“တခါတုန်းက တို့ကမ္ဘာမှာ”

Share |
ချဟေ့ချ….
နှမပေး…လူ့ဂွစာ
ကမ္ဘာကြီး လုံးသတဲ့
ဘာတုန်းဟ ကြံကြီးစည်ရာ
တရွာလုံးနဲ့တယောက်
အာပေါက်အောင်ငြင်းနေမှတော့
နဘန်ကျင်းပြီးသာ ရွာပြင်ထုတ်
သုဿန်တစပြင်မှာ
ကားစင်တင် အသေသတ်…..
မှတ်ရော့လကွာ….
ဘာတတ်နိုင်သေးတုန်း
တရွာလုံးကိုများ
ငတုံးတွေ ထင်နေရော့သလားမသိ။

(ဂါလီလီယိုနှင့် ကော့ပါးနီးကပ်စ်ကို အောက်မေ့သတိရလျက်….)

14 comments:

ကြည် said...

အများညီ ဤ ကို ကျွဲ ဖတ်ဆိုတဲ့ စကားရှိတယ်လေ..ဘယ်လိုလုပ်ကြမတုန်း။

Phyo Maw said...

:D ငတုံးတော့ မထင်မိပါဘူး...

Thant said...

သူတို့ပြောတာတွေမှန်ခဲ့လို့ အခုကမ္ဘာကျော်နေကြတာ..... သူတို့ကမှန်တယ်ဆိုတော့ တစ်ရွာလုံးက လူမိုက်တွေဖြစ်ကုန်တာပေါ့ ။ နောင်တစ်ချိန် ကိုပေါလဲ.........။ အင်း... အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ် ။ အခုတော့ good တယ်ထင်ရင် do သာ do ။း)း)း)

Anonymous said...

Where Can I find ...

Anything...

little bit of...

Great Mind, Buddhism, +ive Thinking, Productivity, Insights, Sharing Knowledge, Useful Info, Good Entertaining, Etc....

Please..!

ကိုပေါ said...

>> ကြည် …. ကျွဲအုပ်နဲ့ ဝေးရာမှာနေပါ။း-)

>> Phyo Maw …. ငတုံးတော့ မထင်မိဘူးဆိုရင်… ဘာတော့ ထင်မိပါသတုံး ကဖြိုးမော်။း-)

>> Thant …. သူတို့က ကမ္ဘာကျော်ပေမယ့်…. တခြားလူတွေမှာတော့ ဘယာကြော် ကြော်ရကိန်းရှိတယ်။ အညာဖက်မှာ အကြော်သည်တွေဆိုတာ ရွာပြင်က အကြော်တဲမှာ ကြော်ရတာမျိုးကလား။

>> အမည်မသိ …. Please find inside yourself.
Salvation lies within.
Mahatma Gandhi said, “You must be the change you want to see in the world.”

Therefore, please stop seeking those qualities in others but do try to seek in thyself. ;-)

Kaung Kin Ko said...

အင်းဗျ။ ဂျော်ဒါးနိုး ဘရူနို အရှင်လတ်လတ် မီးရှို့ သတ်ခံရတာကို သတိရမိတယ်။

Anonymous said...

ခင်ဗျားအတွက်ဘာအကျိုးအမြတ်မှရမယ်မထင်ဘူး၊ကော်
မန့်ပေးဖို့တောင်ခပ်ခက်ခက်ရယ်၊လူမုန်းဆေးဖေါ်နေတာလား
ဗျို့၊တဖက်ကိုလက်တချောင်းထိုးဖို့အတွက်အနဲဆုံးကိုယ်ဖက်ကို
လက်သုံးချောင်းလောက်ပြန်ထိုးတယ်ဆိုတာလဲမမေ့နဲ့အုံး..
နောက်တခုကိုပေါဘာပြောပြောထောက်ခံနေတဲ့သူတွေကိုလဲ
အနူးအညွတ်တောင်းပန်ပါရစေ၊ပုဂ္ဂိုလ်ရေးအရခင်လို့ဘဲဖြစ်ဖြစ်
သူ့စာကိုကြိုက်လို့ဘဲဖြစ်ဖြစ်သူမှားရင်မှားတဲ့အကြောင်းထောက်
ပြပေးပါ၊ဘာရေးရေး ” အားလုံးကောင်းပါ
သည်ခင်ဗျား ” လို့မရေးသင့် ( ကောင်း ) ကြောင်းပါ၊ ဆိုလိုတာကပုဂ္ဂိုလ်ခင်လို့တရား
မင်တာမျိုးဖြစ်မှာဆိုးလို့ပါ၊ကိုပေါရဲ့စာတွေကိုဘလောက်မ
ရေးခင် teashop ကတည်းက
ဖတ်တဲ့သူတယောက်ရဲ့မှတ်ချက်ပါ၊ မိကျောင်းမင်း ရေခင်းပြသလိုဖြစ်ခဲ့ရင်လဲ.....

yehtutnaung said...

အဲဒီ ကဗျာ အမှန်ပဲဗျာ...။ နိုင်ငံရေး အရတော့ မသိဘူး...။ အလုပ်ထဲမှာတောင် ထူးထူးဆန်းဆန်း တွေးမိရင် ရူးရူးနှမ်းနှမ်း လို့  ထင်ကြတာ။ လူကိုများ ငတုံး ထင်နေလား မသိဘူး။ :P

Dr. Yi Yi Win said...

ခေါင်းစီးကိုကြည့်ပြီးသတိရမိတာက လွှမ်းမိုးသီချင်းလေးပါ။ “တစ်ခါတုန်းက တို့ ရွာမှာ သဘောကောင်းပြီးဆင်းရဲတဲ့..ကိုပေါလို့ အများခေါ်တယ်” ဆိုတာလေ။ နောက်တော့ “အရူးအပေါဖြစ်ပေမယ့်..အသက်စွန့် ပြီးချစ်သွားတယ်..”ဆိုတာကို သတိရသွားတော့ ကျွန်မကိုကြိုက်နေပြီး ဆုံးသွားတဲ့ အစ်ကိုကြီးးတစ်ယောက်ကို သတိရသွားပြီးစိတ်မကောင်းဘူး။ နောက်..ပို့ စ်ကိုလည်းဖတ်လိုက်ကော..ကျွန်မတွေးနေတာတွေနဲ့ ဘာမှလည်းမဆိုင်ပါလားပေါ့။ မှတ်ချက်တွေဆက်ဖတ်တော့..ပိုဆိုးသွားပြီ။ ဒါနဲ့ အခုတခါ ကမ္ဘာကြီးက ပြားသွားပြီလို့ ဆိုကြပြန်ပြီနော် ကိုပေါ။ ခုတော့ ပြောတဲ့သူကို ၀ိုင်းမတွယ်ကြပြန်ဘူးလား။ သိတာလေးတွေ မျှဝေပေးတာကျေးဇူးပါ။

FullStop said...

ကိုယ့်ကိုယ် ကိုယ် အဲ့လို ထင်နေတဲ့ အချိန်မှာမှ ဂါလီလီယို ဖော်မြူလာကို သွားသတိရလိုက်တာကို က ကိုပေါ ရဲ့လမ်းကြောင်းကို ဒုက္ခထပ်ပေးမဲ့ ကိစ္စတစ်ခုပဲလို့ ထင်မိတယ်.. ဥုံဖွမန်းရုံနဲ့ ရွှေ ထ မဖြစ်နိုင်ဘူး ဆိုတာ ကိုပေါလည်း သိပါတယ်.. တိုက်အပေါ်ဆုံးကို တက်ဘို့ လှေခါးထစ်တွေ စက်လှေခါးတွေ သုံးရပါတယ်. ၀ုန်းကနဲ ပျံသန်းလိုက်ယုံ နဲ့ ချက်ခြင်းရောက်သွားနိုင်တာ စူပါမင်း မှာမှ ဖြစ်နိုင်လိမ့်မယ်..။ ဖောက်ထွက်တိုင်းလည်း မဟုတ်သေးဘူး ဆိုတာ တစ်ခါက ရေးခဲ့သလိုပဲ အဘိဓမ္မာ နောက်ဆုံးထွက် ဗားရှင်း ကို စောင့်မျှော်နေသလို မျိုးပေါ့.။ စိတ်မလောပါနဲ့... ကို ပေါ. ။ အဲ့ဒါလေးတွေကိုသာ ဖြည့်နိုင်ရင် ကိုပေါရဲ့ ဦးတည်ချက် ဟာ ပိုမိုထိရောက်လာ နိုင်မယ် ထင်ပါတယ်. ကိုပေါ ရဲ့လမ်းကြောင်း ပိုမို ဖြောင့်ဖြူးလေ.. ကျနော်တို့ နိုင်ငံတွက် ပိုမို အကျိုးရှိလေ ဆိုတာ သိလို့ ဟနေတယ် ထင်တဲ့ နေရာတွေကို အကြံပေးတာပါ..။ (အကြံပေးခြင်း ကို ဆရာကြီး လုပ်ခြင်းဟု မယူစစေလို- Information Age သည် သတင်းအချက်လက် များသာမက စိတ်ကူးအကြံဥာဏ် များကို မျှဝေ အသုံးချသော ခေတ်ဖြစ်သည်ကို သတိရစေလို-)
-FullStop

ကိုပေါ said...

>>> ကောင်းကင်ကို … အခုခေတ်မှာတော့ နေရာအတော်များများမှာ ပိုယဉ်ကျေးလာတယ်ဆိုရမှာပေါ့ဗျာ။

>>> Anonymous … လက်ဘက်ရည်ဆိုင်က မိတ်ဆွေဟောင်းပေါ့။ မပူပါနဲ့ဗျာ။ ကျနော်ရေးတဲ့စာတွေကို ထောက်ခံသူထက် လက်ခံသူနည်းပါတယ်။

>>> နေညိုရင့် … ကြိုက်တယ်ဗျာ။ ဘာတဲ့ ထူးထူးဆန်းဆန်းတွေးရင် ရူးရူးနှမ်းနှမ်းလို့ ထင်ကြသတဲ့။ ကဗျာပဲ။

>>> ယုဝရီ …အခုခေတ်ကျတော့ ကမ္ဘာကြီးပြားသွားပြီ ပြောတဲ့လူရဲ့ စာအုပ်တွေကို အသည်းအသန် ၀ယ်ဖတ်နေကြရပြန်တယ်ခင်ဗျ။ ဒါထက် မယုဝရီက တယ်စွံသကိုး။း-)

>>> FullStop … စူပါမင်းဖြစ်ချင်လို့မဟုတ်ပါ။ Paradigm shift နဲ့ Different view အကြောင်းကို တို့ထိကြည့်ရုံမျှပါ။ အကြံပေးလို့ရပါတယ်။ ဒါပေမယ့် ယူချင်မှ ယူမှာဆိုတာ ကြိုပြောထားလိုက်ပါတယ်နော်။

Doughnut IO said...

C-box ကလဲ မရှိတော့ ဒီမှာပဲ ရေးခဲ့တော့မယ်။

ပန်နီဆူလားက ရွှေရတနာဆိုတဲ့ဆိုင် ကျွန်တော့်ကို ဖုန်းကဒ် ညာရောင်းတယ်ဗျာ။ ကိုပေါ ဖြစ်နိုင်ရင် ပညာပေး ဆောင်းပါးလေး ရေးချင်ရေးပါလား။ (ဖြစ်နိုင်မှပါ။ မအားလို့၊ မူနဲ့ မကိုက်လို့ မရေးလဲ ရပါတယ်။)

အသေးစိတ်ကို http://opera.lawshay.com မှာ ရှု။

သတိ said...

အားလုံးသတိ
ငါမှအမှန်.. မင်းမှအမှားဆိုပီး ကိုယ်သန်ရာစွဲတတ်လွန်းတဲ့ လူ့သဘာဝကို ထင်းစေတဲ့စာပေါ့ဗျာ.. အများကမှန်တယ်ထင်တိုင်း ဟုတ်ချင်မှဟုတ်တာဟေ့ဆိုတာလည်း သင်ခန်းစာရမိပါတယ် ကိုပေါရေ..

ဒါပေမဲ့ဗျာ.. အဲဒီခေတ်ကို ပြန်တွေးမိတယ်.. မောင်သတိဆိုရင် အဲဒီ ကမ္ဘာလုံးတယ်လို့ ပြောတဲ့လူတွေကို အရူးလို့ ပြောမှာ သေချာပါတယ်.. ကိုယ်ရပ်တည်နေတဲ့ ဒီလောက်ပြန့်ပြူးညီညာနေတဲ့ မြေပြင်ကြီးက ပြားနေပါတယ်ဆိုတဲ့ လုံးဝသေချာမှန်ကန်တဲ့ အယူအဆတောင် မှားခဲ့သေးရင်..

အင်း.. အဲဒီတော့လည်း ကျွန်တော်တို့ ဘာကြောင့် ကိုယ်မှန်တယ်ထင်တဲ့ အယူတစ်ခုအတွက် တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်ငြင်းခုန်ကြမတုန်းဗျာ.. ဟားဟား..

အားလုံးသက်သာ
မောင်သတိ

Bino said...

Ko Paw
You are a smart man.
My hart will go on because of you.

Ko Paw
You are Nga Paw.
I am Nga Paw.
Most of blogger are Nga Paw.
Most of blog reader are Nga Paw.

Definitions:
Unless expressly provided otherwise:
Nga Paw means a person who has different ideas from formal way.
Most of Nga Paw has sufficient knowledge and good IQ. Heeeeeee...
Bino

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs