“သြော်…”

Share |
တနှစ်လုံး မိုက်မှားခဲ့သမျှ
သီတင်းကျွတ်ကျမှ
ဝန်ချမာန်လျော့
ကျေပါတော့….တဲ့။

တနှစ်လုံး ညစ်ထေးခဲ့သမျှ
တန်ခူးလကျမှ
ရေထလောင်းတော့
စင်ပေရော့…တဲ့။

တသက်လုံး သတ်ဖြတ်ခဲ့သမျှ
သေခါနီးကျမှ
ဘုရားတတော့
နတ်ပြည်ပေါ့…တဲ့။

9 comments:

shin said...

ha ha.... Like the thought....

yehtutnaung said...

ဟား ဟား.. ကြိုက်တယ်ဗျာ

ကြည် said...

သြော်...ဒီလိုနဲ့ နတ်ပြည်ရောက်ရောလား(ခွိ ခွိ)

မေဓာဝီ said...

ကိုပေါရေ ... ကျမလည်း အဲဒီလိုပဲ တွေးမိပါတယ်။
ဒါပေမဲ့လည်း လုံးဝ မကန်တော့တာနဲ့ စာရင်တော့ တနှစ်တခါ ကန်တော့တာက တော်သေးတာပေါ့။ တော်ရုံ အပြစ်ဆိုလည်း ၀န်ချ တောင်းပန် ကန်တော့ရင် ကျေတယ် မဟုတ်လား။

ခုခေတ် သင်္ကြန်မှာ ရေလောင်းတာကတော့ အညစ်အကြေး မကင်းတဲ့အပြင် ပိုတောင် ညစ်ထေးနိုင်သေးတယ်။ သင်္ကြန်က အရင်လို မဟုတ်တော့ဘဲ တဖြည်းဖြည်း ရိုင်းလာကြတာမို့ သင်္ကြန်ရဲ့ အနှစ်သာရ မရှိတော့ဘူး။

နောက်ဆုံးပိုဒ်ကလည်း ... ဖြစ်တတ်ပါတယ်။ သေခါနီးမှာ အားကောင်းတဲ့ ကံက နောက်ဘ၀အတွက် အကျိုးပေးတာပဲ မဟုတ်လား။
အားကြီးတဲ့ ဂရုကံမျိုး ပြုထားတာ မရှိရင် သေခါနီးကပ်လုပ်တဲ့ အာသန္နကံက အကျိုးပေးတယ်။ အဲဒါ မရှိရင် တသက်လုံး ပြုလာခဲ့တဲ့ အာစိဏ္ဏကံ က အကျိုးပေးတယ်။
တသက်လုံး သတ်ဖြတ်လာတဲ့ မုဆိုးကြီး သေခါနီးမှာ သူ့သားရဟန်းက ပန်းလှူပြီး ဘုရားကို အာရုံပြုခိုင်းတော့ အဲဒီအာရုံနဲ့ သေသွားတဲ့အခါ နတ်ပြည်ရောက်သွားတယ်ဆိုတဲ့ နိပါတ်တော်လည်း ဖတ်ခဲ့ဖူးပါတယ်။

ကိုပေါက သရော်တဲ့အနေနဲ့ ရေးထားတဲ့ ကဗျာလေးထင်ပါရဲ့။ ကျမက အတည်ပေါက်တွေ တွေးပြီး မှတ်ချက်ရေးမိသွားတယ်။ :)

ကိုပေါ said...

>>>shin, နေညိုရင့်, ကြည် <<< ကြိုက်တယ်ဆိုရင်တော့ မိတ်ဆွေတို့လည်း ကျနော့်လိုပဲ အုံးလွဲနေတဲ့လူတွေဖြစ်ရမယ်။း-) ဟီး…. နောက်တာပါ။

>>> မေဓာဝီ <<< ဆရာမပြောတဲ့အတိုင်း မှန်ပါတယ်။ (ကွက်တိပါပဲ ဦးဂွမ်တီရယ် ဆိုသလိုပေါ့)။ အဓိက ကတော့ တနှစ်လုံး တသက်လုံး မညစ်ထေးအောင် နေခဲ့ဖို့ မေ့လျော့နေပြီး တခါတရံကျမှ တခါကောင်းလေး ထ ထပြီး လုပ်ချင်ပုံကို ရေးချင်တာပါ။ (အဲလိုလုပ်တတ်တဲ့အထဲ ကျနော်လည်း ထိပ်ဆုံးက ပါ ပါတယ်။း-)

အဲဒီကဗျာရေးစဉ်ကတော့ ဆရာမပြောတဲ့ နိပါတ်အကြောင်းရော… ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ သိပ္ပံမောင်ဝရဲ့ ၀တ္ထုတို (ခေါင်းစဉ်က “တပေကုလား”ထင်ရဲ့)ထဲက တံငါရွာသူရွာသားတွေနဲ့ ဆရာတော်ကိုပါ သတိရမိခဲ့ပါတယ်။ ၀တ္ထုထဲမှာ ပထမကျောင်းထိုင်ဆရာတော်က သူ့အသက်သတ်ခြင်းဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဟောလေ့ရှိတော့ တံငါအလုပ်နဲ့အသက်မွေးတဲ့ ရွာသူရွာသားတွေက သိပ်မကြည်ကြဘူးလေ။ ဆရာတော်ကျောင်းမှာ ဆွမ်းကွမ်းသိပ်မဖူလုံဘူးပေါ့။ နောက်ရောက်လာတဲ့ ကျောင်းထိုင်ဆရာတော်ကကျတော့ အကုသိုလ်ဘယ်လောက်ပဲလုပ်လုပ် သေကာနီး ကောင်းတဲ့စိတ်ထားလိုက်ရင် နတ်ပြည်ရောက်နိုင်တယ်လို့ ဟောလိုက်တော့ အဲဒီနေ့ကစပြီး ဆရာတော့်ကျောင်းမှာ ဆွမ်းကွမ်းလက်ဖက် အလျှံပယ်ဖြစ်လာတယ်ဆိုတဲ့ ၀တ္ထုလေးလေ။း-)

Thargyi(Gyobingauk) said...

တစ်ခါတုန်းက အရက်သမားတစ်ယောက် သေပီး ယမမင်းဆီရောက်တော့ ငရဲပြည်ရောက်မှာသေခြာနေတယ်တဲ့ ငရဲခန်းတွေမြင်တော့လဲအ ရမ်းကြောက်နေတယ်တဲ့.. အဲဒီအချိန်မှာသူ့ရှေ့မှာ Q စီနေတဲ့အမျိုးသမီးက ယမမင်းနဲ့အမေးအဖြေလုပ်တော့ လူ့ပြည်မှာတုန်းက ကုသိုလ်ကောင်းမှုတွေလုပ်ကြောင်းတွေဖြေတော့ နတ်ပြည်သွားစေလို့အမိန့်ချသတဲ့... အဲဒါနဲ့ အရက်သမားကသူ့အလှည့်ရောက်တော့ ယမမင်းမေးတာကိုမဖြေဘဲ ရှေ့ကမိန်းမရဲ့ယောင်္ကျားလို့ဖြေလိုက်တယ်တဲ့.. ဒါနဲ့သူလဲ နတ်ပြည်ရောက်သွားတယ်တဲ့.. .. ဒီလိုလဲနတ်ပြည်ရောက်နိုင်ပါသေးတယ်ကိုပေါရယ်.. :D

ကိုပေါ said...

ပိုင်ချက်ဗျာ…ကိုရွှေအောင်။ ဒါပေမယ့်…. ကြည့်လည်းလုပ်ဦး။ တော်ကြာ ကိုယ့်ရှေ့မှာတန်းစီနေတာက… ဟိုဘုရားဒကာကြီးရဲ့ သမီးဖြစ်နေလို့ နတ်ပြည်အထိ ရေစက်ပါနေဦးမယ်။း-)

win latt said...

ကြိုက်တယ်ခင်ဗျ..

Bino said...

တသက်လုံး သတ်ဖြတ်ခဲ့သမျှ
သေခါနီးကျမှ
ဘုရားတတော့
နတ်ပြည်ပေါ

Most people desires are same as above.
They don't want to give good job to devil.
Economic crisis infected to devils world.
I want to give them some jobs.

Bino

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs