(ကိုအောင်သာငယ်နဲ့ မလင်းလက်က ပထမဆုံးများ ကို ရေးဘို့ တက်ဂ်လုပ်တယ်။ ကိုအောင်သာငယ်က ရေးချင်ရေး၊ မရေးချင်နေဆိုတော့ ကျနော်ကလည်း ရေးဘို့လက်တွန့်နေတဲ့လူဆိုတော့ ရူးချင်ယောင်ဆောင်နေခဲ့တယ်။ မလင်းလက်က တခါထပ် တိုက်တွန်းလာတယ်။ ရူးချင်ယောင် ထပ်ဆောင်လို့ မရတော့ဘူး။ အဲဒါနဲ့ ပထမဆုံးများအစား “Last Minute Ko Paw" ဆိုပြီး ကိုယ့်မကောင်းကွက်ကလေးကို ဖော်ထုတ် ရေးပေးလိုက်ပါတယ်။ ကျေနပ်ကြပါဗျိုး။)
ကျနော့်ရဲ့ မကောင်းတဲ့အကျင့်က တစုံတခုလုပ်စရာရှိရင် နေ့ရွှေ့ညရွှေ့နဲ့ နောက်ကို ရွှေ့ရွှေ့နေပြီး နောက်ဆုံးမဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ အချိန်ကျမှ ကပ်ပြီး လုပ်တတ်တဲ့အကျင့်ပါ။
ကျနော့်ရဲ့ မကောင်းတဲ့အကျင့်က တစုံတခုလုပ်စရာရှိရင် နေ့ရွှေ့ညရွှေ့နဲ့ နောက်ကို ရွှေ့ရွှေ့နေပြီး နောက်ဆုံးမဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ အချိန်ကျမှ ကပ်ပြီး လုပ်တတ်တဲ့အကျင့်ပါ။
ငယ်ငယ်ကဆိုရင် အမေက ဆူပါတယ်။ “နင်ဟာလေ ချေးယိုကာနီးမှ ချေးတွင်းရှာတတ်တယ်”တဲ့။
အဲသည်အတွက် မဒမ်ပေါက ကျနော့်အပေါ် အင်မတန် စိတ်ကုန်ရှာပါတယ်။ ဥပမာ အပြင်ကို သွားစရာ ကိစ္စတခုရှိတယ်ဆိုပါစို့။ ကျနော်ဟာ ဘယ်တော့မှ ကြိုကြိုတင်တင် ပြင်ဆင်မထားဘူး။ အင်တာနက်မှာ သတင်းတွေဖတ်မယ်၊ ဘလော့ဂ်ရေးမယ်၊ ကွန်မင့်လုပ်မယ်။ အင်တာနက်မရှိခင်ကဆိုရင် စာဖတ်မယ်၊ တီဗီသတင်းကြည့်မယ်။ မဒမ်ပေါက ရေမိုးချိုး၊ အ၀တ်အစားလဲ၊ ပြင်ဆင်ပြီးနေပြီ။ ကျနော်က ကွန်ပြူတာရှေ့မှာဘဲ ရှိနေသေးတယ်။ ဟော...သွားကာနီး နာရီဝက်လောက်အလိုမှ ကွန်ပြူတာရှေ့က ထပြီး ရေချိုးခန်းကို ၀င်တယ်။ ပါးစပ်ကလည်း အော်ပြောလိုက်သေးတယ်...“ချစ်လေးရေ...ကိုကို အိမ်သာအရင်တက်လိုက်ဦးမယ်” ဆိုပြီး ရေမချိုးခင်မှာဘဲ နှစ်ဆယ့်ငါးမိနစ်လောက် အချိန်ထပ်ကုန်သွားတယ်။
သည်လိုနဲ့ တကယ်အိမ်ကထွက်တဲ့အချိန်မှာ မှန်းထားတဲ့အချိန်ထက် နောက်ကျနေပြီဖြစ်လို့ ချိန်းထားတာမျိုးဆိုရင် နောက်ကျမှာစိုးလို့ တက္ကစီငှားပြီး လစ်ရတယ်။ ချိန်းထားတဲ့အချိန်ကို အတိအကျမရောက်မှာတော့ ပူတတ်တယ်လေ။
စာမေးပွဲတွေဆိုရင်လည်း ထိုနည်းနှင်နှင်ပါပဲ။ နောက်ဆုံးမိနစ်မှ အပူတပြင်း ကပ်ပြီး စာတွေကို ဖတ်ရမှတ်ရနဲ့ အင်မတန် ဗျာများတာပဲ။ ပိုဆိုးတာက အနီးကပ်မှလည်း ကပ်လုပ်သေးတယ်။ ဘာမဆို အကောင်းဆုံးကလည်း ဖြစ်ချင်သေးတာဆိုတော့ ဂွကျနေတော့တာပေါ့ဗျာ။ အဲသည်အခါမျိုးမှာဆိုရင် မဒမ်ပေါက ကျနော့်ကို စိတ်ပျက်ပျက်နဲ့ နာမည်ပေးပုံက “လပ်စ်မိနစ် မောင်ပေါ” တဲ့လေ။
မှတ်မိသေးတယ်။ ကျနော်လူပျိုဘ၀က စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ တအိမ်ထဲ စုနေတယ်။ တအိမ်တည်းနေ သူငယ်ချင်းတယောက်က သူ့ရဲ့ အီလက်ထရောနစ် စက်ပစ္စည်းတခု ပျက်လို့ ကျနော့်ကို ပြင်ခိုင်းတယ်။ ကျနော်ကလည်း ပြင်ပေးမယ် ပြောပြီး ထုံးစံအတိုင်း နေ့ရွှေ့ညရွှေ့ လုပ်နေမိတာပေါ့။ အဲသည်အချိန်က အဲသည်သူငယ်ချင်းက ရေကူးသင်စအချိန်။
နောက်တော့ သူ ဖားကူး စကူးတတ်လာတယ်။ ကျနော့်ကို ပြောတယ်။
“မောင်ပေါ....ငါ အခု ဖားကူးတောင် ကူးတတ်သွားပြီ။ မင်းငါ့စက်မပြင်ရသေးဘူးလား” တဲ့။
ကျနော် တုပ်တုပ်မျှ မလှုပ်။ နောက်ထပ် ၁ လ လောက် ကြာပြန်တော့.....
“မောင်ပေါ.....ငါ အခု လက်ပစ်ကူးနေပြီးနော်၊ မင်း ငါ့စက်ကို ခုထိ မပြင်ရသေးဘူးလား” တဲ့။
ကျနော်မလှုပ်သေး။ နောက်...၁ လ လောက် အကြာမှာ.....
“ဟေ့ကောင် မောင်ပေါ.....ငါ အခု ပက်လက်ကူးနေပြီနော်။ နောက်ဆို ဘတ်တာဖလိုင်း တွေဘာတွေ လာတော့မယ်။ မင်းအခုထိ မပြင်ရသေးဘူးလား”
ကျနော် မလှုပ်ချင်သေး။ ဒါပေမယ့် အဲသည်အချိန်မှာ ဂျေဘီက ကင်းဝုဒ် အီလက်ထရောနစ်ကုမ္ပဏီမှာ လုပ်နေတဲ့ သူငယ်ချင်းတယောက် စင်္ကာပူကို အလုပ်ရှာရင်း လာလည်တော့မယ် ကြားတယ်။ ပစ္စည်းပိုင်ရှင်သူငယ်ချင်းက ကျနော့်ကို စိတ်မရှည်တော့ဘူး။
“မင်းမပြင်ဘူးဆိုရင်...ဟို ကင်းဝုဒ်က ကောင်လာရင် ငါ သူ့ကိုဘဲ ပြင်ခိုင်းတော့မယ်။ မင်း မပြင်တတ်လို့ အချိန်ဆွဲနေတာလို့ ငါယူဆလိုက်မယ်” လို့ ပြောလာတယ်။
ဒါကတော့ ကျနော့် သိက္ခာနဲ့ ဆိုင်လာပြီမို့ သူ့စက်ကို ကုတင်အောက်က ထုတ်ပြီး စက်နောက်က အဖုံးကိုဖွင့်၊ မီတာနဲ့ ဟိုထောက်ဒီထောက်လုပ်ပြီး စစ်ဆေးကြည့်ရတယ်။ ဆားကစ် ဘယ်နေရာမှာ ပျက်သလဲ မီတာနဲ့ တတ်သရွေ့မှတ်သရွေ့ ရှာကြည့်တယ်။ ဖြစ်ချင်တော့ ပျက်တဲ့ နေရာကို ဘယ်လိုမှ ရှာလို့ မတွေ့ဘူးဗျာ။ ကျနော် ချွေးပြန်သွားတယ်။ ဟိုကောင်ကလည်း လာတော့မှာ မဟုတ်လား။ နောက်ဆုံးတော့....သူငယ်ချင်းကို လေသံပျော့ပျော့လေးနဲ့ ပြောရတယ်။
“ဟေ့ကောင်၊ ငါရှာကြည့်တာဘဲကွာ။ ဘယ်နေရာမှာ ပျက်သလဲ၊ ရှာလို့မရဘူး”
“အေး.... ဒါဆိုလဲ ပြီးရော။ ဟိုကောင်လာမှ ငါပြင်ခိုင်းတော့မယ်”
အဲဒါနဲ့ ဟိုကောင်အိမ်ရောက်ရောက်ချင်း သူ့ကို ပြင်ခိုင်းတော့ ဟိုကောင်က ကျနော့်လို အချိန်ဆွဲမနေဘူး။ ချက်ချင်းဆိုသလိုဘဲ စက်ကို ပျက်မပျက်သိရအောင် နံရံက ပလပ်မှာ ထိုးပြီး ဖွင့်ကြည့်လိုက်တာ စက်က အကောင်းပကတိကြီးဗျာ။ အလုပ်လုပ်နေတယ်။ စက်ပိုင်ရှင်သူငယ်ချင်းက....
“မောင်ပေါ..ကွာ။ မပျက်တဲ့ စက်ကို ပြင်ဘို့တောင် လေးလလောက် အချိန်ယူရတယ်” လို့ ရယ်ပြီး ပြောတယ်။ ကျနော်ကလည်း ဘယ်ခံလိမ့်မလဲ။
“အေးလေ။ ဒါကြောင့်...ငါပြောတယ်မဟုတ်လား။ ပျက်တဲ့နေရာ ရှာမတွေ့ပါဘူးလို့၊ မင်းက မပျက်ဘဲနဲ့ ငါ့ကို လာပြင်ခိုင်းတာကိုး” လို့ (အရှက်ပြေ) ပြန်ပြောလိုက်ရတယ်။
ကျနော် နေ့ရွှေ့ညရွှေ့လုပ်တတ်ပုံကို ပြောပြတာပါ။ အဲသည် အကျင့်ဟာ တော်တော်မကောင်းမှန်းသိပေမယ့် အရိုးစွဲနေတဲ့အကျင့်ကို ပြင်ရတာ တော်တော်မလွယ်ဘူးဆိုတာ တွေ့ရတယ်။
ဘလော့ဂ်ဖတ်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
နေ့ရွှေ့ညရွှေ့ နှစ်ချီရွှေ့ ရွှေ့တတ်ခြင်းကို ရှောင်ကြဉ်လေ။
17 comments:
ဘာပဲဖြစ်ဖြစ် ခုတော့ ရေးပြီ မဟုတ်လား...
May last-minute-Ko-Paw long-last forever! :)
တစုံတခုလုပ်စရာရှိရင် နေ့ရွှေ့ညရွှေ့နဲ့ နောက်ကို ရွှေ့ရွှေ့နေပြီး နောက်ဆုံးမဖြစ်မနေလုပ်ရတော့မယ်ဆိုတဲ့ အချိန်ကျမှ ကပ်ပြီး လုပ်တတ်တဲ့အကျင့်ပါ။..
ပြောရရင် အနော်လည်း အဲလိုပဲ ကိုပေါရေ။
ဟာ- တူနေကြပါရောလား။ ဘလော့ဂါ တွေက..ဒီလိုပဲထင်တယ်။း)
ကိုပေါစာလေးဖတ်ပြီး..ညစ်နေတဲ့ စိတ်တွေ..အပြုံးတခုနဲ့ ထွက်ပေါက်ခန ရသွားတယ်။
ကိုအောင်သာငယ်...... long-last forever တော့ မဖြစ်နိုင်တော့ဘူးဗျို့။ ဒီတောင်ကို ကျော်နိုင်ပါတော့မလားတောင် မသိဘူးဗျာ။ (ဟိုဖက်တောင်မှာ....ဘီယာမရှိဘူးကြားလို့း-)
ပန်ဒိုရာ......... အဲဒီတော့ အရင်သွားမိလို့ ဘီလူးစားခံရမယ့် လှည်းသားငါးရာထဲမှာ ကျနော်တို့လို နေ့ရွှေ့ညရွှေ့သမားတွေ မပါတော့ဘူးပေါ့ဗျာ..ဟဲဟဲ။
မကေ....... ပုလင်းတူ ဘလော့ဂ်ဆို့တွေဘဲ။ ဂလောက်တော့ ရှိကြပေမပေါ့။
တော်သေးတာပေါ့ စိတ်ရှည်ပေးတဲ့ ချစ်လေးမဒမ်ပေါရှိလို့။
ခုတောင် ကွန်းမန့်နောက်မှရေးမယ်ဆိုပြီး အချိန်ဆွဲတော့မလို့ ခေါင်းစဉ်ပြန်ကြည့်မိမှ ချရေးလိုက်တာ။ နောက်တခါဆို မရေးဖြစ်ဘူးရယ်။
လုပ်စရာရှိရင် အချိန်မဆွဲဖို့ သာဓကတွေ စာတွေနဲ့ ပညာပေးလည်း မမှုဘဲ ခပ်တည်တည်နေတတ်တာ အကျင့်စွဲနေပြီထင်ပါ့။ ပြင်ပါအုံးမယ် နောက်တော့.....
“မောင်ပေါ..ကွာ။ မပျက်တဲ့ စက်ကို ပြင်ဘို့တောင် လေးလလောက် အချိန်ယူရတယ်” လို့ ရယ်ပြီး ပြောတယ်။ ကျနော်ကလည်း ဘယ်ခံလိမ့်မလဲ။
**
ရီလိုက်ရတာ ကိုပေါရယ်
း)
ခွီးခွီး
ကိုပေါရေ last minute လုပ်ရတာအသဲယားလွန်းလို့ အမြဲကြိုလုပ်တယ်။ ဒါပေမယ့်လည်း ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ သူများတွေကိုပါစောင့်ရရင်တော့မထူးပါဘူး။
မဇနိ..... ခေါင်းစဉ်ကယ်ပေလို့နော်။ ဒါတောင် ပြင်ပါဦးမယ် နောက်တော့...တဲ့။ သဘောကျသဗျာ။
ကိုဇနိ..... ရယ်ပါ..ရယ်ပါ။ ရယ်သောသူ ပါးစပ်ညောင်း၏ တဲ့ ကိုဇနိရဲ့။း-) ကွန်မင့်ပေးတာမှာတောင် မဇနိက ဦးစီးဦးဆောင်နော်။ ဒေါ်ဦးယောင်္ကျားကြီးကို သတိရမိတယ်။
မီယာ.... မဒမ်ပေါလည်း အဲသည်လိုဘဲ...အသဲယားတယ်လို့ပြောဘူးတယ်ဗျ။ ကြားဘူးတယ်မို့လား။ ဘယ်ဘုန်းကြီး ရှေ့က ကြွကြွ၊ ဆွမ်းစားတော့ အတူတူပါပဲကွာ..ဆိုတာ...အဟီး။
ဆရာမောင်သာရစကားပဲငှားပြောတော့မယ်။
"ရယ်လိုက်ရတာဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော.."
မျိုးကျော့ လို နောက်ကျရတဲ့အကြောင်းကို သီချင်းတစ်ပုဒ် လုပ်ဆိုလိုက်ရင်တော့ last minute Ko Paw ကနေ Rapper Myo Kyawt Paw ဖြစ်ခွင့်ရှိပါသေးသကော.လာမယ့် ၂၀၀၉ စင်္ကာပူ အာရ်အိုင်တီ သင်္ကြန်ပွဲမှာဖြစ်ဖြစ်ပေါ့
noted.
Ma Thida
MSc. (L. M. logy)
Master of Sonata-Cantata in Last Minutology
http://khinoomay77.blogspot.com/2008/09/comment-to-moe-cho-thin_2542.html
Sunday, September 7, 2008
comment to Moe Cho Thin
အိယောင်ဝါး post
တို.လဲ ဒုတ်ခ ကြီးပါတယ်။ MCT ရယ် ဘဝ အတွက် မကြိုးစားဘဲ တကုန်းကုန်း ဘလော. စာတွေ ဖတ်လိုက် ရေးလိုက်နဲ။ တခါတလေ ဆရာ ကြီး လို တစ် နေ့ ၅ ပုဒ် တောင် တင် ချင် သေးတာ။ ပထမတော. Kmsl က စိတ် ချမ်းး သာ ရင် ပြီးရော လွှတ်ထားတာဘဲ.။ အခု လို serious အချိန်ပေးတာ များ လာတော့ သူ စိတ်ညစ်လာတယ် အိမ်မျူကိစလဲ ချှို.ယွင်း သန်းကောင် သူ တရေး နိုး မှာ တို. ကို လှမ်းကြည့် မနက် အစောကြီး ထ ရမှာ ကို ည သန်းကောင် သန် လွဲ မအိပ် သေးဘဲ့ ကွန်ပြူတှာရှေ့ မှာ တို.မှာ လဲ ခိုးလုပ် ရ သလို. သူ မအိပ် ခင် ကွန်ပြူတာ ကို စိတ် မဝင် စား သလို နဲ. သူ အိပ် မှ တကုန်းကုန်းဖတ်.ရေး။ ခိုးလုပ် နေရ တယ် ဘာဖြစ်လို့လဲ ဆိုတော့ အချိန် ပေးတာ များနေ တာ ကိုး။ ဘယ် လို လုပ် ပြီး balance လုပ် ရမယ် မှန်းတောင် မသိတော့။ သူ စနေ တန့က်နွေ ရုံးသွားရင်သုး ကို သနားပေမဲ. ကိုယ် ကွန်ပြူတာ ကို အားရပါးရ သုံးရ တောကမယ် ဆိုပြီး ဝမ်းသာ ခလေးလဲ မဟုတ်တော့ဘဲ တို. ဒီလောက် မမိုက် သင့်ပါဘူးနော်။ တို.ကိုတော. Kmsl က အိယောင်ဝါးလို. မပြောဘးူး။ မရို မသေ. (ချီးပါကာ နီးမှ ချီးတွင်း ရှာ တဲ.ကောင် )တဲ ဘယ်တော့ မှ မကြိုးစားဘုး။ ဒုတ်ခ ဖြစ် မှ ကြိုးစားတယ်တဲ။
ချစ်ခင်စွာဖြင်.
ဘဝတူတွေပါလား.. ချီးပါကာနီးမှ ချီးတွင်းလိုက်ရှာတဲ့ကောင်ချင်းတွေ့နေကြပြီ.
တွေ့ရတာ ဝမ်းသာပါတယ်။ဗျာ။
ကမောင်ရင်...ဘာလဲ။ ဘာလို့ ရယ်ချင်ရတာလဲ။ သစ်ရွက်လှုပ်လို့လား။ သစ်ရွက်လှုပ်လို့ ရယ်ရမယ့်အရွယ်လည်း မဟုတ်တော့ဘဲနဲ့။ ဒါဆိုရင် မောင်သာရစကားနဲ့ပဲ ငှားပြောတော့မယ်။
“လေတိုက်လို့သစ်ရွက်လှုပ်တာ... သစ်ရွက်လှုပ်လို့လေတိုက်တာ”။ ကျနော်ကတော့ “ပြုံးတတ်တယ်..ခေါင်းညိတ်တတ်တယ်”။ ကိုမောင်ရင်လည်း “ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လိုဘူး” လို့ ထင်ပါတယ်။ (ဟယ်...ပေါရဲလိုက်တာလို့ ထင်တော့မှာဘဲ ဟိ)
မသီတာ.....အတည်ပေါက်နဲ့ နောက်တယ်နော်။ ကျနော့်မှာ ဘာဘွဲ့လည်းလို့ အပြေးအလွှားစဉ်းစားလိုက်ရသေးတယ်။ မသီတာက လက်နဲ့ထိလိုက်တိုင်း ပစ္စည်းပျက်တတ်သူဆိုတော့ မပြင်တတ်တဲ့ ကျနော့်ထက်တော့ အပုံကြီးသာပါပေတယ်ဗျိုး။
မခင်ဦးမေ.... ရတနာရှိရာ ရတနာစု ပေါ့ဗျာ။း-)
Old habit die hard lay
Holiday ရာသီဆိုတော့ မနက်ကပဲ ရုံးမှာ စကားစုပြောနေကြတာ…
ဂျပန်သွားမယ့်သူ တရုတ်သွားမယ့်သူ ဟောင်ကောင်သွားမယ့်သူ… အားလုံးအထုတ်တွေ စပြင်ဆင်နေကြပြီတဲ့… မြန်မာပြည်ပြန်မယ့်သူကိုယ်က အထုတ်ပြင်ဖို့ ဝေး… အခွန်တောင်မဆောင်ရသေး… ရတနာရှိရာ ရတနာစုတော့ သတိမရဘူး… ဟိုဟာလေးပဲ သွားသတိရတယ်… ဂျိုကုတ်ရှိရာ ဂျိုထောင်မလာတဲ့… ဟိဟိ….
တင်………မှန်လိုက်လေ။
တန်ခူး….. ရှိသေးတယ်။ “သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့” ဆိုတာလေ။
Post a Comment