ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား

Share |
မိသားစုအပေါ်သိတတ်တဲ့ မိန်းခလေး
အစွန်းအထင်းမရှိတဲ့ မိန်းခလေး
ကြမ္မာဝဋ်ကြွေး ပြေးမလွတ်သာ
ဖာဂေါင်းတယောက်ရဲ့ လျှာဖျားစကားမှာငြိတွယ်
ယုံမှတ်မှားခဲ့ရပြီကွယ်

ကိုကိုက လူကောင်းလေးပါ
လူကြီးစုံရာနဲ့ တောင်းယူမှာတဲ့
ပြီးရင် ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားမှာတဲ့
ခေါင်းအုံးပေါ်က နှစ်ကိုယ်ကြားစကား
ယုံမှတ်မှားခဲ့ရပြီလေ

မိအိုဖအို
သမီးပျိုကို လုံးလုံးယုံကြ
စုံလုံးကန်းတာက နောက်မှ။

ဖာဂေါင်းကတော့
ခပ်ကြော့ကြော့ကလေး
မျက်လုံးကို အသာမှေးရင်း
သင်းကလေးကို ဘယ်လိုခိုင်းရမလဲ
စိတ်တိုင်းကျ တွေးနေမလားမသိ

ကိုပေါ
(၂၁ စက်တင်ဘာ ၂၀၁၁)

33 comments:

Anonymous said...

This one is for you...Pls cool down!!မကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊ ကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊ ဒေါသဓါတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို ရှာကြည့်လျှင် အကုသိုလ်လည်းဖြစ်သည်၊ စိတ်လည်းဆင်းရဲသည၊် အရုပ်လည်းဆိုးသည်၊ စီပွါးလည်း ပျက်သည်၊ အပါယ်သို့ ကျသည်၊ မေတ္တာဓါတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကိုရှာကြည့်လျှင် ကုသိုလ်လည်း ဖြစ်သည် စိတ်လည်းချမ်းသာသည် ရုပ်လည်းလှသည် စီးပွါးလည်းတက်သည် နိဗ္ဗာန်သို့ လည်းရောက်သည်။
အရှင်ဇ၀န မေတ္တာရှင်-(ရွေပြည်သာ)

Anonymous said...

ကိုကြီးပေါ

စိတ်နဲနဲလျော.ပါတော. အားကုသိုလ်များပါတယ်ကွယ်။ ဒါပေမဲ. ခံစားချက်နဲ.ရေးထားတာလေးကတော.မိုက်တယ်။

Anonymous said...

ဧရာဝတီလုံမ,ငဲ့ စောင့်ခပါလှဲ့ 

Anonymous said...

ကိုပေါသည် အမတန် ဥာဏ်ကြီးသောကြောင့် NLD ခေါင်းဆောင်များ ခမျာ သူမြင်သလို မမြင်ကြရှာချေ။

ကိုပေါ said...

NLD ခေါင်းဆောင်များ.... ဦးဝင်းတင်တော့ ပါပုံမရ။ မိုးမခတွင် ယနေ့တင်သည့် ဦးဝင်းတင်နှင့် အင်တာဗျူးကို သွားဖတ်ကြည့်ပါ။

Anonymous said...

ဖတ်ပြီးပြီ။
ဟုတ်တယ်ဗျ.. ဦးဝင်းတင်က ဒီအချိန်မှာ ဒေါ်စုကို ကိုပေါလို ရှုတ်ချကြပါလို့  မှာသွားတယ်။
ဆက်လုပ်... ဆက်လုပ်.. ကျော်ဆန်း ၀မ်းသာမယ်။

ကိုပေါ said...

CEC တယောက်အနေနဲ့ ပါတီခေါင်းဆောင်ကို ထောက်ခံပါလို့ပဲ ပြောရမှာပေါ့ဗျာ။ ဘာဆန်းလို့လဲ။ ဒါပေမယ့် ဒေါ်စုပြောသွားတဲ့ ပြောင်းလဲနိုင်မယ့်အခြေအနေကို ညွှန်ပြတဲ့ အပြင်အဆင် အခင်းအကျင်းတွေ ဘာတခုမှ ဦးဝင်းတင်က မတွေ့မြင်ရပါဘူးတဲ့ ခင်ဗျာ။ CEC အနေနဲ့ ဒီလောက်ပြောသွားရင်ကို ဦးဝင်းတင် တာဝန်ကျေပါတယ်။

Anonymous said...

ဒေါ်စု ကအလိမ်ခံနေရတာ။ ဒေါ်စုက အလိမ်ခံနေရတာကိုတောင် မသိလောက်အောင် မိုက်မဲ ညံ့ဖျင်းတဲ့သူ။ ဒေါ်စု မကောင်းဘူး။ ဒေါ်စု လုပ်တာ တစ်လွဲတွေ။ ဒေါ်စု ငါတို့ကို သစ္စာဖောက်တယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်းမရေးရဲတာလား။

Khin said...

ပညာအဆင့်အတန်း မရှိကြောင်း၊ တွေးခေါ်ဆင်ခြင်နိုင်ခြင်းမရှိကြောင်း ကို ဒီစာသားများမှ တဆင့် မြင်ရပါသည်။

Anonymous said...

Are you the real Ko Paw or someone impersonating you? What happened?

Anonymous said...

ကိုပေါလည်း တဖြည်းဖြည်း ပေါလာပြီ။ ကြော်ငြာတွေလည်း တင်ထားတော့ လူအလာများအောင် ကြိုးစားရတော့တာပေါ့လေ။ လူလာရင်ပြီးရော ကွန်မြူနစ်နောက်လိုက်လို့ အပြောခံရလည်း ပြောကြပါစေတော့။ ကွန်မြူနစ်ထုံးစံအတိုင်း တနေရာမှာ ပုန်းနေပြီး ဆော်ကြပါလားဟ... တီးကြပါလားဟ...နောက်ဆုံးတိုက်ပွဲအတွက် ဆော်ကြဟ... ကိုပေါက မြန်မာပြည်လည်း ပြန်မှာမဟုတ်တော့ ပြည်တွင်းက တီးကြပါလား ပြောနိုင်တာပေါ့။ စလုံးက ကိုပေါနဲ့ လုံးလားထွေးလား ဒီမိုကရက်တစ်ပါတီကိုတော့ ဆော်ဖို့တီးဖို့ မမြောက်ရဲဘူး။ ပီအာလေး ပြုတ်သွားလို့ ခက်နေဦးမယ်။ လူထုတိုက်ပွဲကို တကယ်ယုံကြည်ရင် ရန်ကုန် ပြန်ပြီးချပါလား။ မိန်းမနဲ့ ကလေးတော့ ထားခဲ့ဦး။ မဟန်ရင် ပြန်လာရအောင်။ ထောင်လေးကျ အရိုက်လေး မခံဘူးတော့ သူများကို မြောက်ပေးရဲတာပေါ့။ ကိုယ်ကျ မလုပ်ရဲဘူး။ မြန်မာပြည်ပြန်ရမှာကြောက်ရင် လွယ်တာလုပ်ဗျာ။ စလုံးက မြန်မာသံရုံးရှေ့ သွားပြီး တိုက်ပွဲဝင်ပါလား။ ကိုပေါ ဘယ်လုပ်ရဲမလဲဗျာ။ ပီအာပြုတ်လို့ စီးပွားပျက်သွားမှာ ကြောက်တာပေါ့။ ကိုယ့်အနေအထား ပျက်သွားမှဖြင့်။ သူများ ပျက်ချင်ပျက်။ ကဗျာလေးကလည်း မိုက်တယ်။ သမီးလေးမှ အားမနာ။ သမီးလေးကိုကြည့်ပြီး ရေးထားသလား ထင်ရတယ်။ ဘာပဲပြောပြော လူအလာများတာရယ် နာမည်ကြီးတာရယ် အမြတ်ပေါ့ဗျာ။ နောက်တစ်နစ်ဆို မှန်ပါတယ် ကောင်းပါတယ် လုပ်ဦးမှာ သေချာတယ်။ ဘာလို့လဲဆိုတော့ နာမည်လေး မပျောက်အောင် ဟိုကွေ့ ဟိုတက်ကို သုံးရမှာလေး။ ဒီစာဖတ်ပြီး ရိုင်းတယ်ထင်သွားလား။ ကိုပေါ ကဗျာလေးကို ဖတ်ပြီး အရိုင်းစိတ်ဝင်သွားလို့ပါဗျာ။ ရိုင်းအောင်လှုံဆော်တော့လည်း ရိုင်းသွားမိတာပါ။ ကဗျာလေးကို သိမ်းထားပါဗျာ။ သမီး ကြီးလာတော့ ပြရတာပေါ့။ (ထက်ထက်မိုးဦး ပရိသတ်)

Anonymous said...

တမျိုးထပ်စဉ်းစားကြည့်တော့ ကိုပေါ မြန်မာပြည်ပြန်တော့မှာလည်း ဖြစ်နိုင်တာပဲ။ အသံကျယ်ကျယ် ဝေဖန်ထားတော့ အရင်က ထောက်ခံထားတာတွေ ဗိုလ်သန်းကို လျှောက်ပြောထားတာတွေ ကျေပြီး အ၀င်ကောင်းတာပေါ့။ သူတို့ အကြိုက် ပြောထားတော့ ဟိုမေးသည်မေးလည်း မခံရတော့ဘူးပေါ့။ အကြံကောင်းတယ်ဗျာ။ ပညာလေး ပိုတတ်တော့ နစ်ဘက်ခွဖို့ စောစောတွေးမိတာပေါ့။ စောစော ဘက်ပြောင်းသွားတော့ နေရာကောင်းကောင်းရတာပေါ့။ အခုကို ဒေါ်စုကိုပဲ သွယ်ဝိုက်ဆဲတော့တယ်။ တခြားဘက်ကို မဆဲရဲတော့ဘူး။ နောက်ဆို အမတ်တောင် ဖြစ်လာနိုင်တယ်။ အသံပိုကျယ်လို့။ ပြောင်ပြောင် ဘက်ပြောင်းရဲတဲ့ သတ်တိကိုတော့ လေးစားပါတယ်။ (ထက်ထက်မိုးဦး ပရိသတ်)

Anonymous said...

And now TROLLING, ko paw THE RETARDED BLOGGER.
FAIL !@#$&*%$

Anonymous said...

ငပေါ

ရန်ကုန်ပြန်ပီး အစိုးရနဲ့ ထိပ်တိုက်တွေ့ပါလား ဒေါ်စုနဲ့တွေ့ပီး ခင်ဗျားလုပ်နေတာတွေ တခုမှ မဟုတ်သေးဘူလို့ပြောပါလား ဒါဆို ကိုပေါကိုထောက်ခံမယ် တကယ်ပြောတာ ယုံ
ကွန်ပြူတာထဲကနေ သတ္တိရှိမနေနဲ့

MyanmarExpress said...

ကိုပေါ အမြင်မှန်ရကာ ကျနော်တို့ နှင့် ပူးပေါင်းလာသည့်အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိပါသည်။

ဆက်လက်ဖတ်ရှုရန်

http://myanmarexpress.blogspot.com/2011/09/blog-post_20.html

http://myanmarexpress.blogspot.com/2011/09/blog-post_8490.html

eveningstar said...

နောက်ဆုံးရသတင်း....
ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏ နောက်ဆုံးဆုံးဖြတ်ချက်အရ အထွေထွေအတွင်းရေးမှူးဘန်ကီမွန်းအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးအားဖြေရှင်းရန်အတွက်3ပွင့်ဆိုင် ဆွေးနွေးပွဲအဖြစ် မြန်မာနိုင်ငံသားများ၏လေးစားယုံကြည်မှုကို ရရှိထားသော ဘလော့ဂါကိုပေါ.ဆောင်းပါးရှင်း ၀တုတ်..တုတ်ပေါ...တို့အား ပင့်ဖိတ်ပြီး ဆွေးနွေးတိုင်ပင်မည်ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိထားပါသည်။

ABC said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 34 ရက် တိတိကြာခဲ့ပါပြီ ဆိုတဲ့ countdown လေးကိုတော့ သဘောကျမိပါရဲ့၊

အမှန်ကတော့ နောင်အနှစ် ၂၃ နှစ်စာကို အကြမ်းဖျင်း ရက်တွက်ပြီး 8394 days, 8393 days, 8392 days, etc... ဆိုပြီး countdown ပြန်လုပ်ရင်ပိုကောင်းမလားလို.၊ အိုလံပစ်၊ တို. နှစ်သစ်ကူးတဲ့ countdown လိုပေါ့ဗျာ၊

ကိုပေါရေ ... ခင်ဗျား က ဒေါ်စုကိုဝေဖန်လိုက်တော့ ဒေါ်စုကို အရမ်းချစ်တဲ့သူတွေက အသည်းခိုက်ခိုက်တုန်အောင် နာရှာမှာပေါ့ဗျာ၊ နောက်ပြီးခင်ဗျားကို ဒီမိုကရေစီ ဘက်တော်သားလို. သတ်မှတ်ထားတော့ အချင်းချင်း ပြန်ဆော်တယ်လို. သတ်မှတ်မှာပေါ့၊

နောက်ပြီး ခင်ဗျားကို စလုံးက အကြောင်းတွေ ပြန်ပြောနေကြတာ (ရဲစခန်းကိစ္စ၊ ဆန္ဒပြတဲ့)ကို ပြန်ပြီးပြောနေကြတာက ခင်ဗျားဒုက္ခရောက်မှာကို ပျော်နေကြတဲ့ပုံပေါ်ပါတယ်၊ အဲဒီ့လူမျိုးတွေက ဒီမိုကရေစီကိုမြတ်နိုးတယ်လို. ပြောတာကတော့ ယုံရခက်ပါတယ်ဗျာ၊ တစ်ချို.ကတော့ ချိုချိုသာသာ လေးရေးထားလိုက်တာများ ဓါးသွားထက်ထက်က ပျားရည်ချိုချိုလေးလိုပါလား၊ ဒီမှာ ကွန်မန်.ရေးတဲ့သူတွေက မူလတန်းကျောင်းသားတစ်ယောက်မှ မပါပါဖူး၊ ကွန်မန်.တစ်ချက်ဖတ်လိုက်တာနဲ. ဘာကိုဆိုလိုသလဲ ဆိုတာသဘောပေါက်ပါတယ်၊ အဲဒီ့လို သဘောထားသေးသိမ် တဲ့သူတွေရှိနေသရွှေ.တော့ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ.ဝေးနေဦးမှာပဲ၊ ခင်ဗျားဒေါ်စု ကိုဝေဖန်ထားသလို ကြံ့ဖွံအစိုးရကိုလည်းဝေဖန်ထားတာကို ဖတ်ရပါတယ်၊ ခင်ဗျားရဲ့ ဂရုဏာဒေါသောနဲ. ဝေဖန်ထားတာကိုလဲ ဖတ်ရပါတယ်၊ ခင်ဗျားရဲ့ မှန်တယ်ထင်ရင် ဝေဖန်တဲ့ စိတ်ဓါတ်ကိုတော့လေးစားမိပါရဲ့ဗျာ၊ တစ်ချို.ဘလော့တွေမှာလဲ ဒ်ါစုပုံတွေတင်ထားတာကို တွေ.မိပါတယ်၊ ဒေါ်စုက တစ်ချိန်ချိန်မှာ ခေါင်းဆောင်ဖြစ်လာနိုင်တယ်ဆိုပြီး ကြိုပွင့်များ လုပ်နေကြသလား မသိဖူး၊ ဒေါ်စုခေါင်းဆောင်ဖြစ်ပြီးရင်တော့ အဲ့ဒီ့ဘလော့ဂါတွေက လက်ပ်တော့လေးတွေ ရန်ကုန်ကို သယ်သွား ၊ သူတို.မြန်မာနိုင်ငံအတွက် ကီးဘုတ်ကို လက်ချောင်းလေးတွေ ဘယ်လိုအနာခံပြီးရိုက်ရကြောင်း၊ အိပ်ရေးပျက်ကြောင်းတွေပြောပြီး၊ ကားပါမစ်တွေ တောင်းကြမယ်နဲ.တူပါရဲ့၊ ဒါမှမဟုတ်လဲ ဒေါ်စုရဲ့ လက်မှတ်တစ်ခုနဲ. ဂုဏ်ပြုလက်မှတ်လေးတစ်ခုတော့ရကြမယ်လို.မျှော်လင့်နေပုံရပါတယ်၊ ရှေ.ပို.စ်မှာ ဒီိမိုကရေစီအကြောင်းကို ကိုလောရှည် မန်.သွားတာ ကောင်းတယ်ဗျာ၊ အဲ့ဒီ့လို အဆင့်အတန်းမြင့်မြင့်စာတွေဖတ်ချင်တယ်၊

ခုဖြစ်နေတာက အစိုးရကိုဆန်.ကျင်ရင် သူရဲကောင်း၊ ဒီမိုကရေစီလှုပ်ရှားနေရင် မင်းသား၊ ဒေါ်စုကို နည်းနည်းလေးဝေဖန်မိလိုက်တာနဲ.တစ်ခါတည်း လူဆိုး ရန်သူအဖြစ်လို. သတ်မှတ်တာက မကောင်းပါဖူးဗျာ၊

၈၈ အရေးအခင်းတုန်းက ဗိုလ်အောင်ကြီးပြောတဲ့ စကားတစ်ခွန်းမှတ်မိသေးတယ်၊ စစ်တပ်ကို စိတ်နဲ.တောင်မပြစ်မှားရဖူးတဲ့ဗျာ၊

ခုလဲ ဒီမိုဘလော့ဂါတွေရဲ့ ဒေါ်စုကို စိတ်နဲ.တောင် မပြစ်မှားရဖူးဆိုတဲ့ စည်းကမ်းချက် များချနေမလား မသိဖူး၊

အိမ်အဟောင်း အိမ်အစုတ်ကြီးဟာ အမိုးကလဲ မိုးယိုနေတယ်၊ (လူကြီးတွေကလဲ စားနေတယ်)၊ အိမ်နံရံကလဲ ကွာနေတယ်၊ (တရုတ်ကြီးကလဲ ၀င်နေပြီ) ၊ အိမ်ရဲ့ခြေတိုင်မှာလဲ ချစားနေတယ်၊ (၀န်ထမ်းအဆင့်ဆင့်ကလဲ စားနေကြတယ်)၊ ကျွန်တော်အမြင်အရတော့ ဒေါ်စုက အဲ့ဒီ့အိမ်ကြီးကို ကောင်းလာမှာပဲဆိုပြီး မျှော်လင့်တကြီးနဲ. ပြန်လည်မွန်းမံနေတယ်လို. ထင်နေမိတယ်၊ သိပ်မကြာခင်မှာပဲ အဲဒီ့အိမ်ကြီးမှာ သူလဲ ကျွံကြပြီး ဒုက္ခရောက်မယ်ဆိုတာ မသိရှာဖူး၊ တကယ့်တော့ အဲ့ဒီ့အိမ်ကြီးကို အမြစ်ကစပြီး မြေလှန် ဖြိုဖျက်ပြီး ခိုင်မာခိုင်ခံတဲ့ သာယာပြီးနေပျော်မဲ့ တိုက်တစ်ခုဆောက်ရမှာပါ ၊

ကျွန်တော်လဲ ဒီမိုကရေစီမြတ်နိုးတဲ့အတွက် ကျွန်တော် စိတ်ထဲထင်တာလေးကို မျှဝေလိုက်လို. ဒီမိုဘလောဂါတွေ enlightened ဖြစ်သွားစေခဲ့ရင် ကျွန်တော်တကယ်ပျော်မိပါလိမ့်မယ် ၊

Anonymous said...

ကိုပေါကို ထောက်ခံတဲ့ စစ်ကျွန် အစိုးရ နောက်လိုက်တွေ များလာတာ အားရစရာ။

တုတ်ကြီး said...

ငပေါကြီး ရူးသွားရှာပီ။

Anonymous said...

အတင်းကြီးကိုဒေါ်စုကိုကိုးကွယ်နေကြတော့တာဘဲ...
ဒေါ်စုကိုနည်းနည်းဝေဖန်တာနဲ့မခံမရပ်နိုင်ဖြစ်နေတော့
တာဘဲ..၂၃နှစ်အတွင်းဒေါ်စုလုပ်တာအောင်အောင်မြင်မြင်
ဖြစ်တဲ့ကိစ္စဘာများရှိခဲ့သလဲ..

Anonymous said...

"အတင်းကြီးကိုဒေါ်စုကိုကိုးကွယ်နေကြတော့တာဘဲ...
ဒေါ်စုကိုနည်းနည်းဝေဖန်တာနဲ့မခံမရပ်နိုင်ဖြစ်နေတော့
တာဘဲ..၂၃နှစ်အတွင်းဒေါ်စုလုပ်တာအောင်အောင်မြင်မြင်
ဖြစ်တဲ့ကိစ္စဘာများရှိခဲ့သလဲ.."

What does your mother achieve last 20 years apart from bending herself
for some hunky men with big tools and heavy balls - as your father
is a La Du and being impotent -
and breeding a moron like you?

Anonymous said...

၂၃ နှစ်လုံးလုံး ကြာခဲ့တာတောင် ဒီမိုကရေစီ မရနိုင်သေးတာ ဘာကြောင့်လဲ၊ ဘယ်သူ့ကြောင့်လဲ ဆိုတဲ့ သမိုင်းတရားခံကို တယောက်ယောက်အပေါ် လွှဲချဖို့ မြောင်းတော့ စဖောက်နေကြပြီ။ ဒေါ်စု ခင်ဗျားကို လူထုခေါင်းဆောင် တင်မြှောက်ထားတာ ၂၃ နှစ်ရှိနေပြီ။ အခုထိ ဘာဖြစ်သေးသလဲ။ အိမ်ကလည်း ယိုင်နေပြီ။ ဘာအဖြစ်ရှိသလဲ။ စသဖြင့်ပေါ့လေ။ ပခုံးတစ်ခုအပေါ်လွှဲချဖို့ ပြင်နေကြပြီ။ ဒီ ၂၃ နှစ်အတွင်းမှာ ဒေါ်စုက ၁၉ နှစ်လောက် လှုပ်ရှားလို့ မရခဲ့ဘူးဆိုတာလည်း မေ့ချင်ယောင် ဆောင်ကြတော့မယ်။ အကြမ်းဖျဉ်းတွက်ကြည့်မယ်ဆိုရင် န၀တ၊ နအဖ တို့ အုပ်စိုးခဲ့တဲ့နှစ်တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ဒေါ်စုကို ချုပ်ထားပြီး ၂၅ ရာခိုင်နှုန်းလောက်ပဲ လှုပ်ရှားလို့ရခဲ့ပါတယ်။ ၁၉၈၈ ကနေ ၂၀၁၁ အတွင်း ဖြစ်ခဲ့တဲ့ နိုင်ငံရေးအရ အရေးကြီးတဲ့ အဖြစ်အပျက်တွေကို စာရင်းချကြည့်ရင် အမျိုးသားညီလာခံ၊ စတယ်၊ ရပ်တယ်၊ ပြန်စတယ်။ ရွှေဝါရောင် တော်လှန်ရေးဖြစ်တယ်။ ကြားထဲမှာလည်း ကျောင်းသားလှုပ်ရှားမှုတွေ အတော်များများပါ။ ဖွဲ့စည်းပုံကို အတည်ပြုတယ်။ ရွေးကောက်ပွဲလုပ်တယ်။ (ဆူနာမီကိုတော့ မပြောတော့ပါဘူး။ ) ဒီလို နိုင်ငံရေးအရ အရေးကြီးတဲ့ ဖြစ်ရပ်တွေဖြစ်ခဲ့တဲ့အချိန်က ဒေါ်စု အပြင်မှာ မရှိပါဘူး။ ဒါကြောင့် ဒေါ်စုကို ၂၃ နှစ်လုံးလုံးဆိုပြီး ပြောရင် မတရားရာကျတာပေါ့ဗျာ။ ဒါကြောင့် ဒေါ်စုအပြင်မှာရှိတဲ့ ၅ နှစ်လောက်အတွင်းမှာလို့ ပြောရင်တရားတာပေါ့။ ဒေါ်စု အပြင်မှာ ရှိတဲ့ အချိန်တွေမှာ လှုပ်ရှားမှု သေတော့ မနေပါဘူး။ ဒီပဲယင်းကို မမေ့ကြပါနဲ့။ (အပြင်မှာ မရှိအောင်လည်း သေသေချာချာလုပ်ထားတာကိုး) အပြင်မှာရှိတဲ့သူတွေ အားလုံးလည်း အသံထွက်အောင် အော်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒါဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကျုပ်တို့က ကန့်ကွက်ကြောင်း လက်မှတ်ထိုးတယ်။ ကန့်ကွက်ဖို့ လှုံဆော်တာပဲ။ ကျုပ်တို့တာဝန်ကျေတယ်။ ဒီလိုတော့ ပြောလို့ရပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့သူတွေ ဒီလောက်များတာတောင် အစိုးရလုပ်ဆောင်သမျှ ဘာမှ မတားနိုင်ခဲ့ဘူး။ ဒါဘာကြောင့်လဲ ဒီတစ်ချက်ကို ဆန်းစစ်ကြည့်သင့်ပါတယ်။ ပြည်ပကနေ အော်နေရုံနဲ့ တာဝန်ကျေပြီလား။ ပြည်ပကနေ အော်ရုံနဲ့တော့ ဘာအပြောင်းအလဲမှ မဖြစ်တာ သေချာပါတယ်။ အော်နေတာ ၂၃ နှစ်ရှိပြီ။ အပြောင်းအလဲဖြစ်ဖို့ဆိုတာ ပြည်တွင်းက လုပ်မှ ဖြစ်မှာ။ အခု ကမ်ဘာမှ ဖြစ်ပျက်နေတာတွေနဲ့ တိုင်းတာရင် ပြည်တွင်းမှာ လှုပ်ရှားမှုစဖို့ အချိန်ကောင်းဆိုတာ အားလုံးသိကြပါတယ်။ စစ်ဘက်ကလည်း သိတယ်။ သိလို့လည်း အများကြီး ပြင်ဆင်ပြီးနေပြီ။ အခုတလော အော်နေကြတဲ့ ကိုပေါ၊ ကိုဝတုတ်၊ တုတ်ကြီး၊ ကိုလွမ်းဆွေ၊ စသည့်ဖြင့် ..စတဲ့ဆရာတွေရဲ့ အားမလိုအားမရဖြစ်တဲ့ အာဘော်တွေကို ကြည့်လိုက်ပြီး နောက်ဆုံးတစ်ကြောင်းထဲနဲ့ အနှစ်ချုပ်ရရင် ဒေါ်စု...ခင်ဗျား၊ ဘောပွဲကြည့်၊ လူတွေနဲ့လျှောက်တွေ့၊ ဟိုသွားသည်လာတွေ လုပ်မနေနဲ့။ လူထုကို ခေါင်းဆောင်ပြီး အာရပ်လှိုင်းကိုစီး၊ လူထုတော်လှန်ရေးကို လုပ်ဆောင်စေချင်ကြတာပါ။ အာရပ်နိုင်ငံတွေလိုပေါ့ဗျာ။ လူထုတော်လှန်ရေးဖြစ်ပြီး မြန်မာပြည်ကြီး လုံးဝ စစ်မှန်တဲ့ ဒီမိုကရေစီမျိုး (အထက်က ဆရာကြီးတွေ လိုချင်တဲ့ ဒီမိုကရေစီမျိုး ၊ ၁၉၄၅-၁၉၄၉ လောက်က တစောက်ကန်းကွန်မြူနစ်တွေ ပြောတဲ့ လက်နက်ကိုင်တိုက်မှ လွတ်လပ်ရေးစစ်တာ ဆိုတာမျိုးလို) အားလုံးက လိုချင်တာပေါ့ဗျာ။ ခင်ဗျားတို့မှ မဟုတ်ဘူး။ အားလုံးလိုချင်တယ်။ ခက်နေတာက အားလုံးကသာ လိုချင်နေတာ .. ဘယ်သူမှ ကိုယ်တိုင်ထမလုပ်နိုင်ဘူး။ မလုပ်ချင်ဘူး။ ပြည်ပကလူတွေလည်း ပြည်တွင်းပြန်ပြီး မလုပ်ချင်ဘူး။

Anonymous said...

ရှိနေတာလေး စွန့်ပြီး ပြည်တွင်းပြန် တော်လှန်ရေး မလုပ်ချင်တာ နားလည်နိုင်ပါတယ်။ ခက်ခဲတာကိုးဗျာ။ ပြည်တွင်းကနေ ပြည်ပထွက်ပြီး တော်လှန်ရေးစကားပြောတာ လွယ်တာကိုး။ ပြည်ပကနေ ပြည်တွင်းပြန် တော်လှန်ရေး စကားပြောလို့ ဘယ်လွယ်မလဲဗျာ။ အားလုံးသိပါတယ်။ လေလှိုင်းတော်လှန်ရေးတော့ ပြည်ပကနေရမယ်။ ပြည်ပက မစနိုင်ရင် ပြည်တွင်းက ဘာလို့ အခုထိ လူထုတော်လှန်ရေး မစနိုင်လဲ။ ဆန်းစစ်ကြပါ။ အခက်အခဲတွေ အများကြီး ရှိမှာပေါ့။ အကြီးဆုံးက ကိုယ်ကျိုးမစွန့်နိုင်ကြတာနဲ့ ဦးဆောင်မယ့်သူတွေရဲ့ အား၊ နောက်လိုက်တွေရဲ့ အားမရှိတာပဲ။ ဘာလို့ အားမရှိလည်းဆိုတာ အရင်စဉ်းစားကြပါဦး။ အခု ပြည်တွင်းမှာ ဒေါ်စုဘေးက လုပ်နေတဲ့ သူတွေကြည့်လိုက်၊ အသက် ၅၀ ကျော်နဲ့ ၃၀အောက်တွေပဲ တွေ့နေရတယ်။ ၄၀ ၀န်းကျင် တယောက်တလေတော့ ရှိမှာပေါ့လေ။ ခေါင်းဆောင်နိုင်မယ့် ထက်မြက်တဲ့သူတွေ အကုန်ထောင်ထဲမှာ။ နောက်ထပ်ခေါင်းဆောင်ရင် ထောင်ကျခံရမှာလည်း လူတိုင်းသိနေတယ်။ လူထုလှုပ်ရှားမှုကို အရိပ်အယောင်ပြောတဲ့သူက ဦးဝင်းတင်လောက်ပဲရှိတယ်။ ဒါကလည်း မဆန်းပါဘူး။ ဦးဝင်းတင်ဆိုတာ လက်ဝဲယိမ်းချင်ပါတယ်။ ဒီတော့ ချကျကွ ဆိုတဲ့လေသံပဲ ပစ်မှာပါ။ သူကတော့ ထောင်ချလည်း ခံနိုင်တာကိုးဗျာ။ အကယ်လို့ လူထုတော်လှန်ရေး ဖြစ်ခဲ့ရင်လည်း ပေးဆပ်ရမှာတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ အကုန်သိကြပါတယ်။ တကယ်ရင်ဆိုင်ရမှာက ပြည်တွင်းကလူတွေ။ ပြည်ပကတော့ လက်ခုပ်ဝိုင်းတီးကြမှာပေါ့။ မအောင်မြင်ခဲ့ရင် ပြည်ပမှာ ဆက်နေမှာပေါ့။ အောင်မြင်ရင် ပြည်တွင်းပြန် ဆရာကြီးလုပ်မှာပေါ့။ အခု ပြည်ပကနေ လှုံဆော်နေတဲ့သူတွေကြည့်လိုက်ရင် ပြည်တွင်းနိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ လုံးဝမရှိတဲ့ ပြည်ပရောက်တွေပါ။ အသက်အရွယ်အတွေ့အကြုံ အရရော ပြည်တွင်း နိုင်ငံရေးဖြတ်သန်းမှုအရရော လေးစားလောက်စရာ အတွေ့အကြုံမရှိကြပါဘူး။
ကိုဝတုတ်တဲ့။ ဗိုလ်မှူးချုပ်ကျော်ဇောမြေးတဲ့။ မျိုးကောင်းရိုးကောင်းပါ။ အင်္ဂလန်မှာ ဘွဲ့လွန်တွေ ဘာတွေတောင်တက်နေတာ လူတော်ပါ။ ဒေါ်စုကို အားမရဖြစ်နေရှာတာ။ သူ့အဖိုးကို ဥပမာယူကြည့်စမ်းပါ။ တရုတ်ပြည်ရောက်နေတာ ဘယ်နှစ်နှစ်ရှိပြီတုန်း။ ဘာများ လုပ်နိုင်တုန်း။ သူ့အဖိုးအကြောင်း သူအသိဆုံးနေမှာပါ။ တရုတ်ကွန်မြူနစ်ပါတီက လိုအပ်ရင် ထုတ်သုံးဖို့ မွေးခံထားရတာ ကြာပြီ။ ရဲဘော်ဖိုးသံချောင်းတို့အပါအ၀င် ကိုယ့်ကိုကိုယ် တကယ်ဝေဖန်ဆန်းစစ်ကြည့်ကြရင် သတ်သေဖို့တောင်ကောင်းတယ်။ သူတို့ အားထားရာ တရုတ်ကွန်မြူနစ်ပါတီက သူတို့ကိုလည်းမွေးထား။ နအဖကိုလည်း မြှောက်စား။ တရုတ်က သူတို့ကို ချကျွေးလိုက်တုန်းက လွတ်အောင် ပြေးရမှာပေါ့။ လက်တွေ့အလုပ်လုပ်ရတာ မလွယ်မှန်း သူတို့တွေသိပါတယ်။ ကိုဝတုတ်ကလည်း ခေသူမဟုတ်ပါ။ ကွန်မြူနစ်ဝါဒ၊ ဘာသာဆန့်ကျင်သူဆိုတာ သူ့ဖေ့ဘုတ်မှာ ကြေငြာထားပါတယ်။ ကားမတ်ရဲ့ အုတ်ဂူကိုသွား ၊ ဓါတ်ပုံရိုက်ပြီး ဖေ့ဘုတ်မှာ တင်၊ ကွန်မြူနစ်ဖြစ်ကြောင်း ပြထားတာ။ မိန်းမနဲ့ ဟော်လန်၊ တရုတ်ပြည် လည်ပတ်လိုက်၊ အင်တာနက်နဲ့ တော်လှန်ရေးလုပ်လိုက်။ အင်္ဂလန်မှာ ကောင်းနေတဲ့ အနာဂတ်ကို စွန့်ပြီး ဘယ်မှာ လက်တွေ့တော်လှန်ရေး လုပ်မလဲဗျာ။

Anonymous said...

ကိုလွမ်းဆွေ ။ ကျောင်းသားဘ၀မှာ ၈၈ ဖြစ်တယ်။ ဘာလုပ်နေမှန်း မသိဘူး။ အင်တာဗျူးထဲမှာတော့ ပြောထားတာပဲ။ ဘာမှ မလုပ်ဘူးဆိုတာ။ အဖေက မဂ်ဂဇင်းထောင်ထားတာဆိုတော့ အချိန်တန်တော့ အယ်ဒီတာဖြစ်တယ်။ ချေဂွေဗားရားအားကျပြီး နယ်စပ်သွား၊ ကိုယ်ရေးကိုယ်တာကို မပြောတော့ဘူး။ စာပေတော်လှန်ရေးသမားလုပ်ချင်တယ်တဲ့။ နယ်စပ်ကနေ။ ဒုတိယ စိတ်ကူးယဉ်တော်လှန်ရေးစာရေးဆရာတော့ ဖြစ်လာမှာပါ။ ဗန်းမော်တင်အောင်လို့တော့ ပထမဘယ်ဖြစ်ပါ့မလဲဗျာ။ ထောင်မှ မကျဘူးတာ။ ပြည်တွင်းဝင်လာပြီး လက်တွေ့အလုပ်လုပ်ရင်တော့ ပထမဖြစ်လာနိုင်ပါတယ်။
ကိုပေါ။ နာမည်ကိုက ကိုပေါ။ ဘလော့ခေတ်ဦးမှာ အသံထွက်ထားတော့ လူသိနေတာပေါ့ဗျာ။ ဘာများ လက်တွေ့လုပ်ဖူးသလဲ။ စလုံးက ပါတီတွေနဲ့ လုပ်တာတော့ ရှိပါတယ်။ ခုတော့ အဲဒီပါတီလည်း ခေတ်မကောင်းဘူး။ ငြိမ်နေရတယ်။ အရင်က ဗိုလ်သန်းရွှေကို အပုပ်ချပြီး နာမည်ယူတယ်။ ခုတော့ ဒေါ်စုကို အပုပ်ချတယ်။ အလုပ်မဖြစ်ဘူး ဘာညာနဲ့။ ဒေါ်စုကို ခေါင်းဆောင်မတင်ချင်တော့ရင် ဘယ်သူ့ကို တင်မလဲဆိုတာ စဉ်းစားထားစေချင်ပါတယ်။ ဟုတ်ပြီ ဒေါ်စုကို ခေါင်းဆောင်တင်တာ ၂၃ နှစ်ရှိပြီ ဘာမှမဖြစ်ဘူး။ ဘယ်သူ့ကို ထပ်တင်မလဲ။ ဦးဝင်းတင်လွတ်တာလည်း ဘယ်လောက်ကြာပြီလဲ။ လူပြိန်းကြိုက်စာတွေနဲ့ သကြံ င်္န်အမြောက်တွေ ဖောက်လို့ကောင်းတယ်။ ရေးတတ်ရင် ရေးစမ်းပါဗျာ။ ကိုပေါ၏ လမ်းပြမြေပုံ။
တုတ်ကြီး တာဝင်္တိသာဆိုတာ။ ပြည်ပမှာနေပြီး နာမည်ရင်းတောင် မဖော်ရဲဘဲနဲ့ လူထုတိုက်ပွဲတွေ ပြောနေတာ။ ဘယ်လိုလုပ် ယုံရမလဲဗျာ။ အပေါ်က လူတွေလောက်တောင် သတ်တိမရှိဘူး။
အခုဆိုရင် ခင်ဗျားတို့ ဆောင်းပါးတွေကို နအဖဆိုက်တွေက ကြိုက်နေကြပြီ။ ခုချိန်ပြန်ကြရင် ကားတွေရမှာသေချာနေပြီ။ နှစ်ဖက်ခွလို့ အကောင်းဆုံးအချိန်ပေါ့ဗျာ။ ဒီစာကို ရေးတဲ့ ကျွန်တော်လည်း ပြည်ပမှာ နေတာပါ။ အာရပ်တွေ အလုပ်ဖြစ်တာကို ကြည့်ပြီး လှိုင်းစီးချင်တာပေါ့။ ဒါပေမယ့်ဗျာ ကိုယ်မလုပ်ချင်တဲ့ဟာကို သူများကို လုပ်ခိုင်းနေရတာကို လိပ်ပြာရှက်တယ်။ ကျွန်တော်ကတော့ မြန်မာပြည်ပြန် နိုင်ငံရေးမလုပ်ရဲပါဘူး။ ကိုယ်ကျိုးစွန့်ပြီး မလုပ်နိုင်ဘူး။ မိသားစုတွေရှိတယ်။ ခင်ဗျားတို့ လုပ်မယ်ဆိုရင် လုံးဝထောက်ခံပါတယ်။ ခင်ဗျားတို့ မလုပ်နိုင်ဘူးဆိုတာလည်း သိနေပါတယ်။
ခုတော့ဗျာ။ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်ပရောက် ဒေါ်လာစား အတိုက်အခံ လေသမားတွေ။ ပြည်ပက အမျိုးမျိုးသော အဖွဲ့အစည်းတွေ၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူဆိုတာတွေ။ နိုင်ငံရေး သုခမိန် ဘလော့ကာတွေ။ ကိုယ်ကျိုးစွန့်ပြီး ထောင်ထဲမှာ နှစ်ပေါင်းများစွာ ကျနေရသူတွေ..... အားလုံးကို ချန်ထားပြီး ၂၃ နှစ်လုံးလုံး ဒီမိုကရေစီ မရတာ အချုပ်ထဲ ၁၉ နှစ်လောက် နေရတဲ့ ဒေါ်စုရဲ့ခေါင်းဆောင်မှု အသုံးမကျလို့ လို့ပြောနေတာတွေကို မတရားဘူးလို့ ပြောချင်ပါတယ်။ နောက်လိုက်တွေကရော နောက်လိုက်ကောင်း ပီသခဲ့ကြပါသလား။ ဒေါ်စုလွတ်တာ တနှစ်လောက်ရှိပြီ ပြောနေတာ။ မယုံစောင့်ကြည့်နေပါ။ နောက် ၅ နှစ်လည်း ဒီလို စစ်အစိုးရရဲ့ မာယာအောက်မှာ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ သေချာတာကတော့ဗျာ ဒေါ်စုမရှိရင် ဒီမိုကရေစီ လုပ်ရှားမှု လုံးဝ မရှိနိုင်တော့ဘူး။ ခင်ဗျားတို့လည်း ပြည်ပမှာသာ အဆင်ပြေပြေ နေရအောင် ပြင်ထားကြပေတော့။ (ကျွန်တော် ဒဏ္ဍာရီတေးပါ)

Anonymous said...

ကိုပေါရေ..
အပေါ်က ကွန်မန့် ကိုတော့ အသေကြိုက်တယ်ဗျာ.. မှားတဲ့အချက်ပါရင် ကိုပေါပြန်ရှင်းတာဖတ်ချင်တယ်။ မဟုတ်ရင်တော့ ဘလောဂ်မှာ ကိုယ်ရောင်ပျောက်နေတာကမှ သူများအကုသိုလ်အပွား သက်သာဦးမယ်ဗျာ။
ွှTNO

KML said...

" အဲဒီ့လို သဘောထားသေးသိမ် တဲ့သူတွေရှိနေသရွှေ.တော့ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ.ဝေးနေဦးမှာပဲ၊ ခင်ဗျားဒေါ်စု ကိုဝေဖန်ထားသလို ကြံ့ဖွံအစိုးရကိုလည်းဝေဖန်ထားတာကို ဖတ်ရပါတယ်၊ ခင်ဗျားရဲ့ ဂရုဏာဒေါသောနဲ. ဝေဖန်ထားတာကိုလဲ ဖတ်ရပါတယ်၊ ခင်ဗျားရဲ့ မှန်တယ်ထင်ရင် ဝေဖန်တဲ့ စိတ်ဓါတ်ကိုတော့လေးစားမိပါရဲ့ဗျာ၊ "

ကိုပေါ ကိုယ်တိုင် ပြန်ရေးထားတာဆိုရင် တော့ " အဆင့်အတန်းမရှိ - သဘောထားသေးသိမ်" တယ် ဆိုတဲ့ သူတွေထဲမှာ ကိုပေါလဲပါနေတယ် ဆိုတာ ကိုယ်ရေးထားတဲ့ -စာ ကို သေသေချာချာ ပြန်ဖတ်ကြည့်ရင် သိပါလိမ့်မယ်။
ဒါဟာ စိတ်ထားရင့်ကျက်သူရဲ့ အရေး မဟုတ်ပါဘူး။

ABC said...

ဧရာဝတီကောက်ကြောင်းအနုပညာပြပွဲ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှု.အားပေး

http://burmese.dvb.no/archives/15792

(ကိုပေါရဲ့ ဘလော့ခေါင်းစည်း စာတမ်းနဲ.တွဲပြီးဖတ်ရှုရန်)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 34 ရက် တိတိကြာခဲ့ပါပြီ။

Anonymous said...

"ဧရာဝတီကောက်ကြောင်းအနုပညာပြပွဲ
ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှု.အားပေး"

So f..king what? Ain't your mom
enjoy some nude shows of hunks?

Daw Su is my leader. Barkings
from you will not change our
minds. Can you shut the fuck
up! Please? I said please!!

မုန်းစရာ said...

ကဲ ကိုပေါ ကွန်မန့်အရှည်ကြီး ရေးထားတဲ့ အမည်မသိကို ဘယ်လိုပြန်စာ ရေးမလဲ.. စိတ်ဝင်စားပါတယ်. မြန်မြန်ရေးပါ။ စလုံးမှာ ဆန္ဒပြတာကို ထပ်ဂုဏ်ဖော်ဦးလေ။

Tin said...

ပြောပါရစေ၊ တကယ်တမ်းစစ်မှန်တဲ့ ဒီမိုကရေစီ စနစ်မှာ သဘောကွဲလွဲ ခွင့် အမြင်ကို ဖော်ထုတ်ခွင့်ရှိတာပဲ။
ကိုပေါလည်း သူ့ အမြင်ကို ဖော်ထုတ်ခွင့်ရှိရမှာပေါ့။ အဲ့ဒါကို ကိုယ်လည်း ကိုယ့်အမြင်ကို မပြောပဲ အသားလွတ်ဝင်ဆဲနေတာ တော့ ဒါလားဟဲ့ ဒီမိုကရေစီလိုချင်တာ လို့မေးရမလို။ အခုကိစ္စက ကိုပေါ က ဒေါ်စု ရဲ့ အသေးအမွှား ကိစ္စလေးတွေ ကို အပြစ်ရှာ လိုက်ထောက်ပြနေတာမဟုတ်ပါဘူး။ ဒေါ်စုလုပ်လိုက်မှတသက်လုံး လူသတ်၊ ဖိနှိပ် အနိုင်ကျင့်လာပြီး ပုဆိုးပြောင်းဝတ်ထားတဲ့ အစိုးရ နိုင်ငံတကာ က လူစာရင်းသွင်း အသိအမှတ်တွေပြုကုန်မှာ စိုးလို့ ပြော လိုဟန်တူပါတယ်။
ဒီလိုဆို ဒေါ်စု ကို ခပ်ညံ့ညံ့လို့ထင်နေတာလား ဆိုပြီး ကြိမ်းကြ ၀ိုင်းပြောကြဦးမလားမသိဘူး၊ ဒေါ်စုကို တော့ ညံ့လှတယ် မထင်ပေမဲ့ ဟိုဘက်က လူတွေက စားနေကျ ကြောင်ဖားကြီးတွေလေ။ သူတို့က ဒေါ်စုထက်ပို လည်တယ်၊ သာတာက ယုတ်မာတာတောင် ပိုသေးတယ်။ ဒေါ်စုက တခြားကမ္ဘာ့ ခေါင်းဆောင်တွေလို မွတ်နေအောင် လည်မယ်၊ မြင်မယ်၊ ကစားတတ်မယ် ဆိုရင် လည်းတမျိုးကောင်းတာပေါ့။ အဲ့လိုမဟုတ်ရင် တော့ သူတို့ ဖြစ်ချင်တဲ့ အာဆီယံ အလှည့်ကျ chair ရပြီးပြီ နိုင်ငံတာကာကို မျက်လှည့်ပြပြီး ပိတ်ဆို့ မှုတွေ တ၀က်လောက်ပြဲဖစ်ဖြစ် ပွင့်သွားပြီးပြီဆိုရင်တော့ ဒေါ်စုကို ပြန်ခေါက်ထား၊ မထား စောင့်ကြည့်ရမှာပေါ့။
အခုထိတော့လုပ်နေတာပဲလေ.. ဧရာဝတီကို ဆက်သတ်မယ်တို့၊ လျှပ်စစ်မီးက မြန်မာပြည်မှာ သုံးလို့တောင်မကုန်နိုင်ဘူးတို့ (ကမ္ဘာ့အကောင်းဆုံးဟာသ)၊ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးတို့ (ကိုဇာဂနာတို့ ကိုမင်းကိုနိုင်တို့က ရာဇ၀တ်သားတွေပေါ့)၊ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတဲ့လူကို စွဲစိလိုက်တာတို့ (မျက်နှာညိုမှာစိုးပုံရတယ်)၊ကလေးစစ်သားလုံးဝမရှိပါဘူးတို့ ၊အပြောင်းအလဲ တကယ်လုပ်ချင်ရင် အဲ့ဒါတွေက ပေါ်တင်ပြောလို့ရပါတယ်။ အားလုံးသိနေတာပဲ၊ အခြားကြီးမားတဲ့ ကိစ္စ (ဥပမာ ဖွဲ့စည်းပုံ ပြင်တဲ့ကိစ္စ) တွေသာ အရှိန်ယူ အချိန်ယူ တာထားပါတော့။ ဒီလိုသေးသေးမွှားမွှားကိစ္စ လေးတွေ တောင် ဗျောင်လိမ်နေသေးတယ်ဆိုရင်...
အင်တာနက်စာမျက်နှာတွေပိတ်ထားတာ ပြန်ဖွင့်တာကိုမဟာ အပြောင်းအလဲ အတွက်ခြေလှမ်းလို့ထင်နေရင်တော့ အရပ်ကတို့ရေ ကြည့်လဲ လုပ်ပါဦး(web page တွေက ဒီနေ့ ပြန်ပိတ်ဒီနေ့ရတယ်၊ စီးပွါးရေးပိတ်ထားတာကို ဖွင့်ပြီးသွားရင် ပြန်ပိတ်ဖို့ အချိန်ယူရတယ် ချက်ချင်းလုပ်လို့မရဘူး)။ ဒေါ်စုကို တသက်လုံး ခေါက်ထား၊ ချုပ်ထားပြီး အခုမှထတွေ့ ထဖိတ်လုပ်နေတာကကော ထူးဆန်းတယ်လို့မထင်ဘူးလား။ ဦးသိန်းစိန်က ပြောင်းလဲ ချင်တယ် ပြောရအောင် ဦးသိန်းစိန် တကယ် အာဏာရှိမရှိလဲ စဉ်းစားဖို့မလိုဘူးလား။
ဒေါ်စုကို တော့ လေးလဲလေးစား ကြည်လဲကြည်ညိုပါရဲ့၊ ဒါပေမဲ့ ကိုပေါတို့ ပြောနေတာလည်း ထည့်စဉ်းစားဖို့ လိုမယ်ထင်တယ်။

Anonymous said...

"လျှပ်စစ်မီးက မြန်မာပြည်မှာ သုံးလို့တောင်မကုန်နိုင်ဘူးတို့၊ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးတို့၊ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတဲ့လူကို စွဲစိလိုက်တာတို့၊ကလေးစစ်သားလုံးဝမရှိပါဘူးတို့ ၊"

Agreed that those are jokes but
that is called propaganda. But
those clowns are known devils.
Known devil is bad but still
better than unknown ones.

KNU also claims that they also
do not have ကလေးစစ်သား and what
is your take and stand about it?

Like it or not we need Burmese
army and its officers (generals
included) and we need it intact.
Daw Su is doing right thing now!

Anonymous said...

http://www.irrawaddy.org/bur/index.php/news/7422-2011-09-26-09-34-27

ဆူးလေမှာ လူတွေ လမ်းလျှောက်နေတယ်တဲ့ ပေါကြီးတို့ တုတ်ပေါတို့ လက်တော့တစ်လုံးနဲ့ အိပ်ယာပေါ်မှာ လျှောက်နေပြီလား ဟိဟိဟိ...

Anonymous said...

ကိုယ် ယုံကြည်ရာကို

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs