“သူခိုးလက်ခံ ထိုနိုင်ငံ”

Share |
သူတပါးပစ္စည်းကို ခိုးယူခြင်းဆိုတာ တရားဥပဒေအမြင်နဲ့ ကြည့်ရင် ပြစ်မှုကျူးလွန်ခြင်းမြောက်တယ်။ ငါးပါးသီလထဲက အဒိန္နဒါနာ ဆိုတဲ့ သီလကို ချိုးဖောက်ရာလည်း ကျတယ်။

သူခိုးက ခိုးလို့ရလာတဲ့ ပစ္စည်းကို တစုံတယောက်ဆီမှာ အဖိုးအခနဲ့ ပြန်ရောင်းတယ်၊ ဒါမှမဟုတ် အကျိုးအမြတ် တစုံတခုကို ပေးပြီး ခေတ္တအပ်နှံထားတယ်ဆိုရင် ခိုးရာပါပစ္စည်းမှန်း သိသိကြီးနဲ့ လက်ခံတဲ့သူကို သူခိုးလက်ခံ လို့ အရပ်စကားနဲ့ ခေါ်ဝေါ်ကြတယ်။

သူခိုးလက်ခံအလုပ်ကို လုပ်လို့ ကြီးပွားချမ်းသာလာတာမျိုးကို အားမကျထိုက်ပါဘူး။ မတော်မတရားကြီးပွားချမ်းသာလာတာလို့ပဲ မှတ်ယူရပါမယ်။ ရှုတ်ချရပါမယ်။

ဒီနေ့ မြန်မာနိုင်ငံ ကမ်းလွန်သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးက ရလာတဲ့ ဘီလီယံနဲ့ချီတဲ့ ငွေတွေကို မသမာသူ (သူခိုး)တစုက ကိုယ်ကျိုးအတွက် အိတ်ထောင်ထဲကို ထည့်တယ်။ တနည်းအားဖြင့်ပြောရရင် တိုင်းပြည်ဘဏ္ဍာကို ခိုးယူခြင်းပေါ့။

အဲဒီ ခိုးရာပါပစ္စည်းကို လက်ခံတဲ့ နိုင်ငံ တနိုင်ငံကလည်း ဟောဒီအရှေ့တောင်အာရှမှာ ရှိနေတယ်။ အဲဒီနိုင်ငံဟာ အင်ဒိုနီးရှားကနေ ထွက်ပြေးလာတဲ့ အကျင့်ပျက်လာဘ်စားတဲ့ ဘဏ်လုပ်ငန်းရှင်တွေရဲ့ ခိုးရာပါငွေတွေကို လက်ခံရာမှာ နာမည်ကြီးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခုဒီမိုကရေစီနိုင်ငံဖြစ်လာတဲ့ အင်ဒိုနီးရှားနဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထုံး ဖြစ်ရတယ်။ အာဏာရှင် ဖိလစ်ပိုင် သမ္မတဟောင်း မားကို့စ်ရဲ့ ငွေတွေကို လက်ခံပြီး Freeze လုပ်ထားတယ်လို့လည်း သတင်းထွက်နေတယ်။ လတ်တလောမှာ အမေရိကန်နဲ့ ဥရောပက အခွန်တိမ်းရှောင်သူတွေရဲ့ ငွေတွေကို တိတ်တဆိတ်သိုဝှက်ထားပေးတဲ့ Tax haven လို့လည်း အမည်ကျော်စောတယ်။ အဲဒီအတွက် အမေရိကန်ရဲ့ ဖိအားပေးမှုကို အနှေးနဲ့အမြန် ခံရတော့မယ်လို့ သတင်းတွေ ထွက်နေတယ်။

ဒါတင်ပဲလား၊ မက သေးဘူး။ အကျင့်ပျက်လာဘ်စားမှုနဲ့ အခု ထောင်ဒဏ်တသက်ချမှတ်ခံရတဲ့ တိုင်ဝမ်သမ္မတဟောင်း ချန်ရွှေဗျန်းရဲ့ ခိုးဝှက်ထားတဲ့ ငွေတွေကို လက်ခံထားတဲ့အကြောင်းလည်း မနှစ်က ဘူးပေါ်သလို ပေါ်လာတယ်။ ခိုးရာပါပစ္စည်း လက်ခံတဲ့ သူခိုးလက်ခံ အဲဒီနိုင်ငံဟာ ဘေးနိုင်ငံတွေရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သွေးစုပ်အမြတ်ထုတ်မှုတွေ၊ ငွေကြေးခ၀ါချမှုတွေနဲ့ အရှေ့တောင်အာရှမှာ နာမည်ပျက်နဲ့ ကျော်ကြားစပြုနေတဲ့ အပျော့စားအာဏာရှင်နိုင်ငံလည်း ဖြစ်တယ်။ ဘေးနိုင်ငံတွေက အာဏာရှင်အစိုးရတွေအပေါ်မှာ ဘက်လိုက်ဖေးမပေးတတ်တဲ့ အကျင့်လည်း ရှိတယ်။ ဘေးနိုင်ငံတွေက ပြည်သူတွေအပေါ်မှာ အိမ်နီးချင်းကောင်းမပီသတဲ့ နိုင်ငံလို့လည်း ပြောလို့ရတယ်။

ဒါပေမယ့် မကောင်းမှုကို လုပ်တဲ့လူတွေဟာ တချိန်ချိန်မှာတော့ ကိုယ့်အကုသိုလ်ကံရဲ့ အကျိုးပေးကို မုချ ပြန်ခံရတာပဲ။ ၀န်တင်လှည်းဆွဲတဲ့ နွားရဲ့ နောက်ကို လှည်းဘီးဟာ ထပ်ချပ်မကွာလိုက်သလို သူတို့ ပြုခဲ့တဲ့ အကုသိုလ်ကံရဲ့ အကျိုးဟာ သူတို့နောက်ကို ထပ်ချပ်မကွာ လိုက်တယ်ဆိုရင် မမှားဘူး။

လွယ်လွယ်ရတဲ့ငွေဟာ လွယ်လွယ်နဲ့ပဲ ပြန်ထွက်သွားတတ်တာ ဓမ္မတာပဲ။ မကြာမီက ဖြစ်ပွားခဲ့တဲ့ စီးပွားပျက်ကပ်အတွင်းမှာ အဲဒီနိုင်ငံအစိုးရအနေနဲ့ ရင်းနှီးမြုတ်နှံထားတဲ့ ဘီလီယံပေါင်း မြောက်မြားစွာ အချိန်တိုကလေးအတွင်းမှာ ပလုံသွားတာကိုကြည့်ရင် သံဝေဂ ရဖို့ကောင်းတယ်။ သူ့နိုင်ငံသားတွေက အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအပေါ် တော်တော်လည်း အကြည်ညိုပျက်ကြတယ်။

ဒါကြောင့်ပြောတာ… သမာအာဇီဝမဟုတ်တဲ့ အလုပ်တွေဟာ အကျိုးပေးမကောင်းဘူးဆိုတာ။ ဒါပေမယ့် အခုပြောခဲ့တဲ့ အကျိုးပေးတွေဟာ အဲဒီအစိုးရ လုပ်ခဲ့တဲ့ မကောင်းမှုတွေနဲ့ နှိုင်းစာရင် ပင်လယ်ပြင်မှာ မျောနေတဲ့ ရေခဲတုံးကြီးရဲ့ ထိပ်ပိုင်းမျှသာ ရှိသေးတယ်။ အောက်မှာ နစ်မြုတ်နေတဲ့ အပိုင်းမပါသေးဘူး။ တလုံးတည်း တခဲတည်း အကျိုးပေးဖို့ မဝေးတော့ဘူးလို့ ယူဆရတာပဲ။

ဘယ်နိုင်ငံလဲဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူးနော်။

77 comments:

Anonymous said...

Great!
Down with""“သူခိုးလက်ခံ ထိုနိုင်ငံ”"

ရွှန်းလဲ့ said...

Hello Ko Paw, currently we are staying in this country, right? Ha haa... anyhow I like your post and totally agree to you. :)

PhotoVigor said...

Great post. Paw, you are right.
Sooner or later, thief and thugs will be revealed their true color.
Cheers..:)

Anonymous said...

There are so many assess belong to military Junta and his cronies in the country you mentioned. Make a list of Junta assess . One day we need to claim rightfully.

စိမ်း... said...

ဘယ်နိုင်ငံလဲဟင်... `လား´ စကားပြောတဲ့ နိုင်ငံလား... :P

Anonymous said...

To စိမ်း.......No lah! :))))))

Anonymous said...

နိုင်ငံတိုင်းလိုလိုသူ့နိုင်ငံရဲ့ အကျိုးစီးပြပွါးကိုပဲဦးစားပေးကြတာပါ ခင်ဗျားတို့အားကိုးနေတဲ့ အမေရိကန်ကိုပဲကြည့် ယက်တောကိုဗန်းပြပြီး နအဖ ကို ဖား ဖို့ကြံနေတယ် စလုံးအစိုးရကောင်းလှချည်ရဲ့မဆိုလိုပါ နစ်ဦးနစ်ဖက်အကျိုးရှိရင် ဘယ်သူမဆိုလုပ်ကြမှာပဲ

Anonymous said...

" နှစ်ဦးနှစ်ဖက် အကျိုးရှိရင်" ဆိုတာကို ရှင်းပါ..နှစ်နိုင်ငံ ပြည်သူတွေလား.. ဒါမှမဟုတ် ..နှစ်နိုင်ငံရဲ့အာဏာရှင်အစိုးရတွေလား..

အမေရိကန် ကို တကယ်ကြီးဖားနေတာ မင်းပထွေး နအဖ ကွ..မသေမချင်းမှတ်..နောင်ဘဝအထိပါမှတ်..ကြားလား..

သန့်စင် said...

အစ်ကိုပေါ
ရဲ့ ဘလောက် ကို လာ လာဖတ်ရတာ
သူခိုး နိုင်ငံအကြောင်းကို တဖြည်းဖြည်းသိလာရတာ
ကျေးဇူးပါ....

Anonymous said...

မင်းတို့အယူအဆဆန့်ကျင်တိုင်း ဆဲနေ မကောင်းပြောနေလို့ ကတော့ ရပါလိမ့်မယ်ဒီမိုကရေစီ နောင် ဘဝ ကျရင်

Anonymous said...

ဒါဆို သူခိုးလက်ခံတဲ့ နိုင်ငံမှာ မနေဘာနဲ့တော့။ ကိုပေါ နစ်နာ ပါတယ်။ သူခိုးနိုင်ငံ ကိုဘဲ ပြန်ပါတော့။

Anonymous said...

SG lah.
:)))

Anonymous said...

ရှုပ်ပါတယ်ဗျာ ။ သူလဲခိုး ၊ကိုယ်လဲခိုး ၊ ရသလောက်သာ
ခိုးကြတော့။ ရိုးနေလို့ မထူးရင် ခိုးကြတာပေါ့ ။
ဒါမှလည်း ကိုယ့်အတွက် ကျန်တော့မှာပေါ့ဗျ ။

ဘယ်သူကောင်းတယ် မကောင်းဘူးမပြောလိုပါ။ said...

ကိုယ့်နိုင်ငံကောင်းစားဖို့ ကိုယ်လုပ်ကြတာချည်းပါပဲ။ ဒါကို အပြစ်လို့ ပြောနေရင် ကမ္ဘာမှာ ဘယ်နိုင်ငံမှ မလွတ်ပါဘူး။ ကိုယ့်တိုင်းပြည်အကျိုး လုပ်တဲ့ အစိုးရနဲ့ ကိုယ့်အကျိုးလုပ်တဲ့ အစိုးရဆိုပြီး ၂မျိုးပဲရှိပါတယ်။ ကိုယ့်တိုင်းပြည် ဖြစ်ချင်ရာဖြစ် နာမည်ကောင်း ရရင်ပြီးရော ဆိုတဲ့ အစိုးရ မရှိပါဘူး။ အားလုံးရဲ့ နောက်ကွယ်မှာ ကျနော်တို့ ခင်များတို့ မသိတာတွေ တပုံတပင်ကြီးပါ။ အမေရိကန်တို့ ဒီမိုခရေစီသာ အော်နေတာပါ။ နောက်ကွယ်က သူတို့ရဲ့ လူမိုက်နိုင်ငံတွေ အများကြီးပါ။ မြန်မာပြည်ကိုလည်း သူတို့က သူတို့ရဲ့ လက်ကိုင်တုတ်ဖြစ်ဖို့ ကြံစည်နေတာပါပဲ။ စာရေးသူရော စာဖတ်သူတွေရော အနောနိမတ်စ်တွေရော ဒီလိုကိစ္စတွေနဲ့ လွတ်တဲ့ တိုင်းပြည်ရှိရင် ကော်မန့်ထက်ရေးပေးပါလား။ ရေတွင်းထဲက ဖားသူငယ်လေးတွေလို ဖြစ်နေမှာ စိုးလို့ပါ။

Anonymous said...

ကိုပေါရေ
ဟုတ်တယ်ဗျို့၊ ဒီမှာ စက်မှူ(၁) ဝန်ကြီး
ဦးအောင်သောင်းရဲ့ Bank account No.
A/C Name: AUNG THOUNG
A/C No: 501-110357-201 (USD)
A/C Address: NO.6, DEFU LANE4,
SINGAPORE 539410.
BANK Name: OVERSEA CHINESE BANKING
CORPORATION LTD (OCBC)
အသေးစိတ်ကို ဒီမှာ သွားကြည့်ပါ။
http://burmatoday.net/ndd_2005/ndd_353.swf

ဗမာကြီး said...

အဟေးဟေး........
တို့ဗမာတွေ တိုးတက်လာပြီကွ။
ဗိုလ်ချုပ်ပြောခဲ့သလို ဗမာဗမာချင်း ဆော်ဖို့၊ မကောင်းပြောဖို့ အဆင့်ကနေ။ အရိပ်နေနေ အခက်ချိုးချိုးပါ လုပ်တတ်လာပြီကွ။
ဒါမှ တို့ဗမာ

Anonymous said...

ကိုပေါဆိုတဲ့လူလဲလည်ပုံလည်ပန်းနဲ့ တော်တော်အတဲ့လူပဲ

Anonymous said...

နိုင်ငံရေးတို့စစ်ရေးတို့မှာ သီလတို့တရားတာတို့မတရားတာတို့မရှိဘူးဗျ နိုင်ငံရေးတို့စစ်ရေးတို့မှာ သီလတို့တရားတာတို့မတရားတာတို့မရှိဘူးဗျ လှည့်ဖြားတာတို့ ကလိန်ကျတို့ လုပ်တတ်ရတယ် မတတ်တဲ့လူ ခံ

Anonymous said...

နိုင်ငံရေးတို့စစ်ရေးတို့မှာ သီလတို့တရားတာတို့မတရားတာတို့မရှိဘူးဗျ နိုင်ငံရေးတို့စစ်ရေးတို့မှာ သီလတို့တရားတာတို့မတရားတာတို့မရှိဘူးဗျ လှည့်ဖြားတာတို့ ကလိန်ကျတို့ လုပ်တတ်ရတယ် မတတ်တဲ့လူ ခံ

Anonymous said...

အာဏာရှင်အစိုးရတွေအပေါ်မှာ ဘက်လိုက်ဖေးမပေးတတ်တဲ့ အကျင့်လည်း ရှိတယ်။

ဆိုတော့
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းတုန်းက မြန်မာပြည်ကို အာဆီယံက ခေတ္တ ထုတ်ထားသင့်တယ်ဆိုတာ ဘယ်နိုင်ငံက ပြောတာတုန်း။ ဘယ်နိုင်ငံက ဒီစကားပြောဖူးသတုန်း။

စလုံး ကောင်းတယ်လို့တော့ မပြောချင်ဘူး။ ကောင်းမှမကောင်းပဲ။ ဒါပေမယ့် မကောင်းဘူး ထိုင်အော်နေတာလည်း မကောင်းဘူးပဲ။ ဘယ်သူကကောင်းနေလို့လဲ။ ကျနော်လည်းမကောင်းဘူး။ ကိုပေါဘာသာရေးတာ လာဝေဖန်နေမိပြီ။ :(

chocothazin said...

http://www.straitstimes.com/Breaking%2BNews/SE%2BAsia/Story/STIStory_431042.html

pkw said...

To Annoymous 4:34 pm
သနားတယ် အပြောတမျိုးအလုပ်တစ်မျိုး ဆိုတာလေးတောင်မသိဘဲနဲ့ ဘာမှ လာရေးမနေနဲ့ "ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းတုန်းက မြန်မာပြည်ကို အာဆီယံက ခေတ္တ ထုတ်ထားသင့်တယ်ဆိုတာ ဘယ်နိုင်ငံက ပြောတာတုန်း။ ဘယ်နိုင်ငံက ဒီစကားပြောဖူးသတုန်း။"

NG said...

To pkw..
လူကြားကောင်းအောင် ပြောယုံလေးပြောတာပါ.. ထိရောက်ရောက် ဘာမှမလုပ်ရဲပါဘူး.. ကိုကို န.အ.ဖ စိတ်ညိုငြင်နေရင် အချောင်ရနေတဲ့ စားပေါက်လေးတွေ ပိတ်သွားမှာစိုးလို့ 

Anonymous said...

အပြောအလုပ်မညီတာလည်း တကမ္ဘာလုံး အစိုးရတိုင်းပါ။ ဒီအစိုးရကောင်းတယ်လို့လည်း မပြောပါဘူး။ ကောင်းလည်းမကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ဆောင်ပန်ဆောင်တော့ ပြောသေးတာပဲ။ အစိုးရဆိုတာကတော့ တခြားအစိုးရကို ကိုယ့်အကျိုးအမြတ်မရှိပဲ ဘာမှ မလုပ်ပါဘူး။ မကောင်းဘူး မှန်တယ်။ လက်ခံသပ သိပ်လက်ခံတာပေါ့။ ဒါပေမယ့် ဘာလို့ ဒီလိုတွေ ထိုင်ပြောနေကြမှာလဲ။ ဘာလုပ်ကြမှာလဲ။ မကြိုက်ရင် လှည့်ပြန်ရုံပေါ့။ ဘယ်သူမှ နေပါလို့ ဆွဲခေါ်မထားပါဘူး။ ကိုယ့်မိဘက မကောင်းလို့ ပထွေးအဖေခေါ်နေရလည်း မခေါ်ချင်ပြန်ပေါ့။ လွယ်လေးပဲကို။

NG said...

ကိုယ့်ဘာသာ န.အ.ဖ အဖေခေါ်ပြီး စလုံး ကို ပထွေးခေါ်ရင်ခေါ်ပါ.. သူများတွေကိုအဲဒီလိုခေါ်တယ်လို့ မစွပ်စွဲပါနဲ့ .. ဒီမှာနေတာနဲ့ ပဲ မဟုတ်တာလဲ အကုန်လုံး အကောင်းလိုက်ပြောနေရမှာလား.. မဟုတ်တာကို မဟုတ်တဲ့အတိုင်းလက်ခံနိုင်အောင်ကြိုးစားဦး ကိုကိုလီရှန်လုံးရယ်... ပြန်မှာပါကွာ နေပါဆိုရင်တောင် မနေပါဘူး.. မင်းတို့ ပဲနေခဲ့ကြ..

Anonymous said...

ဟုတ်ပါပြီ..ကိုပေါပြောသလို ထိုနိုင်ငံက သူခိုးလက်ခံပဲထားပါဗျာ၊ ကိုပေါဘာကြောင့် သူခိုးလက်ခံတိုင်းပြည်က မခွါနိုင်ဖြစ်နေရတာလဲ။ မြန်မာလူမျိုး မြန်မာပြည်မှာ နေပြီး ကိုယ့်အစိုးရမကောင်းဘူးပြောတာ လက်ခံနားလည်လို့ ရတယ်ဗျာ။ ကိုယ့်တိုင်းပြည် ကိုယ့်အကျိုးစီးပွါးကို ကာကွယ်တယ်ပေါ့။ အခုက သူများတိုင်းပြည်ကိုသွား အလုပ်လုပ်နေထိုင်နေရင်း မကောင်းတာ ရှာကြံ ပြောတာတော့ မဖြစ်သင့်ဘူးဗျာ။ သူ့တိုင်းပြည် အကျိုးအတွက်သူလုပ်တာပဲ။
မကောင်းမှန်းသိနေပြီဘဲ၊ သူ့အရိပ်ခိုနေဖို့
ဘာလိုသေးလဲ၊ သူခိုးလက်ခံကို ဘာအားကိုးနေတော့မလဲဗျာ။ ခင်ပွန်းကြီး၁၀ပါးကို မပြစ်မှားကောင်းဘူးနော်၊
ကိုယ့်ဘလော့ဂ်လူလာနည်းလို့ဘာမှဖြစ်မသွားဘူး၊ ကျေးဇူးရှင်ကိုပြစ်မှားရင်သာအပယ်ကျမှာ။ ကျွန်တော်စေတနာနဲ့ သတိပေးတာပါ။ နောင်ကို တခြားအကြောင်းပဲ ရေးပါဗျာ..ပျော်ပျော်ပါးပါးပေါ့။

pkw said...

To Annoy or Anony 8:06pm "အပြောအလုပ်မညီတာလည်း တကမ္ဘာလုံး အစိုးရတိုင်းပါ။ "
အေး ဟုတ်တယ် သူကိုလဲ ညီတယ်ထင်နေမှာစိုးလို့ ဟေ့
"ဟန်ဆောင်ပန်ဆောင်တော့ ပြောသေးတာပဲ။ "
ဟန်ဆောင်တာ ပိုေူကာက်စရာကောင်းတယ်ဆိုတာ မင်း သိဘို့ လိုသေးတယ်

Anonymous said...

ဗမာကြီး
I totally agree with you.Nobody forces us to come here and stay.This's our choice.If we don't like,we simply need to leave.(I'm not saying I like staying in this country. )Do not expose Burmese true attitude.That's why nobody is highly think of us.

ကိုတုတ် said...

မကေါင်းတာလုပ်ပီး မကေါင်းတဲ. အလုပ်တွေ နဲ.ကြီးပွားနေတဲ. လန်ဖါးတွေကတော. အမှန်ပြောလို.
အနာပေါ်ဒုတ်ကျ သလိုဘဲ ဆပ်ဆပ်ခါ နေမှဘဲ။ ။
အဲဒီလောက်ကေါင်တွေကြောင်. ကျူပ်တို.မြန်မာပြည် ဆင်းရဲတွင်း နက်နေတာဗျို.။။

ကိုတုတ်

မောင်မောင် said...

မှန်တာကို အမှန် တိုင်းပြောတာကို
တွေးကြောက်နေတဲ. မြန်မာတွေကိုတော.
ဟိုဟာဖြတ်ထားတဲ. ဥနပ်တွေ ဘ၀ နဲ. အတူတူဘဲလို. သတိပေး လိုက်ပါတယ်။
မှန်တာကို အမှန်အတိုင်းပြောရဲ တဲ.သတ္တိတွေ ရှိအောင် လုပ်ကြပါ။ခင်ဗျားတို. အမိမြန်မာပြည်ကြီး တကယ် နေကေါင်းစေချင်ရင်

Anonymous said...

သြော်..စကားမစပ် ကိုပေါရေ..ဒီ ကောက်ရိုးပုံ..အဲလေ..ယောင်လို့...ဒီ"သူခိုးလက်ခံ"က တယ်လဲ အစောင့်တွေများပါလား..ဟောင်..အဲ မှားပြန်ပြီ...ကြွက်ကြွက်ကို ညံလို့ ..

Anonymous said...

မထင်မှတ်ပဲမျိုးချစ်မြန်မာကိုလာလည်ခဲ့တယ်...ဗဟုသုတအနေနဲ့ သိခဲ့ပါတယ်..အဲဒိမှာသူများနိုင်ငံကိုယ့် နိုင်ငံဆိုတဲ့ငါဆွဲတွေနဲ့ ကိုယ့်လူမျိုးသားချင်းငြင်းခုန်နေမယ့်အစား.....ဒါတွေကိုမသိသေးတဲ့..မြန်မာချင်းချင်းရိုင်းပင်းကူညီပြီးတဆင့်စကားတဆင့်နားပြောကြားပေးကြပါလား..မျက်စိမပွင့်သေးတဲ့သူကိုဖွင့်ပေးကြပါလား..နိုင်ငံရေးဆိုတာကိုတိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်..ကိုယ့်လူမျိုးကိုယ့်နိုင်ငံကောင်းစားရေးအတွက်အကျိုးရှိမယ်ဆိုရင်..ဘယ်အလုပ်ကိုမဆိုလုပ်ခြင်းပါပဲ...နောင်ကြီးတို့ ပြောနေကြတဲ့..လား..စကားပြောနေတဲ့နိုင်ငံဟာ..သူတို့ အစိုးရကအဲလိုမှမလုပ်ရင်.ဘာသယံဇာတအရင်းမှမရှိတဲ့ဒီနိုင်ငံဟာ..သာမာန်ကမ္ဘာ့ မြေပေါ်ကကျွန်းလေးတစ်ခုတစ်ခုအဖြစ်ကနေတောင်ပျောက်ကွယ်သွားမှာစိုးရပါတယ်..ဒီတော့..အဲလိုလုပ်နေတဲ့ဟာကိုမသိသေးတဲ့သူတွေကိုအသိပေးကြပါ..ဘယ်မြန်မာမဆိုအချိန်တန်ရင်အိမ်ကိုပဲပြန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ..

ဖိုးကော်ချောင်း said...

ခြင်္သေ့ခေါင်းကို မိုးကြိုးပစ်ထားတဲ့ နိမိတ်ရှိတယ်ဗျို့

Anonymous said...

Any 4D number, pls.

Anonymous said...

9881

Anonymous said...

Ko paw !!!!
Welcome to Myanmar
You Can Go Back now.
Why do you work in singapore you can work Tay Za's Company. OK

Anonymous said...

Sadly, as far as I see the way the people ,who are defending from SG side eventhough the facts are true, is that they can only say the phrase " if you don't like, just go back ". Why don't they discuss well based on the facts and values if they disagree or agree? Are they that pathetic? Are they that myopic? It's a shame!

Anonymous said...

Sadly, as far as I see the way the people ,who are defending from SG side eventhough the facts ( the writter said in his post ) are true, is that they can only say the phrase " if you don't like, just go back ". Why don't they discuss well based on the facts and values if they disagree or agree? Are they that pathetic? Are they that myopic? It's a shame!

Anonymous said...

ပွဲဆူကုန်ပါ့လား. အချင်းချင်းတွေပဲဟာ. ညှိကြပါ. မလောကြပါနဲ့. ပျော်ပျော်ပါးပါးကြီးအုတ်မြစ်ချကြတာပေါ့

Anonymous said...

ပျော်ပျော် ပါးပါးကြီး အုတ်မြစ်ချ မရလဲ... ပျော်ပျော်ပါးပါးကြီး ပဲ ဝိုင်းအုပ်ကြရအောင်ဗျာ....

ပျော်လို့ပါ.....

Anonymous said...

ဆောရီး... ကျနော် လဲ အနောနီးမတ် ပါပဲ... ဆိုပေမယ့်
ဟိုအပေါ်က လူတွေ မဟုတ်ပါဘူး... :P

Unknown said...

hey nga paw,

why don't u talk abt switzeland?

u have very poor knowledge or u r a bloody fool?

im not defending Sg.. im telling u the truth.

i think ur mind is really something wrong..

Sg policy is for sg...
burmese r incapable, timid and lazy.. thats why junta r ruling them.. as simple as that..

go back to MM and give yourself to improve MM ppl.. thats the best thing u can do.. instead of talking so much with ur little brain..

btw u got such a little brain that every damn things coming out of ur mouth is useless..

got it?

my gmail is 99.zawzaw@gmail.com

u can add and we can talk..

Unknown said...

http://luthit.myanmarbloggers.org/2009/09/blog-post_18.html

KKL said...

To Zaw Zaw,

လဒူကောင်ဇော်ဇော်.. မင်းဒီလိုပြောရအောင် မင်းက ဘာလူမျိုးလဲ.. ကုလားစုတ်လား.. မင်းဗမာကို ဝေဖန်ထားက မင်းလိုကောင်အတွက်ပဲ မှန်လိုက်မယ်..

Quote:
burmese r incapable, timid and lazy.. thats why junta r ruling them.. as simple as that..

Unknown said...

har har..

u see.. when the truth hit u.. u feel hurt deep inside.. :D

try to understand what i said.. try to read more books.. try to broaden ur horizon... try to read english book

ကိုပေါ said...

Zaw Zaw ဆိုသူသို့....

ဆွစ်ဇာလန်ဟာ တချိန်က Tax Heaven ဖြစ်ခဲ့တာမှန်ပါတယ်။ အခု ဆွစ်ဇ်မှာ ရှိတဲ့ ဘဏ်တွေကို အမေရိကန်နဲ့ အီးယူက ဖိအားပေးတဲ့အတွက် ထင်သာမြင်သာရှိတဲ့ ဖွင့်ချမှုတွေ လုပ်လာရပါပြီ။ အဲဒီအတွက် အရင် ဆွစ်ဇ်ဘဏ်တွေမှာ သိုဝှက်ထားခဲ့တဲ့ ဖောက်သည်တွေဟာ စင်္ကာပူဖက်ကို အလုံးအရင်းနဲ့ ပြိုဆင်းလာကြပါတယ်။ စင်္ကာပူဖက်က အဲဒီ အခွန်ရှောင်သူ ဖောက်သည်တွေကို လက်ခံနိုင်ဘို့အတွက် သူတို့ရဲ့ ဘဏ်ဥပဒေကို ပြင်ဆင်ထားခဲ့ပါတယ်။ ဒီအတွက် အခုဆိုရင် စင်္ကာပူနဲ့အခြား အာရှက Tax Heaven တွေကို အမေရိကန်အစိုးရနဲ့ အီးယူအစိုးရတွေက ပိုမိုအာရုံထားလာကြတယ်။

ကျနော့်အတွက်ကတော့ စစ်အစိုးရနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ စင်္ကာပူအစိုးရရဲ့ ပေါ်လစီအပေါ်ပဲ စိတ်ဝင်စားတယ်။ နအဖအနေနဲ့ အနားကို သီတောင် သီခွင့်မရတဲ့ ဆွစ်ဇာလန်ကို စိတ်မ၀င်စားဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ထဲကတည်းက ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ သုံးသပ်ချက်တွေ ပလူပျံနေတယ်။ အဲဒါတွေကို မိတ်ဆွေ မျက်စိမှောက်နေဟန်ရှိတယ်။

မိတ်ဆွေအနေနဲ့ ဒီအကြောင်းတွေကို သိလိုလျှင် အင်တာနက်မှာ နောက်ဆုံးအခြေအနေတွေကို ရှာပြီး ဖတ်ရှုကြည့်လိုက်ပါဦး။ အခု အလွယ်တွေ့တဲ့ လင့်ခ် တခုကို ဥပမာအနေနဲ့ ပေးလိုက်ပါတယ်။

http://network.nationalpost.com/np/blogs/francis/archive/2009/08/21/dirty-money-sloshes-to-singapore-from-switzerland.aspx

အင်္ဂလိပ်စာအုပ်တွေ များများဖတ်သူတယောက်ဆီက အဆင့်အတန်းရှိတဲ့ အင်္ဂလိပ်စာ အရေးအသားကိုတော့ မျှော်လင့်ပါရစေ။

Anonymous said...

Dear all,
Pls neglect Zaw Zaw and just forgive him. He may be just "ဘဝင်ရူး". အဟိဟိ။

Wai said...
This comment has been removed by the author.
ကိုပေါ said...

အမှားပြင်ဆင်ချက်...... Tax haven ဟု ပြင်ဆင်ဖတ်ရှုပါရန်။

Anonymous said...

ကိုပေါရေ ခင်ဗျား english လိုရေးတဲ့ သံရုံးကို taxi နဲ့ သွား တဲ့ post ကို လဲ ဖတ်ဖူး ပါ တယ် လုံး ဝ မ ကောင်းပါ ကျုပ်ကိုလဲမရေးခိုင်းပါနဲ့ ကျုပ်လဲမတတ်ပါ ဒါပေမဲ့ ခင်ဗျားလိုmasterရေးတဲ့ englishချာတာကိုတော့ အံ့ဩမိပါတယ်းP

Anonymous said...

ကိုပေါပြောတာ ဟုတ်တယ်
အာဏာရှင် စစ်စစ်နိုင်ငံတွေအပြင် ဒီမိုကရေစီ နာမည်ခံထားတဲ့ အာဏာရှင်တွေ အများကြီးပဲ။ ချေဂွေငပေါ ဆိုပြီး တစ်နိုင်ငံချင်း လိုက်တော်လှန်ပြစ်။ မြန်မာပြီးရင် မြောက်ကိုရီးယား အီရန် အမေရိကန် ရုရှ တရုတ် စင်္ကာပူ စသည်ဖြင့် တခုချင်း လိုက်တော်လှန်ပြစ်။ မတရားတာကို လုံးလုံး လက်မခံတဲ့ ချီဂွေငပေါကို အလေးနီပြုပါတယ်။

ZawZaw's Friend said...

ကျေးဇူးပြုပြီး ZawZaw လေးကို ဗွေမယူကြပါနဲ့ ဗျာ။ သူခမျာ ကိုယ်တိုင်ကလဲ အဖြစ်မရှိ၊ မွေးရာပါ ဂုန်းတိုက်တတ်တဲ့ ဝါသနာလေးနဲ့ ဦးနှောက်ချောင်နေ သူလေးပါ။ သနားစရာလေးပါဗျာ။ ခွင့်လွတ်ကြပါ။ ကိုယ်ချင်းစာ နားလည် ပေးလိုက်ကြပါဗျာ။ ကျွန်တော်တို့ လဲ ဒီလိုပဲ မသိချင်ယောင်ဆောင် လွတ်ပေးထားတာ ကြာပါပြီ။

ကျှောထင် said...

အပှေါကတစ်ယောက်က ဘယ်လိုကြီးပါလိမ့်။ သူကိုယ်တိုင်တော့ မတတ်ဘူး သူများရေးတာတော့ ကောင်းတယ်မကောင်းဘူး နားလည်သတဲ့ ဟေးဟေး။ မတတ်တဲ့သူ မတတ်သလိုနေ.. တတ်တဲ့သူကတွေက လက်ခံလို့ သူတို့ပါတီဝက်ဆိုက်မှာတောင်တင်ထားပေးတယ်။
Ko Paw, sometimes I feel we might be farming on a barren field.
And one more thing, as there are many people who can keep their eyes off from injustice things happening in home lands, there are as many people who would like to defend for the dirty business engaged in SG.

Anonymous said...

websiteမှာတင်ပေးတယ်ဆိုတာကသူတို့ကိုထောက်ခံလို့ပါ စာပဲဖတ်တတ်ပြီးဆောင်းပါးတို့ပါတို့သူများဖက်ကောင်းအောင်မရေးတက်တဲ့လူတွေတပုံကြီးပါ ခင်ဗျားဆရာကိုပေါက grammarမှန်အောင်ကြိုးစားပြီးရေးထားတာကလွဲလို့သုံးလို့မရတာကတော့ အမှန်ပါပဲ

Anonymous said...

ကျာ်ထင်ရေ ခင်ဗျားဆရာကိုပေါက လူကြီးလူကောင်းမဆန်ဘူးဗျ သူများရေးတဲ့englishစာကိုအဆင့်အတန်းမရှိဘူးလေးဘာလေးနဲ့ဗျာ့ သူလဲကောင်းကောင်းမတတ်ဘူး

KNL said...

To Anonymous
September 21, 2009 10:06 AM

ဟား.. ဟား.. Mr Zaw Zaw.
ကိုပေါက အဆင့်အတန်းရှိတဲ့ အင်္ဂလိပ်စာလေး ဖတ်ချင်ပါတယ်ပြောတာနဲ့ .. နာမည်တောင် Anonymous ပြန်ဖြစ်သွားတယ်.. မရှက်ပါနဲ့  ဆက်ရေးပါကွာ.. ပုဆိုးချုံတဲ့က လက်သီးပြတာ မကောင်းပါဘူး.. သူကောင်းကောင်းမတတ်ပုံလေး ခင်ဗျားပဲရှင်းပြပေးပါဦး.. ဘယ်နေရာတွေမှာ မှားနေတယ်.. ဘယ်လိုဖြစ်သင့်တယ် စသည်ဖြင့်ပေါ့.. ခင်ဗျားဆီကလေ့လာချင်လို့ ပါ...

Anonymous said...

လေသံကိုကငပေါလေသံနဲ့ငပေါအောက်ဆွဲမှန်းသိသာတယ် မင်းကိုရှင်းပြတော့လဲမင်း ကနားလည်မှာလား knl ရဲ့

KNL said...

မရှက်ပါနဲ့ ကွာ.. မတတ်ရင်မတတ်ဘူးပေါ့..

ဘာလဲ.. ငပေါအောက်ဆွဲဆိုတာ ဘာလဲ မင်းလက်ရှိအလုပ်လား..

Anonymous said...

ဟားဟား knl မင်းလိုသံယောင်လိုက် ဆိုင်းနောက်ထ တွေနဲ့စကားဖက်ပြောမိတာကိုကငါ့အမှားငပေါဘာပြောပြော ဦးနောက်မရှိထောက်ခံနေတဲ့တဲ့ကောင်တွေ

Pro KNL said...

Quote:
"ဟားဟား knl မင်းလိုသံယောင်လိုက် ဆိုင်းနောက်ထ တွေနဲ့စကားဖက်ပြောမိတာကိုကငါ့အမှားငပေါဘာပြောပြော ဦးနောက်မရှိထောက်ခံနေတဲ့တဲ့ကောင်တွေ"

ကိုပေါဘာများပြောနေပါလိမ့်လို့ မစ္ဆရိယ စိတ်ပွားပြီး လာလာချောင်းနေရတဲ့ မင်းမလဲ တဒုက္ခ
ဦးနှောက်ရှိတဲ့သူတွေမို့လို့ သူများကိုမကောင်းဘူး မတတ်ဘူးပြောတဲ့သူကို.. ဘယ်နေရာဘယ်လိုမကောင်းသလဲ မတတ်သလဲ ထောက်ပြပါလား မေးနေတာပေါ့ ငတုံးရဲ့

Anonymous said...

မင်းတို့လိုငတုံးလေးတွေ ကျီးဘုတ်မြောက်ဘုတ်ကျီးမြောက်လုပ်တာကို အဟုတ်ကြီးထင်နေတာကိုကြည့်မရလို့ကွ

Pro KNL said...

ကြည့်မရရင် မကြည့်နဲ့ပေါ့ဟ။ မင်းဟာက ချောင်းကလဲချောင်းကြည့်သေး မတော်တရော်လုပ်ပြနေပါတယ်လို့ စွပ်စွဲတဲ့ အပျိုကြီးလိုပဲ..:P

Anonymous said...

မင်းတို့ဆရာကိုပေါဘာမကောင်းလဲလို့ပြောရရင်တော့ မင်းတို့လိုမသိနားမလည်တဲ့ကောင်တွေသူ့စာတွေဖတ်ပြီးစလုံးအစိုးရကိုရန်သူထင်ပြီးလျှောက်လုပ်ရင်ပြသနာတက်မှာဆိုးလို့ကွ စေတနာပါး)

Pro KNL said...

မပူနဲ့ ငါ့ကောင်။ မင်းထင်သလို ငါက စလုံးမှာနေတာမဟုတ်ဘူး။ မင်းထင်သလိုလဲ ဘယ်သူမှ မိုက်ရူးရဲဆန်ပီး စလုံးအစိုးရ နားရွက် တံတွေးသွားမဆွတ်ဘူး ။ နိုင်ဂံဒေါ်ဂျီးရဲ့ စေတနာတွေနဲ့တူတဲ့ မင်းရဲ့စေတနာစကားလုံးဖုံးထားတဲ့ မစ္ဆရိယ စိတ်တွေအတွက်ပဲမင်းကိုသနားတယ်... တနေကုန် ထပ်လာချောင်းနေအုံး.. ငါအမြဲရှိနေတယ်

Anonymous said...

မင်းတို့ဆရာငပေါကြီးကို မနာလိုမရှိပါဘူးကွာ သူကငပေါကြီးပဲ ဒီလိုလာတယ်ဆိုတာကလဲမင်းတို့လိုမအူမလယ်လေးတွေကိုဆုံးမမလို့ မရတော့လဲမင်းတို့ကံပေါ့ကွာ သွားပြီဟေ့ကောင်

ပရို ကေအန်အယ်လ် said...

:P လောလောဆယ် ကိုပေါကို အရှေ့က ဆရာတပ်ခေါ်နေတာ မင်းပဲ ငါတို့မဟုတ်ဘူး ... ဟားဟား။ လုပ်စမ်းပါအုံး မအူမလည်လေးတွေကို ဆုံးမချင်တယ်ဆိုတဲ့ အူလည်လည်ကြီးရဲ့... အလိုလေး ဆုံမချင်လို့တဲ့ .. :P သိပ်ကလေးကလားဆန်တာပဲကွယ်

ှဗမာ့သွေး said...

အေးအေးဆေးဆေးဆွေနွေး ကြပါခင်ဗျာ။
လူမျိုးကို မစော်ကားကြပါနဲ့ 
Anonymous လည်းသင့်စကားလုံး အသုံးလေးတွေသတိထားသင့်ပါတယ်။
တကယ်တော့ အကြောင်းအမျိုးမျိုးကြောင့် သူများနေရာမှာ နေကြရတာပါ။
ဖတ်၍ကျေနပ်နပ်မနပ်နပ် ပြသနာမရှာပါနဲ့ လို့ တောင်းပန်ပါတယ်။

Anonymous said...

Hee Hee,now,I know who wrote as

Anonymous September 18, 2009 11:11 AM
is Maung Aung Myoe...
Because of fire from ***... he thoughts as Singapore as his enemy.

Unknown said...

hey fucker KNL,

bear in mind.. i don't write in burmese..

u idiot has no brain..

nga paw has no brain... and he only knows how to accuse other of poor english..

that funny..

i still remember how he behave when i first came here to write comments as anonymous.. he acts as a king.. trying to degrade others saying anonymous r not worthy to engage in a dialogue.. its his democratic mind set... ya? funny isn't?

nga paw is now arguing sg is not good because singapore gov is not taking care of its citizens.. instead gov has given same privilege to foreigners..

so he promote opposition ideas.. they are asking for more privilege to citizens - jobs, housing, education and health-care..

do u think this policy of sg policy is making u burmese, who r foreigners, disadvantagous?

do u think policy of opposition who r promoting xenophobia (do u know what it is?) and different treatment to foreigners, like u, will do something better for u?

bear in mind.. u all r foreigners.. and any gov who treat, at least in a same level, is better for u...

u got to have a brain to differentiate right from wrong..

nga paw is behaving like a injured animal.. he is injured by the experiences when he was in burma.. so he will trying to attack everybody without differentiating friends or foes.. (do he has a brain to do that?)

ill only say that now..

try to have a brain..

my email is 99.zawzaw@gmail.com.. all r welcome..

Unknown said...

nga paw..

u said, "ဆွစ်ဇာလန်ဟာ တချိန်က Tax Heaven ဖြစ်ခဲ့တာမှန်ပါတယ်။"

r u saying now its not a tax haven?

:D

u believe junta has no money in ubs?

wat a funny brainless guy....

u r so funnyyyyy.... :DDDD

Unknown said...

sg gov is not good... nvr take care of its own citizens...

only take care pp like me.. pr... foreigner..

sg gov not good.. u should not come here.

anyway i;ll buy hdb from sg gov and send my gal to public school in sg.. coz i got them cheap.. same as citizens... but sg gov not good... u all should not come here.

citizens need to do ns 2 yrs... i don't need to do.. sg gov not.. good.. u all should not come here.

anyway i'll keep my hdb and send my gal to public school... sg gov not good... u all should not come here..

u all should not come here.. sg gov not good.. nvr take care of its own citizens..

u all should go to m'sia, thailand to become a plantation workers..

or go to US to become refugee..

but i'll stay here in sg... sacrificing myslf.. for the ppl of sg... as a pr.. coz sg gov nvr take care of its citizens.. i can buy hdb cheap and i can send my gal to public school..

ill sacrifice mysef in sg.. fight for sg citizens.. coz sg gov nvr take of its citizens..

i'll fight for the opposition.. who promise to take care of citizens.. when opposition got power..

and i;ll become SG citizen.. ill sacrifice myself in sg..

u all become plantation workers or refugees.

i'll sacrifice myelf here in sg.. buying hdb and sending my gal to public school..

Unknown said...
This comment has been removed by the author.
Unknown said...

hdb = subsidized public housing in SG

Anonymous said...

What a stupid moron is spamming the nonsense here like watch-dog for hay-pile.

KNL said...

To Zaw Zaw,
You are writing in so called standard English? Can this type of English be called standard English? You even do not know English Grammer well. Read your message properly and find your errors. If you cant find, only you are idiot.

Anyway, your words likd "hey f**ker KNL,
shows you and your family's standard.

Do you think that xenophobia is big word? It may be only for you. Do you know any other related words like hydrophobia, genophobia, pediophobia? Your step-father, Than Shwe is good example for man of xenophobia.
You asked others to write in English, is it just because you can not learn how to type in Burmese, right? SOOOOOOOO STUPID!!! TRY HARDER

Anonymous said...

မဟာပညာကျော်ကြီးတွေ သတိထားကြရင် ကောင်းမယ်ထင်လို့ပါ...
မြန်မာလိုရေးထားတာကိုဖတ်ပြီး ဝေဖန်ချင်ရင် မြန်မာလိုပဲရေးကြရင် ကောင်းမယ်ထင်တယ်..
တော်ကြာ အင်္ဂလိပ်လိုတတ်တဲ့လူတွေ မတော်တဆ
ဖတ်မိသွားရင် ရှက်စရာများ ကောင်းနေမလားလို့..
ကွယ်ရာမှာ ကျိတ်ရယ်နေကြအုန်းမယ်...
စင်္ကာပူမှာ အလုပ်လာလုပ်ကြတဲ့လူတွေ မူးပြီးရန်ဖြစ်ကြတာ အကျိုးအပဲ့တွေနဲ့ ကိုယ့်လူမျိုး အချင်းချင်းဆော်နေကြတယ်ဆိုပြီး.....

မောင်ရေချမ်း said...

အကြောင်းအရာ ပေါ်မှာ မတူညီတဲ့ အမြင်တွေ ကို Debate လုပ်တာဟာ Democratic ကျလို့ ကောင်းပါတယ်။ ဒါပေမဲ့ အကြောင်းအရာ ကနေ သွေဖယ်ပြီး ရန်ဖြစ် စကားများ ကြတာတော့ မကောင်းပါဘူး။ အမြင်မတူ ကြပေမဲ့ တဦးနဲ့တဦး လေးစားမှုတော့ ရှိကြရမယ်။ ဒါမှ တိုးတက်တဲ့ နိုင်ငံတော်သစ် ဆီသို့အတူ ချီတက်နိုင်ကြမှာပေါ့။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs