“အုံးလွဲခြင်းအနုပညာ”

Share |


ညဖက်အိပ်တာ နေရာမကျတော့
အိပ်ယာအထ ဇက်ကနာ။

ညာဖက်က မြင်ကွင်းအပေါင်းကိုပဲ
ပေစောင်းစောင်းနဲ့ ကြည့်နေရတယ်။

ဘယ်ဖက်ကို မျက်နှာမူဖို့အရေးဆိုရင်
လူတကိုယ်လုံးကို လှည့်ပေးရသေးတယ်။

ဒီလိုအချိန်မှာ

လာမဖြားယောင်းနဲ့
ခေါင်းညိတ်ခေါင်းခါ
မစွမ်းသာဘူး။

ကိုယ်ချင်းမစာတတ်သူတွေများ
လက်ဖ၀ါးနှစ်ဖက်နဲ့ ခေါင်းကိုညှပ်ကိုင်ပြီး
ဖြောင်းကနဲ တည့်မတ်ပေးနိုင်ဖို့ ကြိုးစားချင်သေးတယ်။

အသည်း ခိုက်အောင်နာတယ်။
ဘယ်ဖက်က မြင်ကွင်းတွေကို ငေးကြည့်ဖို့ဆိုတာ
ဒီလောက်ထိလည်း အရေးမကြီးပါဘူးလေ။

တခြမ်းထဲစွဲပြီး ကြည့်ရတဲ့အရသာ
ဘာနဲ့မှ မလဲနိုင်သလိုလို
(ရပ်ကြီးသူတို့) ဟန်မူပိုမို ပြရသေးတယ်။

အုံးလွဲတာက အခုမှ။
တလောကလုံးကို
အုံးလွဲသလို တဖက်သတ်
ပေကပ်ကပ် ကြည့်နေခဲ့တာ
ငါတယောက်တည်းမှတ်လို့.....။

16 comments:

:P said...

အုံးလွဲရင် ခေါင်းအုံးကို နေပြပေးရတယ်ဆိုလားပဲ ကိုပေါ...။

Nu Thwe said...

အင်း.....မှန်တစ်ချပ် ဆောင်ထားပြီး ဘယ်ဖက်ကို ကြည့်ပေါ့း) အဲဒီ မှန်က မှန်သားညီပြီး ပြဒါးကြည်ဖို့တော့ လိုမယ်။ မဟုတ်ရင် အမှန်တွေ မမြင်ရပဲ Illusions တွေ ဖြစ်နေဦးမှာ။
တကယ်ပဲ အုံးလွဲနေတာလား။ အားပေးရရင် ကောင်းမလား စဉ်းစားရင်း ခေါင်းစောင်းစောင်း ဖြစ်ပြီး ပြန်သွားပါတယ်။

ကိုပေါ said...

>> sin dan lar သေချာရဲ့လား။ ခုံဖိနပ်ကိုနောက်ပြန်စီးပြီး လေကို ဓါးနဲ့ လက်နောက်ပြန်ခုတ်ဖို့ရော လိုသေးလား။း-)

>> Nu Thwe မလုပ်ပါနဲ့ခင်ဗျာ။ တော်ကြာ အကြောင်းမသိသူတွေက အကျည်းတန်မှန်ကြိုက်လို့ ထင်နေပါဦးမယ်။ (ကိုအင်ဒီလို နာစစ်ဆပ် အထင်ခံရမှာလည်း စိုးတာတကြောင်းပေါ့)။ အုံးလွဲနေတာတော့ ၂ ရက်လောက်ရှိပြီ။ အခုနည်းနည်း သက်သာလာပြီ။

Thant said...

သက်သာလာပြီဆိုတော့ ခေါင်းညိမ့်ခေါင်းခါတော့ လုပ်နိုင်ပြီပေါ့ ။ မှန်တယ်ဆိုရင် ပေါက်သင်ညို ဆယ်ခါငြိမ့်.... ။

Mi Tay 4 said...

ကိုယ်ချင်းစာလိုက်တာ။ ခဏခဏဖြစ်တယ်။ ရေမချိုးပဲ နေလိုက်။ ဟုတ်တယ်..ခေါင်းအုံးကိုနေပြ။ နေမပြနိုင်ရင် အိပ်ခါနီးမီးပူတိုက်။ ဒါပေမဲ့ အထဲက လဲမို့ခေါင်းအုံးမှ ပိုကောင်းတာ။ လဲက အပူကို တနေ့လုံး စုပ်ထားတာက တဖြည်းဖြည်းချင်း အိပ်တုန်း အပူတိုက်ပေးသလိုဖြစ်ပြီး မနက်ကျ သက်သာရော။ သည်ကဗျာက ခေါင်းတစောင်းနဲ့ ရေးထားတာပေါ့နော်။ ဟိ

pandora said...

ဒါလေးများ ဖြတ်ပြီး တည့်အောင် ပြန်ဆက်လိုက်ပေါ့ဗျာ..။

သူငယ်ချင်း said...

ကိုယ်ချင်းမစာတတ်သူတွေများ
လက်ဖ၀ါးနှစ်ဖက်နဲ့ ခေါင်းကိုညှပ်ကိုင်ပြီး
ဖြောင်းကနဲ တည့်မတ်ပေးနိုင်ဖို့ ကြိုးစားချင်သေးတယ်။

မဟုတ်မှလွဲရော
မှန်ထူထူနဲ့
ဟန်သူ ဘဲဖြစ်ရမယ်။

khin oo may said...

လေ့ကျင်းခန်းလေးလုပ်ပါလားလို့ခေါင်းကို ဟိုစောင်းဒီစောင်း

CMA said...

ဒါဆိုသဘောပေါက်.. သူများတွေ တဖက်သတ်
ပေကပ်ကပ် ကြည့်တဲ့အခါ အုံးလွဲနေလို့ပါဆိုပြီး ကိုယ်ချင်းစာပေးပါ..။

Anonymous said...

http://myanmarblogreader.blogspot.com/

Anonymous said...

အဖြစ်တူလိုက်လေခြင်း..........

ကြည် said...

အုံးလွဲ တာတောင် အုံးလွဲခြင်းအနုပညာတဲ့လား။
ကိုပေါတို့များတော့လေ..။ဒါကြောင့်ဘာများပြောချင်ဘာလိမ့်ဆိုပြီး နောက်တစ်ခေါက်သေချာပြန်ဖတ်ရတယ်။

တန်ခူး said...

ကိုပေါရေ…
ကျွန်မ ခုလောလောဆယ် ဒီဝေဒနာ ခံစားနေရတယ်…
သားက ညဖက်ဆို ကုတင်ကို ၀ိုင်းကြီးပတ်ပတ်ကစားသလို အိပ်တော့ သူနဲ့ လွတ်ရာရှောင်ရင်း အနေအထားတွေ မမှန်ဖြစ် ခဏခဏ အုန်းလွဲတယ်…
တခါတလေတော့ ကောင်းပေမယ့် ခဏခဏဆို မကောင်းဘူးကိုပေါရဲ့…

ကိုလူထွေး said...

ကဗျာလေးကောင်းတယ်။ သရုပ်ဖော်ပုံလေးကလည်း ထိမိတယ်။ ကိုပေါဆိုတဲ့ အမည်နဲ့ လည်း လိုက်ဖက်တယ်...

Anonymous said...

ကိုပေါ သို့ ပေးစာ
ပထမ တော့ မရေးဘူးလို ဆုံဖြတ်ထားတာဘဲ ခင်ဗျာရဲ့ ဘလောက် ကိုလည်း မကြားခဏရောက်ဖြစ်တယ် တခါမှ ကွန့် မန့်မရေးဖြစ်ဘူး တခါတလေ ကြည့်ရတာ အဆင်မပြေဘူး ကိုယ်ဘလောက်မှာ ကိုယ်ရေးချင်းတာရပေမဲ့ ကိုယ်ကိုယ့်တာဝန်ခံတတ်ဖို့ တော့လိုတယ် ခင်ဗျာ ပြောတဲ့ သူပုန်သုံးမျိုး နဲ့ စလိုက်ရအောင်
ပထမ ကျနော်တို့ ဟာ ခင်ဗျာ ပြောသလို့  သူပုန်မဟုတ်ဘူး မြန်မာစာကားမှာ သူပုန်ဆိုတာ လူအုပ်စု တစု က အကြောင်းအမျိုးမျိုးကြောင့် အုပ်ချူပ်သူကို မကြေနပ်လို့ ရရာလက်နက်ဆွဲကိုင် တော်လှန်တာ နိုင်ငံရေးအရ မူဝါဒ တိတိကျကျမရှိဘူး,အမိန့် စီးဆင်းမူ့ မရှိဘူး
( ABSDF )လို့ ခေါ်တဲ့ (မကဒတ )ဟာ ခင်ဗျာပြောတဲ့ သူပုန်အဖွဲ့ အစည်းမဟုတ်ဘူးဆိုတာ ကို ခင်ဗျာသိအောင်ပြောပြချင်တယ် တော်လှန် တဲ့ အဖွဲ့ အစည်းဖြစ်တယ် မူဝါဒရှိတယ် အဲ့ဒီအဖွဲ့ အစည်းအောက်မှာ ရှိနေတဲ့ သူများဟာ တော်လှန်းရေးသမားတွေ ဘဲဖြစ်တယ်
ဒုတိယ က တတိယ နိုင်ငံမှာ ရောက်နေတဲ့ ခင်ဗျာပြောတဲ့ သူပုန် တွေပေါ့ဗျာ သူတို့ ဘယ်လောက်ပေးဆပ်ခဲ့ရ လည်းဆိုတာ ခင်ဗျာသိရဲ့ လာ (၀ါးလုံး ချီးသုတ်ပြီးမရမ်းပါနဲ့ ) ခင်ဗျာသိတဲ့ ဘလောက်ကာတွေ ထဲ မှာတောင် တိုက်ပွဲ မှာ ဒဏ်ရာရ လို့ လက်ပြတ်တဲ့သူတွေ ဗိုက်ပွင့်ထားတဲ့ သူတွေ မနည်းပါ
တတိယ အချက်အနေ နဲ့  ကျနော်တို့ ဟာ ခင်ဗျာပြောသလို သူပုန် မဟုတ်တော့ ဘူး သူပုန်ထောက်ခံသူတွေ ဘဲဖြစ်တယ် အခြေအနေ တခု အရ တိုင်းပြည်နဲ့  ဝေးနေကြတဲ့ သူတွေ အချင်းချင်း စစ်အစီုးရ ကိုတိုက်နေကြတဲ့ သူတွေ အချင်းချင်း ခင်ဗျာလူတန်းစားလိုက်မခွဲပါနဲ့  န၀တ စစ်အစိုးရ ကို တိုက်ရင်းနဲ့  န၀တ စစ်အစိုးရ ကို သနပ်ခါးလိမ်းပေးတဲ့  လူတော့ ကိုယ်ကိုယ့် မဖြစ်စေပါနဲ့ 

တော်သေးပြီးနောက်မှတွေ့ ကြသေးတာပေါ့

ဇော်ဘာမား

ကိုပေါ said...

ဇော်ဘားမား…..

ကျနော့်ဘလော့ဂ်ဟာ မိတ္တဗလသက်သက်၊ ဖျော်ဖြေရေးသက်သက်အတွက် ရေးတာမဟုတ်တဲ့အတွက် ခင်ဗျားအမြင်နဲ့ အဆင်မပြေတာတွေ ပါမှာ အသေအချာပဲ။ ကျနော်ရေးသမျှ ကျနော်တာဝန်ခံပါတယ်။ ကိုပေါဆိုတာ ကျနော့်နာမည်ရင်းမဟုတ်သော်လည်း မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ နာမည်ရင်းထက်ပိုပြီး လူသိများတဲ့ ကျောင်းကတည်းက နာမည်ပါ။ (ကိုယ့်လူလည်း အီးမေးလ်ဖြစ်ဖြစ်… ယူအာရ်အယ်ဖြစ်ဖြစ်နဲ့ ကိုယ်ပြောတဲ့စကားကို တာဝန်ခံရင်ကောင်းမယ်။)

သူပုန်ဆိုတာနဲ့ပတ်သက်လို့တော့ “သူပုန်” ဆိုတာ လက်ရှိအုပ်ချုပ်နေတဲ့ မင်းအစိုးရကို ဆန့်ကျင်ပုန်ကန်တော်လှန်နေသူတွေလို့ အများနားလည်တဲ့ အဓိပ္ပါယ်နဲ့ ရေးထားတာပါ။ သူပုန်ရဲ့ လုပ်ရပ်ပေါ်မူတည်ပြီး ကောင်းတဲ့သူပုန် မကောင်းတဲ့သူပုန် ကွဲပြားသွားတာပေါ့။ ကျောင်းသားလက်နက်ကိုင်ဟောင်းတွေထဲမှာတောင် ကိုယ့်ကိုယ်ကို သူပုန်လို့ ဂုဏ်ယူဝံ့ကြွားစွာ ကြွေးကြော်နေသူတွေ ရှိသေးတာပဲဗျာ။ ဒီတော့ သူပုန်လို့ ကျနော်ရေးတာ ဘာဆန်းလို့လဲ။

နောက်ပြီး တတိယနိုင်ငံရောက်သူပုန်တွေမှာ ကျနော်တွေ့ရသလောက်ကတော့ အားလုံး ကျားကိုးစီး စားမကုန်တဲ့ မာမာချာချာ သန်သန်စွမ်းစွမ်းကြီးတွေချည်းပါဗျိုး။ နာမည်တွေတော့ ထုတ်မပြောပါဘူး။ နာမည်ကျော်တွေချည်းပါ။ တချို့ဆရာကြီးများကို လူကိုယ်တိုင်လည်း တွေ့ဖူးပါရဲ့။

ကျနော်ကိုယ်တိုင်မတွေ့ဘူးသေးပေမယ့် မသန်မစွမ်းဖြစ်သွားတဲ့လူတွေရှိရင်လည်း သူတို့ရဲ့ အဖြစ်ကိုတော့ လူသားတယောက်အနေနဲ့ စာနာပါတယ်။ ဒါပေမယ့် ဒီလမ်းဟာ ကိုယ်သဘောနဲ့ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းလေဗျာ။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတာပဲ။ ဘယ်သူ့ကို အတင်းကျေးဇူးတင်စေချင်နေတာလဲ။ သူတို့ယုံကြည်ချက်နဲ့ သူတို့ တိုက်ခဲ့တုန်းကရော၊ အခုတိုက်နေဆဲလူတွေကိုရော ကျနော့်မူနဲ့မတူသော်ငြား စစ်အာဏာရှင်စနစ်ကို တိုက်တယ်ဆိုတဲ့ အသိစိတ်နဲ့ လေးစားပါတယ်။ ဒါပေမယ့် ယုံကြည်ချက်ကို ပစ်ချထားခဲ့တဲ့နောက်ပိုင်းမှာတော့ သူတို့ လောလောလတ်လတ် လုပ်ရပ်ကိုပဲ စောင့်ကြည့်ဆုံးဖြတ်ရတော့တာပေါ့။

နောက်ပြီး သူတို့ မပေးဆပ်ခဲ့ရဘူးလို့ ကျနော်မပြောခဲ့ပါဘူး။ ဒါပေမယ့် တချိန်က ရွှေထီးဆောင်းခဲ့တာကို ချေးခြောက်ရေနှူးသလို တမြုံ့မြုံ့စားမြုံ့ပြန်နေပြီး လက်တွေ့မှာ လေစစ်ပွဲ ဆင်နွှဲနေတာကို တွေ့ရလို့ ရေးလိုက်တာဗျိုး။ လေစစ်ပွဲကြီးကို ကျနော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရလို့ ရေးတာပါ။ သက်သေအထောက်အထားတွေ ရှိပါတယ်လေ။ (ဥပမာပြောရရင်…. ၈ ရက် ၈လ ၂၀၀၈ခုကို ပွဲသိမ်းတိုက်ပွဲ…အတိအကျ ပွဲပြတ်ရမယ်ဆိုပြီး လာလုပ်တာရှိတယ်။ ဘယ်လောက် နည်းဗျူဟာက ခိုင်မာနေလို့ ဒီလောက်အာမခံရဲရတာလဲ ပြန်လှန်မေးခွန်းထုတ်တော့ အိုးနင်းခွက်နင်းဖြစ်သွားတယ်။ နောက်ကျတော့လည်း ဘာမှ Follow up မယ်မယ်ရရ မရှိဘဲ ပွဲပြီးမီးသေ ဖြစ်သွားတယ်။ ဒါမျိုးကို လေစစ်ပွဲမခေါ်လို့ ဘာလို့ခေါ်ရမလဲ။)

နောက်တခုက တချိန်ကစွန့်စားခဲ့လို့ အခုအချိန်မှာ မှားမှားမှန်မှန် လာမဝေဖန်နဲ့ ဆိုတာမျိုးကို လာမလုပ်နဲ့ဗျိုး။ ဆောရီးပဲ။ ဦးဝင်တင်ပြောသလိုပဲ။ ကျနော်တို့ဟာ စနစ်ကြီး၊ ယန္တရားကြီးကို တိုက်နေတာ။ နအဖအစိုးရကိုချည်း တိုက်နေတာမဟုတ်ဘူး။ အဲသည်လို တချိန်ကစွန့်စားခဲ့လို့ အခုအချိန်မှာ မှားမှားမှန်မှန် လာမဝေဖန်နဲ့လို့ လာပြောရအောင် ဒါအာဏာရှင်စနစ်မဟုတ်ဘူး။ အဲသည်စိတ်ဓါတ်မျိုးကို နအဖကလူတွေမှာ ရှိတာမကြိုက်သလို ဒီမိုကရေစီဘက်တော်သားလို့ ခေါ်တဲ့လူတွေမှာ ရှိရင်လည်း မကြိုက်ဘူးဗျာ။ အခုထက်ထိ စွန့်စားထမ်းရွက်နေသူတွေကို လေးစားပါတယ်။ ကဗျာထဲမှာလည်း အဲသည်လိုပဲ ရေးထားတာပဲ။ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ဘူးဗျ။ ဘာမှနာစရာမရှိဘူး။ ကျနော်ရေးသမျှမှာ မမှန်ဘူးလို့ ယူဆတဲ့နေရာတွေရှိရင် မှားယွင်းနေတာရှိရင် အချက်အလက်နဲ့ ပြန်ချေပလို့ရပါတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs