“သူဘယ်သူလဲ”

Share |
လူပြက်တဦး ပြက်လုံးထုတ်တာကို အမှတ်ရမိတယ်။

“ကဲ..ကဲ...။ စကားထာ ၀ှက်မယ်ဟေ့၊ မင်းတို့ ဖြေကြ။...သွားတော့ခွေခွေ နေတော့စင်းစင်း၊ ခေါင်းမုမင်း။.... အဲဒါဘာလဲ... ပြောကြစမ်း” တဲ့။

ပရိသတ် ပွဲကျသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူ့စကားထာထဲမှာ (ခေါင်းမု...ဆိုတဲ့) အဖြေပါသွားတာကိုး။ အဲဒီ လူရွှင်တော်ရဲ့ ပြက်လုံးကို အားကျလို့ ကျနော်လည်း မဖြစ်ညစ်ကျယ်နဲ့ ကိုယ့်ဘာသာ တီထွင်ထားတဲ့ ပဟေဠိလေးတခုကို စာဖတ်သူကို ဉာဏ်စမ်း မေးချင်လာတယ်။

လွယ်လွယ်လေးပါ။ ဗိုလ်ချုပ်ကျော်ဆန်းတို့၊ ၀န်ကြီးဦးသောင်းတို့လို နာလပိန်းတုံးတွေကို သွားမေးရင်တောင် အသာလေး ဖြေနိုင်မှာပါ။

အရင်ဖြေကြည့်ပါ။ စိတ်ထဲမှာ အရင်ဖြေကြည့်ပြီးမှ အောက်ဆုံးမှာပေးထားတဲ့ ကျနော့်အဖြေနဲ့ တူရဲ့လား တိုက်ကြည့်ပေါ့။ ကဲ....စပြီနော်။ ပဟေဠိခေါင်းစဉ်က “သူဘယ်သူလဲ” တဲ့။

“သူဘယ်သူလဲ”

ကျောက်ဆည်ဇာတိ
တပြည်လုံးသိ။

တိရိစ္ဆာန်ပမာ
ကျင့်ကြံလာ။

အောက်မှာလူများ
အလုပ်များ။

အတုအယောင်
အရေခြုံကောင်။

ဗလအားကိုး
တဇွတ်တိုး။

ဦးနှောက်မပါ
သူ့ခေါင်းမှာ။

ယနေ့ထက်တိုင်
မသေနိုင်။


ကဲ.....သူဘယ်သူလဲ။ ပြော။

“....................”

ဗျာ။ မကြားရဘူး။ ကျယ်ကျယ်လေး ပြောစမ်းပါ။

“.....................”

ဟာဗျာ။ ကြံကြံဖန်ဖန်၊ ပေါက်ပေါက်ရှာရှာ။ ခင်ဗျားတို့တော့ နိုင်ငံတော်အကြီးအကဲကို အရိုအသေတန်အောင် ပြုလုပ်မှုနဲ့ ထောင်ဒဏ် အနှစ်တထောင် ကျတော့မှာဘဲ။

ကျုပ်ပြောချင်တာက နှစ်စဉ် ကပြနေကျ “ကျောက်ဆည်ဆင်”။
မယုံရင် ဟောဒီပုံကို သွားကြည့်ပေါ့။



ကွန်မင့်ကဏ္ဍထဲမှာ ၀င်ရေးသွားတဲ့ ကိုမောင်ရင်ရဲ့ ကဗျာလေးကို အရမ်းကြိုက်လို့ ဒီမှာ ထပ်တင်ပေးလိုက်ပါတယ်။
အမှန်စင်စစ်..
ထိုဆင်ကြီးမှာ
အခွံသာရှိ အနှစ်နတ္ထိ
ဗလာကိုယ်တွင်း၊ တပါးခြေနင်း
လက်ထိုးသွင်းမှ၊ ခြေလက်ခေါင်းခါး
လှုပ်ရှားသက်ဝင် ၊ သဘင်သည်အလား
လူထုကြားမှာ ၊ အရေခြုံကာ သူ “က” စား၏။
ထိုအကနှင့် နာဠာဂီရိ
ကျောက်ဆည်ဆင်ကို
ကြောက်တယ်မထင်က
ပုဒ်ထီး ပုဒ်မ ပုဒ်လဒနှင့်
သင့်၏ဇာတာ မှေးမှိန်ရာတည့်
အသက်တစ်ရာမရှည်ရာလဲ
အနှစ် ရာထောင်မဲဇာမြိုင်တောနှင်စေသော(၀်)..
(ဤကဗျာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းထားသည့်ကျောက်ဆည်ဆင်အက ကို ဂုဏ်ပြုပါသည်)

17 comments:

peter kyaw said...

The best jokes of the year .

TZA said...

ပေါက်ပေါက်ရှာရှာကိုပေါရယ်..

ကျနော်ထင်တော့ထင်နေတယ်၊ ဒါကျောက်ဆည်ဆင်ကို ဝှက်တာနေမှာပါလို့.. ဟိဟိ..

နေနေ said...

ကိုပေါ ပဟေဠိခေါင်းစဉ် စဉ်းစားမိတာ ကံကောင်းလို့  ပဲဟင်းနဲ့  စားရတော့မလို့ . ..ကံသီပေလို့ ...ကျောက်ဆည်ဆင်ရယ်...

Ko Paw said...

ကိုပီတာ.... ဒါမျိုးလေးတွေ ကြိုက်တယ်ပေါ့လေ။

ကိုတီဇက်အေ....ဟိဟိ ဆိုတာက မရိုးသားဘူးနော်။ အကြည်ညိုပျက်မှုနဲ့ ပုဒ်မ တပ်လို့ရသေးတယ်နော။

နေနေ........ ပဲဟင်းမည်ကာမတ္တပါ။ အနှစ်တွေက ထောင်မှူးယူပြီး ရောင်းစားလိုက်တယ်။

s0wha1 said...

ကိုပေါ... ကိုပေါ။ လုပ်ချလိုက်ပြန်ပြီ။ :D

sin dan lar said...

ဟိဟိ လို့တောင်ရီရဲတော့ဘူး... အကြည်ညိုပျက်မှုဆိုလို့။
အထင်မှားနေသေးတယ် ။ ဗလအားကိုး ဆိုတော့ပြန်ပြီး တွေဝေသွားတယ်...သူက အိုမင်းမစွမ်းဖြစ်နေပါပြီ ဆိုပြီး..
အဲလေ..ငါဘာတွေပြောမိပါလိမ့်....သူဆိုတာ တို့အိမ်က အဖွားကိုပြောတာ..... ပေါက်ကရလျှောက်မတွေးနဲ့....ဟွန့်...ဒါပဲ

Ko Paw said...

s0wha1......စားလည်း ဒီစိတ်ကွယ်။ သွားလည်း ဒီစိတ်ကွယ်။ သူ့ကိုသာ စွဲလန်းမိတယ်။ ဆိုတဲ့ သီချင်းထဲကလိုပေါ့။း-)

ဆင်ဒဏ်လား.... အိမ်ကအဖွားလည်း မရဘူး။ ဒီပို့စ်မှာ ၀င်မှတ်ချက်ပေးကတည်းက အီလက်ထရောနစ်အက်ဥပဒေနဲ့ အကျုံးဝင်သွားပြီ....ဟိဟိ

pandora said...

မှတ်ချက်မပေးဘူး. လုံးဝ ၀င်မပါဘူး.. ဒါပဲ

M.Y. said...

အမှန်စင်စစ်..
ထိုဆင်ကြီးမှာ
အခွံသာရှိ အနှစ်နတ္ထိ
ဗလာကိုယ်တွင်း၊ တပါးခြေနင်း
လက်ထိုးသွင်းမှ၊ ခြေလက်ခေါင်းခါး
လှုပ်ရှားသက်ဝင် ၊ သဘင်သည်အလား
လူထုကြားမှာ ၊ အရေခြုံကာ သူ “က” စား၏။
ထိုအကနှင့် နာဠာဂီရိ
ကျောက်ဆည်ဆင်ကို
ကြောက်တယ်မထင်က
ပုဒ်ထီး ပုဒ်မ ပုဒ်လဒနှင့်
သင့်၏ဇာတာ မှေးမှိန်ရာတည့်
အသက်တစ်ရာမရှည်ရာလဲ
အနှစ် ရာထောင်မဲဇာမြိုင်တောနှင်စေသော(၀်)..

(ဤကဗျာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းထားသည့်ကျောက်ဆည်ဆင်အက ကို ဂုဏ်ပြုပါသည်)

Ko Paw said...

ပန်ဒိုရာ...... ဒီလိုရရိုးလား။ ၀င်မပါလည်း ဘေးကရပ်ကြည့်မှုနဲ့ စွဲလို့ရသေး၏။

ကမောင်ရင်...... ကောင်းလိုက်တဲ့ ကဗျာပါလားဗျိုး။ “ကျောက်ဆည်ဆင်ကို ကြောက်တယ်မထင်က...” ဆိုပါလား။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းထားသည့် ဆိုတဲ့ နာမ၀ိသေသနပုဒ်ကလေးလည်း ကြိုက်တယ်ဗျိုး။ ဦးပေါ်ဦးကိုတောင် ပြေးသတိရမိတယ်။
ခြင်္သေ့ကြီးတွေကတော့ကွာ......ဆိုပြီး ဘုရင့်အစီအမံနဲ့ ထွင်းထုထားတဲ့ ပန်းရန်လက်ရာ ခြင်္သေ့ရုပ်ကြီးတွေကို ရယ်သွမ်းသွေးမလို့ရှိတုန်း ဘုရင်က အကွယ်ကနေ သံလျက်နဲ့ထွက်လာပြီး....ပေါ်ဦး ဆက်ပြောစမ်း။ နင် ငါ့ခြင်္သေ့ရုပ်တွေကို ဘာအတင်းတုပ်မလို့လဲ....လို့မေးတော့......“မှန်ပါ။ ဘုန်းတော်ကြောင့် ဟိုဖက်ကမ်းကို ခုန်ကူးတော့မယ့်အတိုင်းပါဘဲဘုရား” ဆိုတာ ကျနေတာဘဲ။

kk said...

ko paw နှင့် ကိုမောင်ရင် တို့ရဲ့
ကဗျာတွေကိုခံစားသွားပါကြောင်း

Shweaung said...

ဟင်းးးးးးးးးးး...(သက်ပြင်းရှည်ချသံ)
တော်သေးတယ် ဆင်ကြီးကယ်ပေလို့

from sg said...

Very good poems of Ko Paw and Ko M.Y.

Ko Paw said...

ကေကေ….. အဖြေရော ညှိသွားဖြစ်သေးလား။

ကိုရွှေအောင်……… ဆင်ကြီးကယ်တာ ကြိုက်ရင် အောက်မှာ ဆင်နဲ့ ပတ်သက်သမျှ ချရေးပေးလိုက်တယ်။ အရေးကြုံရင် ယူသုံးလို့ရအောင်။

ဆင်ကန်းတောတိုး၊ ဆင်ကြံကြံ။ ဆင်ကြည့်ကြည့်။ ဆင်ဝှေ့ရန်ရှောင်။ ဆင်ခေါင်းခွေးမချီနိုင်။ ဆင်သေကို ဆိတ်သားရေနဲ့ဖုံး။ ဆင့်ပါးစပ်နှမ်းပက်။ ဆင်ဖြူတော်မှီ ကြံစုပ်။ဆင်ပြောင်ကြီးသွားရာ ဆင်မယဉ်သာ လိုက်ပါရမြဲ။ ဆင်လည်းဆင့်အထွာ ဆိတ်လည်းဆိတ်အထွာနဲ့။ ဆင်သွားရင်လမ်းဖြစ်။ ဆင်ကျီစားရာ ဆိတ်မခံသာ။ စိတ်ဆင်ရိုင်းကို ချွန်းနဲ့အုပ်။ ဆင်ပိန် ကျွဲလောက်။ ဆင့်ဟိုဒင်း ခွေးမျှော်။ ဆင်စီးပြီး မြင်းရံ။ အမြင်မတော် ဆင်တော်နဲ့ခလောက်။ ဆင်ဖိုးထက် ချွန်းဖိုးကြီး။ အိပ်လို့ရယ်မပျော် ဆင်အော်လို့မနိုး။

ဖရွန်မ်အက်စ်ဂျီ…… ကျေးဇူးပါဗျိုး။

Moe Cho Thinn said...

အနှစ် ၁၀၀၀ ကျလဲ ကျပါစေတော့..
တိရိစ္ဆာန်တော့ တိရိစ္ဆာန်ပါပဲလေ။

ကိုမောင်ရင့် ကဗျာလေးတော့ ကြိုက်ပါ့ရှင်။

Ko Paw said...

မမိုးချိုသင်း……. ရာဘင်ဒြာနတ်မောင်ရင်လေ။

sin dan lar said...

ကိုပေါ..
ပျောက်နေတာ အတော်ကြာ၊ စီပုံးလည်း မတွေ့လို့ ဒီလာပြောတာ...:P:P

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs