“မွေးနေ့ဆုတောင်း”

Share |



မွေးနေ့ဆုမွန်......။လွတ်လပ်ပြီး ဒီမိုကရေစီစနစ်ထွန်းကားတဲ့ အမိမြန်မာနိုင်ငံမှာ ကျနော်တို့အားလုံး ချစ်မြတ်နိုး လေးစားကြည်ညိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တယောက်ကို သားငယ်၊ မြေးငယ်တို့နဲ့အတူတကွ ကျန်းမာပျော်ရွှင်လန်းစွာ အမြန်ဆုံး မြင်တွေ့ရစေ ကြောင်း မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
မွေးနေ့လက်ဆောင်.......။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်ကို စဉ်းစားတဲ့အခါ အကောင်းဆုံးလက်ဆောင်တခုကို စဉ်းစားမိတယ်။ အဲဒါကတော့ မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြိုးစား သွားခြင်းဟာ အကောင်းဆုံးမွေးနေ့လက်ဆောင်ဘဲ လို့ သဘောရတယ်။
သန္နိဋ္ဌာန်.......။ အသက်ရှင်သန်နေသရွေ့တော့ မြန်မာ့ဒီမိုကရေစီအရေးအတွက်၊ လူ့အခွင့်အရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်တိုက်ပွဲဝင်သွားဘို့ ဆုံးဖြတ်လိုက်တယ်။

(ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့် မွေးနေ့ အမှတ်တရ)

4 comments:

Anonymous said...

အမှတ်တရ...၆၃

မတွေ့သော်လဲ...
အမေ့သွင်ပြင်
အမြဲမြင်သည်။

မပြောသော်လဲ....
အမေ့စကား
အမြဲကြားသည်။

ဒါပေမယ့်...
တာဝန်မကျေသေးတာမို့
ခွင့်မလွှတ်ပါနဲ့အမေ...။

ထနောင်း

တန်ခူး said...

ကိုပေါရေ…အတူဆုတောင်းသွားပါတယ်….

ကောင်းကင်ကို said...

မွေးနေ့ ဆုတောင်းလေး ဖတ်သွားတယ်အစ်ကို ။ အစ်ကို့ သန္နိဋ္ဌာန် ကိုလည်း နှစ်သက်အားကျမိတယ်ဗျာ။

လူသစ် said...

သူဆုတောင်းပေးတဲ့အတိုင်းပါပဲ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs