“မြန်မာ့ဆုတောင်း”

Share |
နှစ်အကူးမို့
ညွတ်နူးရွှင်ကြည်
မနသီဖြင့်
မြန်ပြည်သာကြောင်း
ဆုချွေတောင်းမည်….

ဒီနေ့ကစ
အနန္တအသင်္ချေ
မရေတွက်နိုင်
ကာလတိုင်အောင်
ပြည်ဘောင်အလုံး
အုံးအုံးကျွက်ကျွက်
မျက်စိပြာဝေ
ကျိန်းစေမတတ်
လျှပ်စစ်မီးများ

ညီးစေသောဝ်။

ဟိုအိမ်ဒီအိမ်
အိမ်ခြေအားလုံး
တယ်လီဖုန်းနှင့်
နေ့သုံးညသုံး
သုံးစေသော်ဝ်။

လိပ်နှင့်ပြိုင်ဖက်
အင်တာနက်လည်း
မပျက်ဖန်ဖန်
မြန်စေသော်ဝ်။

မင်းကုသက
အဘခေါ်ဖွယ်
ကြမ်းချော်ဖုထစ်
မပြေပြစ်သည့်
ကျောက်စရစ်ပြွမ်း
မြို့လယ်လမ်းတို့
လင်ပန်းကဲ့သို့ ညီစေသောဝ်။

သင်္ချိုင်းကုန်းသွင်
မြို့ပြင်ကိုထုတ်
ဇာတ်မြှုတ်လည်းခံ
ဝေးတလံက
စာအံတိတ်ဆိတ်
ကျောင်းကောလိပ်တို့
မြို့ရိပ်နားကို
ခိုစေသောဝ်။

မြို့တော်ရန်ကုန်
သာပေါင်းစုံသည့်
တိဂုံခြေရင်း
မ၀ပ်စင်းဘဲ
တောတွင်းခေါင်ခေါင်
နန်းတည်ထောင်လျက်
တကောင်ကြွက်ဖျင်း
ဥမင်တွင်းက
မင်းအတုလုပ်
မိုက်ဇာတ်ရှုပ်လည်း
ချုပ်ငြိမ်းမကြာ
သိမ်းစေသောဝ်။

22 comments:

မိုးတိမ်ညို said...

တကယ်ကောင်းတယ်ဗျို့ ကိုပေါရေ။ ပိုင်ပါ့ဗျာ။

တန်ခူး said...

ကိုပေါရေ… တောင်းတဲ့ဆုနဲ့ ပြည့်ပါစေလို့  လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါတယ်…
ကဗျာလေးက အတော်ကိုကောင်းပါတယ်…
နှစ်သစ်မင်္ဂလာပါကိုပေါရေ…

yehtutnaung said...

ဒီဆုတောင်း အမြန်ဆုံး ပြည့်စေသောဝ်။

မေဓာဝီ said...

ဆုတောင်းကောင်းပါပေ့ ကိုပေါ ...
သဘောကျလိုက်တာ။ ရေးလည်း ရေးတတ် တွေးလည်း တွေးတတ်တယ်။ :)

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ...

Thant said...

အဲဒီဆုတောင်းထားသမျှတွေ ( မြန်မြန်ပြည့်ပါစေ )3
အစ်ကို၊အစ်မတို့မိသားစုအားလုံး မင်္ဂလာနှစ်သစ်ပါရှင် ။

ZIN MINN said...

KO PAUL
oh .......i have no words to says.
Better than "nice " poem.
Hope sincerely that at near futur, our wishes will realize as you says in your burmese new year poem.
Happy new year to you all.

Anonymous said...

ကိုပေါ .. ကဗျာထဲက အတိုင်း အမြန်ဆုံး ဖြစ်ရပါစေ...
ခင်မင်းဇော်

pkw said...

ကိုပေါ ကဗျာ ထဲက အတိုင်း အမြန်ဖြစ်ပါစေ။ အလွန် ထိရှသော ရေးချက်ပါ ကိုပေါရေ...

Rita said...

ပြည့်စေသောဝ် ပြည့်စေသောဝ်

(အဲ့တိုင်း ဖြစ်လို့ကတော့ တို့ကတော့ ပြန်မှာ။)

ဇနိ said...

မင်္ဂလာ နှစ်သစ်ပါး)

Anonymous said...

ပေးတဲ့ဆုနဲ့ မနှေးအမြန် ပြည့်စေသောဝ်။

CMA said...

ကိုပေါ တောင်းပေးတဲ့ဆု အားလုံးပြည့်စေမယ်၊ ဒါပေမဲ့ တပြိုင်ထဲ မဟုတ်ဘဲ အစဉ်လိုက်ဖြစ်ရမယ်ဆိုရင်တော့ ကဗျာအဆုံးကနေ ပြန်စီပြီး တောင်းပါရစေ..။

အောင်ကိုကိုထိုက် said...

နှစ်သစ်မှာ ဒီတိုင်းဖြစ်ရပါစေသတည်း

:P said...

ကောင်းလိုက်တဲ့ ကဗျာလေး ကိုပေါရေ....။
တောင်းပေးတဲ့ ဆုနဲ့ ပြည့်ပါရစေ....။
တယ်လီဖုန်းတွေ အကုန်ရရင်လည်း လိုင်းကြည်ကြည်လင်လင်နဲ့ ခေါ်လို့ ရစေကြောင်း ထပ်ဆုတောင်းလိုက်ပါတယ်....။

ပုံ/ ဟဲလို ပင် မပြောလိုက်ရပဲ ပိုက်ဆံစားသွားသော ဖုန်းကတ်များအတွက် ရင်နာနေရသူ

Fullstop said...

ဂွတ်သဗျ..

Bo hnin said...

Ko Paw
အဲဒီဆုတောင်းထားသမျှတွေ မြန်မြန်ပြည့်ပါစေ
I saw a main factor in your poem that
"The root case of blindness in Myanmar"

သင်္ချိုင်းကုန်းသွင်
မြို့ပြင်ကိုထုတ်
ဇာတ်မြှုတ်လည်းခံ
ဝေးတလံက
စာအံတိတ်ဆိတ်
ကျောင်းကောလိပ်တို့
မြို့ရိပ်နားကို
ခိုစေသောဝ်။
Most of people in Myanmar did not know what is the right.
Nobody (including me)ask THE RIGHT to authority even knew.
Bino

ကိုပေါ said...

အားလုံး မင်္ဂလာနှစ်သစ်ပါဗျိုး။

ကြည့်ရတာ ကြွက်ကို မီးမြိုက်ချင်သူတွေ များနေတယ်ထင်ပါ့။း-)

နှစ်သစ်မှာ ကောင်းသောလိုရာဆန္ဒ ပြည့်ဝကြပါစေသတည်း။

>>>စင်ဒန်လား….. ပေါချောင်ကောင်း မက်တာကိုးကွဲ့။ ၀၀၁ တို့၊ ၀၀၂ တို့နဲ့ ဆက်ပါတော့လား။

အိမ်က မဒမ်ပေါလည်း 1818 ကဒ်တွေဝယ်ပြီး ဆက်လိုက်တာ။ တကယ် ပြောရတာက နည်းနည်း။ ဟဲလိုတောင် မပြောလိုက်ရပဲ လိုင်းပြုတ်ကျပြီး ပိုက်ဆံအနှုတ်ခံရတာက များများ။ ကြည့်ရတာ ဖုန်းကုမ္ပဏီတွေက မြန်မာတွေကို ရိုက်စား လုပ်နေတယ်ထင်ပါ့။

ညလေး said...

ကိုပေါရေ မိုက်ပါ့ဗျာ..
ဖတ်လို့လဲကောင်း ဆုတောင်းတိုင်းသာ ပြည့်ခဲ့ရင်ပေါ့..
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ.. ညလေးလင့်ခ်ထားမယ် ခွင့်ပြုနော

မောင်လမ်းသစ် said...

ကဗျာ ရဲ့ အပေါ်က အပိုဒ်တွေက ဆုတောင်းသင့်ပါတယ်။ ဖြစ်လဲ ဖြစ်သင့်ပါတယ်။ အောက်ဆုံး အပိုဒ် မှာ ဒေါ်စုကြည် ကို မထောက်ခံတဲ့၊ လူတွေက နှစ်သစ်မှာ ဒေါ်စုကြည် သဖေို့ ဆုတောင်းကြမယ်ဆိုရင် ကော လက်ခံကြလားဗျို့။ ဟဲဟဲ

ကိုပေါ said...

>>ညလေး… နှစ်သစ်မင်္ဂလာပါ။ လင့်ခ်နိုင်ပါတယ်။ ကျေးဇူးပါ။

>>မောင်လမ်းသစ်…. ဗျာ....အနော်ဘာရေးလို့လဲဗျ။ ကြွက်အကြောင်းရေးတာပဲဟာ။ မိတ်ဆွေကြည့်ရတာ ကြွက်ကိုးကွယ်ပုံရတယ်။း-)

Moe Cho Thinn said...

အင်မတန်ကောင်းတဲ့ ကဗျာလေးပါပဲ ကိုပေါရေ။
မြန်မာတိုင်း တောင်းတဲ့ ဆုပဲ ဖြစ်မယ်။ နောက်ဆုံး ဆုတောင်းတော့ အပြည့်ချင်ဆုံးပဲ။

ခင်မင်းဇော် said...

ကိုပေါကဗျာကောင်းကြောင်း ကျမ လာမပြောရသေးခင် ကျမကို လေးစာားရိုသေတဲ့တပည့်တယောက်က ကျမနာမည်နဲ့ လာပြောပြီးပါပကော။ကျမ မအားမှန်းသိပြီး တော်တော်အလိုက်သိတဲ့ အောက်လက်ငယ်သားတွေပါပဲ။ တခုပဲ သူတို့ သတိမထားမိတာက ကျမ ထောက်ခံရင်ဝင်ရေးခဲတယ် ဆိုတာပဲ။ ဒါလဲ တပည့်ခံခါစဆိုတော့ မသိတာဖြစ်မှာပါ။ ခွင့်လွှတ်လိုက်ပါတယ် ကိုပေါရေ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs