စစ်ကြေညာချက်

Share |
(ဒေါက်တာလွဏ်းဆွေ၏ ဘလော့ဂ်တွင် တင်ထားသော ဆောင်းပါးရှင် အက်ဆစ်၏ အာဘော်ကို သဘောကျ ထောက်ခံသဖြင့် ကျနော့်ဘလော့ဂ်တွင် ထပ်မံ မျှဝေဖော်ပြပါသည်။ အက်ဆစ်သည် မည်သူမည်ဝါမှန်း ကျနော်လုံးဝမသိပါ။ သို့သော် အက်ဆစ်၏ အာဘော်သည် ကျနော်၏ သဘောထားနှင့် ယနေ့အချိန်တွင် တထပ်တည်းကျကြောင်း ပြောလိုပါသည်။ (ကိုပေါ) )

အက်ဆစ်၏ အာဘော် “စစ်ကြေညာချက်”

စစ်ကြေညာချက်
အက်ဆစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောချင်ရေးချင်စိတ် ကုန်ခန်းနေတာ ကြာလှပါပြီ။ သို့ပေမယ့်လည်း ဒေါ်စုဟာ မြန်မာပြည်အရေးကို ပရောဟိတ်ဆန်ဆန် အဓိပတိလိုတမျိုး၊ သူတော်ကောင်းမကြီးလိုတဖုံ၊ ငြိမ်း ချမ်းရေးမိခင်ကြီးလိုတသွယ် မိမိကိုယ်ရေးကိုယ်တာလိုတနည်းနဲ့ အသုံးချလုပ်ကိုင်နေတာတွေကို မခံရပ်နိုင် တဲ့အဆုံး အခုလိုစာတွေ ထပ်ရေးဖြစ်ရတာပါပဲ။ အခုအချိန်မှာ စစ်အာဏာရှင်တွေနဲ့ ရွှေလမ်းငွေလမ်းဖောက် နေချိန်မှာ ထိလွယ်ရှလွယ်တဲ့ကိစ္စတွေ မပေါ်ပေါက်စေချင်တဲ့ ဒေါ်စုကို တာဝန်သိအောင်တော့ ပြန်လည်ပြော ချင်နေခဲ့တာပါ။ ဒါဟာလည်း ဒေါ်စုကို ချစ်လို့မုန်းလို့မဟုတ်ဘဲ ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေ၊ လွတ်မြောက် ရေးကို မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ မဆုတ်မနစ် ချီတက်နေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ ပြည် တွင်းပြည်ပက မြန်မာပြည်လွတ်မြောက်ရေး လုပ်ဆောင်နေသူတွေနဲ့အတူ ရပ်ခံနေချင်တဲ့ အက်ဆစ်ရဲ့ စိတ် ဆန္ဒတွေကြောင့်ပါပဲ။

ဒေါ်စုရဲ့လုပ်ရပ်တွေဟာ တရားလွန်နေပြီလို့ ဆိုရပါလိမ့်မယ်။ သူ့ရဲ့ ၂၃ နှစ်တာ မြန်မာ့နိုင်ငံရေးလုပ်ခဲ့တဲ့ကာ လအတွင်း ပြည်သူတွေရဲ့သွေးတွေ၊ ချွေးတွေ၊ ဒုက္ခတွေ၊ သောကတွေကနေ ရလာတဲ့ ကျော်ကြားမှုတွေကို ခု တုံးလုပ်ပြီး ဒီကနေ့မှာ ပြည်သူကို သစ္စာဖောက်နေပြီလို့ပဲ ခပ်ရှင်းရှင်းဆိုလိုက်ချင်ပါတော့တယ်။ ဒေါ်စုကို တာ ၀န်သိအောင်လို့ ပြောလိုက်တော့ အက်ဆစ်ဆိုတဲ့ မင်းကကော ဘယ်လောက် တာဝန်တွေယူပြီးလို့လဲလို့ ဆို နိုင်ပါတယ်။

“အခုဆိုရင် ဒေါ်စုဟာ နောက်ဆုံးဇရာပိုင်းကို ရောက်လာခဲ့ပြီ။ တိုင်းပြည်မှာ အုပ်ချုပ်မယ်ဆိုရင် အစိုးရ ၆ ဆက်လောက် ပြီးသွားတော့မယ့်အချိန်မှာ သူကတော့ စစ်အာဏာရှင်ဆီမှာ လက်ဝါးဖြန့်တောင်းနေတုန်းပါပဲ။ လူထုတိုက်ပွဲကိုလည်း မယုံကြည်၊ လက်နက်ကိုင်တိုက်ပွဲကိုလည်း အားမပေးနဲ့ မြန်မာ့နိုင်ငံရေးကို ဘေးတိုက် လိုက်ပါနေတာပဲ တွေ့နေရပါတယ်။”

သေချာတာက အက်ဆစ်ဟာ ပြည်သူကပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ရထားသူမဟုတ်ပါဘူး။ ပြည်သူ ပေးတဲ့တာဝန်တွေ ကျေစေရပါမယ်ဆိုတဲ့ ကတိစကားတွေ ပေးထားသူမဟုတ်ပါဘူး။ ပြည်သူကို အဓိပတိကြီး လိုလုပ်ပြီး အပေါ်စီးကနေ မောက်မောက်မာမာ မချေမငံ မစော်ကားခဲ့၊ မသရော်ခဲ့တာလည်း အမှန်ပါ။ အထူး သဖြင့် လူထုခေါင်းဆောင်ဆိုတဲ့ တာဝန်ကို မယူထားဘူးဆိုပါတော့။ ဒီတော့ လူထုခေါင်းဆောင်တာဝန်ကို ယူထားသူကတော့ အက်ဆစ်ထက် ပိုပြီးတာဝန်ရှိလိမ့်မယ်ဆိုတာ ရှင်းနေပါတယ်။ ငြင်းချင်သူရှိလည်း ငြင်း နိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ အဲသလို သဘောထားကွဲလွဲခွင့် ရှိတဲ့အလျောက် လည်း သာမန်လူဖြစ်တဲ့ အက်ဆစ်က မိမိဆန္ဒကို အခုလို လွတ်လပ်စွာ ထုတ်ဖော်လိုက်တာပါပဲ။ ဒီတော့ စာ ရေးသူရဲ့ သဘောထားအမြင်တွေကို စာဖတ်သူတွေကသာ ဆုံးဖြတ်ပါလိမ့်မယ်။ သို့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ဆိုတဲ့ လူထုခေါင်းဆောင်ဂုဏ်ပုဒ်ကို ရယူထားသူကတော့ လူထုနဲ့ကင်းကွာတဲ့ ခေါင်းဆောင်ဖြစ်လို့မ ရတာ သေချာပါတယ်။

မြန်မာပြည်သူတွေဟာ ဖိနှိပ်ရက်စက်မှုအလွန့်အလွန်ကြီးမားတဲ့ အာဏာရှင်လက်အောက်မှာ မ၀ရေစာ စားပြီး လူဖြစ်နေရသူတွေပါ။ မြန်မာပြည်သူတွေက တပါတီအာဏာရှင်ကို မကြိုက်လို့ ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှု လုပ်ခဲ့ပြီး အာဏာရှင်ကို ဖြုတ်ချခဲ့တယ်။ အဲဒီ လူထုရဲ့အာဏာရှင်ဆန်ကျင်ရေးလှိုင်းလုံးကြီးကို အခန့်သင့်စီး လာပြီးမှ လူထုထက် ပိုသိတယ်ဆိုတဲ့သူတွေ၊ လူထုဆန္ဒကို မျက်ကွယ်ပြုသူတွေ၊ လူထုကို ဘာမှ ဦးဆောင်မှု မပေးနိုင်သူတွေဟာ လူထုရဲ့ဒဏ်ခတ်ခြင်းကို မလွဲမသွေခံရမှာကတော့ အသေအချာပါပဲ။ ဒီထဲမှာ ဒေါ်အောင် ဆန်းစုကြည် မပါစေချင်ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ ခရီးသွားလမ်းကြုံရင်း ပါလာခဲ့တဲ့ လူထုခေါင်းဆောင်တယောက်ဆိုရင် မှားမယ်မထင်ပါ။ အနစ်နာခံခဲ့ရတာတွေ ရှိခဲ့သလို အရင်က ပြောရဲဆိုရဲတွေရှိခဲ့လေတော့ ဗိုလ်ချုပ်သမီး ဆိုတဲ့အသိနဲ့ လူထုက ချစ်ခင်လေးစားခဲ့တာပါ။ အနစ်နာခံရတယ် ဆိုပေမယ့် တခြားနိုင်ငံရေးအကျဉ်းသားတွေထက်တော့ သူက ကောင်းမွန်စွာ နေထိုင်ခဲ့ရသူပါ။

တကယ်တမ်း မြန်မာပြည်သူလူထု လိုချင်တာက သူတို့ရဲ့အနာဂတ်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေး မယ့်ခေါင်းဆောင် (တိုင်းပြည်အုပ်ချုပ်သူ) တွေကို လိုချင်ခဲ့တာပါ။ ၂၃ နှစ်ကာလကို ပြန်သုံးသပ်ကြည့်ရင် ဒေါ်စုမှာ အဲဒီအရည်အချင်းတွေ ပါလာခဲ့ပုံမရပါဘူး။

ဘာကြောင့်လဲဆိုတော့ သူ့မှာ သူ့ရဲ့လုပ်ရပ်တွေကို ဆုံးခန်းတိုင်အောင်လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေ မရှိခဲ့ဘူး။ လုပ်နိုင်စွမ်းအားနည်းတာမဟုတ်ဘူးနော်။ လုပ်ကိုလုပ်နိုင်စွမ်းမရှိသူဆိုတာ ဒီကနေ့ကာလမှာ သက် သေပြနေပါပြီလေ။ သူ့အနေနဲ့ မြန်မာလူထုနဲ့ နိုင်ငံတကာက ထောက်ခံတဲ့ အားတွေ နည်းနည်းနောနော ရခဲ့ တာမဟုတ်ပါဘူး။ နိုဘယ်ဆုအပါအ၀င် သူရရှိခဲ့တဲ့ ဆုပေါင်းများစွာဟာ သူတော်ခဲ့လို့၊ သူတတ်ခဲ့လို့၊ သူအနစ် နာခံခဲ့လို့ ဆိုတာထက် ဖိနှိပ်မှုရက်စက်မှုယန္တရားကြီးအောက်မှာ စတေးခံနေရတဲ့ မြန်မာလူထုတွေရဲ့ သရုပ် သကန်တွေကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊ သောကတွေ၊ ပူပန်မှုတွေနဲ့ သွန်းထုလုပ်ထားတဲ့ ရွှေစင်ရုပ်တွေက သူ့ရင်ဝအနီးမှာ ရောက်ရှိလာကြတာပါ။

ဒေါ်စုရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ အချိန်ကာလအလိုက် တခုချင်း ပြောင်းလဲနေပြီး တခုခုကို စောက်ချ လုပ်ကိုင်ခြင်းမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။ သူဟာ လူထုကို နိုင်ငံရေးပရောဟိတ်ကြီးလို တရားပြ ဟော ကြားပြီး ဇွဲရှိဖို့၊ အနစ်နာခံဖို့၊ ညီညွတ်ဖို့ ဆိုခဲ့ပေမယ့်လည်း သူပြောထားတာတွေနဲ့ ညီအောင် သူမလုပ်နိုင်ခဲ့ပါ ဘူး။ သူ့ရဲ့တလျှောက်လုံးလုပ်ခဲ့တဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ သူဟာ ဘာကိုမှ အဆုံးသတ်လုပ်ဆောင်နိုင်တာ မျိုး မရှိခဲ့တဲ့အတွက် ဘာအောင်မြင်မှုကိုမှ မရခဲ့ပါဘူး။ အခုဆိုရင် ဒေါ်စုဟာ နောက်ဆုံးဇရာပိုင်းကို ရောက် လာခဲ့ပြီ။ တိုင်းပြည်မှာ အုပ်ချုပ်မယ်ဆိုရင် အစိုးရ ၆ ဆက်လောက် ပြီးသွားတော့မယ့်အချိန်မှာ သူကတော့ စစ်အာဏာရှင်ဆီမှာ လက်ဝါးဖြန့်တောင်းနေတုန်းပါပဲ။ လူထုတိုက်ပွဲကိုလည်း မယုံကြည် လက်နက်ကိုင်တိုက် ပွဲကိုလည်း အားမပေးနဲ့ မြန်မာ့နိုင်ငံရေးကို ဘေးတိုက်လိုက်ပါနေတာပဲ တွေ့နေရပါတယ်။

“ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အချိန်ကာလသတ်မှတ်ချက် ရှိရမယ်။ အာဏာရှင် မယုံကြည်မချင်းတည်ဆောက်နေတဲ့ တွေ့ဆုံမှုတွေဟာ မြန်မာလူထုကို
နေ့စဉ် ချောက်ကမ်းပါးစွန်း ရောက်အောင်လုပ်နေသလို၊ အာဏာရှင်သက်ဆိုးရှည်ဖို့ အချိန်ကာလဆွဲဆန့်ပေးနေသလို ဖြစ်နေပါတယ်။”


၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပြည်သူက သူမပါတီလက်ထဲ အာဏာကုန်လွှဲအပ်ခဲ့တယ်။ ဒါလည်း တာဝန်မ ကျေခဲ့ပါဘူး။ ဒေါ်စုဟာ ပြည်သူလွှတ်တော်ကြီးပေါ်ပေါက်ဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တယ်။ ဒါကိုလည်း ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ပါဘူး။ ရွှေဂုံတိုင် အပါအ၀င် ကြေညာချက်ပေါင်းများစွာကို ထုတ်တယ်၊ တနေ့ကို သဘောထားတမျိုးစီ ထွက်နေလို့ ပြည်သူတွေနဲ့ နိုင်ငံတကာလည်း မျက်စိလည်ခဲ့ရပါပြီ။

၂၀၀၈ ခုနှစ် ဖွဲစည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနဲ့ဆိုလို့ မဲမပေးဘဲ မဲမသမာမှု ဖော်ထုတ်ကြသူတွေ လည်း ထောင်နန်းကို စံနေကြရပါပြီ။ သူကတော့ သူပြောဖူးတာကို အမှတ်ရပုံမပေါ်ပါဘူး။ အကျယ်ချုပ်က ထွက်လာခါစက ပင်လုံတဲ့၊ အခုတော့ တိုင်းရင်းသားတွေလည်း ဘယ်ဗမာကိုမှမယုံရဲတော့တဲ့ ပင်လုံဆိုတဲ့ အ ခြေအနေကို ဆိုက်ရောက်သွားခဲ့ရလေပြီ။ သွေးလှူ၊ ရေဝေ၊ ရေတွင်းတူး၊ အိတ်ခ်ျအိုင်ဗွီ၊ ပညာရေး၊ လူမှုရေး၊ ဧရာဝတီအရေး၊ ငြိမ်းချမ်းရေး ... စသဖြင့် ရောက်တတ်ရာရာ ပြောဆိုနေလေတော့ နောက်က ထောက်ခံအား ပေးနေတဲ့ အင်အားတွေက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသဲကွဲတော့ဘဲ အာဏာရှင်ဆန်ကျင်ရေးတွေ လုပ်တဲ့ လုပ်ငန်းတွေဟာ မှေးမှိန်လာခဲ့ရပါတယ်။ နောက်တနေ့မှာ ဘာခေါင်းစဉ်ပြောင်းမလဲဆိုပြီး ရင်တမမနဲ့ စောင့် နေကြသူတွေလည်း ရှိနေကြပါတယ်။

မနေ့တနေ့က ရှိသမျှ အင်အားလေးတွေကို စုစည်းပြီး မြန်မာ့နိုင်ငံရေးကို ကမ္ဘာက သိအောင် ဖော်ထုတ်ခဲ့ကြ တဲ့ အန်အယ်ဒီက တက်ကြွသူတွေ၊ ၈၈ မျိုးဆက် ၂၀၀၇ မျိုးဆက်တွေ၊ နိုင်ငံရေးအကျဉ်းသားမိသားစုတွေအ နေနဲ့ ဘုရားမှာ ဆုတောင်းတာကို စေတနာကောင်းနဲ့ အားလုံးကောင်းဖို့လုပ်တာ ကောင်းပါတယ်ဆိုပြီး ပေါ့ ပျက်ပျက်ပြောခဲ့တာကြောင့် လူထုတိုက်ပွဲကိုပျယ်ရယ်ပြုတာလားဆိုပြီး ခေါင်းဆောင်တယောက်အဖြစ် သတ် မှတ်လို့တောင် မရတော့တဲ့အခြေအနေပါ။

ဒါဟာ လူထုတိုက်ပွဲ အစပါ။ ဒါတွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာတော့ တွေးခေါ်စဉ်းစားတတ်ဖို့ လိုအပ်ပါ တယ်။ ဒါဟာ ဒေါ်စုနဲ့ အာဏာရှင်တိုရဲ့ ဖက်လှဲတကင်း အကျိုးစီးပွားတွေကို အနှောက်ယှက်ပေးမယ့် အရာ တွေ မဟုတ်ပါဘူး။ စိုးရိမ်မကင်းဖြစ်ရတယ်ဆိုတာတော့ မသုံးစေချင်လှဘူး။ ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့် သမိုင်း ကိုယ်ရေးကြတာ ကောင်းပါတယ်။

သူတို့တတွေ ဘုရားတွေမှာ ဆုတောင်းမေတ္တာပို့နေတာတွေဟာ ကောင်းတဲ့အလုပ်၊ ဘာသာရေးအလုပ်ကို လုပ်နေတာထက် ရည်မှန်းချက် အများကြီးပိုတယ်ဆိုတာကို မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် လည်း ထောင်မကြောက်တန်းမကြောက် လှုပ်ရှားဆောင်ရွက်ခဲ့ကြတာပါ။ သူတို့ဟာ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေ၊ အရေးတော်ပုံတွေကို မမေ့လျော့ဘူးဆိုတာ ပြသဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အ တွက် နိုင်ငံရေးအရ တောင်းဆိုတိုက်ပွဲဝင်နေသူတွေပါ။ သူတိုရဲ့နောက်မှာ မမြင်နိုင်စွမ်းတဲ့ လူထုထောက်ခံမှု အားတွေ ရှိနေပါတယ်။ သူတို့တွေဟာ လူထုခေါင်းဆောင်အမည်ခံထားတဲ့ ဒေါ်စုထက် သူတို့တာဝန်ကိုသူတို့ ပိုသိကြသူတွေပါ။ ဘယ်သူမှ ပေးအပ်မထားတဲ့ တာဝန်တွေကို တာဝန်သိသိ သူတို့ထမ်းဆောင်နေကြတာပါ။

ခေါင်းဆောင်ဆိုတာ ပြတ်သားတဲ့စကားကို ဆိုရမှာဖြစ်ပြီး ပြောတဲ့အတိုင်းလည်း လုပ်ဖို့လိုအပ်ပါတယ်။ ဟိုတ မျိုး ဒီတမျိုး ပြောနေတာမျိုးမဖြစ်သင့်ပါ။ ချမှတ်ထားတဲ့ လမ်းစဉ်တွေအပေါ်မှာလည်း ခိုင်ခိုင်မာမာ လျှောက်ဖို့ လိုပါတယ်။ ဒေါ်စုနဲ့ အန်အယ်ဒီခေါင်းဆောင်ကြီးတွေဟာ ၂၃ နှစ်တာကာလတလျှောက်လုံးမှာ ပြည်သူအ တွက် ဘာမှဆောင်ကြဉ်းမပေးနိုင်ဘဲ အခုထိ ပါတီတရားဝင်မှတ်ပုံတင်နိုင်ရေး တောင်းဆိုနေတာတွေဟာ လူ ထုလိုအပ်ချက်နဲ့ ဆန်ကျင့်နေတာကို တွေ့ရပါတယ်။ နိုင်ငံရေးတက်ကြွလွန်းလို့ ထုတ်ပယ်ထားတဲ့ ပါတီတွင်း က တက်ကြွလှုပ်ရှားသူတွေကိုတော့ ခေါ်ယူစကားပြောဖို့အတွက် အချိန်မပေးနိုင်ဘဲ စစ်အာဏာရှင်တွေနဲ့ ပေါင်းဖက်လုပ်ကိုင်စားသောက်နေတဲ့၊ လူထုလယ်ယာတွေသိမ်းတဲ့ အခွင့်ရေးသမား မက်စ်မြန်မာ ဇော်ဇော် တို့လိုလူတွေနဲ့ အရောတ၀င်နေချင်နေတာကတော့ အတော်လေးကို အကျည်းတန်အရုပ်ဆိုးလွန်းပါတယ်။ ဒေါ်စုဟာ ဒီအတွေးအခေါ်တွေလောက်နဲ့ နိုင်ငံရေးသမားမလုပ်သင့်ပါဘူး။

နေ့စဉ် လူထုအသံတွေက ဘာပြောနေလဲ၊ ဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်ချင်နေလဲဆိုတာကို နားထောင် ကြည့်ပါ ဒေါ်အောင်ဆန်းစုကြည်။ လူထုလိုလားတာ တိုင်းပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက် ဖို့၊ လူအခွင့်အရေး အပြည့်အ၀ရရှိဖို့၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားဖို့ပါ။ အာဏာရှင်နဲ့ပေါင်းပြီး ရွှေလမ်း ငွေလမ်းဖောက်၊ အတူယှဉ်တွဲ ပေါင်းဖက်ဖို့၊ အာဏာခွဲဝေယူဖို့၊ အလုပ်တွဲလုပ်ဖို့ မဟုတ်ပါဘူး။ မိတ်ဆွေတဦး က ပြောဖူးတယ်။ ဗုဒ္ဓနဲ့ မာရ်နတ် တူတာ တွဲလုပ်တာ၊ မတူတာ ခွဲလုပ်တာ မရှိခဲ့ဘူးတဲ့။

“ပုဂ္ဂိုလ်ရေးကို ဘာမှမပြောချင်ပေမယ့် အာဏာရှင်နဲ့ ပေါင်းဖက်စီးပွားလုပ်နေသူတွေကို ကမ္ဘာကတောင် ကိုယ့်အကျိုးစီးပွားမပါဘဲ ဆန့်ကျင်အရေးယူနေချိန်မှာ ဒေါ်စုရဲ့လုပ်ရပ်ကြောင့် နိုင်ငံရေးတက်ကြွသူတွေရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေ ဖြစ်ခဲ့ရပါလားဆိုတာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။”

တိုင်းပြည်အခြေအနေက သေရေးရှင်ရေးအနေအထားနဲ့ ပြည်တွင်းစစ်တွေဖြစ်၊ နိုင်ငံရေးတက်ကြွသူတွေက အဖမ်းခံပြီး ဆန္ဒတွေထုတ်ဖော်၊ နိုင်ငံရေးအကျဉ်းသားတွေက ပိုပြီးညှင်းပန်းနှိပ်စက်ခံနေရချိန်မှာ ဘောလုံးပွဲ ကို အေးအေးဆေးဆေး သွားကြည့်နိုင်တဲ့ ဒေါ်စုဟာ နိုင်ငံရေးသမားတယောက်ရဲ့ လုပ်သင့်တဲ့အလုပ်၊ မလုပ် သင့်တဲ့အလုပ် ဆိုတာကိုတောင် ခွဲခြားသိနိုင်သူ မဟုတ်တန်ရာဘူး။ ပုဂ္ဂိုလ်ရေးကို ဘာမှမပြောချင်ပေမယ့် အာဏာရှင်နဲ့ ပေါင်းဖက်စီးပွားလုပ်နေသူတွေကို ကမ္ဘာကတောင် ကိုယ့်အကျိုးစီးပွားမပါဘဲ ဆန့်ကျင်အရေး ယူနေချိန်မှာ ဒေါ်စုရဲ့လုပ်ရပ်ကြောင့် နိုင်ငံရေးတက်ကြွသူတွေရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေ ဖြစ်ခဲ့ရပါလားဆို တာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။

အန်အယ်လ်ဒီပါတီကြီးမှာလည်း တကိုယ်တော်ခေါင်းဆောင်အဖြစ် ဒေါ်စုဟာ မသိမတတ်တာ မရှိဘူးဆိုပြီး လုပ်ချင်ရာလုပ်နေတာကို ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေ နှုတ်ပိတ်နေပေမယ့် မြန်မာပြည်သူလူထုကို ဂ ရုမစိုက် အလေးမထားဘဲ လူထုကို စော်ကားဖို့အထိတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ ဒေါ်စုဟာ သာမန် မိန်းမတယောက် မဟုတ်ပါဘူး။ နိုင်ငံရေးသမား၊ ပါတီခေါင်ဆောင်၊ လူထုခေါင်းဆောင်ဆိုတဲ့ ၀ိသေသတွေ တပ်ထားခြင်းခံထားရသူပါ။

မြန်မာပြည်နိုင်ငံရေးဟာ ငြိမ်ငြိမ်နေကြပါ၊ ကျမ အာမခံပါတယ်၊ အပြောင်းအလဲတွေ မြင်နေရပါတယ်လို့ ပြော နေ၊ အာမခံနေလို့ ရတဲ့အရာမဟုတ်ဘူးဆိုတာ သိစေချင်လှတယ်။ မြန်မာ့နိုင်ငံရေးဟာ ဒေါ်စုရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စမဟုတ်ဘူးလေ။ တတိုင်းပြည်လုံးကိစ္စဖြစ်တယ်။ တိုးတိုးတိတ်တိတ် လုပ်ရမယ့်ကိစ္စမဟုတ်ဘူး။ တိုင်ပင်ရမယ်၊ အသိပေးရမယ်၊ အများဆုံးဖြတ်ချက်ကို အသိမှတ်ပြုရမယ်။ ဒါမှသာ ဒီမိုကရေစီစနစ်ကို ဖော် ဆောင်နိုင်မှာဖြစ်တယ်။

အာဏာရှင်ဆီက ဘယ်လိုသဘောတူညီချက် ရတယ်၊ ဘယ်လိုအချက်အလက်ကတော့ လက်ခံလို့ရတယ် ဘယ်လိုအချက်အလက်ကတော့ လက်ခံလို့မရဘူး၊ ညှိနှိုင်းနေတယ်ဆိုတာ သိကိုသိရမယ်။ လူသိရှင်ကြား ထုတ်ဖော်ရမယ်။ ကမ္ဘာ့ဖြစ်ရပ်တွေမှာ နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့တာ မရှိခဲ့လေဘူး။ ရှိခဲ့ တယ်ဆိုရင်လည်း အချိန်ကာလတခုမှာ ထုတ်ပြောမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်အတိုင်းအတာထိ ကိုယ့်ဘက်က တောင်းဆိုမှုတွေရပြီ ဆိုတာတော့ အသိပေးရမှာပဲ။ အခုတော့ ကုလမသဂ္ဂကတောင် မမြင်ရ သေးတဲ့တိုးတက်မှုတွေ ဒေါ်စုက မြင်တွေ့နေရပြီဆိုတာကတော့ လက်ဝါးချင်းပေါင်းရိုက်နေသလားလို့တောင် စဉ်းစားရမလို ဖြစ်နေပါပြီ။

အရင်တုန်းကလည်း ဗိုလ်ချုပ်ခင်ညွန့်နဲ့ ယုံကြည်မူတွေတည်ဆောက်တယ်ဆိုပြီး တိုးတိုးတိတ်တိတ် လုပ်ခဲ့ကြ တယ်။ လမ်းတံတားစီမံကိန်းတွေ သွားကြည့်၊ တပ်မတော်သားတွေကို အားပေးနဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ကျောင်သားတပ်ဖွဲ့တွေကို စော်ကားတဲ့ အပြုအမူတွေကို လုပ်ခဲ့ဖူးပါတယ်။ ဒေါ်စုကို နိုင်ငံရေးအရ တကယ်ထောက်ခံအားပေးနေတာ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေပါ။ ဆက်ဆံရေးဝန်ကြီး ဦးအောင် ကြည်နဲ့ ယုံကြည်မှုတွေ တည်ဆောက်နေတာလည်း အချိန်ကာလ မနည်းလေတော့ဘူး။ ယုံကြည်မှုတည် ဆောက်တယ်ဆိုတာ အချိန်ကာလသတ်မှတ်ချက်ရှိရမယ်။ အာဏာရှင် မယုံကြည်မချင်း တည်ဆောက်နေတဲ့ တွေ့ဆုံမှုတွေဟာ မြန်မာလူထုကို နေ့စဉ် ချောက်ကမ်းပါးစွန်းရောက်အောင် လုပ်နေသလို၊ အာဏာရှင်သက် ဆိုးရှည်ဖို့ အချိန်ကာလဆွဲဆန့်ပေးနေသလို ဖြစ်နေပါတယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အသုံးချ တောင်ခံဦးမယ်ဆိုပဲ။ ဒေါ်စုကို ခေါင်းဆောင်လုပ်ခိုင်းနေတာပါ။ အသုံးချခံဖို့အတွက် ခေါင်းဆောင်တင်ခဲ့ကြ တာမဟုတ်ပါဘူး။

ဒါပေမယ့် တိုင်းပြည်လွတ်မြောက်ရေး လိုချင်ရင် ကိုယ့်ဖာသာကြိုးစားရမယ်ဆိုတဲ့ တာဝန်မဲ့ ပုတ်ထုတ်စကား တွေကိုသာ ဟောကြားတတ်လေတော့ စိတ်ပျက်မိပါတယ်။ ဟောပြောတဲ့ စကားတွေမှာလည်း ရှေ့နောက်မ ညီလေတော့ ဆင်ခြင်တုံတရားနည်းစွာ ပြောနေတာလို့ပဲယူဆလာမိပါတယ်။ တကမ္ဘာလုံးမှာ အာဏာရှင်တွေ ကို လူထုက တော်လှန်နေချိန်မှာ မြန်မာပြည်က ဘယ်ဟာနဲ့တော့ နှိုင်းလို့မရဘူး၊ ဘယ်ဟာနဲ့တော့ မတူလေ ဘူးဆိုတာမျိုးတွေ ပြောနေတာဟာ ကိုယ့်ဖာသာ အသုံးမကျမှုတွေကို ဖာထေးနေသလို ဖြစ်နေပါတယ်။ နိုင်ငံ တကာက တော်လှန်ရေးတွေနဲ့ တူခြင်းမတူခြင်းဆိုတာထက် လူထုလှုပ်ရှားမူကို လက်မခံဘူးဆိုတာတွေကို တွေ့လာရတော့ လူထုခေါင်းဆောင်က မြန်မာပြည်အပြောင်းအလဲကို မဲသမာမှုတွေနဲ့ ရယူထားတဲ့ ကြံ့ဖွတ် တွေနဲ့ပေါင်း လွှတ်တော်တက်ပြီး ပေါင်းလုပ်ရင် ရတယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့များ လုပ်နေပါပေါ့လားလို့ စိတ်မသက်သာဖြစ်ရတယ်။

အန်အယ်လ်ဒီပါတီကို ခေါင်းဆောင်ထားတဲ့ ဒေါ်စုဟာ ၉၀ ရွေကောက်ပွဲရလဒ်ကိုလည်း အသေအချာ မဆုပ် ကိုင်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ဖွဲ့စည်းပုံကို ပြင်ပါလို့ဆိုပြီးမှ ခုတော့ ပါတီကို တရားဝင် မှတ်ပုံတင်နိုင်ခွင့်ရရေး ကြိုးစားနေတာကတော့ ရှက်တတ်ရင် လဲသေလိုက်ဖို့သာ ကောင်းနေပါပြီ။ ဒါမှမဟုတ် ရင် အပြစ်ကင်းချင်တဲ့ သူတော်ကောင်းမကြီးလုပ်ပြီး ဘုရားရိပ်တရားရိပ်မှာ အေးဆေးစွာနေပါတော့။ ဘုရား အလုပ်၊ တရားအလုပ် လုပ်နေတဲ့ သံဃာတွေတောင် အသတ်ခံ အဖမ်းခံပြီး လူထုကျွေးတဲ့ ဆွမ်းတနပ်အ တွက် တာဝန်ကျေနေကြချိန်မှာ ကိုယ့်တာဝန်ကိုယ်မသိတဲ့ လူထုခေါင်းဆောင်အမည်ခံထားတဲ့ ဒေါ်အောင် ဆန်းစုကြည်ရေ ... နိုဘယ်ဆုကို ပေးခဲ့တယ်ဆိုတာ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ရှေ့ဆုံးကနေ မားမား မတ်မတ် တိုက်ပွဲဝင်ဖို့အတွက် ပေးခဲ့တယ်ဆိုတာလောက်တော့ သိသင့်ပါတယ်။

လူထုအုံကြွမှုဖြစ်မှာလည်းကြောက်၊ လူထု လမ်းပေါ်ထွက်မှာလည်းစိုးရိမ်၊ အာဏာရှင်ကို လက်နက်ကိုင်တိုက် မှာလည်း မလိုလား၊ အာဏာရှင်ကို ဒူးထောက်အညံ့ခံပြီး အသုံးချခံဖို့ကိုပဲ စဉ်းစားခဲ့ရင် လွန်ခဲ့တဲ့ ၂၃ နှစ်က တည်းက အာဏာရှင်ထံ အညံ့ခံပြီး အပေးအယူလုပ်ခဲ့သင့်ပါတယ်။ အခုတော့ ကုန်လွန်ခဲ့တဲ့ အချိန်တွေအ တွင်းမှာ လူထုဘ၀တွေ အဆိုးဆုံးအခြေအနေ ရောက်နေတာတွေကို မြင်အောင်ကြည့်ပါ။ မမြင်နိုင်ရင် မလုပ် နိုင်ကြောင်း ၀န်ခံလိုက်ပါ။ မြန်မာ့နိုင်ငံရေးထဲမှာ မပါဝင် မပတ်သက်ပါနဲ့တော့။ သတ္တိရှိရှိနဲ့ လုပ်နိုင်တဲ့သူတွေ ကို အားပေးပါ။ တက်ကြွလှုပ်ရှားသူတွေရဲ့ နိုင်ငံရေးကို သေးသိမ်အောင် မလုပ်မိပါစေနဲ့။ လူထုအုံကြွမှုကို ဘယ်သူကမှ လုပ်ကြံဖန်တီးလို့ မရသလို တားဆီးလို့လည်း ရမှာမဟုတ်ပါဘူး။ ။

(၄ နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့က လှုပ်းရှားတက်ကြွခဲ့ကြသူတွေကို ဦးညွတ်ဂုဏ်ပြု လေးစားမှုနဲ့ ရေးသားပါ သည်။)

အက်ဆစ်

48 comments:

Anonymous said...

ပြည်ပကနေ အန်တီစုကို ဝေဖန်သံနေသူများကို “အန်တီစု ပြည်သူတွေအတွက် ဘာတွေလုပ်နေသလဲ” မေးခွန်းလို “ခင်ဗျားတို့ကော ပြည်သူတွေအတွက် ဘာတွေလုပ်နေသလဲ” လို့ မေးချင်ပါတယ်။ မြန်မာပြည်တွင်းမှာ နိုင်ငံရေး လူမှုရေးအင်အားစုတွေ၊ ကွန်ယက်တွေ၊ တတ်သိပညာရှင်တွေ အားလုံး အန်တီစုနဲ့အတူ၊ အန်အယ်ဒီနဲ့အတူ ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်နေကြတာ အများအမြင်ပါ။
nld က ခွဲထွက်ခဲ့ကြတဲ့ ndf လို အဖွဲ့မျိုး၊ ၀ံသာနု nld လို အဖွဲ့မျိုး၊ လမ်းပြကြယ် ဦးအေးမြင့်လို ပုဂ္ဂိုလ်မျိုး၊ ကိုအေးလွင်တို့လို၊ မြန်မာသံတော်ဆင့်က ကိုမြင့်ဆွေတို့လို လူတွေက အန်တီစုကို ဝေဖန်ပြောဆိုလာရင် သိတ်အံ့သြမိမှာ မဟုတ်ပေမယ့် ဗုံမဟုတ် ပတ်မဟုတ် ပြည်ပကအသံတချို့ ကြွက်စီညံနေတာကိုတော့ မထူးပေမယ့် ဆန်းတယ်လို့ ကောက်ချက်ချရမှာပဲ။
ကြွက်စီညံနေတဲ့အသံတွေထဲမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အမှန်တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ပြီး မလွှဲမရှောင်သာ ပြည်ပမှာလာနေထိုင်နေရသူတွေရဲ့ အသံတွေ မပါတာလဲ သတိပြုမိပါတယ်။ ဘာကြောင့် သူတို့အသံတွေ မကြားရတာလဲ။ ရှင်းပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ ပစ္ခက္ခအခြေနေကို သူတို့တွေ ကိုယ့်ထက် နားလည်လို့ပါ။ အန်တီစုဟာ လူထုအပေါ်၊ တော်လှန်ရေးအပေါ် သစ္စာမဖောက်ဘူးဆိုတာ ယုံကြည်လို့ပါ။
ပြည်ပမှာရောက်ရှိနေထိုင်နေတဲ့ မြန်မာအများစု(အားလုံးကိုမဆိုလိုပါ၊ ကိုယ်လဲပါပါတယ်)ဟာ ကိုယ့်ကိုယ်ကျိုးအတ္တအတွက် ရုန်းကန်လှုပ်ရှားနေကြသူချည်းပါ။ မြန်မာပြည်ဒီမိုကရေစီရဖို့ အနစ်နာခံပြီး ပြည်ပမှာ တမင်ကလာ မနေချင်ပဲနဲ့နေနေရတယ်လို့ ဆိုချင်သူများရှိရင် စာရင်းပြုချင်ပါတယ်။
အင်တာနက်ပေါ်က၊ လေလှိုင်းပေါ်က တော်လှန်ရေးသမားများ ပြည်ပကနေ ပြည်သူတွေအတွက် ဘာတွေလုပ်နေသလဲ ???

Lwin Oo said...

ကို ကြီး ပေါ တ ကယ် ပေါ သွား ပီ

သတိ said...

အားလုံးသတိ

အဟက်.. အက်စစ်ကတော့ ထားပါတော့.. စထဲက ယဉ်သကိုဆိုသလို ဒေါ်စုကို ကျွန်တော်နဲ့ အပြိုင် နင်လားငါလား ဝေဖန်ခဲ့သူပါပဲ.. ဆန်းတာက ခုနောက်ပိုင်း ဒေါ်စုလုပ်ရပ်တွေ မကြိုက်လွန်းတာမို့ ဘာအပြစ်တင်ရမှန်း ကိုယ့်ဘာသာ ရှာမရတာတောင် တကူးတက သူများစာကို တင်ပေးခဲ့တဲ့ ဆရာ.ကြီးပေါရဲ့ ရှားရှားပါးပါး လုပ်ရပ်လေးပါပဲ.. ဘာတဲ့.. တစ်ထပ်ထဲတောင် ကျတယ်ဆိုပဲ..

ကိုပေါဟာ လူအစွဲမထားပဲ လုပ်ရပ်အပေါ် ဝေဖန်တတ်သူလို့တော့ တစ်ပိုင်းတစ်စ လက်ခံပါပီ.. တပိုင်းတစဆိုတာက တစ်ယောက်သောသူကို ခြွင်းချက်ထားလို့ပါပဲ.. အဲဒီလူက ကိုပေါပဲ.. သူတွေးသမျှ.. သူ့သဘောနဲ့ မကိုက်သမျှဟာ ရလဒ်ဘာရှိရှိ မှားတယ်.. သူသဘောကျရင် ရလဒ်ဘာရှိရှိ အရေးမကြီးတော့ပြန်ဘူး.. မှန်တယ်ဖြစ်သွားရော.. သူစဉ်းစားတဲ့ လမ်းကြောင်းနဲ့ ထပ်တူကျရင် အဲဒီလူကို (ဘာမှမလုပ်ထားလဲ) ဗလိုင်းကြီးကို မြှောက်ပင့်မယ်.. သူစဉ်းစားတဲ့ လမ်းကြောင်းနဲ့ မကိုက်ဘူးဆိုရင် ဘာလုပ်လုပ် ဘယ်လိုကိုက်ရမလဲဆိုတာကို (အံ့သြောစရာကောင်း လောက်အောင်ကို) မျက်စိဒေါက်ထောက် အပစ်ရှာနေတာဗျ.. ဟားဟား.. အဲဒီလူကို ခြွင်းချက်မထား ပစ်တင်ဝေဖန်ပါဦး ဆရာ.ကြီးပေါကို သတိပေးချင်ပါရဲ့..

စဉ်းစားကြည့်ရင် မြန်မာပြည်မှာ ဘယ်လူထုအုံကြွမှုကမှ အာဏာရှင်ကို မနိုင်ခဲ့ဘူးဆိုတာ အကြိမ်ကြိမ် သက်သေ ပြခဲ့ပြီးတာတောင် လမ်းဟောင်းကို စွဲကိုင်ထားချင်သေးတဲ့ ငါ့ယုံကြည်ချက်ဟာ မှန်ရဲ့လားလို့ သုံးသပ်ကြည့်ဘူးပါရဲ့လား.. သူအခု စမ်းသပ်တဲ့ လမ်းကြောင်းကရော မမှန်နိုင်ဘူးတဲ့လား.. အရင်တုန်းကမှ မယုံရတာ အမှတ်မရှိသေးဘူးလား ဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်တာလဲ အရင်တုန်းကမှ မနိုင်တာ အမှတ်မရှိသေးဘူးလား ပြန်မေးရုံပါပဲ.. ရီရတာက ကိုပေါရဲ့ အရင်ဆောင်းပါးတွေမှာရော ဒီဆောင်းပါးမှာပါ နိုင်ငံရေးသမားဆိုတာ ပြည်သူကို ပွင့်လင်းရမယ် ဘာညာကွိကွ ဖလော်ဆော်ဖီကြီးတွေ.. ပွင့်လင်းသင့်တဲ့ နေရာမှာ ပွင့်လင်း.. လျှို့ဝှက်သင့်တဲ့ နေရာမှာ လျှို့ဝှက်လေ့ ရှိတဲ့ နိုင်ငံရေးသဘောတရားတောင် နားမလည်ဘူးတဲ့လား.. ပွင့်လင်းမှုမရှိရင် ပြည်သူတွေက လက်မခံပါဘူးတဲ့.. သိပ်ကို ကောင်းမွန်တဲ့ ဖလော်တွေပါ.. တကယ့်လက်တွေ့ ကရောဘာလဲ.. ကော်မန့်တွေပဲ ကြည့်ပါဦး.. ဒါက မြန်မာတွေ မို့လို့ပါ ဆိုပီးမပြောနဲ့ ကမ္ဘာတောင် ဒေါ်စုဘာမှမလုပ်ပဲကို.. ဘာလုပ်မှန်း မသိပဲကို စွပ်စက်ထောက် ခံနေလို့ မောင်သတိညစ်နေတာ ကြာလှပေါ့ဗျာ..

ကျွန်တော့အမြင်တော့ ဒေါ်စု ခုအန်အယ်ဒီမှတ်ပုံတင်မယ် ဆုံးဖြတ်ရင်တောင် ရဲရင့်တဲ့ ဆုံးဖြတ်ချက်ပါပဲ.. ခုတစ်မျိုး တော်ကြာတစ်မျိုး ဗလောင်းဗလဲ ပြောသလိုဖြစ်မယ်.. (အဟက်.. ကိုပေါ စင်ပေါ်တင်ကထဲကိုကလဲ ခုတမျိုး တော်ကြာ တမျိုးက သူပြောနေကျပါပဲ.. အဲဒီတုန်းကလဲ ကိုပေါခမျာ ဖလော်မျိုးစုံသုံးပြီး ကာကွယ်ရရှာတယ်..) ဒါပေမဲ့ စဉ်းစားကြည့်ရအောင်.. မမှားတဲ့လူ မရှိဘူးဆိုတာ ကိုပေါတို့ အသံကောင်းဟစ်ပြလေ့ရှိတဲ့ ဖလော်တစ်ခုပါ.. ကဲ ကိုယ့်လုပ်ရပ် မှားမှန်း.. ဒါမှမဟုတ် အကျိုးမသက်ရောက်မှန်း သိပြီးဆိုပါတော့.. ဘာလုပ်မလဲ.. မှားပစေတော့ မထူးဘူး ဆက်ပေါမှာပဲ အဲ.. ဆက်မှားမှာပဲ လုပ်မလား.. ပြင်မလား.. ဒါဟာ ဗလောင်းဗလဲဆိုရင် အဲလို ဗလောင်းဗလဲမျိုးတော့ လုပ်စမ်းပါဗျာ.. ထောက်ခံပါရဲ့.. ခုဒီနေ့ ဦးသိန်းစိန် မြစ်ဆုံကိစ္စ တရုတ်နိုင်ငံကို ဗလောင်းဗလဲ လုပ်ရသလိုပေါ့..

ချုပ်ရရင်တော့ သူ့လမ်းကြောင်းကို မကြိုက်ဘူးဆိုရင် မကြိုက်ကြောင်း လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါတယ်.. အမြင်မတော်ဘူး ထင်ရင်လဲ ပြောပစ်လိုက်လို့ ရပါတယ်.. (တချို့လုပ်ရပ်တွေ တကယ်မှ အမြင်မတော်တာ..) ဒါပေမဲ့ အဲဒါက ခုကိုပေါ လုပ်နေပုံမျိုး မဟုတ်ဘူး.. ထောက်ပြဝေဖန်တာမျိုး မဟုတ်ပဲ မျက်စေ့ဒေါက်ထောက်ပြီး ပုတ်ခတ်တာဖြစ်နေတယ်.. ပုတ်ခတ်တဲ့ စာတွေ အားရ၀မ်းသာ လိုက်ရှာတာမျိုး ဖြစ်နေတယ်.. ငါပဲမှန်တယ် နင်မှားတယ်ဆိုတဲ့ ဇွတ်ကြီးဖြစ်နေတယ်.. ဦးသိန်းစိန်နဲ့ ဒေါ်စုတွေ့တာ ဘယ်နှစ်ရက်ရှိပါပီ ဘာညာကွိကွ count down လုပ်ပြီး ရလဒ်ကြည့်ချင်ရင်တော့ ဆရာ.ကြီးပေါခင်ဗျား.. အဲဒါကို အကိုအရင်မလုပ်ထားဖူးတဲ့ နှစ်နှစ်ဆယ် အချိန်က ရလဒ်နဲ့ ပြိုင်ဆိုင်ယှဉ်ချပြီး ခပ်ရဲရဲ သုံးသပ်စေချင်ပါကြောင်း..

အားလုံးသက်သာ
မောင်သတိ

Anonymous said...

“အန်တီစု ပြည်သူတွေအတွက် ဘာတွေလုပ်နေသလဲ” မေးခွန်းလို “ခင်ဗျားတို့ကော ပြည်သူတွေအတွက် ဘာတွေလုပ်နေသလဲ” လို့ မေးချင်ပါတယ်။ (ဒါ ပါမှပါပါ့မလားလို့ စိုးရိမ်လိုက်ရတာ။)

Thu said...

Today, I got quite different feeling by ko Lwan Swe blog filled with disappointed arguments while univocal comments in EMG for Myitson Dam stoppage news.
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွစွာ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သတင်းရရှိပါသည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=10336&Itemid=112

Thu said...
This comment has been removed by the author.
Anonymous said...

Nga Muu Thouk Paw

Jackel said...

အင်း.. ကိုပေါရေ
ခင်ဗျားဟာ ကလိတဲ့နေရာ၊ ထေ့တဲ့ ရိတဲ့နေရမှာတော့ အတော်လေး လက်စွမ်းထက်ပါပေမယ်။ ဒါပေမယ့် တကယ့်တကယ် ဗျူဟာကျကျ သုံးသပ်နိုင်စွမ်း ဒီလောက်အားနည်းမယ်လိမ့်တော့ ထင်မထားမိဘူး။
ဗျူဟာတခု၊အမြင်တခု မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ အဲဒိကိုသုံးသပ်ပြတဲ့နေရာမှာ ကိုယ်ပြောချင်တဲ့ အာဘော်ပါရုံနဲ့ သူများပြောသမျှ လိုက်ထောက်ခံနေရတဲ့အထဲ ကိုပေါပါနေတာကတော့ အတော်အံ့သြမိတယ်။ အစကတော့ ခင်ဗျားဟာ ကိုယ့်အမြင်နဲ့ကိုယ် သီးသန့်အမြဲတင်ပြရေးသားနေသူလို့ ထင်ထားခဲ့တာ၊ နောက်ဆုံးတော့ ခင်ဗျားလဲ အရောင်တူရာ သူချင်းအုပ်စုအတင်းဖွဲ့ ပြီး ရောတိရောရာ ယိမ်းဝင်ကတတ်သူဖြစ်နေပြီ။

အရင်က ဒေါ်စုနဲ့ NLD က အစိုးရ (အရင်စစ်အစိုးရ၊ အခုလက်ရှိ ကြံ့ဖွတ်အစိုးရ) နဲ့ စကားပြောဖို့ တောင်းဆိုကမ်းလှမ်းနေကြတုံးက ကိုပေါတို့လို လူတွေအပါအ၀င် အားလုံးသော အတိုက်ခံတွေက Dialog ဖြစ်ဖို့အရေး အားပေးထောက်ခံခဲ့ကြတယ်။
ဟော အခု Dialog အဆင့်ကို ခပ်သွက်သွက်ကျော်ဖြတ်ပြီး သဘာတူညီမှုတွေ တစ်စုံတစ်ရာရချိန်ကျမှ ခင်ဗျားတို့တတွေက ဘက်ဂီယာထိုးပြီး ဘာစကားတွေ ပြောနေမှန်း ငါတို့မှမသိတာ ယုံနိုင်စရာလား လုပ်နေတယ်။ သဘောပေါက်ထားဖို့က ဟိုဖက်မှာကလဲ သမတ အပါအ၀င် တိုင်းပြည်ပြောင်းလဲမှု လိုလားသူတွေ ဟာ သူတို့ စိတ်တိုင်းကျ လုပ်လို့မရသလို၊ ဒီဖက်မှာလဲ ဒေါ်စုတစ်ယောက်တည်း ထင်ရာကျဲ လုပ်လို့ရတာမဟုတ်ဘူး။ နှစ်ဖက်လုံး risk တွေယူပြီး စကားပြောဖြစ်တဲ့ အချိန်ကျမှ ဒီစကားတွေ ကျုပ်တို့မှ မသိရရင် မယုံနိုင်ပါဘူးလုပ်နေတာဟာ၊ အဖေဘယ်လောက်ဝင်ငွေရှိနေမှန်းမသိပဲ အလိုက်ကမ်းဆိုးမသိ တန်ဖိုးကြီး အရုပ်မရရအောင် ၀ယ်ခိုင်းနေတဲ့ကလေးဆိုးတွေလိုပဲ။

ဘာတွေ ပြောကြဆိုကြတယ်ဆိုတာ အသေးစိတ်မသိရလို့ မယုံမကြည်ဖြစ်နေကြတဲ့ ခင်ဗျားတို့က လက်တွေ့ဖြစ်ပေါ်လာနေတဲ့ ရလာဒ်တွေအပေါ်လဲ အသိမှတ်ပြုဟန် မတူပြန်ဘူး၊ မျက်လုံးစုံကန်းနေသူတွေလိုပဲ။ ခင်ဗျားတို့လိုလူတွေကို အသိပေးရမှ တကယ့် နိုင်ငံရေး အပြောင်းလဲတွေဖြစ်နေတာကို လူတွေလက်ခံမယ်လိုလို ဘာလိုလိုပြောနေကြပေမယ့် တကယ်အလုပ်လုပ်နေကြတဲ့ ပြည်တွင်းက ဘယ်အင်အားစုကမှ အခုအပြောင်းအလဲ ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အယုံအကြည်ကင်းမဲ့မှုလေသံနဲ့ ဝေဖန်နေသံမျိုး မကြားရပြန်ဘူး။

Jackel said...

ခင်ဗျားတို့ ဝေဖန်သံတွေထဲမှာ သိပ်ကလေးကလားဆန်နေတာတွေကတော့.. ၁)ဒေါ်စုဘောပွဲကြည့်တာဟာ သူ့ရဲ့ cause ကို သစ္စာဖောက်သွားသယောင် ပြောနေကြတာ ၂) နှစ်ဖက်လုံးအတွက် အချိန်မရေးနောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ sensitive ဖြစ်တဲ့ issue တွေကို ဘဏ်မှာ ငွေသွားချေးတဲ့ သူကို ဘဏ်က အသေးစိတ်မေးမြန်းတာတွေ ဖြေမှ ချေးငွေထုတ်ပေးနိုင်မယ့် အလား သဘောထားနေကြတာတွေ ၃) ဒိုင်ယာလော့ကို တောင်းထားသူ အခု ဒိုင်ယာလော့ရတော့ အခြား နည်းလမ်းနဲ့ လမ်းကြောင်းရှည်ပေါ်တွန်းတင်ဖို့ ကြိုးစားနေတာတွေ စတဲ့ လမ်းကြောင်းဟောင်းတွေကို ဆက်လက်ဖက်တွယ်ဖက်နေကြတာကိုပဲ မြင်နေရတယ်။

တစ်ဖက်ကနေလဲ ခင်ဗျားတို့ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒ၊ ဗျူဟာတွေကို ချပြကြအုံးလေဗျာ။
၁) ဒေါ်စုကို အစဉ်အမြဲပဲ အစိုးရဆိုသူတွေကို အတိုက်ခံလုပ် နပမ်းလုံးနေတာကိုမြင်ချင်တာလား။
၂) အရင် စစ်အစိုးရရဲ့ မတရားမှုတွေအတွက် သူတို့ကို ကလဲ့စားချေ တုံ့ပြန်နိုင်မှ နိုင်ငံရေးအပြောင်းလဲ လို့မြင်မှာလား
၃) အပေါ်က ၂ခုကိုလုပ်နိုင်မယ့် လမ်းကြောင်းကိုမှ တကယ့်ပြောင်းလဲမှုဖြစ်နိုင်မယ်လို့ ထင်ထားကြတာလား
၎) အစိုးရ အပြောင်းအလဲ လုံးဝဖြစ်သွားမှ (ဥပမာ လက်ရှိကြံ့ဖွတ်အစိုးရမှ ဒေါ်စု သို့မဟုတ် အခြားခင်ဗျားတို့ ထောက်ခံတဲ့ အင်အားစုအာဏာရသွားမှ) ဒီမိုကရေစီ ရမယ်ထင်နေတာလား
၅) လက်ရှိ စစ်အုပ်စု ကျောထောက်နောက်ခံ အစိုးရပြုတ်ကျသွားရင်ရော တကယ် ဒီမိုကရေစီ ရပြီလို့ ထင်နေလား
စတဲ့ လားပေါင်းများစွာအပါအ၀င်..
၆) ထောင်ထဲက ကျုပ်တို့ ရဲဘော်အစစ်တွေ လွတ်လပ်စွာ ထွက်လာနိုင်ဖို့ ခင်ဗျားတို့ လိုချင်တဲ့ အထက်က အချက်တွေ အကောင်ထည်ပေါ်လာတဲ့ အထိစောင့်နေရမှာလား
၇) တိုင်းပြည်ရဲ့ လတ်တလော လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေကို ခင်ဗျားတို့ လိုချင်တဲ့ အခြေအနေရောက်မှ ပြုပြင်ပြောင်းလဲ နိုင်ဖို့ ကြိုးစားရမှာလား။
၈) ပြည်သူလူထုဖက်က ပေးဆပ်မှုအနည်းဆုံးနဲ့အကြီးဆုံးအမြတ်စွန်းကိုရဖို့ ဘယ်နည်းလမ်းဟာ အကောင်းဆုံးလို့ ခင်ဗျားတို့ ယုံကြည်သလဲ။ခင်ဗျားတို့မှာ ပိုမိုကောင်းမွန်တဲ့ အခြားနည်းလမ်းရှိသလား။
၉) ခင်ဗျားတို့ ယုံကြည်တဲ့လမ်းကြောင်းဟာ တိုင်းပြည်အတွင်းက majority stakeholders တွေ အကုန်လက်ခံနိုင်မယ့် လမ်းကြောင်းဖြစ်ပါ့မလား

အထက်ပါ အချက်များကို ပြန်လှန်မေးခွန်းထုတ်ပါရစေ။
ဒါတွေကို ပြေလည်အောင် မရှင်းလင်းနိုင်ပဲ ကလိလိုက် ထေ့လိုက် လုပ်နေရုံသက်သက်ဆိုရင်တော့ ခင်ဗျားလဲ ကပ်ပိယ ကံကောင်း၊ ကျေးစေတမန် တို့နဲ့ ထူးမခြားနားတဲ့ radical တစ်ယောက်ပဲဖြစ်လိမ့်မယ်။

Anonymous said...

စင်္ကာပူမှာလည်း ပီအာက ထပ်တိုလို့ မရ.... မြန်မာပြည်ပြန်ရင်လည်း လုပ်ရပ်တွေက မမှန်တော့ အဖမ်းခံမှာ စိုးရိမ်ရ.. အန်တီစု နဲ့ ဦးသိန်းစိန် တို့က ပူးပေါင်းဖြေရှင်းနေပြီဆိုတော့ အမေရိက အော်စီတို့က ရီဖြူဂျီလဲ မပေးတော့ ဆိုတော့ မင်းသားက မကရတာနဲ့ ပတ်မကြီးကို ထိုးခွင်းမယ် ကြံရွယ်နေသူ ကိုပေါလို့ပဲ ပြောလိုက်ချင်တဲ့။

ဆရာကြီး စင်္ကာပူဒီမိုကရက် ချီဆွမ်ချမ်း လမ်းစဉ်လိုက်တာပေါ့။ အောင်မြင်နေတဲ့ ခေါင်းဆောင်တွေကို အပုပ်ချ သိက္ခာကျအောင် လုပ်ဖို့လောက်ပဲ တတ်တော့တယ်။ ချီဆွမ်ချမ်းက စလုံးမှာလို့ နေလို့ရတာ ကိုပေါတို့က အပေါ်လဲ မရောက် အောက်လဲ မရောက်ဆိုတော့ ဇော်ကန့်လန် ဖြစ်တော့မှာ မြင်ယောင်သေး...

Anonymous said...

"အန်တီစု နဲ့ ဦးသိန်းစိန် တို့က ပူးပေါင်းဖြေရှင်းနေပြီဆိုတော့ အမေရိက အော်စီတို့က ရီဖြူဂျီလဲ မပေးတော့"

I see why Ko Paw is dead against
Daw Su and new reforms in Burma.
I thought Ko Paw is an engineer,
a professional but I learn that
he may be a new bum in the queue.

Well, there still are issues he
can apply for refugees, such as
being a gay, or non Buddhist- he
can shout that Burmese Buddhists
including Daw Aung San Su Kyi are
discriminating him for his faith.
Good luck for your relocation!

Anonymous said...

ငပေါကြီးရေ
မင်းရဲ့ လမ်းစဉ်က ဘာလဲ
ဒေါ်အောင်ဆန်းကြည် အချုပ်ထဲကျနေမှ မင်းက နေထိုင်သာ ရှိတာလား။
တပြည်လုံးလမ်းပေါ်ထွက်ပြီး စစ်တပ်က အစုလိုက်အပြုံလိုက် သတ်မှ မင်းက ကျေနပ်မှာလား။
ပြည်သူတွေငတ်ပြတ်နေမှ မင်းက ပျော်မှာလား။
မင်းက ဘာဖြစ်စေတာလဲ။
ဒီလိုလုပ်တာမကျေမနပ်ဖြစ်နေရင် ဘာလိုလုပ်စေချင်တာလဲ။
မင်းသိပ်တတ်သိနေရင် ချပြနေလေကွာ။

Anonymous said...

ခင်ဗျားဘာလုပ်လုပ် ၀င်ထောက်ခံမယ့် အိမ်ပွဲစားလေး (Soe Tun) ကို နှိုးလိုက်ပါဦး။ ငါ့ကိုဝိုင်း ဆောက်ကုန်ကျပြီလို့ 

Anonymous said...

ဒီလိုစာမျိုးကိုတင်ပြီး ဖြန့်ဝေပေးတဲ့ Nga Paw
ဘလော့ကိုလည်း တော်တော် ရွံရှာ မိတယ်...

Anonymous said...

I thinking after this post that if our country have many Daw Aung San Suu Kyi, we can get Democracy or if we have many Acid,poster,and Ko Paw,blogger, we can get Democracy?
What is the point of review?
I remember that the words " Dogs are barking but curts still on going".

Anonymous said...

Who is that အိမ်ပွဲစား Soe Tun?

Anonymous said...

ကျော ချ ရင် ဒါးပြ တဲ့
ဒီတခါ ကျော ချ သွား တာ
ဒါး ပြ မဟုတ်ဘူး
ဒို့် ဗိုလ် ချုပ် အောင်ဆန်း ရဲ့ သ မီး
အောင်ဆန်း စုကြည် ။

လေ လည် ရင်
ဘာ ကျယ် လဲ မေး နဲ့
စု နိုင် မှ ချမ်းသာမယ် တဲ့
ဒို့် တ တွေ မချမ်းသာ ခဲ့ ပေမဲ့
မေတ္တာ ပို့် မ ပျက်ပါ ဘူး
တ ခါ မှားဖူး တဲ့ အရိုင်း စု လေး အတွက်

ဒို့် ပြည်သူ အချစ် နဲ့ အရာရာ အကောင်း အတိုင်း ဖြစ် ခဲ့ တယ် မဟုတ်လား ။
စု လေး တို့ တူး တူး ခါး ခါး ဖြစ်ပုံများ
ဘူး ဆို ဖယုံ မသီးဖူး ဆို ဘဲ
မရိုသေ့ စကား နောက်ဖေး များ သွား ရင် တောင်
ဘူ ဖြစ်မှာ စိုးလို့ အောင့် တောင် ညှစ်ပါ သတဲ့
ဘူး ဆို တာ လူတိုင်း ကြားအောင် ။
ပီယ၀ါစာ ချစ်ဖွယ်သော စကား ထပ် ကြားစေတာ က
ကျမ ကို ချစ် တဲ့ ပြည်သူတွေသာ အသိ အမှတ် ပြု ရင်
ရုူံး တောင် မလိုပါ သတဲ့
'ကျွန်တော် နဲ့ ကိုဘကျော် ' ဇာတ်ကား ထဲ က
Dialogue တွေ အတိုင်း ။
နှစ် ၂၀ ပစ်ခွါခဲ့တဲ့ ကိုဘကျော် က
ချောင်း ဟန့်သံ ပေးရုံနဲ့
ဒီတခါ သူ ကြင် နာ ကောင်း ရဲ့ ဆို ပြီး
လိုက် ပြေး မယ် ပြင်တဲ့
အကယ်ဒမီ လေထွားစုကြည် ။

Anonymous said...

to anonymous@October 1,2011 11:12AM

Shame on you! You ain't even worth to eat even the shit of my leader,
Daw Aung San Su Kyi.

Do you or did you have a mother?
A street slut who got gang banged
by a bunch of mental retards led
to your existance and right after
birth she left you at an orphange?
You pathetic cock sucking faggot!

Anonymous said...

ပေါဂျီး က စလုံးမှာလဲ လုပ်စားလို့လဲမရ၊ တောင်းစား ဖို့ကြတော့လဲ စလုံးအစိုးရ က သူတောင်းစား လိုင်စင် ချမပေးတော့ ဝက်ရူးရောဂါ ထလာပြီး တိ၊မွေး၊ကု-လွဏ်းစွေ (paw gyi's family doctor)၊ AIDS ရောဂါ သယ် အက်စစ် တို့နဲပေါင်း ပြီးတော့ (လ၊ပ၊အ) ပါတီထောင်တော့ မယ်နဲတူတယ်။

Anonymous said...

အမျိုးသားရေးလှုပ်ရှားမှုကြီး စနေပြီ
http://www.naytthit.net/?p=20343

Zar Ni said...

Totally agree with Jackel... thaks for your comment.

KoPhyoe said...

Bravo, Jackel,

Absolutely agreed with you ....

Mr Paw.
you know what ...now is the time we have to focus on the Unity...You still can say that "I am just saying my opinion and in the democratic, I have the right to say what I think is right."

I think you are fully aware that our country's politic is always ended up divides. Starting from YMBA/GCBA --> Pha-sa-pa-la/Communists--->NLD/NDF, they all went up with divides. which makes them weaker & weaker ,and the enemy got more chances to win.

Well, bear in mind that Unity is very important whether NLD decides to register or not, and this Unity is the only weapon whereby dictators are really afraid of. I hope you fully aware of it

Anonymous said...

ကိုပေါ..
ခင်ဗျားကိုတစ်ချိန်ကကျွန်တော်လေးစားခဲ့ဖူးပါတယ်။
ခင်ဗျားရေးတဲ့ဘလောက်ကိုလဲကျွန်တော်အမြဲဖတ်ဖြစ်ခဲ့ဖူးတယ်။
ခင်ဗျားကိုpioneer.mallမှာတွေ့ရင်လဲ၊ကျွန်တော့်အပေါင်းအသင်းတွေကိုပြပြီးကိုပေါဆိုတာ၊ခင်ဗျားဘဲလို့ပြောပြခဲ့ဖူးတယ်။
ခင်ဗျားအဆင့်အတန်းကိုခင်ဗျားဆွဲမချပါနဲ့ဗျာ။စလုံးမှာနိုင်ငံရေးတက်ကြွခဲ့ဖူးတဲ့ခင်ဗျားကို၊ကျွန်တော်တို့ဆက်ပြီးလေးစားပါရစေ။

စိုးထွန်း said...

<>

မိတ်ဆွေရဲ့ ကွန်မန့်ကိုဖတ်ပြီးချိန်မှာ နေ့လည်လောက်က ကျွန်တော့် ကွန်မန့် ရေးခဲ့ပါတယ်။

ဒါပေမယ့် တစ်ခုခု မှားယွင်းသွားတယ် ထင်ပါတယ်။ ကွန်မန့် မရှိတော့ဘူး။ နောက်မှ ပြန်စစ်ကြည့်ပါ့မယ်။

လောလောဆယ်တော့ ကိုပေါရဲ့ သဘောထားနဲ့ ကျွန်တော်နဲ့ သဘောထား မတူပါဘူး။

ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ချို့ဝေဖန်ကြသလို တိုင်းပြည်ကို သစ္စာဖောက်၊ ကိုယ်ကျိုးရှာသူလို့ လုံးဝ မယူဆပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ဖြစ်သင့်/ဖြစ်ထိုက်/ဖြစ်နိုင်သော နည်းလမ်းတွေကို အမြဲ ဦးစားပေးပြီး ဆောင်ရွက်နေတယ်လို့ ယုံကြည်ဆဲပါလို့ ပြောချင်ပါတယ်။

Jackel ရေးတဲ့ သဘောတရားတွေ၊ ယူဆချက်တွေကို လုံးဝ သဘောတူပါတယ်။

Anonymous said...

I was really impress about your blog. You should have stop what you are doing. We really understand that you did expect too much on Daw Aun San Su Kyi and you might not wanted to accept current situation. I noticed that you always say you have the right to express what you really believe. You should have think all your act and words as well. We should not circulate and follow the steps what was happend in last six decades over. I am pretty sure you are a good father and a good husband for your family, so please be kind and understand to others as well go for solution do not go for arguing.

Naung Latt said...

funny ko paw, anyway you can be more infamous by criticizing daw aung san su kyi of burma. good luck and all the best bro!

Anonymous said...

ဟီး ဟီး မဆိုင်ဂလိုင် ခေါက်လိုက် အုန်းမယ် လွန်ခဲ့ တဲ့ နှစ်အနည်းငယ် က ခဏတဖြုတ် တက်ကြွဘူး တဲ့ မသုံးလုံး နဲ့ ကောင်လေးကို ငယ်ပေ မယ် အရမ်းလေးစားပါတယ် ဆို အခုကော ???

အဲ ကောင်လေး ဆို စလုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပီး ပြောက်တွားလိုက်ဒါ ကိုပေါ (အောင် နိုင်မိုး) နဲ့ တဖွဲ့ထဲလေ သောက်လိုက် စားလိုက်နဲ့

ထူး အိမ်သင် တချင်းလေး " ပြောင်းလဲတတ်တဲ့ မင်းကို ဒို ဘယ်လိုမှ နားမ လည်" ခစ် ခစ် ခစ် ခစ်

စိုးထွန်း said...

သတင်းစာ ရှင်းလင်းပွဲလုပ်တာ ၂၀၀၈ ပါ။

သူ ပျောက်မသွားပါဘူး။ ကျောင်းပြီးလို့ ဒီနှစ် စက်တင်ဘာလအထိ စင်္ကာပူမှာ နေသွားပါတယ်။

Anonymous said...

ကျွန်တော့်ရဲ့ကိုယ်ပိုင်အမြင်ကိုပြောပါမယ်။ လူများစုကိုကိုယ်စားပြုတယ်လို့မဆိုလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ခုကြံ့ဖွတ်အစိုးရ သဘောထားခြင်းမတိုက်ဆိုင်တာတွေခဏထားပြီး စိတ်သဘောထားချင်းတူတဲ့ကိတ်စတွေကိုပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ကြွေးကြော်သံနဲ့တွေ့ဆုံဆွေးနွေးနေကြတာဟာကောင်းတဲ့ဖြစ်စဉ်တွေလို့မြင်ပါတယ်။ အဲ့ဒီလိုပဲ စစ်အစိုးရတစ်ဖြစ်လဲ ကြံ့ဖွတ်အစိုးရအပေါ်မှာ အခါခါခံထားဖူးကြပြီးပြီမို့ သံသယကြီးမားနေပြီး အယုံအကြည်မရှိတဲ့အမြင်ကိုလည်း နားလည်ပေးပါတယ်။ ဒါပေမယ့်လို့ သံသယကြီးတဲ့အဖွဲ့တွေ အယုံအကြည်မရှိတဲ့အဖွဲ့တွေဟာ အဲ့ဒီသံသယတွေ အယုံမကြည်ရှိမှုတွေကို အစိုးရအပေါ်မှာပဲထားပြီးတော့ လက်ရှိဖြစ်စဉ်တွေကိုအကောင်းမြင်နေတဲ့သူတွေကို မတိုက်ခိုက်သင့်ဘူးထင်ပါတယ်။ ကျွန်တော်တို့အားလုံးသွားချင်နေတာ ပြည်သူ့အာဏာဟာအစိုးရပေါ်သက်ရောက်ရေးပဲမဟုတ်လား။ ဘာလို့ အချင်းချင်းတိုက်ခိုက်နေမှာလည်း။ အစိုးရကိုဖိအားပေးတဲ့သူကပေးမယ်။ ကောင်းတဲ့ဆောင်ရွက်မှုတွေအတွက်အမှတ်ပေးတဲ့သူကပေးမယ်။ လူတိုင်းဗျာ ကောင်းတာလုပ်လို့ချီးကြူးခံရရင်လုပ်ရတာပိုအားရှိတယ်။ ထပ်ထပ်ပြီးအချီးမွန်းခံရအောင် ကောင်းတာတွေထပ်ထပ်လုပ်မယ်။ အဲ့ဒီလိုပဲ မြစ်ဆုံကိတ်စရပ်တန့်လိုက်သလိုမျိုး ကောင်းတဲ့ဆောင်ရွက်ချက်တွေမှာ ကြိုဆိုရမှာပဲ အားပေးရမှာပဲ။ မဟုတ်ရင် ကောင်းတာလုပ်လည်း ဆဲခံရ ဆိုးတာလုပ်လည်းဆဲခံရဆို သိပ်မနှိပ်ဘူး။ အဲ့ဒီတော့ အမှတ်ပေးတဲ့အဖွဲ့က တစ်မှတ်ချင်းတိုးပေးပြီး မော်တီဗိတ်လုပ်ပေးရမှာဖြစ်သလို သံသယရှိနေသေးသူများကလည်း လူလည်ကျလို့မရအောင်မော်နီတာလုပ်ပေးနေရမှာဖြစ်ပါတယ်။ အချင်းချင်းမတိုက်ခိုက်ကြပါနဲ့တော့။

Anonymous said...

ဝါးဟားဟားဟား ... လူထုကိုလမ်းပေါ်ထွက်စေချင်တဲ့ အက်စစ်၊ အဲဒါကို တစ်ထပ်ထဲ သဘောထားညီမျှလို့ ထောက်ခံပါတယ်ဆိုတဲ့ ကိုပေါ ... ရန်ကုန်ပြန်ပြီး လမ်းပေါ်အရင်ထွက်အော်ပြပါဗျို့၊ ရှစ်လုံးနဲ့ မင်းအောင်လှိုင်တို့ ဘာမှမလုပ်ခင် ပြည်သူတွေဝိုင်းဘေတာ ခံရမှာ မြင်သေးတယ်။

Aung Khin said...

နာမည်နဲ့လိုက်အောင်လဲ ပေါလွန်းလှပါတယ်

ကိုပေါ said...

ကိုစိုးထွန်း(October 2, 2011 12:05 AM)

ဒီနေ့မနက်မှ ကွန်မင့်တွေရော၊ ပီအမ် မက်ဆေ့ခ်ျရတဲ့အတွက်ရော ကွန်မင့်တွေကို ပြန်စစ်တော့ ကိုစိုးထွန်းရဲ့ ၁၂း၀၅ မှာ “ပထမကွန်မင့် ပျောက်နေတဲ့အကြောင်း ရေးထားတာကို မြင်ရပါတယ်”။

ဒီအတွက် ကျနော့်ရဲ့ ဂျီမေးလ်ထဲမှာ ကွန်မင့်တွေကို ပြန်ရှာကြည့်တဲ့အခါ ကိုစိုးထွန်းရဲ့ ပျောက်နေတဲ့ ကွန်မင့်ကို ရှာတွေ့တဲ့ အလျောက် အောက်မှာ ကူးယူဖော်ပြပေးလိုက်ပါတယ်။

ကျနော်ဟာ ကွန်မင့်တွေကို ဖျက်လေ့ဖျက်ထ ရှိသူမဟုတ်တဲ့အတွက် ကိုစိုးထွန်းရဲ့ ကွန်မင့်ကို ဖျက်စရာအကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပို့စ်ကို တင်ကတည်းက အမြင်မတူတဲ့ ကွန်မင့်တွေ လာလိမ့်မယ်လို့ ကြိုတင် မျှော်လင့်ထားတဲ့အတွက်ပါ။ ဘာကြောင့် ဒီကွန်မင့်ပျောက်သွားသလဲဆိုတာတော့ ကျနော်ကိုယ်တိုင်လည်း နားမလည်နိုင်ပါဘူး။ ကျနော့်အတွေ့အကြုံအရ ဖြစ်နိုင်ချေကို ပြောရရင်ဖြင့် အခြားတစုံတယောက်နဲ့ ကွန်မင့်ကို တပြိုင်တည်းလောက်တင်ရင် တခါတလေမှာ ကိုယ့်ကွန်မင့်မတက်တာကို ကြုံဖူးပါတယ်။ ဒါပေမယ့် ပေါ်ပြီးမှ ပျောက်သွားတာမျိုးကတော့ လွန်ခဲ့တဲ့ အချိန်အတော်ကြာက ဘလော့ဂါဒေါ့တ်ကွန်းမ် မှာ ပြဿနာတက်စဉ်က အချို့ ကွန်မင့်တွေ အတော်များများ ပျောက်တာကြုံဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော့်ဘလော့ဂ်မှာ ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ အောက်မှာ အီးမေးလ်ကနေ ကူးယူပြီး တင်ပေးလိုက်ပါတယ်။

စိုးထွန်း has left a new comment on your post "စစ်ကြေညာချက်":

“Anonymous ... October 1, 2011 8:13 AM အနေနဲ့ သတိထားမိရင် သိနိုင်မှာပါ။ ကိုပေါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ရေးတဲ့ပို့စ်တွေမှာ ၀င်ရောက် ထောက်ခံခြင်း တစ်ခုမှ မရေးခဲ့ဖူးဆိုတာ။

အခုကိစ္စတွေမှာ ကျွန်တော့်နဲ့ ကိုပေါရဲ့ ထင်မြင်ယူဆချက်ခြင်း မတူပေမယ့် တစ်ခြားသူတွေ ရေးသားကြသလို ကိုယ်ကျိုးအတွက် ရေးသားဝေဖန်ခြင်း မဟုတ်ဘူးဆိုတာ ယုံကြည်လို့ရယ်၊ သူရဲ့လွတ်လပ်စွာ ပြောဆိုခွင့်ရယ်ကြောင့် ဘာမှ ၀င်ရောက် မဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ ခင်မင်ရင်းနှီးတဲ့သူချင်းမို့ သူ့ဘာကြောင့် ပြောဆိုဝေဖန်နေသလဲဆိုတာကို နားလည်ခံစားမိတာလည်း ပါ၊ပါတယ်။

ဒါပေမယ့် ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု ကောင်းကျိုးအတွက် ဖြစ်သင့်၊ ဖြစ်ထိုက်၊ ဖြစ်နိုင်သောနည်းလမ်းတွေကို အမြဲ ဦးစားပေး စဉ်းစား ဆောင်ရွက်နေဆဲလို့ ယုံကြည်ပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဝေဖန်ကြတဲ့ အခြားနေရာတွေမှာ ကျွန်တော့်ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု၊ ထင်မြင်ချက်ကို ကျိုကြား ကျိုကြား ရေးခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြုသဘောမျိုး ဝေဖန်တာကို လက်ခံနားလည်ပေးနိုင်ပေမယ့် သစ္စာဖောက်လို၊ ကိုယ်ကျိုးရှာသမားလို ပြောဆို ဝေဖန်ချက်ကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး။

ခုလောလောဆယ်တော့ ဒီလောက်ပါပဲ။”

Anonymous said...

Ko Paw

People below will share your feelings too.

"Human Rights
Beyond Aung San Suu Kyi: Rohingyas
The Rohingyas are the most persecuted and wronged people on the face of the earth today but the world is fixated at the plight of Aung San Suu Kyi and her followers.
By Zafarul-Islam Khan, The Milli Gazette
Published Online: Mar 16, 2011
Print Issue: 16-28 February 2011

http://www.milligazette.com/news/548-plight-of-burmese-refugees-in-saudi-arabia"

Anonymous said...

တကယ်အလုပ်လုပ်နေသူတယောက်ကိုကြည့်၍ ဘေးထိုင်ဘုပြောသောအလုပ်သည်အလွန်လွယ်ကူပါ၏။
ထိုဘုပြောထားသောစကားများကို က မှ အ အထိပြန်လည်ကူးယူဖော်ပြသောအလုပ်သည်ပို၍လွယ်ကူပါ၏။
အခုတလောဘာဖြစ်လို့လွယ်လွယ်ကူကူတွေပဲလုပ်နေတာလဲ။
ကိုပေါရဲ့အရင်ကအိုင်ဒီယာကောင်းတွေဘယ်ရောက်ကုန်ပြီလဲ။
အမေစုဘာတွေပဲလုပ်လုပ်သူ့စေတနာနဲ့အနစ်နာခံနိုင်မှုကိုဘယ်သူမှမညင်းနိုင်ပါဘူး။
အမေစုကိုဝေဖန်မှပေါ်ပြူလာဖြစ်တာမဟုတ်ပါဘူး။
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုကြောင့်ဘီလူးက ကတော့မယ့်ကိုတရုတ်ကြီးကိုအကြောင်းလဲနဲနဲပါးပါး ရေးပေးပါအုန်း။

စိုးထွန်း said...

ကိုပေါရေ ...

ကျွန်တော့် ကွန်မန့်ကို ကိုပေါဖျက်တယ်လို့ မဆိုလိုပါဘူး။ တစ်ခုခု မှားယွင်းတယ်လို့ပဲ ယူဆခဲ့တာပါ။

ကိုပေါအနေနဲ့ ကွန်မန့်တွေကို လုံလောက်တဲ့ အကြောင်းပြချက် မရှိပဲ ဖျက်လေ့မရှိတာ ယုံကြည်ပါတယ်။

အခုကိစ္စကလည်း ကျွန်တော့်အမှား ဖြစ်နိုင်ပါတယ်။ ကွန်မန့်ရေးနေတုန်း Main page ကို မတော်တဆ ပိတ်မိသွားလို့ ပြန်ဖွင့်လိုက်ပေမယ့် ကွန်မန့်ရေးတဲ့ page က ပထမ Main page ရဲ့ဟာ ဖြစ်နေတယ်။ ဒါပေမယ့် Save လို့ ပြလိုက်လို့ အဆင်ပြေတယ် ထင်ပြီး အချိန်မရလို့ သေသေချာချာ ပြန်မစစ်မိလိုက်ဘူး။

အလုပ်ရှုပ်သွားစေတဲ့အတွက် စိတ်မကောင်းပါဘူး။ :)

ကိုပေါ said...

ကိုစိုးထွန်း.... အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးပါဗျိုး။

maung nyo's uncle said...

Ko Paw

Have you been receiving the supporting money???

Have you ever thought to return to Burma???

Maung Nyo's Uncle

Anonymous said...

ကိုပေါ ....

လေးစားခဲ့ရသမျှ သွားတာပါပဲ။ ဒေါ်လာစား တွေ ခွက်ပျောက်လို့ တောရေး တောင်ရေး ကိုတော့ နားလည်ပေးလို့ရပေမယ့်...ကိုပေါ က ဘာခွက်ပျောက်မှာ စိုးလဲဆိုတာတော့ နားမလည်ဘူးဗျို့။

Anonymous said...

ဒေါ်စု၊ အမေစု၊ အဘွားစု ... စုကိုထိလို့မရပါလား

Anonymous said...

ကိုပေါ, ခင်ဗျားပြည်သူတွေအတွက် ဘာတွေလုပ်နေသလဲ”

Anonymous said...

To Anonymous October 3, 2011 2:44 PM who said ' ဒေါ်စု၊ အမေစု၊ အဘွားစု ... စုကိုထိလို့မရပါလား'

Yes because Daw Aung San Su Kyi is our leader. You can ask your mother to bend over the edge of the table
and bang her. I can help you too!

Anonymous said...

ကိုပေါ,

စာတွေ ဖတ်သွားပါတယ်။ ကိုယ်ယုံကြည်ချက်အတိုင်း ကိုယ်လျှောက်သွားကြရမှာ လူသားတိုင်းပါပဲ။ မှားတယ်၊ မှန်တယ် ဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားမှာပါပဲ။ အဓိကကတော့ ကိုပေါလို ကိုယ် ယုံကြည်ရာကို ရေးချပြရဲတာ ချီးကျူးပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်တော့ ရှိသင့်ပါတယ်။

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

Ko Paw,

You should read this.

ဒေါ်စုစေတနာကို ကြည့်တတ် မြင်တတ်ရင် ကျေးဇူးတင်ကြမှာပါ

http://www.mizzimaburmese.com/edop/songpa/8433-2011-10-05-07-52-27.html

White said...

မျက်စိတစ်ဆုံးမကြည့်ဘဲ မျက်တောင်တစ်ဆုံးကြည့်တယ်လို့ ပြောရင်တောင် ကိုပေါတို့မျက်တောင်က တိုလွန်းပါတယ်ဗျာ...။
ဒေါ်အောင်ဆန်းစုကြည်လုပ်နေတဲ့လုပ်ရပ်တွေကို မှားတယ်လို့ ထင်မြင်နေတယ်ဆိုရင်တောင် အရင်လုပ်ခဲ့တာတွေကို ထောက်ခံခဲ့ လက်ခံခဲ့ဖူးသူတစ်ယောက်အနေနဲ့ ဒီလို အပြုသဘောမဆောင်တဲ့ ပုဂ္ဂိုလ်ရေး စော်ကားမှုမျိုးဆန်တဲ့ စာတွေ မရေးသင့်ပါဘူး..။ မမျှဝေသင့်ပါဘူး..။

Anonymous said...

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်တော့ ရှိသင့်ပါတယ်။

Anonymous said...

nga paw.. nga paw.. u r so nga paw.. i predicted u to be a nga paw many years ago.. now that comes true.. so happy.. ;D

Anonymous said...

i know him he is a radical since many years ago..
>>ခင်ဗျားလဲ ကပ်ပိယ ကံကောင်း၊ ကျေးစေတမန် တို့နဲ့ ထူးမခြားနားတဲ့ radical တစ်ယောက်ပဲဖြစ်လိမ့်မယ်။

Anonymous said...

ကိုပေါတို့  ဟုတ်မလိုလို နဲ့ ဘါမှ မဟုတ်ဘူး ဆိုတါ အခု မှ တွေ့တေါ့တယ်
ဟိုမရောက် ဒီမရောက် နဲ့  သစ်ကိုင်း တေါ့ မလွတ်စေနဲ့ ပေါ့

သတိပေးတါပါ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs