ဒီခေတ်ကြီးထဲမှာ… မိုင်ရာထောင်ချီခရီးကို လေယာဉ်ပျံစီးနင်း နာရီပိုင်းအတွင်း လက်ငင်းရောက်နိုင်ပေမယ့် ရွှေနိုင်ငံမှာတော့ ၇ မိုင်ခရီးကို လှည်းစီးပြီး သွားနေကြရတာလည်း ရှိလေရဲ့။
ဒီခေတ်ကြီးထဲမှာ…. အထပ်တရာ တိမ်လွှာဝေ့၀ိုက် မိုးပျံတိုက်ကို ရှိုးဂိုက်မပျက်
ဓါတ်လှေကားနဲ့ ကြော့ကြော့လေးတက်နိုင်ပေမယ့် ရွှေနိုင်ငံမှာတော့ ရှစ်လွှာကိုရောက်ဘို့အရေး ချွေးပြိုက်ယိုစီး ပင်ပန်းကြီးစွာ လျှာထွက်မတတ် လေ့ကျင့်ခန်းအမှတ်နဲ့ နေ့စဉ်တက်ကြရတဲ့ ဘ၀တွေလည်း ရှိတယ်။
ဒီခေတ်ကြီးထဲမှာ…. ပပ၀တီ၊ စိတ်မကြည်အောင်၊ ခုနစ်ဆောင်တိုက်ခန်း မြင်သူကန်းမတတ် လျှပ်စစ်မီးတွေ ထိန်ထိန်ညီးလှပေမယ့် ရွှေပြည်ကြီးမှာတော့ မှောင်နဲ့မဲမဲ၊ ကိုယ့်မယားကိုယ်တောင် လူလုံးမသဲကွဲတဲ့ အလင်းရောင်မွဲမွဲ တိုက်ခန်းထဲမှာ ပူလည်းပူအိုက် ချွေးတပြိုက်ပြိုက်နဲ့ ဖယောင်းတိုင်စိုက်ပြီး ဓါတ်လိုက်သေမှာ ပူစရာအကြောင်းမရှိတဲ့ ဂူအောင်းလူသားလိုဘ၀တွေလည်း ရှိတယ်။
ဒီခေတ်ကြီးထဲမှာ…..စူဇကာပုဏ္ဏားတောင်၊ ယူကာအကုန်မစားနိုင်လောက်အောင် ကြောက်ခမန်းလိလိ စားဖွယ်သောက်ခင်း အလျှံပယ်ပေါများဘိသနဲ့… ဗိုက်မပြည့်မချင်း အသားကုန်နင်းပြီး ယူလွေးနိုင်တဲ့ ဘူဖေးဆိုင်တွေမှာ ကြက်ပျံမကျ အားပေးနိုင်ကြသလို မြန်မာဆိုတဲ့ ရွှေပြည်တော်မှာတော့ မနက်စာနဲ့ညစာကိုပေါင်း အချိန်တော်တော်များများမှာ ဗိုက်ဟောင်းလောင်းနဲ့ နေကြရတဲ့ ဘ၀တွေလည်း ရှိတယ်။
ဒီခေတ်ကြီးထဲမှာ…..ကလေးတွေ ဘာကိုသိချင်လဲ၊ လိုအပ်တဲ့ အချက်အလက်ကို ကလစ်တချက်ခေါက်ရုံနဲ့ လျှပ်တပြက်အတွင်း ချက်ချင်းသိနိုင်ကြပေမယ့် ရွှေပြည်ကြီးမှာတော့ ကျောင်းသုံးစာအုပ်ဆိုတာ ရွှေထက်ရှားလွန်းလို့ များပြားလှတဲ့ ကျောင်းသားတသိုက်အလယ် မဲနှိုက်ပြီး ၀ယ်ယူနေကြရတဲ့ ဘ၀တွေလည်း ရှိတယ်။
ဒီခေတ်ကြီးထဲမှာ….တွေးမိရာတွေး၊ လွတ်လပ်စွာရေး လွတ်လပ်စွာဆွေးနွေးနိုင်ကြပေမယ့် အီးမေးလ်တစောင်လက်ဝယ်တွေ့မှုနဲ့ ထောင်အနှစ် ၂၀ ကျခံရတဲ့ တိုင်းပြည်မျိုးလည်းရှိရဲ့။
ခေတ်တခုထဲမှာ စည်းခွဲခြားထားသလို ပြတ်ပြတ်သားသား ကွဲပြားနေတဲ့ ဘုံဘ၀နှစ်ခု။ တဖက်မှာတော့ သုခဘုံသားတွေ…. ဆင်းရဲအကြောင်း ကောင်းကောင်းမသိ…ပျော်ဘွယ်အတိ။ နောက်တဖက်မှာတော့ ဒုက္ခဘုံသားတွေ…ချမ်းသာအကြောင်း ကောင်းကောင်းမသိ…. ဒုက္ခအတိ။
ဘုံနှစ်ခုအကြား…
ကားယားခွနေမိတဲ့ငါ….
ဟိုမရောက်…ဒီမရောက်နဲ့
မျောက်သစ်ကိုင်းလွတ်သလို….။

13 comments:
ဘုံနှစ်ခုအကြား…
ကားယားခွနေမိတဲ့ငါ….
ဟိုမရောက်…ဒီမရောက်နဲ့
မျောက်သစ်ကိုင်းလွတ်သလို….။
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘုံနှစ်ခုကြား
ကားယားခွတော့
တခြမ်းကပူ
တခြမ်းကအေးပေါ့…..ဟိဟိ။
Very nice post.
သစ်ကိုင်းလွတ်နေတဲ့ မျောက်အဖော်တွေ ရှိပါသေးတယ်လေ....
ရေးသားပုံ တယ်မိုက်ပါလား။ သဘောကျတယ် ကိုပေါရေ။
တခြမ်းပူ တခြမ်းအေးဆိုရင် လေဖြတ်မှာတော့ သတိထား။
u r dead right!
無名
သွပ်သွပ်...
ကျုပ်ပါအပေါ်ကလူတွေနဲ့ရောပြီးမျောက်ဖြစ်တော့မလိုဖြစ်သွားတာ..တော်သေးတယ်သတိကပ်ပေလို့..ဟိဟိ..
ကေကေ..... သက်ပြင်းရှည်ကြီးလားကွဲ့။
ဟိဟိ...... ဟို ရုပ်ရှင်ဇာတ်ကားအမည်လိုပေါ့။ “မျက်နှာတခြမ်းက အိုးမဲနဲ့” လေ။း-)
သိန်းထိုက်..... ကွန်မင့်လေးကလည်း နာမည်နဲ့လိုက်အောင် အဖိုးထိုက်တန်ပါပေ့ကွယ်....ဟိ။
ဆင်ဒဏ်လား..... သစ်ကိုင်းလွတ်သော် မျောက်အဖော်တို့ ဟစ်အော်ပူဆွေး မငိုကြွေးလင့်။ သစ်ကိုင်းလွတ်လည်း ချွတ်ကနဲတမျှ ခြုံပေါ်ကျလျှင် ချွတ်ခြုံကျခြင်း ကြုံပေအံ့။
ပန်ဒိုရာ..... လေဖြတ်လို့ မလှုပ်နိုင်ရင်တော့ သူနာပြုမငှားဘဲ... ကရိန်းအရင် ငှားရကိန်းရှိတယ်။
အမည်မသိ..... အမှန်တွေကို ပြောတာဘဲလေ။ မှန်ရမှာပေါ့။
ကိုရွှေအောင်..... ဘယ့်နှယ် လူတွေနဲ့ ရောမှတော့ မျောက်ဖြစ်ပါတော့မလား။ လူဘဲ ဖြစ်မှာပေါ့.....ကွိကွိ
ဒီတစ်ခါတော.ကိုပေါကကောင်းကင်ကိုရဲ.အစ်ကိုဖြစ်သွားပြီဗျာ
ကိုပေါရေ.. ငြိမ်းတို့အားလုံး မျောက်တွေပေါ့နော်။ မျောက်အဖော်တွေ အများကြီးပဲ။ ပြည်ပရောက်မြန်မာနိုင်ငံ မျောက်များပေါ့..ဟိဟိဟိ..
ဒါဖတ်ပြီးတော့အဖေ့ကိုသတိရတယ်။အိမ်ပြန်ချင်တဲ့ငါ့ကိုအဖေကနတ်ပြည်မှာနေရနေရက်နဲ့ဘာလို့ငရဲပြည်ပြန်လာချင်တာလဲတဲ့။ကိုပေါပြောသလိုကားယားကြီး။ဒါလေးကောင်းတယ်။။။။။
Peter kyaw….. ကောင်းကင်ကိုရဲ့ လက်ရာကိုတော့ မမှီပါဘူးဗျာ။
ငြိမ်း…… ပြည်ပရောက် မြန်မာနိုင်ငံ မျောက်များဆိုတော့ အတိုကောက် အိုဘီအမ်ပေါ့။ အိုဘီပီနဲ့ အပြိုင် ကြဲလို့ရပြီ။
စုသမီး…… မြင့်တယ်ဆိုပြီး ခုန်ချချင်နေတာဟုတ်။ နောက်စကားပုံတမျိုးက မွဲချင်တဲ့နတ် ပြာပုံတိုးဆိုလားဘာလား။
sorry about our country! hmmmmmm.
Post a Comment