ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများကို သုံးသပ်ခြင်း (၁)

Share |
လွတ်လပ်သော အာရှအသံ ရေဒီယို (RFA) တွင် သောကြာနေ့တိုင်း လွှင့်ထုတ်နေကျ ဖြစ်သော လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍတွင် ပါဝင်သော အမေးအဖြေများမှ နည်းနည်းချင်း ထုတ်နှုတ်သုံးသပ်ပြသွားပါမည်။

ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်မှ စိုင်းအောင်ဘ (မေးခွန်း)။…………….။ အန်တီစုကို ကျနော်မေးခွန်းတခု မေးချင်ပါတယ်။ ဦးသိန်းစိန်နဲ့ တွေ့တဲ့ကိစ္စမှာ ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ကြားတာလား။ NLD က ဗဟို အလုပ်အမှုဆောင်တွေရဲ့ သဘောတူညီချက်ကော ရရဲ့လား။ အဲဒါလေးလည်း သိချင်ပါတယ်။ နောက်တခုက နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှာ သုံးရက် ကျင်းပတဲ့အထဲက ဒုတိယနေ့ တရက်ပဲတက်ပြီး နှစ်နာရီပဲ နေခဲ့တဲ့ အနေအထားက ဘယ်လိုကြောင့်ပါလဲ။ အဲဒါလေး သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် (အဖြေ)။………..။ နိုင်ငံတော်သမ္မတကို သွားတွေ့တယ်ဆိုတာ မဖိတ်ဘဲနဲ့ လုပ်လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ကျေနပ်ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြီးဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို ခဏပဲ တက်တာက ပြန်လာစရာ ကိစ္စ ရှိနေလို့ပါ။

ဤမေးခွန်းကို မေးသူ ဦးစိုင်းအောင်ဘ၏ မေးခွန်းမှာ အပိုင်း သုံးပိုင်း ပါဝင်ပြီး သုံးပိုင်းစလုံး အလွန်တရာ ဆီလျော်၍ မေးမြန်းသင့်သော မေးခွန်းဖြစ်ကြောင်း အောက်ပါအချက်များအရ သုံးသပ်မိပါသည်။

သြဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက် တွင် ကျင်းပမည်ဖြစ်သော စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ရန် ကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်ကို ၁၈ ရက်နေ့ကမှ အဖွဲ့ချုပ်က ရရှိကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း၏ ပြောကြားချက်ကို မဇ္ဇျိမ သတင်းတွင် ဖော်ပြထားသည်။ ထိုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်လော၊ မတက်ရောက်မည်လောကို ဦးဉာဏ်ဝင်းမသိသေးကြောင်း ပြောပြထားပါသည်။

တဖန် ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ သွားသည့်အခါ ဆဲဗင်းဒေး သတင်းဂျာနယ်အား ပြောကြားချက်မှာ “အလုပ်ရုံဆွေးနွေးပွဲကို ဦးမြင့်က ဖိတ်လို့ လာပါတယ်” ဟူ၍ ဖြစ်သည်။ သတင်းအပြည့်အစုံကို အောက်တွင် ဖတ်ကြည့်ပါရန်။

-------------------------------------------------------------------------

စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရန် ဦးမြင့် ဖိတ်ကြားခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၂၀၊ ၂၀၁၁


နေပြည်တော်တွင် တွေ့ရသည့် ဦးမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AP)

ဦးသိန်းစိန်အစိုးရက ကြီးမှူးကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရခြင်းမှာ စီးပွားရေးပညာရှင် ဦးမြင့်က ဖိတ်ကြားသောကြောင့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောလိုက်သည်ဟု 7Day သတင်းဂျာနယ်၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ဦးမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သိကျွမ်းသူတဦး ဖြစ်သည့်အပြင် သမတဦးသိန်းစိန်၏ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိလည်း ဖြစ်သည်။

နေပြည်တော်တွင် ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က သမ္မတဦးသိန်းစိန်နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ယနေ့ နံနက်ပိုင်းကလည်း စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ခေတ္တ တက်ရောက်ခဲ့သည်။

"ဦးသိန်းစိန်နဲ့တွေ့ရတာ ၀မ်းသာပါတယ်။ ကျေနပ်ပါတယ်။ အခု အလုပ်ရုံဆွေးနွေးပွဲကလည်း ဦးမြင့်ဖိတ်လို့ လာခဲ့တာပါ။ ကျေနပ်အားရပါတယ်"ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်ဟု 7Day ဂျာနယ်သတင်းတွင် တွေ့ရသည်။

-------------------------------------------------------------

အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းသည် သမ္မတနှင့် သီးခြားတွေ့ဆုံရန် ဖိတ်ကြားခြင်းမဟုတ်ဟု နားလည်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကလည်း သမ္မတနှင့် တွေ့ဆုံရန်ဖိတ်ကြားသည်ဟု ထုတ်ဖော်ပြောခဲ့ခြင်း မရှိခဲ့ပါ။ ထိုမှတပါးလည်း ဝန်ကြီးဦးကျော်ဆန်း၏ သတင်းထုတ်ပြန်ချက်တရပ်တွင် တွေ့ဆုံဆွေးနွေးမှုများမှာ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ စီစဉ်ပေးခဲ့ရကြောင်းဟု ဆိုခဲ့ရာ…..


ကိုစိုင်းအောင်ဘ မေးခွန်းပထမပိုင်းမှာ အလွန်တရာ မေးမြန်းသင့်လှသော မေးခွန်းတခုပင်ဖြစ်သည်။ ထိုမေးခွန်းအတွက် ပါတီခေါင်းဆောင်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ထံမှ ကျနော်တို့ မျှော်လင့်ထားသော အဖြေမှာ “သမ္မတက ဖိတ်ကြားခြင်း ဟုတ်ပါသည်၊ သို့မဟုတ် မဟုတ်ပါ” ဆိုသည့် ရိုးရှင်းသော အဖြေမျိုးကိုသာ မျှော်လင့်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် “နိုင်ငံတော်သမ္မတကို သွားတွေ့တယ်ဆိုတာ မဖိတ်ဘဲနဲ့ လုပ်လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။” ဟု ဖြေကြားသွားပါသည်။ သူမ၏ အဖြေမှာ ပါတီခေါင်းဆောင်တဦး၏ အဖြေနှင့်မတူဘဲ ရပ်ကွက်ထဲမှ သာမန်လူတဦးက အငေါ်တူးဖြေကြားသည့်သဖွယ် ဖြစ်နေပါသည်။

အဓိကအနေဖြင့် သူမ၏အဖြေမှာ လုံးဝမှန်ကန် ပြီးပြည့်စုံသည့်အဖြေလည်း မဟုတ်ပါ။ သမ္မတ ဖိတ်ကြားခြင်းမရှိသော်လည်း အရေးကြီးသောလူပုဂ္ဂိုလ်တဦးအနေဖြင့် တွေ့ခွင့်တောင်းပြီး တွေ့နိုင်ပါသေးသည်။ ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲတွင် စကားစမြည်နှုတ်ဆက်ပြောကြားရင်းမှ (လေပေးဖြောင့်၍) ရုံးခန်းတွင် သွားရောက် စကားပြောကြခြင်းမျိုးလည်း ဖြစ်နိုင်သေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပထမပိုင်းအား ဒေါ်စုဖြေကြားပုံသည် ပါတီခေါင်းဆောင်တဦးအနေနှင့် ဖြေကြားသင့်သည့် ပုံစံမဟုတ်ဟု သုံးသပ်မိပါသည်။ သတိပြုရန်အချက်မှာ ဤမေးခွန်းများကို ဒေါ်စုသည် လေလှိုင်းပေါ်တွင် အချိန်နှင့် တပြေးတည်း (Live) ဖြေဆိုရသည်မဟုတ်ဘဲ ကြိုတင်ပြင်ဆင်ကာ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။


မေးခွန်း ဒုတိယအပိုင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်သည် မဖြေကြားဘဲ ရှောင်ထွက်သွားသည်ကို တွေ့ရပါသည်။ မေးခွန်းမှာ “NLD က ဗဟို အလုပ်အမှုဆောင်တွေရဲ့ သဘောတူညီချက်ကော ရရဲ့လား။” ဖြစ်သည်။ ဆိုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံဖို့အရေးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သဘောတူမတူ မေးမြန်းခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အဖြေမှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ကျေနပ်ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြီးဖြစ်ပါတယ်။” ဟူ၍ပင် ဖြစ်ပါသည်။

ဤအချက်နှင့်ပတ်သက်၍ မိုးမခတွင် ဖော်ပြခဲ့သော တူမောင်ညို၏ သုံးသပ်ချက်ကို သဘောကျသည့်အလျောက် အောက်တွင် ဖော်ပြအပ်ပါသည်။

---------------------------------------------------
သြဂုတ်လ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏ ကြေညာချက်(၁၅/၀၈/၁၁)ကို ဖတ်ရပါ တယ်။ သြဂုတ်လ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD)၏ ကြေညာချက်(၁၄/၀၈/၁၁) ကဲ့သို့ပင် ဖြစ်ပါတယ်။

“ကြေညာချက်”က ထုတ်ဖေါ်လိုသည့် ပထမဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်ခဲ့သည်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က“သဘောတူကြိုဆိုထောက်ခံပါကြောင်း” ဆိုသည့်အချက်ပင်ဖြစ်ပါတယ်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိဆောင်ရွက်ချက်များသည် စိုးရိမ်နေကြသလိုတစ်ကိုယ်တော်ဆောင်ရွက်ချက် မဟုတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သိရှိပြီး/ တိုင်ပင်ဆောင်ရွက်နေခြင်းဖြစ်တယ် ဟူသော အချက်ကို ပေါ်လွင်စေလိုသည့်ဆန္ဒလည်းရှိပုံရပါတယ်။

တွေ့ဆုံခဲ့သည့်ဖြစ်ရပ်များအပေါ် “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု” ရှိတယ်လို့ ကြေညာချက်က ဖေါ်ပြပါတယ်။

“အဘယ့်ကြောင့်” ယင်းသို့ “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု”များဖြစ်ရတာကို ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူ များထံသို့လည်း မျှဝေသင့်သည်မဟုတ်ပါလော။ အသိပေးသင့်သည်မဟုတ်လော။ အစီရင်ခံသင့်သည်မဟုတ်ပါလော။

သို့မှသာ ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူများရှင်းလင်းစွာနားလည်သိရှိပြီး တက်တက်ကြွကြွဝန်းရံနိုင်မှာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ရွှေဂုံတိုင်ကြေညာစာတမ်း”တွင် ဖေါ်ပြထားတဲ့ “အဖွဲ့ချုပ်၏ ရပ်တည်ချက်များ” မှ အချက် ၃ ခုကိုသာ ကွက်ပြီး အမှတ်တရ ပြန်လည်ဖေါ်ပြရပါလျှင် -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးရေး၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊
(ဃ) ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊
တို့ဖြစ်ပါတယ်။
သို့သော်လည်း NLDပြောခွင့်ရပုဂ္ဂိုလ်များ၏ လက်သုံးစကားမှာ“ အသေးစိတ်အချက်အလက်များ ယခုအချိန်မှာ မပြောနိုင် သေးပါ” တဲ့။ ။
-----------------------------------------------------


ကိုပေါ။
(စက်တင်ဘာ ၁၂၊ ၂၀၁၁ )

26 comments:

Unknown said...

http://www.facebook.com/pages/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%99%E1%80%80%E1%80%B9/258802930810015

မင်္ဂလာပါ အလည်ရောက်လာပါတယ်

Anonymous said...

Now, i understand that u r a pessimistic.

Anonymous said...

လာဖတ်မိတာ.... ကိုယ့်အမှားပါ။
ဒါပေမဲ့ .. တလက်စထဲ ပြောပါရစေ...။ ခင်ဗျာက နိုင်ငံအတွက်ဘယ်လောက်ထိ လုပ်ခဲ့ပြီ ဘယ်လောက်ထိမျှော်လင့်ထားလဲ မသိတော့ ပြောမတတ်ပါ။
လူထုခေါင်းဆောင်က ပွင့်လင်းစွာပဲ ... ယုံကြည်မူနဲ့ အချိန်ကို တောင်းဆိုနေတယ်။ ပြောချင်တာက ဦးဆောင်သူက သူလမ်းသူသွားနေတာ...။ ယုံကြည်ရင် မယုံကြည်ရင် မလိုက်ရုံပဲ။
ဟိုမှာ ထိပ်တိုက်တွေ့နေရတာက..စစ်ရှုံးနေတဲ့ စစ်တပ်အစိုးရမဟုတ်ဘူး..သဘောပေါက်။ ( ကျုပ်ဒီလိုပြောလို့ သူရဲဘော် ကြောင်တယ်မထင်နဲ့... ဒုက္ခိတ တပိုင်းဘဝ ထိရောက်ဖူးတယ်။

ဘာပြောပြော ခင်ဗျာကိုတော့ ကြံဖန်လေးစားသွားတယ်...

အောင်မြင်စေချင်သူ

မုန်းစရာ said...

ကိုပေါရေးတဲ့စာတွေကို အရေးလုပ်ပြီး ကွန်မန့်မရေးတော့ဘူး စိတ်ကူးပေမဲ့. ပေါက်ကရရေးတတ်တဲ့ ကိုပေါကို ထောက်ပြစရာ တခု ရှိလို့ ရေးလိုက်ဦးမယ် ကိုပေါရေ..

နိုင်ငံရေးဆိုတာနဲ့ လူမှုရေးဆိုတာကို ဘယ်လိုနားလည်ထားလို့လဲ.. လူမှုရေးလုပ်တာကို အချိန်ဖြုန်းတယ်လို့ ယူဆတဲ့ကိုပေါကို တခုပဲ မေးလိုက်မယ်.
အခုနေများ- ကိုကျော်သူနဲ့ လွင်မိုးကို ရွေးကောက်ပွဲ ဝင်ခိုင်းရင် ဘယ်သူနိုင်မယ်ထင်သလဲ။ နိုင်ငံကို ဦးဆောင်မည့်သူက လူမှုရေး ပရဟိတကို အရေးမထားဘူးဆိုရင် အဲဒီလူက အားထားစရာ ဖြစ်လောက်မလား။

ကိုပေါ အဘ သေခါနီးအဖိုးကြီးတွေလို တိုင်းပြည်သာ အုပ်ချုပ်နေတယ် တိုင်းပြည်အတွက် ဘာလုပ်ပေးဖူးလဲ. အကုန်လုံး ကိုယ်ထူကိုယ်ထပဲ လုပ်နေရတာ မဟုတ်လား။ သူတို့အိတ်ဖောင်းဖို့ အားသွန်ခွန်စိုက်လုပ်နေတာမှ နိုင်ငံရေးလုပ်နေတာလို့ ပြောချင်နေတာလား ကိုပေါရယ်။

http://www.shwepyithu.com/2011/09/blog-post.html ဒေါ်ဆွေဇင်ထိုက်နဲ့ အင်တာဗျူးလေ နားထောင်ကြည့်....

Alvin said...

သက်ရှိလူသား ထဲမှာအလေးစားဆုံးပြောလိုက် အ ခုတခါ ရပ်ကွက်ထဲက မိန်းမ နဲ့ နှိုင်းလိုက် လပိုင်းတောင် မရှိသေး တဲ့အခြေအနေ ပြသနာ တ ခုကို လွယ်လွယ်ကူကူ ဒီလိုဝေဖန် ရဲ ပက်ပက်စက်စက် ပြောရဲတာ ကို အသိအမှတ်ပြုပါတယ် စလုံးမှာ လုပ်ရaအောင်လဲ စလုံးကို ကြောက်ရ မြန်မာ ပြည်လဲပြန်မလုပ်နိုင် ပြောနိုင်တာက " ဒေါ်စုအသုံးမကျဘူး မရိုးသားဘူး ဒါပဲတက်နိုင်တယ် " ဪအံ့ဩစရာ

Anonymous said...

စာဖတ်သူများသို့ 
မည့်သို့ ပင် ဆန်ကျင့်စေကာမူ ကိုပေါသည်
ဒေါ်စု ဆန့် ကျင့်ရေး လုပ်ငန်းများကို တဆက်မတ်မတ် ဆက်လုပ်သွားမည်သာဖြစ်သည်။ သိန်းစိန်း ဂိုဏ်းနှင့် ကျော်ဆန်း ဂိုဏ်း အားပြိုင်နေရာမှာ ကိုပေါသည် ကျော်ဆန်းဂိုဏ်းမှ ဖြစ်နိုင်သည်။

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘ၀င်မကျမှု မကျေနပ်မှုတွေ အပေါ် မကောင်းမြင်ရှုထောင့်ကနေ ထိုင်သုံးသပ်နေလို့  မည်သည့် အကျိုးတရား ရလာဒ်ကောင်းများ ရနိုင်ပါသလဲ။
သေချာတဲ့ ရလာဒ်ကတော့ ဒေါ်စုမကောင်းကြောင်းထိုင်ရေးနေသော လက်ပါးစေ ဘလော့ဂ်တချို့  တဖြေးဖြေးတူလာပါသည်။
ဒေါ်စုကို တိုက်ရိုက် ဆက်သွယ်ကြည့်လျှင် ပိုကောင်းပါမည်။ ကာယကံရှင်ဆီမှာ မမေးပဲ ဘလော့ဂ်ပေါ်မှာ ဖွနေသည်ဟု မြင်ပါသည်။

ကိုပေါ said...

"ဒေါ်စုကို တိုက်ရိုက် ဆက်သွယ်ကြည့်လျှင် ပိုကောင်းပါမည်။ ကာယကံရှင်ဆီမှာ မမေးပဲ ဘလော့ဂ်ပေါ်မှာ ဖွနေသည်ဟု မြင်ပါသည်။"

ပို့စ်ပါ အမေးအဖြေများသည် ကာယကံရှင်အား မေးရာမှ ရလာသော အမေးအဖြေများ ဖြစ်ပါသည်။

Anonymous said...

Well.. ငပေါ,
Let me tell you something, I liked your previous post about Irrawaddy for your point of view.
---
For this post, You are not a GOD, How do you know what/how she felt and feeling before interview.
May be she was not happy meeting with this bunch of shit's brain (bull shit people).
-May be she have a tactic to approach them.
if the whole NLD can not get them in touch.Let her handle herself and educate them. :P
I will be happy if she become head of Foreign Affairs for current Administration.

Bonus:
http://www.youtube.com/watch?v=KjjH1fLr4fw&feature=related

Anonymous said...

"ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်မှ
စိုင်းအောင်ဘ (မေးခွန်း)။…………….။
အန်တီစုကို ကျနော်မေးခွန်းတခု မေးချင်ပါတယ်။ ....."

I think she was too polite.

If I were Daw Su, if I was
asked by Sai Aung Bu, I'd
say stretch and shove your
own tiny thingy in your
ar.r.s.e.

အာကာ said...

စောက်ပေါကြီးကလဲ.....
ခင်ဗျားကိုစောက်ပေါကြီးပဲခေါ်တော့မယ်.....
ခင်ဗျားဗျာ.....
ကျုပ်ခင်ဗျား ဘလော့ခ်ကို ၃နှစ်လုံးလုံးအားပေးလာတာ......
ခုပိုစ့် ၂ခုလောက်ဖတ်မိပြီးဒီလိုမျိုးတွေဆက်ရေးနေမယ်ဆို..တသက်လုံးပြန်မလာတော့ပါဘူးလို့ကတိပေးပါတယ်...
Favorites ထဲကလည်းဖျက်လိုက်တော့မယ်
ခင်ဗျားစာပြန်ရေးလို့ဝမ်းသာပြီးလာကြည့်တာကိုကကျုပ်အမှားပါ
ခင်ဗျားလဲဒေါက်တာလွဏ်းဆွေလိုလူပဲ
ကိုယ်မှန်တယ်ထင်တိုင်းဝေဖန်တာလား
စိတ်ဝမ်းတွေကွဲကုန်တာလားဆိုတာစဉ်းစားပါအုံး
ခေါင်းဆောင်ကောင်းလုပ်ဖို့အခွင့်မသာရင်နောက်လိုက်ကောင်းလုပ်ကြရအောင်ပါ
ဒေါ်စုနားမှာ တကယ်သိတဲ့တတ်တဲ့ ယုံကြည်ချက်ပြင်းထန်တဲ့သူတွေ ၀ိုင်းရံအကြံပေးနေပါတယ် ဒေါ်စုက အခုတယောက်ထဲအကျယ်ချုပ်ဘ၀နဲ့မဟုတ်ပါဘူး
ဦးသန့်မြင့်ဦးတို့လိုသမိုင်းပညာရှင်တွေ
ကုလကတို့ အမေရိကန်ကတို့လူတွေ စဉ်ဆက်မပြတ်ဒေါ်စုကိုအကြံတွေပေးနေကြပါတယ်
နိုင်ငံတကာကလည်းအကြံတွေပေးနေပါတယ်
ဒေါ်စုအကောင်းဆုံးလုပ်ပါလိမ့်မယ်
ပြတ်ပြတ်သားသားကိုင်လို့လဲ နှစ် နှစ်ဆယ်ကျော်နေပြီဗျ ဝေလေလေဖြစ်နေတာ ခင်ဗျားတို့ကျုပ်တို့ သူများနိုင်ငံမှာ ကျွန်ဖြစ်နေရတာပဲအဖတ်တယ်တယ် (ကျွန်ဆိုလို့အထင်မသေးပါနဲ့ ကျုပ်လဲ အီးပီသတ်မှတ်လစာထက်ပိုရနေသူပါ)
အခုလိုစိတ်ဝမ်းကွဲစရာတွေလျောက်ရေ့းမယ့်အစား အားတက်စရာတွေပြန်ရေးစမ်းပါဗျာ
အော်ကျုပ်လိပ်စာက ayearkar@gmail.comပါ
တော်ကြာပုဆိုးကြားကလက်သီးပုန်းထောင်ပြတယ်ထင်မှာစိုးလို့....

Anonymous said...

ကိုပေါ
လီးပဲ ခွေးသူခိုး
(စာဖတ်ပရိသတ်တွေကိုတောင်းပန်ပါတယ်)
မဆဲပဲမနေနိုင်လို့ပါ

Anonymous said...

Finally Ko Paw shows his true colour.

:)

KP@SG

Anonymous said...

ကိုပေါရဲ့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်အပေါ် ထပ်ဆင့်သဘောကွဲလွဲခွင့် ပြုစေချင်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည်လို တည်ကြည်ဖြောင့်မတ်တဲ့ ခေါင်းဆောင်ကောင်းမျိုး နောက်ထပ် ၁၀နှစ် ထမင်းထုပ်ထမ်းပြီး ရှာတောင် တွေ့ဖို့မလွယ်ပါဘူး။ ကိုယ်ကိုယ်တိုင် နောက်လိုက်ကောင်းဖြစ်အောင် မကျင့်ကြံနိုင် သရွေ့ ၊ ခေါင်းဆောင်ကောင်း တယောက်နောက်က သေအတူရှင်မကွာ လိုက်မယ် ဆိုတဲ့ စိတ်ဓါတ်မျိုးမရှိသရွေ့ တော့ ကျုပ်တို့ တွေ ကျွန်စော်နံနေအုန်းမှာပဲ။

Anonymous said...

ဆယ်စုနှစ် (၂) ခုနီးပါး နေအိမ်အကျယ်ချုပ် ချထားခံခဲ့၇ပြီး၊ အသက် ၆၆ နှစ် ရှိပြီ ဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို ကိုပေါ ဆိုတဲ့ အမျိုးကောင်းသားတစ်ဦးက တလွဲမြင် ယူဆထားချက်တွေကတော့ ဖတ်ကြည့်ရတာ စိတ်မကောင်းစရာပါ..။ နေအိမ်အကျယ်ချုပ်ဘဝဖြင့် တောက်လျှောက် နေလာခဲ့ရပြီး မိုဘိုင်းဖုန်း ဆိုသည်ကို မနှစ်ကမှ အကျွမ်းတဝင် ထိတွေ.ဖူးသော ဒေါ်အောင်ဆန်းစုကြည်ကို ဆောင်းပါးရှင်ကိုပေါရဲ့ အပြစ်တင်မှုက စောလွန်းနေပါတယ်..။ အသက်အန္တရယ်အထိ ရန်၇ှာခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးက ဘယ်လိုခက်ခဲကြမ်းတမ်းသလဲ ဆိုတာ သူမ အကျယ်ချုပ်လွတ်လာတဲ့နေ.က ဝမ်းသာပီတိ ဖြင့် ကျခဲ့သော ပြည်သူလူထုရဲ့ မျက်ရည်က သက်သေပါ...။
..................................................
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ့ရေးအတွက် မွေးဖွားလာခဲ့သလော ဟု ထင်ခံရလေအောင် နိုင်ငံရေးကို တစိုက်မတ်မတ် အာရုံထား လုပ်ဆောင်နေသည်ကို အများအမြင်ဖြစ်ပါသည်..။ nld အား လူမှုရေးအဖွဲ.အစည်းအဖြစ် ပြောင်းလဲရန်ပင် သဘောမတူခဲ့ဘဲ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ရှိစေချင်သော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်၇ပ်ကို မည့်သည့်အတွက်ကြောင့် ကိုပေါက လူမှကယ်ဆယ်ရေးဟု ထင်ရသနည်း..။...............
အစဉ်အဆက် လုပ်ပိုင်ခွင့် ကန်.သတ်ချုပ်ချယ်ခံနေ့ရသော လူထုကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံကို အစဉ်တစိုက် အစစ အရာရာ ဘက်ပေါင်းစုံမှ စိမ့်ဝင် ထိန်းချုပ် အုပ်စိုးနေသော နိုင်ငံ့ခေါင်းဆောင်များနှင့် တိုင်းပြည်ကောင်းကျိုးအတွက် သိမ်မွေ.နက်နဲသော ကိစ္စရပ်များကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် နှစ်ဦးနှစ်ဖက် တွေ.ဆုံဆွေးနွေးနေခြင်းအပေါ် နားလည်သဘောမပေါက်နိုင်သော ကိုပေါအား ညဏ်ရည်အဆင့်မြင့်မားခြင်းမရှိဘဲ နာမည်နှင့် လိုက်စွာပင် ပေါချာနေသလား ဟု ကရုဏာ သက်စွာ တွေးမိနေပါတော့သည်။ (Armour, Myanmar Cupid)

Anonymous said...

I will tell you why I like Daw Su.
I used to think that she was just another Oxford transplant like Pakistan's late Banazir Bhutto or Thailand's Abisik. So I did not think she understands us, cunny and dirty Burmese.

Later I started to see her quite differently. I start to like her and admire her. I see her give up her life for us. She may be doing politics but if I were her I may not leave Oxford, a nice quiet town in midlands of UK for dirty
and hot Yangon. When I saw dick
heads' in Burma wrote that she has to ride bike in Oxford and so she might come to Burma made me rage when I saw the beauty of Oxford.
Those dick heads in Burma, do not know that riding a bike as a graduate student or an academic in towns like Oxford or any beautiful campus or university town is how peaceful and enjoyable. So when I
enjoyed Oxford, I feel shame for enjoying as Daw Su left those for my country. When her husband passed away, I shared her grief, losing one's love is a loss, you feel a loss when you leave loved ones or loved ones leave you. It is a pain only shared by people who has experienced it. She did not even had a chance to say farewell to her husband. So that
made me feel sad more for her.
I love my mom, but when I saw my mom happy with my dad, I felt sad for Daw Su for her did not have
a chance to share her old age with her loved Dr. Michael Aris. So I started to see her differently and I had become a fan, follower of Daw Su. But I still thought she did not understand us, crooks and
thugs and pathetic cowards.

I was wrong, I saw her talking to villagers in middle Burma, which I called Burman belt for those areas are populated by Buddhist Burmese.
She said "Burmese merchant marine seaman are well regarded by their employers (Ba Mar Thin Baw Thars
are in demand by their alote shins)
and she also said those who are working as shore jobs are very hardworking too. That made me feel shame. She is a high flyer, daughter of our leader, went to
Oxford, was doing PhD at SOAS, Univ of London and has a brother
who went to MIT, Cambridge who is working as an engineering executive or highly skilled engineer who may have stocks/options. But she did not say about those but about lowly
shore job and sea men as those
are what ordinary Burmese know.
That made me love and trust her
more. While son of an ordinary
folks like me are bragging and
thinking high of myself working
for me, she is there doing for
people in Burma. So I know she
know Burmese now.

Now she is working her best, and
U Thein Sein is willing to work
with her and this is our chance
and any fucker or dick head who want to get in my leader's way
is my enemy. I have enough of
those fuckers inside and outside
of Burma and so I wished those
fuckers just shut the fuck up
either they belong media or just
bloggers.

ကျော်ထင် said...

(အဆက်)
သိထားသင့်တာက ဒေါ်စုဖက်ကလဲ သူထည့်သွင်းစဉ်းစားရမယ့် hardliner တွေရှိသလို၊ ဦးသိန်းစိန်ဖက်မှာလဲ ဦးကျော်ဆန်း၊ ဦးခင်အောင်မြင့်၊ ဦးရှစ်လုံးတို့လို hardliners တွေ တပုံကြီးရှိပါတယ်။ ဒီလူတွေအားလုံးကို compromise လုပ်ဖို့ မလွယ်ပါဘူး။ ဒေါ်စုအခုအချိန်မှာ အထောက်ထားဆုံးက ထောင်ထဲက လူပေါင်း ၂ထောင်ကျော်ပဲဖြစ်ပါတယ်။ ကျုပ်တို့ခင်ဗျားတို့လို ဟိုမရောက်ဒီမရောက် အကျအနေကောက်ရုံသာတတ်ပြီး၊ တကယ်ခရီးပေါက်တောင် ဘာတခုမှ contribute မလုပ်တဲ့ သူတွေမဟုတ်ပါဘူး။ ဒေါ်စုရဲ့ တကိုယ်တော် လုပ်ဆောင်မှု ဘယ်ခရီးပေါက်နေပြီလဲဆိုတာ အခု လက်ရှိမြင်တွေ့နေရတဲ့ development တွေကိုကြည့်ရင်ကို သဘောပေါက်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဒေါ်စုကို အစိုးရနဲ့ အမြဲ နပမ်းလုံးနေတာသာ မြင်ချင်နေတဲ့ (အဲဒါကိုသာ တကယ့် တိုက်ပွဲလို့ယူနေသူတွေရဲ့) သူတွေရဲ့ အလိုကိုသာ လိုက်ရမယ်ဆိုရင် အချုပ်ခန်း သံတိုင်ကြား ခေါင်းပြူစ ပြူနေသူတွေကို အမှောင်ခန်းထဲ တိုက်ပြန်ပိတ်ခိုင်းလိုက်သလိုပဲ ဖြစ်ပါလိမ့်မယ်။ ကွန်မန့် မရေးတာကြာလို့ထင်တယ်. ရေးရတာ အလွန်လက်ဝင်တယ်ဗျာ။

ကျော်ထင် said...

(ပထမပိုင်း .. ဆောရီးဗျား အမြီးအမြောက်မတည့် ဖြစ်နေတာ)

ကိုပေါရဲ့ ဒေါ်စုအဖြေများအပေါ်သုံးသပ်ချက်ကို ဘယ်လိုလေးနက်စွာ သုံးသပ်ပြမလဲ စောင့်ဖတ်နေတာ..လက်စသတ်တော့ ကျုပ်တို့လူက အဖြေတခုကို နွားကျောင်းသား စကားလို Yes or NO ဆိုတဲ့ ရှုထောင့်တခုတည်းက ကြည့်ပြီး လွယ်လွယ်လေး သုံးသပ်ပြနေတာကိုး။

Let's see this scenario:
ဒေါ်စုနဲ့ ဦးအောင်ကြည်စကားပြောတယ်။ အစိုးရက အပြုသဘောဆောင်တဲ့ initiatives တွေလုပ်မယ့်အကြောင်းပြောတယ်။ ဖြစ်နိုင်လျှင် ဒေါ်စုကိုပါ ပါဝင်လေ့လာဖို့ ဖိတ်ခေါ်တယ်။ တွေ့ဆုံဆွေးနွေးဖို့ ပြန်လည်သင့်မြတ်ဖို့ ကိုအမြဲ အခွင့်အရေးချောင်းနေတဲ့ ဒေါ်စုက အခွင့်အရေးကို အမိရ အသုံးချပြီး လက်ခံတယ်။ အဲဒီမှာ ဦးမြင့်ရဲ့ ကြိုးပမ်းအားထုတ်မှု ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝင်တစ်ချို့ရဲ့ မီးစိမ်းပြမှုနဲ့ ဒေါ်စုကို နေပြည်တော်ကိုဖိတ်တယ်။ ဒေါ်စုကလဲ အခွင့်အရေးကို အသုံးချပြီး သမတနဲ့တွေ့ဖို့တောင်းမယ်။ သမတကလဲ တွေ့ဖို့ သဘောတူတဲ့အတွက် လူနတ်သာဓုခေါ်လောက်အောင် ပြင်ဆင်ထားမှုနဲ့ ဒေါ်စုကို လက်ခံတွေ့ဆုံရုံမက မိသားစုနဲ့ပါ အတူ private ဆန်ဆန်တွေ့ပြီးသာမန် ယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့ အဆင့်ထက် ပိုမိုတဲ့ နွေးထွေးမှုနဲ့ ကြိုဆိုလိုက်တယ်။

ကျော်ထင် said...

(ဒုတိယပိုင်း)

အဲဒီလို တွေ့ဆုံမှုကို သာမန် အရပ်သားနှစ်ယောက် အိမ်တအိမ်မှာ လက်ဖက်ရည်သောက်ဖိတ်သလိုသဘောထားပြီး သူဖိတ်လို့ သွားတာပါလို့ ဖြေလို့ရမလား။
နောက်တစ်ချက်.. ဒေါ်စု နဲ့ ဦးသိန်းစိန် ဘာတွေပြောတယ်၊ အစိုးရနဲ့ ဘာတွေညှိုနိုင်တယ်ဆိုတာ ဖွင့်ပြောဖို့ အချိန်မကျသေးလို့မပြောတဲ့အတွက် ဘယ်ပြည်သူအများစုကမှ (ကျနော်အပါအ၀င်) ကိုပေါမြင်သလို အပြစ်မမြင်တဲ့အပြင် အလုပ်မပြီးခင် ဘယ်သူ့ကိုမှ မပြောတာပဲ ခပ်ကောင်းကောင်းလို့သဘောထားကြပါတယ်။ အကြောင်းရင်းကတော့ ဒေါ်စုရဲ့ သမာဓိ၊ တည်ကြည်ရိုးသားမှုကို ကိုယ့်အမေအရင်းပေါ်ထားတဲ့ သဘောထားထက်တောင် ယုံကြည်လို့ဖြစ်ပါတယ်။

ABC said...

ဒေါ်စုကို ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်တဲ့ လေသံတွေကြားနေရတော့ ကွန်မန်.တွေရေးချင်စိတ်ပေါ်လာပြန်ရော ...

ကိုပေါကို ပထမ ထင်မိတာက ဟာ ဒီလူ လုပ်ချလုပ်ပြန်ပြီ၊ အစိုးရက ပြည်ပ နိုင်ငံရေး ရောက်သူတွေကို ပြန်ဝင်ခွင့်ပေးလို. ဒေါ်စုကို ပုတ်ခတ်ပြီး ရန်ကုန်ကို ပြန်ဝင် မယ်လို. ထင်မိလိုက်တယ်၊

သူမှန်တယ်ထင်လို. သူ.ဝေဖန်တာပဲဗျာ၊ မကျေနပ်ရင်လည်း အချက်အလက်နဲ. ပြန်တောက်ပြပေါ့၊ အင်္ဂလိပ်လိုပဲဆဲဆဲ၊ မြန်မာလိုပဲ ဆဲဆဲ၊ ဆဲတာတော့ မကောင်းဖူးပေါ့၊ ကိုယ်အဆင့်အတန်းကို တစ်ကမ္ဘာလုံး စာဖတ်ပရိတ်သတ်ရှေ.မှာ မရေးသင့်ဖူးလို. ထင်တာပဲ၊

နိုင်ငံရေးလုပ်တဲ့ အထဲမှာ ကိုဇာဂနာကို လေးစားတယ်၊ သူ.က ဘယ်အစိုးရပဲတက်တက်၊ မှန်တယ်ထင်ရင် ဝေဖန်မဲ့သူမျိုးဖြစ်တယ်၊ ဒေါ်စု တစ်ချိန်မှာ ခေါင်းဆောင်ဖြစ်လို. မဟုတ်တာတွေ.ရင်လဲ သူကပြောမှာပဲ၊ အဲဒီ လိုလူမျိုးတွေ တိုင်းပြည်မှာလိုတယ်၊ ကိုပေါကို လည်းအဲဒီလိုမျိုးဝေဖန်တဲ့ စာတွေရေးသားရင်တော့ကြိုဆိုရပါလိမ့်မယ်၊

ဒီမှာ ပြောပြရရင် ဘလောဂါတွေ မှာ နှစ်ပိုင်းကွဲနေတယ်၊ နအဖ ဘလော့ဂါနဲ. ဒီမိုဘလော့ဂါဆိုပြီး ပေါ့၊ ဒီမိုဘလောဂါထဲ မှာ နှစ်ပိုင်းထပ်ကွဲသွားပြန်ရော၊ ဒေါ်စုကို ဝေဖန်တဲ့ ဘလော့ဂါနဲ. ဒေါ်စုကို ကိုးကွယ်တဲ့ ဘလော့ဂါဆိုပြီး၊ ဒေါ်စု အီးပေါက် ရင်တောင် မွှေးတယ်လို.ပြောမဲ့သူတွေကလဲအများကြီး၊ ကျွန်တော့်ရပ်တည်ချက်ကတော့ သူလုပ်တာမှန်ရင်ထောက်ခံမယ်၊ မှားရင် ထောက်ပြမဲ့သူမရှိရင် ဒေါ်စုလဲ တစ်ချိန်ချိန်မှာ ခင်ဗျားတို.မုန်းတဲ့ အာဏာရှင် ဖြစ်သွားပါလိမ့်မယ်၊ ခုဒုက္ခရောက်နေတဲ့ မူဘာရက်တို.၊ ဆူဟာတို တို.ဆိုတာလဲ တစ်ချိန်တစ်ခါက သူတို.နိုင်ငံရဲ့ သူရဲကောင်းတွေပါ၊ နောက်ပိုင်းမှ အာဏာ ကိုမလွှတ်ချင်တဲ့ သူတွေဘ၀နဲ. ဇတ်သိမ်းမကောင်းကြတာပါ၊

ဘာလဲဗျ၊ ဒေါ်စုကိုဝိုင်းရံကြ၊ ကွန်ယယ်တွေ ရာ ဘာတွေရော ရှုတ်နေတာပဲ၊ ပြည်ပက ကီးဘုတ်နဲ.တိုက်ပွဲဝင်တာကတော့ သိပ်လွယ်ပါတယ်၊ ဒီကြားထဲမှာ ဂျီမေးနဲ. တောင် sign in မလုပ်နိုင်ပဲ၊ ကျွန်တော်က နိုင်ငံရေးလုပ်လို. ဒုက္ခိတ ဖြစ်တယ်ဆိုလည်းပါသေး၊ ခင်ဗျား တကယ်လို. ဒုက္ခိဖြစ်တယ်ဆိုလဲ ခင်ဗျားရဲ့ လင့် ဆက်သွယ်ရမဲ့ လိပ်စာထားခဲ့ဗျာ၊ ကျွန်တော်တို. မြန်မာအချင်းချင်းကူညီရတာပေါ့၊ wheelchair လိုရင်လဲ လှူပါမယ့်၊ လျှာ အရိုးမရှိတိုင်းပြောမနေနဲ.၊ နောက်ပြီး မင်းက တိုင်းပြည်အတွက် ဘာလုပ်ခဲ့ပြီးပြီလဲ၊ ထောင်ကျဖူးလား၊ တောတွင်းလက်နက်ကိုင်တော်လှန်ဖူးလားဆိုတဲ့ အမေးတွေကလဲ စုံပါ၊ အထူးသဖြင့် ဒေါက်တာ လွဏ်းဆွေရဲ့ ပင်တိုင်ဆောင်းပါးရေးနေတဲ့ သူတွေက အဆိုးဆုံး၊ ကိုယ်ကရှေ.ကဦးမဆောင်ပဲ နဲ. ပြည်ပက တိုက်ပွဲဝင်ပါလား လို. မြှောက်ပေးနေတဲ့ အဖွဲ.တွေ၊ အဲဒီ့အဖွဲ.တွေကမှ တကယ့်ကို မြန်မာနိင်ငံမှာ ဒီမိုကရေစီ မထွန်းကားစေချင်တဲ့အဖွဲ.၊ စားခွက်ပျောက်သွားမှာကြောက်လို.၊ အဲဒီ့လူမျိုးတွေနဲ.စာရင် ကိုပေါတို.လို ကိုယ့်ဝမ်းစာကိုယ်ကြောင်းပြီး၊ ဘလော့ရေးနေတာကို တော့လေးစားရမယ်၊ သူလဲ သူ.အပိုင်းနဲ.သူ အနစ်နာခံ စွန်.လွှတ်ရတာလဲ ရှိခဲ့လိမ့်မယ်လို. ထင်မိပါတယ်၊

ဘာပဲဖြစ်ဖြစ်ကွန်မန်.ကဏ္ဍမှာ ဒီဘလော့က လွတ်လပ်ခွင့်ရှိပါတယ်၊ တစ်ချို. အော်စီက နိင်ငံရေးဘလော့တစ်ခုဆို ဘုရားပုံတွေတင်ထား၊ ယဉ်ယဉ်ကျေးကျေးရေးပါဆိုပြီး၊ နောက်ဆုံးအပိုဒ်မှာ စစ်ခွေးတွေတဲ့၊ ကြိုက်တာပြောပါ ၊ ကျွန်တော်မနာပါဖူး၊ သူတို.နဲ.လဲ မပတ်သက်ပါဖူး၊ ဘာနဲ.တူသလဲ ဆိုတော့ ရောဂီအ၀တ်ဝတ်ထား၊ လည်ပင်းမှာ ပုတီးကြီးဆွဲပြီး ရပ်ကွက်ထဲ လည်ပြီးအော်ဆဲနေ တဲ့သူနဲ.တူနေပါတယ်၊

ကိုပေါကိုဖားနေတာလဲမဟုတ်ဖူး၊ မှန်တယ်ထင်လို. ကိုယ်ဝမ်းစာ ကိုယ်ကြောင်းပြီး ကွန်မန်.၀င်ရေးနေရ တာဖြစ်တယ်၊ လက်ရှိမြန်မာအစိုးရက ကားပါမစ်မရသလို၊ ပြည်ပမှာ နိုင်ငံရေးဗန်းပြပြီးတောင်းစားတဲ့သူမဟုတ် ဖူးဆိုတာ အရင်ဦးဆုံး ကြေညာထားပါရစေ၊

တိုင်းပြည်မှာ ဝေလေလေသမားတွေများလေ ဒီမိုကရေစီရဖို.က အလှမ်းဝေးနေ.ဖြစ်နေ ဦးမှာပါ၊

ကွန်မန်.တင်ခါနီးမှာ အပေါ်ကတစ်ယောက်ကလဲ ဦးသိန်းစိန်နဲ. ဒေါ်စု တို.တွေ.တာ စိတ်ကူးယဉ်ဆန်ဆန်ရေးတဲ့ သူကလဲ ရှိနေသေး၊ အိပ်ချင်ပြီ ဗျာ၊ နောက်နေ.မှာပဲ ဆွေးနွေးတော့မယ်၊

ABC said...

အမှန်ဒီကွန်မန်.ကို ဆည်တည်ဆောက်တဲ့ ပို.စ်မှာသွားရေးရမှာ၊
ဒါပေမဲ့ လတ်တလော ပို.စ်တွေကို ခြုံငုံပြီးရေး တဲ့ ကျွန်တော်ကွန်မန်.တွေကို ဒီပို.စ်မှာ တစ်စုတစ်စည်း တည်းဖြစ်အောင်ရေး လိုက်ပါတယ်၊

အမှန်က ဆည်တည်ဆောက်တာ က ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စတင်အကောင် အထည် ဖော်နေ တာဖြစ်ပါတယ်၊ အမှန်က ပြည်သူက ရွေးကောက်တဲ့ ဒီမိုကရက်တစ်အစိုးရတစ်ရပ်ဖြစ်မယ်ဆိုရင် ပေါ်လာစီပိုင်းမှာ ၀န်ကြီးချုပ်သို.မဟုတ် သမ္မတ ကဆောင်ရွက်ရပါလိမ့်မယ်၊ အမှန်ကတော့ ဧရာဝတီနဲ. ပတ်သက်လို. လူထုဆန္ဒပွဲခံယူရမယ်လို. ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက ကန်.ကွက်တာကို စိတ်ပျက်ဖွယ်ရာတွေ.ရှိရပါတယ်၊

အစိုးရဆိုတာ ပေါ်လစီပိုင်းမှာလုပ်ဆောင်တယ်၊ ပြီးရင်လွှတ်တော်မှာ ဆွေးနွေးရပါလိမ့်မယ်၊ ဆိုလိုချင်တာက အရာရာတိုင်းမှာ ပြည်သူတွေသဘောထား တောင်းခံနေလို.မရပါဖူး၊ အိမ်သာကျင်း တည်ဆောက်မယ်ဆိုရင်ရော ပြည်သူတွေအတည်ပြုချက်ရမှာ တည်ဆောက်ကြမှာလား၊ အစိုးရက လွတ်တော်မှာ အတည်ပြုချက်ရယူဖို. ဆွေးနွေးပြီးဆိုကတည်းက အကောင်အထည်ဖော်ဖို. ၉၀% ရှိနေပါပြီ၊ ခက်နေတာက မြစ်ဆုံဆည်တည် ဆောက်တဲ့ ကိစ္စက အစိုးရသစ်မပေါ်ခင်ကတည်းက လုပ်ဆောင်ခဲ့တော့လည်း တော်တော်ပြောရခက်တဲ့ ကိစ္စဖြစ်နေတယ်၊

ထပ်ပြောချင်တာက ပြည်သူတွေက ရွေးချယ်တဲ့အစိုးရတစ်ရပ်ဖြစ်ရမယ်၊ နောက်ပြီး ဆည်တည်ဆောက်ရလို.ဖြစ်လာမဲ့ ဆိုးကျိုး၊ ကောင်းကျိုးကို ပညာရှင်တွေနဲ. လေ့လာရပါလိမ့်မယ်၊ ကောင်းကျိုးက ၇၀% ဆိုးကျိုးက ၃၀% ဆိုရင် အကောင်အထည်ဖော်သင့်ပါတယ်၊ ဒါပေမဲ့ ပြောင်းရွှေ.တဲ့ ရွာတွေက နေရာအသစ်မှာပေးခြင်းနဲ. ငွေရေးကြေးရေးမှာ အစိုးရက ထောက်ပံ့တာတွေ လုပ်ပေးရပါလိမ့်မယ်၊ ဒီလိုသာပြုပြင်ပြောင်းလဲခဲ့လို. ကမ္ဘာအရပ်ရပ်မှာ လမ်းကြီးတွေ၊ မြို.ကြီး တိုက်တာကြီးတွေပေါ်လာတာပါ၊ အဲဒီ့လိုမှ မလုပ်ခဲ့ရင် ဟိုးအရင်ခေတ်ကလို တဲစုတ်ဘ၀က တက်မှာ မဟုတ်ပါဖူး၊ အစိုးရမှာ auditor ကောင်းကောင်း ရှိရမှာဖြစ်ပြီး၊ transparency ဖြစ်ရပါ လိမ့်မယ်၊ တရုတ်ကိုဓါတ်ငွေ.ရောင်းလို.ရတဲ့ နိုင်ငံခြားငွေ၊လျပ်စစ်ဓါတ်အားရောင်းလို.ရလာမဲ့ငွေတွေကို တိုင်းပြည်ထူတောင်ရေးရဲ့ ဘယ်လိုနေရာတွေမှာ အသုံးပြုတယ်ဆိုတာတွေကို တိုင်းပြည်ကို အသိပေးရပါလိမ့်မယ်၊ ခုသိရတဲ့ လွတ်တော်က ရှမ်းပြည်နယ်လွတ်တော် ကိုယ်စားလှယ် တစ်ယောက်က မှတ်ပုံတင်မှာအမည်ပြောင်းရေးစတဲ့ အရေးမပါတဲ့ ကိစ္စတွေကို ဆွေးနွေးတာကို စိတ်ပျက်စွာတွေ.ရပါတယ်၊

အင်း ... ဒီမိုကရေစီ အစဆိုတော့ ဒီလောက်တော့ရှိမှာပေါ့၊

အမှန်တကယ်အားမနားတမ်းပြောရရင်တော့ ကြံဖွတ်ပါတီက တကယ်ကိုအနိုင်ရတာပါ၊ မဲလိမ်တာတွေ၊ မဲခိုးတာတွေရှိတာ မရှိတာ ကျွန်တော်သေသေချာချာမသိပေမဲ့ လူတွေတော်တော်များများက ကြံဖွတ်ပါတီ ကိုမဲထည့်ခဲ့တာပါ၊ နှစ်ပေါင်းများစွာ သေနတ်မိုးပြီး အုပ်ချုပ်လာတဲ့ ပြည်သူတွေမှာ အကြောက်တရား ကြီးစိုးနေပါတယ်၊ နောက်ပြီး အတိုက်ခံပါတီ ကောင်းကောင်းမရှိတာလဲပါပါတယ်၊ ပြည်ပက ကီးဘုတ်ကိုင်တော်လှန်ရေး အင်အားစုကတော့ မြန်မာပြည်သူတွေရဲ့ တကယ့်ခံစားချက်ကို ဘယ်သိနိုင်ပါ့မလဲ၊

အင်း ဒီမိုကရေစီ အစဆိုတော့ ဒီလောက်တော့ရှိမှာပေါ့၊

လောလောဆည် မြစ်ဆုံတည်ဆောက်ရေး ကို ကန်.ကွက်တာတွေများလာရင် ဒီမိုအဖွဲ.က ပညာရှင်တွေထပ်ဌားပြီး ဆိုးကျိုး၊ ကောင်းကျိုးကို ပြန်လေ့လာသင့်ပါတယ်၊ အစိုးရကလည်း သဘောထားကြီးစွာ ဆိုင်ငံ့သင့်ပါတယ်၊ အစိုးရရော၊ ဒီမိုကရေစီ အတိုက်ခံတွေကပါ ကိုယ်ထင်ရာကိုယ်စိုင်း နေမယ်ဆိုရင်တော့ ကြားက နစ်နာတာက ပြည်သူတွေဆိုတာ ထည့်စဉ်းစားသင့်ပါတယ်၊

နောက်ဆုံးပြောချင်တာက ၂၀၀၈ ဖွဲ.စည်းပုံကြီးကိုလည်းကန်.ကွက်၊ ရွေးကောက်ပွဲကိုလည်းကန်.ကွက်၊ ဒါပေမဲ့ နအဖက လုပ်ချင်သလိုလုပ်သွားခဲ့တာပဲ၊ ကိုယ်တွေသာ ခံလိုက်ရတယ်၊ ခုတစ်ခါ ဧရာဝတီမြစ်ကြီး ကာကွယ်ရေးတဲ့၊ လက်ရှိအစိုးရက လုပ်ချင်သလို ထပ်လုပ်သွားမှာကိုတော့မြင်ယောင်မိပါတယ်၊

Nge Naing said...

ABC သို့

((((တစ်ချို. အော်စီက နိင်ငံရေးဘလော့တစ်ခုဆို ဘုရားပုံတွေတင်ထား၊ ယဉ်ယဉ်ကျေးကျေးရေးပါဆိုပြီး၊ နောက်ဆုံးအပိုဒ်မှာ စစ်ခွေးတွေတဲ့၊ ကြိုက်တာပြောပါ ၊ ကျွန်တော်မနာပါဖူး၊ သူတို.နဲ.လဲ မပတ်သက်ပါဖူး၊ ဘာနဲ.တူသလဲ ဆိုတော့ ရောဂီအ၀တ်ဝတ်ထား၊ လည်ပင်းမှာ ပုတီးကြီးဆွဲပြီး ရပ်ကွက်ထဲ လည်ပြီးအော်ဆဲနေ တဲ့သူနဲ.တူနေပါတယ်၊ ABC ဆိုတဲ့ ပုဂ္ဂိုလ် ကျွန်မကို ))))

ကျွန်မအတင်းကို ဒီမှာတင်မကဘူး တခြားဘလော့ဂ် တွေမှာလည်း အရင်က အတင်းလိုက်လိုက်ပြောထားတဲ့ မှတ်ချက်တွေကို တွေ့ဖူးလို့ ဒီတခါတော့ အသိပေးလိုက်ပါတယ်။ ကျွန်မဘလော့ဂ်က နိုင်ငံရေးဘလော့ဂ်လား အထွေထွေ/သုတရသဘလော့ဂ်လားဆိုတာ ထင်ရာစွတ်မပြောဘဲ Label တပ်ထားတဲ့ ခေါင်းစဉ်တွေနဲ့ တင်ထားတဲ့ ပို့စ်တွေကို သေချသာချာ လေ့လာပြီးမှ ပြောစေချင်တယ်။

ကျွန်မက ဗုဒ္ဓဘာသာဝင်တယာက်ဖြစ်လို့ ကျွန်မဘလော့ဂ်မှာ ဘုရားသီချင်းတွေ ဘုရားပုံတွေ တင်ထားတာနဲ့ စစ်ခွေးကို စစ်ခွေးလို့ ပြောတာကို နှိုင်းယှဉ်ထားတာကိုတော့ ဘာမှဆက်စပ်လို့မရပါဘူး။ ဘုရားသီချင်းတွေ ပုံတွေမကလို့ ဘာသာရေးဆိုတဲ့ Label အောက်မှာ ပို့စ်တွေတောင် အများကြီး တင်ထားတာ ရှိပါတယ်။ ABC လည်း စိတ်ဝင်စားရင် လာလေ့လာနိုင်ပါတယ်။ ကျွန်မကို တချိန်က C- Box မှာ မကြာခဏ လာဆဲနေတဲ့ တယောက်တောင် ကျွန်မဘလော့ဂ်မှာတင်ထားတဲ့ ဘာသာရေးပို့စ်တွေကိုလေ့လာပြီး အခုတော်တော်လေး စိတ်နှလုံးငြိမ်းချမ်းသွားပါပြီ။ ABC က ကျွန်မကို မဆဲဘူး အတင်းပဲ ပြောတယ်ဆိုတော့ ဆဲသမားလောက် အကုသိုလ်မများဘူး၊ ဘလော့ဂ်က ဘာသာရေးပို့စ်တွေကို လာလေ့လာလိုက်ရင် ဆဲသမားထက် ပိုပြီး အတိုင်းထက်လွန် အကျိုးထူးရမှာ အမှန်ပဲ။ အနည်းဆုံးတော့ မိန်းမတယောက်ကို ကွယ်ရာမှာ အတင်းမပြောရရင် မနေနိုင်တဲ့ ဘ၀ကတော့ လွတ်မြောက်သွားမှာတော့ သေချာပါတယ်။

ကျွန်မ ကွယ်ရာမှာ အတင်းပြောနေလို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ကျွန်မကို မကျေနပ်ရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရပါတယ်။ အခုလို လူတကာဘလော့ဂ်မှာ အတင်းလိုက်ပြောတာနဲ့စာရင် ngenaing2008@gmail.com ကို မေးလ်ပို့ပြီး ဗြောင်ပြောပါ ပိုသိက္ခာရှိပါတယ်။ ကျွန်မနဲ့ မပတ်သက်ချင်ဘူးလို့ အပေါ်မှာ ပြောထားတဲ့အတိုင်း မပတ်သက်ချင်ရင်တော့ အတင်းလည်း မပြောပါနဲ့။ ABC အတင်းပြောလို့ ကျွန်မလည်း ဘာမှဖြစ်သွားဖို့မရှိဘူးဆိုတော့ ယောက်ျားတယောက်လုပ်ပြီး မိန်မတယောက်အတင်းကို ဘလော့ဂ်တကာလှည့်ပြီး ကွယ်ရာမှာ လိုက်ပြောနေတဲ့အလုပ်က ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားတယောက်အတွက်ဆိုရင် ABC ကိုပဲ ရှက်စရာဖြစ်စေပါတယ်။

ကျွန်မနဲ့ ပတ်သက်ပြီး ABC စိတ်ထဲမှာ လိတ်ခဲတည်းလည်း ဖြစ်နေတာကို ဒီနည်းနဲ့ပဲ ကျွန်မ ဖြေရှင်းပေးလို့တတ်တယ်။ ဒါပေမဲ့ စစ်ခွေးတွေကို ထိလို့ နာတဲ့ စိတ်ဒုက္ခအတွက်တော့ ကျွန်မလည်း ဘာမှအကူအညီမပေးနိုင်တာ ဆောရီးပါ။

နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ

ပေါအောက်ဆွဲ said...

ပေါကြီးပြောတာမှန်တယ်
ပေါကြီးတယောက်စာမရေးတာကြာနေလို့ မြန်မာဘလော့ဂ်လောကမှာ တည်ငြိမ်အေးချမ်းစပြုနေတုန်း ဗြုန်းဆို ချီးသုတ်ထားတဲ့ဝါးလုံးကြီးတရမ်းရမ်းနဲ့ ခုန်ပေါက်ထွက်လာတော့ အိမ်း … ပေါကြီးပြောသမျှကို သံယောင်လိုက် ထောက်ခံဖို့ ပိတောက်ရိပ်ဆီကို အပြေးလာရောက်ခဲ့ရချေပြီပေါ့။
နှယ်နှယ်ရရပေါကြီးမဟုတ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရဲ့ ပြောလို့ရနိုင်သမျှ အပြစ်အနာအဆာပေါင်းစုံကို အသေးစိတ် ဘီးစိတ်တိုက်၊ ပုံကြီးချဲ့ ပြီး ပြောပြလိုက်တာကိုက ပေါကြီးရဲ့ အောင်မြင်ရခြင်း လျို့ ဝှက်ချက်ကြီးပေကိုးဗျ။ ဒါမှ ဒို့ပေါကြီးကွဲ့။
ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်နဲ့နှစ်လများစွာကျခံနေရစဉ်ကာလကတည်းက ထိုင်းဟော်တယ်တခုမှာ ဘရိတ်ဖတ်စားရင်း ဒေါ်စုမှားလဲချမှာပဲလို့ ပြောပြခဲ့တဲ့ ဧရာဝတီအွန်လိုင်းအောင်ဇော်၊ မိမိရဲ့အိမ်ထောင်ရေး ပြသနာကြောင့် ထိုင်းနယ်စပ် မဲဆောက်ကို ခေတ္တအခြေအနေလာကြည့်ရင်း ပွင့်လင်းလွတ်လပ်တဲ့ ပြည့်တန်ဆာစနစ်အပေါ် ကြည်ညိုသက်ဝင်သွားပြီး အဲဒီမှာပဲနေတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ တိမွေးကုလွဏ်းဆွေရဲ့ “ဒေါ်စုဟာစစ်မှန်တဲ့ ခေါင်းဆောင်မဟုတ်ဘူး” ဆိုတဲ့ဝေဖန်ချက်တွေလိုပဲ ဒို့ပေါကြီးကလဲ တီးပြီကွဲ့။
ဘုရားသော်မှအမှားမခံ ပေါကတော့ ဝေဖန်ရန်အဆင်သင့်ဆိုတဲ့ ပေါကြီးရဲ့မူအတိုင်း ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ဝေဖန်ချင်လွန်းလို့စောင့်နေခဲ့တာ ဘာတခုမှ ကြီးကြီးကျယ်ကျယ်မမှားသေးတော့လဲ ကိုင်းကွာ မထူးပါဘူး သောက်ရေးမပါတာတွေကို ချဲ့ ကားလိုက်ရင် ငါ့ပေါ်လစီတော့ အသက်ဝင်ကောင်းရဲ့ဆိုတဲ့ အကွက်ကို ခင်းနိုင်တဲ့ပေါကြီးလိုလူ ရှိပါရိုးလားဗျာ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသွေးအသားနဲ့လူတော့လူပဲ၊ သို့သော် ပေါကြီးရဲ့စံအရဆိုရင် အရွဲ့ မတိုက်ရဘူး၊ ဝေ့လည်ကြောင်ပတ်ဖြေလို့မရဘူး၊ ဘာပဲလုပ်လုပ် ပေါကြီးနဲ့တကွပြည်သူကို ချက်ခြင်း အသိပေးရမယ်၊ နိုင်ငံရေး ပရိယာယ်တွေဘာတွေကို ပေါကြီးသည်းမခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတော့မှ ပြည်သူတွေကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာခဲ့ရတယ်။ တနည်းအားဖြင့် ဖမ်းထားတာကောင်းတယ်။ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဗလောင်းဗလဲပြောရရှာတယ်။ ပေါကြီးရင်ကို ပေါကြီးကိုယ်တိုင် ထုတာတောင် မနာဘူး။ ပြည်သူ့အသံကို ဒေါ်အောင်ဆန်းစုကြည် နားထောင် မထောင် ပေါကြီးက ထပ်မံ စိစစ် ပြဦးမည်။
ရှုပါဘိ အရပ်ကတို့၊ ကျုပ်တို့မြန်မာပြည်အပြောင်းအလဲ အနာဂတ်အတွက် ဒေါ်အောင်ဆန်းစုကြည် လိုလူစား နောက်တဦးထပ် ပေါ်မပေါ် ဘယ်လိုမှ မသေချာသော်လည်း ပေါကြီးလိုလူစား အမြောက်အများ ပေါ်ထွက်လာစေရန် ဦးဆောင်လမ်းပြပေးနေသော ပိတောက်ရိပ်ကို အထပ်ထပ်အခါခါ ဦးညွတ်ရင်း ပေါကြီး လုပ်တာ၊ ပေါကြီး ပြောတာ မှန်တယ်ကွဲ့ လို့ လက်သီးလက်မောင်းတမ်းမိပါတော့တယ်။

ABC said...

ဒေါ်စု ဘောလုံးပွဲသွားကြည့်တာနဲ. ပတ်သက်လို. ကိုပေါလင့်က K ဘလော့ကို သွားကြည့်တာ ကောင်းတာလေးတွေကို အတတ်နိုင်ဆုံး ဖာထေးရေးထားတာ တွေ.ရသလို ကွန်မန်.တွေလဲ ဖတ်ရပါတယ်၊ အဲဒါဆို ဒီမိုတွေရဲ့လုပ်ရပ်တွေကလည်း လက်ရှိ ဗိုလ်ချုပ်၊ ၀န်ကြီးတွေလဲ သူ.တို.ရဲ့ခေါင်းဆောင်ကို စွတ်ပြီး ဖားနေတာနဲ. အတူတူပဲပေါ့၊ "လူခင်ရင် မူပြင်တဲ့" ပုံစံမျိုးဖြစ်နေမှာပေါ့၊ မှန်တာပြော၊ ရဲရဲပြောတာက ဒီမိုကရေစီ ချစ်မြတ်နိုးသူတွေရဲ့ အလုပ်ပဲမဟုတ်ပါလား၊ အမှန်ကတော့ စိတ်ထဲက ရိုးသားဖို.လိုပါလိမ့်မယ်၊ စကားထဲက ဇာတိပြဆိုသလို ဘယ်လောက်ပဲ ဟန်ဆောင်ဆောင် လူတွေကတော့ သိမှာပါလိမ့်မယ်၊ ကျွန်တော်လဲ ဘလော့ရေးဖို.ကြိုးစားနေပါတယ်၊ ကျွန်တော့် ဘလော့ရေးတဲ့ အခါ ကျွန်တော့်ဘလော့မှာ ဘုရားပုံတွေ မတင်ပါဖူး၊ ဘုရားပုံတင်တာကလဲ သက်ဆိုင်သူရဲ့ လွတ်လပ်ခွင့်ပါ၊ ဒါပေမဲ့ ဘုရားပုံတင်ပြီး စကားကို လက်လွတ်စပဲ ပြောဖို.မသင့်ဖူးလို.ထင်မိပါတယ်၊ ဘုရားဆိုတာ ရင်ထဲမှာရှိပြီး ဘုရားဟောတာတွေကို ကျင့်သုံးပဲလိုတယ်မဟုတ်ပါလား၊ ကျွန်တော်ထင်သလောက်တော့ ပါးစပ်က ဘုရားဘုရား လက်က ကားယား ကားယား လူတွေများနေလို. မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရသေးတာလို.ထင်မိပါတယ်၊ (တိုက်ဆိုင်မူရှိရင်ခွင့်လွှတ်ပါ၊ ထိုသူများကို ရည်ရွယ်ပါသည်)၊

ဘောလုံးပွဲသွားကြည့်တာ ဒေါ်စုက လက်ရှိအစိုးရရဲ့ အချိန်ဆွဲနေတာကို ရောယောင်ပြီး အချိန်ဖြုန်းနေတယ်လို.ထင်မိပါတယ်၊

အဲဒီ့ဘောလုံးပွဲကိစ္စနှင့်ပတ်သက်လို. အောက်က ဘလာ့မှာလဲ ရေးထားတာတွေ.ရပါတယ်၊ ဖတ်လို.လဲ ကောင်းပါတယ်၊ ထောက်ခံတာ မထောက်ခံတာထက် ဒီမိုဘလော့၊ နအဖ ဘလော့ အစုံဖတ်တာကောင်းပါတယ်၊

http://dollarsar.blogspot.com/

ကျွန်တော်က အပြောတော့ နည်းနည်းကြမ်းမယ်၊ ဒါပေမဲ့ ကွန်.မန်.ဖတ်တဲ့ ပရိတ်သတ်ကြီးကို အားနာလို. စာသားကိုအပြစ်ပြစ်ဆုံးရေးပါမယ်၊

ဒေါ်စုက လမ်းဘေးမှာ အပေါ့သွားရင်တောင် ဒီမိုထောက်ခံတဲ့ဘလော့က အောက်ပါ (၃) ချက်ကို ရေးပါလိမ့်မယ်၊

၁။ ဒေါ်စု အဲဒီ့လိုလုပ်တာကောင်းတာပေါ့၊ ဘယ်သူ.မှရေးမဖျန်းတဲ့ အလေ့ကျပေါက်တဲ့မြက်ပင်လေးတွေရှင်သန်တာပေါ့၊

၂။ ဒေါ်စုကအသက်ကြီးပြီဆိုတော့ ဘလက်ဒါ (bladder )တောင် မထိန်းနိုင်တော့ဖူး၊ ကြည့်စမ်း ဒီမိုကရေစီတိုက်ပွဲဝင်တာ ကျန်းမာရေးတောင် ထိခိုက်တယ်၊

၃။ အော် ... အန်တီရဲ့ ရွှေလင်ပန်းက ရေလျှံတယ်တော့

Anonymous said...

You are comparing apples to oranges.
Sucking Daw Su will not give us anything. Mind you, we are still
Burmese citizens and so supporting
her comes at a cost then and now.
Sucking generals will get you permits, benefits, etc.. Your dick
head cannot differentiate and so
I am giving you an advice. Go and
eat shit of 2 months old boys so
that you will gain some brain which your mother did not give you when you came out of her stinky pussy.

Anonymous said...

I am surprised to see bums who are commenting Daw Su should do this or do that. They should buy a mirror, ask themselves where are they now and what they are doing. Also it
is likely that having her in the
soccer match help suppress appaling hooligans. What is wrong with that? When those hooligans embarassed Burmese, some bloggers "We Kite We Win" or "We Bite We Win (Bones)" blogged saying that Hooligans were expressing their anger towards Zaw Zaw. That was
a pure Bull Shit as they were hooligans, thugs and so having
Daw Su in this show help to control thugs. Afterall, she can watch soccer, what is the problem.
Daw Su has rights to enjoy a soccer match. Leaders can do it
to show solidatory with people.
Wait, ain't mothers of those
bloggers' or commenters enjoy
non-stop performances of oily
heavy balls? Give her a break!

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs