် ဝေဖန်ခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် အဲဒီအတိုက်အခံဟာ သူ့အလုပ်ကိုသူ ပီပီပြင်ပြင်မလုပ်ဘူးလို့ ဆိုနိုင်တယ်။ ဒါကြောင့် အတိုက်အခံ နိုင်ငံရေးသမားတွေကို လေကန်နေသူတွေ၊ လက်တွေ့မကျသူတွေလို့ ပြောသူဟာ စောစောက ပြောခဲ့တဲ့ ဦးနှောက်ကျပ်မပြည့်သူ (သို့မဟုတ်) ရူးနှမ်းနေသူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ပြောတဲ့လူကိုယ်တိုင်က နိုင်ငံရေးသမားဆိုရင် ပိုဆိုးသေးတယ်။ အဲဒီလူဟာ ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်း မသိသူသာ ဖြစ်ရမယ်။
နိုင်ငံရေးသမားတွေတင် မကသေးဘူး။ မလွတ်လပ်တဲ့ အာဏာရှင်စနစ်အောက်မှာ ကျရောက်နေတယ်ဆိုရင် အဲဒီ တိုင်းပြည်က တော်လှန်ရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အတွေးအမြင်တွေ၊ ဆန္ဒသဘောထားတွေကို မိမိတို့ အချင်းချင်းကြားမှာ တချိန်လုံး ဆွေးနွေးပြောဆိုနေဖို့ လိုအပ်တယ်။ ဒါမှသာ မိမိနဲ့ ဆန္ဒတူရာ၊ ရည်မှန်းချက်တူရာ၊ သဘောထားတူရာ လူတွေအချင်းချင်း စုစည်းမိမယ်၊ စည်းရုံးမိမယ်။ တူညီသော ဘုံရည်ရွယ်ချက်တခုအတွက် ပူးပေါင်းနိုင်ကြမယ်။ အင်မတန်ရှင်းပါတယ်။ ဒါကြောင့် တော်လှန်ရေးသမားတွေအဖို့ရော၊ တက်ကြွလှုပ်ရှားသူတွေအဖို့ပါ စကားပြောဆိုခြင်းဟာ တခြား မလုပ်မဖြစ်လုပ်ရမယ့် လုပ်ငန်းတွေနည်းတူ ရှောင်လွှဲလို့မရတဲ့ (တနည်း) မလွှဲမသွေ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတရပ်ဖြစ်တယ်။ ဒီလူတွေအနေနဲ့ မိမိအမြင်ကို ပြောဆိုနေမယ်။ ရေးသားနေမယ်။ ဆွေးနွေးကြမယ်။ ငြင်းခုန်ကြမယ်။ ဒါတွေဟာ အခုစစ်အာဏာရှင်ကို တွန်းလှန်တဲ့နေရာမှာသာ အထောက်အကူပြုတာမဟုတ်။ နောင်တချိန် တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးတဲ့အခါ ဒီမိုကရေစီစနစ်နဲ့ အလျှင်အမြန် နေသားတကျ ဖြစ်သွားစေမယ့် ပတ်ဝန်းကျင်တခုကို အခုကတည်းက စတင်ဖန်တီးပေးနေရာလည်း ရောက်ပါတယ်။
နောက်ပြီး သတိပြုစရာတချက်ကတော့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ စကားဖြင့် တွေ့ဆုံပြောဆုံ ဆွေးနွေးညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းဟာ အင်မတန် အဆင့်မြင့်တဲ့ ဖြေရှင်းနည်းမျိုးပါ။ အဲဒီ တွေ့ဆုံဆွေးနွေးနည်းနဲ့ ဖြေရှင်းနိုင်ခဲ့ရင် လူ့အဖွဲ့အစည်းအတွင်းမှာ အင်မတန် ငြိမ်းချမ်းမှုလည်းရှိတယ်။ အကျိုးလည်း ရှိတယ်။
ဒါပေမယ့် တွေ့ဆုံဆွေးနွေးနည်းနဲ့ မဖြေရှင်းပဲ လက်နက် စွဲကိုင်ပြီး စစ်မက်နဲ့ ဖြေရှင်းရပြီးဆိုရင် အဲဒီအခြေအနေဟာ အသိဉာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေအဖို့ အင်မတန်ဝမ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေတရပ်ဖြစ်လာပါတော့တယ်။
ဒါကြောင့် စကားပြောဆိုခြင်းဖြင့် လွတ်လွတ်လပ်လပ် မိမိတို့ လိုအပ်ချက်တွေကို တောင်းဆိုနိုင်မယ်။ မိမိတို့ ဆန္ဒသဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်မယ်။ မိမိတို့ ထင်မြင်ချက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်မယ်ဆိုရင် အဲသည်လူ့အဖွဲ့အစည်းဟာ လွတ်လပ်သော လူ့အဖွဲ့အစည်း၊ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့ အခြေခံလိုအပ်ချက်နဲ့ ပြည့်စုံပြီလို့ ပြောနိုင်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်မယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမဟုတ်သလို ယဉ်ကျေးတိုးတက်သော လူ့အဖွဲ့အစည်းလို့လည်း မခေါ်နိုင်ပါဘူး။ အဲဒီ လူ့အဖွဲ့အစည်းမျိုးကို ဆွံ့အသော လူ့အဖွဲ့အစည်း (Retarded Society)လို့ ခေါ်ဆိုနိုင်ပါတယ်။ အဲသည်လူ့အဖွဲ့အစည်းမျိုးမှာ အကြောက်တရား လွှမ်းမိုးနေတတ်တယ်။
ဒါကြောင့် အနှစ်ချုပ်ရရင် စကားပြောဆိုခြင်းဟာ လူ့ဘ၀အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခုဖြစ်တယ်။ လူတယောက်ဟာ စကားပြောဆိုခြင်း ပညာကို ကောင်းစွာ မလေ့လာထားခဲ့ရင်၊ ဒါမှမဟုတ် မိမိသုံးစွဲရာ ဘာသာစကားကို အတန်အသင့် လေ့လာထားခြင်းမရှိရင် “သဘင်မပြဲ့ ခံတွင်းမဲ့” ဆိုတာလို မိမိပြောလိုရာကို ထိထိရောက်ရောက် ပြောဆိုနိုင်စွမ်းမရှိဘူး။ စကားပြောတဲ့နေရာမှာ အရေမရ အဖတ်မရတွေချည်း တချိန်လုံး တောက်လျှောက်ပြောနေရင်တော့ အကျိုးမရှိဘူးပေါ့။ ဟုတ်မှန်မယ်၊ အကျိုးလည်းရှိမယ်ဆိုရင်တော့ ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောရပါတယ်။ နောက်ပြီး တချို့ကိစ္စမျိုးတွေမှာ နှုတ်ဆိတ်မနေအပ်တဲ့ အချိန်မျိုးတွေရှိတယ်။“ဆိုရေးရှိက ဆိုအပ်လှ၏” ဆိုတဲ့ စကားတွေ၊ “မပြောမပြီး မတီးမမြည်” စတဲ့ စကားတွေလည်း ရှိတယ်မဟုတ်ပါလား။
ဒါကတော့ စကားပြောခြင်းနဲ့ ပတ်သက်လို့ လတ်တလော ကျနော်တွေးဖြစ်တဲ့ အကြောင်းတွေပါ။
ပူးတွဲဖတ်ရှုရန်။..........။ ပ၀ါရဏာပြုခြင်း (sonata-cantata ဘလော့ဂ်မှ)

43 comments:
ဟုတ်ပ ငါ့စကားနွားရပြောတဲ့လူတွေလဲရှိသဗျ ကို့အယူအဆကိုလက်မခံလို့ဒေါကန်တဲ့လူလဲရှိသဗျ
မြန်မာတွေတော်တော် များများက
ပြောမှသိ ထိမှနာ ဖြစ်ကုန်ကြပြီ
တချို. သူတို.ကို ချ နေတာတောင် ဘာမှ မဖြစ်သလိုလို
နေ ကြတာတွေ.ကြရတော.
အတော်လေးရင်လေးမိတယ်ဗျို.
လူညွန်.တွေ တုန်းမှန်း မသိတုန်း ကုန်ပြီလား
လွတ်ရာ လွတ်ကြောင်း မကြိုးစားကြတော.ဘူးလား။။
လွတ်ရာ လွတ်ကြောင်း မကြိုးစားကြတော.ဘူးလား။။
----------------------------------
နဲနဲတွေးမိတယ်
လွတ်ရာလွတ်ကြောင်းဆိုတာ ဘာကိုပြောတာလဲ
နိုင်ငံခြားကို ထွက် အလုပ်လုပ်
blog တစ်ခုထောင် ကိုထင်ရာရေး
ဒါကိုပြောတာလား ????
လမ်းပေါ်ထွက် အစိုးရကို ဖြုတ်ချ
တိုက်ခိုက် တော်လှန် အကြမ်းနည်းသုံး
ဒါကိုပြောတာလား ???
ရှင်းပြပေးပါ
လွတ်ရာလွတ်ကြောင်းမကြိုးစားဘူးဆိုတာ
ဘာကိုကြည့်ပြီးပြောတာလဲ
ထင်တာလား
မြင်တာလား
တွေးကြည့်တာလား
စာဆိုတာမရေးခင်အရင်စဉ်းစားဗျ
လူညွန့်တုံးပြီဆိုတာဘာကိုဆိုလိုတာလဲ
အခု ngo မှာလုပ်နေတဲ့လူငယ်တွေကိုလိုက်မေးကြည့်
လမ်းဘေးလက်ဖက်ရည်ဆိုင်ထိုင်
အုတ်ခုံမှာဂီတာတီး
အဲလိုလူငယ်တွေပဲတွေ့ဖူးတယ်ဆိုရင်တော့
မိတ်တွေရဲ့စာကိုမငြင်းလိုပါ
"လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်မယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမဟုတ်သလို ယဉ်ကျေးတိုးတက်သော လူ့အဖွဲ့အစည်းလို့လည်း မခေါ်နိုင်ပါဘူး။ အဲဒီ လူ့အဖွဲ့အစည်းမျိုးကို ဆွံ့အသော လူ့အဖွဲ့အစည်း (Retarded Society)လို့ ခေါ်ဆိုနိုင်ပါတယ်။ အဲသည်လူ့အဖွဲ့အစည်းမျိုးမှာ အကြောက်တရား လွှမ်းမိုးနေတတ်တယ်။"
ကြိုက်တယ် သိပ်ကောင်းတယ် ကိုပေါ။
Nge Naing ထောက်ခံတာကို ထပ်ပြီးထောက်ခံပါတယ်။ To Anony 1:07 pm "လမ်းပေါ်ထွက် အစိုးရကို ဖြုတ်ချ
တိုက်ခိုက် တော်လှန် အကြမ်းနည်းသုံး
ဒါကိုပြောတာလား ???"
ဘယ်သူက အုကမ်းဖက်သလဲ ။ အားလုံးကို ငတုံးထင်နေတဲ့  ငတုံးကို ပြန်ပြောနေတဲ့ ငါကို က အသုံးမကျတာ။
အင်း .......... ...........
Blogger pkw said...
အဲ့ငတုံးကြီးက ခင်ဗျားတို့ကို အုပ်ချုပ်လာတာ နှစ် 20 ကျော်ပြီဆိုတာသတိရအုံး
လောလောဆယ်တုံးနေတာဘယ်သူလဲဆိုတာ
ကိုယ့်ကိုကိုယ်သိရင်ပြီတာပဲ
အဲ့ဒီမင်းပထွေးငတုံးလို ထင်ရာဆိုင်း အုပ်ချုပ်ပုံမျိုးက စာတလုံမှမတတ်လဲ အုပ်ချုပ်လို့ ရတယ်.. မင်းတို့ လိုတိရိစာန်တွေ နဲ့ တော့တန်ပါတယ်..
အဲဒီငတုံးအစိုးရ နှစ်၂၀ ကျော် အုပ်ချုပ်လာတာ တိုင်းပြည် ဘာတိုးတတ်လာလဲ ပြောပြပါဦး.. မီးတောင် မှန်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိရဲ့ လား..
Anony;6:10 pm ဆိုတဲ့  ငတုံး က ငါတို့ ကိုအုပ်ချုပ်လာတာဆိုပါလား။ ငတုံး ဆိုတာ ဘယ်သူ ကိုပြောမှန်းတောင် မသိတဲ့  ကောင်။ တုံးပြီးရင်းတုံးရင်းပါလား'
အပ်တောင်မရှိတဲ့ပြည်သူတွေက သေနတ်ကိုင်ထားတဲ့  ၄၀၀၀၀၀၀လောက်ရှိတဲ့ လူတစ်စုကို အုကမ်းနည်းသုံး (မင်းစာထဲကအတိုင်းဘဲ) တာကတော့ မင်းမခံနိုင်တာ ငါတောင်းပန်ပါတယ်ကွာ။ ဟားဟား
စကားပြောဆိုခြင်းဟာ လည်း ပညာရပ်တစ်ခုလို အရေးပါတယ်နော်.... ဒီပို့စ်ကိုနှစ်သက်တယ်... ဗဟုသုတလဲရလိုက်တယ်
Anyway..Military Government will win 2010 election and all Burmese people including you all and I myself will surely shut up our mouths.If you don't believe,just wait and see huh.Do not fight with words..actions speak louder..All real heros are in jails.If you can't do don't talk.It's a shame to see comments fighting each other.
By the way,
What is name of Military Government Party called? Who is leading? Nga Than?
ဒီမိုကရေစီ တွေ ဘာတွေ နားမလယ်ပါ။ သေချာတာ ကတော့ နိုင်ငံရေးသမားလို့ ကိုယ်. ကိုကိုယ် ပြောနေတဲ့ ကိုပေါ ရဲ့ အယူအဆတွေ ကိုတော့ အခုထိ လက်မခံ နိုင်ပါ။ မြန်မာပြည် အစိုးရ ကို ဘယ်လို တော်လှန်ရမလဲ ဆိုတာထက် စင်ကာပူ အစိုးရ ဘာတွေမဟုတ်တာ လုပ်လဲဆိုတာကို အပြစ် လိုက်ပြောနေတယ် လို.ဘဲ မြင်ပါတယ်။
mostly, i like your Idea.
Ko Paw,Cheer!!
နားမလည်ရင်နားလည်အောင်လုပ် သဘောမပေါက်ရင်သဘောပေါက်အောင်လုပ် ကိုယ့်အလုပ်ဘာဆိုတာကိုယ်သိဖို့လိုပါတယ်
ငါ့စကားနွားရ ပြောသူတွေ အတော်များများ အမြီးအမောက်မတည့်တဲ့ စကားလုံးတွေ နဲ့ကောက်ချက်ချ ကြ
ကိုပေါရေ ကျွဲပါးစောင်းတီးများဖြစ်နေမလားပဲ
တကယ်ပဲနားမလည်လို့ပေပဲလား? နားလည်ရက်နဲ့ ကိုပေါကိုဆန့်ကျင်ချင်တာ သက်သက်နဲ့ တမင်ပြောလေသလားတော့မသိဘူး။ မြန်မာစစ်အစိုးရ/SG elite authoritarian အစိုးရကိုဆန့်ကျင်နေတာမဟုတ်ပဲ အာဏာလက်ဝယ်ရှိ အုပ်စုတစ်စုက ကြီးစိုးပြီးထင်ရာလုပ်နေတဲ့ စနစ်ကိုဆန့်ကျင်နေတာမှန်းလောက်မှ ခွဲခြားနားမလည်ရင် နားမလည်တဲ့သူနားမလည်သလိုနေသင့်တယ်။
I agree with "Just a blog reader"
Ko Paw looks like associate too much with SDP. Nowadays, his most of his posts are criticism of Singapore. I miss KPW's satires last time
"သေချာတာ ကတော့ နိုင်ငံရေးသမားလို့ ကိုယ်. ကိုကိုယ် ပြောနေတဲ့ ကိုပေါ ရဲ့ အယူအဆတွေ ..."
Tell me ....Which line in this post or which post that ko paw wrote ....said that he, himself is a politician.
Can't you read Burmese well or are you just that dump ?
To Anonymous :September 19, 2009 7:24 AM
I'll have to repeat Kyaw Htin's comment to you till you understand..
1. The difference between the system and the ruling government
2. The difference between the countrry ( in name ) and the system of that country.
"တကယ်ပဲနားမလည်လို့ပေပဲလား? နားလည်ရက်နဲ့ ကိုပေါကိုဆန့်ကျင်ချင်တာ သက်သက်နဲ့ တမင်ပြောလေသလားတော့မသိဘူး။ မြန်မာစစ်အစိုးရ/SG elite authoritarian အစိုးရကိုဆန့်ကျင်နေတာမဟုတ်ပဲ အာဏာလက်ဝယ်ရှိ အုပ်စုတစ်စုက ကြီးစိုးပြီးထင်ရာလုပ်နေတဲ့ စနစ်ကိုဆန့်ကျင်နေတာမှန်းလောက်မှ ခွဲခြားနားမလည်ရင် နားမလည်တဲ့သူနားမလည်သလိုနေသင့်တယ်။"
"including you all and I myself will surely shut up our mouths.."
Only the suckers like you and the sukers-to-be will shut up their mouth because they have to swallow junta's ball.
Anonymous NG said...
အဲ့လိုအုပ်ချုပ်ခံနေရတဲ့အထဲမှာ တစ်ချိန်ကမင်းလဲပါခဲ့လိမ့်မယ်
မင်းမိဘတွေလဲပါခဲ့လိမ့်မယ်
မင်းဆွေမျိုးတွေလဲပါခဲ့လိမ့်မယ်
အခုလဲပါနေအုံးမှာပဲ ဟ ဟ
------------
မင်းတို့ လိုတိရိစာန်တွေ နဲ့ တော့တန်ပါတယ်..
---------------------
စာရေးတယ်ဆိုတာ အမျိုးမျိုးရှိတယ်
မရေးတက်ရင် ကိုယ့်ဘက်ကိုပြန်လာတက်တယ်
မင်းရေးထားတဲ့ အရေးအသားကိုကြည့်ခြင်းအားဖြင့်
မင်းဟာဘယ်လိုအတန်းအစားလဲဆိုတာ မှန်းလို့ရပါတယ်
မင်းလိုလူမျိုးကို ရှင်းပြနေရင်လည်း နားလည်မှာမဟုတ်ပါဘူး
ဗမာတွေ ဒူတာ တိတွားပီ။ ငါလည်း မြန်တ၇န့် တရုတ်ဆိုတော့ ဒူတဲ့ထဲး ပါတာပါပဲ။ ဟီးဟီး ။ ဘာပဲဖြစ်ဖြစ်လေ ငါ့ ပါးပါးနဲ့မားမားလည်း မြန်မာပြည်မှာနေ တာပဲ။ မြန်မာပြည်ကို တိုးတက်စေချင်တယ်။ Singapore တွေကိုတော့ ငါကြည့်မရဘူး။ ဟီးဟီး ငါ့ကို မြန်တ၇န့်တရုတ်ဆိုပီး အထင်သေးတတ်လို့။ ဘာဆိုင်လို့လဲ
မြန်တ၇န့်က သူတို့ထက် အများကြီးသာတယ်။ ငါ့ အဲတာတွေ မခံချင်တာ။ ငါလည်း ဒီမှာဘာတွေ လျှောက်ပြောမိမှန်း မတိတော့ဘူး။ sorry sorry။
Hi..Ko Paw, just go ahead.
Love to read your post as well as those comments..:)
ငယ်ငယ်(၁၃၊ ၁၄ နှစ် အရွယ်)တုန်းက ကိုယ်တွေ.အဖြစ်အပျက်တစ်ခုကို ပြန်သတိရမိတယ်။ အဒီတုန်းက သကြေန်မှာ ရေကစား နေတုန်း လူကြီး တစ်ယောက်(ဗမာ ရုပ်ရည်ပဲ) ကပြောတယ် "တရုတ်မလေး ,သကြေန်ဆိုတာ ဗမာတွေ နှစ်ကူးတာ၊ နင်ဒို. နဲ့မဆိုင်ဘူး နင်ဒို. တရုတ်နှစ်ကူး ရင် ငါဒို. ကောလိုက်ကူး လို. လား လို. အမေးခံခဲ့ရဘူးတယ်" ၊
အဒီတုန်းက အူကြောင်ကြောင်နဲ့ ဟုတ်လားလို. တောင်စဉ်းစားမိတယ်။
ဘာရယ် မဟုတ်ပါ။ ကုလားစုတ် လို. comment ထဲမှာတွေ. လိုက်မိလို. ရေး လိုက်မိဒါပါ။
ဗမာတွေနဲ့ တခြားတိုင်းရင်းသားတွေ ငါတို့ အပေါ်မခွဲခြားကြပါဘူး။ တခါတလေ စကားအရ ထဲ့ပြောတာတေါ့ ရှိတာပေါ့။ ခုဆို မြန်မာပြည်ရဲ့ အပြင်ကိုထွက်လာတာပဲ။ ငါသိလိုက်ရတာ တခုက မြန်တ၇န့်သား က မြန်တ၇န့်သား ပဲဆိုတာလေ။ ဖြူဖြူ မည်းမည်း နီနီ ဝါဝါ ဘာလူမျိုး ဖြစ်ဖြစ် ပါ။ မြန်မာပြည်သားပါပဲ။ ဗမာတွေနဲ့ တခြားတိုင်းရင်းသားတွေ ငါတို့ကို နားလည်ပေးနိုင်မလား။ ငါ့ cousin တချို့ဆို တိုင်းရင်းသားသွေးတဝက်ပါတယ်။ ငါသူတို့ကိုချစ်တာပဲ။ မုန်းစရာမှမလိုတာ။
ကိုပေါရေ..ပြောတာပဲ ဖြစ်ဖြစ်၊ တီးတာပဲဖြစ်ဖြစ်
သတိလေးနဲ့ပေါ့။ ကိုယ့်အဓိက ရည်ရွယ်ချက်လေး လွတ်မသွားပါစေနဲ့။
ကိုယ့်လူက စိတ်အချဉ်ပေါက်ပြီး သူ့လူဖြစ်မသွားပါစေနဲ့။
အကျိုးသင့် အကြောင်းသင့် သုံးသပ်တင်ပြတာ
ကို ကြိုဆိုပါတယ်။ အစွန်းမရောက်ရင် ပြီးတာပါပဲ။
မှန်တာပြောလို့..အမှန်တွေကြားရလို့ စိတ်အချဉ်ပေါက် တတ်တယ်ဆိုရင်လဲ အဲလိုလူမျိုး ကန်တော့ဆွမ်း..
စာလာဖတ်ပါတယ်။ ကျွန်မလည်း Language ဖြစ်ပေါ်လာတဲ့ရည်ရွယ်ချက်လေးတွေတွေးနေမိတုန်း ကိုပေါက ဒီစာရေးလိုက်တာကိုး။ ဟုတ်ပါတယ်။ ဘာသာစကားဆိုတာ ဆက်သွယ်ကြဖို့ ပါ။
communication skill ဆိုတာကတော့ အပြောအဆိုတစ်ခုတည်းမဟုတ်ပဲ
၁။ အပြော
၂။ အရေး
၃။အပြုအမူ
ရယ်လို့ ရှိနေတော့ အချို့ အရာတွေက စကားပြောစရာမလိုပဲ အချင်းချင်းနားလည်သွားစေတဲ့ အပြုအမူလေးတွေရှိနေတယ်။ ဘာပဲဖြစ်ဖြစ် negociation ဆိုတဲ့ အချင်းချင်းကျိုးသင့်ကြောင်းသင့် ဆွေးနွေးအဖြေရှာတတ်ကြရင်တော့ လူယဉ်ကျေးလို့ ဆိုနိုင်တာပေါ့။ ဒီနေရာမှာ “အကြောင်းအမျိုးမျိုးပြပြီး” ဆိုတဲ့စကားကိုတော့ ကျွန်မသိပ်သဘောမကျချင်ဘူး။ အကြောင်းပြချက်မရှိပဲ တယူသန်လုပ်နေတဲ့ အကျင့်ဆိုးထက်တော့ ပိုယဉ်ကျေးတယ်လေ။ negociate တွေလုပ်ကြတယ်ဆိုတာလည်း ကိုယ်ဖြစ်လိုတာကိုအကြောင်းအမျိုးမျိုးပြပြီး “လျှောက်လဲ” ကြ၊ “ထုခြေ”ကြ၊ “အယူခံဝင်”ကြ၊ “အသနားခံ”ကြ တာပဲမဟုတ်ပါလား ကိုပေါရေ။
သို့ သော်လည်း ကိုယ့်ယဉ်ကျေးမှုမှာက
”ပညာရှိဟူသည်တီးမှမြည်ရသည်” ဆိုတာကတစ်ဖုန်၊ “အသံကြောင့်ဖားသေ” ဆိုတာကတစ်မျိုး၊ “စကားစကားပြောပါများ၊ စကားထဲကဇာတိပြ” ဆိုတာက တစ်နည်း၊ “စကားနောက်တရားပါ” ဆိုတာကတစ်သွယ် နဲ့ လူတွေစကားမပြောရဲအောင် ဇာတ်သွင်းထားကြပေတာကိုး။ “ရှေးထုံးလည်း မပယ်” ရဲကြတော့ “ရေငုံ” နေကြတော့တာပေါ့။ ပြောတာတွေများသွားပြီ :)
all r same...
http://www.flickr.com/photos/nyinyimyanmar/3451432499/
here r the burmese... its how we behave..
we need democracy to behave like this everywhre.. not just in sg...
hi yu wa yi...
ur english and burmese is not good.. english spelling not right. grammar not right...
our learned nga paw won;t like it..
he won't engage ppl like u and me in a dialogue... we have poor knowledge in language...
Ha ha... you deleted my comment yesterday. "Yes, that's why you cry out loud for more benefits, as a Singapore PR, from Singapore Gov. Now you earn housing, medical, child school benefits etc. from Spore Gov. As you know, General Aung San and his daughter never accepted any benefit or favor from their political enemies or the systems they don't like." I think this comment does not break any rules you set above. Ha ha...
The one who made comment above : September 22, 2009 8:57 AM ..It's so disgusting to call your name.
Can you read Burmese well or your translator is a bad one that you can't make the comment which is relevent to the post? Stupid!
Even we speak louder to claim our rights in SG, so what? What's wrong with that? Your gov need our CPF to run his tiny island and in return we claimed the benifit we should get back.
Feel painful ah! Go and read how your old man and his son said in their speeches for you that you have to be greatful to the foreigners including both WP, EP and PRs who contribute to your nose-drop island to keep on going.
Cannot Ta-han? ha ha... you sound like Chee. Others, like Min Ko Naing, Su Su Nwe, Aung San Su Kyi etc., speaking out loud and complaining about the systems they don't like is OK. They sacrificed their whole life for fighting the Systems. But, for Ko Paw, it is different story. His wife, Han Thu Lwin, joined the Myanmar Gov Sector as a tutor in YTU and absorbed all the benefits they can get from Myanmar Gov. Then, leaved (run away) from the university and the country within short period.
You may know, in Myanmar, once you join the Gov Sector, it is for life term, not easy to resign for most of cases except doing illegal or paying under-table money to Gov Officials.
Ko Paw's family come to Spore after enjoying benefits from MM Gov and they complain about MM Gov since then. They are saying they are Fighting for Democracy. huh...
They get PR in Spore and enjoy some benefits like housing, medical, child education benefits etc. Now, again, complain about Spore Gov. Cry out loud. Louder than Chee. Ha ha...
One question for Ko Paw, your kid is outstanding in her class, we heard. "How is Singapore Education System which is sub-system of the System you don't like and you complain all the time and you are saying you wanna fight to change that System while you enjoy benefits from that System?"
One piece of advise to you, "move to another country with the System you like, like last time your family did, if you don't like the current country's system".
Btw, how many people behind you as you are saying you wanna fight the System? ha ha...
မပူပါနဲ့ကိုအောင်ရယ် ကျနော်တို့ကိုပေါ ကလဲဒီနိုင်ငံမှာမနေချင်ပါဘူး သွားမှာပါ အမေရိကားမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ဒီမှာဓတ်ပုံတွေရသလောက်စုနေတာပါ စိတ်သာချ သွားမှာ
Dump people use personal attack. Just Keep on barking on behalf of nose-drop. Who cares!
Spotlight on Ko Paw's political belief, where does it come from. Just highlight the contrary of what people say and what people really did. Differentiate big mouth and work hard. Ha ha...
Aung ဆိုသူသို့…..
မိတ်ဆွေရဲ့ စွတ်စွဲချက်တွေဟာ အခြေအမြစ် လုံးဝကင်းမဲ့တဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချက်တွေ ဖြစ်နေပြီ ဆိုတာ သတိထားပါ။
ကျနော့်ဇနီးဟာ ကျနော်နဲ့ လက်မထပ်ခင်ကတည်းက အစိုးရအလုပ်ကနေ နှုတ်ထွက်ခွင့်ကျပြီးသားပါ။ သက်ဆိုင်ရာ ၀န်ကြီးဌာနက တရားဝင် နှုတ်ထွက်ခွင့်ပြုတဲ့ အမိန့်စာ သက်သေအထောက်အထား အခိုင်အလုံရှိပါတယ်။ အီလက်ထရောနစ်ဌာနက ဆရာကြီး ဒေါက်တာစန်းတင့်နဲ့ အခြား မော်ကွန်းထိန်း၊ ပါမောက္ခချုပ် အစရှိတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ သက်သေရှိပါတယ်။ ကျနော့်ဇနီးနဲ့အတူ အခြား တရားဝင် နှုတ်ထွက်ခွင့်ရတဲ့ ဆရာမ နှစ်ဦးလည်း ရှိပါသေးတယ်။ ဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂဃနဏမသိဘဲ မတရား စွတ်စွဲတဲ့ မိတ်ဆွေ လုပ်ရပ်အတွက် သိက္ခာရှိတဲ့ လူတယောက်ဆိုရင် ပြန်လည် တောင်းပန်စကားဆိုသင့်ပါတယ်။
နောက်ပိုင်းမှာ ပို့စ်အနေနဲ့ ဆွေးနွေးတာမျိုးမဟုတ်ဘဲ အလားတူ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ တိုက်ခိုက်တဲ့ ကွန်မင့်တွေဆိုရင် ဖျက်ပစ်မယ်ဆိုတာလည်း တခါတည်း သတိပေးလိုက်ပါတယ်။
To September 23, 2009 10:56 AM:
From your way of writing comments, I realize that you are " pappy's dog "..No wonder you hate Chees. No wonder you hate people speaking out. No wonder you use the way pappy did to the opponents ( personal attack with nonsense )...So ashame to have you as a Burmese. Sure, SG will be very proud to have you as their barking dog.
To September 23, 2009 10:56 AM:
From your way of writing comments, I realize that you are " pappy's dog "..No wonder you hate Chees. No wonder you hate people speaking out. No wonder you use the way pappy did to the opponents ( personal attack with nonsense )...So ashame to have you as a Burmese if you are.( because you don't sound like Burmese when discussing the real issues that are really related to Myanmar..sorry i won't tell you which part you are out of synchronous.ha ha..just ask your buddy who helps you read). Sure, SG will be very proud to have you as their barking dog.
:)
ဘယ်သူတွေဘာပဲပြောပြော
ကိုယ့်အကြောင်းကိုယ်သိရင်ပြီးတာပဲဗျာ
လူဆိုတာ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းကြရတာပဲလေ
အာလူးစိုက်ပြီး ပန်းသီးတော့လိုချင်လို့မရဘူးပေါ့
အလိမ်တွေများတဲ့ခေတ်မှာ ဘယ်သူပြောတာကိုမှ
မယုံချင်ပါ
aung ပြောတာလဲဖြစ်နိုင်သလို
ကိုပေါပြောတာလဲ ဟုတ်နိုင်ပါတယ်
ကျွန်တော်သိတာကတော့
နှစ်ဘက်စလုံး 50 % စီလောက်မှန်နေကြတယ်
ဪ ကိုပေါမိန်:မနံမည်က ဟန်သုလွင် လား? လှသားပဲ၊ ပုံမှန်အားဖြင့်တော့ ဝန်ထမ်:က နိုင်ငံခြားကို လျော်ပီး တရားဝင်ထွက်လို့ရပါတယ်။ ထွက်နေသူတွေအများကြီးပါ၊ ကိုပေါ - "ဒီမိုကရေစီစနစ်နဲ့ အလျှင်အမြန် နေသားတကျ ဖြစ်သွားစေမယ့် ပတ်ဝန်းကျင်တခုကို အခုကတည်းက စတင်ဖန်တီးပေးနေရာလည်း ရောက်ပါတယ်။" ဆိုတာ ဒီလိုရန်တွေဖြစ်လို့ရတယ်လို့ ပြောတာလား ဟှင် !
Anonymous (September 23, 2009 1:24 PM )
ဝန်ထမ်းကနေ နှုတ်ထွက်တာမှာ လျော်စရာ မလိုတဲ့ ခေတ်တွေ ရှိခဲ့ပါတယ်။ ပြည်တွင်းမှာလည်း ကျနော့်အသိ ၀န်ထမ်းတွေ၊ ဆရာဆရာမတွေ ရာထူးကနေ နှုတ်ထွက်ပြီး အပြင်စီးပွားရေး လုပ်နေကြသူတွေ တပုံတခေါင်း ရှိပါတယ်။ တခုတော့ရှိတယ်။ တချို့ဝန်ထမ်းတွေအနေနဲ့ နိုင်ငံခြား ပညာတော်သင်တွေဘာတွေ သွားထားရင်တော့ သူတို့မှာ Bond ရှိတယ်လို့ ထင်ပါတယ်။
ရန်ဖြစ်တယ်ဆိုတဲ့ ကိစ္စမှာ…. ကျနော့်ဖက်က သူတပါးကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ ပုံစံမျိုးမရေးပါဘူး။ တချို့လူတွေရေးသားတာ သူတို့ စိတ်သဘောထားမရင့်ကျက်လို့ ရေးတာပဲလို့ ယူဆပါတယ်။ ဒါပေမယ့် မဆိုင်သူတွေရဲ့ ပုဂ္ဂိုလ်ရေးကို ဖွင့်ချတာ၊ ပို့စ်နဲ့မဆိုင်ပဲ အသားလွတ် ဆဲဆိုနေတာမျိုးတွေကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။
ဒီမိုကရေစီစနစ်ကို သွားချင်ရင် အခုလို အဖြစ်အပျက်မျိုးတွေကို မကျော်လွှားဘဲ စွေ့ကနဲ ရောက်သွားချင်လို့မရပါဘူး။ တခြား ဒီမိုကရေစီနိုင်ငံတွေရဲ့ သမိုင်းတွေကို လေ့လာကြည့်ရင် သိမှာပါ။ ကျနော်တို့ စိတ်အပူဆုံးကလည်း အဲဒါပါပဲ။ လူတွေဟာ အခက်အခဲတွေ၊ ပဋိပက္ခတွေကို မြင်လိုက်ရရင် ချက်ချင်းဆိုသလို စိတ်ပျက်အားလျော့သွားတတ်တာမျိုးတွေပါ။ ဘုရားဖြစ်ဘို့တောင် မာန်နတ်က ကြားဖြတ်နှောက်ယှက်တာကို ခံရသေးတာပဲ။ ဒီမိုကရေစီစနစ်ကို သွားရာမှာလည်း မရင့်ကျက်ခင်မှာ ဒါမျိုးတွေ ကြုံရမှာ၊ ကျော်လွှားရမှာ အသေအချာပဲ။ ဒါကြောင့်လည်း ကွန်မင့်တွေကို ကျနော် Approve လုပ်၊ စိစစ်ပြီးမှ လွှတ်ပေးရင် ရတာမှန်ပေမယ့် လွတ်လွတ်လပ်လပ် ကွန်မင့်ခွင့်ပေးထားတာပါ။ ဒါမျိုးတွေ မမြင်ချင်ရင် အစောကြီးကတည်းက ကျနော်ပိတ်ထားလို့ရပါတယ်။
Post a Comment