“စင်္ကာပူက ပြောင်းလဲမည့် အခိုက်အတန့်ကို စောင့်မျှော်ခြင်း”

Share |
(Ngee Ann ပိုလီတက္ကနစ်၊ mass communication ဘာသာရပ် ပထမနှစ်တွင် တက်ရောက်သင်ယူနေသော စင်္ကာပူနိုင်ငံသား အသက် ၁၇ နှစ်အရွယ် Dhevarajan Devadas ရေးသားသော ဆောင်းပါးအား ဘာသာပြန်ဆိုပါသည်။ မူရင်းကို ဘလော့ဂ်၏ ဘယ်ဘက်ကော်လံ ထိပ်စည်းတွင် တင်ထားပေးပါသည်။)



နိုဝင်ဘာလ ၄ ရက်နေ့က သမိုင်းတခု ထူထောင်ခဲ့သည်ကို ကျွန်ုပ်တို့အားလုံး မြင်တွေ့ခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုက ၄င်း၏ ပထမဦးဆုံး လူမဲသမ္မတကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ တချိန်က လူမဲနိုင်ငံသားများကို ကျွန်အဖြစ်သာ သတ်မှတ်ဆက်ဆံခဲ့သော တိုင်းပြည်တပြည်အနေဖြင့် ယခုအခါတွင် အာဖရိကန်သွေးစပ်သော အမေရိကန်တဦးအား တိုင်းပြည်၏ အမြင့်မားဆုံး ရာထူးသို့ တင်မြှောက်ခဲ့သည်။ သာမန်အားဖြင့် နိုင်ငံရေးတွင် စိတ်မပါသော လူငယ်မဲဆန္ဒရှင်များစွာအား သူတို့၏ ဆန္ဒမဲပေးပိုင်ခွင့်တည်းဟူသော ဒီမိုကရေစီအခွင့်အရေးကို အသုံးချစိမ့်သောငှာ အသစ်တဖန် ဆွဲဆောင် စည်းရုံးနိုင်ခဲ့သော မစ္စတာ အိုဘားမား၏ လူတိုင်းစိတ်နှလုံးကို သိမ်းကြုံးနိုင်သော စည်းရုံးမဲဆွယ်ပွဲများအတွက် ၄င်းအား ကျွန်ုပ်ဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။

ရှီကာဂိုမြို့ ဂရန့်ပန်းခြံတွင် ပြောကြားခဲ့သော သူ၏ အောင်ပွဲခံမိန့်ခွန်းမှာ လူတိုင်းကို ဆွဲဆောင်နိုင်ပြီး ပါတီ၂ရပ်ကို သွေးစည်းညီညွတ်စေခဲ့ပုံမှာ ကျွန်ုပ်ရင်တွင်းသို့ ရိုက်ခတ်စေခဲ့သည်။ စင်္ကာပူတွင်ကား ထိုအချက် ချို့တဲ့ပျောက်ကွယ်နေသည်ကို တွေ့ရသည်။ ပီအေပီ ခေါင်းဆောင်များသည် မဲဆွယ်စည်းရုံးမှုကိုလည်းကောင်း၊ ဆန္ဒမဲအတွက် အကျိတ်အနယ်ကြိုးစားဘို့ကိုလည်းကောင်း အထူးတလည် အလေးမထား။ မဲဆွယ်ပွဲကာလတွင် စင်္ကာပူနိုင်ငံသားများအား ၄င်းတို့ကို ထောက်ခံကြရန် တောင်းဆိုသော်လည်း ရွေးကောက်ပွဲပြီးသည့်နောက် ငါးနှစ်လုံးလုံးတွင်မူ ကျွန်ုပ်တို့အားလုံးအပေါ်တွင် အထက်စီးဖြင့် ထင်သလိုပြုမူဆက်ဆံလေတော့သည်။ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်ရာတွင် ပြည်သူလူထုအား အဓိပ္ပါယ်ပြည့်ဝသော တိုင်ပင်ညှိနှိုင်းမှုမျိုး မလုပ် (ကာစီနိုကိစ္စကို သတိရကြပါ)။ ထို့အပြင် စီးပွားပျက်ကပ်ကာလအတွင်း ပြည်သူလူထုအနေဖြင့် အစိုးရအကူအညီကို မျှော်ကိုးရကောင်းသလောဟု ကျွန်ုပ်တို့အား ဆူပူကြိမ်းမောင်းမှုပင် ပြုလိုက်သေး၏။ (Minibonds နှင့် High notes ကိစ္စများကို သတိရပါလေ။)

မစ္စတာအိုဘားမားက ၄င်း၏ မိန့်ခွန်းတွင် “ခင်ဗျားတို့ထောက်ခံမှုကိုရဘို့ ကျနော့်အနေနှင့် ဆက်လက်ကြိုးစားရဦးမည်ဖြစ်သော (ကျနော့်ကို မဲမထည့်ခဲ့သော) အမေရိကန် ပြည်သူများ.. ခင်ဗျား....။ ကျနော်ဟာ ခင်ဗျားတို့ရဲ့ ထောက်ခံမှုကို မရခဲ့သေးပေမယ့် ခင်ဗျားတို့ရဲ့ အသံတွေကိုလည်း ကျနော် ကြားပါတယ်။ ခင်ဗျားတို့ရဲ့ အကူအညီကိုလည်း ကျနော် လိုပါတယ်။ ကျနော်ဟာ ခင်ဗျားတို့ရဲ့ သမ္မတလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်ကတော့ အတိုက်အခံကို ထောက်ခံမဲထည့်မိသည့် မဲဆန္ဒနယ်များအား ၄င်းတို့၏ အိပ်ခ်ျဒီဘီ အိမ်ယာရပ်ကွက်များသည် မဖွံ့ဖြိုးသည့် လူဆင်းရဲရပ်ကွက်ဘ၀ ရောက်သွားမည်ဟု ပေါ်ပေါ်ထင်ထင်ပင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ သူ့စကားအတိအကျကို ဖော်ပြရလျှင် “ခင်ဗျားတို့ရဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဟာ ခင်ဗျားတို့ ရွေးချယ်မှုကြောင့်ဘဲ နောက်ကျ ကျန်ရစ်ခဲ့လိမ့်မယ်။ လူဆင်းရဲ ရပ်ကွက်ဘ၀ ရောက်သွားမယ်။ အဲဒါ ကျုပ်ပါးချင်တဲ့ သတင်းစကားဘဲ”

ဤစကားများကို ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲကိုယ်စားလှယ် အမည်စာရင်း တင်သွင်းသည့်နေ့တွင် သူက ပြောကြားခဲ့ခြင်းဖြစ်သည်။ စင်္ကာပူနိုင်ငံသားများကို သူ့ပါးစပ်မှ ဤကဲ့သို့ လက်လွတ်စပယ် ခြိမ်းခြောက်ပြောဆိုရဲသည်မှာ အကြောင်းရှိသည်။ ထိုသို့ ထင်သလို ပေါ်ပေါ်ထင်ထင် နှိပ်ကွပ်ပြောကြားလျှင်လည်း စင်္ကာပူနိုင်ငံသားများသည် မကျေနပ်ကြောင်း ကန့်ကွက်ပြောဆိုကြလိမ့်မည်မဟုတ်။ အချိန်တန်လျှင် ပီအေပီကိုသာ မဲထည့်မည်ဖြစ်ကြောင်း သူ့အနေဖြင့် ယုံကြည်မှုအားကြီးသောကြောင့်သာ ဖြစ်ပေမည်။

အိုဘားမားသည် သူ၏ ပြိုင်ဘက်ဖြစ်သော ဂျွန်မက်ကိန်းက ဂုဏ်ပြုစကားဆိုလာသောအခါ လူကြီးလူကောင်းပီသစွာပင် ကျေးဇူးတင်ကြောင်းပြောပြကာ နောင်အနာဂတ်တွင် ၄င်းနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် ကတိက၀တ်ပင် ပြုလိုက်သေးသည်။

ဝန်ကြီးချုပ်လီရှန်လွန်းအနေနှင့် အတိုက်အခံများအား ထိုကဲ့သို့ အပြိုင်အဆိုင် အကျိတ်အနယ် မဲဆွယ်ပွဲအတွက် ကျေးဇူးတင်စကားပြောကြားဖို့ ဆိုသည်မှာ ကျွန်ုပ်အနေနှင့် အိပ်မက်ထဲတွင် မြင်မက်မှသာ ဖြစ်နိုင်ပါလိမ့်မည်။ သူ့အနေနှင့် လူစုလူဝေးရှေ့တွင် ရပ်ပြီး “အတိုက်အခံဘက်မှ ထိုက်ထိုက်တန်တန် ယှဉ်ပြိုင်ခဲ့တဲ့ (ဒီနေရာမှာ စာဖတ်သူကြိုက်တဲ့ အတိုက်အခံပါတီတခု နာမည်ထည့်ဖတ်လိုက်ပါ၊)ပါတီမှ အတိုက်အခံများကို ကျနော့်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်၊ ကျနော်တို့အားလုံးရဲ့ အိမ်လို့ ခေါ်ဆိုစရာဖြစ်တဲ့ တိုင်းပြည် အနာဂတ်မှာ တိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးအတွက် အတိုက်အခံများနှင့်အတူ လက်တွဲ ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်” လို့တော့ ပြောထွက်မည်မထင်။ ပီအေပီခေါင်းဆောင်များတွင် ထိုသို့သော ခန့်ညားမှုမျိုး၊ ကြီးမြတ်မှုမျိုး ဘယ်တော့မရှိ။

ပီအေပီသည် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲအတွက် ၄င်း၏ ရွေးကောက်ပွဲကြေညာစာတမ်း (menifesto)ကို အမည်တပ်ပုံမှာ “အတူယှဉ်တွဲနေထိုင်ပြီး ရှေ့သို့ ချီလျက်”။ သို့သော် သူတို့၏ ကတိကို သူတို့တည်ရန် ပျက်ကွက်ခဲ့သည်။

၁။ ပီအေပီ အစိုးရသည် ကျွန်ုပ်တို့နိုင်ငံရှိ ဂေး (gay) အသိုင်းအ၀ိုင်းအား တူညီသော အခွင့်အရေးကို ပေးရန် ငြင်းဆိုခဲ့သည်။

၂။ ပီအေပီအစိုးရသည် စင်္ကာပူနိုင်ငံသားအားလုံး၏ အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် နှင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့်တို့ကို ကာကွယ်ရန် ပျက်ကွက်ခဲ့သည်။

၃။ ပီအေပီအစိုးရသည် ပြည်သူလူထုအား ဂျီအိုင်စီ နှင့် တင်းမားဆက် ဟိုးလ်ဒင်း တို့၏ ဘဏ္ဍာရေးမှတ်တမ်းအပြည့်အစုံကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခဲ့သည်။ ကျွန်ုပ်တို့ ငွေကြေးများကို ရင်းနှီးမြှုတ်နှံထားသော မြို့နယ်ကောင်စီများမှ ဘဏ္ဍာရေးထုတ်ပြန်ကြေညာချက်များနှင့် အိုးအိမ်ဆောက်လုပ်ရာတွင် ကုန်ကျငွေများကို ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့သည်။

၎။ ပီအေပီမဲဆန္ဒနယ်များတွင် နေထိုင်သူများ ခံစားခွင့်ရှိသော အိုးအိမ်မွမ်းမံမှုဆိုင်ရာ အခွင့်အရေးများကို ပတုံပါစား နှင့် ဟောင်းဂန့် နယ်နိမိတ်အတွင်း နေထိုင်သူများ မရစေရန် ငြင်းပယ်ခဲ့သည်။ ယင်းမှာ ထိုနိုင်ငံသားများ၏ တူညီစွာ ရပိုင်ခွင့်ကို ချိုးဖောက်ခဲ့ခြင်းပင် ဖြစ်လေသည်။

၅။ စင်္ကာပူ၏ နိုင်ငံရေးနယ်ပယ်တွင် တဖက်သတ်လွှမ်းမိုးရေးဖန်တီးကျင့်သုံးကာ ပီအေပီပါတီဝင်မဟုတ်သော နိုင်ငံရေးသမားများမှ အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းမှုကို မပါဝင်နိုင်စေရန် ပိတ်ပင်ဟန့်တားထားသည်။ ဤအချက်ကြောင့်ပင် စင်္ကာပူနိုင်ငံသားများအပေါ်တွင် အများပြည်သူနှင့်ဆိုင်သော ကိစ္စရပ်များ၌ ပါဝင်ပတ်သက်ခွင့်မပေးဘဲ ငြင်းပယ်ထားသကဲ့သို့ရှိပြီး နိုင်ငံရေးရပ်ဝန်းနှင့် နိုင်ငံရေးဖြစ်စဉ်တို့မှ ကျွန်ုပ်တို့အား ကင်းကွာနေအောင် ဖန်တီးထားသကဲ့သို့ ရှိသည်။

ပီအေပီခေါင်းဆောင်များ၊ အထူးသဖြင့် သက်တော်ရှည်ဘိုးဘိုးကြီး လီကွမ်းယူ အမြဲပြောလေ့ရှိသည်။ အနောက်နိုင်ငံများ၏ ပုံစံ ဒီမိုကရေစီစနစ်သည် စင်္ကာပူအတွက် မကောင်း။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်သည် လူတဦးချင်းအကျိုးအတွက် ရှေးရှုလွန်းသည်။ စင်္ကာပူ ပုံစံ နိုင်ငံရေးအသွင်သဏ္ဍာန်သည်ကား လူတဦးချင်းအကျိုးထက် လူ့အဖွဲ့အစည်းအကျိုးကို ပိုမို ရှေ့တန်းတင်သည် ဟူသတည်း။

ယခုအခါ ဘားရက်အိုဘားမားသည် လီကွမ်းယူ၏ ညာလုံး၊ဖြီးလုံး၊ ဖြန်းလုံးကို ချေဖျက်လိုက်ပြီ ဖြစ်သည်။ အခြေအနေက လိုအပ်လာခဲ့လျှင် အမေရိကန်ပြည်ထောင်စုသည် အများအကျိုးကို ရှေ့တန်းတင်သော၊ တချိန်တည်းမှာပင် လူတဦးချင်း၏ အခြေခံလွတ်လပ်မှုများကို ကာကွယ်ပေးသော သမ္မတတဦးကို တင်မြှောက်နိုင်စွမ်းရှိကြောင်း၊ တင်မြှောက်လိမ့်မည်ဖြစ်ကြောင်း ကို အိုဘားမားက ပြသခဲ့ပြီးဖြစ်သည်။

စင်္ကာပူတွင် ပီအေပီက လုပ်ဆောင်ပေးရန်ပျက်ကွက်ခဲ့သော၊ လုပ်ဆောင်ပေးရန်ငြင်းဆိုခဲ့သော အရာမှန်သမျှအား အိုဘားမားသည် အမေရိကားတွင် လုပ်ဆောင်ရန် ကတိပေးနေသည်။ နောင်လာမည့် လေးနှစ်အတွင်း မဲထည့်ခွင့်ရမည့် စင်္ကာပူနိုင်ငံသား လူငယ်တဦးအနေဖြင့်မူ နိုင်ငံရေးအရ တင်းကြပ်မှု၊ တမင်သက်သက် ဖိနှိပ်မှု နှင့် ခြိမ်းခြောက်မှုများထက် မျှော်လင့်ချက်ကိုပေးစွမ်းနိုင်မှု၊ အများပြည်သူပါဝင်နိုင်မှု၊ အပြောင်းအလဲများကသာ ပိုမို ဆွဲဆောင်နိုင်သည်ဟု ထင်မြင်ယူဆမိသည်။

ကျွန်ုပ်သည် စင်္ကာပူ၏ အိုဘားမားနှင့် ကျွန်ုပ်တို့အတွက် အပြောင်းအလဲကို စောင့်မျှော်လျက်ရှိပါသည်။
မူရင်းကို ဖတ်ရှုရန်။ Awaiting Singapore’s moment of change

18 comments:

TZA said...

၁၇ နှစ်သားတဲ့လားဗျာ၊ မယုံနိုင်စရာပဲ။ ဒီလိုအခြေအနေရောက်အောင် စင်္ကာပူအတွက် ဘယ်လောက်ကြာ စောင့်ရမလဲ မသိဘူး၊ ကျနော်တို့ မသေခင် မှီလောက်ပါတယ်နော့ (မြန်မာကရောဗျာ)။ ခက်တာက စင်္ကာပူရီယန်တွေ သူတို့နိုင်ငံကိုပစ်ပြီး တခြားနိုင်ငံကို ထွက်ကုန်တာပဲ၊ ဒီမှာကျန်ခဲ့တာ များသောအားဖြင့်က နိုင်ငံရေးထက် တခြားကိစ္စတွေကိုပဲ ပိုအလေးထားသလိုပဲ။ ယူအက်စ်က တန်းတူယှဉ်ပြိုင်ခွင့်ရတဲ့ စနစ်ကြီးကတော့ အားကျရုံမှတပါး ပြောစရာမရှိပါဘူး၊ ဒါပေမဲ့ ခုလေးတင် အရွေးခံလိုက်ရတဲ့ အိုဘားမားအစွမ်းအစကို အကောင်းဖက်ကချည်း မြင်ဖို့ကတော့ စောသေးတယ်ထင်တယ်။

ရှင်မင်းညို said...

အရမ်းကိုရဲဝံ့ပြောင်မြောက်တဲ့ singapore နိုင်ငံရဲ့
နိုင်ငံရေးဖိနိုပ်မှုတွေတင်ပြတဲ့ စာပေကောင်းတခုပါပဲ...
ပြန်လည်ဘာသာပြန်ပေးထားတာကိုကျေးဇူးတင်ပါတယ်

Shweaung said...

ကိုပေါရေ..
၁၇ နှစ်သားတစ်ယောက်ရဲ့အမြင်ကိုတွေ့လိုက်ရတော့
ကိုယ့်နိုင်ငံအတွက်တော်တော်စိတ်မကောင်းဖြစ်မိတယ်
ကိုယ့်နိုင်ငံကလူငယ်တွေရဲ့ ရဲဝံ့မှု လေ့လာလိုမှု တိုးတက်လိုမှုတွေဟာ ခြိမ်းခြောက်မှုတွေအောက်မှာ ကျရှုံးနေရတယ်.. ရဲဝံ့ပြတ်သားသူတွေဟာလဲနံရံလေးဘက်ကြားကိုရောက်နေရတယ်.. စလုံးဟာလဲဒီမိုကရေစီအတုနဲ့နိုင်ငံပေမယ့်တချိန်မှာဒီလိုတိုးတက်တဲ့အမြင်ရှိတဲ့လူငယ်တွေရဲ့လက်ထဲမှာ တစ်ဦးခြင်းလွတ်လပ်ခွင့်တွေကိုယ်စီရှိလာလိမ့်မယ်လို့ယုံကြည်တယ်..

ညီညီ(သံလွင်) said...

thanks for sharing ko paw. i think he's exceptional and extraordinary among tons of S'poreans who are ignorant to politics. Politics is like taboo in sg. :)

LIN LET KYAL SIN said...

အရွယ်နဲ့မလိုက်အောင် တွေးခေါ်တတ်သော ရေးသားချက်တွေပါပဲ။ ဘာသာပြန်ပေးတဲ့ ကိုပေါကိုလည်း ကျေးဇူးတင်ပါတယ်။ စင်္ကာပူ အစိုးရမီဒီယာတွေရေးသမျှပဲဖတ် ၊ ဘဘတွေပြောသမျှပဲ နားထောင်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဘုံရောက်နေသလား ထင်မိပါလိမ့်မယ်။ တကယ်တမ်း ကိုယ်တိုင်လေ့လာ ရှာဖွေသုံးသပ်ပြီးရင်တော့ အစစ်အမှန် အခြေအနေကို ရှင်းရှင်းကြီးမြင်ရမှာပါ :)

!i! said...

အနည်းဆုံး စင်ကာပူက ၁၇နှစ်သားက ဒီလိုပြောဖို့ အခွင့်ရေး ရှိသေးတယ်.. ဒီလိုမြင်ဖို့ လုံလောက်တဲ့ ဗဟုသုတ ရှိတယ်..
မြန်မာပြည်က အုပ်ချုပ်သူတွေ ကတော့ အသိဥာဏ်ကို ပိတ်ထားတဲ့ နည်းတွေ တွင်တွင် သုံးတာ မြန်မာလူမျိုးတွေအတွက် နစ်နာ လွန်းတယ်..
မြန်မာပြည် က ကလေးတွေ ဒီအရွယ်ဆို အတတ်ကောင်းတွေ တတ်နေပြီ..
အဲလိုပြောရင် တချို့တွေက မကြိုက်တတ်ဘူး..

Stone Cold said...

thanks for translation and send this message to us

from sg said...

thanks a lot for the translation.

M.Y. said...

အင်း..စကာၤပူ..စကာၤပူ..
ဘာသာပြန်ပေးတာ ကျေးဇူးဗျာ။
့အဲဒိ Onlinecitizen မှာ Guest Author အနေနဲ့ ဝင်ရေးတဲ့ Dhevarajan Devadas ရဲ့  identity အမှန်အတိုင်းတင်ထား တာ ကို စလုံးထောက်လှမ်းရေးက ဘာမှမလုပ်ဘဲထားတာကြည့်ရင် မြန်မာပြည်ထက်တော့နည်းနည်းလေး (မဆိုစလောက်ကလေးပေါ့) ပို ရေးခွင့်ရပုံပဲ။
ဒီ၁၇ နှစ်သားက စလုံး တစ်သောင်း မှာတစ်ယောက်တောင်ရှိပမလားပဲ။

ဝေတိုး said...

I agree with TZA. Too early to judge. Majority of Obama supporters voted him just because he is black not his policy. His campaign was most expensive in history means he hired best political advisors. The truth is money can buy everything. In america,nothing comes free.For example, Colin powel.Obama got his vote and now Powel gets job offer.Though I voted for Obama, I don't think he is that good. But he really is good game player.In america, especially educated society you can mock Bush or McCaine but not Obama or you will be called "racist".

s0wha1 said...

ဒီလောက် တင်းကြပ်ပြီး နိုင်ငံရေးကို စိတ်မ၀င်စားတဲ့သူ အလွန်များတယ်လို့ ထင်ရတဲ့ စလုံးမှာ ၁၇ နှစ်သားလေးက ခုလို တွေးခေါ် ရေးသားနိုင်တာ ချီးကျူး၊ အံ့ဩလို့ မဆုံးနိုင်ဘူး။ သူတို့နိုင်ငံသား တော်တော်များများက ငွေကြေး (CPF,GST, ...)နဲ့ ပတ်သက်ပြီး အစိုးရကို မကျေနပ်ကြပေမယ့် ဖာသိဖာသာ နေကြတာ များသလားလို့။

Anonymous said...

When we were doing research for my 18 years old brother for US colleges, we dug forums where Singaporean students studying in Ivy leagues. Some of those Sporean kids may be 20 or younger,
(O levels and 2 years in JC for A levels, or IB plus NS may make them around that 19-21 age band). I learned some unpleasant facts, on average, those Singaporean students studying in those Ivy leagues in the States write better English than my brother, who was studying at one of the most selective technological universities in Burma. I dont think my brother is above average Burmese student as he himself got admitted into one of more selective universities in the United States where less than 20% of 4 years college students in US can study (not inclusive of 2 years colleges). Another fact is that for them, UC Berkeley or UCLA are safety schools, Cornell, CMU are not schools where they can be cocky, and for them they think only of Harvard, MIT, UMich, Yale are only places where they act snobbish. For us, to get into UCLA or Cornell is much more than an accomplishment. So we are a class apart.
We can blame the wealth. Singaporean parents can downgrade 5 rooms HDB or a condo to educate one or two kids in the public universities in the US if their kids are able and smart or at least sent to universities in down under if their kids are less academically able and they can afford less and if their kids cannot get into local universities NUS and NTU. For a Burmese parents, to send to cheaper Ausi universities will cost an arm and leg and to send to US universities will cost a fortune and life savings. But the real differentiating factor is the ambition and ability. I am sure we have a lot of young Burmese in Ivies and public Ivies or elite Institute of Technologies but compared to a 4M populated island, 50 Millions Burmese are under represented in those places.

The human development index of Singapore is far more higher than Burma.
No wonder Sr. Lee, Mr.Goh and Mr. Lee are doing good jobs.

Anonymous said...

When we were doing research for my 18 years old brother for US colleges, we dug forums where Singaporean students studying in Ivy leagues. Some of those Sporean kids may be 20 or younger,
(O levels and 2 years in JC for A levels, or IB plus NS may make them around that 19-21 age band). I learned some unpleasant facts, on average, those Singaporean students studying in those Ivy leagues in the States write better English than my brother, who was studying at one of the most selective technological universities in Burma. I think my brother is above average Burmese student as he was admitted at one of more selective universities in the United States where less than 20% of 4 years college students in US can study (not inclusive of 2 years colleges).
Another fact is that for ambitious Singaporean youth, UC Berkeley is a safety school. Cornell, CMU are not schools where they can act cocky, it seems they think only of Harvard, MIT, UMich, Yale as only places where they act snobbish. For us, to get into UCLA or Cornell is much more than an accomplishment. We are a class apart.

We can blame the wealth. Singaporean parents can downgrade 5 rooms HDB or a condo to educate one or two kids in the public universities in the US if their kids are able and smart or at least sent to universities in down under if their kids are less academically able and they can afford less and if their kids cannot get into local universities NUS and NTU. For a Burmese parents, to send to cheaper Ausi universities will cost an arm and leg and to send to US universities will cost a fortune and life savings.

But real differentiating factors are ambition and ability. I am sure we have a lot of young Burmese in US Ivies, public Ivies such as UMich, UT Austin or elite Institute of Technologies. But compared to students from an island of 4M population, 50 Millions Burmese are under represented in those places.

The human development index of Singapore is higher than Burma.
Sr. Lee, Mr.Goh and Mr. Lee do
good jobs.

Anonymous for Anonymous said...

What a cheap ( 2 cents ) conclusion, Mr. Anonymous !

ရွှေထုပ်လေး said...

၁၇ နှစ်သားကရေးထားတာဆိုလို့ အံ့သြနေတာ။
အမှန်ကိုပြောပြရဲတဲ့ သူလိုလူများရင်တော့
စလုံးရဲ့ အနာဂတ်က ကောင်းလာနိုင်ပါတယ်။
ဝမ်းသာစရာပါ။ ကြိုဆိုပါတယ်။
မြန်မာပြည်မှာလည်း ခေါင်းရှောင်နေတဲ့ လူကြီးတွေရှိပေမဲ့ မြန်မာပြည်တွင်းမှာ
တရားမျှတမှု မြတ်နိုးတဲ့ လူငယ်တွေတက်ကြွနေတာကိုတွေ့နေရပါတယ်။
လူငယ်တွေ အမြင်ကျယ်လာပြီ။(ကျွန်တော်လည်း ခုမှ အသက် ၃၀ မှနားလည်တာပါ)။ ဒါကြောင့် ကိုယ့်ထက်တော်တဲ့ သိတဲ့ တတ်တဲ့ လူငယ်တွေကို လေးစားမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
သူတို့ အတွက် ဂုဏ်လည်းယူပါတယ်။
အထူးသဖြင့် မြန်မာအရေးစိတ်မဝင်းစားတဲ့ စလုံးရောက်မြန်မာတွေ ကိုကြီး ဘာသာပြန်လိုက်တဲ့ (၁၇)နှစ်ကလေးစာကို ဖတ်မိပါစေလို့ ။

braindrain said...

btw, kp, do u know TOC is also a PAP link website?

Ko Paw said...

ဒီပို့စ်ကို စိတ်ဝင်တစားလာရောက်ဖတ်ရှုရင်း မှတ်ချက်တွေပေးသွားကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

စင်္ကာပူဟာ ဒီမိုကရေစီအတုအယောင်ဆိုပေမယ့် မြန်မာပြည်နဲ့ နှိုင်းယှဉ်လို့ရှိရင် စီးပွားရေး၊ ပညာရေး နဲ့ လူနေမှုအဆင့်အတန်း မယှဉ်သာအောင် သာလွန်တယ်ဆိုတဲ့အချက်ကို အငြင်းပွားစရာမရှိပါ။

ပြည်သူပြည်သားတွေရဲ့ လွတ်လပ်ခွင့်ရှုထောင့်ကကြည့်ရင်လည်း စင်္ကာပူအနေအထားက မြန်မာပြည် လက်ရှိအနေအထားထက် သာပါသေးတယ်။

သို့သော်….. ကျနော်တို့ဟာ လွတ်လပ်ခွင့်ကို နှိုင်းယှဉ်ရာမှာသော်လည်းကောင်း၊ မည်သည့်အရာမဆို နှိုင်းယှဉ်တဲ့အခါ အကောင်းဆုံး အမြင့်ဆုံးတွေနဲ့ နှိုင်းယှဉ်မှသာ သင့်လျော်ပါလိမ့်မယ်။ ဖွတ်ကျားနဲ့ နှိုင်းပြီး ကျေနပ်ဂုဏ်ယူနေမယ်ဆိုရင်တော့ မြန်မာပြည်အနေနဲ့လည်း မိမိထက် အခြေအနေဆိုးတဲ့ ဇင်ဘာဘွေတို့ ရ၀မ်ဒါတို့ စတဲ့ နေရာတွေနဲ့ နှိုင်းယှဉ်ပြီး လက်ရှိအနေအထားကို ကျေနပ်နေလို့ ရနိုင်ပါတယ်။

တီအိုစီဟာ ပီအေပီအစိုးရ၀က်ဘ်ဆိုက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က Soft Line သမားတွေ။ ဒါပေမယ့် ကျနော့်ဘလော့ဂ်မှာတော့ တခါတလေ ကျနော်နှစ်သက်တဲ့ဆောင်းပါးမျိုးလေးတွေတွေ့ရင် စထရိတ်စ်တိုင်းမ်းစ်သတင်းစာမှာ ပါတဲ့ဆောင်းပါးဖြစ်ရင်လည်း ဘာသာပြန်မိမှာပါ။

အမှန်ကတော့ ကျနော်ဘာသာပြန်ရတာကို ၀ါသနာမပါ ပါဘူး။ ကျနော်က ဝေါဟာရသိပ်မကြွယ်ဝတဲ့အတွက်ရော၊ ဘာသာပြန်တာမပြေပြစ်တဲ့အတွက်ရော ဘာသာပြန်တဲ့အခါ တချို့နေရာမှာ ထောင့်နေတာကို ကိုယ့်ဘာသာ သတိထားမိပါတယ်။

သို့သော် (ကျနော်အပါအ၀င်) မြန်မာအများစုက အင်္ဂလိပ်လိုဖတ်ဘို့ သိပ်စိတ်မရှည်တတ်ကြတဲ့အတွက် ကျနော်က ကျနော်ကြိုက်တဲ့ဆောင်းပါးလေးတွေကို ရည်ရွယ်ချက်တခုနဲ့ မျှဝေလိုတဲ့အခါ တတ်သရွေ့မှတ်သရွေ့နဲ့ ဘာသာပြန်ရုံမှတပါး အခြားနည်းလမ်းမရှိပြီ ဖြစ်သွားတော့တာပေါ့ခင်ဗျာ။ တချို့ဘာသာပြန်ဘို့ အချိန်မရတဲ့ ဆောင်းပါးတွေကိုတော့ ဘေးက ကော်လံမှာဘဲ အညွှန်းအနေနဲ့ တင်လိုက်ပါတယ်။

ကျနော်အင်တာနက်မှာ လိုက်ဖတ်မိသလောက်….. လေးလေးနက်နက်နဲ့ စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး ရေးတာမျိုးကို အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ တခြားနိုင်ငံသားတွေရဲ့ ဘလော့ဂ်တွေမှာ အများစုတွေ့ရတယ်။ အထူးသဖြင့် စင်္ကာပူက Yawningbread မှာ အဲသည်လို ဆောင်းပါးတွေ တွေ့ရတတ်ပါတယ်။ အဲဒီလို ရေးသားမှုမျိုးကို မြန်မာဘာသာနဲ့ရေးတဲ့ဘလော့ဂ်တွေမှာ တွေ့ရခဲတယ်။ တခါတရံတော့ တချို့သောဘလော့ဂ်တွေမှာ ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ ကိုအောင်သူငြိမ်းတို့လည်း ရေးတတ်ပါတယ်။ ကျနော်ကိုယ်တိုင် အဲသည်မျိုး မရေးတတ်ပေမယ့် မြန်မာလူမျိုးထဲက ရေးတတ်တဲ့လူတွေကို အဲသည်လိုဆောင်းပါးမျိုးတွေ များများရေးစေချင်တာဘဲ။

braindrain said...

hah.. kp,

u dont noe much abt sg politic yet.. im quite surprised...

read this..

http://wayangparty.com/2008/09/26/zaobao-email-interview-with-chief-editor-part-2/

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs