“စောင့်လေမျိုးနွယ်”

Share |
“ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ....”

ဒါကတော့ ကျနော်တို့အားလုံးနီးနီး ဖတ်ဖူးကြတဲ့ သားသမီးဝတ် ငါးပါး ပါ။

အဲဒီငါးပါးထဲမှာ “စောင့်လေမျိုးနွယ်” ဆိုတာပါတယ်။

တချို့ကလည်း အဲဒါဟာ “မျိုးနွယ်ကို စောင့်ထိန်းရမယ်၊ ကိုယ်နဲ့ မျိုးနွယ်မတူတဲ့လူကို လက်မထပ်ရဘူး”လို့ တလွဲအဓိပ္ပါယ်ကောက်ပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ယူရင်ပဲဖြစ်ဖြစ်၊ တနိုင်ငံတည်းသားချင်းဖြစ်လျှင်တောင် မျိုးနွယ်မတူတဲ့ အခြားလူမျိုးစု မျိုးနွယ်ဝင် တယောက်ယောက်နဲ့ လက်ထပ်ယူရင်ဖြစ်ဖြစ်…. “အမျိုးမစောင့်ထိန်းသူ” ဆိုပြီး အသားလွတ် စွတ်စွဲ အပြစ်တင်ချင်ကြသေးတာ။

နောက်တမျိုး အဓိပ္ပါယ် တလွဲယူတာရှိသေးတယ်။ မိဘက ကုန်သည်မျိုးနွယ်ဆိုရင် ကိုယ့်ကျရင်လည်း ကုန်သည်ပဲလုပ်ရမယ်။ မိဘက မင်းမှုထမ်းမျိုးနွယ်ဆိုရင် ကိုယ့်အလှည့်ကျရင်လည်း မင်းမှုထမ်းလုပ်ရမယ်… ဆိုပြီး အဓိပ္ပါယ်ယူတာမျိုးပေါ့။ ကြံကြံဖန်ဖန်ဗျာ။ အဲသည်လိုဆိုရင် လူအတော်များများဟာ “စောင့်လေမျိုးနွယ်” ဆိုတဲ့ ၀တ်ကို မကျေပွန်ဘူး ဖြစ်ကုန်ကြတော့မှာပေါ့။ ဘာကြောင့်လဲဆိုတော့  ဒီဖက်ခေတ်မှာ အဖေ့လက်ထက်တုန်းက လယ်သမား။ သားလက်ထက်ကျတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ ဆိုတာမျိုးတွေ ဖြစ်ကုန်ကြတာမဟုတ်လား။

တကယ်တော့ စောင့်လေမျိုးနွယ်ဆိုတာ အဲဒါတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ဦးခင်မောင်ဝင်း ရေးသားတဲ့ “ဗုဒ္ဓရဲ့ လူမှုရေးတရားတော်များ” စာအုပ် ထဲမှာ ရှင်းပြထားတာ ရှိပါတယ်။ မိဘလက်ထက်က သီလဂုဏ်၊ သမာဓိဂုဏ်၊ ဘာဝနာဂုဏ်၊ ရိုးဂုဏ်၊ အကျင့်ကောင်း၊ စရိုက်ကောင်း၊ စိတ်ဓါတ်ကောင်းတွေကို သားသမီးလက်ထက်မှာ ဆက်လက်ထိန်းသိမ်းပါ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါသတဲ့။ ကျနော်လည်း အဲသည် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို နှစ်သက်လက်ခံပါတယ်။

နောက်တချက် ဂရုပြုသင့်တာက သားသမီးတွေဟာ မိဘတွေထက် မစွမ်းရင်တောင် မလျော့အောင်တော့ ကြိုးစားသင့်ကြတယ် ဆိုတဲ့အချက်ပါပဲ။ မိဘလက်ထက်က စွမ်းစွမ်းတမံ ကြိုးစားခဲ့သလောက်၊ တာဝန်ကျေခဲ့သလောက် သားသမီးလက်ထက်ရောက်တော့ ကြိုးလည်း မကြိုးစားဘူး၊ တာဝန်လည်းမကျေဘူးဆိုရင် အဲဒီ သားသမီးဟာ မိဘရဲ့ မျိုးနွယ်ဂုဏ်ကို မစောင့်ထိန်းရာ ရောက်နေတယ်လို့ မြင်မိပါတယ်။

ယနေ့ ပတ်ဝန်းကျင်မှာ လေ့လာကြည့်လိုက်ရင် အချို့သော သားသမီးအချို့ဟာ မိဘထက် အရည်အချင်းအားဖြင့် မခေကြသော်လည်း တာဝန်ကျေမှုနေရာမှာတော့ မိဘခြေဖျားကိုတောင် မမီတာတွေ တွေ့ရပါတယ်။ ရူးချင်ယောင်ဆောင်ပြီး တာဝန်ကို ရှောင်လွှဲနေတာမျိုးတွေပေါ့။

တချို့ကျတော့ အရည်အချင်းအားဖြင့် မိဘကို မမီသော်လည်း တာဝန်ကျေမှုအရာမှာတော့ မိဘထက် မလျော့ရလေအောင် ကြိုးစားနေကြသူတွေကိုလည်း မြင်ရပါတယ်။

ကျနော်က ပထမအမျိုးအစားကို အားမလိုအားမရဖြစ်သလောက် ဒုတိယအမျိုးအစားကိုတော့ ချစ်ခင်လေးစားမိပါတယ်။

အဲ… တတိယအမျိုးအစားကတော့ မကောင်းတဲ့ဘက်မှာ စောင့်လေမျိုးနွယ်လုပ်နေတာပါပဲ။ မြန်မာပြည်က (နအဖ ဆိုတဲ့) အုပ်ချုပ်သူလူတန်းစားတွေရဲ့ မိသားစုအသိုင်းအ၀ိုင်းတွေမှာ မြင်နိုင်ပါတယ်။ မိဘက မဟုတ်တာတွေလုပ်။ သားသမီး၊ မြေးမြစ်လက်ထက်မှာ ဆယ်ဆတိုးပြီး မဟုတ်တာတွေလုပ်။ သူတို့ရဲ့ ဆွေစဉ်မျိုးဆက် မျိုးရိုးဟာ တဆင့်ထက်တဆင့် ပို၍ ပို၍ ယုတ်ညံ့ နိမ့်ဆင်းသွားပါတယ်။ အဲသည်တတိယအမျိုးအစားကိုတော့ မစင်ဘင်ပုတ်သဖွယ် ရွံရှာမိပါတယ်။

စောင့်လေမျိုးနွယ် ဆိုတာနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ ကျနော်အလေးစားဆုံးနဲ့ ဂုဏ်အယူမိဆုံး မျိုးရိုးကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ မျိုးရိုးပါ။ အဘိုး မြို့လုလင်ရွာသူကြီး ဗိုလ်လရောင်လက်ထက်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်၊ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တိုင် အာဇာနည်မျိုးရိုးပီပီ သတ္တိဗျတ္တိနဲ့ ညီတဲ့၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့၊ ရိုးသားပွင့်လင်းတဲ့၊ ပြည်သူလူထုအပေါ် မေတ္တာစေတနာအပြည့်ထားတဲ့ ဆွေစဉ်မျိုးဆက် အစဉ်အဆက်ဂုဏ်ကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်အထိ လက်ဆင့်ကမ်းစောင့်ထိန်းနိုင်ခဲ့တာကို လေးစားဂုဏ်ယူဖွယ် တွေ့မြင်ရပါတယ်။

ဆရာဦးအောင်သင်းကတော့ သူ့တပည့်တွေကို ဆုပေးလို့ရှိရင်…. “ကိုယ့်မိကိုယ့်ဖထက် တဆင့်မြှင့်ပြီး ပုခုံးစွမ်းအားကောင်းတဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ်၊ မိန်းမကောင်း၊ မိန်းမမြတ်တွေ ဖြစ်ကြပါစေ…” ဆိုတဲ့ ဆုကလေး အပိုထည့်ပြီး ဆုပေးသတဲ့။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အနုပညာ နယ်ပယ်အသီးသီးမှာ စောင့်လေမျိုးနွယ်ဆိုတဲ့အတိုင်း ကိုယ့်မိဘလက်ထက်က ကောင်းတဲ့ ဂုဏ်အင်္ဂါတွေကို ဆက်လက်စောင့်ထိန်းကြလျှင်၊ ကိုယ့်မိကိုယ့်ဖထက် တဆက်တက်ပြီး တာဝန်ယူနိုင်ဖို့ ကြိုးစားကြလျှင်ဖြင့် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လောကကို ယခုထက်ပို၍ အလှဆင်နိုင်လိမ့်မည်ဟု တွေးမိပါကြောင်း……။

ဖြည့်စွက်ချက်။...........။ ဦးခင်မောင်ဝင်း၏ စကားအတိအကျမှာ “အမျိုးအနွယ်အားဖြင့် အစဉ်လာသော ဒါန၀တ်၊ သီလ၀တ်၊ အစရှိသော အလေ့ကောင်း၊ အကျင့်ကောင်း၊ အရိုးကောင်း၊ အစဉ်ကောင်းတို့ကို မပျက်စေရခြင်း တစ်ပါး” ဟူ၍ ဖြစ်ပါသည်။ ဆောင်းပါးရေးစဉ်က စာအုပ်အနီးတွင် ရှိမနေ၍ စကားအသုံးအနှုန်းအနည်းငယ် လွဲမှားသွားသည်ကို တောင်းပန်ပါသည်။

54 comments:

khin oo may said...

ဆွေးနွေးကြတာတွေ ကို ဆက်ပြီး စောင့်ဖတ်လိုက်ဦးမယ်ကိုပေါ။

(ရုးချင်ယောင်ဆောင်သွားသည်)။

Tin said...

Ko paw ,
Me too, but not pretended to crazy . :-).
bcoz,
Already crazy. :-).../\-/\.
You should write topic about. " How to Live and Die a Singapore ".

Unknown said...

ကိုပေါရေးထားတာ ကောင်းပါတယ်။
တခုသိချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက် မျိုးဆက်တွေကရော ... ကိုပေါ ...
သူတို့ဘာတွေလုပ်နေကြသလဲ။
ဒေါ်စုလက်ထက်ထိ စောင့်ထိန်းခဲ့တဲ့ မျိုးရိုးဂုဏ်ကို သူတို့ ဆက်လက် လက်ဆင့်ကမ်း စောင့်ထိန်းနိုင်ကြမလား/ နိုင်ကြသလား?
စောင့်လေမျိုးနွယ်အရ ဘယ်ဘက်က အမျိုးဂုဏ်ကို အလေးထား စောင့်ထိန်းကြမလဲ၊ ဘယ်ဘက်က အမျိုးကို ပိုပြီး ကျေးဇူးပြုကြမလဲ။
သေချာတာကတော့ အနောက်နိုင်ငံရဲ့ ထုံးစံအရ နာမည်ရဲ့နောက်မှာ အဖေဘက်က မျိုးရိုးနာမည် ထည့်ရသလို အဖေဘက်ရဲ့ အမျိုးဂုဏ်ကို စောင့်ထိန်းဖို့ အလားအလာက ပိုများနေသလိုပဲ။ တွေးမိတာပြောတာပါ။

ကိုယ့်မိဘ၊ ကိုယ့်အမျိုး၊ ကိုယ့်တိုင်းပြည် ဆိုတာကို ခဏမေ့ပြီး ယေဘုယျ သဘောမျိုးတွေးကြည့်ရင်တော့ စောင့်လေမျိုးနွယ်သည် လူသားမျိုးနွယ်ကို စောင့်ထိန်းခြင်းလို့ ယူဆပြီး စစ်ပွဲတွေရပ်ဆဲ၊ လက်နက်တွေ ဖျက်သိမ်း၊ ငြိမ်းချမ်းရေးကို အားလုံး ရှေ့ရှုပြီး မေတ္တာတရား ထားနိုင်ကြမယ်ဆိုရင်ဖြင့် လောကကြီးကို ဒီထက်ပိုပြီး အလှဆင်နိုင်မယ် ထင်တာပါပဲ။

yehtutnaung said...

ဦးခင်မောင်ဝင်း ရှင်းပြထားတဲ့ အချက်တွေကို သဘောကျတယ်ဗျာ။ မိဘမျိုးနွယ်တွေ လမ်းမှားခဲ့ရင် သားသမီးတွေက လမ်းမှန်ပေါ် ပြန်တည့်ပေးဖို့ လိုပါတယ်။ မိဘမျိုးနွယ်တွေ လမ်းမှားနေတာကို သားသမီးတွေက ဆက်ကာကွယ် ပေးနေရင်တော့ "စောင့်လေမျိုးနွယ်" ဆိုတာ မှန်ကန်မျှတမှုမရှိတဲ့ လူမှုအဖွဲ့ အစည်းကို ကြီးထွားအောင် လုပ်နေတာနဲ့  အတူတူပါပဲ။ အဲဒီမှာ အဓိက အချက်က သားသမီးက ဒါဟာ မှားပါတယ်လို့  ထောက်ပြတာကို ပြုပြင်ရဲတဲ့၊ ငါလုပ်တာဟာ မှားသွားပါတယ်ဆိုတဲ့ ၀န်ခံရဲတဲ့ အမြင်သတ္တိ၊ လူကြီးမိဘ တွေမှာ ရှိနေဖို့ ပါ။ ပြီးတော့ အဲလိုထုတ်ဖော်ပြောရဲတဲ့ သားသမီး ဖြစ်နေဖို့ လဲ ပထမ အရေးကြီးပါတယ် ထင်ပါတယ်ဗျာ။ ထင်တာ မြင်တာတွေကို ဆွေးနွေးလို့ ရတဲ့ အတွက် ကျေးဇူးပါဗျာ။

မိုးခါး said...

ဖတ်သွားမှတ်သွားပါတယ် ..

Unknown said...

Ko Paw,
It is a nice post. I do like it.
I always tell to my Thai friends that after 100 years, Thai people will be with blue eyes and golden hairs.
My career is related with Genetic conservation. Every nationality has unique characters. We need to conserve it. Thats why we can say we are Myanmar, Thailand, Japan, etc.......Your opinion is also good. Anyway, my hero is Daw Aung Sun Suu Kyi eventhough I don't like her marriage.

မောင်လမ်းသစ် said...
This comment has been removed by the author.
Anonymous said...

mg lan thit..wat the hell r u???

Anonymous said...

sry ko paw, my comment is not related to ur post!

Doughnut IO said...

သာဓု သာဓု သာဓု

ကိုပေါ said...

မောင်လမ်းသစ်ရေ…. လူမျိုးရေးခွဲခြားတဲ့စကားတွေ ပြောလှချည်လားဗျာ။ မြန်မာလူမျိုးဆိုတာရော ဘယ်က ဆင်းသက်လာတာလဲ။ ပြောစမ်းပါဦး။ ပုဂံဒေသအောက်တည့်တည့် မြေကြီးထဲက ထွက်လာတာလား။ ဒါမှမဟုတ် မိုးပေါ်က ကျလာတာလား။ အတိတ်ကို ပြန်ပြောင်းကြည့်လိုက်ပါဦး။ မောင်လမ်းသစ် ကိုယ်ထဲမှာရော မောင်လမ်းသစ်ပြောတဲ့ ကုလားသွေးတွေ၊ တရုတ်သွေးတွေ လုံးဝ မပါတာ သေချာပြီးလား။ နောက်ပြီး ကိုလမ်းသစ် ဘာ ဘာသာကိုးကွယ်သလဲ။ ဗုဒ္ဓဘာသာကိုးကွယ်တယ်ဆိုရင် ဗုဒ္ဓက ဘယ်နိုင်ငံကလဲ။ အစ္စလမ်ဘာသာကိုးကွယ်ရင် မိုဟာမက်က ဘယ်နိုင်ငံကလဲ။ ခရစ်ယာန်ကိုးကွယ်တယ်ဆိုရင် ယေရှုက ဘယ်နိုင်ငံကလဲ။

လူမျိုးခြားကို ကိုးကွယ်နေပြီးတဲ့နောက်မှတော့ နိုင်ငံခြားသားယူတာလောက်တော့ စကားထဲ ထည့်ပြောနေဖို့ လိုသေးလို့လားဗျာ။

Anonymous said...

Nga Paw,

Let ur daughter to get mariage with kalar

So upset ! :(

Dont know what kind of person (nga paw) u r

မျိုးမြင့်မောင် said...

အဟဲ...ဗုဒ္ဓဘာသာ မြန်မာတွေထဲက ကုလားတွေကို လူမျိုးရေးအရ ခွဲခြားဆက်ဆံသူတွေ ဘုရားရှိခိုးတဲ့အခါ ဗုဒ္ဓကို မျက်နှာမပူဘူးလားဗျာ။

Anonymous said...

sincerity is the best thing....

Whateve U do...

or

U say...!

U Don't have to pretend...

or

Don't juz Follow Others' Nonsense...

It's your own Life...

Ko Boyz said...

ဗိုလ်မင်းရောင်နဲ့ ဗိုလ်လရောင် ဘာကွာလဲ...။

Anonymous said...

KP and MMM,

u should know, most of MM ppl have that kind biased racial views, to say the truth. they think burmese r great and the rest are so substandard. they promote racial purity. just make a poll in ygn and mdly, randomly. and u will get the answer..

minorities in MM know that wat they need to fight is not only the junta, but also the burmese also..

does the truth upset u all? anyway its one and only truth - truth abt MM..

ppl are conservative and narrow-minded. they don't know the truth meaning of democratic or freedom or rights. they r not happy with gov coz they r starved. once the gov can feed them, they will support the gov.

why do u think MM is under the authoritarian rulers for most of time? do u think it will survive without any institution or social structure supporting it?

I believe u know the answer judging from some of ur posts..

but the problem is u all believe in utopia downplay truth..

thats all for now.

Anonymous said...

but the problem is u all believe in utopia and downplay the truth..

Bino said...

ယနေ့ ပတ်ဝန်းကျင်မှာ လေ့လာကြည့်လိုက်ရင် အချို့သော သားသမီးအချို့ဟာ မိဘထက် အရည်အချင်းအားဖြင့် မခေကြသော်လည်း တာဝန်ကျေမှုနေရာမှာတော့ မိဘခြေဖျားကိုတောင် မမီတာတွေ တွေ့ရပါတယ်။ ရူးချင်ယောင်ဆောင်ပြီး တာဝန်ကို ရှောင်လွှဲနေတာမျိုးတွေပေါ့။
That is me.
I try to support to my parents.
Around 5 percent done.

Let me say something.
I will knock the gang.
In agriculture, genetic scientists to alter a plant or animal to make it more useful and higher quality. Tomatoes and apples have been modified so that they resist discoloration or bruising on their way, enhancing their appeal on supermarket shelves. The genetic makeup of cows has been modified to increase their milk production, and cattle raised for beef have been altered so that they grow faster.
That theory of genetic apply to human being......DNA change.....
Some group will noise, some group will fight.
Bino

Anonymous said...

Ko Paw.....I always enjoy reading your posts. Can you tell me what to do as I can't read the comments? The squares are coming up. Thanks!

ကိုပေါ said...

Anonymous (3.04AM)..... Please click on "the post title". You will see the comments under the post (in Burmese fonts).

But if you click on the comments, it will go to the "post a comment on" page and if your zawgyi font is not the latest version, you will only see the squares.

Therefore, the easiest way is to click on the post title. Another way is to download and install the latest zawgyi font.

ချစ်ပြုံးနှင်းဆီ said...

ကိုပေါရာ
မှန်လိုက်လေ
ဒီထက်မှန်တာ ထပ်ပြောမယ်ဗျာ

မြန်မာမတွေအကုန် နိုင်ငံခြားသားတွေနဲ့သာယူလိုက်ကြတော့။
ပီးရင် မိဘမျိုးရိုးဂုဏ်ကို ဆက်ထိန်းသိမ်းလိုက်ပေါ့။

မြန်မာဆိုတဲ့ အမျိုးလဲ ပျောက်သွားတာပေါ့။ အေးသွားတာပေါ့ဗျာ။ မဟုတ်ဘူးလား။
ဒီလိုစောင့်လေမျိုးနွယ် လုပ်လဲ ရသားပဲဗျာ့

ကိုယ့်သမီးလဲ ကုလားနဲ့ကြိုက်လဲ ပေးသာပေးစားလိုက်ပါဗျာ။

ကိုပေါရေးသမျှကောင်းပါ၏

Anonymous said...

ငပေါ တိထ္ထိ စိတ်ပျက်ပါ၏

Anonymous said...

If...

U are Myanmar National...


U can't maintain your Myanmar Traditional Systems

&

Your Own-Myanmar ' Generation...

WHO Will..?

Even Though The Whole World is Flat Enough in these days.....!!!

Do U Care..?

ကိုပေါ said...

စိတ်သဘောထားကြီးတဲ့ လူမျိုးခြားဟာ စိတ်သဘောထားသေးသိမ်တဲ့ ဗမာယောက်ျားတချို့ထက်တော့ အပုံကြီး သာပါသေးတယ်။ လူကို လူလိုပဲ မြင်ပါတယ်။ လူမျိုးရေးအမြင်ကျဉ်းမြောင်းတာမျိုးကို မနှစ်ခြိုက်ပါဘူး။

ကျနော့်သမီးကြီးလာလို့ရှိရင် သူဟာသူ နှစ်သက်တဲ့လူကို ယူခွင့်ပေးမှာပါ။

အရွယ်ရောက်ပြီး လူတဦးရဲ့ ရွေးချယ်ပိုင်ခွင့်ကို ကျနော်က ၀င်ရောက်ဖိအားပေး စွက်ဖက်မှာမဟုတ်ပါ။ သမီးငယ်စဉ်မှာ လိုအပ်တဲ့ တွေးခေါ်စဉ်းစားဉာဏ် ရင့်သန်အောင်ပဲ ပြုစုပျိုးထောင်ပေးမှာပါ။

မျိုးမြင့်မောင် said...

To Anon:

Actually, both Ko Paw and I accept that many aspects of the Burmese culture are supportive of authoritarianism as a fact. If you had read Ko Paw's blog regularly, you would know that Ko Paw had posted a number of articles on that issue. So, why did you accuse us of downplaying the truth?

Also, you must know that culture is not unchangeable. Like every other culture, the Burmese culture has a potential for change and progress. But, the iron rule of the current military dictatorship is serving as the most powerful factor in reinforcing the status quo and resisting change. Therefore, the conclusion that Burma will have this kind of authoritarian rule as long as the Burmese culture is unchanged is sort of a self-fulfilling prophecy.

So how should we break the vicious circle of the Burmese culture and authoritarian rule? Ko Paw and I advocate the replacement of the military dictatorship by democracy. Not because we think that democracy is Utopia, but it is the best possible option Burma has. On the other hand, more and more pluralistic ideas and values should be introduced to the Burmese society. But, here again, the military rule is the biggest obstacle for that. In my opinion, the military dictatorship is more deterrent to cultural change than the Burmese culture is to political change. Burma is more familiar with democracy than with pluralism. Hasn't there been a struggle for democracy for over twenty years? Though the desired political change is not realized yet, I think it has a greater possibility than a fundamental change in the Burmese culture.

Just my two cents. :D

မျိုးမြင့်မောင် said...

သြော်...ဒီလောက်တောင် လူမျိုးရေးစည်းခြားချင်ကြရင် မြန်မာနဲ့နိုင်ငံခြားသားရယ်မှ မဟုတ်ဘူး။ ဗမာနဲ့ ကျန်တဲ့တိုင်းရင်းသားတွေလည်း မယူကြနဲ့လို့ ပြောကြပါဦးလားဗျ။ လူမျိုးကိုစောင့်ထိန်းမယ်ဆိုလည်း လုပ်မှလုပ် အပြတ်လုပ်ပါလား။

Kaung Kin Ko said...

ဦးခင်မောင်ဝင်း ဖွင့်ထားတဲ့ အဓိပါယ်လေး ကြိုက်တယ်ဗျာ။ လူ့ လောကကြီး ဒါမှ မြင့်သထက် မြင့်လာမယ်ထင်တယ်။

Anonymous said...

Hi MMM,

thanks for discussing without accusing me of my poor english and anonymity.

I know there are some fundamental views that we share.

I believe that military government is not a good option for MM and u believe it too.

But I believe that going straight to liberal democracy is not feasible coz MM doesn't have institutions or social structure to support liberal democracy, just yet.

Burmese were under feudalism just under 200 years ago before burmese feudalism was swept away by the tide of colonialism. and later burma got independence when a handful of leaders had political enlightenment. and burma went into civil war because those enlightened political leaders failed to build a common social and political view to stay together. so as u can see, history did not favor burmese majority to be familiar with any ideologies.

but im not saying we can't have liberal democracy just like the west. when we have the right social structure, liberal democracy will be just born of its social structure without receiving anybody's help.

bearing in mind that no ideology or society is perfect, i believe that soft-authoritarian government which interest is aligned with 50 millions of MM ppl is the best option we can have. starting from soft-authoritarian society, MM will eventually evolves towards more democratic countries. but it will take time.

just take a look at through out asia, no country is a truly democratic country yet. every promising asian countries had to walk the road of soft-authoritarian government. even japan had to stay under direct US military administration when it was rebuilding the country after the war. some countries like SG and malaysia is still under the tight hands of their founding leaders. but they all r inching towards more liberal and democratic society pushing the limitation of their social structure.

india is the most and longest democratic country in asia. but poverty and corruption is still rampant there. rich and poor divide is so great. it shows that democracy, poverty and corruption can still go hand in hand as long as the society accept them.

so we burmese r better than the rest of the asians to go straight into liberal democracy?

if the answer is no, then we should advocate gradual relaxation of authoritarian rules in MM and evolving towards more liberal and democratic society.

all the best..

Anonymous said...

Ko paw, i agree wt yr comment at 11:46 a.m.

Anonymous said...

I disagree with some of you in critisizing Daw Su marriage. Even though she married to a Brit,
she managed to send her sons in Buddhist novice hood.

Being Burmese comes with
respecting Buddhist tradition, religion, keep Burmese name,
and so he (Dr. Michael is more Burmese for me than an Anyar
thar who beat own monks or who
sucks foreigners, foreign faith
for hand outs, I dont like opposition s..kers for sucking
up foreigners allowing them to
tarnish the reputation of Buddhist religion, my faith).

To make it short, I approved Daw Su marriage to Dr. Michael more than if she were to married a government or opposition s..kers.
A sucker is a sucker no matter whose d..k he sucks.

Anonymous said...

Hey guys...

Regarding foreign-marriage & identity of Nationality...

U cannot complain and guide to others' people life...

U need to control your own-life & your generation..first..

and talk about others... later...

it's responsibility..for every patriotic people for their own country and their national identity...

The world's whatever Flat...
However globalization goes...

Nice day..

Anonymous said...

for above anoym...
are you talking about alot of people' changing s'poren citizen..nowdays ..?
for the sake of only materials reason and just to avoid money income tax to myanmar..?
is't the reason of patriotic identity..?
easily changing their generation of myanmar national' identity to others artificial identity..?
some people are even proud to become..?
explain..?

Anonymous said...

အဲလိုမျိုး ထိန်းကြတာကောင်းပါတယ်... ပြီးရင် ဂီးနစ်ထဲ ထဲ့ပေါ့...
ဒါမျိုးက ဒီတနိုင်ငံထဲရှိတာလေ.. ဟုတ်တယ်ဟုတ်..

Anonymous said...

ကမ္ဘာပေါ်မှာ ရှိရှိသမျှ တခြားနိုင်ငံတွေက အမျိုးတွေ မှန်သမျှ အယုတ်ညံ့တွေချည်း ပဲကိုး... ခုမှသိတယ်

Rita said...

ဒီ post ကို သဘောကျ နှစ်ခြိုက်မိပါတယ်။

"သားသမီးတွေက မိဘတွေရဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်းကို ဆက်လက် ထိန်းသိမ်းပြီး မြင့်မား တိုးတက်စေရမယ်" ဆိုတာကို လက်ခံမိပါတယ်။ ကောင်းမွန်တဲ့ သမိုင်းကြောင်းဆိုမှတော့ မိဘက် ဖဘက် ဘယ်သူ့ဘက်ရယ်လို့ ထည့်ပြောနေစရာ မလိုတော့ဘူးလို့လဲ ယူဆမိပါတယ်။

နောက်တခုက သားသမီး ဆိုတာ မိဘကို ရွေးချယ်ခွင့် မရှိတာမို့ မိဘ တဦးဦးဘက်က ဆိုးမွေတွေ ရှိခဲ့ရင်လည်း ချေဖျက်ပြောင်းလဲ နိုင်စေရမယ်ပေါ့။ ဒီနေရာမှာလည်း ဘယ်သူ့ဘက်ရယ်လို့ ထည့်ပြောနေဖို့ မလိုပါဘူး။

ကောင်းတာမွန်တာတွေကို လက်ဆင့်ကမ်း တိုးတက်စေမယ် ဆိုတဲ့ အတွေးအမြင်ကို နှစ်ခြိုက်မိပါတယ်။

Anonymous said...

Ko paw, i also agree with your comment at May 1, 11:46 a.m

မျိုးမြင့်မောင် said...
This comment has been removed by the author.
မျိုးမြင့်မောင် said...

To Anon:

Although I agree with you that Burma would not be able to achieve liberal democracy right away, I don't agree with your view that a soft-authoritarian regime would be good enough for Burma in the meantime.

One reason is that I regard authoritarianism is immoral and the most fundamental problem of Burma. Rape by any means is a crime, regardless of the degree of ruthlessness of the rapist. So is authoritarianism, no matter whether it is soft or harsh.

Another reason is that I believe replacing the current military dictatorship with a soft-authoritarian regime is unrealistic and unfeasible. How could the current dictatorship, one of the most ruthless in the world, be convinced to become more humane? The dictators have been indulging themselves in arbitrary power for decades. Appealing the current dictatorship to become more humane is sort of like appealing to a ruthless serial rapist to rape you more gently this time. If you think replacing the current regime with a new bunch of soft authoritarians, from where would they come and how would they topple the current dictatorship? With the support of the people or without it? If the people could replace the current regime with a new one, why should they choose a new authoritarian regime rather than a democratic one? If the new authoritarian regime could do it without the people, why would they be less authoritarian while they could wield absolute power like their predecessors?

I think democracy is still the best possible option for Burma. It's true that liberal democracy could not be achieved right away, and rampant corruption and other problems would continue for a certain period. But, if there is a genuine political change in Burma, the bottom line should be a democratic constitution that guarantees free election. I think a constitutional mechanism that enables the people to effectively elect the government could possibly be achieved. Take Indonesia for an example. There are still corruption and other chronic problems in Indonesia nowadays after the iron rule of Soeharto. However, it is a burgeoning democracy in contrast to the soft-authoritarian Singapore, where there has been no genuine progress towards democracy for decades. In terms of politics, I think Burma doesn't necessarily have to undergo the same fate of Singapore. Instead, I would like to advocate Burma to follow the path of Indonesia.

ကိုပေါ said...

Good Answer, Myo Myint Maung. Thanks.

Anonymous said...

Hi MMM,

I need to highlight that the "iron rule of Suharto" did increase living standard of indonesia.

during his era, he kept religious extremists at bay and spearheaded the national development. He did lift Indonesia to the status of one of the asian tigers.

that was how, as one of a typical asian country, indonesia under Suharto walked the road of soft-authoritarian road before it was a "burgeoning democracy".

မျိုးမြင့်မောင် said...
This comment has been removed by the author.
မျိုးမြင့်မောင် said...

Bringing economic growth doesn't mean being soft-authoritarian. Being relatively secular doesn't mean that either. A relatively secular and pro-development regime could be a very harsh dictatorship. In fact, Soeharto's "New Order" regime was an example.

Read about the genocidal atrocities in East Timor and the dire abuses of human rights in Aceh all committed by his regime. His regime also ordered the military to shoot the student protesters during the period of the Reformasi movement. Furthermore, it even instigated a catastrophic racial riot targeted to the Chinese community during that period. So, how could Soeharto's regime have been soft-authoritarian by any standard?

If you think Soeharto's regime was soft-authoritarian, you don't need to advocate replacing the current Burmese military regime with a soft-authoritarian regime. Because you've already got one in Burma now.

Anonymous said...

Hi MMM,

I agree with you that he committed atrocities in East Timor.

But I need to highlight again that "the genocidal atrocities in East Timor and the dire abuses of human rights in Aceh" are all back by Henery Kissenger and Gerald Ford.

Pls find out more about these events in any libraries in Singapore.

Anyway we have agree upon on two things -

1. Military government is not a good option for MM
2. Burma would not be able to achieve liberal democracy right away

But we can't agree on whether or not MM should start off with soft-authoritarian government.

Thanks for discussion.

We will continue again.

Anonymous said...

MMM and Anoym agreed that as follows....

Anyway we have agree upon on two things -

1. Military government is not a good option for MM

2. Burma would not be able to achieve liberal democracy right away..

Sorry guys...

Even Primary kids also know it...

what's the value of discussion..?

showing howmuch you knew and come out agreement like that..?

Wake up guys..!

မျိုးမြင့်မောင် said...

To the second Anon:

Thanks for pointing out that. I am really glad to know that the primary kids in Burma nowadays are so intelligent that they know what liberal democracy is and why it cannot be achieved by Burma in the short term.

Anyway, the main focus of our discussion was on whether Burma should start with soft authoritarianism to achieve liberal democracy ultimately. The two unimportant agreements were just common preliminary assumptions he and I shared. We had agreed on them before we started our main discussion, not after. So, they are not part of our conclusion. In fact, we didn't have a meaningful conclusion. All he said in his last comment seemed conclusive but did not really conclude anything. Those were our views since the start.

Well, what did we really discuss? I gave two specific reasons for not starting with soft-authoritarianism, especially citing the example of Indonesia. I argued for starting with a less perfect but fundamentally functioning democracy. He preferred soft-authoritarianism but didn't say specifically why. Instead, he rebutted that the pre-Reformasi Indonesia was soft-authoritarian. I argued back that it was a harsh dictatorship that committed many atrocities. Then, he agreed that it did commit atrocities, adding that it was backed by US. However, he didn't make himself clear whether he still regarded it as soft-authoritarian or ruthlessly dictatorial. Rather unexpectedly, he instead concluded our discussion supposedly.

So, what's the value of the discussion? I don't know. However, I did gain something from it. I got a wake-up call from you who smartly pointed out the pointlessness of our discussion. Now, you may even want to ask me again what the point of my explaining all these to you is. Actually, my explanation is not for a smart guy like you. It is for the primary kids.

Anonymous said...

Nowadays...

All myanmar primary kids' need is...

Action speak very louder than words...

They'll be so sick of...

these kinds of talks...in very near future...

JD said...

"They'll be so sick of...

these kinds of talks..."

They or you ? If "they" were "you", JUST BUG OFF! WHO CARES?

Anonymous said...

Hi JD..

Is't call value of discussion...?

Keep it that way..!

JD said...

So far, I've seen no points as well as no values in your so- called discussion except the blaming or showing your sickness for other's comments.
That's why I suggested you to just stay away for your own mental health.It's not good for you to feel sick of somebody everyday. You have a choice, Man! Be free from anger.

Anonymous said...

Hi..

Based on your attitude & the way you talk..

you shall be member of Army' SPDC...in Style...

They'll be proud of you..

keep up..boy..!

Nice day..!

Anonymous said...

..

Means for JD...above..

Anonymous said...

Hi! Anon (above)

Yes, better for u to keep away from that stupid gays ( not guy) (Nga Paw, MMM & JD ).
That is their attitude. Every body can see it in their comments and reply.( not only in this post)
Still u dont know?

Let them say whatever they want. No point to discuss with them positively.

Anonymous said...

ကိုပေါရေ
ကို ပေါ ဆိုတဲ့ အတိုင်း ပေါလွန်းပြီး အတွေးအခေါ်က နုံချာလွန်းပါတယ် ဗျာ....
တချို့ စကားတွေမှန်ပေမယ့်
နိုင်ငံခြားသား ယူထားတဲ့သူကိုတော့ အထင်မကြီးဘူးဗျို့ ....

fddfddgg said...

“ လူတစ်ယောက်ဟာ နိင်ငံကို မချစ်ရင် အမျိုးကိုလည်း အထင်မကြီးတော့ဘူး ၊ ကိုယ့်ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်သင့်တယ် ဆိုတာကိုလည်း
သတိမရတော့ဘူး။ မျိုးဆက် ဆိုတာဟာ ပျက်ပြီဆိုရင် တဖြည်းဖြည်းနဲ့
တိမ်ကောပြီး ပျောက်သွားတက်တယ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs