“ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့”

Share |

(အင်တာနက်ပေါ်က ဖတ်ဘူးတာလေးတခုကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။)


မောင်၊ ညီမလေးတို့ရေ....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။

ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။

တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။

ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့သတဲ့ကွယ်။

အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။

ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ သူ့ကို ၀ိုင်း “သမ” ကြသတဲ့။ (ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)

အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။

ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ ၀ါသနာပါပုံရတယ်ကွဲ့။)

အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။ စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။

********************************************************************

ကလေးတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့ မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။ သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။ ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့် အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့ကွယ်။

ကဲ.....ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။

မောင်၊ညီမလေးတို့ရေ……အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို (ဟဲဟဲ….မမတို့ရဲ့ မြန်မာဘလော့ဂါလောကကြီးမှ အပဖြစ်တဲ့) လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလားကွယ်။

"Only two things are infinite: The universe and human stupidity. And I am not so sure about the former." -Albert Einstein

10 comments:

pandora said...

အနော်တိတာကတော့ ကိုပေါဆီလာလာဖတ်ရင် ကွန်မန့်တခုခုတော့ ဘာပဲဖြစ်ဖြစ် ထုနှက် ရေးသွားရတယ်ဂျ။ (တကယ်က ဆီပုံးမရှိလို့) ဟီး.. ဒါကနောက်တာ။

ကြားဖူးတဲ့ လက်တွေ့စမ်းသပ်ချက်က တခြားအကောင်တွေနဲ့။ ကြွက်ကလေးတွေလား မသိပါဘူး။ မျောက်ကတော့ အခုမှ ဖတ်ဖူးတယ်။ ဒီဥပမာလေးက လက်ရှိအခြေအနေကို ထင်ဟပ် ပီပြင်ပါပေတယ်။ (ဘာအခြေအနေလဲလို့ ဆက်မမေးနဲ့ နိုင်နံရေးတွေ ပြောရဲဝူး.)

ATN said...

မျောက်တွေကိုတော့ မသိဘူးဗျ။ ရေခဲရေဖြန်းတဲ့ ငတိတွေကိုတော့ ကောင်းကောင်း သိပါရဲ့။

mgphonemyint said...

အင်း လူနဲ.မျောက်နဲ့ က ဒီနေရာမှာ.....
တော်တော် တူနေပါလားဗျာ...
ဘုမသိ၊ ဘမသိ နှင်. ဝိုင်းသမနေကြတာပဲ

Ko Boyz said...

ဆိုင်တော့ မဆိုင်ပါဘူး..။ ကျွန်တော်လဲ ကိုပေါဆီမှာ စီပုံး မထားလို့ ဒီထဲ လာအော်သွားတယ်..။ အော့ဖ်တော့ပ်ပ်ပစ်က်ပါဗျာ..။
Firefox Version ၃.၀ ကို အထက်က လင့်ခ်မှ ဒေါင်းလုဒ် လုပ်ယူနိုင်ပါပြီ...။ မြန်မာစာံတော်ချိန် ည ၁၁း၃၀ နာရီမတိုင်မီ ဒေါင်းလုဒ်လုပ်ပေးပါ...။ http://www.mozilla.com/en-US/firefox/?p=downloadday

Anonymous said...

အမှန်ကမျောက်တကောင်ငှက်ပျောသီးယူနေတုန်း ကျန်တဲ့မျောက်တွေ ရေအေးဒဏ်အောင့်ခံလိုက်ရင် အားလုံးဗိုက်ဝပြီး ပွဲပြီးသွားမှာ။။။ခုအခြေအနေကမျောက်ဟောင်းနဲ့မျောက်သစ်ရောနေတုန်းဆိုတော့အချင်းချင်းထုနှက်နေမဲ့အစားမျောက်ဟောင်းတွေသမိုင်းကိုရှင်းပြစည်းရုံးကြဖို့လိုပြီ။။။နို့မို့ငှက်ပျောသီးနဲ့တသက်ဝေးလိမ့်မယ်။။။

Anonymous said...

ကိုပေါ......
ဘလော့ဂါ ၅ကောင်..အဲ မှားလို့ ..မျောက် ၅ကောင် အကြောင်းလေးက ဖတ်လို့ ကောင်းတယ်ဗျ...။။

Anonymous said...

ဒီမျောက်တွေမှာ...အချင်းချင်း ဖဲ့ ရမယ်ဆို တာ...အစွဲဖြစ်နေပြီဗျ....အဲဒီ မျောက်၅ကောင်ကို အပြင်ခေါ်ထုတ်ပြီး....ကိုပေါ..ဘလော့ ၅ခု ဖွင့်ပေးလိုက်ပါလား...။

Ko Boyz said...

အေးဆေးနေပါရစေ သားရယ်...။ ဘဘတို့ အေးချမ်းစွာပဲ နေချင်ပါတယ်..။ (ခေါက်ရိုးကျိုးနေသော အသံ၊ အသားကျနေသော အသံ...။) :D

Anonymous said...

ယောက်ခမကြီးကို ရန်မရှာစေရပါဘူးလို့ ...သားတာဝန်ယူပါတယ်...။
(ယောက်ခမကို ရိုသေသည့် အသားကျနေသောအသံ)..ဟိ။

Doughnut IO said...

ကျွန်တော်ဘလော့ဂ်စရေးခါစက အစဉ်အလာကို တော်လှန်ခြင်း ဆောင်းပါးကို ဒီပုံပြင်နဲ့ ဖွင့်ခဲ့တယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs