“ဧည့်သည်လေး”

Share |


ဒီအကြွတွင်
မျောကာတင်
သောင်ပြင်ဖွေးဖွေး
ပတ်ကာပြေး
ရီးလေလေ့… ရီးလေလေး။

ဒီပြန်ကျလျှင်
လတာပြင်
နုန်းတင်ရေဝေး
ကူးခဲ့သေး
ရီးလေလေ့… ရီးလေလေး။

သဲသာသောင်ကမ်း
ဓနိတန်း
ဂဏန်းငယ်ထွေး
မှားကာတွေး

ရီးလေလေ့… ရီးလေလေး။

9 comments:

Ko Boyz said...

အော်.. ခရုကောင်တွေ ကြယ်ငါးအကြောင်းတွေ ရေးတာကိုး...။
တစ်ကောင်လောက် ကောက်ပြီး ပင်လယ်ထဲ ပစ်လိုက်ပါ။ အကျိုးထူးပါတယ်.။ :D

Nay Nay Naing said...

ခရုတွေ၊ ဂဏန်းတွေဆို ပြုတ်စား၊ ဟင်းချက်စားလိုက်ရင်.. ပိုကောင်းသွားမလား.. ကယ်ဆယ်ရာရောက်ပါတယ်..

Kaung Kin Ko said...

ရီးလေလေ့… ရီးလေလေး :D

ခင်မင်းဇော် said...

ယောင်ယမ်းမှန်းဆ အရင်ဘဝ
ပြောကာ သာပဲ ပျော်တယ်ဟ
ဂဏန်းငယ်ထွေး မှားကာတွေး
ရီးလေလေ့ ရီးလေလေး

ကိုပေါ said...

>>>>ko Boyz ….. ပျက်ပါပြီ။ ဘယ်က ခရုအကြောင်းရေးရမှာလဲ။ ရေသူမအကြောင်းရေးထားတာ….း-)

>>>>Nay Nay Naing ….. မှန်တယ်။ သော်တာဆွေစကားနဲ့ ပြောရရင် “သတ္တ၀ါ လူချွတ်မှ ကျွတ်တာ”…. တဲ့။

>>>> ကောင်းကင်ကို ….. ဆရာစွမ်းရဲ့ အနီနဲ့အပြာ ကဗျာများထဲက “ထင်းဆယ်ကြသူများ”ကဗျာကို သတိရမိပြီး နောက်ကနေ ရီးလေလေး ထည့်ကြည့်တာပါဗျာ။း-)

>>>>ခင်မင်းဇော်….. ကွက်တိပါပဲ ဦးဂွမ်တီရယ်။ တွေးပုံက တော်တော်နီးစပ်တယ်။ အမှန်ကတော့ “ဒီရေအမြင့်၊ လှိုင်းအပင့်တွင်၊ အမြင့်ကိုရောက်၊ ဘ၀င်မြောက်လည်း၊ လှိုင်းပျောက်ဒီကျ၊ နုန်းပေါ်ခသော်၊ ရင်ကလှိုက်ဖို၊ ကြောက်စိတ်ပို၍၊ နားခိုစရာ၊ အခွံရှာသည်၊ လတာပြင်က ၀င်ကစွပ်များ” အကြောင်းကို ရေးတာပါ။

Bino said...

a very nice poem.
It seen to be opened mean.
For me,
It want to say about "living individual".

Heading is a visitor.
We come.
We stay in struggle world.
We gone.
Bino

pandora said...

နည်းနည်းလေးပဲ အနော်သိဖူးသလောက်

သဲသောင်ပြင်ဖွေးဖွေးက ပင်လယ်ကမ်းမှာ..

ဓနိတန်းနဲ့ ညိုညိုညစ်ညစ် လတာရွှံ့နွံ နုန်းတင်နေတာက ချောင်းစပ်စပ်မှာ...

ဒီရေကျချိန်မှာ အကောင်ကလေးက ပင်လယ်ကနေ ချောင်းထဲ ပြန်ရောက်သွားရင်တော့ မပြောတတ်ဘူး



(လာရောက် လျှာရှည်သွားတယ်ဗျာ..)

ကိုပေါ said...

>>>Bino….. ကွန်မင့်အတွက် ကျေးဇူးတင်ပါတယ်။

>>>ပန်ဒိုရာ….. အဲဂလိုလား။ မှားပြီပေါ့။ သိဘူးလေဗျာ…အဟီး။ အနော်က အညာသားကိုး။

ပူလာအူဘင်သွားတုန်းက တွေ့ခဲ့တဲ့ ၀င်ကစွပ်ကလေးတွေ၊ ဓနိပင်တွေ၊ သဲသောင်ပြင်(ခပ်သေးသေး)တွေနဲ့ ဒီအကျမှာ မြင်ခဲ့ရတဲ့ နုန်းပြင်ကျယ်ကို အောက်မေ့သတိရပြီး ရေးလိုက်တာပါ။

ပန်ဒိုတာပြောတာဖြစ်နိုင်ပါတယ်။ လူသွားလမ်းတံတားအတိုင်းလျှောက်သွားမယ်ဆိုရင် ဓနိတန်းက သဲသောင်ပြင်နောက်ဖက်က ဒီရေလွှမ်းတဲ့ ချောင်းစွယ်လေးတလျှောက်မှာ ပေါက်နေတာကိုး။း-)

Bino said...

Happy new year to you.
Bino

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs