ဆောင်းအိပ်မက်

Share |
ဆောင်းအိပ်မက်

ညာသံပေးပြီး တက်လာတဲ့ ရန်သူတွေအကြား
ဘုရင်မကို ဘွားကနဲတွေ့လိုက်ရချိန်
အိပ်မက်က လန့်နိုးခဲ့တယ်။

ကိုပေါ။
စက်တင်ဘာ ၁၉။ ၂၀၁၁

4 comments:

Anonymous said...

ထပ်တူညီတဲ့ ဆောင်းအိပ်မက်တွေနဲ့ ခြောက်ခြားနေရပါတယ်။

အမြဲတမ်းစာဖတ်ပရိသတ်
အိမ်ပြန်ချင်သူ

Anonymous said...

ပြည်ပက လုံခြုံတဲ့ အခန်းတစ်ခုထဲကနေ ကွန်ပြူတာရှေ့ထိုင်ပြီး လူထုတော်လှန်ရေး၊ လူထုတိုက်ပွဲ၊ ပြည်သူတွေရဲ့အဆုံးအဖြတ် နောက်ဆုံးတိုက်ပွဲ လှိုင်းလုံးစသည်ဖြင့် လေလုံးနိုင်ငံရေးလုပ်လိုက်၊ အပြင်ထွက် ဘီယာသောက်လိုက်၊ ဟမ်ဘာဂါလေး စားလိုက်၊ လျှောက်လည်လိုက်၊ ဒီလိုမျိုး လှုံဆော်မှုများကြောင့်လည်း နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ ပြည်ပက လေနိုင်ငံရေးသမားတွေအယောက် တစ်သိန်း လောက်နဲ့ ပြည်တွင်းက အညတရ လူမသိသူမသိ နိုင်ငံရေးသမားတစ်ယောက် ဘယ်သူ ပိုအလုပ်ဖြစ်တယ်ဆိုတာ သိကြမှာပါ။ အလွယ်ဆုံး အနီးကပ်ဆုံး ဥပမာပေး ခိုင်းနှိုင်းရရင် ဘေးမှထိုင်ပြီး အားမရဖြစ် ဝေဖန်နေကြသူ တစ်သိန်းသည် ပြည်တွင်းက ကိုဖိုးဖြူလောက်တောင်အဖြစ်မရှိကြပါ။ နောက်ပြီး ပြည်တွင်းပြန်ပြီး လှုံဆော်လျှင် အဖမ်းခံရမည်ကိုလည်း ကြောက်နေကြပါသေးတယ်။ ကိုယ်တိုင် ပြည်တွင်းပြန် ၊ စည်းရုံးလှုံဆော်ကြစေလိုပါတယ်။ ဒါတွေဟာ မလွယ်မှန်းသိလို့ လွယ်တဲ့ လေနိုင်ငံရေးပဲ လုပ်တော့မယ်ဆိုရင်လည်း လမ်းစဉ်ပါတဲ့ စံမီတဲ့ဆောင်းပါးများကို ရေးသားပြစမ်းပါလို့။ ဒီလိုမှ မဟုတ်ရင် ဒီလိုအဖြစ်မျိုးကို ဗိုလ်ချုပ်ပြောဖူးတဲ့ စကားလေး ရှိပါတယ်။ ခွေးဟောင်တိုင်း ထကြည့်နေရင် အိပ်ရေးပျက်တယ်ဆိုတာ။

နောက်ပြီး ဒေါ်စုက တကယ်တော့ အသက်သိပ်ကြီးသွားပြီ။ ဒီလောက် အသက်ကြီးလှတဲ့ အဖွားကြီးကို လူထုတိုက်ပွဲတွေ ဘာတွေလုပ်ဖို့ ပြောနေတဲ့ အရွယ်ကောင်း နိုင်ငံရေး သုခမိန်များကို ကြည့်ပြီး အားတက်မိမလိုတောင် ဖြစ်ရပါတယ်။သူအလုပ်လုပ်နိုင်ရင် အလွန်ဆုံး ၄ - ၅ နှစ်ပေါ့။ ဒေါ်စုမရှိတော့တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအကြောင်း စိတ်ကူးပြီး ဆောင်းပါးလေးများ ရေးသားကြစမ်းပါ။ တပိုဒ်ထက် ပိုမထွက်နိုင်ဘူး။ အားလုံး ပြီးသွားပြီ။

ကျွန်တော်ဒီစာကို နာမည်အရင်းနဲ့ ရေးတာမဟုတ်ပါဘူး။ ကိုဝတုတ်နာမည်ရင်းနဲ့ ရေးရင် ကျွန်တော်လည်း နာမည်ရင်းနဲ့ ရေးမှာပါ။ ကိုဝတုတ်က မြန်မာပြည်ကို ပြန်ချင်မှ ပြန်မှာဖြစ်ပေမယ့် ကျွန်တော်က ပြန်ရဦးမှာ။ ဒီလို ကြောက်လို့ မြန်မာပြည်ဒီလိုဖြစ်နေတာဆိုလည်း ဟုတ်ပါတယ်လို့ ၀န်ခံပါတယ်။ နောက်ပြီး ကျွန်တော်ဟာ ကိုဝတုတ်နဲ့ ပုလင်းတူဗူးဆို့ ကိုပေါရဲ့ ဘလောက်ပရိသတ်တဦးပါ။ သူ့ကို ကျောင်းတူဘာသာတူတဲ့ သံယောဇဉ်အရရော၊ သူ့ရဲ့ သတ်တိကြောင့်ရော၊ သူ့ဘလောက်ကို ဖတ်ပါတယ်။ ဒါပေမယ့် ကိုပေါအားပေးထောက်ခံတဲ့ စလုံးက ဒီမိုကရက်တစ်ပါတီလည်း သောက်သောက်လဲရှုံး၊ ပြည်တွင်းကိုလည်း အားမရ၊ ပြန်လည်း မလုပ်နိုင်၊ စိတ်ညစ်ပြီး ကုပ်နေရာကနေ လေနိုင်ငံရေးထလုပ်ပြီး ချက်ချင်းစင်မြင့်ပေါ်ရောက်လာအောင် ဆောင်းပါးတွေရေး၊ နာမည်တော့ ကြီးတာပေါ့ဗျာ။ ငါ ကိုပေါကွ ၊ ဒါငါ့လမ်းစဉ် ၊ ဒီလိုတိုက်ယူရင် ရမယ်ဆိုပြီး လမ်းစဉ်ချပြစမ်းပါ။ ကိုယ်တိုင်သွားလုပ်စရာမလိုပါဘူး။ ဘယ်လိုလုပ် ဆိုတာပဲ ပြောလိုက်စမ်းပါ။ ဒီလိုမဟုတ်ရင်တော့ ခင်ဗျားတို့ ဆောင်းပါးတွေဖတ်ပြီး ဟိုကြော်ငြာတစ်ခုကို သတိရမိတော့တယ်။ .. ဟိုလိုလုပ်ပါလား...ဒီလိုလုပ်ပါလား .....ငါလည်း မလုပ်တတ်ဘူး..............။

Anonymous said...

ကိုဝတုတ်

ဆောင်းပါးရှင်သည် ဖေ့ဘုတ်မှာ ကိုဝတုတ်အမည်ဖြင့် လှုပ်ရှားနေသောသူဖြစ်တယ်လို့ ယူဆပါတယ်။ ကိုဝတုတ်ရေးခဲ့ဖူးတဲ့ ကော်မင့်များကို ဖတ်ပြီး သဘောကျသည်များလည်းရှိ၊ မကျသည်များလည်းရှိပါတယ်။ ယခုကဲ့သို့ ဆောင်းပါးအာဘော်များကို ရေးသားကြသူများနှင့် ပတ်သက်ပြီး ထူးဆန်းသည့်အချက်ကို တင်ပြလိုပါတယ်။ ယခုတလော ဒေါ်စု၏ လုပ်ရပ်များကို အားမရဖြစ်ပြီး ဝေဖန်နေသောသူများ အားလုံးလိုလိုသည် ပြည်ပတွင် ရှိနေကြသောသူများသာဖြစ်ကြတယ်။ အိမ်ပြန်ဖို့ မစဉ်းစားသောသူများလည်း ဖြစ်နိုင်ပါတယ်။ ထောင်တန်းမကျလိုပဲ လွယ်ကူသည့် စာ နိုင်ငံရေး ၊ လေနိုင်ငံရေးများသာ လုပ်လိုကြပါတယ်။ နိုင်ငံရေးအမြင်များလည်း အထိုက်အလျောက်ရှိကြပြီး ကိုယ့်အမြင်များကိုလည်း စာဖြင့် ရေးပြီး ဖော်ပြနိုင်စွမ်းရှိကြပါတယ်။ ပညာများလည်း အထိုက်အလျောက်တတ်ကြပါတယ်။ ထို့ ကြောင့် သူများလုပ်တာကို ဘေးမှထိုင်ပြီး ဝေဖန်သောအလုပ်သည် အလွယ်ဆုံးဖြစ်သည်ဆိုတာကိုလည်း သိကြပါလိမ့်မယ်။ ယခုကဲ့သို့ အလွယ်ဆုံးဝေဖန်စာများကို ရေးသာကြသလို ဒေါ်စု ခင်ဗျား ဒါတွေလုပ်နေမယ့်အစား ဘာလုပ်သင့်တယ်ဆိုတဲ့ လမ်းစဉ်မျိုးတွေကိုလည်း ရေးသားချပြကြစေချင်ပါတယ်။ ဒေါ်စုလုပ်သည် မလုပ်သည် အသာထား။ အော် ဒီလူက ဒီလို လမ်းစဉ်ရှိပါလား ၊ ဒီလူ့ လမ်းစဉ်ဖြစ်နိုင်တယ် စသဖြင့် ချပြနိုင်ရင်ဖြင့် စာဖတ်သူများ အသိအမြင် ကျယ်ပြန့်လာနိုင်ပါတယ်။

ဒီလို ဆောင်းပါးတွေကို ဖတ်ပြီး ရာဇ၀င်ဘီး တစ်ပတ်လည်လာသည်ဟုပင် ထင်မိတယ်။ ဂျပန်ပြေးအပြီး အင်္ဂလိပ်ပြန်အ၀င်မှာ ဗိုလ်ချုပ်က ဖဆပလကိုခေါင်းဆောင်ပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်။ အစက အတိုက်အခံအနေဖြင့် အင်္ဂလိပ်ထံ ရာထူးမယူမူဖြင့် လှုပ်ရှား။ နောက်တော့ ဘုရင်ခံအစိုးရအဖွဲ့မှာ ရာထူးယူလိုက်ရော။ ဝေဖန်သံများ ညံခနဲတက်လာတယ်။ ထိုအချိန်က ရုရှကွန်မြူနစ်နောက်လိုက် တစောက်ကန်း ကွန်မြူနစ်များ၊ ပတ်မကြီးထိုးဖောက်လိုသည့် သခင်ထွန်းအုပ်၊ သခင်ဗစိန်လို လူများ၊ အသံအဆူညံဆုံးဖြင့် ဝေဖန်ကြတယ်။ တစောက်ကန်း မြန်မာကွန်မြူနစ်များက လက်နက်ကိုင်ပြီးတိုက်မှ လွတ်လပ်ရေးစစ်မှန်သည်ဟု နိုင်ငံရပ်ခြား အသံများကို နားထောင်ပြီး ယုံကြည်နေကြတယ်။ သခင်ဗစိန်တို့က မနာလိုလို့ ဝေဖန်ကြတယ်။ ဗိုလ်ချုပ်က လူထု အသက်သာဆုံးဖြစ်သည့် နိုင်ငံရေးနည်းဖြင့် လွတ်လပ်ရေးကို အရယူဖို့ ကြိုးစားတယ်။ ဘယ်သူတွေမှားပြီး ဘယ်သူတွေမှန်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နှစ်တွေ ခေတ်တွေ ၊ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်မတူတာတွေ၊ ပြည်သူတွေ ပါဝင်မှု၊ အားပေးထောက်ခံမှု......စသည့် များပြားလှတဲ့ ကွာခြားချက်တွေက ဗိုလ်ချုပ်နဲ့ ဒေါ်စုကို စည်းခြားထားပါတယ်။

Khin said...

အန်တီစု ကို အရင်ကထက်ပို၍ လေးစားပါသည်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs