“မြစ်ဝကျွန်းပေါ် ခရီးသွား”

Share |


ငါသည် မာတုဂါမကို မြစ်ကမ်းနဖူးမှာပင် ချထားရစ်ခဲ့ပေပြီ။

သို့သော်….

ငါရောက်နေသောဒေသတွင် မြစ်ချောင်းများ အလွန်ပေါများသလို မြစ်ကို ဖြတ်ကူးလိုသော မာတုဂါမများသည်လည်း မြစ်အသီးသီးတွင် စောင့်စားလျက် ရှိနေသေးသည်တကား။


(ပုံကို ဒီက ယူပါတယ်။)

11 comments:

Rita said...

ထိုဒေသသို့ နာဂစ်ဝင်မွှေပြီး ဖြစ်၍ မာတုဂါမ အတော်များများ မရှိတော့ပြီ ဖြစ်ကြောင်း "ညလဆ" ၏ တင်ပြချက် အရ ကြားသိရသည်။
:D

ကိုပေါ said...

>>>ရီတာ…. အံမယ်လေး….. ကြက်သီး ထလိုက်တာ။ “ညလဆ” ရဲ့ပို့စ်ကို ကျနော်လည်း ဖတ်လိုက်ရတယ်။း-)

Tin said...

Ko Paw
Very sad story. :o)

မိုးတိမ်ညို said...

ပွင့်ပွင့် လင်းလင်း ၀န်ခံရရင် ကျွန်တော် နားမလည် ဘူးဗျာ။ ဘာကို ဆိုလိုတာလဲဆိုတာ။

ကိုပေါ said...

>>ကိုမိုးတိမ်ညို….. လူ့ဘောင်လောကမှာ ကိစ္စတခုကို အာရုံဖြတ်ထားနိုင်ခဲ့လည်း နောက်ထပ် အလားတူ ကိစ္စအသိန်းအသောင်းဟာ ငံ့လင့်နေတတ်ပြီး မနေသာတဲ့လူအဖို့ ၀င် ၀င်ပြီး ပတ်သက်နေရပြန်ပုံကို ရေးချင်တာပါ။

Dr. Yi Yi Win said...

မဟော်သဓာ ဇာတ်တော်ထဲက ပါမောက္ခ သမီးကို ဇီးပင်ပေါ်ထားခဲ့ပြီး ထွက်ပြေးသွားတဲ့ သူဆင်းရဲကို ပြေးမြင်မိပါ၏။ နောက်ဆုံးတော့မိဖုရားဖြစ်သွားတာလေ။

ကိုပေါ said...

>>> Yu Wa Yi .... တိန်.... ယုဝရီပြောလိုက်မှပဲ လူလည်း နေရင်းထိုင်ရင်း ၂၁ ရာစု ပိဏ္ဍက လုလင်လေးဘ၀ ရောက်သွားတော့တယ်။း-)

ဥဒုမ္ပရဒေ၀ီ (စာလုံးပေါင်းဟုတ်စ)ကြီးကို ရေသဖန်းပင်ပေါ် တင်ထားခဲ့ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မှတ်လို့။

တန်ခူး said...

နေရာတိုင်းမှာ သူ့ မျက်နှာပေါ့… ဟုတ်လားကိုပေါ… တချို့ ကိစ္စတွေမှာ ဥပေက္ခာထားလိုက်တာက ပိုအကျိုးရှိမလားလို့ … မာတုဂါမတွေ ဘယ်လောက်များများပေါ့….

Zephyr said...

“သူ့လက်ရာ” ကို တစိမ့်စိမ့်ကြည့်၍ ကိုပေါသမီးလေးကိုလေးစားသွားပါကြောင်း ... မြစ်ဝကျွန်းပေါ်အထိ လိုက်လံအကြောင်းကြားအပ်ပါသည် ..။ ...

မျိုးမြင့်မောင် said...

မာတုဂါမတွေက ချထားရစ်ခဲ့တဲ့ မြစ်ကမ်းနဖူးမှာပဲ နေခဲ့တာပါ။ အမြဲဘေးကလိုက်ပြီး တတွတ်တွတ် ပြောမဆုံးတဲ့ ခရီးသွားဖော်ရဟန်းတွေကသာ ပိုဆိုးတာ။ နာဂစ်ဝင်မွှေတုန်းက သူတို့တော့မုန်တိုင်းထဲ ပါတယ်လို့ "ညလဆ"ရဲ့ပို့စ်မှာ မဖတ်လိုက်ရဘူး။

Bino said...

That is a short article with presentation.
But wide meanings.
I got it what you wanna to say.

Thank you.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs