“တတ်လဲ တတ်နိုင်ကြပါပေတယ်”

Share |
လမ်းလျှောက်သွားစဉ် လမ်းဘေးမှာ ပိုက်ဆံထိုင်တောင်းနေတဲ့ အဘိုးအိုကို ဂရုဏာသက်ပြီး ငွေစ အနည်းငယ် စွန့်ကြဲခဲ့ဘို့ လူတိုင်းလိုလို တတ်နိုင်ကြပေမယ့်............

ဘောင်းဘီတို၊ စွပ်ကျယ်စုတ် ၀တ်ပြီး ချေးလက်လေးသစ်နဲ့ မြွေရေခွံအိတ်တလုံးလွယ် အမှိုက်ကောက်နေတဲ့ ကလေးငယ်ကိုတော့ အိမ်ရှေ့မှာ ခဏတဖြုတ်လာရပ်ရင်တောင် သံသယမျက်လုံးနဲ့ကြည့်ပြီး မောင်းထုတ်ပစ်ကြ တတ်တယ်။

********************************************************************

အဟောအပြောကောင်း၊ ကိုးကွယ်သူ တပည့်တပန်းမရှား၊ ဂုဏ်သတင်းကျော်စောတဲ့ ဆရာတော်ကို ငွေကြေးထောင်သောင်းချီ လှူဒါန်းတတ်ကြပေမယ့်.....

ရပ်ကွက်ထဲက မထင်မရှားကျောင်းငယ်လေးမှာ ဆွမ်းကွမ်းချို့ငဲ့စွာ သတင်းသုံးနေရရှာတဲ့ ဘုန်းကြီးတပါး အိမ်ရှေ့ဆွမ်းလာရပ်ရင်တော့ “ကန်တော့ဆွမ်းပါဘုရား”ဆိုတဲ့စကားကို လွယ်လွယ်ကူကူ ပြောထွက်တတ်ကြတယ်။

(ရာထူးတက်လမ်းသက်သက်အတွက် နာမည်ကြီး ဆရာတော်တွေကို ဆရာမွေးတဲ့ တကာတွေ အများကြီးတွေ့ဘူးတယ်။ သူ့ညွှန်ချုပ်က ဆရာတော်ကို ဆွမ်းပင့်ဖိတ်ကျွေးချင်တဲ့ အတွက် တပည့်ရင်းဖြစ်တဲ့ သူ့ဆီကနေတဆင့် လျှောက်ထားပေးဘို့ အကူအညီ အတောင်းခံရတဲ့အကြောင်း၊ အဲဒီအတွက် မျက်နှာသာ အပေးခံရတယ်ဆိုတဲ့အကြောင်းတွေကို ပီတိတလှိုင်လှိုင်နဲ့ ပြောကြားနေတဲ့ ကျောင်းနေဖက် တယောက်ရဲ့ ဖခင်ကို တွေ့ခဲ့ရဘူးတယ်။)

********************************************************************

ပစ္စည်း၊ ဥစ္စာ၊ အာဏာရှိသူ လူတဦးကို ဝေဖန်လာခဲ့ရင် ကိုယ့်ထမင်းကိုယ်စားနေရာက ဆတ်ဆတ်ထိမခံ ကြားက၀င်ရောက် ကာကွယ်ပေးလိုကြပေမယ့်......

ပစ္စည်းဥစ္စာမဲ့၊ အာဏာမဲ့ လူတယောက် မတရားဖိနှိပ်ခံ နေရတဲ့ ကိစ္စမှာတော့ မသိကျိုးကျွန်ပြုကာ မျက်နှာလွှဲခဲပစ် နေတတ်ကြတယ်။

( ပြည်သူပြည်သား တွေရဲ့ အခြေခံလူ့အခွင့်အရေးကို ပိတ်ပင်တားမြစ်ပြီး၊ နိုင်ငံရေး အတိုက်အခံတွေကို ရက်ရက်စက်စက် မတရား နှိပ်ကွပ်တတ်တဲ့ လီကွမ်းယူ လို အာဏာရှင် တယောက်ကို ချီးကျူးအမွှန်းတင်ပေးကြဘို့ ၀န်မလေးကြပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည် နည်းတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးနေတဲ့ ဒေါက်တာချီဆွမ်းဂျွမ်လို လူမျိုးကိုတော့ စင်္ကာပူအစိုးရထိန်းချုပ်ထားတဲ့ မီဒီယာတွေရဲ့ တဖက်သတ် ၀ါဒဖြန့်မှု သက်သက်ကိုဘဲ နားထောင်ပြီး “ရူးမိုက်သူ၊ အစွန်းရောက်သူ”လို့ တလွဲ ကောက်ချက်ချ ပေးနေသူတွေကို တွေ့နေရတယ်။ Double Standard? ။ ဒါမှမဟုတ် ဘယ်အစိုးရတက်တက် ထမင်းဝရင် တော်ပါပြီ ဆိုတဲ့ ထမင်းစားရုံသက်သက် လူဖြစ်လာတဲ့ လူညံ့တွေရဲ့ ခံယူချက်မျိုးကြောင့်လေလား။)

********************************************************************

ဒုက္ခရောက်နေသူကို ကူညီဘို့အတွက် လူမှုရေးသက်သက်လို့ ယူဆနိုင်တဲ့ ကိစ္စမျိုးမှာ တက်ကြွစွာ ပါဝင်ဘို့ ၀န်မလေးကြပေမယ့်........

အဲဒီဒုက္ခရဲ့ ရင်းမြစ်ကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မယ့် နိုင်ငံရေးဆန်သော လှုပ်ရှားမှုမျိုးကိုတော့ “တီကို ဆားနဲ့တို့သလို” တွန့်ကနဲဖြစ်ပြီး ဝေးဝေးနေတတ်ကြတယ်။
(ပြောသေးတယ်။ ဒို့က နိုင်ငံရေး ၀ါသနာမပါဘူး..တဲ့။ နိုင်ငံရေးဆိုတာ တင်းနစ်ရိုက်သလို၊ စွန်လွှတ်သလို၊ ရေကူးသလို ၀ါသနာအလျောက် လိုက်စားရတဲ့ အရာမျိုးလို့ မှတ်ယူကြဟန်တူပါရဲ့။ အင်း... ကမြင်းပိုးထပြီး နိုင်ငံရေးလုပ်နေကြတယ်လို့ ယူဆတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။)

********************************************************************

တော်လှန်ရေးခရီးစဉ်အတွင်း အားနည်းနေချိန်မှာ နောက်ကွယ်မှာ ပုန်းလျှိုနေတတ်ကြ ပေမယ့်......

အားသာတော့မယ်လို့ ယူဆရတဲ့အချိန်မှာတော့ ရှေ့ကို အလျှိုလျှို အပြေးအလွှား ထွက်လာတတ်ကြတယ်။

(ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ ပွဲပြီးတော့မယ်ထင်လို့ အပြေးအလွှား ကော်ဇော လာခင်းသူတွေကို တထိုင်တည်းနဲ့ အများကြီးတွေ့လိုက်ရတယ်။ အခုတော့ အဲဒီ မောင်မင်းကြီးသားများ နောက်ကွယ်မှာ အသာပြန်လျှိုပြီး အရိပ်အခြေ ကြည့်နေကြလေရဲ့။ )

********************************************************************

အမှန်တရားဘက်မှာ ရပ်တဲ့လူ အရေအတွက်နည်းနေခဲ့ရင် ဒိုင်လူကြီးလုပ်ပြီး ကြားနေဘို့ကို ပိုမိုအားသန်တတ်ကြတယ်။

(မြင်းကျားရဲ့ ခန္ဓာကိုယ်ပေါ်က အစင်းတွေလို အဖြူနဲ့ အမဲ ထင်ရှားစွာ ပြတ်သားနေပါလျက် Grey Area တွေ များတယ်ဆိုပြီး ရူးချင်ယောင်ဆောင်တတ်တဲ့ ပညာတတ်လူတန်းစားကလည်း ရှိသေးတယ်။)

********************************************************************

အခုတလော အဲဒီလူတွေက မေတ္တာတရားအကြောင်း၊ ဂရုဏာတရားအကြောင်း၊ သစ္စာတရားအကြောင်းတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောနေ၊ ဆိုနေသံ နားလျှံအောင် ကြားနေရပြန်ပြီ။

23 comments:

Anonymous said...

You are right. I'm fed up with such kind of people. But they are everywhere and we cannot avoid :(

ကလူသစ် said...

တော်တော်လုပ်နေပါလား။ အားပေးတယ်ဗျို့

တန်ခူး said...

ကိုပေါရေ...နောက်မြားအစင်းပေါင်းများစွာ...

Anonymous said...

(ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ ပွဲပြီးတော့မယ်ထင်လို့ အပြေးအလွှား ကော်ဇော လာခင်းသူတွေကို တထိုင်တည်းနဲ့ အများကြီးတွေ့လိုက်ရတယ်။ အခုတော့ အဲဒီ မောင်မင်းကြီးသားများ နောက်ကွယ်မှာ အသာပြန်လျှိုပြီး အရိပ်အခြေ ကြည့်နေကြလေရဲ့။ )
ဟို...ဝိုင်အိုင်တီကကျောင်းဆရာဟောင်းတဦးကိုပြေးမြင်မိတယ်
နောက်ဆုတ်အခြေအနေကြည့်ရုံတင်ဘယ်ကမလဲ စစ်အစိုးရရဲ့အောချဒ်မှာလုပ်တဲ့ လွတ်လပ်ရေးနေ့ပွဲမှာ ဇနီးက ပုဝါချ ၊သမီးက စင်ပေါ်မှာကလို့ ..သြော် သူတို့ခင်းခဲ့ဖူးတဲ့ကော်ဇောလေးအသာပြန်လိပ်လို့ တတ်လဲတတ်နိုင်ကြပါပေတယ်။


(မြင်းကျားရဲ့ ခန္ဓာကိုယ်ပေါ်က အစင်းတွေလို အဖြူနဲ့ အမဲ ထင်ရှားစွာ ပြတ်သားနေပါလျက် Grey Area တွေ များတယ်ဆိုပြီး ရူးချင်ယောင်ဆောင်တတ်တဲ့ ပညာတတ်လူတန်းစားကလည်း ရှိသေးတယ်။)

အင်း...ဒေါက်တာ တင်မောင်မောင်သန်းကို ပြေးမြင်မိသေးတော့။
သူက ဒိုင် တောင်မဟုတ်ဘူး။ နာဂစ်ကြောင့် အလယ်ခွထိုင်ဖို့ ခြံစည်းရိုးပြိုသွားကတည်းက နအဖ ခြံထဲလုံးလုံးဆင်းသွားတဲ့ ဘွတ်အဲ...အဲလေ(ယောင်လို့) သူဘဲ...

ခင်မင်းဇော် said...

ဟုတ်လိုက်လေ ကိုပေါရေ..
အကောင်းစားလေး လီယိုနာဒို ကိုပေါက အကောင်းစားပို့စ်တွေလဲ ရေးတတ်ပါပေ့... ဒီပို့စ်ကို ကျမကတော့ ဘ၀နဲ့ ရင်းပြီးကို ထောက်ခံပါတယ်ဗျို့..

Ye said...

We better think about what we doin' today? This post also reveals what are we? Keep on Ko Paw.

Anonymous said...

ဆိုလိုရင်း သဘောတရားလေးတွေက တော့ ကောင်းတယ်ဗျာ။ ပြောချင်တဲ့ ဖြစ်စေချင်တဲ့ ဆန္နလေးကို အများမြင်အောင် ဥပမာလေးတွေပြပြီးရှင်းပြထားတာ လိုက်ဖက်ပါတယ်။ ဒီ ဥပမာပေးတာလေး တစ်ခုက လွဲလို့ပေါ့
"(( ပြည်သူပြည်သား တွေရဲ့ အခြေခံလူ့အခွင့်အရေးကို ပိတ်ပင်တားမြစ်ပြီး၊ နိုင်ငံရေး အတိုက်အခံတွေကို ရက်ရက်စက်စက် မတရား နှိပ်ကွပ်တတ်တဲ့ လီကွမ်းယူ လို အာဏာရှင် တယောက်ကို ချီးကျူးအမွှန်းတင်ပေးကြဘို့ ၀န်မလေးကြပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည် နည်းတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးနေတဲ့ ဒေါက်တာချီဆွမ်းဂျွမ်လို လူမျိုးကိုတော့ စင်္ကာပူအစိုးရထိန်းချုပ်ထားတဲ့ မီဒီယာတွေရဲ့ တဖက်သတ် ၀ါဒဖြန့်မှု သက်သက်ကိုဘဲ နားထောင်ပြီး “ရူးမိုက်သူ၊ အစွန်းရောက်သူ”လို့ တလွဲ ကောက်ချက်ချ ပေးနေသူတွေကို တွေ့နေရတယ်။ Double Standard? ။ ဒါမှမဟုတ် ဘယ်အစိုးရတက်တက် ထမင်းဝရင် တော်ပါပြီ ဆိုတဲ့ ထမင်းစားရုံသက်သက် လူဖြစ်လာတဲ့ လူညံ့တွေရဲ့ ခံယူချက်မျိုးကြောင့်လေလား။))”

အဲဒီဥပမာ ကတော့ မကြိုက်ပါဘူး၊ ဒေါ်စုကြည်ဟာ ပရမ်းမတာ ပြောမှုဆိုမှု၊ သွားမှု လာမှုတွေ ကြောငိ့် အရေးယူခံနေရတာပါ။
""(အခုတလော အဲဒီလူတွေက မေတ္တာတရားအကြောင်း၊ ဂရုဏာတရားအကြောင်း၊ သစ္စာတရားအကြောင်းတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောနေ၊ ဆိုနေသံ နားလျှံအောင် ကြားနေရပြန်ပြီ။)""
ကိုပေါက အဲဒီ မေတ္တာ၊ဂရုဏာ၊သစ္စာတရား အကြောင်းတွေ လူတွေ ပြောနေတာ ကို အပြစ်တင်တဲ့ လေသံပါလား၊ လောကကြီးမှာ လိုနေတာ အဲဒီ ၃ခုပဲ မဟုတ်လား။ ပို့စ်တစ်ခုလုံး ဖတ်လို့ကောင်းခဲ့သမျှ နောက်ဆုံး စာကြောင်းဖတ်လိုက်ရမှ တမျိုးဖြစ်သွားတယ်၊ :P

Anonymous said...

ဒေါ်စုကြည်ဟာ ပရမ်းမတာ ပြောမှုဆိုမှု၊ သွားမှု လာမှုတွေ ကြောငိ့် အရေးယူခံနေရတာပါ။

Oh my god! Mr.Mg Lan Thit --- Daw Su don't even have chance to go out her house. How come u insist it? Very unfair and silly comment.

khayayphyu

Anonymous said...

ကိုပေါက အဲဒီ မေတ္တာ၊ဂရုဏာ၊သစ္စာတရား အကြောင်းတွေ လူတွေ ပြောနေတာ ကို အပြစ်တင်တဲ့ လေသံပါလား၊ လောကကြီးမှာ လိုနေတာ အဲဒီ ၃ခုပဲ မဟုတ်လား။

They are talking is not from their heart mah. All are pretend, show off one. Everybody know that, why u dnt know or -------- u also pretend don't know?

khayayphyu

Anonymous said...

ဒေါ်အောင်ဆန်းစုကြည် နည်းတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးနေတဲ့ ဒေါက်တာချီဆွမ်းဂျွမ်လို လူမျိုးကိုတော့ စင်္ကာပူအစိုးရထိန်းချုပ်ထားတဲ့ မီဒီယာတွေရဲ့ တဖက်သတ် ၀ါဒဖြန့်မှု သက်သက်ကိုဘဲ နားထောင်ပြီး “ရူးမိုက်သူ၊ အစွန်းရောက်သူ”လို့ တလွဲ ကောက်ချက်ချ ပေးနေသူတွေကို တွေ့နေရတယ်။

Ko Paul --
I don't agree it. Can't compare Daw Su & Dr. Chee. Leekwanyu can approve how he build singapore, but Dr.Chee can't. He is clever man, but not smart. Also he kicked off his party leader and take over.Most of singaporean agree he is over sided. Daw Su is most of Myanmar pp like her.She never kick off anybody to take over, is different.

khayayphyu

ကိုပေါ said...

ခရေဖြူ………အခုလို စိတ်ဝင်တစား မှတ်ချက်ဝင်ရေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ပါတီခေါင်းဆောင် မစ္စတာ ချမ်စီတုံးကို ဒေါက်တာချီကနေ ကန်ထုတ်လိုက်တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ စင်္ကာပူက အစိုးရသတင်းစာတွေနဲ့ ချမ်စီတုံးအပြောသက်သက်ကို နားထောင်ဆုံးဖြတ်ရင် တရားမယ်မထင်ပါဘူး။ ဒေါက်တာချီ တို့ရဲ့ ပါတီက အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းထားတာကို ဖတ်ပြီးမှ ကိုယ့်ရဲ့ ထင်မြင်ချက်ကို ပုံဖော်ရင် ပိုမို မျှတမယ်လို့ ထင်ပါတယ်။ အောက်ဆုံးမှာ သူတို့ပါတီက ဖြေရှင်းချက်ကို အင်္ဂလိပ်လို မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။

လီကွမ်းယူက စင်္ကာပူကို တည်ဆောက်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ပြီး ဒေါက်တာချီမှာ သက်သေပြစရာမရှိဘူးလို့ပြောနေတာဟာလည်း နအဖက (ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့) အတိုက်အခံတွေ တိုင်းပြည်ကို မအုပ်ချုပ်နိုင်ဘူးလို့ ပြောနေတာနဲ့ တထေရာတည်းပါဘဲ။ ဘယ့်နှယ့် ပေးတောင်မအုပ်ချုပ်ရသေးဘူး။ အပြစ်တင်တာက အရင်။ ဆန္ဒမစောလွန်းဘူးလား။

လီကွမ်းယူကြောင့် စင်္ကာပူ တိုးတက်ကြီးပွားလာတယ်ဆိုတာကလည်း ပီအေပီရဲ့ ၀ါဒဖြန့် ယန္တရားကြောင့် လူတွေ အထင်မှတ်မှားနေကြတာပါ။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ လွတ်လပ်ရေးရလာတဲ့နိုင်ငံအများအပြားမှာ မည်သည့်စနစ်နဲ့ အုပ်ချုပ်သည်ဖြစ်စေ ပြည်တွင်းစစ်ဖြစ်တဲ့နိုင်ငံ၊ တံခါးပိတ်ဝါဒ ကျင့်သုံးနဲ့ သဘာဝဘေးဒဏ် ခံရလွန်းတဲ့ နိုင်ငံတွေကလွဲလို့ တခြား နိုင်ငံတိုင်းလိုလို စင်္ကာပူနည်းတူ တိုးတက်ဖွံ့ဖြိုးလာတာ တွေ့ရပါတယ်။ ဥပမာ ဟောင်ကောင်၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ ယိုးဒယား၊ မလေးရှား စသည်။ အဲဒီမှာ လီကွမ်းယူရဲ့ နောက်ထပ် ဖြီးလုံးတခုကျန်သေးတယ်။ “စင်္ကာပူက သေးသေးလေး။ ဘာသယံဇာတမှ မထွက်ဘူး။”…..တဲ့။ အဲဒါကို တိုးတက်အောင်လုပ်နိုင်တယ်ဆိုတာလေ။ ရုတ်တရက်ဆိုရင် ဟုတ်သလိုလိုပေါ့။ တကယ်တော့ စင်္ကာပူဟာ ဘာသယံဇာတမှ ထွက်တာ မဟုတ်ပေမယ့် ကမ္ဘာ့အထင်ရှားဆုံး ရေကြောင်းအချက်အချာကျတဲ့ (Three Major Waterways) နေရာသုံးခုထဲက တခုဖြစ်တဲ့ မလက္ကာရေလက်ကြားရဲ့ ထိပ်ဝနားမှာ အချက်အချာကျကျ တည်ရှိနေပါတယ်။ ရန်ကုန်မြို့လယ်ခေါင်က ဆယ်ပေပတ်လည် တိုက်ခန်းကလေးဟာ ဟိုးတောကြိုအုံကြားက စိုက်လို့ပျိုးလို့ရတဲ့ မြေကွက်အကျယ်ကြီးထက် ပိုပြီး စီးပွားဖြစ်သလိုပေါ့။ နောက်ပြီး သူ့မှာ သယံဇာတ မထွက်တဲ့အတွက် ပြည်ပရင်းနှီးမြုတ်နှံမှုအပေါ်မှာဘဲ ဘယ်အစိုးရတက်တက် မလွှဲမရှောင်သာ အားကိုးရမှာဖြစ်တယ်။ အဲဒါဆိုရင် အဲဒီနိုင်ငံစီးပွားရေးဟာ တိုးတက်မှာဘဲ။ ဒီအချက်ကို လီကွမ်းယူက ဖုံးကွယ်ပြီး သူလုပ်ပေးလို့ တိုင်းပြည်တိုးတက်သယောင်ယောင် သူချုပ်ကိုင်ထားတဲ့ မီဒီယာတွေကနေ နေ့စဉ်နဲ့အမျှ လူတွေ ခေါင်းထဲကို သွင်းပေးနေတယ်။ သတိပြုရမှာက လီကွမ်းယူ မရှိဘဲ၊ လီကွမ်းယူလို အာဏာရှင်စနစ်ကို မကျင့်သုံးဘဲ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး စင်္ကာပူထက်ပိုမိုတိုးတက်တဲ့ ဟောင်ကောင် ဥပမာကိုဘဲ။ အရွယ်အစားကလည်း သိပ်မကွာဘူး။ ဒီတော့ လီကွမ်းယူမရှိရင် မတိုးတက်နိုင်ဘူးဆိုတာ အလကားသက်သက် ဖြီးလုံးဆိုတာ ထင်ရှားမလာပေဘူးလား။

ဒါဆို လီကွမ်းယူရဲ့ အောင်မြင်မှုကဘာလဲ။ အခုနောက်ဆုံး တရားခွင်မှာ ဒေါက်တာချီက အဲဒီမေးခွန်းကိုဘဲ လီကွမ်းယူကိုမေးတော့ “တို့အာဏာ ရလာတုန်းက တိုင်းပြည်ဘဏ္ဍာက စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ လောက်ဘဲ။ အခု ဘီလီယံ ၃၀၀ လောက်ရှိတယ်” လို့ လီကွမ်းယူ ပြန်ဖြေတယ်။ သနားဘို့ ကောင်းပါဘိတော့။ တိုင်းပြည်တပြည်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို ငွေကြေးတခုတည်းနဲ့ တိုင်းတာတဲ့ ခေါင်းဆောင်ဟာ ဘယ်လောက် ဦးနှောက်မရှိတဲ့ ခေါင်းဆောင်လဲ။ အခုဆိုရင် သူတို့ သတင်းစာတွေရဲ့ စစ်တမ်းအရကို စင်္ကာပူက လူငယ်တွေရဲ့ ထက်ဝက်လောက်က အခွင့်သာရင် စင်္ကာပူကနေ ခွာပြေးချင်နေကြတယ်။ နိုင်ငံတည်ဆောက်ရာမှာ ပါဝင်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ သန့်ရှင်းရေးအလုပ်သမားဖြစ်နေကြတယ်။ ဘယ်လောက် ဂုဏ်ယူစရာ၊ အားကျစရာ ကောင်းတဲ့ အောင်မြင်မှုလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့။

သက်ကြီးရွယ်အိုတွေ သူတို့ရရမယ့် စီပီအက်ဖ်လို့ခေါ်တဲ့ စုဆောင်းငွေတွေကို ပြန်ပေးရမယ့်အချိန်မှာ ပြန်မပေးဘဲ ထုတ်ယူလို့ရတဲ့ အသက်အရွယ်ကို တဖြည်းဖြည်း နောက်ဆုတ်နေတာ၊ နောက်ပြီး HDB flat တွေကို မတန်တဆ ဈေးနဲ့ အဲဒီစီပီအက်ဖ်ထဲကငွေနဲ့ ပေးဝယ်ရတာ၊ နိုင်ငံတကာမှာ ရင်းနှီးမြုတ်နှံသမျှ ပြည်သူ့ဘဏ္ဍာတွေ အချီကြီး ပလုံသွားတာတွေ၊ ၀န်ကြီးတွေ ကိုယ့်ကိုယ်ကို တခါမှ မကြားဘူးတဲ့ အဆမတန် လစာတွေ ချီးမြှင့်ပြီး သက်တော်ရှည်ဘိုးဘိုးကြီး လုပ်နေတာတွေ၊ ပြည်သူလူထု နားမျက်စိကို ပိတ်ထားတာတွေ၊ အခွင့်အရေးတွေကို ချုပ်ချယ်တာတွေ၊ ပြည်သူ့ဘဏ္ဍာတွေရဲ့ စာရင်းအင်းကို အပြင်လူဘယ်သူ့ကိုမှ ပေးမသိတာတွေ (ငွေတွေရော ပြောသလောက် ကျန်သေးရဲ့လားမသိ)၊ တရားစီရင်ရေးကို ကိုယ့်စိတ်ကြိုက် ထိန်းချုပ်ပြီး အတိုက်အခံတွေကို မတရား နှိပ်ကွပ်တဲ့နေရာမှာ သုံးတာတွေ၊ ရွေးကောက်ပွဲမှာ အမြဲတမ်း အာဏာရပါတီက နိုင်နေအောင် မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြီး တဘက်သတ် အုပ်ချုပ်နေတာတွေဟာ ပြောလို့ကုန်မယ်မထင်ပါဘူး။ (ဒီအကြောင်းတွေကို စင်္ကာပူက စနစ်ဆိုရင် အရမ်းကောင်းတယ်လို့ တဖက်သတ် အထင်ကြီးနေတဲ့ ဗမာတွေကို သိအောင် ပို့စ်သတ်သတ်ရေးပြရဦးမယ်။ ဗမာကတော့ ငရဲက လာတဲ့လူ ပြာပူမကြောက်ဆိုတော့ မြင်သမျှ အကောင်းထင်တာ မဆန်းဘူး။ ဒါပေမယ့် အခြေအနေပေးလို့ ကိုယ့်နိုင်ငံကို စနစ်ပြောင်းလဲယူတဲ့အခါ စင်္ကာပူစနစ်ကို အဟုတ်ထင်ပြီး ကျင့်သုံးမိမှာ စိုးရိမ်ရတယ်။)

နောက် ခရေဖြူက ဒေါက်တာချီဟာ တော်ပေမယ့် စမတ် မဖြစ်ဘူးလို့ ဆိုထားတယ်နော်။ ဒေါက်တာချီဟာ တကယ်လို့သာ ချမ်စီတုံးတို့ Mr. Low တို့လို အပျော့လမ်းကိုသာ လိုက်ခဲ့မယ်ဆိုရင် ဟိုနှစ်ယောက်ထက် ပိုအောင်မြင်မယ်ဆိုတာကို အခုနောက်ဆုံး လီကွမ်ယူကိုယ်တိုင် ပါးစပ်က ဖွင့်ဟ ၀န်ခံရတယ်မို့လား။ ဒါပေမယ့် ဒေါက်တာချီကလည်း ဒေါ်အောင်ဆန်းစုကြည်လိုဘဲ ကိုယ်ကျိုးမကြည့်တဲ့သူ။ သူ့ရဲ့ ပန်းတိုင်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး။ ပါလီမန်မှာ နေရာရရေးမဟုတ်။

အဓိက က ဒေါက်တာချီ ကို ဝေဖန်နေတဲ့သူတွေဟာ ဒေါက်တာချီရဲ့ လမ်းစဉ်ဟာဘာလဲ။ သူဘာတွေ လုပ်နေလဲ။ ဘာအတွက် လုပ်နေသလဲ။ တကယ်တမ်းကြတော့ သူတို့ ဘာမှ သိတာမဟုတ်ဘူး။ သူ့စာအုပ်တွေကို ဖတ်ဘူးသလားမေးရင် ရယ်စရာကောင်းတာက ဘယ်သူမှ မဖတ်ဘူးကြဘူး။ သူ့အပေါ် ထားတဲ့ ထင်မြင်ချက်မှန်သမျှဟာ ပီအေပီ ချုပ်ကိုင်ထားတဲ့ စထရိတ်တိုင်းမ်စ် သတင်းစာ၊ တူဒေးသတင်းစာ တွေနဲ့ ပီအေပီရဲ့ အာဘော် ရုပ်မြင်သံကြား သတင်းချင်နယ် တွေက ပါတဲ့ သတင်းကို နားထောင်ပြီး ကောက်ချက်ဆွဲလိုက်တာဖြစ်နေတာကို တွေ့ရတယ်။ အဲဒီ စင်္ကာပူက သတင်းမီဒီယာတွေကို လွတ်လပ်တဲ့မီဒီယာလို့ မှတ်ထင်နေတာက စပြီး အမှားကြီးမှားတော့တာပါဘဲ။ နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့ရဲ့ အစီရင်ခံစာအရ စင်္ကာပူရဲ့ သတင်းလွတ်လပ်နှုန်းစံချိန်ဟာ နိုင်ငံပေါင်း ၁၆၉ နိုင်ငံထဲမှာ ၁၅၁ ချိတ်ပါတယ်။ မြန်မာတို့ မြောက်ကိုရီးယားတို့နဲ့ သိပ်မဝေးလှပါဘူး။

ဒီတော့ ကိုယ့်ကိုယ်ကို စမတ် ဖြစ်တယ်လို့ ယူဆချင်တယ်ဆိုရင်တော့ သူများညာတာကို အသားလွတ်မခံမိဘို့လည်း အရေးကြီးပါတယ်။ အောက်မှာ ချမ်စီတုန်းကိစ္စနဲ့ ပတ်သက်လို့ ဒေါက်တာချီတို့ ပါတီဖြေရှင်းချက်ကို ဖတ်ကြည့်လိုက်ပါဦး။

Why did Dr Chee kick Mr Chiam See Tong out of the SDP?

He didn't. It was Mr Chiam who resigned as secretary-general of the SDP.

Following the election in 1993, Dr Chee was sacked by the National University of Singapore where he was a Lecturer. Dr Chee went on a hunger strike as a mark of protest. Mr Chiam first supported Dr Chee's action but later changed his mind and called for the Party to censure his the assistant secretary-general (Dr Chee was elected to the post in February 1993).

None of the Central Executive Committee (CEC) members supported Mr Chiam's motion whereupon the Party leader tended his resignation, citing that he had lost the confidence of his colleagues.

A few of the CEC members, including Dr Chee, tried to persuade Mr Chiam to remain as secretary-general. However, Mr Chiam stated that he would do so only if he could be granted the power to appoint and dismiss the Party's cadre members. He also wanted the removal of Mr Wong Hong Toy as vice-chairman.

Under the Party's constitution a simple majority of the CEC was needed to appoint cadre members, not any one individual leader. The CEC did not have the constitutional power to accede to Mr Chiam's demands.

A few weeks later, Mr Chiam gave a speech at the Singapore Press Club attacking the Party's leadership in a vicious manner. Ironically, it was he who forbade leaders from criticising the party after they left it by making them sign oaths.

It was only after his speech at the Singapore Press Clubs, which is always looking for an opportunity to run down the opposition, that the CEC voted to expel Mr Chiam.

(The Press Club had extended a similar invitation to Dr Chee to counter Mr Chiam. Knowing that the PAP-controlled media had every intention to fan the flames Dr Chee declined the invitation. But when he subsequently informed the organizers that he would speak but on the Party's alternative policy ideas instead of the altercation with Mr Chiam, the Press Club withdrew the invitation.)

Despite all this Dr Chee approached Mr Chiam a few months later to invite him to join an SDP delegation that was going to visit the Australian Parliament in Canberra. Mr Chiam declined.

The PAP has seized on this matter and deliberately portrayed the falsehood that Dr Chee ousted Mr Chiam from the SDP.

Anonymous said...

Hi, Ko Paw

Thanks for sharing. Honestly,I am very poor in political. But i just simply disagree Dr.Chee & Daw Su is same. Also Leekwanyu and Na Ar Fa is same. You said, after independent,singapore develope is not becaz of Leekwanyu. Whoever takeover, it will be. No! If Na Ar Fa tookover, it won't.
You are right. After I ate the most sour, everything is sweet. After I came out from Myanmar, singapore is heaven.

I knew singapore is not independent country. No democrecy.But at least we can survive. In Myanmar, we can't even survive for daily life. Although we spent so much to get degree, ur income is not enough for

Anonymous said...

ur own. In singapore, after you get diploma or degree, at least, u will have regular income.

u may be more wide knowledge. But as a normal people like me, I am happy when I have half although I don't have chance to have full amount.

khayayphyu :)

Anonymous said...

ဒီတော့ ကိုယ့်ကိုယ်ကို စမတ် ဖြစ်တယ်လို့ ယူဆချင်တယ်ဆိုရင်တော့ သူများညာတာကို အသားလွတ်မခံမိဘို့လည်း အရေးကြီးပါတယ်။

haha. Ko Paw shoot me. I never think I am smart.

khayayphyu

Anonymous said...

ကိုပေါရေ

U should teach English to Khayayphyu before u explain sg policy to her

so stupid english!!!

Anonymous said...

Hi, Mr. Anonymous

Actually, I want to type in Myanmar. But more stupid thing is don't know how to type. Thanks for your comment.

khayayphyu

Anonymous said...

Ko Paw

Actually, I came to ur blog by linking from LinLetKyalSin's blog.After 1st time coming, I like it. So, I came repeatedly to your blog whenever I have time although there are a lot of blogs. Especially, I like "Bo Ag Din's story" and it is very funny. Until I read Daw Su & Dr.Chee are same.
But seem I am not welcomed here. So I decided not to come or control not to write any comment.

Thanks.

ကိုပေါ said...

To Anonymous (the last anonymous),

Thanks for appreciating my articles.

In my blog, I write articles which I always try to reflect my belief and my feelings. I try to express what I believe.

I would welcome the comments even if they are critical of my opinion. If I like a particular comment, I would accept it. If not, I may sometimes reply with my rebuttals. But I try not to be too much personal.

But I can guarantee that I'll never prevent anyone from commenting in my block. Every reader is welcome to make any comments they like. I give the same opportunity even to those who are pro-SPDC.

That is what I believe and I will practice freedom of expression by myself.

With best regards,
Ko Paw

s0wha1 said...

ကိုပေါရေ... စင်္ကာပူမှာ ဒီမိုကရေစီစနစ် အပြည့်အ၀ မကျင့်သုံးဘူးဆိုတာ လူတိုင်းလိုလိုသိကြပါတယ်။ သူ့ရဲ့သတင်းစာတွေ၊ မီဒီယာတွေ၊ တရားရေးဌာနတွေကလည်း လွတ်လပ်ခွင့်မရှိဘူးဆိုတာ သိသာပါတယ်။ လီကွမ်ယုကလည်း အာဏာရှင်သာသာ အဆင့်ပဲ ရှိပါတယ်။ ဒါပေမဲ့ စင်္ကာပူကို တိုးတက်ကြီးပွားအောင် လီကွမ်ယူ လုပ်ယူခဲ့တာကိုတော့ လက်မခံလို့မရပါဘူး။ တိုင်းပြည်အတွက် သူကျင့်သုံးခဲ့တဲ့ လမ်းကြောင်း မှန်ကန်လို့သာ ဒီအခြေအနေ ဖြစ်လာတာပဲ။ ဥပမာ လက်ရှိ မြန်မာအစိုးရကိုသာ ဒီတိုင်းပြည် အုပ်ချုပ်ခိုင်းကြည့်ပါလား။ နောက်တခုက မလေးရှားနိုင်ငံဟာ ဒီကျွန်းသေးသေးလေးကို ဘာမှ အသုံးမ၀င်နိုင်ဘူးဆိုပြီး သူတို့တိုင်းပြည်ကနေ ခွဲထွက်ခွင့်ပေးခဲ့တာပါ။ တကယ်လို့သာ ခုလို အခြေအနေဖြစ်လာမယ်မှန်း သိရင် သူတို့ ဒီကျွန်းလေးကို စွန့်ပယ်ခဲ့မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ခုလတ်တလော လီကွမ်ယူ ဘယ်လောက်ပင် အာဏာရှင်ဆန်နေပါစေ စင်္ကာပူကို သူကြိုးစားတည်ဆောက်ခဲ့တာကိုတော့ မျက်ကွယ်ပြုလို့မရပါဘူး။ ခုနောက်ပိုင်း လီကွမ်ယုရဲ့ အသက်ဟာ ၉၀၊ ၁၀၀ နီးပါးရှိလာပြီဖြစ်တဲ့အတွက် သူ့စကားတွေမှာ အမှားအယွင်းပါလာနိုင်ပါတယ်။ ဒီအသက်အရွယ်ဟာ တိုင်းပြည်အုပ်ချုပ်ဖို့ မကောင်းတော့သလို၊ ဥာဏ်ရည်ဥာဏ်သွေးလည်း ကျဆင်းလာတဲ့အရွယ်ပါ။ အဲဒါကြောင့် တရားခွင်မှာ ဒေါက်တာချီရဲ့ မေးခွန်းကို ဖြေတဲ့ အဖြေတခုထဲ ကြည့်ပြီး သူ့ကို ဦးနှောက်မရှိတဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ မှတ်ချက်ချလို့ ဘယ်ဖြစ်နိုင်မလဲ။ ခုလက်ရှိ သူတိုင်းပြည်အုပ်ချုပ်နေပုံကို မကြိုက်နှစ်၊ မထောက်ခံသော်လည်း သူဟာ လူညံ့တစ်ယောက် မဟုတ်တာတော့ သေချာပါတယ်။ ဒါက ညီမရဲ့ အယူအဆတခုပါ။ နောက်တခုက ဒေါက်တာချီအကြောင်း သိပ်မသိပေမဲ့ အန်တီစုကို ဘယ်သူနဲ့မှ မနှိုင်းချင်တဲ့ အနှိုင်းမဲ့သူရဲကောင်းအနေနဲ့ပဲ ယူဆချင်တဲ့ ညီမရဲ့ အတ္တကြောင့် ဒေါက်တာချီနဲ့ အန်တီစု တူတယ်ဆိုတာကို လက်မခံနိုင်ပါဘူး။ :)

s0wha1 said...

(ပြောသေးတယ်။ ဒို့က နိုင်ငံရေး ၀ါသနာမပါဘူး..တဲ့။ နိုင်ငံရေးဆိုတာ တင်းနစ်ရိုက်သလို၊ စွန်လွှတ်သလို၊ ရေကူးသလို ၀ါသနာအလျောက် လိုက်စားရတဲ့ အရာမျိုးလို့ မှတ်ယူကြဟန်တူပါရဲ့။ အင်း... ကမြင်းပိုးထပြီး နိုင်ငံရေးလုပ်နေကြတယ်လို့ ယူဆတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။)

အဲဒါလေး တော်တော် သဘောကျတယ်။ အစပိုင်းကတော့ အဲဒီလိုပြောကြရင် အရမ်းဒေါသထွက်တယ်။ ကိုပေါပြောသလိုေါ့့ ပိုးထပြီး နိုင်ငံရေး စိတ်ဝင်စားသလိုလို။

ကိုပေါ said...

ညီမ ဆိုးဝှက်…

မှတ်ချက်လာရေးတဲ့အတွက်ရော အကြောင်းအရာပေါ်မှာ စိတ်ဝင်တစားရှိတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။ “ဦးနှောက်မရှိတဲ့ ခေါင်းဆောင်” လို့ ရေးချင်ဇောနဲ့ ကျနော် စကားလုံး ရွေးချယ်မှု မှားသွားတာ ၀န်ခံပါတယ်။ တကယ်က လီကွမ်းယူကို မထက်မြက်ဘူးလို့ မပြောသင့်ပါဘူး။ တကယ်တမ်း ထက်မြက်ပါတယ်။

သို့သော် သူ့ရဲ့ အောင်မြင်မှုအပေါ်မှာ သူ့ရဲ့ ပေါ်လစီတွေ အပေါ်မှာ ဆန်းစစ်စရာ ဖြစ်လာတဲ့ အကြောင်းကို ကျနော် ပြောပြချင်တာပါ။

သူ့ရဲ့ ဦးဆောင်မှုအောက်မှာ စီးပွားရေးရှုထောင့်က ကြည့်ရင် အောင်မြင်မှုရလာခဲ့တာ အငြင်းပွားစရာမဟုတ်ပါဘူး။ ဒါတောင်မှ သူပြောတဲ့ ဘီလီယံ ၃၀၀ ဆိုတာ လူတွေအနေနဲ့ ထင်ကြေးနဲ့ ပြောနိုင်တာဘဲ ရှိတာနော်။ ဘယ်သူမှ အတိအကျ အကဲဖြတ် စစ်ဆေးခွင့် မကြုံခဲ့ပါဘူး။ သမ္မတဟောင်း Ong Teng Cheong လက်ထက်က သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ပြည်သူ့ဘဏ္ဍာတွေကို စစ်ဆေးဘို့ စာရင်းတောင်းတော့ ပီအေပီ အစိုးရက ဘာပြောလဲဆိုတော့ ဒီဘဏ္ဍာတွေဟာ နေရာအနှံ့မှာ ဖြန့်ပြီး ရင်းနှီး မြှုတ်နှံထားတာဖြစ်လို့ စာရင်းပြုစုမယ်ဆိုရင် လူ့သက်တမ်းနဲ့ ၅၂ နှစ်တိတိကြာလိမ့်မယ်လို့ ပြန်ဖြေပြီး စစ်ဆေးခွင့်မပေးဘူး။ အဲဒီသမ္မတကို နောက်သက်တမ်းကျတော့ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့သဘောနဲ့ ဆန့်ကျင်စွာ ၀င်ပြိုင်ခွင့် မပေးတော့ဘူး။ ကျနော်တို့ မျက်စိအောက်မှာ မြင်နေရတာကတော့ စင်္ကာပူအစိုးရအနေနဲ့ ပြည်ပ ရင်းနှီးမြှုတ်နှံမှုတွေမှာ ဘီလီယံနဲ့ ချီချီပြီး ပလုံ သွားတာတွေကို မကြာခဏ မြင်တွေ့နေရတယ်။ စီပီအက်ဖ် ငွေတွေကို လူတွေကို အချိန်မီ ပြန်မပေးဘဲ နောက်ကို ၅၅ နှစ်ကနေ အခု ၆၅ နှစ်အထိ နောက်ကို ဆုတ်ဆုတ်သွားတာတွေ၊ စီပီအက်ဖ်အကောင့်ထဲမှာ အနည်းဆုံးချန်ထားရမယ့် ပမာဏကို တတိတတိ တိုးသွားနေတာတွေ၊ စီပီအက်ဖ်စုငွေထဲကနေ အိမ်ဝယ်တော့ ဆိုပြီး HDB အိမ်ဈေးတွေကို မတန်တဆ တင်ရောင်းနေတာတွေဟာ ရှုံးသွားတဲ့ ငွေတွေကို အစားထိုးဘို့ ကြိုးစားနေတာလို့ စင်္ကာပူကို စောင့်ကြည့်လေ့လာအကဲခတ်သူတွေက ထင်မြင်ယူဆကြတယ်။ အခုဆိုရင် ပီအာရ် တွေကို ဘုန်းဘောလအော ချပေးပြီး စီပီအက်ဖ်ကို တိုးချဲ့ကောက်၊ အိမ်တွေ အများကြီး ထပ်ရောင်းပြီး ငွေရှာတဲ့ နည်းနဲ့ စခန်းသွားနေတယ်လို့ ယူဆစရာရှိတယ်။ ဒီယူဆချက်တွေဟာ မှန်ချင်မှလည်း မှန်မယ်။ ဒါပေမယ့် ပွင့်လင်းမှုမရှိတဲ့ စနစ်အောက်မှာ ဒီလိုဘဲ ထင်မြင်ယူဆကြရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို SDP ပါတီကတင်မက တသီးပုဂ္ဂလ လွတ်လပ်တဲ့ ဘလော့ဂါတွေ မီဒီယာတွေမှာ ရေးတဲ့ ဆောင်းပါးတွေမှာ တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် www.yawningbread.org မှာဆိုရင် တော်တော်လေး စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာပြထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် ကျနော်စောစောက ပြောခဲ့သလိုဘဲ ပြည်တွင်းစစ်ဖြစ်မနေရင်၊ သဘာဝဘေးဒဏ်ခံမနေရရင်၊ တခါးပိတ်ဝါဒကို ကျင့်သုံးမနေခဲ့ရင် တိုင်းပြည်တပြည်ဟာ ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။ တံခါးပိတ်ဝါဒအကြောင်းထည့်ပြောရတာက နိုင်ငံခြားရင်းနှီးမြုတ်နှံမှု မရှိခဲ့ရင် တိုင်းပြည်တွေဟာ အေးချမ်းနေသော်လည်း ထိုက်သင့်သလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိတာကို တွေ့ရလို့ပါ။ ဥပမာ ဘူတန်၊ လာအို့စ်။

စင်္ကာပူအနေနဲ့ကတော့ မူလက အင်္ဂလိပ်လက်အောက်မှာကတည်းက ဆိပ်ကမ်းအချက်အချာမြို့အနေနဲ့ ရပ်တည်ခဲ့တဲ့မြို့ပါ။ သူ့မှာ စောစောက ပြောသလို ဘာသယံဇာတမှ မထွက်တဲ့အတွက် အခြေအနေအရကို သူ့ ရှင်သန်ရေးအတွက် နိုင်ငံခြားရင်းနှီးမြုတ်နှံမှုအပေါ်မှာ အားထားရတာပါ။ ဒီတော့ လီကွမ်ယူမှ မဟုတ်။ ဘယ်အစိုးရတက်တက် အဲဒီ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုအပေါ် အားကိုးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အစိုးရတက်တက် တိုးတက်ကြီးပွားနိုင်တယ်။ လီကွမ်ယူက အဓိက မကျဘူးဆိုတာကို တိုင်ဝမ်ဥပမာ၊ ဟောင်ကောင်ဥပမာ၊ တောင်ကိုရီးယား ဥပမာတို့နဲ့ ပေးပြီး ပြောတာပါ။ အဆုံးစွန်ပြောရရင် စီးပွားရေးအရ တိုးတက်တာကတော့ ကွန်မြူနစ် တရုတ်တောင် ဒီမိုကရေစီဖြစ်တဲ့ အိန္ဒိယ ထက် ပိုတိုးတက်နေတာဘဲ။
လီကွမ်းယူဟာ အတိုက်အခံ ဘ၀ က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့တဲ့ ချန်ပီယံပါ။ သို့သော် အာဏာရပြီးမှ ပြောင်းလဲသွားတာကတော့ အများပြည်သူ ကံဆိုးဘို့ ဖန်လာသလိုပါဘဲ။

စီးပွားရေးအရ အောင်မြင်မှုရရေးအတွက် အခြား လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ တရားရေး ။ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု နယ်ပယ်တွေမှာ ပေးဆပ်ပြီး ရင်းနှီးလိုက်တဲ့ ဆုံးရှုံးမှုတွေဟာ တကယ်တမ်းမှာ ရင်းနှီးဘို့ ထိုက်တန်ရဲ့လား။ တကယ်တော့ လွတ်လပ်ရေးရပြီးစ အချိန်က စတွက်ရင် ရာစုဝက်ကျော်ကျော်ကာလဟာ နိုင်ငံတနိုင်ငံရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်သေးပါဘူး။ သူ့ရဲ့ ပေါ်လစီတွေရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို အခုမှ စတင်ခံစားကြရတော့မှာ ဖြစ်ပါတယ်။ ကျနော်ပြောခဲ့သလို စထရိတ်တိုင်းရဲ့ ဆန္ဒကောက်ခံယူမှုအရ စင်္ကာပူက လူငယ်ထက်ဝက်ကျော်ဟာ စင်္ကာပူနိုင်ငံကို အခွင့်သာတာနဲ့ စွန့်ခွာသွားချင်တယ်ဆိုတာ ဘာအတွက်လဲ။ လူငယ်တွေမှာ ဒီလောက် စီးပွားရေးအရအောင်မြင်နေတဲ့ သူတို့ရဲ့ နိုင်ငံတော်နဲ့ ပတ်သက်ပြီး ဘာတွေများ ဂုဏ်မယူနိုင်လောက်စရာ၊ အားမကျနိုင်လောက်စရာ အချက်တွေ ရှိနေပြီလဲဆိုတာ ခဏလောက် ရပ်တန့် စဉ်းစားကြည့်ရင် အချက်ပေါင်းများစွာ အစီအရီပေါ်လာလိမ့်မယ်။ စင်္ကာပူရဲ့ ပညာရေးဟာ ကမ္ဘာထိပ်တန်းဆိုရင် ဘာကြောင့် ဒီကနေ့ စင်္ကာပူက နာမည်ကျော် သုတေသနနဲ့ နည်းပညာပိုင်းဆိုင်ရာ ဌာနတွေမှာ နိုင်ငံခြားသား ပညာရှင်တွေကိုဘဲ အမြဲတစေ ငှားရမ်းနေရသလဲ စဉ်းစားစရာပါ။

လူဦးရေ ထပ်တူထပ်မျှလောက်ရှိတဲ့ နယူးဇီလန်လို နိုင်ငံမျိုးမှာ ကမ္ဘာ့အိုလံပစ်ရွှေတံဆိပ် ရှင်တွေ ရှိပြီး စင်္ကာပူက ဘာကြောင့် ဒီလို အိုလံပစ် ရွှေတံဆိပ်ရှင်တွေ ထူးချွန်သူတွေ မထွက်သလဲ။ စင်္ကာပူက အနုပညာနဲ့ ပတ်သက်လို့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနို်င်တဲ့ အနုပညာတွေ ဘာကြောင့် မဖန်တီးနိုင်သလဲ။

လူတွေဟာ မိမိ ၀ါသနာပါရာ (Pursuit of happiness) ကို မိမိစိတ်ကြိုက်လုပ်နိုင်ရဲ့လား။ လွတ်လပ်ခွင့်ရှိရဲ့လား။ အထူးသဖြင့် တရားရေးမှာ မျှတမှု ရှိရဲ့လား။ ရွေးကောက်ပွဲတွေမှာ မိမိတို့ ကြိုက်တဲ့ ပါတီကို မဲထည့်ဘို့ အခွင့်အရေးကြုံသလား။ မိမိတို့ရဲ့ အနာဂတ်အရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ပြောရေးဆိုခွင့် ရှိသလား။ စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

စီးပွားရေးရှုထောင့်က ကြည့်ရင်ဘဲ တိုင်းပြည်ဘဏ္ဍာကတော့ ကြီးထွားလာပါရဲ့။ ဒါပေမယ့် အဲသည်က အကျိုးအမြတ်တွေကို တကယ်ရော လူထုက ခံစားခွင့် ရှိရဲ့လား။ မိမိ အသက်ကြီးလို့ အနားယူတဲ့အချိန်မှာ တသက်လုံး စုဆောင်းလာတဲ့ စီပီအက်ဖ်ငွေတွေဟာ အလုပ်မလုပ်ဘဲ အနားယူလို့ ရအောင် အာမခံချက်ပေးနိုင်ရဲ့လား။ ပီအေပီရဲ့ ပေါ်လစီတွေကို မကြိုက်နှစ်သက်တော့ရင် ပီအေပီကို ရွေးကောက်ပွဲမှာ ဖြုတ်ထုတ်နိုင်တဲ့အစွမ်း လူထုမှာ ရှိသေးရဲ့လား။ စတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

ဒေါက်တာချီးဟာ နိုင်ငံရေးနယ်ပယ်ထဲကို မ၀င်လာခဲ့ရင် တက္ကသိုလ်က ဆရာတဦးအနေနဲ့ (သူ့မိန်းမကလည်း ပီအိပ်ခ်ျဒီ) စင်္ကာပူမှာ Elite ဆိုတဲ့ အထက်တန်းလူတန်းစားအလွှာမှာ နေနိုင်နဲ့ လူတယောက်ပါ။ နိုင်ငံရေးနယ်ပယ်မှာလည်း WP က Mr. Low တို့၊ SPP က မစ္စတာ ချမ်းတို့လို အပျော့လိုင်း (ပီအေပီနဲ့ ထိပ်တိုက်ရင်မဆိုင်တဲ့နည်း) ကို လိုက်ရင် သေချာပေါက် ဟိုနှစ်ယောက်ထက်ပိုမိုအောင်မြင်ပြီး အေးအေးသက်သာ နေထိုင်သွားနိုင်တဲ့ အခြေအနေရှိခဲ့ပါတယ်။ ဒါပေမယ့် သူကလည်း သူယုံကြည်တဲ့ လမ်းကြောင်းကို သူ့ဘာသာ ရဲရဲကြီး ရွေးချယ်လျှောက်လှမ်းခဲ့ပါတယ်။

ဒေါက်တာချီးကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ တစိုက်မတ်မတ်ရှိမှု၊ ကိုယ်ရေးကိုယ်တာကို မငဲ့ကွက်ဘဲ စွန့်လွှတ်တိုက်ပွဲဝင်ဘို့ အသင့်ရှိမှုတို့ကြောင့် မဟတ္တမဂန္ဓီ၊ မာတင်လူသာကင်း၊ မစုစုနွေး၊ ဦးအောင်ဖေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ရပ်နဲ့ နှိုင်းယှဉ်ရေးသားလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှု၊ ထက်မြက်မှု၊ ပြည်သူပြည်သားတွေရဲ့ ထောက်ခံမှုတွေကတော့ ဒေါက်တာချီးထက် သာလွန်ပါတယ်။ ကျနော့်ရဲ့ လေးစားမှုအတိုင်းအတာအရကလည်း စိုးဝှပ်အတိုင်းပါဘဲ။ ဒေါ်စုကတော့ နံပါတ်တစ်ပေါ့ဗျာ။ 

သြော် နိုင်ငံရေးလုပ်တာ ၀ါသနာပါလို့ လုပ်တယ် ဆိုတာနဲ့ ပတ်သက်လို့ ကျနော့်မိတ်ဆွေတယောက် ကြုံဘူးတဲ့အကြောင်းလေးကို ပြောပြချင်တယ်။

ဒေါ်စုတို့ ဒီပဲယင်းမှာ ခြုံခိုအတိုက်ခံရတယ်ကြားတော့ ကျနော့်မိတ်ဆွေက အင်မတန် ဒေါသထွက် မခံမရပ်နိုင်ဖြစ်ပြီး အိမ်ပြန်ရောက်ရောက်ချင်း သူ့မိန်းမနဲ့ ယောက္ခမတွေကို ပြန်ပြောပြသတဲ့။

အဲဒီမှာ သူ့ယောက္ခမက ဘယ်လိုမှတ်ချက်ချသလဲဆိုတော့…..“အေးလေ။ သူကလည်း သွားတာကိုး။ အရိုက်ခံရမှာပေါ့”………..တဲ့။

Burmese Gold Bull said...

I can sense that Ko Paw believe in utopia. :D

ကိုပေါ said...

BurmeseGoldBull,

Is there anything wrong even if I believe in Utopia (although I have never said so)?

Believeing in Utopia is far better than believing in evil.

If you want me to believe in the dictatorship, you'd better come up with compelling reasons rather than a nonsense comment.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs