“မကြွားလိုပါ”

Share |


ဇာတ်သဘင်လောကကို
အစဉ်လို ကျောခိုင်းပြီးတဲ့ နောက်ပိုင်းမှာ….
ကျုပ်ဟာ မင်းသားကြီးဖြစ်ခဲ့ဖူးတယ် ဆိုတဲ့အကြောင်း
ပြန်ပြောင်းပြီး ဂုဏ်မဖော်ခဲ့ဘူးဆိုတာ
လူတကာကို ကျုပ်
အဟုတ်ပဲ ရှင်းပြနေပါတယ်လေ.....

ပုံ…. မင်းသားကြီးဖြစ်ခဲ့ဖူးကြောင်းကို မကြွားဝါလိုသူ လီယိုနာဒို ဒါ ကိုပေါ။

10 comments:

ခင်မင်းဇော် said...

အဲဒီတုန်းက စင်ပေါ်ကို ပြောင်းဖူးရိုးနဲ့ ပစ်ခဲ့သူဟာ ကိုယ်ပါလို့လဲ ကျမ ဘယ်သူ့ကိုမှ မပြောတော့ပါဘူး ကိုပေါရေ...

ကိုပေါ said...

>>>မခင်မင်းဇော်….. အံမယ်လေး….
လုပ်ရက်ပေ့ အစ်မရာ…ကြေမွ…..
အမြဲတသ မီးဖုတ်စားတယ်….
တဖူးတည်းသော ပြောင်းသစ္စာ…း-)
(မှတ်ချက်။……..။ ၀င်းဦး အသံဖြင့် သီဆိုရန်)

Nay Nay Naing said...

ဒီပိုစ့်ဖတ်ပြီးZaw Win Htut ရဲ့ ခေတ်ဟောင်းမင်းသားကြီး ဆိုတဲ့ သီချင်းကို သတိရသွားတယ်..

ဘာမှတော့ မဆိုင်ဘူးထင်တယ်.. :D

Ko Boyz said...

သုမောင်ကတော့ ခအောင်း မင်းသားကြီးလို့တော့ ပြောခဲ့တာပဲ...။
ခအောင်း ကိုပေါပေါ့ဗျာ...။

Rita said...

ဆုတော်ငွေ လာပေးတာပါ။ လက်ငင်းတော့ မဟုတ်ဘူး။ အကြွေးနဲ့။ မှတ်ထားနော်။

ကိုပေါ said...

>>>Nay Nay Naing…. ဘာလဲ…. ခေတ်ဟောင်းမင်းသားကြီး ခင်မောင်ရင်တို့လို ခန့်ချောကြီးနဲ့ ကြည့်ကောင်းတယ်လို့ ဆိုလိုချင်တာလား….း-)

>>> Ko Boyz …. ဘာကြီးလဲ ခအောင်းဆိုတာ။ ခပေါင်း တို့၊ ဒူးယား တို့တော့ ဖွာ ဖူးတယ်။

>>>Rita…. အားပါးပါး….အကြွေးတော့ မလုပ်နဲ့လေ။

ကျနော့်မင်္ဂလာဆောင်တုန်းက “ဟေ့ကောင်၊ ငါနေသိပ်မကောင်းလို့ လက်ဖွဲ့ မ၀ယ်ခဲ့ရဘူးကွာ။ နောက်ကြုံတော့မှ လာတောင်းလှည့်” ဆိုတဲ့ စာလေးကို စာအိတ်ထဲ တကူးတကထည့်ပြီး လက်ဖွဲ့သွားတဲ့ မိတ်ဆွေတယောက်ကို သတိရမိသေးတော့တယ်။

တကယ်ဆို မခင်မင်းဇော်လို ပြောင်းဖူးရိုးထဲမှာ ရွှေဒင်္ဂါးထည့်ပြီး ပစ်ပေးရင်လည်း လက်ခံပါတယ်ဗျာ….။

Anonymous said...

ကိုပေါအနော်လဲ ဆုတော်ငွေလာပေးပါတယ် Visa Card နဲ့ပါ :D


ကေကေ

Anonymous said...

I oso put my credit card as a prize for you Ko Paw...

But have more than $20000 debt balance ..

dun't worri, easy for u mah? ^^

Thargyi(Gyobingauk) said...

အင်း... အင်း...
ကျွန်တော်ဆိုလဲ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာ ကိုပြောပြဘူး....

Bino said...

ဂုဏ်မဖော်ခဲ့ဘူးဆိုတာ
လူတကာကို ကျုပ်
အဟုတ်ပဲ ရှင်းပြနေပါတယ်လေ.

That is a nice profile.

intentionally announced .
unintentionally announced.
He knows himself.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs