ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများကို သုံးသပ်ခြင်း (၂)

Share |
ဒီတပို့စ်အတွက်တော့ အာရ်အက်ဖ်အေ အသံလွှင့်ဌာနက ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်လွှင့်သွားခဲ့တဲ့ “လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေကဏ္ဍတ က အမေးအဖြေ တခုကို ရွေးထုတ် တင်ပြချင်ပါတယ်။

မေးသူ ။ ။ ဦးတင်မောင်ဝင်း (စင်္ကာပူနိုင်ငံ)
မေးခွန်း ။ ။ ဒေါ်စု ခင်ဗျာ့။ ကျနော်ကတော့ တင်မောင်ဝင်းပါ။ ကျနော် အခုတွေ့နေရတာက ဒီဦးသိန်းစိန်ရဲ့ အစိုးရကို အခုရက်ပေါင်း ၁၀၀ ရှိတဲ့အခါမှာ မကျေမနပ်နဲ့ ပြောဆိုဝေဖန်မှုတွေကို တွေ့နေရပါတယ်။ သူတို့ကို နည်းနည်းလေးများ အချိန်ပေးပြီးတော့စောင့်ကြည့်ပြီးတော့မှ ဝေဖန်မှုတွေပြုလုပ်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ သင့်တော်မလားလို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။ ဒေါ်စုအနေနဲ့ ဘယ်လိုများထင်ပါသလဲခင်ဗျာ့။ နောက်တခု ကတော့ ကျနော်တို့ ဒီပြည်ထဲရေးဝန်ကြီးဌာန ကနေပြီးတော့လည်း ဒီ NLD ရဲ့ ပါတီရပ်တည်မှုနဲ့ပတ်သက်ပြီး တော့ အမိန့်ကြော်ငြာစာတွေဘာတွေ ထုတ်နေတာကို တွေ့နေရပါ တယ်။ နောက်တခါ ဒေါ်စုအနေနဲ့ကလည်း လွတ်မြောက်လာပြီးတဲ့အခါမှာဆိုလို့ရှိရင် NLD ရဲ့ စည်းရုံးရေးအင်အား၊ နောက် နိုင်ငံတကာကနေပြီးတော့ NLD အပေါ်မှာထားရှိတဲ့သဘောထားတွေက အင်မတန်မှကို တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်စုအနေနဲ့ ခရီးထွက်ခဲ့တယ်ဆိုလို့ရှိရင် အစိုးရနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီးတော့ အခုလို တိုးတက်မှုတွေ ရရှိနေတဲ့အခြေအနေတွေများ ဆုံးရှုံးနေမလားလို့ ကျနော်တို့ယူဆမိပါတယ်။ ဒေါ်စုအနေနဲ့ ဘယ် လိုများ သဘောထားပါသလဲခင်ဗျာ့။

အဖြေ ။ ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်ဆိုရင် ဘယ်အစိုးရမဆို အချိန်ပြည့်အဝေဖန်ခံဖို့ အဆင် သင့် ဖြစ်ရမှာပါ။ ရက် ၁၀၀ ပဲဖြစ်ဖြစ်၊ ၁၀ ရက်ပဲဖြစ်ဖြစ်၊ ရက် ၁၀၀၀ ပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ ဝေဖန်ချက် တွေကို ရင်ဆိုင်ရမှာ ဒီမိုကရေစီရဲ့သဘောတရားပါပဲ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အများရဲ့ဝေဖန်သုံးသပ် ပိုင်ခွင့်ကို လက်ခံရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း မိမိကိုယ်ကို ခုခံပြောဆိုပိုင်ခွင့်တွေက ရှိပြီးသားမဟုတ် လား။ ကျမအနေနဲ့ နိုင်ငံရေးအလုပ်သဘောတရားအရ သင့်တင့် သလို ခရီးထွက်တာဟာ တာဝန်တခုဖြစ်သလို၊ လုပ်ပိုင်ခွင့်တခုလည်းဖြစ်တယ်လို့ ထင်ပါတယ်။ ဘယ်သူနဲ့မှ ထိပ်တိုက်ရင်ဆိုင်ချင်လို့လုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ကိုကိုကို တွေ့ဆုံးပြီး ညှိနှိုင်းဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

-------------------------------

ဒီမေးခွန်းမှာ ဖြေကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကိုတော့ ကျနော့်အနေနဲ့ သဘောတူညီမှုရှိပါတယ်။ ကျနော့်အမြင်အရ နည်းနည်းတောင် ထပ်မံဖြည့်စွက်လိုပါသေးတယ်။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်ဆိုရင် ဘယ်အစိုးရမဆို အချိန်ပြည့် အဝေဖန်ခံဖို့ အဆင့်သင့်ဖြစ်ဖို့ လိုသလို နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်တယောက်အနေနဲ့လည်း လက်ရှိအစိုးရရဲ့ မူဝါဒတွေနှင့် လုပ်ရပ်များကိုလည်း ပြည်သူအများသိသာစေရန် ဖော်ထုတ်ဝေဖန်ပြောကြားရမယ့် တာဝန်ဝတ္တရားရှိပါတယ်။

သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်တယောက် ဒီတခါနေအိမ်အကျယ်ချုပ်က ထွက်လာတဲ့အချိန်မှာ စစ်အစိုးရရဲ့ လုပ်ရပ်များကို ဝေဖန်တယ်ဆိုတာ မကြားရသလောက် နည်းပါးသွားပါပြီ။ (မေးခွန်းမေးသူ ဦးတင်မောင်ဝင်းရဲ့ အကြံပြုချက်ကို လက်ခံသွားလေသလားတော့မသိ။) သူမအနေနဲ့ လူသိရှင်ကြားထုတ်ပြန်သမျှဟာလည်း အိတ်ဖွင့်ပေးစာ၊ ပန်ကြားလွှာ၊ တိုက်တွန်းချက် အဆင့်မျှသာ ကျန်တော့တာကို သတိပြုမိပါတယ်။ ဒါဟာ လက်ရှိအစိုးရလုပ်သမျှမှာ ဝေဖန်စရာမရှိတော့လောက်အောင် အဖက်ဖက်က ကောင်းမွန်တိုးတက်နေတာကြောင့် မဝေဖန်တော့တာလို့ ထင်နိုင်စရာအကြောင်းတော့ လုံးဝမရှိပါဘူး။ ဒီကနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာအရပ်ရပ်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်မှာ၊ ဂျာနယ်များပေါ်မှာ နာမည်ရင်းနဲ့ ရေးသားနေတဲ့ နိုင်ငံရေးသမားမဟုတ်တဲ့ ပြည်တွင်းက (ဆရာဝန်၊ သတင်းသမား၊ ဇာတ်ညွှန်းရေးသူ၊ ကဗျာရေးသူ၊ စာရေးဆရာ) စတဲ့ကလောင်ရှင်များရဲ့ ဝေဖန်ချက်များကတောင် အတော်လေးပိုမိုပြင်းထန်ပြီး ချက်ကျလက်ကျရှိလှတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအစိုးရအပေါ် ဝေဖန်မှုတွေကို မတွေ့ရတာ ကြာခဲ့ပါပြီ။ ဘယ်လိုနှောင်ကြိုးမျိုးက သူမကို တုပ်နှောင်ထားတဲ့အတွက် ယခုလို ပွင်ပွင့်လင်းလင်း ဝေဖန်ရန် ဝန်လေးနေသလဲဆိုတာကို ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သာလျှင် သိနိုင်မှာပါ။ ကျနော်တို့အနေနဲ့ကတော့ မှန်းဆစိတ်ကူးကြည့်ရုံသာ တတ်နိုင်ပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရတို့ရဲ့ “မတူတာတွေဖယ်ထား၊ တူတာတွေ ပေါင်းလုပ်ကြမယ်” ဆိုတဲ့ အချက်ကလည်း စဉ်းစားစရာပါ။ အတိုက်အခံနိုင်ငံရေးပါတီနဲ့ အာဏာရအစိုးရတစ်ရပ်အကြား တိုးတက်မှုတစုံတရာရရှိရေးအတွက် တူတာတွေ ပေါင်းလုပ်ကြမယ်ဆိုတာကတော့ ယေဘုယျ လက်ခံနိုင်ဖွယ်ရှိပါတယ်။ သို့သော် မတူတာတွေ ဘေးဖယ်ထားဆိုတဲ့ မူအရ ပြည်သူလူထုအကျိုးစီးပွားအတွက် ပြောသင့်ပြောထိုက်တာတွေ၊ ဝေဖန်သင့်ဝေဖန်ထိုက်တာတွေကိုတောင် ဘာမှ ထုတ်ဖော်မပြောတော့ဘဲ ရေငုံနှုတ်ပိတ်ပြီး မျိုချနေရမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီစနစ်ကို သွားနေတာမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာပါ။ ဒေါ်အောင်ဆန်းစုကြည်အတိတ်က ရေးခဲ့တဲ့၊ ပြောခဲ့တဲ့ သဘောတရားတွေနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် (ကမ္ဘာဒီမိုကရေစီနေ့ အခမ်းအနားမှာ) ပြောကြားသွားတဲ့ “မြန်မာနိုင်ငံဟာ ပြောင်းလဲနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီ” ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ပါ။ ဒီစကားဟာ ဒီအချိန်မှာ ပြောဖို့ အင်မတန်စောလွန်းသေးတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအစိုးရဟာ (အရင်က စစ်အစိုးရ၊ ယခု အရပ်ဝတ်အစိုးရ)ဟာ သူတို့ရဲ့ ကတိစကားတွေကို အကြိမ်ကြိမ် မျက်နှာပြောင်ပြောင်နဲ့ ချိုးဖောက်လေ့ရှိတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

ပြန်စဉ်းစားကြည့်ရင် ၂၀၀၂ခုနှစ်၊ မေလက ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာခဲ့တဲ့နောက်ပိုင်းမှာ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲတွေ ဖြစ်မြောက်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ဆဲကာလတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ဝီကီပီဒီယားက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စာမျက်နှာမှာ Aung San Suu Kyi proclaimed "a new dawn for the country". “တိုင်းပြည်အတွက် အရုဏ်သစ်ကျင်းပါပြီ” ဆိုတဲ့ စကားကို အဲဒီ ၂၀၀၂ ကာလများဆီက လည်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် အဲသည်ဆွေးနွေးပွဲပျက်ပြီးတဲ့နောက် ဒီပဲယင်းအရေးအခင်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သာ ပြန်ကျခံခဲ့ပေမယ့် အဲဒီတုန်းက ဘာတွေဆွေးနွေးခဲ့သလဲဆိုတာ ပြည်သူများအနေနဲ့ ယခုအချိန်အထိ ရေရေရာရာ သိရှိခွင့်မရခဲ့ပါဘူး။

တဖက်မှာလည်း မြန်မာစစ်အစိုးရအနေနဲ့ အမှန်တကယ်ပြုပြင်ပြောင်းလဲလိုတဲ့ အရိပ်အယောင်တွေကို အကောင်အထည်အဖြစ် သိသာထင်ရှားစွာ ဖော်ဆောင်ပြခြင်း မရှိသေးတာကို တွေ့ရပါတယ်။ အီလက်ထရွန်းနစ်ဥပဒေဆိုတာနဲ့ ထောင်ဒဏ်နှစ်ရှည်တွေ ချဆဲ။ လယ်သမားတွေရဲ့ လယ်တွေ၊ ရာဘာခြံတွေကို မတရားသိမ်းယူနေဆဲ။ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်နွှဲဆဲ။ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထောင်ချထားဆဲ။ စာပေစိစစ်ရေးနဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားဆဲ။

ဒီလိုအခြေအနေတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ပြောင်းလဲနိုင်တဲ့အခြေအနေကို ရောက်နေပြီ” ဆိုတဲ့အပေါ် ကျနော့်အနေနဲ့တော့ ယုံကြည်ရန် အင်မတန်ခဲယဉ်းနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီအီးစီ အဖွဲ့ဝင် ဦးဝင်းတင်ကတောင် “မယုံကြည်နိုင်တဲ့သူတွေထဲမှာ ကျနော်တို့တောင်ပါမလားမသိဘူး” ဆိုတဲ့သဘောမျိုး တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ခြေစုံပစ်ပြီး ယုံလိုက်သူ လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ၂၃ နှစ်လုံးလုံး ဒုက္ခအဝဝကို ခါးစည်းခံခဲ့ကြရပြီး မျှော်လင့်ချက်တွေဆိုတာမျိုးကို အိပ်မက်ထဲမှာတောင် မထားဝံ့ကြသူတွေအဖို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်တဲ့ “ပြောင်းလဲနိုင်တဲ့ အခြေအနေ”ဆိုတာ ရေနစ်နေသူတွေအတွက် လှမ်းဆွဲလိုက်စရာ ကောက်ရိုးလေးတမျှင်လို၊ ပိန်းပိတ်အောင်မှောင်နေတဲ့ ဒုက္ခအမှောင်ထုကြီးထဲကို လက်ကနဲ ကျရောက်လာတဲ့ အလင်းရောင်တန်းကလေးလို အင်မတန်မှ စုံမှိတ်ပြီး အားပြုလိုက်ချင်အောင် ဆွဲဆောင်မှုရှိလှတာကို ကျနော့်အနေနဲ့ နားလည်ခံစားကြည့်လို့ ရပါတယ်။

ကျနော့်အနေနဲ့ကတော့ ယုံချင်ပေမယ့်လည်း မယုံရဲဘူးလို့ဘဲ ပြောချင်ပါတယ်။ “Those who do not remember the past are condemned to repeat it” ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ မြန်မာလိုတော့ “အတိတ်ကို မမှတ်မိတော့တဲ့သူတွေဟာ အတိတ်က အမှားတွေကို ထပ်လုပ်မိဖို့ ကျိန်စာသင့်ခံနေရသူများသာဖြစ်တယ်” ဆိုတဲ့သဘော။ အခုလည်း အဖြစ်အပျက်တွေက လွန်ခဲ့တဲ့ ကိုးနှစ်လောက်ကလိုပဲ ဆင်ဆင်တူနေတာမို့ သမိုင်းဘီးတပတ်လည်ပြန်လည်လာတယ်လို့များ ဆိုရမလားမသိ။ ဘာပဲဖြစ်ဖြစ် သမိုင်းဘီးတပတ်လည်တယ်ဆိုလို့ ကျနော်နှစ်သက်တဲ့ ABBA အဖွဲ့ရဲ့ Waterloo ဆိုတဲ့ သီချင်းလက်ဆောင်လေးနဲ့ပဲ ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။



"Waterloo"

My my, at waterloo napoleon did surrender
Oh yeah, and I have met my destiny in quite a similar way
The history book on the shelf
Is always repeating itself

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you
Waterloo - finally facing my waterloo

My my, I tried to hold you back but you were stronger
Oh yeah, and now it seems my only chance is giving up the fight
And how could I ever refuse
I feel like I win when I lose

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you

And how could I ever refuse
I feel like I win when I lose

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you
Waterloo - finally facing my waterloo

16 comments:

Anonymous said...

ကိုပေါ နဲ့အတွေးချင်တူတယ်....ဒေါ်စုရဲ့အမေးအဖြေကိုတစ်ခါနားထောင်ပြီးတာနဲ့..နောက်ထပ်နားမထောင်တော့ဘူး...အဖြေတွေကဝေ့လည်ကြောင်ပတ်တွေများတယ်..ဘာမှလည်းရေရေရာရာမရှိဘူး...ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားဘာတစ်ခုမှမရှိဘူး...ဘာမှတန်းဖိုးမရှိတဲ့သူတွေက အပြစ်မရှီတဲ့သူတွေကိုထောင်ထဲထည့်ထားတာမကြိုက်ဘူး

ကိုပေါ said...

အပေါ်က Anonymous ရဲ့ ကွန်မန့်ဟာ (ဘာကြောင့်မှန်းမသိ) အကုန်မမြင်ရဘဲ ကွယ်ပျောက်နေတဲ့အတွက် MS word ထဲမှာ ကော်ပီ၊ ပေ့စ်လုပ်ပြီး၊ အကုန်ပေါ်စေရန် စာကြောင်းတွေကို တိုအောင်ဖြတ်ရုံမှအပ (သူ့မူရင်းအတိုင်း) တကြောင်းချင်းပြန်လည်ဖော်ပြလိုက်ပါတယ်။ (ကိုပေါ)
---------------------------------


ကိုပေါနဲ့အတွေးချင်တူတယ်....
ဒေါ်စုရဲ့အမေးအဖြေကိုတစ်ခါနားထောင်ပြီးတာနဲ့..
နောက်ထပ်နားမထောင်တော့ဘူး...
အဖြေတွေကဝေ့လည်ကြောင်ပတ်တွေများတယ်..
ဘာမှလည်းရေရေရာရာမရှိဘူး...
ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားဘာတစ်ခုမှမရှိဘူး...
ဘာမှတန်းဖိုးမရှိတဲ့သူတွေက အပြစ်မရှီတဲ့သူတွေကို
ထောင်ထဲထည့်ထားတာမကြိုက်ဘူး

Anonymous said...

Looks like Ko Paw want a visit back to YGN,or if not him,wife and kids. Let's see,sometime ago burmese US citizen Nyi Nyi Aung went back and beaten up in custody. MM government does not care human right or citizen of other countries. Ko Paw only hold sg citizen/pr if not mistaken.and if he try to enter he will defintetely going to get haressment for things he writes in this blog in the past. The timing of the event indicates he has motive for writing these much disputed stuffs,because people with right minds know already and it is not hero worship if anyone disagress with him.
So the whole thing is for his own advantage,no matter people spit on him,the more he gets the better the chance to accomplish what he had in mind.

ကိုပေါ said...

Hi anonymous (5:00pm),

Ha ha. You thought I was a follower of gozzila? I won't write these just for a safe entry. I got a land (40' x 60') in Nay Pyi Daw for each article. So you should setup a blog and try that too. :-) (just kidding)

For your info, i'm a myanmar citizen (singapore PR) working here.

Anonymous said...

"တိုင်းရင်းသားတွေကို ထိုးစစ်ဆင်နွှဲဆဲ။"
Yes some suckers need lessons "တိုင်းရင်းသားခေါင်းဆောင်တွေ၊"
That chap Khun Htun Oo seeked separation and don't you think
that he should denounce that
he will not seek such subserbsive acts anymore.

" ကျောင်းသားခေါင်းဆောင်တွေ" အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထောင်ချထားဆဲ။"
I think some of them will dance
according to outsiders' tunes and
I do not think they are students
as they are in 40s.

"စာပေစိစစ်ရေးနဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားဆဲ။"
I saw Voice and other weekly journal in publications. Some
suckers in government may still want censorship but I think it
is improving. Flood them with
journals and make provocative
journalism norm. If people like
you or Irrawady Aung Saw has balls, you should go and apply
a journal permit and start publishing to test boundaries
of limits and push those wider.
but

Anonymous said...

Yes old friend,that is exactly my point,you got no protection whatsoever should you want and try entering. I do not really get your joke because you are trying to water it down by concealing your intentions. You the knowlegeble person wont write obvious crowd inducing stuff for no reason. I think majority already fell for your bait. Many people dislike for your critiscism based on admiration,some provide counter arguments,all reasonable. You already earned your readership in the past with valid content,no one straight in their right mind mess it by purposefully trolling for hidden incentives.
Burmese goverment may have less education than you,but as they are way smarter than you also,you need to prove something tangible in order to get what you want.
Isn't these kind of tactics have we seen countless times in exile opposition circles?
I do not count you as one of those 'we are in it for money clowns' read professional exile groups,but government wont be so nice for amature as well,that you know better than me already.

ကိုပေါ said...

Anonymous,
You logic seems very funny to me. If you want to follow Gozzilar's way, you don't need to write these. Like gozzila, go to bkk embassy and contact the officials there. And later on your way back, just sing the praise song to Thein Sein as gozzila did.

I never praised this government for their fake reform. I am even reminding people not to fall into this government's usual trick.

I don't know how you concluded that I would get a safe passage for doing that. No logical sense?

Nanda said...

Your criticism in this post is far more sensible and moderate than your previous post.

Though I have a different view than yours, I would say you deserve the benefit of doubt.
I just want to plea you not to bear doubt on her honesty and political conscience. To me, this is the probably the first time she started to play the game tactically in all-round efforts to drag the country along a safer path taking advantage of some awareness of necessary reform, at least on Socioeconomics ground if not genuine democratic, inside a faction in the government. I am confident that there surly exists a reform minded group. What matter most is to invigorate that faction to take upper hand on the destructive faction (You can make fun of me if I am too optimistic).

Anonymous said...

reform minded group? So called The Third Wave? Or simply ဆိတ်လဇိ in Burmese huh :D
You all need to read Ko Paw's article thoroughly and between the lines. History has proved being optimistic without reliable prospect is merely STUPID! All of us have the right to claim for TRANSPARENCY.
Give flowers, take photos, listen to whatever melody you are fed and keep quiet and hope for the best? Well, I would rather eat the stones because we all have it ENOUGH!!!

regards,
Hmway Da

Anonymous said...

@"Hmway Da"

Since you are no one (like me), Daw Su does not need to explain you plans as you do not represent Burma.

You can shout, shreik or scream,
be my guest. You can eat stones
or bite bones, fine with us. But when you have a good leader, you have to be support her until he
or she does things really wrong. What Ko Paw is doing is weakening her power base and that is why
we are wasting time to alienate, educate him, shame and tame him.

I dont mind Ko Paw curse any wanker
outside but attacking Daw Su should
be avoided not because we worship her (I do) but also because this is
our (or Burma's) only chance to get
national reconcialiation. Apart from Daw Su, no other wanker has any creditability to do this act.
So as a Burmese I am happy to see
they are talking. I will support my leader even if she got deceived by those army. If any fucker dares
to do so, then we can aim our wraths to them. But now I support
my leader 100%.

Anonymous said...

သိန်းစိန် အစိုးရကို ဆန့် ကျင်ကြ
ဒေါ်စုကို ကန့် ကွက်ကြ
အားလုံးစိတ်ဝမ်းတွေ ကွဲကြ
ကိုပေါကို ထောက်ခံကြ

Anonymous said...

Ko paw,
Just say no to gov is useless. It was proved by the past. Be realistic .not to be pessimistic or optimistic. To me, currently what Du Su doing is much more meaningful than what she did in the past. Wait and see. We had been waiting 23yrs . It is too early to say.

Anonymous said...

ကိုပေါ ကလဲ အတင်းကြီး Dr. လွန်းဆွေ ဘလောက် မှာ ဝတုတ်ကိုတလုံးမကျန်ထောက်ခံနေပါလား?
တော်သေးတာပေါ့ ဝတုတ် က ငါ့ ထောက်ခံတဲ့သူ ငါ့ချေး စားရမယ်လို့ ရေးမသွားလို.

Law Shay said...

၁။ သူ့ကို အပြင်နဲ့ အဆက်ဖြတ်ခံထားရတယ်။ ဘာအချက်အလက်မှ မရဘူး။ ကိုပေါလောက်တောင် အချက်အလက် မပြည့်စုံဘူး။ ဒါကြောင့် သူချက်ကျလက်ကျ မထောက်နိုင်တော့ဘူး။ ဘောပွဲမှာ အသေးစိတ်မေးတာကြည့် သိသာတယ်။

၂။ ယဉ်ကျေးမှု evolution အရင်၊ ဒီမိုကရေစီ + လူ့အခွင့်အရေးက နောက်ဆိုတာ သူနားလည်သွားပြီ။ ယဉ်ကျေးမှု ရေခံမြေခံမရှိပဲ ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ လူတိုင်း ကိုပေါလို tolerance မကောင်းဘူး။ အဲဒီတော့ အဲဒီအဆင့်ကို ဖြတ်ကို ဖြတ်ရမယ်ဆိုတာ သူသဘောပေါက်သွားပြီ။ ဒီမိုကရေစီက နောက်မျိုးဆက်လုပ်လိမ့်မယ်၊ ယဉ်ကျေးမှု ပြောင်းပြီးရင် ဒီမိုကရေစီ သူ့ဘာသာ ဖြစ်လာလိမ့်မယ်။ Democracy is born (out of evolved culture) not made. ဆိုတာကို သူသဘောပေါက်သွားလို့ ပထမအဆင့်ကို လုပ်နေတာဖြစ်တယ်။

စွတ်လုပ်လို့မရဘူး။ လူထုက သိပ်ကို အသိဉာဏ် နိမ့်ကျနေသေးတယ်။ တစောက်ကန်းတွေလဲ များနေသေးတယ်။ ဥပမာ အားဖြင့် ကိုယ်ဝန်ဖျက်ချတာ မကောင်းဘူး၊ ဒါကြောင့် မဖျက်ပဲ မွေးကြ၊ မွေးလာတဲ့ကလေးနဲ့ မိခင်ကို ပတ်ဝန်းကျင်က မနှိမ်နဲ့ဆိုတဲ့ လမ်းစဉ်ကို လမ်းပေါ်ထွက်ပြော၊ အစိုးရဘက်ကလူရော၊ မူစလင်ရော၊ ဗုဒ္ဓဘာသာရော အားလုံး ထွက်ရိုက်လိမ့်မယ်။ ဖာခေါင်းကြီးလို့လဲ ပြောတဲ့သူကို ခေါ်လိမ့်မယ်။ မယုံရင် ကိုပေါ စမ်းကြည့်။ အဲဒါကို ကြည့်ခြင်းဖြင့် မတူညီတဲ့ အမြင်တွေကို tolerance လုပ်နိုင်စွမ်း လူထုမှာ နည်းပါးနေသေးတာကို တွေ့မြင်နိုင်ပါတယ်။

ကိုပေါ said...

ကိုလောရှည်.... လမ်းပေါ်တော့ ထွက်မပြောပါရစေနဲ့။ အခု ဘလော့ဂ်ပေါ်မှာ ရေးတာတောင် အရိုက်ခံရဖို့ တော်တော်နီးနေပါပြီ။း-)

Anonymous said...

ပြောရက်ပလေ။ လူထု ကအသိညဏ် နိမ့်သေးဆိုဘဲ တော်တော် လေးလေးစားရမဲ့ finger tips activist တွေဘဲ၊ Tolerance နဲ တာမဟုတ်ဘူးဗျို့ ဘာမှ နိုင်ငံရေး အတွေ့ ကြုံမရှိ ၊တကယ်လုပ် တာဘာမှ မရှိဘဲ ဝေဖန်နေကြလို့ လူထုက တုံ့ ပြန်နေကြတာ၊ တကယ်လုပ်တဲ့ နော်အုံးလှတို့ ကိုထင်ကျော်တို့ ကဝေဖန်တယ်ဆိုရင်တောင် ပြည်သူက အာဟာရအနေနဲ့ လက်ခံ သုံးသတ် စဉ်းစားကြအုံးမယ် သေချာတာတော့ 'လူထု လက်ခံ မှာက ဘေးထိုင် ဘုပြော ငပေါ၊ဝတုတ် နဲ့ ဘိုဘိုမစင်တို့ တွေမဟုတ် 'ဆိုတာဘဲ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs