တခါက လူသွားလူလာများတဲ့ လမ်းမပေါ်မှာ ကျောက်တုံးကြီးတစ်တုံး ကျရောက် ပိတ်ဆို့နေသတဲ့။
လူတွေကလည်း အဲဒီလမ်းမကြီးကို အသုံးပြုနေကြရတာမှန်ပေမယ့် ကိုယ်နဲ့မဆိုင်သလို သူလုပ်နိုး၊ ငါလုပ်နိုး တွက်ကပ်ကြပြီး ကျောက်တုံးဘေးကပဲ ကွေ့ဝိုက်ပြီး သွားကြသတဲ့။ အဲသည်မှာ လမ်းဘေးက ချိုင့်ထဲ ထိုးကျလို့ လှည်းတွေ ဘာတွေမှောက်၊ ကလေးတွေလည်း လမ်းဘေးက ဆူးတွေ ဘာတွေ စူးပေါ့လေ။
နောက်တော့မှ မနေသာသူ တာဝန်သိပြည်သူတဦးက ကျောက်တုံးကို ဖယ်ရှားပေးလိုက်တဲ့အခါ ကျောက်တုံးအောက်မှာ ဆုတော်လာဘ်တော် အနေနဲ့ (ဘုရင်က) ထည့်ထားခဲ့တဲ့ အသပြာထောင်ထုပ်ကို ရသွားသတဲ့။
အဲသည်နောက်ပိုင်းတော့ လမ်းမပေါ်မှာ ကျောက်တုံးလေး တတုံးတလေ မတော်တဆ ကျရောက်လာရင် လူတွေဟာ သူဖယ်မယ်၊ ငါဖယ်မယ်နဲ့ အငြင်းပွားရင်း ရန်တွေ ဘာတွေတောင် ဖြစ်ကုန်ကြတယ်။ မိန်းမတွေဆိုတာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထမိန်တွေ ဘာတွေ ကျွတ်တဲ့လူ ကျွတ်ပေါ့။ အဲ…..ကျောက်တုံးကို ဖယ်ပြီးတိုင်းမှာလည်း ဖယ်ခဲ့တဲ့လူဟာ ကျောက်တုံးအောက်မှာ အသပြာထောင်ထုပ်ကို တွေ့မလားလို့ ရှာရတာ အမော။
ဒီလိုနဲ့ တနေ့မှာတော့ အဲဒီလမ်းမပေါ်မှာပဲ ကျောက်တုံးအကြီးကြီး တစ်တုံး ရောက်နေပြန်သတဲ့။ ထုံးစံအတိုင်း လူတွေ သူ့ထက်ငါ ဦးအောင် ပြေးတွန်းကြပြန်တာပေါ့။ ဒါပေမယ့် ဒီတခါ ကျောက်တုံးက နှယ်နှယ်ရရ ကျောက်တုံးမဟုတ်ဘူး။ ဘီလူးတကောင် စောင့်ကြပ်နေတဲ့ ကျောက်တုံး။
ဘီလူးက ကျောက်တုံးလာတွန်းတဲ့လူတိုင်းကို ကျောစုတ်သွားအောင် ကြာပွတ်နဲ့ ရိုက်ထုတ်လေ့ရှိသတဲ့။ အစောပိုင်းကတော့ အသပြာထောင်ထုပ် ရမလား၊ နာမည်ကောင်းရလေမလားဆိုပြီး အူယားဖားယား ပြေးတွန်းတဲ့သူတွေမှာ ကျောကော့အောင် ကြာပွတ်နဲ့ ရိုက်တဲ့ဒဏ်ကို အသီးသီး ခံလိုက်ကြရသတဲ့။
အဲသည်နောက်ပိုင်း ကျောက်တုံးရဲ့ သဘောသဘာဝကို သိလာကြတော့ လူတွေဟာ အဲသည်ကျောက်တုံးအနီးကို မကပ်ရဲတော့ဘဲ မမြင်ချင်ယောင်ဆောင်ပြီး ဘေးကနေ ပတ်သွားဖို့ပဲ ကြိုးစားကြတော့သတဲ့ကွယ်။
ဒါပေမယ့် အဲသည်လမ်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ လမ်းမကြီးဖြစ်နေတာကြောင့် အဆင်မပြေမှုတွေကို လူတိုင်း ကြုံတွေ့နေကြရတော့တာပေါ့။ အဲသည်အချိန်မှာ ထူးဆန်းတာက ကျောစုတ်မယ်မှန်းသိသိနဲ့ ကျောက်တုံးကြီးကို ခွန်နဲ့အားနဲ့ တွန်းဖယ်မယ့် လူအချို့ ထွက်ပေါ်လာကြတာပဲ။
ကျောက်တုံးစောင့်ဘီလူးကလည်း သူတို့ကို ဘယ်ချမ်းသာပေးပါ့မလဲ။ ကြာပွတ်နဲ့ တရွှမ်းရွှမ်းရိုက်လိုက်တာ သူတို့ရဲ ကျောပြင်တွေမှာ ဒဏ်ရာတွေနဲ့ သွေးချင်းချင်းနီကုန်သတဲ့။ ဒါပေမယ့်လည်း ဒီလူတွေဟာ နောက်ဆုတ်မသွားပဲ ဒဏ်ရာနဲ့ ဝေဒနာကို အံကြိတ်ခံစားရင်း တွန်းမြဲတွန်းနေကြသတဲ့။ ဒါပေမယ့် လူအရေအတွက်နည်းတာကတကြောင်း၊ ကြာပွတ်ဒဏ်ကြောင့် ခွန်အားဆုတ်ယုတ်တာကတကြောင်း၊ ကျောက်တုံးကြီးကိုယ်၌က လေးလံတာက တကြောင်းတို့ကြောင့် ကျောက်တုံးကြီးဟာ နေရာက မရွေ့နိုင်သေးဘဲ ဖြစ်နေတော့တာပေါ့။
ကနဦးကတည်း ကျောက်တုံးမတွန်းဘဲ ကျန်ရစ်တဲ့လူတွေထဲက တချို့ဟာ အစက ကြောက်လို့ ၀င်မတွန်းပေမယ့် တချိန်မှာတော့ ရဲရဲဝံ့ဝံ့ ၀င်တွန်းကြတာကိုလည်း တွေ့ရတယ်။
တချို့ကတော့ ကိုယ်တိုင်မတွန်းရဲပေမယ့် တွန်းတဲ့လူတွေကို အားရှိအောင် အော်ဟစ်အားပေးကြတယ်။
တချို့ကတော့ အရိုက်ခံရသူတွေရဲ့ ကြာပွတ်ဒဏ်ရာတွေကို သက်သာအောင် ဆေးဝါးကုသပေးခြင်း၊ အမောပြေအောင် အစာရေစာ ကမ်းလှမ်းခြင်းတွေ ပြုကြတယ်။ ဒါတောင်မှ ဘီလူးက အနီးအပါးကို ကပ်လာသူတွေကိုပါ ကြာပွတ်စာ လှမ်းကျွေးတတ်တော့ လူတော်တော်များများက ဒီလို ထောက်ပံ့အကူအညီပေးတဲ့ အလုပ်မျိုးကို မလုပ်ဝံ့ကြဘူး။
စိတ်ဝင်စားစရာကောင်းတာကတော့ အခုဆက်ပြောပြမယ့် လူနှစ်မျိုးနှစ်စားအကြောင်းဘဲ။
ပထမတမျိုးဟာ နေ့စဉ် ဒီလမ်းမကြီးကနေ ဖြတ်သန်းသွားလာနေကြပေမယ့် ဒီဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကြီးတခုလုံးကို မမြင်ချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းသွားလာနေကြတဲ့သူတွေပဲ။ သူတို့ဟာ ဒီအဖြစ်အပျက်ကို သူတို့နဲ့ မဆိုင်သယောင်၊ ဖြစ်ရိုးဖြစ်စဉ် အရေးမကြီးတဲ့ ကိစ္စတရပ်သဖွယ် သဘောထားကြတယ်။ ဒီကိစ္စဟာ သူတို့နဲ့ သက်ဆိုင်ပါတယ် သွားပြောရင်လည်း မသိချင်ယောင် ဆောင်နေတတ်ကြတယ်။
ဒုတိယတမျိုးကတော့ ဒီအဖြစ်အပျက်ကြီးတခုလုံး အမှန်တကယ် ဖြစ်ပျက်နေတာကို သူတို့သိတယ်။ ဒီကျောက်တုံးကြီးမရှိတော့ရင် ကောင်းမယ်ဆိုတာကိုလည်း သိကြတယ်။ ဒါပေမယ့် သူတို့ဟာ ကျောက်တုံးကို ၀င်တွန်းဖို့ သတ္တိမရှိကြဘူး။ အဲဒီလို သတ္တိမရှိတာကိုလည်း ရိုးရိုးသားသား ၀န်ခံရမှာကို ရှက်ကြတယ်။ ဒီတော့ သွေးအလိမ်းလိမ်းနဲ့ ကျောက်တုံးတွန်းနေကြသူတွေကို ကြည့်ပြီး အောက်ပါအတိုင်း မှတ်ချက်တွေ ပေးတယ်။
“ဒီလူတွေဟာ မပါးနပ်ဘူး။ ဒီကိစ္စမျိုးဆိုတာ ပါးနပ်ဖို့လိုတယ်”

“ဒီလောက်ကြာကြာတွန်းလာတာတောင် ကျောက်တုံးကို ရွေ့အောင် မတွန်းနိုင်ကြဘူး။ တော်တော် အရည်အချင်းမရှိတဲ့လူတွေ”
“လူတိုင်းပါဝင်နိုင်မယ့် နည်းလမ်းကို စဉ်းစားကြဖို့ ကောင်းတယ်”
“လူတိုင်းပါဝင်နိုင်မယ့် နည်းလမ်းကို စဉ်းစားကြဖို့ ကောင်းတယ်”
“ဘယ်သူက ကူတွန်းချင်ပါ့မလဲ။ စည်းရုံးရေးမှ မကောင်းတာ”
“ခေါင်းဆောင်မှုက ညံ့တာကိုး။ နည်းဗျူဟာကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ”
“ဘီလူးနဲ့ယှဉ်နိုင်တဲ့ ခေါင်းဆောင်မှ မပေါ်သေးတာ”
“အို… ကျောက်တုံးကို တွန်းမှမဟုတ်ပါဘူး။ လမ်းဘေးက ဆင်းသွားလို့ ဆူးစူးတဲ့လူတွေကို ဆူးထွင်ပေးရင်လည်း ဒါဟာ တဖက်တလမ်းက ကူညီရာရောက်ပါတယ်။”
သြော်... ပုံပြင်ထဲက လူတွေများ ပြောပါတယ်။
“အို… ကျောက်တုံးကို တွန်းမှမဟုတ်ပါဘူး။ လမ်းဘေးက ဆင်းသွားလို့ ဆူးစူးတဲ့လူတွေကို ဆူးထွင်ပေးရင်လည်း ဒါဟာ တဖက်တလမ်းက ကူညီရာရောက်ပါတယ်။”
သြော်... ပုံပြင်ထဲက လူတွေများ ပြောပါတယ်။
44 comments:
ဟုတ်လိုက်လေနော် ..
ပုံပြင်လေးက အရမ်းကောင်းပါတယ်
ကျောက်တုံးကြီးဘယ်တော့ အလိုလိုနေရာရွေ့မှာပါလိမ့် .. ???????
Revolution already occured in our country.The leaders could not lead the people to get success.It is impossible that everyone has political knowledge. I think now is the time to choose evolution. This is just my opinion.May be wrong. Thanks Ko Paw

ဟီ.. ဘီလူးကို တနာရီတိုင်း ခဲ ဆယ်လုံးလောက် ပစ်ကြည့် တာ မဟုတ်ဘူး။ :P
>>>မိုးခါး…. ဘီလူးသက်တမ်း ကုန်တဲ့အချိန်ကျရင်တော့ ရွေ့ကောင်းရွေ့ပါမယ်။ အခုတော့ နာဂစ်မုန်တိုင်းတိုက်တာတောင် ကျောက်တုံးပေါ်က ဘီလူးက ပါမသွားဘူး။ တွန်းနေတဲ့သူတွေပဲ ပါသွားတယ်။
>>>Anonymous…. အီဗော်လူးရှင်းနဲ့သွားရင် ရှေ့ကိုမတိုးဘဲ နောက်ကို ပြန်ဆုတ်သွားလိမ့်မယ်။ နောက် အနှစ် ၂၀ ဆိုရင် ကျနော်တို့ မြန်မာပြည်သူတွေ လန်ကွတ်တီ ၀တ်နေရကိန်းရှိတယ်။
>>>နေညိုရင့်…. ဘီလူးက ခဲလုံးလောက်တော့ ပန်းနဲ့ပေါက်သလိုပဲ…ယားတယ်… ခစ်ခစ် …တဲ့။း-)
ပထမတမျိုးဟာ နေ့စဉ် ဒီလမ်းမကြီးကနေ ဖြတ်သန်းသွားလာနေကြပေမယ့် ဒီဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကြီးတခုလုံးကို မမြင်ချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းသွားလာနေကြတဲ့သူတွေပဲ။ သူတို့ဟာ ဒီအဖြစ်အပျက်ကို သူတို့နဲ့ မဆိုင်သယောင်၊ ဖြစ်ရိုးဖြစ်စဉ် အရေးမကြီးတဲ့ ကိစ္စတရပ်သဖွယ် သဘောထားကြတယ်။ ဒီကိစ္စဟာ သူတို့နဲ့ သက်ဆိုင်ပါတယ် သွားပြောရင်လည်း မသိချင်ယောင် ဆောင်နေတတ်ကြတယ်။
I am a 1st kind of man as per your story.
(I don't want to talk that I am not in Myanmar.)
တတိယတမျိုးကတော့ ဆရာကြီးလုပ်နေတာပါပဲ
WHAT'S GOING ON..HERE..?
Biz as usual
ကျောက်တုံးနားက အရူးမ ဒေါ်ဘုမ ကြီးက ကပ်လာတဲ့လူ မှန်သမျှ လှန်လှန် ပြနေရင်လည်း လူတွေက အဲ့နားကပ်တော့မှာ မဟုတ်ဘူး .. သတိလည်းထားဦး (ဒေါ်ဘုမကြီး ပြောပါတယ်.)
ကျောက်တုံး အရမ်းကြီးလို့ ၀ိုင်းတွန်းလို့မရရင်း ဒိုင်းနမိုက်နဲ့ခွဲပြစ် ရမယ်၊ အဲဒီလိုခွဲတဲ့အခါ ယမ်းအားကောင်းကောင်းသုံးရမယ်၊ အဲဒါမှကျောက်တုံးရော ဘေးက အာ နေတဲ့သူတွေရော ရှင်းသွားလိမ့်မယ်...
Oh..God!
Ko Paw, you hit them again. Some simply can't take it. :D
TT
ပုံပြောကောင်းတဲ့ ကိုပေါကရော ဘယ်ထဲပါလဲဟင်။ ကိုပေါပြောတဲ့ပုံပြင်အရဆိုရင် ကျောက်တုံးကို ၀ိုင်းတွန်းတဲ့သူတွေထဲမှာတောင် ရည်ရွယ်ချက်မတူပဲ ကွဲနေတာတွေ့ ရ
တယ်။ ဆုလိုချင်လို့ တွန်းသူရယ်၊ အမှန်စေသနာနဲ့ တွန်းသူရယ်။ ဒီလိုပဲ မရွေ့ တဲ့လူတွေ
မှာလဲ ကွဲနေနိုင်တာပဲ။ ဆုမလိုချင်လို့ မရွေ့ သူ၊ လမ်းက သူ့ အတွက်သွားလို့ ဖြစ်နေသေး
လို့ မရွှေ့ သူ၊ ကြာပွတ်ကြောက်လို့ ၊ ကြာပွတ်စာမိပြီး ကြွသွားရင် ငဲ့ရမဲ့ မိဖဆွေမျိုးတွေ
ကြောင့်၊ ကျောက်တုံးပိတ်နေလေ သူတို့ အတွက်ပိုကောင်းလေဖြစ်နေလို့ စသဖြင့်ပေါ့။
နောက်ကျောက်တုန်းကိုရွှေ့ ကြရာမှာလည်း လူကိုယ်တိုင်အားနဲ့ တွန်းမှရွေ့ မှာလား။ ကျောက်တုံးကမှော်ကျောက်တုန်းဆိုရင်တော့ လွယ်လွယ်ကူကူရွေ့ သွားနိုင်မယ့် password တစ်ခုခုလည်းရှိနေနိုင်တယ်။ အဲဒါကိုမသိပဲ သေအောင်တွန်းနေလဲ ရွေ့ မှာမှမ
ဟုတ်ပဲနော်။ ကိုပေါရဲ့ ပုံပြင်တွေနားထောင်စဉ်းစားသူသာဖြစ်ပါတယ်။
wat a simplified world view.. :)
great post, BeLuu lae anatesa par pae. :D
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်။
(ငယ်ငယ်တုန်းက ဖတ်စာလေး ပြောပါတယ်)
တွန်းဖို့တော့ စိတ်မ၀င်စားပါ။ တခုပဲ သိချင်တယ်။ အဲဒီ ကျောက်တုံးရွေ့သွားပြီးရင် အဲဒီကျောက်တုံးနေရာကို ဘယ်သူလာမှာတဲ့လဲ။
အ ကိုလေး ကို ပေါ ရေ၊ ဘီ် လူးကတော့ ကြာပွတ် ကုန်အောင်ရိုက်မှာ ပါ၊ ကြာပွတ် ထပ် ပေး မဲ့သူတွေ ပေး လို့ မရ အောင် ဘေးလူတွေ ပွဲဆူပေးကြပေါ့။
အဟဲ...ကြာပွတ်ကြောက်လို့တော့ ဟုတ်ပါဝူးဂျာ။ ကျောက်တုံးကြီးဘေးက ကပ်သီးကပ်သပ် ကွေ့ဝိုက်ပြီး လမ်းလျှောက်ရတာ ကျင့်သားရနေတော့ ကျောက်တုံးကြီးမရှိတော့ရင် လမ်းဖြောင့်ဖြောင့် လျှောက်ရတော့မှာ စိုးရိမ်လို့ပါဂျာ။ နှစ်လေးဆယ်ကျော်လာတော့ အဲဒီကျောက်တုံးကြီးကိုတောင် သံယောဇဉ်တွယ်လာသလိုပဲဂျ။ မတွန်းပရစေလားနဲ့ဂျာ။ မှန်သောစကားပြောရရင် ကြာပွတ်ကြောက်လို့ ဟုတ်ဝူးနော်။ မတွန်းရက်လို့။ ကြောက်လို့ဟုတ်ဝူး သိလား။
နာ့တိုင်းပြည်မှာ
လမ်းပိတ်နေတဲ့
ကျောက်တုံးကြီးကိုတောင်
နာချစ်တယ်။
ံ
ပါပလို ဖာလူဒါ
အဟဲ...ပြောဖို့ မေ့သွားလို့။ ကျောက်တုံးပေါ်က ဘီလူးကြီးကိုလည်း အောင့်ကာနမ်းလာတာ ကြာလာတော့ ချစ်လာသလိုလိုပဲ။ တကယ်တော့ ဘီလူးကြီးက စိတ်ထားမှန်မှန်နဲ့ချစ်တတ်ရင် ချစ်စရာကြီးပါဂျာ။ မယုံရင် ကိုလမ်းသစ်ကို မေးကြည့်။
အဟီး…. ချောဒီး…. ချောဒီး….. ပုံပြင်ထဲမှာ အချက်အလက်တခု အမှားပါသွားတယ်။
တကယ်တော့ လမ်းမပေါ်မှာ ပိတ်ဆို့နေတာ ကျောက်တုံးကြီးမဟုတ်ပါဘူး။ တာဝန်သိ ပြည်သူတဦးရဲ့ သတင်းပေးချက်အရ အဲဒါဟာ လမ်းကြိတ်စက်ကြီးတစင်း ပျက်နေတာပါတဲ့။
အပေါ်ကနေ ကြာပွတ်နဲ့ ရိုက်နေတာဟာလည်း ဘီလူးမဟုတ်ပါဘူးတဲ့။ လမ်းကြိတ်စက် မောင်းသမားသာ ဖြစ်ပါသတဲ့။
တကယ်တော့ ကိုလမ်းသစ်ပြောသလို နအဖက လမ်းကြိတ်စက်မောင်းသမားဗျ။ ယနေ့တပ်မတော်ကတော့ လမ်းကြိတ်စက်ကြီးပေါ့ဗျာ။ အဟဲ...ကျောက်တုံးကြီးကို တွန်းဖယ်ဖို့ လမ်းပေါ်ထွက် ကြိုးစားသူရှိတိုင်း နအဖက လမ်းကြိတ်စက်ကြီးနဲ့ လိုက်ကြိတ်တော့တာပါပဲဗျာ။ ကျောက်တုံးကြီးကို ကြိတ်တာတော့ဟုတ်ဘူး။ ဘာကိုကြိတ်တယ်ဆိုတာ နအဖရဲ့စေတနာအမှန်ကို နားလည်ရင် သဘောပေါက်ပါတယ်။
ကျောက်တုံးကို လူတွေက သမားရိုးကျ တွန်းနေတာ အတော်ကြာပြီ။ တုတ်တုတ်တောင်မလှုပ်တော့ တချို့လည်း အားကုန်လာကြတယ်။ တချို့လည်း နားကြတယ်။ တချို့လည်း ကျောက်တုံးကို ဆက်ကိုင်ထားတယ။် ကျောက်တုံးဆက်တွန်းနေသူတွေကို ထမင်းအလကားကျွေးမယ် ဆိုတဲ့ အစီအစဉ်တွေ ပေါ်လာတယ်။ တချို့က ကျောက်တုံးရွှေ့သွားရင် ထမင်းအလကား မစားရမှာ စိုးလို့ ကျောက်တုံးကို တွန်းမလိုလိုနဲ့ အသာလေး ဆွဲထားကြတယ်။ တချို့ကတော့ အားစိုက်ခွန်စိုက် တကယ်တွန်းနေတုန်းပဲ။ တွန်းတဲ့အထဲမှာလည်း ရှေ့နားက ပိုလေးလံ အပင်ပန်းခံ တွန်းရသူတွေ နောက်ကနေ လက်ဖျားလေးထိရုံ တွန်းပေးရသူတွေ အမျိုးမျိုးရှိတယ်။ ဒီအချိန်မှာ နားနေသူတွေ ဆက်မတွန်းတော့တဲ့လူတွေကို ကျောက်တုံးကို ကိုင်ထားတဲ့ လူတွေထဲက လူတစ်စုက လှောင်ပြောင်သရော် ကဲ့ရဲ့တယ်။ ဘေးကရပ်ကြည့်နေသူတွေကိုလည်း ခင်ဗျားတို့က ဘာအသုံးကျလို့လဲ ခင်ဗျားတို့ ၀င်မလုပ်လို့ မရွေ့တာလို့ ရန်တွေ့တယ်။ ကြာပွတ်ကို နာလို့ ကြောက်လို့ ပြေးတဲ့အပြင် အဲဒီ ရန်တွေ့တာကို တချို့စိတ်ဆိုးပြီး ထွက်သွားကြတယ်။ တချို့က စိတ်ကုန်ပြီး ထွက်သွားကြတယ်။ တချို့က ကြောက်လို့ ခပ်ဝေးဝေးကို ပြေးသွားကြတယ်။ ကျောက်တုံးတွန်းဖူးတဲ့ လူတချို့ကတော့ တွန်းတာရပ်ပြီး ကျောက်တုံးကို ဘယ်လို ရွှေ့ရမလဲ ဆိုတာတွေ သွားလေ့လာတယ်။ ပြီးတော့ တခြားနည်းလမ်းရှာကြဖို့ လာပြောတယ်။ ကုတ် နဲ့မပြီး ရွှေ့ရင် ပိုထိရောက်မှာ ဆိုတာမျိုး နည်းလမ်းအသစ်တွေ တိုက်တွန်းတယ်။ အခု သမားရိုးကျ လုပ်ပုံလုပ်နည်းက အကျိုးသက်ရောက်မှု ရှိမရှိ ပြန်စဉ်းစားခိုင်းတယ်။ ရွှေ့ပုံရွှေ့နည်းကို ပြောင်းပြီး စဉ်းစားဖို့ တနေ့ကို ဘယ်လောက်ရွှေ့မယ် ဘယ်နေ့အပြီးရွှေ့မယ် ဆိုတာတွေကို သတ်မှတ်ပီး တကယ်ထိရောက်အောင် စနစ်တကျ အလုပ်ဆန်ဆန် လုပ်ကြဖို့ပြောတယ။် စောစောက လူတစုက အဲဒီအကြံပေးသူတွေကို မင်းတို့က သစ္စာဖောက် ယုံကြည်ချက် ပျက်တဲ့ကောင်တွေဆိုပြီး ၀ိုင်း သမ လိုက်ကြတယ်။
သြော်…. ယုံကြည်ချက်… ယုံကြည်ချက်…. တယ်လဲ စိတ်ကုန်လွယ်၊ စိတ်ဆိုးလွယ်ကြီးပါလားနော်။
ရှင်းသွားပါပြီ :D
ခံယူချက်လေးကတော့ ကောင်းပါတယ် .. ဆရာကြီးပုံဖမ်းနေတာဆိုးတယ်နော်..
အမည်မသိ
တိုက်တွန်းတယ်ဆိုပြီး ဘေးကထွက်ထိုင်နေတာထက် ကိုယ်တိုင်ဝင်လုပ်နေတာ ပိုထိရောက်တာမဟုတ်ဘူးလား။
ကုတ်နဲ့မ သင့်တယ်ဆိုလဲ ကိုယ်တိုင် စတင်လုပ်လေ။
ထိရောက်တဲ့ နည်း၊ ဒါမှမဟုတ် နည်းလမ်းသစ်ဆိုလဲ ကိုယ်တိုင်ကပဲ စရမှာပေါ့။ ခုတော့ သူတို့က ငါတို့ကိုပြောလို့ စိတ်ဆိုးနေတာ ပါးနပ်ပစ်တာကတော့ ...
ကိုယ့်ကိုယ်ကို သူ့လောက်မသိတော့ စိတ်ထဲက ဆရာ တင်မိတာရော မဖြစ်နိုင်ဘူးလား။
ဖတ်ရှုမိသူ တဦး
နည်းနည်းလုပ်၊များများပြော
များများလုပ်၊နည်းနည်းပြော
နည်းနည်းသိ၊များများပြော
များများသိ၊နည်းနည်းပြော
္ဒဆြာပေါ ကအပေါ်ကဘယ်ထဲမှာပါပါသလဲ???...
နောက်ပြီး..တိတ်ဆိတ်ခြင်းရဲ့အသံဆိုတာသိပါသလား?..။
>>>အမည်မသိ…. သိသားပဲ။ “တိတ်ဆိတ်ခြင်း၏ အသံ” ဆိုတာ စာရေးဆရာမ ဂျူးရဲ့ နာမည်ကျော် ၀တ္ထုတို တပုဒ်လေ….. ဟား ဟား (နောက်တာပါ)။
ဆိုရေးရှိက ဆိုအပ်လှ၏တဲ့။
“စကားမပြောပဲနေခြင်းကို ဗုဒ္ဓမြတ်စွာက မချီးမွမ်း။ “သင်တို့သည် မချမ်းသာပဲလျှက် ချမ်းသာစွာနေရသည်ဟု ဆိုကြ၏”ဟု အပြစ်တင် လေသည်။ စကားမပြောပဲနေခြင်းအား နွား၊ ဆိတ်တို့ကဲသို့ တိရစ္ဆာန်တို့၏ နေခြင်းဟု ကဲ့ရဲ့ရှုတ်ချ၏။ တိတ္ထိတို့၏ ‘မူဂဗ္ဗတ’ ခေါ် စကားမပြော, တုံဏိဘာဝေဆိတ်ဆိတ်နေသော အကျင့်မျိုးကို ကျင့်၏ ဟုကဲ့ရဲ့ရှုတ်ခြ၏။ ရဟန်းတို့သည် ဤသို့ စကားမပြောသော အကျင့်ကို မကျင့်အပ်။ ကျင့်ပါက ဒုက္ကအာပါတ် အပြစ်သင့်သည်ဟု ပညတ်တော်မူသည်။ စကားမပြောသော လူ့အဖွဲ့အစည်းသည် တိရစ္ဆာန်အုပ်တို့နှင့် မခြားတော့သော အန္တရာယ်ကြောင့် ဖြစ်သည်။” (Sonata-Cantata ဘလော့ဂ်မှ)
တိတ်ဆိတ်ခြင်းရဲ့အသံဆိုလို့ Simon And Garfunkel တို့ရဲ့ The Sound of Silence သီချင်းကို သတိရမိတယ်။ သီချင်းစာသားတချို့ကတော့
And in the naked light I saw
Ten thousand people, maybe more.
People talking without speaking,
People hearing without listening,
People writing songs that voices never share
And no one deared
Disturb the sound of silence.
Fools said i,you do not know
Silence like a cancer grows.
Hear my words that I might teach you,
Take my arms that I might reach you.
But my words like silent raindrops fell,
And echoed
In the wells of silence
ကျနော့်အမြင်ကတော့ တိတ်ဆိတ်ခြင်းရဲ့အသံဆိုတာ သူရဲဘောကြောင်ခြင်းရဲ့သတ္တိတို့၊ ရိုးသားတဲ့လိမ်လည်မှုတို့နဲ့ ဆင်တူမယ်ထင်တယ်။
i really worried abt u all.. coz u all have very simplified world view and some believe in utopia too.
u all believe that as long as Myanmar became a 'democracy country', u all will have good government, isn't? haha..
btw.. how many of u believe in utopia? Utopia is a place where everybody live equally and peacefully. Justice is served rightly. U have good government as long as u have democracy. :)
Well, I think everybody here is at least as smart as you are to know what a utopia is. Anyway, thanks for defining it.
I don't see anybody has ever said that democracy is a utopia. I just wonder how you drew your simplified conclusion. Maybe it's because you have a simplified understanding of utopia.
>>>မျိုးမြင့်မောင်..... I believe your old friend (Anonymous 6:50 pm) is regarding Singapore as a utopia. :-)
In that case, I think maybe he mistakes Topayoh for Utopia. :D
Actually, this Guy's quite stupid...
But fun loor..?
atleast...
MMM and KP,
haha . i think i hit the right place, do i? :)
Right place indeed! Man, you hit your empty head. :)
Dear Myo Myint Maung,
Can I take your comment dated 30th Apr.2009 5:33PM.
There is a song " Simon And Garfunkel တို့ရဲ့ The Sound of Silence." that I like.
Bino
I stopped commenting long ago but this one deserves it. I read a book by a Chinese doctor (trained in UK and practised in US, she became an author and wrote "Falling Leaves : the true story of an unwanted Chinese daughter", in that book, she told about such dreamy people, she was in UK, working towards her MBBS, the president of the Chinese student union was a PhD candidate studying at Imperial College, UoL, so that chap was pro communist and he always told and incite his friends that China was suddenly changed under Chairman Mao. That Tsai is/was the son of a rich Hongkong tycoon but he was a liberal dreamer under the influence of red/pink Brits. So as a girl, barely 19 years old, she naively narrated back to her 40 olds boyfriend escaped from East European communist utopia. The chap retorted her, brought her down to reality in life that do not swallow those craps, once Mao Ze Tong took charge, China will not become a paradize in one day, all Chinese will not become saints suddenly. I have been through those craps and I know it. That was in 50s.
Fast forward to 2009, above words hold true, if you change the words Chinese to Burmese, Chairman Mao to Daw Aung San Su Kyi. Daw Su is smart, sincere but once putting her in power or share with current ruling generals will not fix the problems. Burmese are not saints, sometimes victims make villains more vicious. So victim is not blameless either and simplification and modeling is good but oversimplification (as you did) is bad.
The morale of the story is dont believe politician s..kers.
Falling Leaves: The Memoir of an Unwanted Chinese Daughter
by Adeline Yen Mah
http://www.amazon.co.uk/Falling-Leaves-Return-Their-Roots/dp/0140265988
http://en.wikipedia.org/wiki/Adeline_Yen_Mah
မာရီယိုဂိမ်းကစားဘူးတယ် မဟုတ်လား .. ဘီလူးကြီးနဲ့တွေ့ရင်ဘာလုပ်မိတတ်ကြလဲ...
မသေမချင်းသားရေကွင်းနဲ့ပစ်ပေါ့ကွယ်...
ဒါများဘာခက်တာလိုက်လို့...
ရှင်းနေတာကို ရှုပ်အောင် လုပ်နေကြတယ်...
ပြုတ်ပြုတ်ပြုန်း
Ko Bino,
Feel free to take the comment if you like.
To Anon @ 4.14 PM:
I think you should blame the victims of rape for not being strong enough to resist the rapists. Also, say that rape by any means is a crime is an oversimplification.
All I want is Burmese students in overseas to become aware of political crooks who want to use them. I dont think Burmese government is manned or led by saints, at the same time I do not think opposition (in exile) is better than the government they claimed to be fighting.
I despise both. Your simplified stories might incite young minds from following wrong leads.
တစ်ချို့ကြတော့လဲကျောက်တုံးကြီးနဲ့
ဘီးလူးအကြောင်းစားတွေရေးပြီး
blogတွေပေါ်မှာတင်တတ်ကြတယ်၊ ဟိ..ဟိ..
Post a Comment