“ချစ်ပိုင်ခွင့်၊ ယူပိုင်ခွင့်၊ မွေးပိုင်ခွင့်”

Share |



မီဒီယာတွင်ဖော်ပြသော သတင်းများကို ကိုးကားပါသည်။ စင်္ကာပူနိုင်ငံသားများအနေဖြင့် နိုင်ငံခြားသားများကို လက်ထပ်ယူဘို့ရန် ခွင့်ပြုမိန့်မကျသည့် အကြောင်းပင်ဖြစ်သည်။ ဤသည်မှာ သက်ဆိုင်ရာအာဏာပိုင်များနှင့် လွှတ်တော်အမတ်များထံ အကြိမ်ကြိမ် အသနားခံစာ တင်သွင်းသည့်ကြားက သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်ကို မရကြခြင်းဖြစ်သည်။

ဝင်ငွေနည်းပါးသော၊ ပညာအရည်အချင်းနိမ့်ပါးသော (သို့မဟုတ်) အဆင့်နိမ့်ပါးသည့်အလုပ်များကိုသာ လုပ်ကိုင်နေသော စင်္ကာပူနိုင်ငံသားတို့အနေဖြင့် နိုင်ငံခြားသားနှင့် လက်ထပ်ရန်အလို့ငှာ အစိုးရထံမှ ခွင့်ပြုမိန့်ရဘို့မှာ တနေ့တခြား ပိုမိုခက်ခဲ၍လာပေသည်။

ဥပမာပြရပါက အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်တခုတွင် အရောင်းမန်နေဂျာလုပ်နေသော အသက်၄၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသားတဦးသည် လစာဝင်ငွေ စင်္ကာပူဒေါ်လာ ၁၇၀၀ မျှသာရသဖြင့် ခွင့်ပြုမိန့်ချမပေးချေ။ မိသားစုကို ထောက်ပံ့ကျွေးထားနိုင်ရန်အတွက် ထိုသူ၏ ၀င်ငွေမှာ နည်းပါးလွန်းသောကြောင့်ဟု အကြောင်းပြ၏။ ယခုအခါ ထိုသူ၏လစာသည် ၂၅၀၀ ဒေါ်လာအထိ တိုးမြှင့်ရထားပြီဖြစ်သည့်တိုင် ပြီးခဲ့သောလေးနှစ်ကျော်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာန (MOM)ထံ အကြိမ်ပေါင်း နှစ်ဆယ်ထက်မနည်း အသနားခံစာတင်ပြီးသော်လည်း အငြင်းပယ်ခံနေရဆဲဖြစ်သည်။

ဤအဖြစ်အပျက်သည် အင်မတန်မှ အမြီးအမောက်မတည့်သော ဖြစ်ရပ်ဟု ကျွန်ုပ်ထင်မြင်ယူဆသည်။ အဘယ်ကြောင့်ဆိုသော် စင်္ကာပူနိုင်ငံသားတယောက်သည် ဗီယက်နမ်ကဲ့သို့သော အိမ်နီးချင်းနိုင်ငံတနိုင်ငံသို့ သွားရောက်၍ ဒေါ်လာထောင်ဂဏန်းအနည်းငယ်မျှ အကုန်အကျခံလိုက်ရုံမျှဖြင့် သူ့အနေနှင့် ရက်အနည်းငယ်သာ တွေ့ဘူးမြင်ဘူးသော သူတို့သမီးကို အလွယ်တကူ လက်ထပ်ယူနိုင်သောကြောင့်ဖြစ်သည်။

သို့သော် အဆိုပါ စင်္ကာပူနိုင်ငံသားသည် စင်္ကာပူတွင် ၀ါ့ခ်ပါမစ် သို့မဟုတ် အက်စ်ပါတ်စ်နှင့် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသူတယောက်ကို လက်ထပ်လိုပါက ခွင့်ပြုမိန့်ကို လျှောက်ထားရန် လိုအပ်လာလေတော့သည်။

သေချာသည်မှာ စင်္ကာပူနိုင်ငံအတွင်းတွင် နိုင်ငံခြားသူတယောက်နှင့် နှစ်ရှည်လများ ရစ်နှောင်ခဲ့သည့် ဆက်ဆံရေးသည် ရက်အနည်းငယ်အတွင်းတွင် သူတို့သမီးဝယ်ယူခဲ့ရသည့်အဖြစ်ထက် ပိုမိုခိုင်မြဲမှုရှိပြီး ပိုမိုချစ်ခင်စုံမက်ဘွယ်ရာလည်း ဖြစ်ပေလိမ့်မည်။

ယခု အစိုးရကျင့်သုံးနေသော ပေါ်လစီသည် အဖုအထုံးများသော အိမ်ထောင်ရေးများ ပိုမိုဖြစ်ပေါ်နေစေရန်၊ ကွာရှင်းပြတ်စဲမှုနှုန်းထားများ မြင့်တက်လာနေစေရန် တွန်းပို့နေရာ မရောက်သလော။ နောက်ဆုံးတွင်မတော့ အဆိုပါ မအောင်မြင်သော အိမ်ထောင်ရေးများကြောင့် ဆိုးရွားသော အကျိုးဆက်ကို ခါးစည်းခံစားကြရမည်မှာ လူမမယ်ကလေးငယ်များပင် ဖြစ်နေပေမည်။

ယခုအခါ လက်ထပ်ယူဘို့ ခွင့်ပြုမိန့်မကျသဖြင့် နိုင်ငံခြားသူ အိမ်ထောင်ဖက်နှင့်သားသမီးများကို ပြည်ပနိုင်ငံများသို့ ပုံမှန်သွားရောက်တွေ့ဆုံကြရရှာသော စင်္ကာပူနိုင်ငံသားများတို့၏ ဖြစ်ရပ်များလည်း ရှိလာကြသည်။

၎င်းတို့အနက် အချို့မှာ ပြည်ပသို့အပြီးတိုင် ပြောင်းရွှေ့အခြေစိုက်ရန် အနှေးနှင့်အမြန်ဆိုသလို ဆုံးဖြတ်ကြပေတော့မည်။

ယခုအချိန်သည် အစိုးရက စင်္ကာပူနိုင်ငံသားများအား ကလေးယူကြဘို့ တိုက်တွန်းအားပေးနေချိန်ဖြစ်သည်။ စင်္ကာပူနိုင်ငံသားများအနေဖြင့် နိုင်ငံခြားသားများကို လက်ထပ်နှုန်းမှာလည်း မည်သည့်အခါကနှင့်မတူအောင် မြင့်တက်နေချိန်ဖြစ်သည်။ ကျွန်ုပ်နားလည်သလောက်ဆိုလျှင် လက်ထပ်ထိမ်းမြားမှု ၁၀ ခုအနက် ၄ ခုမှာ နိုင်ငံခြားသားနှင့် လက်ထပ်မှုဖြစ်သည်။ သို့စင်လျက် တကယ့်အစစ်အမှန် လက်ထပ်လိုသူများကို လက်ထပ်ခွင့်ပြုမိန့်ချပေးရန် ငြင်းဆန်နေမှုကြောင့် အစိုးရ၏ လုပ်ရပ်တွင် ရှေ့နောက်မညီဖြစ်နေခြင်းကို မြင်တွေ့နေရသည်။

ကျွန်ုပ်တို့၏ အခြေခံဥပဒေနှင့် အမျိုးသားသစ္စာအဓိဋ္ဌာန်တွင် နိုင်ငံသားအားလုံးအတွက် တန်းတူညီတူအခွင့်အရေးများ ပေးရမည်ဟု ပါရှိသည်။ သို့စင်လျက် အဘယ်ကြောင့် အချို့သောနိုင်ငံသားများအပေါ် သူတို့၏ ၀င်ငွေ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အဆင့်အတန်းပေါ်တွင် မူတည်ကာ ခွဲခြား ချိုးနှိမ် ဆက်ဆံရသနည်း။

လူတို့၏ ဉာဏ်ရည်ဉာဏ်သွေးသည် ပတ်ဝန်းကျင်ပေါ်ထက် မျိုးရိုးဗီဇပေါ်တွင် ပို၍ မှီတည်သည်ဟူသော သီအိုရီသာ မှန်ခဲ့ပါက ကျွန်ုပ်တို့အစိုးရသည် မျိုးရိုးဗီဇအလျောက်အားနည်းသူများအပေါ်တွင် သူတို့၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာ မေတ္တာသက်ဝင်ပိုင်ခွင့်၊ လွတ်လပ်စွာလက်ထပ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ကလေးယူပိုင်ခွင့်တို့ကို ပိတ်ပင်တားမြစ်နေခြင်းအားဖြင့် ဘူးလေးရာဖရုံဆင့်သလို ပိုမို၍ ကြပ်တည်းခက်ခဲအောင် ဖန်တီးနေရာ မရောက်သလော။

စင်္ကာပူတွင် အလုပ်လုပ်နေသူများအနေဖြင့် လက်ထပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာန (MOM) တွင် လျှောက်ထားရန်လိုအပ်ပြီး အခြားသူများအဖို့ Immigration and Checkpoints Authority (ICA) ခေါ် လူဝင်မှုကြီးကြပ်ရေးတွင် လျှောက်ထားရန်လိုအပ်သည်ဟု ကျွန်ုပ်နားလည်သဘောပေါက်သည်။

လက်ထပ်ရန်ခွင့်ပြုမပြု စဉ်းစားချိန်ထိုးသည့်အခါ ပြည့်မီရန်သတ်မှတ်ထားသည့် စံနှုန်းစံထား (criteria for assessment) တစုံတရာရှိသလော။ လုပ်ထုံးလုပ်နည်းနှင့် စံနှုန်းစံထား တသမတ်တည်းရှိစေရန် အဘယ်ကြောင့် အာဏာပိုင်အဖွဲ့အစည်းတခုကိုသာလျှင် မထားရှိသနည်း။

အကယ်၍ ပြည့်မီရန်သတ်မှတ်ထားသည့် စံနှုန်းစံထားရှိက အများပြည်သူသိသာစေရန် ထုတ်ပြန်ကြေငြာဘို့ ကျွန်ုပ်အကြံပြုလိုသည်။ သို့မှသာ စင်္ကာပူနိုင်ငံသားတွေအနေဖြင့် စံချိန်စံညွှန်းမပြည့်သူနှင့် မှားယွင်းပြီး ချစ်ကြိုက်မိခြင်းမှ လွတ်ကင်းပေလိမ့်မည်။

ယခုအခါ နိုင်ငံခြားသားဦးရေတိုးနှုန်းမှာ ဂဏန်းနှစ်လုံးအထိရှိပြီး အရေအတွက်အားဖြင့် တသန်းကျော်လာပြီဖြစ်သည်။ ထို့ကြောင့် ဤ (လက်ထပ်ခွင့်ပြုမိန့်မကျခြင်း) ပြဿနာ မှာလည်း ဆက်လက်ကြီးထွားလာဖို့သာရှိသည်။

အကယ်၍ အတုအယောင် ဟန်ပြလက်ထပ်မှုများကိုအသုံးပြု၍ စင်္ကာပူတွင်နေထိုင်ခွင့် ရရှိရန်ကြိုးပမ်းမှုများကို စိုးရိမ်သည်ဆိုပါကလည်း ကျွန်ုပ်တို့သည် ယူနိုက်တက်စတိတ်စ်ကဲ့သို့သော အခြားတိုင်းပြည်များမှ လေ့လာအတုယူနိုင်ပါသေးသည်။ အမေရိကန်ပြည်ထောင်စုသည် ထိုကဲ့သို့သော ဟန်ပြလက်ထပ်မှုများကို အပြစ်ဒဏ်ကြီးလေးစွာ ချမှတ်ခြင်းအားဖြင့် တဖက်တွင်လည်း ၄င်းနိုင်ငံသားများ၏ အခွင့်အရေးဖြစ်သော မိမိအမှန်တကယ်စုံမက်သူကို လက်ထပ်ပိုင်ခွင့်အား ထိန်းသိမ်းထားပေသည်။

ကျွန်ုပ်နားလည်သလောက် စင်္ကာပူနိုင်ငံသားအမျိုးသမီးများအနေဖြင့် နိုင်ငံခြားသားကို လက်ထပ်ရန် ခွင့်ပြုမိန့်ကျဖို့ဆိုသည်မှာ အမျိုးသားများထက်ပင် ပိုမိုခက်ခဲကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ပိုမိုမြင့်မားသော ၀င်ငွေအဆင့်အတန်း၊ ပညာရေးအဆင့်အတန်းနှင့် အလုပ်အကိုင်တို့ကို ပြသနိုင်ဘို့ လိုသောကြောင့်ပင်ဖြစ်သည်။

ဤသည်မှာ စင်္ကာပူနိုင်ငံအနေဖြင့် သဘောတူလက်မှတ်ရေးထိုးထားသော အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်း နည်းလမ်းမျိုးစုံပပျောက်ရေး ပဋိညာဉ် (Convention on the Elimination of All Forms of Discriminations Against Women, CEDAW) ကို ချိုးဖောက်နေခြင်းပင် မဟုတ်ပါလော။

(The Online Citizen အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော Leong Sze Hian ၏ ဆောင်းပါးကို ဘာသာပြန်သည်။)

မူရင်းကို ဖတ်ရှုရန်။

20 comments:

pandora said...

ခုတလော သိပ်မခံစားနိုင်ဘူး ကိုပေါရာ။ ဒီနေ့တော့ သတင်းဆိုးတခုကြောင့် ပိုဆိုးသွားတယ်။
လာဖတ်ဖတ်နေပါတယ်။ ခြေရာချမသွားဖြစ်တာပါ။

Anonymous said...

မြန်မာ့ အလင်းကြေးမုံ က ဆောင်းပါးတွေနဲ့ ကွာပါ့..။ လူတွေ အသိဥာဏ်တွေ တဖြည်းဖြည်း ကွာလာတာလဲ သိသာလာပြီ.. ။ တို့တတွေ အရမ်း အမြင်ကျဉ်းမြောင်းသူတွေ ဖြစ်နေကြပြီ ။

Anonymous said...

in US its still illegal for the two gays to marry..

all of us need to join them (gays) in their fight for their right to love and marry...

go gay.. go...

Anonymous said...

Thanks ,ko paw. At least, we can learn how the others fight for their rights.And their guts to speak up.

လင်းလက်ကြယ်စင် said...

ဟိုက် လက်ထပ်တာတောင် ကိုယ် ကျွေးနိုင်ရင် ၊ ကိုယ်တကယ်ချစ်ရင် ဘယ်သူ့ယူယူ မပြီးဘူးလားကွယ်။ ဒါ အစိုးရကိစ္စမှ မဟုတ်တာ။ ဒါ ပါစင်နယ်ကိစ္စပဲ။ ခွင့်ပြုမိန့်တဲ့ .. ။ ချစ်ခြင်းပြည့်သော အိမ်ထောင်တည်ဆောက်မှုမှာတောင် ခွင့်ပြုမိန့်ကို တောင်းခံရဦးမှာပါလားကွယ်။

Anonymous said...

right, sg is so bad. u should leave.

တန်ခူး said...

အင်း… ဒါကြောင့်လဲ စလုံးမလေးတွေ အဖြူတွေကို အသဲအသန်တွဲကြတာကိုး… လက်ထပ်ပါမစ်ကျဖို့  လွယ်လို့ ထင်တယ်…
ဟိုတနေ့ ကပဲ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းပြောတဲ့ အလွမ်းဇာတ်လမ်းလေး နားထောင်လိုက်ရသေးတယ်… စလုံးကောင်လေးက ဗီယက်နန်မလေးကို စလုံးမလေးထင်ပြီး ကြိုက်မိရာက စလုံးမဟုတ်မှန်းသိတော့ ဖြတ်လိုက်တယ်တဲ့… ဒါလဲကိုပေါပြောတဲ့ ပါမစ်ကြောင့်ပဲဖြစ်မယ်…

Ko Myo (SG) said...

This is what they call "social engineering." They only want to have the cream of the crop in their tiny state. To some, it looks like a milder version of Hitler's white supremacy. But, we can't deny the benefit of this system: high education and living standard of overall population, efficient administrative mechanism and so on.

The question is how good and reliable their yardstick is. In the selection process, they might risk losing the real talents and geniuses.

At last, this is "Uniquely Singapore."

Anonymous said...

ko myo,

u make sense.. btw r u from YPAP?

Anonymous said...

I think Singapore government is right in doing so because otherwise there will be influx of foreign brides, grooms who may not have right qualifications, skills and experience to survive in the pressure cooker Singaporean society.

Singapore itself is facing a structural unemployment with a baggage of nearly half a million citizens with merely O level education or comparable vocational qualifications (ITE).

I admired Singaporean leaders for having guts to tell their youth bluntly that "The world does not owe them a living" while I start to lose faith in democracy after seeing US primaries and elections.

Ko Myo (SG) said...

Despite some shortcomings, SG government has been doing well on many fronts. Given their limited resources, multiracial population and vulnerable location between Indonesia and Malaysia, what they have done so far is a tremendous achievement. It is a juggling act to strike a balance in racial harmony. Considering what has happened to Hindu and other minorities in Malaysia, SG has achieved, at least, racial tolerance – even if not a perfect racial harmony. We also have to give credit to their leadership for their economic performance. If nation building were an examination, they should have deserved to pass with credit, even if not with distinction.

When it comes to human rights and democracy, they are just toddlers. Perhaps, those issues will enhance in a post-Lee Kuan Ywe era (if not post-PAP era). Right now, SG people have to sacrifice individual freedom for survival and collective development.

Anyway, this is not my intention to criticize them for their inability to enjoy individual freedom. The main point is what we can learn from “Singapore Story”. We have to learn both good and bad lessons and try to apply this knowledge in building Burma, our motherland.

These days, the world is entering into ideological wilderness. Seeing the collapse of American capitalism and witnessing ex-Fed Chairman Alan Greenspan who confessed his take on capitalism and free market is still flawed, we have to carefully make a choice what the way forward is for Burma. Sometimes, economic development, rule of law and freedom of expression might not go hand in hand. In the example of Thailand and Philipines, democracy is not a silver bullet for national development. There must be other pre-conditions , such as efficient and independent judiciary system, corruption-free administrative mechanism, and the ability and awareness of citizens to deny popular political rhetoric, in place for democracy to work perfectly.

In my personal view, I would settle for economic development and meritocracy first than individual freedom in case I couldn't have both.

Just sharing my 2 cents of thought.

PS: Mr Braindrain, I’d rather be a Y-NLD of Burma than a Y-PAP of Singapore.

Anonymous said...

hey ko myo,

glad to hear that u r not frm YPAP.

just to say that i have exactaly the same view as yrs.. i don't belive in utopio... i belive in democracy and capitalism.

being said that, i don't believe that American capitalism has collapsed and it hashas no place in future history. Currently American capitalism has to be reinvented.

The future is still under US hegemony. The world order will still be built by the western countries. :)

Anonymous said...

Ko Paw, you might want to start studying about migration to Australia :) :) just in case, hehe :)

ကိုပေါ said...

ကိုလွင်မိုးရေ….

ယခုတကြိမ်ရော ယခင်အကြိမ်များကပါ မကြာမကြာအကြံပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် လိုအပ်တဲ့အခါ စဉ်းစားပါ့မယ်။ အခုလောလောဆယ်တော့ ဘဘလီ မျက်စိမမှိတ်ခင် တ၀ကြီး အနီးကပ် ပြုစုသွားချင်လို့ စလုံးမှာဘဲ ရှိနေဦးမှာပါ။ (ဟားဟား နောက်တာပါ။)

ကိုပေါ said...

ကိုမျိုး (နဲ့ ဘားမားဘရိန်းဒရိန်း)ရေ….

ကိုမျိုးအမြင်ကို ထုတ်ဖော်ပြီး စိတ်ဝင်တစား ၀င်ရောက်ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အဓိက ကတော့ ကိုယ့်က ဘာကို တန်ဘိုးထားသလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ လွတ်လပ်မှုနဲ့ ကိုယ့်အခွင့်အရေးတွေကို တန်ဘိုးထားသလား၊ ဒါမှ မဟုတ် ရုပ်ဝတ္ထုကို တန်ဘိုးထားသလား။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ကျနော့်အနေနဲ့ မလဲလှယ်လိုပါဘူး။

လွတ်လပ်တဲ့လူသားတယောက်အနေနဲ့သာ လွတ်လပ်တဲ့တိုင်းပြည်အတွင်းမှာ ရှင်သန်လိုပါတယ်။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ၊ ကိုယ့်အခွင့်အရေးကို ကျင့်သုံးခွင့်မရ၊ အများပြည်သူနဲ့ဆိုင်တဲ့ အရေးကိစ္စတွေမှာ ၀င်ရောက်ပါဝင်ပါတ်သက်ခွင့်မရ၊ အစစ အရာရာကို ပြည်သူကို ကိုယ်စားမပြုတဲ့ တပါတီအာဏာရှင်ကနေ လက်ဝါးကြီးအုပ်ပြီး ကိုယ့်နေ့စဉ်ဘ၀ကို လွှမ်းမိုးထိန်းကွပ်နေတဲ့ စင်္ကာပူက စနစ်ကြီးကို ကျနော့်အနေနဲ့တော့ အားမကျမိပါဘူး။ နောက်တခုက ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိရင် လူတစုသာ ကောင်းစားပြီး လူအများစုက ဒုက္ခခံရတဲ့ စနစ်ဖြစ်လာတတ်လွန်းလို့ပါ။

ရုပ်ဝတ္ထုအရတိုးတက်တယ်ပြောရအောင်ကလည်း မိုးပျံတိုက်ကြီးတွေ၊ ခန်းနားကြီးကျယ်တဲ့လေဆိပ်ကြီးတွေ ရှိနေလို့ စင်္ကာပူနိုင်ငံသားအများစုရဲ့ လူနေမှုဘ၀ မြင့်တက်တယ်လို့ အပေါ်ယံကြည့်ပြီး ပြောလို့မသင့်ဘူးထင်ပါရဲ့။ စင်္ကာပူက လူဦးရေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ဥရောပနိုင်ငံသားတွေရဲ့ စံချိန်နဲ့ကြည့်မယ်ဆိုရင် အင်မတန်သနားစရာကောင်းလောက်အောင် နုံချာတဲ့ အိတ်ခ်ျဒီဘီဖလက် လို့ ခေါ်တဲ့ မတန်တဆ ဈေးပေးဝယ်ထားရတဲ့ ခိုအိမ်လေးတွေမှာ နေကြရတာမို့ပါ။ အလုပ်အကိုင်ကို ကြည့်ဦးမလား။ အများစုဟာ ပြည်ပကနေ လုပ်ခပေါပေါနဲ့ အလုပ်လာလုပ်ကြတဲ့ နိုင်ငံခြားသားတွေနဲ့ အပြိုင် အလုပ်ကို လုလုပ်ကြရတာဘဲ မဟုတ်လား။ (နိုင်ငံခြားသားဦးရေဟာ စင်္ကာပူလူဦးရေစုစုပေါင်းရဲ့ လေးပုံတပုံရှိပါတယ်။ နောင်ကို ဒီထက်များဦးမှာပါ)။ ပညာအရည်အချင်းအရကလည်း ကျနော်တို့ ဘွဲ့ရတဲ့ အရွယ်မှာ သူတို့က စစ်မှုထမ်းရတဲ့အတွက် ဒီပလိုမာလောက်ဘဲ ကိုင်ရရှာတယ်။ ဒီတော့ ဘွဲ့ရတွေနဲ့ အပြိုင်အလုပ်ရှာရတာဆိုတော့ အလုပ်ခွင်မှာ ကိုယ့်တိုင်းပြည်မှာကိုယ်နေပြီး နိုင်ငံခြားသားလက်အောက်မှာ လုပ်ကြရတယ်။ (ကျနော်တို့အတွက်တော့ ကောင်းတာပေါ့ဗျာ….အဟီး) ဒါပေမယ့် ကျနော်တို့က မြန်မာနိုင်ငံသားတွေအနေနဲ့ ဆွေးနွေးတာမဟုတ်ဘဲ သူ့နိုင်ငံရေးစနစ်ကို ဆွေးနွေးတာဆိုတော့ ဒီအချက်က ထည့်မတွက်သင့်ဘူးပေါ့။

စင်္ကာပူနဲ့ နိုင်ငံအနေအထား သိပ်မကွာတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ ဟောင်ကောင်လည်း ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ စင်္ကာပူက သက်ကြီးရွယ်အိုတွေ ကြီးတောင့်ကြီးမှ မက်ဒေါ်နယ်မှာ အလုပ်လုပ်ရတာ အိမ်သာဆေးရတာတွေကို စင်္ကာပူနိုင်ငံသားဘလော့ဂါတွေ ရင်နာနာရဲ့ ရေးတာကို ဖတ်ရလေ့ရှိပါတယ်။ ဟောင်ကောင်မှာတော့ သက်ကြီးရွယ်အိုတွေက ဇိမ်နဲ့ အနားယူနေနိုင်ကြပါတယ်။

“http://singaporemind.blogspot.com/2005/10/redesigning-jobs-singapore-success.html”

မယ်ရစ်တိုခရေစီ ဆိုတာကလည်း စင်္ကာပူမှာရှိတဲ့ မယ်ရစ်တိုခရေစီက Sham ပါတဲ့။ အတုအယောင်၊ အယောင်ဆောင်၊ အရေခြုံမျှသာပါတဲ့။ လူအတော်များများ စင်္ကာပူမှာ Meritocracy ရှိတယ်လို့ ထင်နေကြတယ်။ တကယ်တော့ စင်္ကာပူနိုင်ငံသား မလေးလူမျိုးတွေ စစ်တပ်ထဲမှာ အဆင့်မြင့်ရာထူးကို တရားဝင်ငြင်းပယ်ခံထားရတာ အားလုံးအသိပါ။ အဲဒါဆိုရင် မယ်ရစ်တိုခရေစီလို့ ပြောလို့ ရနိုင်ပါဦးမလား။
နိုင်ငံရေးစနစ်မှာလည်း ဂျီအာရ်စီစနစ်နဲ့ ယခုရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေဟာ တကယ်အရည်အချင်းရှိသူကို ပြည်သူက မရွေးထုတ်နိုင်အောင် စနစ်တကျ ရေးဆွဲထားတဲ့အတွက် မယ်ရစ်တိုခရေစီဆိုတဲ့ စကားနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။

ဟိုတနေ့ကတောင် လီရှန်လွန်းက စင်္ကာပူမှာ တရုတ်မဟုတ်တဲ့ လူနည်းစုထဲကနေ ၀န်ကြီးချုပ်လောလောလတ်လတ်ဖြစ်လာစရာအကြောင်းမရှိသေးဘူး။ ၀န်ကြီးချုပ်ရာထူးအတွက် စဉ်းစားရာမှာ လူမျိုးရေးက အချက်တချက်လို့ ထည့်ပြောသွားလို့ ၀ိုင်းဝေဖန်တာ ခံရတယ်မို့လား။ ပညာရေးမှာဆိုလည်း တရုတ်တွေကိုသာ အားပေးအားမြှောက်ပြုတဲ့ ပညာရေးဆိုတာကို FEER မဂ္ဂဇင်းမှာ ဆောင်းပါးနဲ့ အချက်အလက်နဲ့ ထောက်ပြထားတာကို သွားဖတ်ကြည့်လို့ ရပါတယ်။
http://www.feer.com/essays/2006/october/the-charade-of-meritocracy
http://gyittu.blogspot.com/2008/09/meritocracy.html

အကျင့်ပျက်လာဘ်စားမှုမရှိဘူးဆိုရအောင်ကလည်း ရွေးကောက်ပွဲကော်မရှင်က ၀န်ကြီးချုပ်ရုံးအောက်မှာ တိုက်ရိုက်ရှိတယ်။ စင်္ကာပူက တရားရုံးတော်တွေမှာ အတိုက်အခံနဲ့ အာဏာရပါတီ တွေ့ကြရင် ဘက်လိုက်ဆုံးဖြတ်တတ်တယ်ဆိုတာ အထင်ကရအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ အိုင်ဘီအေတို့ အမ်နက်စတီအင်တာနေရှင်နယ်တို့က အစီရင်ခံစာတွေမှာ တွေ့ရတယ်မို့လား။ ရဲဌာနဟာ လွတ်လပ်တဲ့တိုင်းပြည်တွေမှာလို ဘက်မလိုက်ဘဲ ကြားနေတာမျိုးမဟုတ်။ အတိုက်အခံကို နှိပ်ကွပ်ရာမှာ ပြည်သူကို နှိပ်ကွပ်ရာမှာ အာဏာရအစိုးရရဲ့ လက်ကိုင်ဒုတ်အနေနဲ့ အသုံးချတာကို ခံနေရတယ်။ ဒါကို ကျနော်တို့က အကျင့်ပျက်လာဘ်စားမှုကင်းရှင်းတယ်လို့ ကောက်ချက်ဆွဲသင့်သလားဆိုတာ စဉ်းစားသင့်ပါတယ်။

လူမျိုးရေးဆိုတာ လီကွမ်းယူအစိုးရက Fear Factor တခုအနေနဲ့ လူထုကို ချိန်းခြောက်ထားတာပါ။ ဟာမိုနီဆိုတာကလည်း အစစ်အမှန်မဟုတ်။ ဒီက မလေးတွေ၊ တရုပ်တွေ၊ အင်ဒီယန်းတွေဟာ သူ့အစုနဲ့သူ သတ်သတ်စီဘဲနေကြတယ်။ တခြားနိုင်ငံတွေမှာလို မရောကြဘူး။ အပြင်ပန်း ငြိမ်သက်နေပေမယ့် အတွင်းမှာ လှိုက်ပြီး လူမျိုးရေးခွဲခြားမှုတွေ ရှိနေဆဲကို ဒီမှာ ဘလော့ဂါတယောက်က ဒီလိုတင်ပြထားပါတယ်။ သွားဖတ်ကြည့်ပါ။

http://yawningbread.org/arch_2008/yax-949.htm

In my personal view, I would settle for economic development and meritocracy first than individual freedom in case I couldn't have both. ဆိုတဲ့ ကိုမျိုးရဲ့ အမြင်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေနဲ့ ဂျပန်တို့ ကိုရီးယားတို့ တွေမှာလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သူတို့ဆီမှာမှ တကယ့် မယ်ရစ်တိုခရေစီနဲ့ လူတဦးချင်း အခွင့်အရေးကိုလည်း ကာကွယ်တယ်။ စီးပွားရေးလည်း ဖွံ့ဖြိုးမှုရှိတယ်။ စင်္ကာပူက ဂျပန်နဲ့ ကိုရီးယားထက် စီးပွားရေးတိုးတက်တယ်လို့တော့ မပြောလိုက်ပါနဲ့နော်။ အစိုးရကထုတ်ပြန်တဲ့ ဂျီဒီပီ ကိန်းဂဏန်းတွေတက်တာသက်သက်ကြည့်ပြီး စီးပွားရေးဖွံ့ဖြိုးတယ်ပြောရင်တော့ ဂျီဒီပီက ၄.၅%ဘဲ တက်တဲ့အချိန်မှာ သူအလုပ်လုပ်နိုင်တဲ့ နိုင်ငံခြားသားဦးရေကို ၅% လောက်တိုးလိုက်တာ၊ ငွေကြေးဖောင်းပွမှုက ၆% လောက်ရှိတာတွေနဲ့ အော့ဖ်ဆက် ပြန်လုပ်လိုက်ရင် စင်္ကာပူနိုင်ငံသားတွေ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပိုမွဲသွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဖတ်ချင်ရင် ယောင်နင်းဘရက်ဒ် စာမျက်နှာမှာ သတင်းစာမှာပါတဲ့ကိန်းဂဏန်းတွေကိုဘဲ ကိုးကားပြီး သုံးသပ်ထားတာရှိပါတယ်။ စိတ်ဝင်စားရင် လေ့လာနိုင်ပါတယ်။ ဒီမှာ မြောက်မြားလှစွာသော Social problem တွေ အကြပ်အတည်း ဒုက္ခတွေ တွေ့နေကြရပေမယ့် လူတွေရဲ့ အသံကို ဖော်ထုတ်ပေးမယ့် လွတ်လပ်တဲ့သတင်းမီဒီယာတွေ ကင်းမဲ့နေတဲ့အတွက် လူအများသတိမပြုမိနိုင်ကြတာပါ။

http://yawningbread.org/arch_2008/yax-941.htm

နောက်ဆုံးတခုပြောချင်တာက ကျနော်တို့ မြန်မာတွေမှာ အိမ်ထောင်ပြုတယ်ဆိုရင် လူတွေကပြောကြလေ့ရှိတယ်။ သူဌေးသမီးတော့ မယူချင်ဘူး။ ဆင်းရဲချင်ဆင်းရဲပစေ။ ကိုယ်ကြိုက်တဲ့သူဘဲ ကိုယ်ယူမယ်ဆိုတာ ပြောလေ့ရှိကြတယ်။

အလားတူပါဘဲ။ ကျနော့်တဦးတည်းအမြင်အရက ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ငွေကြေးချမ်းသာမှု၊ ရုပ်ဝတ္ထုတိုးတက်မှုထက် ပိုမိုမက်မောပါတယ်။ ငွေကြေးချမ်းသာမှုဆိုတာ ကိုယ်အစွမ်းအစရှိရင် ရှိသလို ကိုယ့်မှာလွတ်လပ်မှုရှိရင် ကြိုးစားယူလို့ ရပါတယ်။ ငွေကြေးချမ်းသာပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ဆုံးရှုံးနေတာကတော့ လူဖြစ်သော်လည်း လူဖြစ်ကျိုးမနပ်ဘူး၊ သူတပါးလက်အောက်မှာ ကိုယ့်ဘ၀ကို သူတပါးချယ်လှယ်ရာခံနေရသလို ရှိနေပါလိမ့်မယ်။ ကိုယ့်ကြမ္မာကို ကိုယ်မဖန်တီးဘဲ သူများလက်ကို ပေးအပ်လိုက်တာဟာ ကိုယ့်အရည်အချင်းကို ယုံကြည်ရာမရောက်၊ သူတပါးအပေါ်မှီခိုလွန်းရာကျတယ်လို့ ကျနော်စိတ်မှာ ထင်မြင်ယူဆမိပါတယ်။ နောက်ပြီး အဘိုးအဘွားတွေကိုယ်တိုင် အသက်သွေးချွေးနဲ့ တိုက်ယူလာတဲ့ လွတ်လပ်ရေးကို တန်ဘိုးမထားရာလည်း ရောက်တယ်။ အမှန်ကတော့ စင်္ကာပူရဲ့ အခြေခံဥပဒေမှာရော၊ အမျိုးသားသစ္စာအဓိဋ္ဌာန်မှာပါ “လူအားလုံးရဲ့ တန်းတူရည်တူရှိမှု၊ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို တည်ဆောက်ဘို့” ဖော်ပြထားတာ မဟုတ်ပါလား။ တကယ်တမ်းမှာ တဦးချင်းအခွင့်အရေးကို အကာအကွယ်မပေးဘူးဆိုရင် တန်းတူရည်တူဘယ်ရှိတော့မလဲနော်။

စိတ်ဝင်စားစရာကောင်းတာက ဒီစီးပွားပျက်ကပ်မှာ စင်္ကာပူအစိုးရ ရှင်သန်နိုင်မလားဆိုတာပါဘဲ။ စင်္ကာပူအစိုးရက ပြည်သူတွေကို ပေးထားတဲ့ တခုတည်းသောမက်လုံးက သူတို့အစိုးရဟာ စင်္ကာပူရဲ့ စီးပွားရေးကို ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်တယ် ဆိုတဲ့မက်လုံးပါဘဲ။ စီးပွားပျက်တာနဲ့ အဲဒီမက်လုံးကလွဲလို့ သူတို့မှာ ဘာမှမကျန်တော့ဘူး။

အခုတောင် ပီအေပီအစိုးရက ၀န်ထမ်းတွေကို ရွေးကောက်ပွဲအတွက် ထရိန်နင်ပေးနေတယ်ဆိုတဲ့ ကောလဟာလတွေ၊ ရွေးကောက်ပွဲကော်မရှင်ဌာနမှာ အလုပ်တွေ ရှုပ်နေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ အီးအာရ်ပီ နှုန်းထားတွေ ရုတ်တရက်ပြန်လျှော့တာတွေဘာတွေ လုပ်နေတာဆိုတော့ အစိုးရဟာ မကြာခင်မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ သူတို့အနေနဲ့ နောက်နှစ်နှစ် စီးပွားပျက်ကပ်ပြီးမှ ပုံမှန်ရွေးကောက်ပွဲကို လုပ်ရင် လူကြိုက်နည်းပြီး ရှုံးနိမ့်နိုင်တယ်။ နောက်တချက်က လီကွမ်းယူကလည်း အဲဒီအချိန်အထိ ရှိချင်မှ ရှိတော့မှာဆိုတော့ သူရှိတုန်း ရွေးကောက်ပွဲကို အမြန်ရှေ့တိုးကျင်းပမယ် ဆိုတဲ့ ကောလဟာလတွေ ထွက်နေပါတယ်။

ဒီဆောင်းပါးတွေကို ကျနော့်ဘလော့ဂ်မှာ ဘာသာပြန်ပြနေတယ်ဆိုတာကလည်း ကျနော်တို့ မြန်မာတွေ မလွတ်လပ်တဲ့ စနစ်ကြီးတခုကို အဟုတ်ထင်သွားမှာစိုးလို့ပါ။ ကိုယ့်ဗမာပြည်က အာဏာရှင်လက်အောက်မှာ ချွတ်ခြုံကျနေတာဆိုတော့ တွေ့ကရာစနစ်ကို အကောင်းထင်သွားမှာလည်း စိုးရိမ်ရတယ်။ ဒီစနစ်မျိုးက တချိန်မှာ အာဏာရှင်စနစ်ကို ပြန်လည်တွန်းပို့မှာသေချာပေါက်ဘဲ။ တချိန်က (၁၉၆၂) ခုများဆီက မြန်မာပြည်သူတွေဟာလည်း ဒီမိုကရေစီစနစ်ကို တည်ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လဲလှယ်ခဲ့ဘူးတယ်။ ဟောသည်မှာ စင်္ကာပူက ဘလော့ဂါတယောက်က သူ့တိုင်းပြည်နဲ့ ယှဉ်ပြီး သည်လိုရေးတယ်။

Country in a SAD, SAD state....
Run by group of uncaring leaders who reward themselves handsomely while citizens find it hard to make ends meet. The most vocal dissident fighting for democracy thrown in jail. Protests are banned and police arrest protestors whose only demand is freedom. The leaders treat the wealth of the country as if they own it. The media is controlled and spews mostly propaganda. Prices of basic necessities supplied by the govt & govt controlled companies like water, electricity and transport have been increasing so fast people who live on pensions and our savings cannot afford keep up with the price increases...the old have to rummage for food on the streets. The spending on military has been expanding while little is spent on the welfare of the people. In the midst of all this, the people can see that those connected to the leader, his children and spouse live a lavish life. The leaders tried unsuccessfully to censor the internet to prevent negative views about the leadership from being spread.

Myanmar is really in a sad state. They don't have democracy, the people are powerkess against the military junta. The govt controls everything there and the recent riots occured because prices have been raised beyond what most people can afford. I read a story in the New Paper today about a women who stood in front of the barrel of a gun and shouted, "Come on, just kill me! I don't care" because she was dying of hunger. It takes a long time under authoritarian leadership for people to gather enough courage to stand up against the oppressors - the Burmese people suffered for decades before they reached this state in which they are willing to sacrifice their lives for change. I think they regret the missed opportunities for freedom in 1960s when they traded their freedom and democratic rights for so called stability and relative prosperity allowing power to be put in the hands of various juntas...I think they understand now why democracy is important but it is almost too late.

I hope the people in Myanmar stand united against the military junta and get their freedom and rights back. They need to take their country back from the bullies who have been exploiting them. They have to do it with courage, their bare hands, ...and win the freedom back for themselves and their children....

အဖွဲ့ချုပ်လူငယ်ဖြစ်ချင်တယ်ဆိုလို့ ၀မ်းသာပါတယ်။ ကျနော်လည်း ဖြစ်ချင်ပါတယ်။ တခါက မေးကြည့်ဘူးတယ်။ ဘာကြောင့်လဲမသိ။ ပြည်ပကဆိုရင် လက်မခံဘူးတဲ့။

Anonymous said...

HDB flats are not substandard by western European standards.Considering where average Singaporean families came from (back then they were living in squatters and slams) now it is several rungs higher than those bad old days.

You can not compare Wester Europe (or even some countries in Eastern Europe such as Poland) with countries like Singapore. Being part of the Europe, once you are in the EU, your citizens will get subsidies and preferential treatment from richer and more affluent Western European nations. But no one will give such opportunities to a tiny Asian nation without resources (to buy) and markets (to sell) and Singapore government has done good job for their citizens.

The average graduate engineer with 4 years B.Eng honors degree makes about (2500 to 3000 USD) 1800 to 2000 USD, considering the low tax rate of Singapore, low living cost of Singapore. Singaporeans or those who are working in Singapore are doing far more better than citizens of half of nations in Western Europe: Portugal, Spain, Greece, Italy, Germany, Netherlands. For Eastern European nations, the wages there are only comparable to Malaysia. So I might say that average Singaporean citizen is better off than average British.

Anonymous said...

btw which present gov u like most and why?

Anonymous said...

ပြထားတဲ့ပုံလေးကို ကြိုက်တယ်
ဘာပဲပြောပြော အချစ်က အလယ်မှာ ရှိနေပါသေးတယ်
ဘဝ-အချစ်= အဓိပါယ်မရှိသောလူ

Ko Myo (SG) said...

Hi Ko Paw,

Thank a lot for taking time to discuss on my comment.

In my comment, I said “In my personal view, I would settle for economic development and meritocracy first than individual freedom in case I couldn't have both.”

This does not mean I don’t value democracy and human rights at all. I want to and will try to have both. But, I do not want to have only democracy and human rights at all costs.

India is the world’s largest democratic nation while China is the world’s largest communist country. Previously, both countries was stuck in a quagmire of poverty. These days, both have achieved sort of sustained, maybe not inclusive, growth. For Korea, it also has gained momentum for development under the rule of General Park Chung-Hee. (I am not advocating for the authoritarian government here. I strongly believe in democracy and human rights.)


I do not intend to blindly heap praise on SG government. When it comes to democracy, they still have a long way to go. There is a lot of room for improvement: the way they treat the opposition and critic, how they run Temasak and SIC, CPF systems, and the list goes on. But, the fact that Malay can’t become Top Brass in the SG military has more to do with national security – because of their historical and strategical relationship with Malaysia – than meritocracy. As for non-Chinese Premier, it may happen in next 2 or 3 generations. But, not in the near future.


Even the established democracy like America, they are still trying to achieve racial harmony. A huge number of Americans can’t accept Obama just for being black. It takes America “Rosa Parks, Martin Luther King and 53 years” to elect a black president.


All things considered, I don’t think SG will never ever go back to LKY-style quasi-authoritarian rule. They can and will evolve from their pseudo-democracy into a fully-fledged one.


When I look at their system, I first consider what I can learn from this for Burma. Why can’t we take the best things – efficient administrative mechanism, a conducive atmosphere for business, a clean and green environment – and apply these for Burma? We have to adapt their and others’ systems, not to xerox any one of them blindly. Human rights and democracy are of importance. But, if we can’t solve the bread-and-butter issues and can’t formulate a system fostering accountability and transparency, these ideal values alone can’t bring about development.

We have to think about the examples of Thailand, Malaysia, Indonesia and Philippines. Despite their so-called democracy and right to protest, it is deplorable and enlightening to see how they end up. I wonder whether Burma could perform better than them if we achieved democracy overnight (in my daydreaming).


Even in a marriage, love alone can’t bring daily meals. When we are hungry, I think we can’t think of love. Maybe, the couple choose to live on love alone. How about their next generation? Every marriage should be built upon love, respect, accountability, hardwork and a vision for future, so is nation building.

Anonymous said...

Ko paw, u said, “ကျနော်တို့ မြန်မာတွေ မလွတ်လပ်တဲ့ စနစ်ကြီးတခုကို အဟုတ်ထင်သွားမှာစိုးလို့ပါ။ ကိုယ့်ဗမာပြည်က အာဏာရှင်လက်အောက်မှာ ချွတ်ခြုံကျနေတာဆိုတော့ တွေ့ကရာစနစ်ကို အကောင်းထင်သွားမှာလည်း စိုးရိမ်ရတယ်။ ဒီစနစ်မျိုးက တချိန်မှာ အာဏာရှင်စနစ်ကို ပြန်လည်တွန်းပို့မှာသေချာပေါက်ဘဲ။”
Can I clarify with you something? I honestly hope u could reply my question. Can you kindly tell us which current government should be taken as a role model for future Myanmar?
And can you please explain to us why you think Sg political system will evolve into hardcore authoritarian system? Coz in view, Sg political system is evolving towards a more open system if we compare it to the 60s.
Contrary to what u claim, currently Thailand is facing the threat of becoming a authoritarian country.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs